Channel Myanmar

Zhang Zhixi

Painted Heart: Twin Tribulations ( 2023 ) 5.9
Painted Heart: Twin Tribulations ( 2023 ) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ နတ်ဘုရားနဲ့ကြာပန်းလေးရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ စစ်နတ်ဘုရားရွှမ်ထျန်းရဲ့ပေါ့ဆမှုကြောင့် မကောင်းဆိုးဝါးဘုရင်ကမိစ္ဆာကြာပန်းကို လုယူဖို့ကြိုးစားရင်းလူ့ပြည်ကို ထွက်ပြေးလွတ်မြောက်လာခဲ့တယ်။စစ်နတ်ဘုရားနဲ့မကောင်းဆိုဝါးဘုရင်တို့ တိုက်ခိုက်ကြရင် သူချစ်မြတ်နိုးတဲ့ကြာပန်း စတေးသွားခဲ့တာပေါ့။နတ်ဘုရားတို့မည်သည် ကာမဂုဏ်တွေရှောင်ကြဉ်ရတယ်ဆိုပေမဲ့ စစ်နတ်ဘုရားကမရှောင်ကြဉ်မိတာကြောင့် မိုးနတ်မင်းသိသွားပြီးလူ့ပြည်ကိုစေလွှတ်ကာ မကောင်းဆိုးဝါးမိစ္ဆာတွေ အပြီးတိုင်ရှင်းလင်းတဲ့နေ့မှနတ်ပြည်ကိုပြန်လာဖို့ အမိန့်ပေးခဲ့တယ်။ဒီလိုနဲ့ကြာပန်းလေးက ချီအာနဲ့ယောင်အာဆိုပြီး နှစ်ကိုယ်ခွဲထွက်တာလူသားအဖြစ်ပြောင်းလဲဖို့ ကျင့်ကြံရင်းနဲ့ ယောင်အာကအောင်မြင်ပြီးလူ့ပြည်ကိုဆင်းကာ မကောင်းဆိုးဝါးမိစ္ဆာတွေကိုဖမ်းဆီးခဲ့တယ်။အဲ့အချိန်မှာပဲ ငယ်ရွယ်ပြီးလက်ရုံးရည်ပြည့်ဝတဲ့ ဝမ်ထျန်းရှန်းစစ်သူကြီးကလည်း မကောင်းဆိုးဝါးမိစ္ဆာတွေကို လိုက်လံရှင်းလင်းရင်း ယောင်အာနဲ့အမှတ်တမဲ့တွေ့ဆုံခဲ့တာပေါ့။ အမှတ်တမဲ့ကနေတစ်ဘဝစာဆိုတဲ့အတိုင်း နှစ်ဦးသား တဖြည်းဖြည်းဘယ်လိုသံယောဇဉ်တွေတွယ်လာကြလဲ။ ဘယ်လိုမျိုးမကောင်းဆိုးဝါးမိစ္ဆာတွေကို ဖမ်းကြမလဲ။မကောင်းဆိုးဝါးဘုရင်ကကော ဘယ်ရောက်သွားတာလဲဆိုတာကိုတော့.......... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Fantasy Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Painted Heart: Twin Tribulations ( 2023 )