Channel Myanmar

Zainab Jah

Drift (2024)
Drift (2024)  ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံ‌က ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် File size…(2.1 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Drift (2024)

Dinner Rush (2000) 7.2
Dinner Rush (2000) 2000ခုနှစ်က ထွက်ရှိပြီး Rotten Tomatoes 91% ရထားတဲ့ Crime/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။2022 ကထွက်ခဲ့တဲ့ The Bear လိုမျိူး စားဖိုဆောင်ထဲမှာ စားဖိုမှူးတွေ ရုန့်ရင်းဆန်ခတ် သုတ်သီးသုတ်ပျာဖြစ်နေတာမျိုး၊ စားသောက်ဆိုင်ထဲက စားပွဲဝိုင်းတွေမှာ ထိုင်နေတဲ့ လူတွေရဲ့ အကြောင်းတွေကို တစ်ညအတွင်းမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ။Mr. Cropa က လောင်ကစားဒိုင် ပိုင်ရှင်ပါ။ သူ့မှာ Gigino ဆိုတဲ့ အီတလီ စားသောက်ဆိုင်လည်း ရှိပါတယ်။ သူ့ရဲ့ သားဖြစ်သူ Udo ကတော့ စားသောက်ဆိုင်ရဲ့ အကြီးဆုံးစားဖိုမှူးပါ။ လက်ထောက်စားဖိုမှူး Duncanကတော့ မလောင်းရမနေနိုင်အောင် လောင်းကစားခုံမင်သူဖြစ်ပါတယ်။ Duncan ပတ်သတ်မိသွားတဲ့ ဂန်းစတား နှစ်ယောက်က Cropa ရဲ့ စားသောက်ဆိုင်ကို ရောက်လာခဲ့ပြီး Cropa ကို အကြပ်ကိုင်ကြပါတယ်။ကြည့်ရတာ သုတ်သီးသုတ်ပျာ ဖြစ်နေပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File ...
movie

Dinner Rush (2000)

All Dirt Roads Taste of Salt (2023) 5.9
All Dirt Roads Taste of Salt (2023) All Dirt Roads Taste of Salt (2023)~ IMDb - 5.9/10, RT - 90%, Meta - 86% ~A24 ရဲ့ ကားအသစ်ပါ။ ပုံမှန်ဆို A24က သူတို့ထုတ်လုပ်ထားတဲ့ကားတွေတင်မဟုတ်ဘဲ ဖြန့်ချိရေးသက်သက်လည်းလုပ်တတ်ပေမဲ့ ဒီကားကိုတော့ A24 က ထုတ်လည်းထုတ် ဖြန့်လည်းဖြန့်ထားပါတယ်။ လုံးဝ A24 လက်ထွက်ကားစစ်စစ်လို့ပြောရပါမယ်။ ရုပ်ရှင်ကတော့ Independent Film ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Independent Film ၁၀ကားထဲက တစ်ကားအဖြစ် ဝေဖန်ရေးသမားတွေက သတ်မှတ်ထားတယ်။A24 ဟာ ဒါရိုက်တာတွေကို သူတို့ငယ်ဘဝအကြောင်း ရိုက်စေချင်ခဲ့ဖူးတဲ့ စတူဒီယိုပီသစွာပဲ ဒီကားကလည်း Raven Jackson ရဲ့ ငယ်ဘဝနဲ့မကင်းတဲ့ ရုပ်ရှင်အဖြစ်အသက်သွင်းထားတယ်။ ဇာတ်ကတော့ လူမဲအမျိုးသမီးတစ်ယောက်ရဲ့ ငယ်ဘဝကနေ ကြီးလာတဲ့အထိ ဘဝတစ်ခုအကြောင်းရိုက်ပြထားရုံပါပဲ။ ဒီလိုရိုက်ပြတာမှာ ...
movie

All Dirt Roads Taste of Salt (2023)

2023
Black Panther: Wakanda Forever (2022)
Black Panther: Wakanda Forever (2022) မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ဇာတ်လမ်းအညွှန်းအားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ ...
movie

Black Panther: Wakanda Forever (2022)

IMAX 4K HEVC
False Positive (2021) 4.8
False Positive (2021) False Positive (2021)================IMDb Rating - 4.8/10​ပြီးပြည့်စုံတဲ့သူဆိုတာ လောကမှာမရှိဘူးတဲ့ လူဆိုတာ တစ်ခုမဟုတ်တစ်ခုတော့ လိုအပ်ချက်ရှိနေမှာပါပဲ။ကျွန်တော်တို့က perfect လို့ထင်ထားကြတဲ့သူတွေမှာလည်း ကျွန်တော်တို့မမြင်နိုင်တဲ့ လိုအပ်ချက်လေးတွေရှိနေတတ်တာပဲမလား၊အေဒရီယန်နဲ့လူစီတို့ ဇနီးမောင်နှံလည်းဒီလိုပါပဲ အပေါ်ယံကြည့်ရင်တော့ ပြည့်စုံတဲ့သူတွေလို့ထင်ရပေမယ့်သူတို့နှစ်ယောက် ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုရှိနေတယ် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လူတစ်ယောက်နဲ့တွေ့ဆုံမိတဲ့အခါ . . . ကံဆိုးခြင်း ကံကောင်းခြင်းစတာတွေက ဇနီးမောင်နှံနှစ်ယောက်ဆီမှာ ဘာတွေဖြစ်လာမလဲ၊Thriller/Horror ဇာတ်လမ်းစောင့်နေသူတွေအတွက် အကြိုက်တွေ့စေနိုင်တဲ့အပြင် မင်းသားကြီး Pierce Brosnanပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားအသစ်လေးမို့ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Amelia မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူများတော့ Amelia, Jerrica, Shwe Pyae, Jo Jo Va တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 32minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, ...
movie

False Positive (2021)

2021