Channel Myanmar

Zidane Khalid

The Empty Chair: Final Exam (2024)
The Empty Chair: Final Exam (2024) The Empty Chair : Final Exam (2024)စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆို အခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။ Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့ Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊ စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။ အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။ အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။ အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့ စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင် ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေ မရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် ...
movie

The Empty Chair: Final Exam (2024)

2024
Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023