Channel Myanmar
Action
The Blade of Wind (2020) 5.6
The Blade of Wind (2020) ဒီတစ်ခါတော့ အမျိုးသမီး သူရဲကောင်းမလေးဇာတ်ကားကို မိတ်ဆက်ပေးမယ်။သရုပ်ဆောင်အသစ်လေးတွေက အချောလေးတွေ။ ချောသလို အတော်လေးလည်း တော်တယ်။သိုင်းကားကြိုက်သူတွေအတွက် ဖိုက်တင်ခန်းတွေမှာ ပီပြင်သလိုဟာသအပိုင်းလေးတွေ အကအလှအပလေးတွေ ရောထည့်ထားသေး။ဇာတ်လမ်းကို အနည်းအကျဉ်း ရှင်းရမယ်ဆိုရင်ဖြင့် ဒီလိုပေါ့နော်။သိုင်းလောကမှာ မြွေမိစ္ဆာဆိုတဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်းတွေ ပေါ်လာပြီးလူတွေပျောက်ချင်းမလှ ပျောက်ပြီး အသတ်ခံနေသတဲ့။ ဒါကို ဘာမှမသိဘဲအေးအေးလူလူ မော်မန်ဂိုဏ်းမှာ ဆရာတူအစ်ကိုတွေကို ဗိုလ်ကျနေတဲ့လျန်ယာချင်း ဆိုသူလေးက တစ်နေ့ ဆရာက ပြန်စာပေးခိုင်းလို့ဂိုဏ်းအပြင်ကိုထွက် တောင်အောက်ဆင်းတာနဲ့ အထင်တွေအလွဲခံရပြီးသူများလိုက်သတ်တာ ခံရတာကနေ စတော့တာပဲ။ယာချင်းနဲ့ မြွေမိစ္ဆာ ဘယ်လိုပတ်သက်လို့ အထင်လွဲကြတာလဲ...မြွေမိစ္ဆာကရော ဘာတွေလဲ... တကယ် မိစ္ဆာဆိုတာရော ဟုတ်ပါ့မလား...ဘာဆက်ဖြစ်ကြမှာလဲ ဇာတ်ကားကိုသာ ကြည့်လိုက်ကြပါတော့...Translated & Review By Chu ChuEncoded By LK
movie
The Blade of Wind (2020)
Hot Blooded Detective (2020) 7.3
Hot Blooded Detective (2020) Hot Blooded Detective 2020 ဒီကားကစုံထောက်ဟာသကားကြိုက်နှစ်သက်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ရီရပြီးကြည့်လို့ကောင်းတဲ့ Comedy ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကိုရီးယားနိုင်ငံကမော်ဒယ်လုပ်ငန်းတစ်ခုမှာ မွန်ဂိုကနေမော်ဒယ်လာလုပ်တဲ့တိုရာချယ်ဆိုတဲ့ကောင်မလေးတစ်ယောက်က ရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အဲ့လိုပျောက်ဆုံးသွားချိန်မှာ သူနဲ့အနီးစပ်ဆုံးဖြစ်တဲ့ သူ သူငယ်ချင်းအလီရှာကသံသယတရားခံဖြစ်လာပြီး ကိုရီးယားမှာခြေချုပ်မိနေခဲ့ပါတယ်။ အလီရှာက မွန်ဂိုက အကြီးဆုံး ကုမ္ပဏီဥက္ကဌသမီးလည်းဖြစ်သလို သူမအမေနေမကောင်းတဲ့အတွက် သူကိုပြန်ခေါ်လာဖို့ မွန်ဂိုကစုံထောက်မလေးဖြစ်သူမွန်ဟောက တာ၀န်ယူဆောင်ရွက်ပေးရပါတယ်။ ဒါကြောင့် မွန်ဂိုစုံထောက်မလေးမွန်ဟောတစ်ယောက် တာ၀န်ထမ်းဆောင်ဖို့ ကိုရီးယားကိုရောက်လာတဲ့အခါ ကိုရီးယားဖက်က အလွဲတွေလုပ်တတ်ပြီး ကြောက်တတ်တဲ့ ရဲဖြစ်သူ ဒုန်းမင်းနဲ့ ဆုံတွေ့ဖို့ဖြစ်လာပါတယ်။ မွန်ဂိုမော်ဒယ်မလေး တိုရာချယ်ပျောက်ဆုံးမှုကို ကိုရီးယားဖက်ကစုံစမ်းနေသလို မွန်ဟောကလည်းစုံစမ်းဖို့ဖြစ်လာပါတယ်။ အမှုသွားအမှုလာကထင်ထားသလိုရိုးရိုးပျောက်ဆုံးမှုမျိုး မဟုတ်ပဲ မထင်မှတ်ထားတဲ့ လှည့်ကွက်တွေ၊ဖုံးကွယ်မှုတွေရှိလာတဲ့အခါ ကိုရီးယားနဲ့မွန်ဂို စုံထောက်နှစ်ယောက်အဖို့ ခေါင်းကိုက်စရာတွေဖြစ်လာပါတယ်။ ရဲလုပ်လာထဲကအကြမ်းမဖက်တတ်တဲ့ ဒုန်မင်းနဲ့ တစ်ခုခုဆိုစိတ်မြန်လက်မြန်စုံထောက်မလေး မွန်ဟောတို့ဆုံတွေ့တဲ့အခါ ဘယ်လို အလွဲတွေဖြစ်လာမယ်ဆိုတာကို ဒီကားလေးကိုကြည့်ရင်းခံစားကြည့်စေချင်ပါတယ်။ Stay Home ကာလမှာ ပေါ့ပေါ့ပါးပါးနဲ့ ရီရပြီ းကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားလို့ညွှန်းချင်ပါတယ်။   File Size - 1 GB Quality - Web-Dl 1080p Subtitle -  Burmese Translator - Moe Pwint Encoder - Thit San Khant
movie
Hot Blooded Detective (2020)
2020
Ben 10 Versus the Universe: The Movie (2020) 6.0
movie
2020
Cats & Dogs: The Revenge of Kitty Galore (2010) 5.6
Cats & Dogs: The Revenge of Kitty Galore (2010) Cats & Dogs: The Revenge of Kitty Galore (2010)==================================IMDb Rating - 5.3/10#Unicode“My name is Bond..James Bond” လို့ကြားလိုက်တာနဲ့ ဆန်းသစ်တဲ့နည်းပညာတွေကိုသုံးပြီးလူဆိုးတွေကို စုံစမ်းဖော်ထုတ်တဲ့ အထူးအေးဂျင့်ကြီးကိုပြေးမြင်ကြပါလိမ့်မယ်။ ဒီကားလေးကတော့James Bondလိုမျိုး နည်းပညာကို သုံးပြီး လူဆိုးကိုရှာဖွေဖော်ထုတ်တဲ့ ထောက်လှမ်းရေးကားလေးတစ်ကားပါပဲ။ အဲ James Bond နဲ့မတူတာက ဒီကားလေးထဲက အထူးအေးဂျင့်လေးတွေက ခွေးလေးကြောင်လေးတွေဖြစ်နေတာပါ။ ခွေးတွေကိုအပြတ်ရှင်းပြီး လူသားတွေကိုအုပ်ချုပ်ချင်နေတဲ့ ကြောင်ဆိုးမလေး ကစ်တီဂလိုရီကို ခွေးအေးဂျင့်တွေဖြစ်တဲ့ ဒစ်ဂ် ၊ ဘတ်ချ်၊ ကြောင်အေးဂျင့်မလေး ကတ်သရင်းတို့နဲ့ရူးကြောင်ကြောင်ခိုလေး ရှိန်းမက်စ်တို့ အတူပူးပေါင်းဖော်ထုတ်တားဆီးကြတဲ့ အိမ်မွေးတိရိစာ္ဆန်လေးတွေရဲ့စွန့်စားခန်းဇာတ်ကားလေးတစ်ကားပါ။ နောက်ပြီးတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ကားလေးဆိုတော့ ၂၀၁၀တုန်းကအကြောင်းလေးတွေကိုပြန်တွေးရင်း အေးအေးဆေးဆေးကြည့်လို့ကောင်းတာပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyi“My name is Bond..James Bond” ...
movie
Cats & Dogs: The Revenge of Kitty Galore (2010)
2010
Warrior(2011) 8.2
Warrior(2011) Warrior(2011) အညွှန်း*******************IMDb Rating            .........  8.2/10Rotten Tomatoes   .........   83%((အလန်းစားကားမို့ 1080P5.1CH ပါ လုပ်ပေးထားပါတယ်...)) အရက်စွဲရာမှ ပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားနေတဲ့ ဖခင်ဖြစ်သူ "ပက်ဒီ" ဆီကို..... နှစ်ပေါင်းများစွာ ခွဲခွာသွားပြီး သူ့ကိုစိတ်နာနေခဲ့တဲ့ သားဖြစ်သူ မရိန်းတပ်သားဟောင်း တွန်မီ ရောက်လာပြီးတော့ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်... ပက်ဒီ တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်ပေးရတဲ့ အခွင့်အရေးကို အသုံးချပြီး နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်... ပက်ဒီ မှာ  တွန်မီ လိုပဲ သူ့ကိုအသိအမှတ်မပြုဘဲ စိတ်နာနေတဲ့ ဘရန်ဒန် ဆိုတဲ့....(လက်ဝှေ့သမား ဘ၀မှ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့) အိမ်ထောင်သည် သားတစ်ယောက်လည်းရှိနေပါသေးတယ်... ဘရန်ဒန် ကတော့ ရောဂါသည်သမီးငယ်ရဲ့ ဆေးကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ ...
movie
Warrior(2011)
Wish Upon a Unicorn 2020 5.6
Wish Upon a Unicorn 2020 ဒီကားလေးက ၂၀၂၀မှာထွက်ရှိတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ ဘ၀မှာယုံကြည်မှုကအရေးအကြီးဆုံးဖြစ်ကြောင်းကိုမီးမောင်းထိုးပြပေးထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်လမ်းအကျဥ္းကတော့ အဓိကဇာတ်ကောင်လေးတွေဖြစ်ကြတဲ့ အမ်မာနဲ့မီယာတို့ညီအစ်မနှစ်ယောက်တို့ရဲ့အမေကလွန်ခဲ့တဲ့တစ်နှစ်လောက်ကကွယ်လွန်သွားတာပါ သူတို့ဟာစီးပွားရေး ပညာရေးအဘက်ဘက်ကကံည့ံတွေ၀င်တာကြောင့်ချီကာဂိုကနေ သူ့အဘွားရှိနေတဲ့မွေးမြူရေးခြံလေးကိုသူတို့အဖေနဲ့အတူရောက်ရှိလာကြပါတယ် မြို့နယ်လေးကိုရောက်ပီးနောက် မှာလဲအစစအရာရာအဆင်မပြေခဲ့ပါဘူးတစ်နေ့မှာ မီယာက အရောင်တလက်လက်ဖြစ်နေတဲ့နေရာကိုမြင်တွေ့ခဲ့ပီး ၀ီလီယန်ဆိုတဲ့အဘိုးကြီးရဲ့ပြောကြားချက်အရ ဒဏ္ဍာရီမြင်းတွေဟာ ကံကောင်းခြင်းကိုယူဆောင်လာနိုင်တာကြောင့် ဖမ်းဖို့ပြင်ဆင်ခဲ့ပါတယ် ရော့ကိုလို့နာမည်ပေးထားတဲ့ဒဏ္ဍာရီမြင်းလေးကိုရပီးတဲ့အချိန်မှာ ကံကောင်းလာပီးအစစအရာရာအဆင်ပြေလာခဲ့ပါတယ် ဒါပေမဲ့ ဒဏ္ဍာရီလာမြင်းလေးသူတို့ဆီမှာရှိနေတာကို ၀ီလီယန်ဆိုတဲ့အဘိူးကြီးသိသွားပီးနောက် မှာ မြင်းရဲ့ချိုကိုချိုးပီးသွေးသောက်ပီး ထာ၀ရအသက်ရှင်ဖို့ရည်ရွယ်ထားကာ မြင်းလေးကို သူ့ကိုယ်ကျိုးအတွက်အသုံးပြုဖို့ဖမ်းဆီးသွားပါတော့တယ် ဒီတော့ အဘိုးကြီးရဲ့အကြံအစည်အောင်မြင်မလား အမ်မာနဲ့မီယာ ညီအစ်မနှစ်ယောက်ကဒီမြင်းလေးကိုဖမ်းပီးသစ်တောထဲကိုပြန်ပို့နိုင်မလားဆိုတာစိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… Webrip 1080p / 720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Zhang Yu Yan 
movie
Wish Upon a Unicorn 2020
Cagefighter: Worlds Collide(2020) 6.0
Cagefighter: Worlds Collide(2020) Cagefighter: Worlds Collide(2020)မေဝယ်သာနဲ့ ကော်နာမက်ဂရေဂေါ်တို့ ထိုးသတ်တဲ့ပွဲဆိုရင် တော်တော်များများသိကြပါလိမ့်မယ် မေဝယ်သာဟာ Boxing သမားပါ...Boxing ကရှင်းတယ်...ခါးပတ်အပေါ်ပိုင်းကိုပဲ တိုက်ခိုက်လို့ရမယ်...လက်သီးနဲ့ပဲထိုးလို့ရမယ်...ဒူးတွေ တံတောင်တွေ ခေါင်းတွေ ခြေထောက်တွေ ဘာမှပါမရဘူး... ကော်နာကျတော့ MMA သမား...MMA က အကုန်ရောထားတာ...ခေါင်းနဲ့တိုက်တာတွေ မှောက်နေတုန်းမကန်ရတာတွေဘာတွေကလွဲရင် ကွန်ဖူးတတ်ရင် ကွန်ဖူးနဲ့ချ...သိုင်းပြောင်းပြန်တတ်ရင် သိုင်းပြောင်းပြန်နဲ့ချ...အကုန်ချလို့ရတယ် အဲ့မှာမှ အဲ့လိုစည်းမျဉ်းစည်းကမ်းမတူတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာနှစ်ယောက်ကို ပြိုင်ပွဲလုပ်ပေးလိုက်တော့ ပရိသတ်တွေရူးပြီလေ...ဒါမျိုးပွဲအကုန်ကြည့်ချင်ကြတာပေါ့ ဒီကားမှာလည်း ထူးမခြားနားပဲ MMA နဲ့ AEW(WWE လိုမျိုး) ကို စင်ပေါ်မှာပေးတွေ့လိုက်တယ်... The Rock တို့ John Cena တို့ဆိုရင် သိကြမှာပါ...သူတို့က WWE သမားတွေ...မြန်မာကလူတချို့ရော ကမ္ဘာကလူတချို့ကပါ လုပ်ပွဲတွေ၊သရုပ်ဆောင်တာတွေလို့ ဝေဖန်နေကြတဲ့နယ်ပယ်တစ်ခုကပေါ့ MMA ကတော့ အတည်ချတယ် ဆော်တယ် ချိုးတယ် ကွဲတယ်လို့ အများလက်ခံထားကြတဲ့နယ်ပယ်... အောင်လအန်ဆိုင်းတို့ ONE Championship မှာ ချသလိုမျိုးပေါ့ အဲ့လိုမတူကွဲပြားတဲ့နယ်ပယ်နှစ်ခုက ဖိုက်တာကြီးတွေကိုပေးတွေ့လိုက်တော့ပွဲမစခင်ကတည်းက အင်တာနက်ပေါ်မှာ ဖန်အချင်းချင်းကျိတ်နေပြီဆိုတာမျိုးတွေဖြစ်ကုန်တာပေါ့...ဇာတ်လမ်း ရှယ်ဗျင်း ..ရှယ်ကြမ်း....သရုပ်ဆောင်တွေကလည်း John Moxley ...
movie
Cagefighter: Worlds Collide(2020)
Cut Throat City(2020) 5.5
Cut Throat City(2020) Cut Throat City(2020)သူ့ကြောင့် လူတွေအသက်ရှင်နိုင်ပြီး သူ့ကြောင့် လူတွေသေသွားနိုင်တာ ဘာလဲ ဆိုတဲ့ ပဟေဠိတစ်ခုရှိပါတယ် အဖြေကတော့ "ရေ" ပါ ၂၀၀၅ ခုနှစ် အမေရိကန်နိုင်ငံ လူဝီစီယားနားမြို့မှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း "ကက်ထရီနာ" ကြောင့်လူဝီစီယားနားတစ်မြို့လုံးနီးပါး ရေအောက်ရောက်ခဲ့ရပါတယ် တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရတဲ့အခါမှာ စီးပွားရေးဆိုတာကတော့ လုံးဝထိုးဆင်းသွားခဲ့တာပါပဲ ဒါပေမဲ့ အဲ့ဒီဒဏ်ကိုအခံရဆုံးကတော့ လူမည်းတွေပါ... လူမည်းတွေရဲ့ ခံယူချက်မှာ "မုန်တိုင်း" ဆိုတာဟာ ဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘဲလူဖြူတွေက သူတို့ကိုအပြုတ်ဖြုတ်ဖို့ ဖန်တီးထားတာလို့ လက်ခံထားကြပါသတဲ့ ဒီလိုနဲ့ မုန်တိုင်းအပြီး အကုန်လုံးပြုတ်ပြုတ်ပြုန်းချိန်မှာ ဘဝဆိုတာကို စတင်ဝင်ရောက်ကြမယ့်သူငယ်ချင်းလေးယောက် ပိုက်ဆံရဖို့ရုန်းကန်ရင်း တဇွတ်ထိုးရူးမိုက်ကြပုံတွေကို တွေ့မြင်ခံစားရမယ့်ဇာတ်ကြမ်းကားတစ်ကားဖြစ်ပါတယ်....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paingပဲဖြစ်ပါတယ်.....File Size :(900 MB) and (351 MB) Quality : Blu-Ray 720p Format…mp4 Duration…02:03:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie
Cut Throat City(2020)
Around the World in 80 Days (2004) 5.9
Around the World in 80 Days (2004) [Unicode]IMDb rating 5.4/10 ရရှိထားပြီး ဗြိတိသျှ တီထွင်သူတယောက်၊ တရုပ်လူမျိုးသူခိုးနဲ့ ပြင်သစ်အနုပညာရှင်ကောင်မလေး ချောချောလေးတို့ရဲ့ စွန်းစားခန်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဖီလီးယက်ဖော့ဟာ အင်္ဂလန် ဗစ်တိုးရီးယန်းမှာ နေထိုင်တဲ့ တီထွင်သူတစ်ယောက်ဖြစ်ပြီး သူဟာ ကမ္ဘာကြီးကို ရက် ရှစ်ဆယ်နဲ့ပတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ နောက်ထပ် တီထွင်သူ တစ်ယောက်က သူ့ကို အဲ့ဒီခရီးသွားဖို့ စိန်ခေါ်မှုအလောင်းအစားကိုကို ဖီလီးယက် လက်ခံခဲ့ပါတယ်။သူ့နဲ့ အတူ ခရီးသွားဖော်ကတော့ သစ္စာရှိ အိမ်စေတစ်ယောက်ဖြစ်တဲ့ ပါဆီပါတောက်နဲ့ လှပတဲ့ လမ်းပြတစ်ယောက်ဖြစ်တဲ့ မိုနစ်ခ် ဖြစ်ပါတယ်။ ကွဲပြားတဲ့သယ်ယူပု့ိဆောင်ရေးတွေ ပါဆီပါတောက်ရဲ့ သိုင်းပညာအစွမ်းတွေနဲ့သူတို့ သုံးယောက် ကမ္ဘာပတ်ဖို့ထွက်လာကြပါတယ်။ သူတို့ခရီးစဉ်မှာ ဘာတွေဘယ်လိုကြုံတွေ့ကြမယ် ပျောက်ဆုံးနေတဲ့ ကျောက်စိမ်းဆင်းတုကိုကော ရှာတွေ့နိုင်ပါ့မလား လောင်းထားတဲ့ အလောင်းအစားကိုကောနိုင်ပါ့မလား ဘယ်လိုများ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို ရင်သပ်ရှူမောဖွယ်ရာ ရိုက်ကွင်းရိုက်ကွက်များနဲ့ ရှူစားနိုင်ဖို့ ကြည့်ရှုလိုက်ကြပါအုံးဗျာ။( ပါဝင်ရုပ်ဆောင်ထားတဲ့ မင်းသားကြီးကတော့ ပြည်သူ့ အသည်းကျော် ဂျက်ကီချန်းဆိုတော့ အထွေအထူးမပြောတော့ပါဘူး ) [Zawgyi]IMDb rating 5.4/10 ရရွိထားျပီး ...
movie
Around the World in 80 Days (2004)
God of Fight: Sirasoni (2020)
God of Fight: Sirasoni (2020) ဒီတစ်ခါမှာတော့ God of fight : sirasoni ဆိုတဲ့ ကိုရီးယားအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ kim seung kwon က ရိုက်ကူးထားပြီးသရုပ်ဆောင်အနေနဲ့ Baek Jaemin, Lee se ho,Ahn chan woong နဲ့kang dahyun တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဒီအက်ရှင်ကားမှာတော့ ရန်ဖြစ်ထိုးကျိတ်ကြတာကို ရိုက်ကူးပြီး ချယ်နယ်တစ်ခုမှာ ရုပ်သံလွှင့်ရင်းစာဝတ်နေရေးအတွက် ငွေရှာကြရတဲ့ လူတစ်စုကြားမှာ နေရာလုကြတာတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်ရိုက်ကူးရေးအတွက် ပီပီပြင်ပြင် သရုပ်ဆောင်ကြတဲ့ အက်ရှင်ကွက်တွေကို မြင်ရမယ့်အပြင်လူ့သဘောသဘာဝ နေရာရဖို့ အချင်းချင်း သစ္စာဖောက် တိုက်ခိုက်ကြတာတွေကိုပါဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့အက်ရှင်ချစ် ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ(ဘာသာပြန်သူကတော့ Kim Hara ပဲဖြစ်ပါတယ်…) File Size : (700 ...
movie
God of Fight: Sirasoni (2020)
2020
The Doorman 2020
The Doorman 2020 အယ်လီဟာ ရေတပ်ရဲ့ လက်နက်ကိုင်တပ်ဆာဂျင်တစ်ယောက်ဖြစ်ပါတယ် သံတမန်တစ်ယောက်ကို လိုက်ပါစောင့်ရှောက်ရတဲ့တာ၀န်မှာ သံတမန်နဲ့သူ့ကလေးကိုပါ မကာကွယ်လိုက်နိုင်တဲ့ အယ်လီတစ်ယောက်ကို အတိတ်ရဲ့အရိပ်တွေက အိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတုန်းပါပဲ ဒီလိုနဲ့ အယ်လီတစ်ယောက် သူ့ဦးလေးရဲ့အကူအညီနဲ့ ကယ်ရင်တန် အ‌ဆောက်အဦးကြီးမှာ ဧည့်ကြိုလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ် ဒီအဆောက်အဦးကြီးကို ပြန်လည်မွမ်းမံဖို့ တိုက်ခန်းနေသူတွေအကုန်ခဏတာ ပြောင်းရွှေ့ကြတဲ့ အီစတာပိတ်ရက်တစ်ရက်မှာ သူခိုးတွေဖောက်ထွင်း၀င်လာပြီး အယ်လီတစ်ယောက် သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရင်း သူ့မိသားစုကို ကာကွယ်ပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ် အယ်လီအဖြစ် မင်းသမီး Ruby Rose က သရုပ်ဆောင်ထားပါတယ် File Size : 1GB and 500mb Quality : webrip 1080p/ 720p Format…mp4 Duration…1hr 37 min Genre : Action, Thriller  Subtitle : Myanmar Subtitle (Hard Sub) Translated by Chuck Chuck Encoded by ...
movie
The Doorman 2020
Khaali Peeli(2020)
Khaali Peeli(2020) Khaali Peeli(2020)ဘလက်ကီ နဲ့ ပူဂျာဟာငယ်စဥ်အခါက သူငယ်ချင်းတွေပါ။ သူတို့တွေ ကွဲသွားကြပြီးတဲ့နောက် ဘလက်ကီ ဟာတက်စီဒရိုင်ဘာတစ်ယောက်ဖြစ်လာပါတယ်။ တစ်ရက်တော့ ပူဂျာက အိတ်တစ်လုံးနဲ့ သူ့ကားပေါ် တက်လာပြီး သူ့ကို လူတစ်စုကအတင်းလက်ထပ်ခိုင်း နေကြကြောင်း ပြောပါတယ်။ အဲဒီလူတွေကလည်း ပူဂျာကိုမြို့အနှံ့လိုက်လံရှာဖွေပါတော့တယ်။ဒီလိုနဲ့ ၂ယောက်သား မြို့ပြင်ထွက်ပြေးကြဖို့ တိုင်ပင်ကြရာကနေစပြီး....... ဘာတွေဆက်ဖြစ်ကြမယ်  ဘယ်လိုတွေဆက်ကြမ်းကြမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဉီး..... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။  File Size :(898 MB) and (322 MB) Quality : WEB-DL  720p Format…mp4 Duration…01:59:00 Genre : Action, Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie
Khaali Peeli(2020)
Huo Family Fist ( 2020 ) 5.2
Huo Family Fist ( 2020 ) သိုင်းကားကောင်းကြိုက်သူတွေအကြိုက်တွေ့စေမယ့်၂၀၂၀ထွက်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဂျပန်တွေတရုတ်ပြည်ကိုအုပ်စိုးနိုင်ဖို့ ဘိန်းပင်တွေစိုက်ဖို့ ကြိုးစားစဉ်ကာလ...အားရှီလို့ခေါတဲ့မိန်းကလေးဟာရှန်ဟဲမှာအပျော်မယ်လုပ်ဖို့ရောင်းစားခံရရင်းရှန်ဟဲကိုအုပ်စိုးနေတဲ့ ကျင်းကန်ကန်ဂိုဏ်းချုပ်ရဲ့မွေးစားသားအားပေါက်ကိုသတ်မိလိုက်ပေမယ့်သူမရဲ့သိုင်းပညာတော်မှုကြောင့်ဂိုဏ်းချုပ်ရဲ့ချစ်ခင်မှုကိုရပြီး မွေးစားသမီးတော်လိုက်ပါတယ်...ဒီလိုနဲ့ရှန်းလော့မိန်ရဲ့သခင်မရှီဖြစ်လာပြီး ဘိန်းရှူတဲ့နေရာတွေမှန်သမျှကိုလိုက်ဖျက်ဆီးပြီး နယ်မြေသန့်စင်တဲ့အခါ...စခန်းမူးပိုင်နဲ့ ဂိုဏ်းချုပ်ရဲ့မွေးစားသားအားဟူတို့ရဲ့ စီးပွားရေးကိုထိခိုက်စေတဲ့အခါ...သခင်မရှီကိုဘယ်လိုတွေအကောက်ကြံမှာလဲ...နောက်ကွယ်ကအဓိကကြိုးကိုင်သူကဘယ်သူလဲ...သခင်မရှီက ဟော့ကျားချွမ်သိုင်းကွက်နဲ့ရန်သူကို ဘယ်လိုအနိုင်ယူမလဲ...တိုက်ခိုက်မှုတွေကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရမှာဖြစ်ပြီးသခင်မရှီနဲ့ ဟော့ကျားချွမ်ဂိုဏ်းရဲ့ဆက်ခံသူ ဟော့ကျားစိမ်းတို့ရဲ့အချစ်ကိုလဲ မြင်တွေ့ရမှာပါ.. Translated & Review By Phyo ZawEncoded By LK
movie
Huo Family Fist ( 2020 )
Street Kings(2008) 7.0
Street Kings(2008) Street Kings(2008)၂ တွမ် က မူးယစ်ဆေးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနက စုံထောက်တစ်ယောက်ပါ။ဒုစရိုက်မှုတွေများလှတဲ့မြို့မှာ လူဆိုးတွေဟာ ထောင်နဲ့ကူးချည်သန်းချည်လုပ်ရင်းပြဿနာမျိုးစုံရှာနေတဲ့ပုံကို သူက မျက်မုန်းကျိုးနေဟန်ပဲ...ဒါ့ကြောင့် ဒီလိုခပ်ဆိုးဆိုးကောင်တွေနဲ့ထိပ်တိုက်ရင်ဆိုင်ရပြီဆိုရင်ရဲတွေရဲ့ ထိတွေ့မှုစည်းကမ်းတွေကိုကျော်လွန်ပြီး လက်ဉီးမှုရယူတတ်သလို အပျောက်သတ်ပစ်လေ့လည်းရှိတယ်.....သူ့ကြည့်ရတာဒီလိုမျိုး လုပ်နေကြပုံပဲ....သူကစပြီးပစ်တဲ့ပုံမပေါက်အောင် ခြေရာလက်ရာတွေဖျောက်တတ်သလိုလှုပ်ရှားပုံတွေကလည်း သွေးအေးတည်ငြိမ်လွန်းတယ်...ဒီအခြေအနေတွေကို သူတို့ ရဲအချို့က သဘောမကျဖြစ်နေကြသလိုအခွင့်ကြုံရင်ချောက်ချဖို့ရည်ရွယ်ထားတဲ့သူတွေလည်းရှိတယ်.....အဲ့ဒီနောက်မှာတော့ တွမ်တစ်ယောက် ပြဿနာအကြီးကြီးကြုံပါတော့တယ်.....ဒီကားကမင်းသားကြီး  Keanu Reeves အဓိကပါဝင်ထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါတယ်...ဇာတ်လမ်းအစကထဲက ဗျင်းပါတယ်....ဇာတ်အိမ်လည်းကောင်းသလိုအစအဆုံး ရင်တထိတ်ထိတ်နဲ့ကိုကြည့်ရတာပါ......စပွိုင်လာြဖစ်မှာစိုးလို့ ဒီလောက်နဲ့တော်ပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်....File Size :(1.99GB)(942 MB) and (347 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:49:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by ...
movie
Street Kings(2008)
Unalterable (2019) 6.0
Unalterable (2019) Unalterable (2019)ဂွမ်ဆန်းဂွန်းဟာ အားကစား တက္ကသိုလ်က သမားတစ်ယောက်ဖြစ်ပါတယ်......ဝါသနာအရင်းခံရှိပေမဲ့ မိသားစုပတ်ဝန်းကျင်က Gangster တွေဖြစ်နေလေတော့သူလည်း သွေးပါခဲ့ပုံရပါတယ်...အရာရာ လက်ရဲဇက်ရဲပေါ့...ဒီလိုအချိန်မှာပဲ အဖွဲ့အတွင်းမညီမညွှတ်မှုတွေရှိလာတဲ့အပြင် ခေါင်းဆောင်ဖြစ်သူကလည်းသစ္စာမဲ့တဲ့လုပ်ရပ်တွေလုပ်လာတော့ ဆန်းဂွန်းတစ်ယောက် အားကစားသမားဘဝကိုစွန့်လွှတ်ပြီးခေါင်းဆောင်ဖြစ်တဲ့သူကိုဖြုတ်ချင် အဖွဲ့ခေါင်းဆောင်သစ်အဖြစ်ဝင်လုပ်ကိုင်ဖို့ကြိုးစားပါတော့တယ်..အဲ့ဒီအချိန်မှာဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ.,,,,ခေါင်းဆောင်ဖြစ်ပြီးအချိန်မှာရော ဘယ်လိုပြဿနာမျိုးစုံကြုံရမလဲဆိုတာကိုတော့Gangster ကားကြိုက်သူတို့လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File Size :(907 MB) and (358 MB) Quality : WEB-DL 720p Format…mp4 Duration…01:50:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae   
movie
Unalterable (2019)
4th Period Mystery (2009) 6.1
4th Period Mystery (2009) [Unicode]CM fan တွေအတွက် နောက်ထပ် Thriller တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားမှာ Memorist/My Strange Hero/I'm not a Robot ဇာမ်လမ်းတွေက မင်းသား Yoo Seung-Ho က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဟန်ဂျောင်ဟွန်းဟာ ကျောင်းရဲ့ အထူးချွန်ဆုံး နံပါတ် ၁ ကျောင်းသားပါသူတို့အတန်းထဲမှာ ဆံပင်ရှည်အလယ်ခွဲကို မျက်နှာမှာ လိုက်ကာလိုကာထားတဲ့ ကျောင်းသူ လီဒါဂျောင်းလည်းရှိပါတယ်ဒါဂျောင်းကတော့ မှုခင်းဝတ္ထုတွေကြိုက်နှစ်သက်ပြီးအမြဲတမ်းဖတ်လေ့ရှိပါတယ်တစ်ရက်မှာ အတန်းထဲက ထယ်အင်ဆိုတဲ့ ကျောင်းသားတစ်ယောက် ပါးစပ်ကသွေးတွေအန်ရင်းမေ့လဲသွားပြီးဆေးရုံရောက်တော့စစ်ဆေးကြည့်တဲ့အခါ သူသောက်လိုက်တဲ့ အအေးထဲမှာ အဆိပ်ခတ်ထားတယ်လို့ သိလိုက်ရပါတယ်သိပ်မကြာခင်မှာပဲ ဂင်ထယ်ဂယူဆိုတဲ့ ကျောင်းသား အတန်းထဲမှာသတ်ခံလိုက်ရတဲ့နောက်အဲ့အခါမှာ နံပါတ် ၁ သံသယရှိသူ ဟန်ဂျောင်ဟွန်းဖြစ်သွားခဲ့ပါတယ်တရားခံက ဘယ်သူဖြစ်မလဲ ဘယ်သူက ကျောင်းသားတစ်ယောက်ကို ရက်ရက်စက်စက်သတ်တာလဲ နောက်ဆုံးဖော်ထုတ်နိုင်မလားဆိုတာ ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုကြပါနော်...။( အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) [Zawgyi]CM fan တွေအတွက် နောက်ထပ် Thriller တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားမှာ Memorist/My Strange ...
movie
The Mongolian Connection (2020) 5.2
movie
2020
Miss Agent ( 2020 ) 5.6
Miss Agent ( 2020 ) ဒီကားကတော့ ၈လပိုင်း၂၀၂၀မှာထွက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်...မိန်းကလေးလျို့ဝှက်အေးဂျင့်ရဲ့ sexyဆန်ဆန်လှပစွာတိုက်ခိုက်မှုတွေကိုတွေ့မြင်ရမှာပါအရှေ့တောင်အာရှဆိုတဲ့နယ်မြေမှာ ကိုယ်တွင်းအဂ်ါတွေကိုမှောင်ခိုရောင်းချနေတဲ့Mဂိုဏ်းရဲ့ခေါင်းဆောင်ပါးစုန့်ဟာ သူ့ရဲ့ပါတနာတွေနဲ့လမ်းကြောင်းအသစ်တွေအတွက်ဆွေးနွေးပွဲလုပ်နေချိန်မှာ ATOအဖွဲ့ရဲ့လျို့ဝှက်အေးဂျင့်ဖြစ်တဲ့ ယာမိန်ဦးဆောင်တဲ့အဖွဲ့ဟာ ပါးစုန်ကိုဖမ်းဖို့အပျော်မယ်အသွင်နဲ့ရောက်လာပါတယ်...ဒီလိုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ပေါပြီးယာမိန်မသေခဲ့ပဲ သာမန်လူဘဝနဲ့ ချစ်သူဖန်းလိနဲ့အတူ ဇာတ်မြှုပ်ကာဘဝကိုဖြတ်သန်းနေပါတယ်...တစ်နေ့မှာ ယာမိန်ရဲ့ဘဝမှန်ကိုသိတဲ့သူတစ်ယောက်ကဖန်းလိကိုပြန်ပေးဆွဲပြီး Mဂိုဏ်းက လူတွေကိုသတ်ပေးဖို့ကမ်းလှမ်းပါတော့တယ်...ယာမိန်က ဖန်းလိကိုကယ်တင်နိုင်ပါ့မလား....ဘယ်လိုအန္တရာယ်တွေကသူ့ကိုစောင့်ကြိုနေမှာလဲ...ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie
Miss Agent ( 2020 )
Sword in the Moon (2003) 5.9
Sword in the Moon (2003) [Unicode]Sword in The Moon (2003)ဂျိုဆောင်ခေတ်ကာလ စစ်သားနှစ်ဦးအကြောင်း Action-Adventure ကားတစ်ခုဖြစ်ပါတယ်။လရောင်ပေါ်ကဓား လို့ အမည်တွင်တဲ့ ဘုရင့်စစ်တပ်အဖွဲ့က ချွဲဂျီဟွမ်နဲ့ ချိုဂူယဲ နှစ်ယောက်ဟာ ညီအစ်ကိုလို သံယောဇဉ်အခိုင်အမာနဲ့ ခင်မင်ရင်းနှီးခဲ့ကြပေမယ့်...တစ်နေ့ လက်ရှိဘုရင်ကို ဖြုတ်ချပြီး ဘုရင်အသစ် နန်းတက်တဲ့အခါ ချိုဂူယဲဟာ သူ့တပ်ဖွဲ့ကိုငဲ့ကာ လက်ရှိဘုရင်ဆီ သစ္စာခံလိုက်ရပြီးချွဲဂျီဟွမ်ကတော့ အရင်ဘုရင်ဟောင်းဘက် သစ္စာခံရင်း ပျောက်ကွယ်သွားခဲ့ပါတယ်။နှစ်အတော်ကြာတဲ့အခါ ချိုဂူယဲဟာ ရက်စက်ကြမ်းကြုတ်တဲ့ ကွက်မျက်သူ အဖြစ် အမည်တွင်ကာ ဘုရင်သစ်ထံ အမှုထမ်ဆောင်နေရင်း ချွဲဂျီဟွမ်ဟာ ဘုရင်ဟောင်းအတွက် ကလဲ့စားချေဖို့ ပြန်ထွက်ပေါ်လာတဲ့အခါ...ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ညီအစ်ကိုလို ခင်မင်ကြသူ စစ်သားနှစ်ဦးရဲ့ အားပြိုင်မှုနဲ့အတူ အဆုံးသတ်ဟာ သူတို့အချင်းချင်း ရန်သူလုံးဝ ဖြစ်သွားမလား ထာဝရမိတ်ဆွေအဖြစ် ရှိနေမလား ဆိုတာကို အတိုက်အခိုက်တွေကြားက န်ုင်ငံရေးအရှုပ်တော်ပုံဆန်ဆန် ကြည့်ရှုရမှာပါ ။( အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Sword in The Moon ...
movie
Sword in the Moon (2003)
The Book of Mythical Beasts ( 2020 ) 6
The Book of Mythical Beasts ( 2020 ) ဒီဇာတ်ကားကတော့ april 2020မှာထွက်ထားတဲ့လူနဲ့နတ်ဆိုးတိုက်ခိုက်မှုကိုမြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ..ကုံးချိန်မင်းအုပ်စိုးစဉ်ကာလမှာ နတ်ဆိုးတွေကိုနှိမ်နင်းတဲ့ကျောက်တုံးဟာမိုးကောင်းကင်က ကျလာတဲ့နတ်မီးကြောင့်ပျက်စီးသွားရပါတယ်...အဲ့အချိန်မှာ နတ်ဆိုးပေါင်းစုံထွက်လာပြီး ပြည်သူတွေကိုသတ်ဖြတ်တိုက်ခိုက်ပါတော့တယ်...အဲ့အချိန်မှာ ဟွားမန်ထိန်ဆိုတဲ့နတ်ဆိုးမတစ်ပါးဟာဒီအခွင့်အရေးကိုအသုံးချပြီး လူတွေကိုထိခိုက်အောင်မလုပ်တတ်တဲ့နတ်ဆိုးကောင်းတွေကို နတ်ဆိုးအဖြစ်ပြောင်းလဲပြီးလူတွေကိုသတ်ဖြတ်ခိုင်းကာ လောက ကိုအုပ်စိုးဖို့ကြံပါတယ်..ဒီလိုနဲ့ ဒီနတ်ဆိုးမကိုဖမ်းဆီးဖို့ နတ်ဆိုးနှိမ်နင်းသူတွေစုမိတဲ့အခါ..နတ်ဆိုးမကိုနှိမ်နင်းနိုင်ပါ့မလား... Translated & Review By Phyo Zaw
movie
The Book of Mythical Beasts ( 2020 )