Channel Myanmar

Zhao Wang

Legend of Changbai Mountain Hunter ( 2024 ) 5.7
Legend of Changbai Mountain Hunter ( 2024 ) အရမ်းအေးပြီးနှင်းထူထပ်တဲ့ တရုတ်ပြည်အရှေ့မြောက်ပိုင်းဒေသမှာ ထူးဆန်းတဲ့ဒေသန္တရဇာတ်လမ်းတွေ အရပ်ပုံပြင်တွေနဲ့ ပြည့်နေတယ်။ မုဆိုးကြီးတစ်ယောက်ရဲ့မိန်းမကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့ မြွေကြီးရဲ့သည်းခြေနဲ့ဆေးဖော်သောက်မှ ပျောက်မယ်ဆိုလို့ မုဆိုးကြီးကမြွေသည်းခြေသွားရှာခဲ့တယ် အိမ်ပြန်ရောက်လာတဲ့အချိန်မှာ သားလေးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ ရွာသားတွေကဒါက မြွေနတ်ကပြန်ပြီးလက်စားချေတာလို့ပြောကြတယ်။မိန်းမလဲဆုံး သားလဲပျောက်သွားတဲ့မုဆိုးကြီးက အဲဒီအချိန်ကစပြီး တောထဲမှာတစ်ယောက်ထဲနေနေခဲ့တယ်။ နောက်နှစ်(၂၀)ကြားတော့ ရွာကလူတွေရုတ်တရက်ရူးကုန်တယ်။မြွေနတ်ကပြန်လာပြီးလက်စားချေတာဖြစ်မယ်ဆိုပြီး မုဆိုးကြီးကို ဖြေရှင်းခိုင်းကြတယ်။ ဒီလိုနဲ့မုဆိုးကြီးနဲ့ လူစိမ်းကောင်လေးတစ်ယောက် နောက်ပြီးတော့ ရူးနေတဲ့မိန်းမကိုကယ်ချင်တဲ့လူကြီးတစ်ယောက်ဟာ တောထဲမှာမြွေကြီးကိုနှိမ်နင်းဖို့ထွက်လာကြပါတယ်။ နှင်းတောကြီးထဲမှာဘယ်လိုအရာတွေကစောင့်နေမလဲ....... နတ်တွေတစ္ဆေတွေကတကယ်ရှိတဲ့အရာတွေလား...... ရူးသွားတဲ့ရွာသားတွေကိုပြန်ကယ်နိုင်ပါ့မလား...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Horror , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Legend of Changbai Mountain Hunter ( 2024 )

Snake 4: The Lost World ( 2023 ) 5.7
Snake 4: The Lost World ( 2023 ) ခရီးသည်တင်လေယာဉ်တစ်စီးဟာ မိုးကြိုးမိပြီး အင်ဂျင်ကျသွားခဲ့တော့ မဖြစ်မနေအရေးပေါ်ဆင်းသက်ဖို့ ဖြစ်လာခဲ့ပါတယ်။ တွေ့ရာကျွန်းလေးတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရာမှာ လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး ပြုတ်ကျသွားခဲ့တယ်။မြေပုံပေါ်မှာ လူမသိတဲ့သီးခြားကမ္ဘာလိုဖြစ်နေတဲ့ကျွန်းတစ်ကျွန်း ပေါ်မှာ လေယာဉ်ရဲ့အပိုင်းနှစ်ခုဟာ တောင်တစ်လုံးရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ လေယာဉ်မြီးပိုင်းကခရီးသည်တွေဟာ အရေးပေါ်အချက်ပေး အကူအညီတောင်းနိုင်ဖို့ လေယာဉ်ခေါင်းပိုင်းဆီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီလျှို့ဝှက်တဲ့ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့ အသားစားသစ်ပင်တွေနဲ့ သားရဲတွေက ခရီးသည်တွေကိုစောင့်ကြိုနေမှန်း သူတို့မသိကြပါဘူး။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ရင်း အသက်ဆက်ရှင်ဖို့ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres :  Thriller , Fantasy , Horror Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Snake 4: The Lost World ( 2023 )

Nameless Hero ( 2023 ) 5.9
Nameless Hero ( 2023 ) CM movie fanလေးတွေထဲကမှ actionမှကြိုက်တာဆိုတဲ့ သူလေးတွေအတွက် နိုင်ငံရေးစစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။90sတစ်ဝိုက်မှာ နိုင်ငံရေးအယူဝါဒကွဲလွဲမှုတွေအပေါ်အခြေခံပြီး စ စ်ပွဲတွေက ဆူပူအုံကြွနေခဲ့တယ်။ကျင်ကျိုးမြို့နစ်ခုလုံးကို နယ်ခြားစောင့်တပ်တွေ ဝန်းရံထားတဲ့အချိန် ...စစ်မြေပြင်မှာမတရားတာမရှိဘူးဆိုသလိုပဲ သူစီကိုယ်စီ ဌာနအတွင်းမှာ သူလျှိုတွေစေလွှတ်ထားချိန်မှာ.. ကုဒ်နာမည် *မြွေစိမ်း*လို့သိကြတဲ့ သတင်းအချက်အလက်သူလျှို လျိုသာ့ဝေဟာ သရုပ်မှန်ပေါက်ကြားပြီး ဖမ်းစီးမှုကိုခံခဲ့ရတယ်။မြွေစိမ်းဟာ စစ်တပ်လက်အောက်ခံဖြစ်တဲ့အတွက် အထက်က စစ်‌ကြောရေးအတွက် လျှို့ဝှက်ထိန်းသိမ်းရေးဌာနက *လင်ရှီး*ကို တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခဲ့တယ်။အဲ့အချိန်မှာ မြွေစိမ်းကို ဖမ်းမိခဲ့တဲ့သူက ပါတီရေးရာနဲ့ပြန်ကြားရေးဌာနဖြစ်တဲ့အတွက် လင်ရှီးဟာ ထိုဌာနရဲ့ဦးစီးချုပ်"ကျိုးယင်ချွင်း"နဲ့ သူ့ရဲ့မဟာမိတ်ဖြစ်သူ နိုင်ငံတော်ကာကွယ်ရေးတပ်ခွဲ၂ကအထူးတပ်ဖွဲ့ဝင်ကျန်းဝေနဲ့အတူ ပူးပေါင်းစစ်ကြောရေးဆင်းဖို့ဖြစ်လာတော့တယ်။မြွေစိမ်းဟာ ကွန်မြူနစ်ပါတီသူလျှိုဖြစ်ပြီး သူ့ရဲ့လက်ထဲမှာ ကျင်ကျိူးမြို့ကာကွယ်ရေးမြေပုံရှိသလို ဒါကသူကျင်ကျိုးကိုထိုးစစ်ဆင်ရာမှာကူညီဖို့ မြို့ပြင်ကိုလက်ဆင့်ကမ်းရမဲ့ အချက်အလက်လည်းဖြစ်တယ်။ မြွေစိမ်းကျဉ်းထဲကျပ်ထဲရောက်နေတဲ့အချိန်မှာ လင်ရှီးရဲ့လျှိုဝှက်တာဝန်က အဲ့ဒီမြေပုံကိုလွှဲပြောင်းယူပြီး လက်ဆင့်ကမ်းပေးရမှာပါ။မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတွေကြားထဲမှာ လင်ရှီးက သူ့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား သူ့ရဲ့လမ်းခရီးမှာရော ဘယ်လိုဘက်တော်သားတွေနဲ့ တွေ့ဆုံရဦးမလဲ အာဏာမှိုင်းတွေ ရောထွေးနေတဲ့နယ်ပယ်ကြီးမှာ ဘယ်အရာက တရားမျှတမှုလမ်းစဉ်ဖြစ်မလဲဆိုတာ... ဇာတ်လမ်းမှာအသေးစိတ်ကြည့်ရှုလိုက်ပါ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , War Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Nameless Hero ( 2023 )

The Yin Yang Crossover Man ( 2023 ) 5.9
The Yin Yang Crossover Man ( 2023 ) CM ရဲ့ ပရိတ်သတ်တွေအတွက် သည်းထိတ်ရင်ဖိုဖြစ်စေမဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အလောင်းဆယ်သူ ယန်ဟွမ်နဲ့ ဆရာဖြစ်သူ လောင်ကျန်းတို့ဟာ ထျန်းဆွေရွာမှာ အလောင်းဆယ်ဖို့အတွက် ရောက်လာခဲ့ပါတယ်။ သို့သော် ထိုအလောင်းကို ဘယ်လိုပဲ ရှာပါစေ မြစ်ထဲမှာ မတွေ့ဘူး ဖြစ်နေပါတယ်။ရွာသားတွေကတော့ သေဆုံးသူ လင်ယွိဟာ မြစ်နတ်ရဲ့ သတို့သမီးအဖြစ် ရွေးချယ်ခံရတဲ့အတွက် မြစ်ထဲကျသွားခဲ့တယ်လို့ ပြောကြပါတယ်။ လင်ယွိရဲ့ သူငယ်ချင်းဖြစ်သူ သတင်းထောင်လင်ယောင် ကတော့ အယူသီးမှုတွေကို လက်မခံသူဖြစ်ပါတယ်။ယန်ဟွမ်နဲ့ လင်ယောင်တို့နှစ်ယောက် လင်ယွိရဲ့ သေဆုံးမှုကို လိုက်လဲစုံစမ်းရင်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သူတို့အဖေတို့ လုပ်ခဲ့တဲ့ ပြစ်မှုကြီးကို သိသွားတဲ့အခါ......ရွာထဲမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတဲ့အခါ တရားခံက ဘယ်သူဖြစ်မလဲ...... လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မတရားမှုကိုရော သူတို့ ဖော်ထုတ်နိုင်ပါ့မလား...... ဆိုတာကို သည်းထိတ်ရင်ဖိုရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , ...
movie

The Yin Yang Crossover Man ( 2023 )