Channel Myanmar

Zhai Yishu

The Painted Wall of Liaozhai ( 2023 ) 5.9
The Painted Wall of Liaozhai ( 2023 ) လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ......သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား...... နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ...... လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Romance Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Painted Wall of Liaozhai ( 2023 )

Legend of BuShenshan ( 2022 ) 5.9
Legend of BuShenshan ( 2022 ) အချစ်ဖန်တက်စီဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာစဉ်အချိန်တုန်းက လူသားတွေနဲ့မိစ္ဆာမျိုးနွယ်တွေဟာ အတူတွဲနေထိုင်ကြတယ်။ မိစ္ဆာမျိုးနွယ်တွေကအသက်ရှည်ပေမယ့် မေတ္တာခေါင်းပါးကြတယ်။ မိစ္ဆာတွေဟာ နတ်ဖြစ်ဖို့အတွက် နှစ်ရာချီကြိုးစားပြီးကျင့်ကြံကြရတယ်။ အဲဒီလိုမှ နတ်နဲ့မိစ္ဆာတွေကြား ငြိမ်းချမ်းမှုတည်မြဲစေပါတယ်လို့ဆိုတယ်။ပုရှန်းတောင်ကမိစ္ဆာမလေးပင်းချင်ဟာ နတ်ဖြစ်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာကိုလိုက်ရှာရတဲ့အချိန်မှာ မိစ္ဆာနှိမ်နင်သူကောင်လေးနဲ့တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့ဆန့်ကျင်ဘက်အခြေနေတွေကြားက သူတို့နှစ်ယောက်ကြားမှာအချစ်ပန်းတွေပွင့်လာနိုင်မလား...... သူတို့ရဲ့မေတ္တာခရီးကရောဖြောင့်ဖြူးနိုင်ပါ့မလား...... ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးကြည့်ရမှာဖြစ်တဲ့အတွက် CM Chinese fanတွေအဖို့ စိတ်အမောတွေဖြေဖျောက်ဖို့ ကားကောင်းလေးတစ်ကားပဲဖြစ်လို့ ကြည့်ရှုအားပေးဖို့တိုက်တွန်းချင်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Legend of BuShenshan ( 2022 )