Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Zhang Yishan
5.9
Dreams of Getting Rich ( 2021 )
“အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်”စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ ...
movie
Dreams of Getting Rich ( 2021 )
6.4
Ordinary Hero ( 2022 )
CM က ပရိတ်သတ်ကြီးကို ဒီနေ့မှာတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ခုကို ပုံဖော်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်၂၀၂၁ ခုနှစ် ၄ လပိုင်း ၃၀ ရက်နေ့မှာ ကျေးရွာလေးတစ်ရွာက အသက် ( ၇ ) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လယ်ထွန်စက်နဲ့ လက်မောင်း ညှပ်ပြီးတော့ လက်မောင်းပြတ်ထွက်သွားခဲ့ပါတော့တယ် ကျေးရွာလေးဖြစ်နေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ဆေးပညာတွေဆိုတာ မဖွံ့ဖြိုးသေးပါဘူး ဒဏ်ရာက ပြင်းထန်တဲ့အတွက်ကြောင့် ဝူလူမုချီ (Ürümqi) မြို့ကို ခွဲစိတ်ကုသခံယူဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ် ခွဲစိတ်မှုလုပ်ရင်လည်း ဒဏ်ရာရတဲ့အချိန်ကနေပြီး စပြီး ခွဲစိတ်မှုလုပ်ချိန်အထိ (၈) နာရီအတွင်းမှာ ပြီးမြောက်ရမယ်ဖြစ်ပြီး အဲ့လိုမှမဟုတ်ရင် ဆဲလ်တွေသေဆုံးသွားပြီးတော့ ဒဏ်ရာက ကုသလို့မရတော့ဘူးလို့ ဒေသခံဆရာဝန်က ပြောလာခဲ့တဲ့အခါမှာတော့ -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ❐ မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလေးက ဖြစ်တာမို့ ဘယ်လိုစိန်ခေါ်မှုတွေကို ကြုံတွေ့ကြရမှာလဲ? ❐ ကလေးလေးကိုရော ကယ်တင်နိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုရမဲ့အပြင် - ❐ (၇) နှစ်အရွယ်ကလေး မိသားစုဝင်တွေရဲ့ ပူပန်မှုတွေ, ❐ ဒုက္ခရောက်နေသူကို အချင်းချင်းရိုင်းပင်းကူညီမှုတွေ, ❐ သူ့တာဝန်နဲ့သူ အသီးသီးကျေပွန်အောင်လုပ်ဆောင်ကြပုံတွေကို အသေးစိတ်ကျကျရိုက်ပြထားထားတာကိုလဲ တွေ့မြင်ရမှာဖြစ်ပါတယ်ရှင် ဒါ့အပြင် “Li Bing Bing,Ma ...
movie
Ordinary Hero ( 2022 )
5.8
Island Keeper (2021)
Island Keeper (2021)IMDb - 5.8/106 Wins and 4 Nominationsကျွန်းတစ်ကျွန်းပေါ်မှာ လူမရှိ သူမရှိ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ နေဖို့ စိတ်ကူးရဲပါသလား? တချို့တွေက ပြစ်မှုကြီးတွေ ကျူးလွန်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရပါတယ်။ ဒါကြောင့် အပြစ်သားတွေကို မီးပြတိုက်ရှိတဲ့ကျွန်းတွေမှာ အစောင့်တာဝန်နဲ့ ချထားတာမျိုးပါ။တချို့တချို့တွေရဲ့ဘဝကတော့ စားဝတ်နေရေး အခက်အခဲကြောင့် ကျွန်းပေါ်မှာ သွားနေရတဲ့လူတွေ ရှိပါတယ်။ ဒီအထဲမှာ ဝမ်ကျိခိုင် နဲ့ သူ့ဇနီးသည်တို့လည်း ပါခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ ၃၂ နှစ်ကျော် နေထိုင်လာခဲ့ပြီး ဒီကျွန်းလေးကို ကိုယ့်အိမ်လို သဘောထားပြီး ခုခံကာကွယ်ခဲ့တဲ့ ဝမ်ကျိခိုင်တို့ မိသားစုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံထားသလို ဆုပေါင်း ၆ ဆု နဲ့ တစ်ကြိုစာရင်း ၄ ကြိမ် ဝင်ထားတာမို့ မလွဲမသွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုဆိုတာတော့မလွဲတာသေချာပါတယ်။ဇာတ်လမ်းအညွှန်းကို Lwin Htoo ...
movie
Island Keeper (2021)
2021