Channel Myanmar

Action

13 Minutes (2021) 4.6
13 Minutes (2021) 13 Minutes (2021) အညွှန်း*********************သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ လေဆင်နှာမောင်းကျရောက်တဲ့အခါ ပြည်သူတွေဘယ်လောက်အထိဒုက္ခရောက်နိုင်သလဲဆိုတာ အဓိကဇာတ်အိမ်တည်ထားပါတယ်။လေဆင်နှာမောင်းမဖြစ်ခင်ကတော့ ဒါကိုပေါ့ပေါ့တန်တန်သဘောထားပြီး ရေဒီယိုနဲ့တီဗီက သတိပေးချက်တွေကို အလေးမထားတတ်ကြတာ လူတွေရဲ့ထုံးစံပါပဲ။ တကယ်တမ်းလေဆင်နှာမောင်းကြီးတိုက်ခိုက်လာတော့ အကာအကွယ်တွေရှာဖွေပြင်ဆင်ဖို့က ၁၃မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ဖြစ်နိုင်ပါ့မလားဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောမှာတော့ အဓိက မိသားစု(၄)ခုကို အခြေခံထားပြီး ဒီမိသားစု(၄)ခုရဲ့ အိမ်ထောင်ရေးအခက်အခဲတွေကိုပါတင်ဆက်ထားတာမို့ ပညာပေးဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Seiji က ရေးပေးထားပါတယ်) File Size          :  (1.8GB), (913MB) & (459MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr ...
movie

13 Minutes (2021)

Hero (2022) 8.2
Hero (2022) Hero (2022)IMDb-8.2/10အာဂျွန်ဆိုတဲ့လူငယ်လေးတစ်ယောက်က ဇာတ်လိုက်မင်းသား(ဟီးရိုး) ဖြစ်ဖို့အိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့ အာဂျွန်နဲ့ ဆာ့ဘူတို့က ချစ်သူတွေပါဆလင်းဘိုင်ဆိုတဲ့ လူဆိုးဂိုဏ်းချုပ်ကြီးဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို ရှေးဟောင်းသေနတ်တစ်လက်နဲ့ပစ်သတ်လိုက်ပြီး အဲ့ဒီသေနတ်ကို ဟိုင်ဒရာဘတ်မြို့ထဲက သူ့ရဲ့ကျေးစားလူသတ်သမား တစ်ယောက်ဆီကိုပို့ပေးလိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီးတစ်ယောက်ကို သတ်ခိုင်းဖို့ပေါ့။တစ်ချိန်တည်းမှာပဲ လှချင်ခန့်ချင်တဲ့ အာဂျွန်တစ်ယောက်က ဆံပင်ကျွတ်နေလို့ တီဗီမှာတွေ့တဲ့ဆံပင်ခေါင်းလိမ်းဆီကို အွန်လိုင်းကနေမှာလိုက်ရာကနေ သူ့အိမ်ရောက်လာတဲ့ပါဆယ်ထုပ်ထဲမှာကခေါင်းလိမ်းဆီမဟုတ်ဘဲ အဲ့ဒီရှေးဟောင်းသေနတ်ဖြစ်နေခဲ့ပါတယ်။ ကဲ အာဂျွန်တစ်ယောက်အဲ့ဒီသေနတ်တစ်လက်နဲ့ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦး မလဲ။ သူ့သမီးနဲ့ကန့်ကွက်နေတဲ့လျှို့ဝှက်တဲ့ အာဂျွန့်ယောက္ခမကြီး ကကော ဒီအမှုအခင်းတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေမလဲ။IMDb Rating 8.2/10 ရထားတဲ့ ဟာသ စွန့်စားခန်း ဇာတ်ကားကောင်းလေးမလို့လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်  File size…3.06GB / 1.4GB / 500MB Quality…1080p WEBDL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Eliza
movie

Hero (2022)

2022
Royal Warriors (1986) In the Line of Duty-1 6.9
Royal Warriors (1986) In the Line of Duty-1 မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ…ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခုဒုတိယကားအနေနဲ့တင်ဆက်လိုက်တဲ့ Royal Warriors (1986) ဇာတ်ကားကတော့ In The Line of Duty-1 လို့လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုအဓိကပါဝင်ထားပြီး IMDb Rating(6.9) ထိ ရရှိထားမလို့Action ပရိတ်သတ်တွေ ...
movie

Royal Warriors (1986) In the Line of Duty-1

Mahaan (2022) 8.5
Mahaan (2022) Mahaan (2022) ------------------------- ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0  / 1080p HEVC  Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe ...
movie

Mahaan (2022)

2022
1080p HEVC
Dan’s Family No. 1 (2022) 4
Dan’s Family No. 1 (2022) Don's Family No.1 (2022)ဒီကားလေးကတော့ ခေါင်းစဉ်က်ုက တမူထူးခြားနေတာပါနော်ယောရောဘွန်းတို့ကြည့်လိုက်တာနဲ့ ဘာကိုပြေးမြင်လဲနံပါတ် ၁ ဆိုတော့ အမိုက်စားအတော်ဆုံး ထိပ်ဆုံးက နံပါတ် ၁ လို့ထင်ကြမှာပေါ့နော်ဒါပေမယ့် ဒီထဲက Kang Dan ဆိုတဲ့ ဇာတ်လိုက်မင်းသားကတော့ အနိုင်ကျင့်ခံရပြီး ခိုင်းတဲ့အတိုင်းလုပ်တာ အတော်ဆုံး နံပါတ် ၁ ပါတဲ့ရှင်ဂိုဂျိုဆွန်းမျိုးဆက်ရဲ့ စွမ်းအားရှင် Dan မိသားစုက နောက်ဆုံးမျိုးဆက်ဆိုပေမယ့် အရာအားလံုးကို သည်းခံလာတဲ့ ကောင်လေး... ‌တစ်နေ့မှာ သူချစ်ရတဲ့ကောင်မလေး(ဟီယွန်း)ကို အနိုင်ကျင့်တာ သိသွားတဲ့အခါ... ကောင်မလေးကိုကာကွယ်တဲ့အခါ သူ့ရဲ့သရုပ်မှန်ကိုသိလိုက်ရတဲ့အခါ... ဘယ်လိုမျိုး စွန့်စားခန်းတွေဖြစ်လာမလဲ သူ့ရဲ့ စွမ်းအားကရော ဘယ်လိုမျိုးလဲ ကောင်မလေးကိုရော ကယ်နိုင်ပါ့မလား တိုက်ပုံခိုက်ပုံတွေနဲ့ အမိုက်စား အက်ရှင်ဆန်ဆန်ကြည့်ရမယ့်အပြင် အခွီလေးတွေပါ ပါသေးတယ်နော် တိုက်ခိုက်နေရင်းတောင် တကယ်ရယ်နေရတာ ကြားထဲက ရိုမန့်လေးပါ ရောလိုက်တော့ ရသစုံခံစားရမယ့် ဒီသဘာဝလွန်ကားသစ်လေး မင်းသား မင်းသမီး နာမည်သိပ်မကြီးပေမယ့် အမိုက်စားသရုပ်ဆောက်ချက်တွေနဲ့ ဒီကားလေးကို အခုပဲ ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။Genre.....Action Quality….WEB-DL 1080p and ...
movie

Dan’s Family No. 1 (2022)

2022
True Grit (2010) 7.6
True Grit (2010) True Gritတဲ့ တစိုက်မတ်မတ်ပြီးဆုံးတဲ့ထိ လုပ်တဲ့လူပေါ့ ဒီရုပ်ရှင်ဟာ ၁၉၆၉ ကထွက်ပြီးသားရုပ်ရှင်ကို ကိုအန်ညီအစ်ကိုနှစ်ယောက်က ၂၀၁၀မှာ remakeပြန်ရိုက်ထားတာ ကိုအန်ညီအစ်ကိုဆိုတာလည်း No Country for old men တို့လို မာစတာပိစ်တွေရိုက်တာဆိုတော့ ထူးထူးထွေထွေ ညွှန်းမနေချင်ဘူး ပါတဲ့လူတွေပြောမယ်ဗျာ Hawkeye မင်းသမီး ဟေလီစတိန်းဖီးလ် နောက်မက်ဒေမွန် Hell or High Water ထဲက ဂျက်ဘရစ်ဂျက်စ် နောက်ဗီလိန်က မောင်သားနို့စ် ဂျို့ရှ်ဘရိုလင် ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ၁၈၇၀ဝန်းကျင် အမေရိကန်မှာ ကောင်းဘွိုင်တွေ ရိန်းဂျားတွေ မာရှယ်တွေ အခြေချနေထိုင်သူတွေ အင်ဒီးယန်း အတိုအရှည်မျိုးစုံနဲ့ မြင်းတွေစီး လူသတ်ဓါးပြတိုက် တဖောင်းတဒိုင်းဒိုင်းကာလပေါ့ ကောင်မလေးက အပျိုဖြန်းလေးတန်မဲ့ ကြမ်းကြမ်းရမ်းရမ်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း အစေးမကပ်တဲ့ လူနှစ်ယောက်နဲ့ အဖေကိုသတ်တဲ့လူနောက် လိုက်တဲ့ စွန့်စားခန်းပါ ခရီးအတူသွားချင်း သံယောဇဉ်နဲ့ စာနာမှုတွေ ...
movie

True Grit (2010)

The Tai Chi Master (2022)
The Tai Chi Master (2022) The Tai Chi Master (2022)ဒီတစ်ခေါက်မှာတော့ သိုင်းလောကရဲ့ နောက်ကြောင်းကို ပြန်သွားပြီး ကျင့်စရာ သိုင်းအသစ်တွေနဲ့ ဝူတန်းဂိုဏ်းချုပ်ကြီး ငယ်ဘ၀ကို ပြန်ရှု့စားလိုက်ရအောင်ဗျာ။ဇာတ်လမ်းအကျဉ်းကတော့ ..... ဝူတန်းဂိုဏ်းဆိုတာ ဖြစ်မလာသေးခင် ကျန်းကျွင်းပေါင်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ဝူးကျိဂိုဏ်းရဲ့ အားထားရတဲ့ သိုင်းပညာရှင်လေးပေါ့။ သူဟာ သိုင်းလောကမှာ အထက်လမ်းသိုင်းပညာ အောက်လမ်းသိုင်းပညာဆိုတာမရှိ လူ့အကျင့်ပေါ်မှာပဲ သိုင်းပညာဟာ မူတည်တယ်လို့ ခံယူထားတဲ့ လူပျော်တစ်ယောက်ပေါ့။ အောက်လမ်းသိုင်းလောကရဲ့ဘုရင်ကို သိုင်းဂိုဏ်းကြီးတွေပေါင်းပြီး ဝူးကျိ ရဲ့မြေအောက်ခန်းမှာ ဖမ်းထားချိန်မှာ တစုန့်ပြည်ကို "ဒီ" တိုင်းပြည်က ကျူးကျော်လာချိန် သိုင်းလောက အရှုပ်အထွေးတွေကြားမှာ ကျန်းကျွင်းပေါင်တစ်ယောက် လောကဓံကို ဘယ်လိုခံရမယ်။ ဝူတန်းဂိုဏ်းကရော ဘယ်လိုဖြစ်ပေါ်လာတယ် စတဲ့ သိုင်းလောကကြီးအကြောင်း ကို လှလှပပ ရိုက်ကူးထားပြီး အတွင်းအားထက် သိုင်းကွက်ပိုပါတာမို့ သိုင်းလောကသားတွေ စိတ်၀င်စားမယ့် သိုင်းကားတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးချင်ပါတယ်။အညွှန်းကိုတော့ Lwin Htoo Aung မှ ရေးသားထားပြီး ...
movie

The Tai Chi Master (2022)

Death Sentence (2007) 6.7
Death Sentence (2007) Death Sentence(2007)တရားမျှတမှုဆိုတာကို ဥပဒေကမပေးစွမ်းနိုင်ရင် သင်ဘာလုပ်မှာလဲ။ပြည့်စုံတဲ့မိသားစုဘဝရထားတဲ့ စီးပွားရေးသမားတစ်ယောက်ဟာဓားပြမှုတစ်ခုကြောင့် မိသားစုဝင်ဆုံးရှုံးလိုက်ရပြီး သာမန်ဓားပြမှုမဟုတ်တာကိုသိလိုက်ရတဲ့အပြင် တရားခံဟာလည်း ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်မခံရတဲ့အခါအဆုံးမရှိတဲ့ ကလဲ့စားလမ်းကိုလျှောက်ဖို့ ဖြစ်လာပါတော့တယ်။Saw, Fast&furious 7, Aquaman စတာတွေနဲ့ နာမည်ကြီးခဲ့တဲ့ဒါရိုက်တာJames Wan ရဲ့ action thriller ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းပိုင်းခေါင်းမစားချင်ပဲ ပစ်တာခတ်တာကလဲ့စားချေတာပွဲကြမ်းပြတာတွေကြည့်ချင်နေသူတွေ အကြိုက်တွေ့စေမယ့်ကားတစ်ကားဖြစ်ပါတယ်။  File size…2.03Gb / 1Gb Quality…1080p BluRayx264 AAC 5.1CH Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Pyi T Nyein
movie

Death Sentence (2007)

2007
Delivery (2021) 4
Delivery (2021) Delivery (2021)အောက်တိုဘာလက ထွက်ရှိခဲ့တဲ့ Delivery ဆိုတဲ့ Web-Drama လေးကတော့ Movie အဖြစ် ထွက်ရှိလာခဲ့ပါပြီ။ထုတ်လွှင့်ခဲ့စဉ်ကတော့ စုစုပေါင်း ၈ ပိုင်း ပါဝင်ခဲ့ပါတယ်။Cast တွေကတော့ အမိုက်စားပါပဲ။(G)I-DLE အဖွဲ့ဝင် Miyeon Penthouse မှာ မင်ယော့အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lee Tae-Vin တို့လို လူငယ်ခြေတက် အဆင်လေးတွေ အဓိကပါဝင်ထားတဲ့ Web drama လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....ဂွက်ဒူရှစ်ဆိုတဲ့ ကိုယ်ခံပညာတော်တဲ့ မိန်းမချောလေးက အမေကိုရှာဖို့ရည်ရွယ်ချက်နဲ့ အစားအသောက် Delivery ပို့တဲ့အလုပ်လုပ်နေသူပါ။ သူ့အထက်လူကြီး ဂီဟွမ်နဲ့ မတည့်အတူနေ အလုပ်လုပ်ရင်း တစ်နေ့မှာတော့ အမေဖြစ်သူရဲ့သဲလွန်စနဲ့အတူ ကမ္ဘာကြီးကို စိုးမိုးဖို့ကြံနေတဲ့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ ..... အဆင်လေးတွေငမ်းရင်း ပေါ့ပေါ့ပါးပါးခွီနိုင်ကြည့်နိုင်မယ့် Webdrama လေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eain Lay ပဲ ဖြစ်ပါတယ်။Genre.....Action, Adventure, Comedy, Sci-fi and Fantasy Quality….WEB-DL 1080p and 720p and 360MB File ...
movie

Delivery (2021)

2021
The King’s Man (2021) 6.7
The King’s Man (2021) The King's Man (2021)================IMDb Rating - 6.7/102021 ပြီးဆုံးခါနီးမှာ အားလုံးပဲမျှော်လင့်ခဲ့ကြတဲ့ King's Man ရုပ်ရှင်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ထုံးစံအတိုင်းပဲ ကင်းစ်မန်းရုပ်ရှင်တွေကတော့ ကျွန်တော်တို့ကို စိတ်မပျက်စေရပါဘူး။ ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ အရင် ကင်းစ်မန်းနှစ်ကားရဲ့ အဆက်မဟုတ် ပါဘူး။ ကင်းစ်မန်းအဖွဲ့ဖြစ်ပေါ်လာပုံ ဇစ်မြစ်ကိုပြတဲ့ဇာတ်ကားပါ။ ပထမကမ္ဘာစစ် အင်္ဂလန် ရုရှား ဂျာမနီ အမေရိကန် စစ်ပွဲသမိုင်းကို အခြေခံပြီး ကင်းစ်မန်းတွေရဲ့ စစ်ဆင်ရေးကို ပြသထားတာပါပဲ။ အားရပါးရကို ကြည့်လို့ကောင်းပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (3.94 GB) / (1.59 GB) / (814 MB) / (531 MB) Quality – WebRip - (4K HEVC) / (1080p) / (720p) / (480p) Duration ...
movie

The King’s Man (2021)

2021
Race Gurram (2014) 7.3
Race Gurram (2014) Race Gurram (2014) ===================IMDB Rating 7.3 / 9.8k၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားအာလူးအာဂျွန်ရဲ့အက်ရှင်ဇာတ်လမ်းကောင်းတပုဒ်ပါ....အက်ရှင်ခန်းအလန်းတွေ မင်းသားအာလူးရဲ့သရုပ်ဆောင်မိုက်ချက်တွေကြောင့်CMကနေ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းအားလူးနဲ့သူ့အကိုရမ်က ညီအကိုရင်းဆိုပေမယ့်အကျင့်စရိုက်က တစက်မှမတူတဲ့ညီအစ်ကိုနှစ်ယောက်ပေါ့အားလူးက ခေတ်ရှေ့ပြေး လူငယ်ဆန်တဲ့စရိုက်နဲ့ ကောင်လေးရမ်ကတော့ စည်းကမ်းကြီးပြီး စနစ်တကျနေတတ်တဲ့လူပေါ့...ညီအစ်ကိုနှစ်ယောက်လုံးရဲ့ စရိုက်ခြားနားမှုနဲ့ မင်းသမီးလေးရှရှုတီယာရဲ့ ချစ်စရာအမူအရာလေးတွေကြားဘောလိဝုဒ်ပရိတ်သတ်တို့အကြိုက်တွေ့စေမှာမို့တင်ဆက်ပေးလိုက်ပါတယ်...   File size…3.4GB / 1.4Gb  Quality…1080p AMZ WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (hard sub) Encoder….X - Cross Translated by Chan Myae
movie

Race Gurram (2014)

2014
Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie

Yes, Madam! (1985) In the Line of Duty-2

Special Delivery (2022) 7.4
Special Delivery (2022) Special Delivery (2022)ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ... စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲအဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲCrime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Action, Crime, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 780MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle ...
movie

Special Delivery (2022)

Demon Sealer Bureau ( 2022 )
Demon Sealer Bureau ( 2022 ) ကလေးဘဝက တစ်မိသားစုလုံးအသတ်ခံလိုက်ရပြီးမှော်စက်ယန္တရားတွေကျွမ်းကျင်ကာ၏ မိစ္ဆာနှိမ်နင်းရေးအဖွဲ့ရဲ့အမိန့်ကိုမြေဝယ်မကျနားထောင် သွေးအေးရက်စက်တတ်တဲ့ ထန်လင်ဖုန်း စက်ယန္တရားတွေကို နည်းနည်းမှနားမလည်ဘဲ ထန်လင်ဖုန်းကိုညီလေးတစ်ယောက်လို ဂရုစိုက်ချစ်ခင်လာတဲ့မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် လုရင် ဝိညာဥ်ရင်းမြစ်လျှို့ဝှက်သိုင်းကျမ်းကိုအသုံးချပြီး ကိုယ့်အတ္တအတွက် အသုံးချချင်ကြတဲ့ လူတွေ...သွေးသားရင်းတွေမဟုတ်ပေမဲ့ အစစအရာရာဂရုစိုက်ချစ်ခင်လာကြတဲ့ညီအစ်ကိုနှစ်ယောက် တစ်ရက်မှာ သွေးကွဲဖို့ဖြစ်လာပြီးပြဿနာတွေက ထင်ထားသလိုမရိုးရှင်းဘဲ မိစ္ဆာတွေနဲ့အာဏာလုပွဲတွေပါ ပါဝင်ပတ်သတ်လာချိန်မှာတော့...သူတို့နှစ်ယောက်ဖြစ်လာတဲ့ ပြဿနာတွေကိုဘယ်လိုရင်ဆိုင်သွားကြမလဲ ဆိုတာကို ဒီကားလေးမှာစိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ကြရမှာပါနော်  Quality : WEB-DL 1080p Format : mp4 Genres : Action , Fantasy Duration : 1h 39min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yamin Ei Encoded by LK
movie

Demon Sealer Bureau ( 2022 )

Bullet in the Head (1990) 7.6

Bullet in the Head (1990)

1990
New Kung Fu Cult Master 2 (2022) 4.8
New Kung Fu Cult Master 2 (2022) New Kung Fu Cult Master 2 (2022)"နဂါးနိုင်ဓါးဦးထိပ်ထား တိမ်လွှာဓါးရှင်မပေါ်လျှင် မည်သူအံတုနိုင်မည်နည်း။ "လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကို ကျွန်တော်တို့ပြန်သွားကြရအောင်။ ဒီတစ်ခါတော့ Remake တွေခဏခဏရိုက်တဲ့ ဇာတ်လမ်းတွဲထဲကထွက်ပြီး နှစ်ပိုင်းလောက်နဲ့ပြီးမယ့် နဂါးနိုင်ဓား Version အသစ်လေးကို မြည်းစမ်းကြည့်ရမှာပါ။ပထမဆုံးပြောချင်တာက Series မဟုတ်ပဲ Movie Version ဖြစ်တဲ့အတွက် တစ်ချို့ဇာတ်ကောင်တွေ ဇာတ်ကွက်တွေ မပါတော့ပဲ အရာရာကို ပေါ့ပေါ့ပါးပါး ပြသွားပြီး ဇာတ်လမ်း၀င်အောင်ရိုက်တာပါ။ဒုတိယအချက်ကတော့ CGI တွေအများကြီး ချောမောလှပတဲ့မင်းသားလေး လေပေါ်ဝဲနေတာမျိုးမဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က မုဒ်မျိုးပြန်ပေးတဲ့တစ်ချက်ပါ။တတိယကတော့ ကျန်းစမ်းဖုန်း ကိုယ်တော် ဒိုနီရမ်း ပါပဲ။ဒီတော့များသောအားဖြင့် နဂါးနိုင်ဓါးခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ဖူးသူတွေချည်းမို့ ဇာတ်လမ်းတွဲမဟုတ်တဲ့ ခပ်သွက်သွက်ဇာတ်လမ်းလေးကို ခံစားပြီး အတိတ်ကိုပြန်လွမ်းကြရအောင်လားဗျာ။အညွှန်း Lwin Htoo AungTranslator   Jo Jo VA , Yunn Myat Noe Khaing, SSTGenre.....Action , Fantasy Quality….WEB-DL ...
movie

New Kung Fu Cult Master 2 (2022)

2022
Mythica: The Godslayer (2016) 5.6
Mythica: The Godslayer (2016) Mythica: The Godslayer (2016)========================ဒီဇာတ်ကားအကြောင်းကို မပြောခင် ဒီကားဟာ Mythica ခေါင်းစဉ်အောက်မှာ ငါးကားတွဲထွက်ရှိထားတဲ့အထဲကမှ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ Mythica ဆိုတာကတော့ Adventure, fantasy, action ခေါင်းစဉ်အောက်မှာတည်ရှိပြီး adventure fantasy တို့ရဲ့ ထုံးစံအတိုင်း orc, dragon , witch , elf , god အစရှိသဖြင့် အမျိုးစုံအောင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ကတော့  လက်ရှိကမ္ဘာမြေဟာ နတ်ဘုရားတွေကို အပြီးတိုင် ချေမှုန်းချင်နေတဲ့ Lich King နဲ့ သူ့ရဲ့ zombie စစ်တပ်ကြီးနဲ့၊ တစ်ဖက်မှာ လူသား၊ နတ်နဲ့ အခြားသောမျိုးနွယ်တွေ စစ်ခင်းနေရတဲ့ကာလ ဖြစ်ပါတယ်။ Lich King နဲ့ သူ့စစ်တပ်ကြီးဟာ ဘယ်မျိုးနွယ်နဲ့မှ အင်အားချင်းမယှဉ်သာအောင် တရိပ်ရိပ်တက်လာလို့နေပါပြီ။ ဒါပေမယ့် Lich King ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ နတ်ဘုရားတွေ အကုန်လုံးကို သုတ်သင်ဖို့ရာ ကျိန်စာသင့်နေတဲ့ Marek ဆိုတဲ့ စုန်းမလေးက အဓိကကျတဲ့နေရာမှာ ပါ၀င်နေပါတယ်။ ...
movie

Mythica: The Godslayer (2016)

2016
Looop Lapeta (2022) 5.8
Looop Lapeta (2022) Looop Lapeta (2022)ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲအတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲအတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာမတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်းအေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ်ရှာလိုက်ပါတော့တယ်။အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့်သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှအရှုပ်တွေကိုလိုက်ရှင်းရင်း ...
movie

Looop Lapeta (2022)

2022
Raging Flower 2 (2021)
Raging Flower 2 (2021) ဒီဇာတ်ကားကတော့ raging flower 2018 ရဲ့အဆက်ဖြစ်ပါတယ် ..၂၀၁၈ ကားကိုမကြည့်ရသေးရင်တော့ ဒီလင့်မှာ https://channelmyanmar.org/raging-flower-2018/ အရင်သွားကြည့်ဖို့အကြံပေးပါတယ်နော်။တက္ကသိုလ်ကျောင်းသူ လေးယောက်နဲ့ ကျောင်းနားခံလိုက်ရတဲ့ လုံခြုံရေးကိုကြီးတစ်ယောက်တို့ ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒ၊ ရည်မှန်းချက်ကို အတူကြိုးစားဖော်ဆောင်တဲ့ ဇာတ်ကားလေးဖြစ်တယ်။ကျောက်ကျီထုံ ရှောက်ရွှေ ချုံချုံ နဲ့ လင်ဖေး လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးယောက်ဟာ ဒိတ်ဒိတ်ကြဲတွေဖြစ်ကြတာနဲ့အညီ သူတို့ကိုရေချိုးခန်းထဲဓါတ်ပုံလိုက်ရိုက်တဲ့ကောင်ကို ရဲစခန်းအထိ ဆွဲခေါ်ပြီး ပို့လိုက်ပါတယ်။ ဒါပေမယ့် အဲဒီလူကို ရဲတွေက ချက်ချင်းပြန်လွှတ်ပေးလိုက်လို့ မသင်္ကာဖြစ်ကြပြီး အကြောင်းရင်းကိုစုံစမ်းကြပါတော့တယ်။ အဲဒီလူရဲ့အပြုအမူက ထူးဆန်းနေတာက တစ်ကြောင်း၊ သူနေတဲ့နေရာကလည်း မသင်္ကာစရာဖြစ်နေတာတစ်ကြောင်း ပိုပိုပြီး သံသယတွေများလာကြတာနဲ့ လမ်းမျက်နှာချင်းဆိုင်မှာ မာလာဟင်းရည်ဆိုင်ဖွင့်ပြီး ကိုယ့်စားရိတ်ကိုယ်စား လိုက်လံထောက်လှမ်းပါတော့တယ်။ဒီလူတစ်စု ဘာပြစ်မှုတွေကျူးလွန်နေတာလဲ..ဘာလို့ရဲလက်ကလွတ်နေတာလဲဆိုတာကို ဖိုက်တာဂျက်မ ၄ ယောက်က သိုင်းနဲ့ဖြေရှင်းပေးမှာပါ။ File size…(1 GB)/(570 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

Raging Flower 2 (2021)

Raging Flower (2018)
Raging Flower (2018) အခုလိုကာလလေးမှာ အက်ရှင် ဟာသကားလေးကြည့်ရတာက စိတ်ကို အနည်းငယ်သက်သာရာရစေမှာအမှန်ပါပဲ။ နာမည်ကြီး အက်ရှင်ဟာသကားတွေကြားက Raging Flowers ဆိုတဲ့ တရုတ် အက်ရှင် ဟာသကားလေးကို ညွှန်းချင်ပါတယ်။ကူ​လေ နဲ့ ပိုင်ရိုနန် တို့ ကျောင်းသူ၂​ယောက်ဟာ ကျောင်းကလွှတ်တဲ့ Camp အတွက် ထိုင်းနိုင်ငံအသွား အပျော်ကနေ အပျက်ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီးကြည့်ရမှာပါ။ ထိုင်းနိုင်ငံရောက် တရုတ်တွေဖြစ်တော့ ပေါက်ကရတွေဖြစ်၊ ကြောင်တောင်တောင်တွေနိုင်တဲ့အပြင် သူတို့ရဲ့ ဆရာမကိုလည်း ရာဇဝတ်ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားတဲ့အခါမှာတော့ "အမလေး ငါသွေးတက်" ဖြစ်သွားတော့တာပါပဲ။ဆရာမကို ကယ်ဖို့ ဇာတ်လမ်းတွေလုပ်ရင် ပလန်တွေဆွဲရင် အသေတီးကြတာကိုလည်း ကြည့်ရမှာဖြစ်တော့ Raging Flower (ဒေါသပုန်ထသော ပန်းကလေး) ဆိုတဲ့အတိုင်း မင်းသမီးချောချောလေးတွေကို ဟာသနှောပြီး ငမ်းရမှာအသေအချာပဲဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ဒီကားရဲ့အဆက် Raging Flower 2 (2021) ကို ဒီမှာ https://channelmyanmar.org/raging-flower-2021/ ကြည့်ပါ။ File size…(1.2 ...
movie

Raging Flower (2018)