Channel Myanmar

Action

Look Out, Officer! (1990) 6.1
Look Out, Officer! (1990)  ဟာသဘုရင်ကြီး Steven Chow ရဲ့ ၁၉၉၀ ကဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အထာကျကျ ဆရာကြီး ရဲအရာရှိ Biao တစ်ယောက် မူးယစ်ဆေးဂိုဏ်းတစ်ဂိုဏ်းကိုတစ်ကိုယ်တော်ဝင် ဖြိုခွင်းရင်း အသတ်ခံလိုက်ရပါတယ်။လောင်းကစားလုပ်တတ်တဲ့ ဝါသနာဆိုးကြောင့် သူ့ကိုလောင်းကစားကျွေးမပေးနိုင်လို့ကိုယ့်ကိုကိုယ်သတ်သေသွားတာလို့ပဲအားလုံးကထင်ကြတဲ့အတွက် သူ့ရဲ့ သေဆုံးမှုအကြောင်း အမှန်အတိုင်းဖြစ်စေဖို့ လူပြည်ကိုပြန်လာခဲ့ပါတယ်။အဲဒီမှာ သူ့ရဲ့ကယ်တင်ရှင်ဖြစ်မယ့် ရဲသားသစ် Sing(Steven Chow) ကိုတွေ့ပြီး သူ့အတွက်လက်စားချေပေးပြီးသူ့ရဲ့နာမည်ကို ပြန်လည်သန့်ရှင်းပေးရင် Sing အတွက် ရာထူးတိုးပြီး ကောင်မလေးနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး အပေးအယူဖြစ်သွားကြပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီး ဘာတွေတလွဲတွေဖြစ်မလဲ ဆိုတာ ပါးစပ်မပိတ်ရအောင် ရယ်နေရမှာဖြစ်ပါတယ်။IMDB Rating ကတော့ 6.1 ရှိပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ)++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို https://channelmyanmar.org/category/stephen-chow/ မှာကြည့်လို့ရပါတယ်။  File size…(1.9 GB) and (1 GB) Quality….BluRay ...
movie

Look Out, Officer! (1990)

1990
Infidel(2019) 6.5
Infidel(2019) Infidel(2019)အညွှန်း*******************IMDb....6.5ဒေါ့ဂ်ရော်ဝင်းစ်ဟာ ဘာသာရေးနဲ့ပတ်သတ်သမျှကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးသားနေလေ့ရှိတဲ့ ခရစ်ယာန်ဘာသာဝင်အမေရိကန်လူမျိုးဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာကြားတူညီမှု ကွဲပြားမှုတို့ကို အမြင်ချင်း ဖလှယ်ဖို့ ဖိတ်ကြားချင်ခံခဲ့ရပါတယ်။ဒါပေမဲ့ ဟောပြောပွဲမှာ စကားကျွံပြီး ပြောခဲ့မိတာကြောင့် အစ္စလာမ်ဘာသာဝင်တွေကြားအုံကြွမှုဖြစ်ကာ အမေရိကန်သူလျိုအဖြစ် မတရားအစွပ်စွဲခံရတဲ့အပြင် ဖမ်းစီးခြင်းခံရကာ အီရန်မှာရုံးတင်စစ်ဆေးခြင်းခံခဲ့ရပါတယ်။ သူ့အတွက် အဆိုးဆုံးအနေအထားရောက်ရှိနေတဲ့အပြင်အမေရိကန်အစိုးရရဲ့ ကာကွယ်မှုလည်းမရှိတော့ အချိန်မရွေးသေဒဏ်ပေးခံရမဲ့ အခြေအနေရောက်ရှိနေပါတယ်...ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုရုန်းထွက်မလဲ...ကယ်မဲ့သူရောရှိပါ့မလား.... ဘာသာရေးကိစ္စဆိုတော့သက်ညှာမှုလုံးဝမရှိတဲ့သူ့အနေအထားမှာ မျှော်လင့်ချက်ဆိုတာဘာဆို ဘာာမှမရှိပါ...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....Infidel ဇာတ်ကားဟာ နိုင်ငံရေးအပေါ် ဘာသာရေးရဲ့လွမ်းမိုးမှု၊ကမ္ဘာတဝှမ်း အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ‌တွေမှာ ဂျာနယ်လစ်တွေ နှစ်အတော်ကြာခံစားခဲ့ရတဲ့ ဥပဒေမရှိ တရားမဲ့လုပ်ရပ်တွေကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်တာကြောင့်ဇာတ်လမ်းကောင်းမွန်တဲ့အက်ရှင်ကားဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်.....File Size :(0.98GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Adventure, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Infidel(2019)

The Chronicles of Evil 6.8
The Chronicles of Evil The Chronicles of Evil (2015) စုံထောက် Choi Chang-Sik ဟာ သမ္မတကိုယ်တိုင် ချီးမြှင့်တဲ့ ထူးချွန်ဆုကိုရရှိထားပြီး ဌာနမှာ ရာထူးတိုးဖို့ အလားအလာရှိ‌နေသူတစ်ယောက်ပါ။ ဆုချီးမြှင့်ခံရသည့်ည ဂုဏ်ပြုညစာစားပွဲမှအပြန်လမ်းမှာ ကားမောင်းသမားယောင်ဆောင်ထားတဲ့ လုပ်ကြံသူ၏တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်နဲ့ တိုက်ခိုက်နေကြရင်း Choi Chang- Sik မှ မတော်တဆ လက်လွန်သွားခဲ့ပါတယ်။ ရာထူးတိုးဖို့အကြောင်းရှိနေတာကြောင့် အမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်နေ့မနက်မှာ တစ်စုံတစ်ယောက်က ဂန်းနမ်ရဲစခန်းရှေ့မှာ အလောင်းကို လာချိတ်ထားခဲ့ပါတယ်။ ထောင်ချောက်မိသွားမှန်း သိလိုက်ရတဲ့ Choi Chang-Sik တစ်ယောက် မိမိကို ဦးတည်တိုက်ခိုက်ရခြင်းရဲ့ နောက်ကွယ်က အဖြစ်မှန်ကို တိတ်တဆိတ် စုံစမ်းဖို့ဖြစ်လာခဲ့ပါတယ်။ လူသတ်မှုကိုပဲ ဆက်လက်ဖုံးဖိထားနိုင်မလား????? လွန်ခဲ့တဲ့၁၅နှစ်က အဖြစ်မှန်တွေပဲ ပြန်ရှာတွေ့သွားမလားဆိုတာကတော့ The Chronicles Of Evil မှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ မင်းသားPark Seo Joon ပါဝင်တဲ့အပြင် စုံထောက်အက်ရှင်မင်းသားကြီး Ma Dong Seok ကပါ ပါဝင်အားဖြည့်ထားပြီး Ratingကောင်းခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Translated by : Milkeux Encoded by : August
movie

The Chronicles of Evil

2015
Taish (2020) 7.5
Taish (2020) Taish 2020 (စ/ဆုံး) ================= တောင်းဆို နေကြတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ "ထာဝရထက် နှစ်ဆ" မင်းသားလို့ နာမည်ကြီးတဲ့ Harshvardhan Rane၊ Jim Sarbh အပြင် မင်းသမီးချောလေးတွေကို ဇာတ်လမ်းထဲ ဝေဝေဆာဆာ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ မိသားစု နှစ်စုရှိပါတယ်။ ဆရာဝန် မိသားစုနဲ့ ဂန်းစတား မိသားစုလို့ နာမည်ပေးလိုက်မယ်။ ဆရာဝန် မိသားစုကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုပါ။ ဆရာဝန်မိသားစုမှာ မင်္ဂလာပွဲ ရှိတယ်။ ဒါကြောင့် လန်ဒန်မှာ နေတဲ့ ဆရာဝန် ရိုဟန်ဟာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ ဂန်းစတား မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ ညီအစ်ကို ဆိုပေမဲ့ အရင်းတွေ မဟုတ်ဘဲ ဦးလေးနဲ့ တူအရွယ်ပါ။ သူတို့ ညီအစ်ကိုနှစ်ယောက်က အချစ်ရေးနဲ့ ပတ်သက်ပြီး မိသားစုတွင်း ပဋိပက္ခတွေ ရှိလာပါတယ်။ ဒီမိသားစု နှစ်ခုဟာ ပထမမှာတော့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘဲ ကြည့်ရှုသူကိုတောင် အတွေးများစေမှာပါ။ ဒါပေမဲ့ တနေ့မှာတော့... အဲ့ဒီမိသားစု နှစ်ခု ဆက်စပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြပါတော့ဗျာ။ ပွေ့ဖက်ခန်းတွေအပြင် သတ်ဖြတ်ခန်းတွေနဲ့လည်း ဇာတ်လမ်းကို ဆွဲဆောင်ထားပါတယ်။ ဒီကားထွက်စတုန်းက ဆီးရီးလို့ ထင်ခဲ့ဖူးပါတယ်။ ဒါကတော့ စဆုံးပါပဲ၊ ...
movie

Taish (2020)

2020
Waterworld (1995) 6.2
Waterworld (1995) Water World (1995) =====================ကမ္ဘာ့ဝန်ရိုးစွန်းဒေသ ပိုလာရေခဲပြင်ကြီးအရည်ပျော်သွားခဲ့ပြီးနောက် ကမ္ဘာမြေမျက်နှာပြင်အားလုံးနီးပါးဟာရေအောက်ကိုရောက်သွားခဲ့ပြီး အဲ့ဒီလိုရေကမ္ဘာကြီးမှာ ခြောက်သွေ့ကုန်မြေဆိုတာ နိဗ္ဗာန်ဘုံဒဏ္ဍရီတစ်ခုဖြစ်လာခဲ့ပါတယ်။အရာအားလုံးပျောက်ဆုံးကာ အစာရေစာလဲရှားပါးချိန် ခေတ်ဟောင်းကမ္ဘာကြီးရဲ့လက်ကျန်လေးများနဲ့အသက်ဆက်ရှင်နေရချိန် လှေတစ်စင်းနဲ့ကမ္ဘာပင်လယ်ပြင်ကြီးထဲရွက်လွှင့်စွန့်စားသွားလာကြသူတွေကံကောင်းထောက်မစွာ ရေနံတင်သင်္ဘောကြီးပေါ်ရှာတွေ့ပြီး အရှင်တစ်ခင်တစ်ယောက်လိုအသက်ဆက်ရှင်ကာနယ်မြေချဲ့တဲ့ သူတို့ပေါ်လာတိုင်းမီးခိုးတန်းကြီးမြင်ရတဲ့ Smokers ခေါ်သူတွေနဲ့ ကာကွယ်သူမဲ့နေသူတွေကိုကျွန်ပြုခိုင်းစေကြတဲ့ Slavers တွေဆိုပြီးရှိကြတယ်။သူတို့အားလုံးရဲ့ရည်းမှန်းချက်က ခြောက်သွေ့မြေကိုရှာတွေ့ဖို့ပါပဲ။ အဲ့ဒီခြောက်သွေ့မြေကိုသွားရာလမ်းညွှန်းမြေပုံကိုကလေးတစ်ယောက်ရဲ့နောက်ကျောမှာရေးဆွဲထားတဲ့သီတင်းကနေစလို့ အဲ့ဒီကလေးဆီကခြောက်သွေ့ကုန်းမြေဆီသွားရာမြေပုံကိုရယူဖို့ကြိုးစားကြရင်း ဘာမထီသွေးအေးသန္ဓေပြောင်းလူသားကြီးနဲ့ရင်ဆိုင်ကြရတဲ့ စွန့်စားခန်းရုပ်ရှင်ကြီးဖြစ်ပါတယ်။ဒီဇတ်ကားက သိပ်ညွှန်းစရာတောင်မလိုပါဘူး အားလုံးကြည့်ဖူးပြီးသား အားလုံးနဲ့လဲရင်းနီးပြီးသားဖြစ်မှာပါ။စုတ်ပြတ်နေတဲ့အဝတ်အစားတွေနဲ့ငါးကြေးခွံတွေကိုအင်္ကျီချုပ်ဝတ်ကြရင်း ရေကမ္ဘာမှာပွဲကြမ်းကြတဲ့ဇတ်ကားဆိုတာလူတိုင်းမှတ်မိပြီးသားပါ။1995 ကဇတ်ကားဖြစ်ပေမဲ့ ကွန်ပျုတာအထူးပြုလုပ်ချက်တွေလဲအဆင်မမြင့်ဘဲရိုက်ကူးထားပုံက အခုချိန်ပြန်ကြည့်တာတောင်မရိုးနိုင်စရာပါပဲမင်းသားကြီး Kevin Costner ပါဝင်ထားပြီး အကောင်းဆုံးဆု အဆိုးဆုံးဆုနဲ့ ဇကာတင်စာရင်းများစွာလဲဝင်ခဲ့တဲ့အားလုံးမှင်သက်စရာခံစားချက်တွေရစေမယ့် 6.2 ရထားတဲ့ဇတ်ကားကိုအားလုံးပြန်ကြည့်ရင်း ရေငတ်လိုက်ကြပါစို့လား။Translated by : Myo Myint Maung  Encoded by : YK File Size : 2.5GB and 1.2 GB Quality : 1080p Blu-ray and 720p
movie

Waterworld (1995)

1995
The Death of an Enchantress (2019) 5.5
The Death of an Enchantress (2019) The Death of an Enchantress (2019) မှော်ဆန်ဆန် သိုင်းကားလေး နဲ့ မိတ်ဆက်ပေးပါ့မယ် ။ မိစ္ဆာမ ပိုင်စုစု က လွန်ခဲ့တဲ့ နှစ်တွေတုန်းက ရှုံးခဲ့ရတဲ့ ရှုံးကြွေးကို ပြန်ဆပ်ဖို့ အဆင့်မြင့်သိုင်းကျမ်းကို ရှာဖွေနေခဲ့ပါတယ်။ ပိုင်လျန်လျှို့ဝှက်အတွင်းအား သိုင်းကျမ်း တဲ့... အဲ့သိုင်းကို ကျင့်သူအဖို့ သိုင်းပညာ အထွတ်အထိပ် ရောက်မှာမလွဲဧကန်ပင် ။ ထိုသိုင်းကျမ်းကတော့ လီသူရဲကောင်းရဲ့အိမ်မှာ လက်ဆင့်ကမ်းအမွေအဖြစ် သိမ်းထားပါတယ်။ ပိုင်စုစု က ထိုသိုင်းကျမ်းကို လာယူတဲ့အချိန်မှာတော့ တိုက်ခိုက်မှုတွေဖြစ်လာပြီး လီမျိုးနွယ် တစ်အိမ်လုံး သွေးအိုင်စီးခဲ့ရပါတယ် ။ လွတ်လာသူ တစ်ဉီးထဲ လီယွီဖုန်း.... ခုနစ်ကြာသည့်အထိ လီယွီဖုန်း တစ်ယောက် လက်စားချေဖို့ ပိုင်စုစု ကိုလိုက်ရှာနေရင်း ချင်ဘုရင် (လီရှီမင်း) နဲ့ ဝမ်ရှီချုန်းတို့ အာဏာလုပွဲကြား ရောက်သွားသောအခါ.... မှော်ကားပေမယ့်လည်း ကွန်ပျူတာပြုလုပ်ချက်တွေ သိပ်မများလို့ သိုင်းကားသီးသန့် ကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် ကားလေးတစ်ကားပါ ။ Translated by : ...
movie

The Death of an Enchantress (2019)

2019
Skyfire (2019) 5.4
Skyfire (2019) Skyfire (2019)============IMDb Rating - 5.4/10#Unicodeဒီဇာတ်ကားလေးကတော့ ၂၀၁၉ ခုနစ်ထွက် အက်ရှင် ဒရမ်မာ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့.....ရှောင်မုံးရဲ့ မိဘနှစ်ပါးလုံးက ဘူမိဗေဒပညာရှင်တွေပါ တန်ဟောင်းမီးတောင်ကို ကွင်းဆင်းလေ့လာကြရင်းမီးတောင်ရုတ်တရက် ထပေါက်တာကြောင့် ရှောင်မုံးရဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့ပါတယ်။ ဒီလိုနဲ့ ရှောင်မုန်းအရွယ်ရောက်လာချိန်မှာ မိခင်ဖြစ်သူရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဘူမိဗေဒပညာရှင်ဖြစ်လာခဲ့ပြီးမီးတောင်တွေအကြောင်း အသေးစိတ်လေ့လာနိုင်မယ့် ဒီဂျစ်တယ် ဇူးစနစ်ကို တီထွင်ခဲ့ပါတယ်။အဲဒီအချိန်မှာပဲ အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင် ဂျက်ဟားရစ်က တန်ဟောင်းမီးတောင်ပေါ်မှာ ကမ္ဘာ့ပထမဆုံးအပန်းဖြေစခန်းကြီးကို ခမ်းခမ်းနားနား တည်ဆောက်နေတာ အဆင့်တစ်ပြီးသွားပြီဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်တွေကလည်း အထူးအဆန်းမို့လို့ အုံးအုံးကြွပ်ကြွပ် လာရောက်လည်ပတ်နေကြပါတယ်။ တစ်နေ့မှာတော့မီးတောင်မူမမှန်တာကို ရှောင်မုံးက ခံစားမိပြီး သူ့ကိုပိတ်ဖို့ သတိပေးခဲ့ပေမယ့် သူက လက်မခံခဲ့ပါဘူး။ရှောင်မုံးရဲ့ဖခင်ပါမောက္ခကြီးကလည်း သမီးဇောနဲ့ အဲဒီမီးတောင်ရှိရာ လိုက်လာခဲ့ပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ....ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) #Zawgyiဒီဇာတ်ကားလေးကတော့ ၂၀၁၉ ခုနစ်ထွက် အက်ရှင် ဒရမ်မာ ...
movie

Skyfire (2019)

2019
Point Break(1991)
Point Break(1991) Point Break(1991)အညွှန်း**********************IMDb....7.31991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့ ငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်... အခုမှ အလုပ်ထဲ စဝင်ခါစ ... သင်တန်းသားဘဝမှာ အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ ဘဏ်ဓားပြတိုက်မှုတွေကို စုံစမ်းတဲ့ ဌာနမှာ  စတင်တာဝန်ထမ်းဆောင်ရတယ်....အဲ့ဒီအချိန်တိုက်ဆိုင်တယ်ပဲပြောရမလားပဲ...အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့  အကြီးစားအမှုကြီးဖြစ်ခဲ့တယ်....စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာအချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်...သဲလွန်စ ဆိုလို့လောက်လောက်လားလားမကျန်ခဲ့....ဒီအဖွဲ့ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်..အဲ့ဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်...  File Size : (1.11GB) Quality : Blu-Ray 1080p 5.1CH, 720p Format…mp4 Duration…02:02:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Point Break(1991)

Mosul 2020 7.3
Mosul 2020 အီရတ်မှာ ISIS တေွနဲ့ အီရတ်နိုင်ငံသား အခြားတပ်ဖွဲ့တွေ အကြာကြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတယ်။ ISIS တွေကို အီရတ်မှာ DAESH အဖွဲ႕တွေလို့ ခေါ်ကြပါတယ်။ ISIS တွေဟာ သူတို့ဖမ်းမိတဲ့ အီရတ်တပ်ဖွဲ့ဝင်တွေကို အပြစ်ချေဖို့နဲ့ ဘက်ပြောင်းဖို့ ခွင့်ပြုပြီး လူသစ်စုတတ်ကြတယ်။ ဒါပေမယ့် ISIS တွေကို သတ်တဲ့နေရာမှာ လက်သံပြောင်လွန်းလို့ မိတာနဲ့ ဘက်ပြောင်းခွင့်မရှိဘဲ အသတ်ခံရတဲ့ တပ်ဖွဲ့တစ်ခုတော့ ရှိခဲ့ပါတယ်။ Nineveh SWAT လို့ခေါ်တဲ့ အီရတ်အထူးတပ်ဖွဲ့ပါပဲ။ ဒီရုပ်ရှင်ကတော့ အဲဒီတပ်ဖွဲ့ကို ဂုဏ်ပြုသောအားဖြင့် တကယ့်ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အီရတ်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် ဖြစ်ခဲ့တဲ့ Mosul ကို ISIS တွေ အတော်ကြာ ကြီးစိုးခဲ့ပြီး နောက်ဆုံးမှာ စွန့်ခွာထွက်ပြေးကြပါတော့တယ်။ အဲဒီ မြို့မှာ နောက်ဆုံးစစ်ဆင်ရေးတစ်ခုကို လာထမ်းဆောင်တဲ့ SWAT အဖွဲ႕တွေနဲ့ DAESH တွေ ရင်ဆိုင်ကြပုံကို ပြသထားတာပါ။ စစ်ကားကောင်းကောင်း ငတ်နေတဲ့သူတွေ အတွက် အဆာပြေမယ့် ရုပ်ရှင်ကောင်းပါပဲ။ File size… 1 Gb / 500 Mb Quality… webrip ...
movie

Mosul 2020

Cowboys & Aliens (2011) 6.1
Cowboys & Aliens (2011) Cowboys & Aliens (2011)==================IMDb Rating - 6.1/10 - Voting - 206,241#Unicodeဒီကားကတော့ ၂၀၁၁ မှာ ထွက်ထားခဲ့တဲ့ Western Theme ဂြိုလ်သားဇာတ်ကားပါ။ James Bond မင်းသားDaniel Craig ၊ ကြာပွတ်မင်းသားလို့ ကျွန်တော်တို့တွေ သဘောကျခဲ့တဲ့ Indiana Jones မင်းသား မင်းသားကြီးHarrison Ford နဲ့ ကျပ်ပြားစေ့မျက်နှာနဲ့ လှတဲ့ မင်းသမီး Olivia Wilde တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်း ဂြိုလ်သားတွေက ကမ္ဘာကို သိမ်းပိုက်ဖို့လာတာကို မင်းသားတို့ လူတစ်စုက တားကြတဲ့ဇာတ်လမ်းပေမဲ့ Western ပုံစံလေးကတော့ အမြင်ဆန်းတာပေါ့ဗျာ။ IMDb Rating ကတော့ 6.1/10 ရထားတယ်ဗျ။ဂြိုလ်သားကားကြည့်ချင်ပေမဲ့ အမေရိကန်စစ်တပ်နဲ့ပဲ တိုက်နေလို့ ကြည့်ရတာပျင်းနေတဲ့သူတွေ ကောင်းဘွိုင်တွေနဲ့ဂြိုလ်သားတွေချတာကို ကြည့်လို့ရသွားစေမယ့် ရုပ်ရှင်ကားကောင်းလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့ ...
movie

Cowboys & Aliens (2011)

2011
Maryada Ramanna(2010) 7.4
Maryada Ramanna(2010) Maryada Ramanna(2010) IMDb ratings : 7.4/10 Google Users:92%Budget ₹120 million Box Office ₹300–400 millionဒါရိုက်တာ S.S.Rajamouli ဆိုတာ တောင်ပိုင်းရုပ်ရှင်လောကထဲကို စဝင်ပါပြီဆိုကတည်းက ကားရိုက်ခပ်ကျဲကျဲနဲ့ အကောင်းဆုံးဖြစ်အောင်ပုံဖော်ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ Eega(ယင်ကောင်ကလဲ့စား),Magadheera (နှစ်ဘဝကလဲ့စား) တို့လို ဇာတ်ကားတွေနဲ့ မြန်မာပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့ရုံမက Baahubali 1+2 တို့လို လက်ရာကောင်းပြီး ကမ္ဘာကျော်ခဲ့တဲ့ ဇာတ်ကားတွေကိုပါ ဖန်တီးမှုလက်ရာကောင်းမွန်စွာနဲ့ ကမ္ဘာကို ချပြခဲ့သူပါ။ကိုင်း ဒီလောက်ဆိုရင် မင်းသားလည်း မပါ ၊ မင်းသမီးကလည်း နာမည်မကြီးတဲ့ မင်းသမီးပဲ ပါတဲ့ ဒီဇာတ်ကားကို ဘာ့ကြောင့်တင်ဆက်ပေးလဲဆိုတဲ့အဖြေကို သိလောက်ပါပြီ။ဒီဇာတ်ကားထဲမှာ မင်းသားထက် ၊ ဟာသသရုပ်ဆောင် ဇာတ်ပို့ဇာတ်ရံအနေနဲ့သာ Telugu ပရိတ်သတ်တွေကြားမှာအမှတ်ရနေကြတဲ့ Sunil ကို Leading Role ထားပြီး ရိုက်ထားတာ....S.S.Rajamouli ရိုက်တဲ့ကားဆိုတော့ Sunil အတွက်မှတ်တိုင်တစ်ခု ဖြစ်စေခဲ့သလို စီးပွားရေးအရလည်း အောင်မြင်ခဲ့ပြီး ၊ ဘာသာစကားငါးမျိုးနဲ့ ...
movie

Maryada Ramanna(2010)

The Taking of Pelham 1 2 3(2009) 7.0
The Taking of Pelham 1 2 3(2009) The Taking of Pelham 1 2 3(2009)(အလန်းစားကားမို့  Blu-Ray 1080p 5.1CH ပါပြုလုပ်ပေးထားပါတယ်...)နယူးယောက်မြို့မှာ လူသုံးအများဆုံး သယ်ယူပို့ရေးလမ်းကြောင်းက မြေအောက်ရထားစနစ်ပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒီလိုရထားတွေဟာ အချိန်တိကျတဲ့အပြင် ကားစီးပြီးသွားတာထက်တောင် လိုရာခရီးကို ပိုပြီးမြန်မြန်ဆန်ဆန်ရောက်နိုင်ပါတယ်.... ဒီဇာတ်ကားထဲမှာတော့ ဝေါ်တာ ဂါဘာ ဟာ ဒီလိုမျိုး မြေအောက်ရထားတွေကို အန္တရာယ်ကင်းစွာသွားလာနိုင်ဖို့အတွက်....ထိန်းချုပ်ရေးစင်တာကနေ ညွှန်ကြားချက်တွေပေးရတဲ့သူဖြစ်ပါတယ် တစ်ရက်မှာတော့ Pelham 123 ဆိုတဲ့ ရထားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အနုကြမ်း၀င်စီးပြီး ရထားပေါ်ကခရီးသွားတွေကို ဓားစာခံအနေနဲ့ဖမ်းထားတဲ့အခါ .... ဂါဘာ လည်း ဒီအကြမ်းဖက်အဖွဲ့နဲ့ ညှိနှိုင်းရာကနေ ဒေါ်လာ ၁၀ သန်း နဲ့ ၁ နာရီအတွင်းလဲဖို့ ကမ်းလှမ်းလာပါတော့တယ်.... ဒီဇာတ်ကားမှာ နာမည်ကျော်မင်းသားကြီး ၂ ဦးဖြစ်တဲ့ Denzel Washington နဲ့ John Travolta တို့ ပါ၀င်သရုပ်ဆောင်ထားတဲ့အပြင်... ဒါရိုက်တာ Tony Scott ကိုယ်တိုင် US ...
movie

The Taking of Pelham 1 2 3(2009)

Lich Hand To Destroy Flowers ( 2020 ) 5.9
Lich Hand To Destroy Flowers ( 2020 ) ခံစားချက်ဆိုတာ  အသွေးအသားအတွက် ဓားချက်နှလုံးသားအတွက် အဆိပ်ဆေး..."ဒါကို ယုံကြည်တယ်ဆို ဒီကားကြည့်လိုက်တော့နော်။တရုတ်က အမြဲ ချစ်တတ်ကြတဲ့ မသေမျိုးနဲ့ လူသားကြားက အချစ်ဇာတ်လမ်းတွေကိုပုံဖော်ရိုက်ကူးနေကြပါ။ ဒီတစ်ခေါက်လည်း ပန်းနတ်သမီးလေးနဲ့ ပန်းတွေကိုချစ်တတ်တဲ့ လူသားကြားက အချစ်ကို ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးလို့ပြောရမယ်။ဇာတ်လမ်းလေးကတော့ မိန်းမပျိုလေးတွေ အသွေးသားတွေ စုပ်ယူခံရပြီးအကြောင်းမဲ့သေခဲ့တဲ့ အမှုကိုလိုက်တဲ့ မင်းမှုထမ်းလေးတစ်ယောက် စုန့်ယိချန်ဒီအမှုကိုလိုက်ရင်း သစ်ပင်မိစ္ဆာတိုက်ခိုက်တာ ခံလိုက်ချိန်မှာ ပန်းနတ်သမီးလေးကျောက်ဖေးက ကယ်သွားခဲ့ပြီး သူတို့ အချစ်ဇာတ်လမ်းလေး နိဒါန်းပျိုးခဲ့တာပေါ့ Translated & Review By Chu ChuEncoded By LK
movie

Lich Hand To Destroy Flowers ( 2020 )

The Master Baji ( 2020 ) 5.4
The Master Baji ( 2020 ) ဒီကားလေးကတော့ sept 24 2020မှာထွက်လာတဲ့action,historical,Martial arts အမျိုးအစား ဖြစ်ပါတယ်လွန်ခဲ့တဲ့၁၀နှစ်က လူဆိုးကြီး ကျင့်ထျန်းပေါက်ဟာမြို့မှာအချမ်းသာဆုံးသူဌေး ပိုင်မျိုးနွယ် တစ်အိမ်လုံးကိုရက်ရက်စက်စက်သတ်သွားခဲ့ပေမယ့် မဖမ်းဆီးနိုင်ခဲ့ပဲလွတ်မြောက်သွားခဲ့ပါတယ်...၁၀နှစ်ပြည့်တဲ့နှစ်မှာ ဒီလိုနဲ့ ကျိုးရှင်းဝူရဲ့သူငယ်ချင်း ကျန်ဖုန်တို့တစ်မိသားစုလုံးကျင့်ထျန်းပေါက်ရဲ့သတ်တာခံလိုက်ရတဲ့အခါ..ကျိုးရှင်းဝူရဲဆရာဟာ သူ့ဂိုဏ်းကထွက်သွားစေပြီးကျိုးရှင်းဝူကိုပါးကျီသိုင်းကွက်သင်ယူစေခဲ့ပါတယ်ကျိုးရှင်ဝူ ပါးကျီသိုင်းကွက်တတ်မြောက်ပြီး ပြန်လာချိန်သူ့ဆရာလီစေ့ရယ်ပါသေဆုံးသွားခဲ့ပြီး လူသတ်သမားလို့စွပ်စွဲခံရတဲ့အခါ....လူဆိုးကြီးကျင့်ထျန်းပေါက်ကိုရှာဖွေဖော်ထုတ်နိုင်ပါ့မလား...နှိမ်နင်းနိုင်ပါ့မလားမထင်မှတ်တဲ့လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie

The Master Baji ( 2020 )

Wars In Chinatown ( 2019 ) 6.3
Wars In Chinatown ( 2019 ) တရုတ်တန်းက စစ်ပွဲလေးအကြောင်း ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက အမေရိကားရောက်နေတဲ့ တရုတ်တန်းက တရုတ်တွေအမေရိကန်ရဲအဖွဲ့ရဲ့ လျစ်လျူရှုခံရတာတွေ ဂျပန်ရဲ့ အမှောင်ထဲကအသုံးချခံရတာတွေကို ပုံဖော်ပြထားခဲ့တာပါ။ဇာတ်လမ်းလေးကိုအကျဉ်းပြောရမယ်ဆိုရင်တော့ အမေရိကားရောက်တရုတ်လူမျိုးတွေ တစ်နေ့ကိုတစ်ယောက်နှုန်းနဲ့ နှလုံးဖောက်ခံရပြီးအမည်မဲ့အလောင်းတွေအနေနဲ့ ပေါ်ပေါ်လာတယ်။ဒါကို ဉာဏ်ကြီးရှင် မျက်နှာဖြူပလိပ်တွေက နှလုံးစားတဲ့မိစ္ဆာကြီးပေါ်လာတယ်ဆိုပြီးအမှုမလိုက်ဘူးတဲ့။ ဒီတော့ ကိုယ်ထူကိုယ်ထစနစ်နဲ့ တရုတ်တန်းကတရုတ်တွေ ဒီကိစ္စနောက်ကွယ်ကို စုံစမ်းရင်း ဒီဇာတ်လမ်းလေးပေါ်လာတာပါပဲTranslated & Review By Chu ChuEncoded By LK
movie

Wars In Chinatown ( 2019 )

HUA MULAN ( 2020 ) 7.9
HUA MULAN ( 2020 ) ထုံးစံအတိုင်း ဗားရှင်းတမျိုးနဲ့ မူလန်ပေါ့ ဒါပေမယ့်ဒီမူလန်ဗားရှင်းကတော့ မဆိုးဘူးပြောရမယ်.မူလန်လေးနည်းနည်းမလှတာကလွဲရင် ဇာတ်ကားလေးကမဆိုးလှပါဘူးထင်ထားတာထက်ပိုပြီးကောင်းပါတယ်တခြားမူလန်မင်းသမီးထက်စာရင် မလှဘူးပဲပြောတာပါနော်ကြည့်ရင်းကြည့်ရင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ဒီမူလန်လေးလည်း ချစ်စရာကောင်းတာတွေ့ရပါလိမ့်မယ်ကိုယ်ခံပညာတော်ပြီး လူဆိုးဖမ်းရတာကိုနှစ်ခြိုက်တဲ့ မူလန်တစ်ယောက်လူဆိုးထိန်းဆီမှာ လူဆိုးဖမ်းဖို့အလုပ်တောင်းသော်လည်းမိန်းကလေးဖြစ်နေလို့လုပ်ချင်တာ လုပ်ခွင့်မရခဲ့ပါဘူးဒီအချိန်မှာ တိုင်းပြည်ကိုကျူးကျော်လာတဲ့ ရန်သူတွေကိုကာကွယ်ဖို့တစ်အိမ်တစ်ယောက်စစ်မှုထမ်းခေါ်ရာက ဖခင်ကိုယ်စားယောက်ျားလေးယောင်ဆောင်ပြီး တပ်ထဲဝင်ရောက်ခဲ့ပါတယ်သိုင်းပညာကိုပင်ကိုယ်ဝါသနာပါတဲ့မူလန်တစ်ယောက် တပ်ထဲမှာလည်းတပ်သားကောင်းတစ်ယောက်အနေနဲ့လေ့ကျင့်သင်ကြားနိုင်ခဲ့ပါတယ်စစ်ပွဲတွေအပေါ်မှာ သာမာန်လောက်သာအစက စိတ်ထဲထားခဲ့ပေမယ့်မိတ်ဆွေရင်းတစ်ယောက် တိုက်ပွဲကျသွားတဲ့အခါ... ခိုကိုးရာမဲ့ပြည်သူတွေမျက်စိရှေ့မှာသေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ သူ့အမြင်တွေပြောင်းလဲလာပြီးအောင်လံလွှင့်လိုစိတ်တွေ ပြင်းထန်လာပါတယ်ဘယ်လိုတွေအောင်မြင်အောင်တိုက်ခိုက်မလဲမူလန်ဇာတ်လမ်းကိုအမျိုးမျိုးပုံဖော်ရိုက်ကူးကြတဲ့အထဲမှာဒီကားလေးကလည်းတစ်မျိုးကောင်းပါတယ်ဒီဇာတ်လမ်းလေးကို မူလန်ကယ်တင်ထားခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ဖြစ်တဲ့ချူးလိုက်ဟော်က အသက်ကြီးရင့်တဲ့အချိန် ပြန်ပြောင်းပြောပြတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်ဂျင်းတော့ဂျင်းပေမယ့် ရသမြောက်ဂျင်းလေးမို့ အားပေးကြည့်ရှုကြပါဦးနော်Translated & Review By Htoo Htoo Ka JoeEncoded By LK
movie

HUA MULAN ( 2020 )

The Golden Holiday (2020) 5.2
The Golden Holiday (2020) The Golden Holiday (2020) အခုတစ်ခါ CM ပရိတ်သတ်ကြီးကို ၂၀၂၀ခုနှစ်ထွက် Action/Comedy ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ် Cast တွေကတော့The Man Standing Next,The Wailing တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့် သရုပ်ဆောင်ကြီး Kwak Do-won,နန်းတွင်းကားတော်တော်များများမှာပါတတ်တဲ့ သရုပ်ဆောင်ကြီး Kim Sang Ho,The Sound of Your Heart ထဲကဟာသသရုပ်ဆောင် Kim Dae-Myung တို့အဓိကပါဝင်ထားပြီ း ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းတဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ကတော့ ဗြောင်းဆူဆိုတဲ့ ရဲဟာအလွန်ရိုးသားသလိုစိတ်ထားလည်းကောင်းတဲ့သူဆိုပေမယ့် တစ်ခါတစ်ခါဒေါသ လည်းကြီးပါတယ် သူ့မှာအရမ်းချစ်ရတဲ့သူငယ်ချင်း ယုံးဘယ်ဆိုတာရှိပါတယ် ယုံးဘယ်ကတော့သူလူလိမ်တစ် ယောက်ပါ လိမ်ရမယ်ဆိုသူ့သူငယ်ချင်း ရဲကိုတောင်မချန်ပါဘူး သူငယ်ချင်းကို အရမ်းချစ်တဲ့ဗြောင်းဆူက ယုံးဘယ် ငွေလိုလို့ပိုက်ဆံကိုသူ့နာမည်နဲ့ အာမခံထားချေးပေးခဲ့ပေမယ့် လူလိမ် ယုံးဘယ်က ဒီငွေတွေကိုပြန်မဆပ်ပဲ ဖိလစ်ပိုင် ကိုလစ်သွားပါတယ် သူငယ်ချင်းကောင်းမှုနဲ့အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားလို့ အပေါင်ဆုံးမလိုဖြစ်နေတုန်း တစ်ပူ ပေါ်နှစ်ပူဆင့်ဆိုသလို သူ့အမျိုးသမီးကလည်းသူကို ဖိလစ်ပိုင်ကိုခရီးထွက်ချင်ကြောင်း ပူဆာပါတော့တယ် ဒီလိုနဲ့ ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ...
movie

The Golden Holiday (2020)

2020
Embattled(2020) 7.0
Embattled(2020) Embattled(2020)2020 ထဲမှာထွက်ရှိခဲ့တဲ့ အက်ရှင် ဒရာမာ အမျိုးအစားဇာတ်ကားဖြစ်ပါတယ် MMA Caged Fights တွေကိုအခြေတည်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်လို့ လက်ဝှေ့ပွဲပရိတ်သတ်တွေ နှစ်သက်ကြမယ်ထင်ပါတယ်...ကတ်ရှ်က MMA မှာ ဘုရင်လို့တောင် တင်စားခံရတဲ့ ထိတ်ထန်း ဖိုက်တာတစ်ယောက်ပါ....၃၇ပွဲမှာ တစ်ပွဲသာရှုံးနိမ့်ဖူးတဲ့ ဖိုက်တာာတစ်ယောက်ပေါ့..တကယ်တော့ သူဟာ ကလေး(၂)ယောက်ရှိခဲ့ပြီး အမျိုးသမီးနဲ့ အဆင်မပြေလုိ့လမ်းခွဲခဲ့ပြီးနောက်မှအောင်မြင်လာတဲ့သူပါ..ယခုလည်းနောက်အိမ်ထောင်ပြုလိုက်ပါပြီ...ပထမအိမ်ထောင်နဲ့ရခဲ့တဲ့သားကြီး ဂျက်ကတော့အောင်မြင်လာတဲ့သူ့အဖေကိုအားကျပြီး MMAလောကထဲကို ဝင်ရောက်ဖို့ကြိုးစားလာပါတယ်..ကတ်ရှ်က သူ့သားအောင်မြင်ဖို့ ကူညီပေးပြီး ထရိန်နာတွေနဲ့ ကူညီပေးပါတယ်...အဲ့ဒီနောက် သားဖြစ်သူ ဂျက်တစ်ယောက် လက်စောင်းလေးထက်လာပြီး MMAလောကအကြောင်းနဲ့သူ့အဖေအကြောင်းတွေသိလာရတဲ့အချိန်မှာတော့...ဘယ်လိုတွေဆက်ပြီး ပွဲတွေကြမ်းမလဲဆိုတာကိုတော့..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်...File Size :(928MB) and (333MB) Quality : WEB-DL 720p Format…mp4 Duration…01:57:00 Genre :  Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Embattled(2020)

Fatman 2020 6
Fatman 2020 ခရစ်စမတ် ကာလမှာ ကလေးတွေဟာ သူတို့ရဲ့ ဆန္ဒလေးတွေကို ရေးပြီးမှခရစ်စမတ် ဘိုးဘိုးကြီးလို့ ခေါ်တဲ့ Santa ဆီကို စာပို့ကြလေ့ရှိပါတယ်။ခရစ်ဆိုတဲ့ အဘိုးကြီးတစ်ဦးဟာ Santa အသွင်နဲ့ ကလေးတွေကိုလက်ဆောင်ပို့တဲ့အလုပ်လုပ်တဲ့သူပေါ့တစ်နေ့မှာ ဝီနန်ဆိုတဲ့ တစ်ဇွတ်ထိုးတစ်ဇောက်ကန်းလိုချင်တာ ရအောင်ယူ ဖြစ်ချင်တာ ရအောင်လုပ်တတ်တဲ့ သူဌေးသားလေးဟာလည်းခရစ်စမတ်မှာ Santa ဆီကို စာတစ်စောင်ပို့လိုက်ပါတယ်။ဝီနန်ဟာ ကလေးဆိုပေမယ့် သူဌေးသားဖြစ်တဲ့အလျောက်အသက်ငယ်သော်ငြားလည်း သူဖြစ်ချင်တာတွေ မဖြစ်တဲ့အခါကြေးစားတစ်ယောက်ကို ပိုက်ဆံပေးပြီး မရရအောင် လုပ်တဲ့သူတစ်ယောက်ပါ။အဲ့ဒီလောက် ဆိုးသွမ်းတဲ့ ဝီနန်တစ်ယောက် Santa ဆီကခရစ်စမတ်လက်ဆောင်အဖြစ် သူလိုချင်တာမရဘဲမီးသွေးခဲတစ်တုံးသာပြန်ရလိုက်တော့အရမ်းကို စိတ်တိုသွားပါတော့တယ်။ ဖြစ်ချင်တာကို ရအောင် လုပ်တတ်တဲ့ဝီနန်တစ်ယောက် ကြေးစားတစ်ယောက်ကို ငှားပြီးSanta ကို ရှာသတ်ခိုင်းပါတော့တယ်.... File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:40:00 Genre … Action, Fantsy, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Yoon ...
movie

Fatman 2020

Ayyappanum Koshiyum(2020) 7.9
Ayyappanum Koshiyum(2020) Ayyappanum Koshiyum(2020)IMDb...7.9အိုက်ယာပန်နိုင်းယားလို့ခေါ်တဲ့ ဉပဒေကိုယ်တိုင်လိုက်နာသလို သူစည်းကမ်းတင်းကြပ်တာကိုအမြဲတမ်းဂုဏ်ယူခဲ့တဲ့ နယ်မြို့လေးရဲ့အချစ်တော်seniorရဲအရာရှိတစ်ယောက်ရှိတယ်...စာအုပ်ကြီးသမားဖြစ်လို့ သူ့ကိုရှိန်ကြသူတွေလည်းအတော်များတယ်...တစ်နေ့မှုခင်းတစ်ခုမှာ လူတစ်ယောက်ဖမ်းဆီးလိုက်တယ်...ဉပဒေအရ အရေးယူမှုတွေ ပြုလုပ်ခဲ့တယ်..သို့ပေမဲ့ အကျင့်ပျက်ချစားမှုတွေများလှတဲ့ ဒီနိုင်ငံမှာ သူဖမ်းလိုက်တဲ့သူကြောင့် နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီးရာထူးက အနားခံရတဲ့အပြင် ယူနီဖောင်းချွတ်ပြီးအရပ်သားအဖြစ်ပါပြောင်းခံလိုက်ရတယ်...ကျားနာတစ်ကောင်လိုဖြစ်လာတဲ့သူဟာ"မျက်လုံးတလုံးအတွက်မျက်လုံးတလုံး" "သွားတချောင်းအတွက်သွားတချောင်း"ဆိုတဲ့  စိတ်ရိုင်းတွေဝင်လာတဲ့အခါမှာတော့...သူဘယ်လိုတုန့်ပြန်မလဲဆိုတာကိုတော့...India ကားကောင်းတွေနင်းကန်ကြိုက်သူတို့အဖို့ လက်မလွှတ်သင့်ပါကြောင်း..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Yoonwahwah Theint ပဲဖြစ်ပါတယ်....File Size :(1.35GB) and (505MB) Quality : WEB-DL 720p Format…mp4 Duration…02:57:00 Genre :  Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

Ayyappanum Koshiyum(2020)