Channel Myanmar

Zoa Morani

Tuesdays And Fridays (2021) 4.5
Tuesdays And Fridays (2021) Netflix ကတင်ဆက်ထားတဲ့ Bollywood ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ချောမောလှပပြီး စည်းကမ်းကြီးတဲ့ ဆီရာဟာ မွန်ဘိုင်းကရုပ်ရှင်လုပ်ငန်းမှာ ဥပဒေကိစ္စတွေ စီမံဆောင်ရွက်ပေးနေတဲ့ ရှေ့နေမလေးပါ ဗာရွန်ကတော့ လန်ဒန်မှာနေထိုင်တဲ့ နာမည်ကြီးလူငယ်စာရေးဆရာတစ်ဦးပါ။ တစ်နေ့ ဗာရွန်ဟာ သူ့ဝတ္တုကို ရုပ်ရှင်ရိုက်မယ့်ကိစ္စအတွက် အိန္ဒိယကိုလာရင်း မူပိုင်ခွင့်ကိစ္စတွေညှိနှိုင်းဖို့ ဆီရာနဲ့ စတင်ဆုံစည်းမိပါတယ်။ ဗာရွန်ရဲ့ ဝတ္တုအကြောင်း အပြန်အလှန်ဆွေးနွေးကြရင်း သူတို့နှစ်ဦးဟာ ရင်းနှီးသွားပါတယ်။ ထို့နောက် ဗာရွန်လည်း လန်ဒန်ကိုပြန်သွားပြီး ဆီရာက သူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။ အလုပ်မှာထူးချွန်တဲ့အတွက် ကုမ္ပဏီက လစာပြည့်ခွင့် ၂ လပေးတဲ့အတွက် ဆီရာဟာ သူ့မိခင် နေထိုင်ရာ လန်ဒန်မြို့ကို အလည်လာခဲ့ပါတယ်။ လန်ဒန်မှာ မမျှော်လင့်ဘဲ ဗာရွန်နဲ့ ဆီရာတို့ ပြန်လည်ဆုံစည်းမိပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ရင်ထဲမှာ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဝင်စားမှုလေးတွေရှိလာပါတယ်။ ဒါပေမဲ့ ဗာရွန်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဗာရွန်ဟာ ကောင်မလေးတစ်ယောက်ကို ခုနစ်ပတ်ထက်ပိုပြီးတွဲလေ့မရှိပါဘူး။ ဗာရွန်ရဲ့ခံယူချက်က တွဲလာတာကြာလာတာနဲ့အမျှ စကားများရန်ဖြစ်ပြီး လမ်းခွဲတာထက်စာရင် စောစောစီးစီး နှစ်ဦးသဘောတူ ကြိုတင်လမ်းခွဲတာပိုကောင်းတယ်လို့ ခံယူထားသူပါ။ ဆီရာကတော့ တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး အတည်တကျ လက်တွဲချင်သူပါ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြပေမဲ့ ဗာရွန်ရဲ့ ခုနစ်ပတ်ပဲတွဲမယ်ဆိုတဲ့ ခံယူချက်ကြောင့် ရှေ့ဆက်မတိုးဖြစ်ကြပဲ ...
movie

Tuesdays And Fridays (2021)

Taish (2020) 7.5
Taish (2020) Taish 2020 (စ/ဆုံး) ================= တောင်းဆို နေကြတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ "ထာဝရထက် နှစ်ဆ" မင်းသားလို့ နာမည်ကြီးတဲ့ Harshvardhan Rane၊ Jim Sarbh အပြင် မင်းသမီးချောလေးတွေကို ဇာတ်လမ်းထဲ ဝေဝေဆာဆာ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ မိသားစု နှစ်စုရှိပါတယ်။ ဆရာဝန် မိသားစုနဲ့ ဂန်းစတား မိသားစုလို့ နာမည်ပေးလိုက်မယ်။ ဆရာဝန် မိသားစုကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုပါ။ ဆရာဝန်မိသားစုမှာ မင်္ဂလာပွဲ ရှိတယ်။ ဒါကြောင့် လန်ဒန်မှာ နေတဲ့ ဆရာဝန် ရိုဟန်ဟာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ ဂန်းစတား မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ ညီအစ်ကို ဆိုပေမဲ့ အရင်းတွေ မဟုတ်ဘဲ ဦးလေးနဲ့ တူအရွယ်ပါ။ သူတို့ ညီအစ်ကိုနှစ်ယောက်က အချစ်ရေးနဲ့ ပတ်သက်ပြီး မိသားစုတွင်း ပဋိပက္ခတွေ ရှိလာပါတယ်။ ဒီမိသားစု နှစ်ခုဟာ ပထမမှာတော့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘဲ ကြည့်ရှုသူကိုတောင် အတွေးများစေမှာပါ။ ဒါပေမဲ့ တနေ့မှာတော့... အဲ့ဒီမိသားစု နှစ်ခု ဆက်စပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြပါတော့ဗျာ။ ပွေ့ဖက်ခန်းတွေအပြင် သတ်ဖြတ်ခန်းတွေနဲ့လည်း ဇာတ်လမ်းကို ဆွဲဆောင်ထားပါတယ်။ ဒီကားထွက်စတုန်းက ဆီးရီးလို့ ထင်ခဲ့ဖူးပါတယ်။ ဒါကတော့ စဆုံးပါပဲ၊ ...
movie

Taish (2020)