Channel Myanmar

Zhang Chaoli

Journey to the West: Conquering the Demons (2013) 6.8
Journey to the West: Conquering the Demons (2013) Journey to the West Conquering the Demons (2013)IMDb Rating (6.7) / Rotten Tomatoes (94%)ဒီရုပ်ရှင်ကို Stephen Chow က ဒါရိုက်တာအဖြစ်ရော တွဲဖက်ပရိုဂျူဆာအဖြစ်ပါ ဖန်တီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကြောင်းကတော့ အနောက်ဖက်သို့ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော်ထန်စန်းကျန့်ဆိုပြီးဖြစ်မလာခင် သူ့ရဲ့တပည့်၃ယောက်ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင်သောင်းကျန်းနေတာကို ထန်စန်းကျန့်ကနှိမ်နင်းဖို့ကြိုးစားရာကနေစတင်ပါတယ်... မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့အစွဲချွတ်ချင်တဲ့သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက်မအောင်မြင်ပါဘူး... သူက လောကကြီးကိုကယ်တင်ဖို့ရာ ကြီးမားတဲ့မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေအများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ဆိုတော့ကာ ထန်စန်းကျန့်ကိုအစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ....လာပါပြီ မမရှုကြည်(Shu Qi)ပါပဲခင်ဗျာ....ထန်းစန်းကျန့်အဖြစ် မင်းသား Wen Zhang ရော မင်းသမီးရှုကြည်ရော အတိုင်အဖောက်ညီတာမလို့  ဒီရုပ်ရှင်က Rating မြင့်မားတဲ့ ...
movie

Journey to the West: Conquering the Demons (2013)

2013
The Apostles ( 2014 ) 5.8
The Apostles ( 2014 ) ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ.... တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ...သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ... လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Science Fiction Runtime : 1h 40 Min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

The Apostles ( 2014 )