Channel Myanmar

Action

Never Say Never ( 2023 ) 6
Never Say Never ( 2023 ) CM ကနေဇာတ်ကားတွေထဲမှာတင်ဆက်ပေးချင်တာကတော့ Never say neverဆိုတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လက်ဝှေ့ချန်ပီယံဆုရှင်ရှန့်ထိန်ဟွေးက သူများရဲ့ မတရားအကောက်ကြံမှုကြောင့် ထောင်ကျခဲ့ပြီးထောင်ကလွတ်လာတဲ့အချိန် သဲလုပ်ငန်းလုပ်တဲ့ သူဌေးဖြစ်လာခဲ့တယ်။သူဌေးဆိုပေမဲ့လည်းအကြွေးတွေ နစ်နေတာကြောင့် သူ့သူငယ်ချင်းကနေလက်ဝှေ့သရုပ်ပြပွဲလုပ်ဖို့အတွက် မိဘမဲ့ကလေးတွေကို စုဆောင်းဖို့အကြံပေးခဲ့တယ်။ ဒီလိုနဲ့ရှာတွေ့လာတဲ့ ကလေးတွေက ချို့တဲ့လှတဲ့မြက်ရိုင်းပင်လေးတွေဖြစ်တာကြောင့် မကြာခဏ ပြဿနာတွေဖြစ်လာတာပေါ့။ ဒီလိုနဲ့ရှန့်ထိန်ဟွေးကလက်ဝှေ့သရုပ်ပြဖို့လေ့ကျင့်ပေးရင်း သူ့သူငယ်ချင်းက ဒီကလေးတွေကိုမြေတောင်မြှောက်ပေးဖို့တိုက်တွန်းလာခဲ့အချိန် ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီကလေးတွေကတော့ဘယ်လိုတွေကြိုးစားရုန်းကန်ကြမလဲ စတာတွေကို ဒီဇာတ်ကားလေးကနေပြသပေးသွားမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 1h 57 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Never Say Never ( 2023 )

The Island (2005) 6.8
The Island (2005) IMDb Rating (6.8/10) ရရှိထားတဲ့ Action, Sci-Fi, Thriller  အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။မင်းသား မက်ဂရီဂေါနဲ့ မင်းသမီး စကားလတ်ဂျိုဟန်ဆန်တို့ အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ စိတ်ဝင်စားဖွယ်ရာပါ။Lincoln Six Echo လို့အမည်ရသူဇာတ်ဆောင်မင်းသားဟာ ဘဝသေတစ်ခုမှာ နေ့စဉ်ရှင်သန်မှုတွေကို သံသယဝင်လာပြီးနေထိုင်ကျက်စားရာ တားမြစ်နယ်မြေ ပတ်ဝန်းကျင်ကို လေ့လာမွှေနှောက်တဲ့အခါမှာ နည်းပညာစမ်းသပ်မှုတွေကြောက်လန့်ဖွယ်ရာတွေ ရာဇဝတ်မှုတွေကို သိမြင်လာတဲ့အခါမှာတော့ လွတ်မြောက်ဖို့ ကြိုးစားရင်းသူကိုယ်တိုင်ကိုယ်က ဘဝသေတစ်ခုဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာတော့..........။ File size…(5 GB)/(2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:04 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Poe Thinzar Kyaw
movie

The Island (2005)

The Lady of Heaven (2021) 6.0
The Lady of Heaven (2021)  မွတ်စလင်ဘာသာမှာ အထွတ်အမြတ်ထားရတဲ့ ဖာတီမာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိပါတယ်။အဲ့ဒီအမျိုးသမီးကတော့The Lady Of Heaven (ကောင်းကင်ဘုံရဲ့အမျိုးသမီး) လို့ခေါ်ဆိုကြပြီးအဲ့ဒီအမျိုးသမီးရဲ့ အကြောင်းအသေးစိတ်ကို ဒီဇာတ်ကားထဲမှာ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ ဒီအတိုင်းအမျိုးသမီးဖာတီမာရဲ့အကြောင်းသီးသန့်ရိုက်ကူးထားတာမဟုတ်ဘဲနဲ့ ISIS တွေကြောင့် စစ်ဖြစ်နေတဲ့နိုင်ငံမှာအမေဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ လိတ် ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ဇာတ်အိမ်ဖွဲ့ထားတာပဲဖြစ်ပါတယ်။ လိတ်က သူ့အမေကိုဆုံးရှုံးပြီးတဲ့ နောက်မှာစစ်သားတစ်ယောက်နဲ့ အမေဖြစ်သူနေထိုင်တဲ့ အိမ်မှာနေထိုင်ခဲ့ရပါတယ်။လိတ်စိတ်ဓာတ်ကျ အားငယ်လာတဲ့အချိန်မှာ အန်တီကြီးက သူ့ကို ဖာတီမာအကြောင်းပြောပြပြီးတော့ ခွန်အားပေးလေ့ရှိပါတယ်။ဒီလိုနဲ့ မွတ်စလင်တွေရဲ့စိတ်ခွန်အားတက်စရာ ရှေ့ဆောင်လမ်းပြကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အမျိုးသမီးဖာတီမာရဲ့ အကြောင်းကို ပုံပြင်တစ်ပုဒ်ကို လိတ်နဲ့အတူနားထောင်နေသလိုမျိုးကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.38 GB/ 1.11GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 21m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Lady of Heaven (2021)

Sniper: G.R.I.T. – Global Response & Intelligence Team (2023)
Sniper: G.R.I.T. – Global Response & Intelligence Team (2023)   ယူကီ လို့ခေါ်တဲ့ ဂျပန်မလေးဟာ ဂရစ်ဆိုတဲ့ အဖွဲ့အစည်းရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ် သူ့ကို မယ်လ်တာ အစိုးရ‌ဆီက အာဏာသိမ်းပြီး နိုင်ငံကိုအုပ်ချူပ်နေ‌တဲ့ လူတစ်စုကို သတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါတယ်။နောက် ၆လကြာတဲ့အထိ ယူကီဟာ သူ့ရဲ့ မစ်ရှင်ကိုလုပ်နေရင်း အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးနေပါတော့တယ် တစ်ရက်မှာတော့ သူတို့ရဲ့ ဂရစ်အဖွဲ့အစည်းဆီကို ယူကီဟာ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ် အဲ့ဒီအချိန်မှာ ဂရစ်အဖွဲ့ဟာ ဘရန်ဒန်နဲ့ ဇီးရိုးလို့ခေါ်တဲ့ အေးဂျင့်နှစ်ယောက်ကို ယူကီကို ကယ်ဖို့နဲ့ ယူကီရဲ့ မစ်ရှင်ကို အဆုံးသတ်အောင်လုပ်ပေးဖို့ ထပ်မံစေလွှတ်လိုက်ပါတယ်။ဘရန်ဒန် နဲ့ ဇီးရိုးတို့ရဲ့ Pro ဆန်ဆန် မစ်ရှင်လုပ်ဆောင်ချက်တွေကို ကြည့်ရှုရမှာဖြစ်ပြီး တကားလုံးမှာ Action ခန်းတွေအပြည့်ပါတဲ့အတွက် Action ကြိုက်သူတွေ သဘောကျစေမှာပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban 
movie

Sniper: G.R.I.T. – Global Response & Intelligence Team (2023)

Stolen (2012) 5.5
Stolen (2012)  တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်းပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကိုခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီးသူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာအချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီးငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာသူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲအဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင်တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်းကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။  File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Stolen (2012)

Jason Bourne (2016) 6.6
Jason Bourne (2016) Jason Bourne (2016)IMDb Rating (6.6) / Rotten Tomatoes (54%)++++++++++++++++++++++Jason Bourne2002 လောက်ကဖြစ်မယ်ထင်တယ်။ James Bond နဲ့ဆန့်ကျင်ဘက် ဇာတ်ကောင်တစ်ယောက် ရုပ်ရှင်လောကမှာ ပေါလာတယ်။ နာမည်ကတော့ Jason Bourne တဲ့။ သူ့ကိုကျွန်တော်တို့စတွေ့တော့ Mediterranean ပင်လယ်ထဲမှာ မျောနေတဲ့သူတစ်ယောက်အဖြစ်။ ကျောမှာလည်း သေနတ်ကျည်ပေါက်ရာ နှစ်ခုနဲ့။ ပြဿနာက သူဟာ ဘယ်ကလာပြီး ဘာဖြစ်ခဲ့လဲဆိုတာ သူကိုယ်တိုင်မသိတာပဲ။ ဒီလိုနဲ့သူတစ်ဖြည်းဖြည်းသိလာတာကတော့ သူဟာ CIA Operation တစ်ခုဖြစ်တဲ့ Treadstone လက်အောက်မှာ အလုပ် လုပ်ခဲ့တဲ့ CIA အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်ဆိုတာပဲ။ ဒါပေမဲ့ တစ်ဖွဲ့လုံးနဲ့တစ်ယောက်ခွဲထွက်သွားတဲ့ Jason Bourne တစ်ယောက်ဟာ CIA ရဲ့အရှုပ်အရှင်းတွေမှာ ပါဝင်ပတ်သက်လာခဲ့တာ Bourne Identity (2002), Bourne Supermacy (2004), Bourne Ultimatum ...
movie

Jason Bourne (2016)

4K HEVC
The Bourne Ultimatum (2007) 8.0
The Bourne Ultimatum (2007) The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Ultimatum (2007)

4K HEVC
The Bourne Supremacy (2004) 7.7
The Bourne Supremacy (2004) The Bourne Supremacy (2004)IMDb Rating (7.7) / Rotten Tomatoes (82%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Supremacy (2004)

4K HEVC
The Bourne Identity (2002) 7.8
The Bourne Identity (2002) The Bourne Identity (2002)IMDb Rating (7.8) / Rotten Tomatoes (84%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Identity (2002)

4K HEVC
The Bourne Legacy (2012) 6.6
The Bourne Legacy (2012) The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie

The Bourne Legacy (2012)

4K HEVC
Doctor(2012) 6.7
Doctor(2012) Doctor(2012)************ Korean Thriller / Horror ရသတွေကိုမှ ခံစားချင်တဲ့သူတွေအတွက်“Doctor” ဆိုတဲ့ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားက ခေါင်းဆောင်မင်းသားကြီးအနေနဲ့ ဝါရင့်နာမည်ကြီးအနုပညာရှင် Kim Chang Wanပါဝင်ရိုက်ကူးထားတာဖြစ်လို့ ဇာတ်ကောင်သရုပ်ဆောင်ချက်တွေကတော့အထွေအထူးပြောပြနေစရာမလိုဘဲ ကြည့်နေရင်းတောင် ကြက်သီးထစေပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့…… အသက် (၅၀)ကျော် ချွဲအင်ဘုမ်းဟာ အလှအပခွဲစိတ်လောကမှနှစ်အစိတ်လောက်ကျင်လည်ခဲ့သူဖြစ်ပြီး နာမည်ကြီးထူးချွန်တဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ပါသူ့မှာ အသက်ငယ်ငယ်ရွယ်ရွယ် ခပ်ချောချော မိန်းမတစ်ယောက်လည်း ရှိပါတယ် ဒါပေမဲ့ မိန်းမငယ်လေးကတော့ ယောက်ျားဖြစ်သူ ချွဲအင်ဘုမ်းအရှေ့ဆိုမခုပ်တတ်တဲ့ကြောင်အလား ယောက်ျားဖြစ်သူစိတ်တိုင်းကျ ပြုမူနေထိုင်ပေမဲ့နောက်ကွယ်မှာ ရည်းစားဟောင်းနဲ့ဖောက်ပြန်နေခဲ့ပါတယ် တစ်နေ့မှာ ဒီအကြောင်းကို ယောက်ျားဖြစ်သူသိသွားတဲ့အခါသူဟာ မထင်မှတ်လောက်စရာကောင်းတဲ့ လက်စားချေ ဒေါသဖြေမှုတွေကို လုပ်ဆောင်လာခဲ့ပါတော့တယ်ဘယ်လိုလက်စားချေမှုမျိုးတွေလုပ်မှာလဲဆိုတာကတော့ ဇာတ်ကားရဲ့Theme အတိုင်း Thriller/Horror ဆန်ဆန်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်    File Size : (1.2GB) and (566MB) Quality : AMZN.Web-Dl1080p/720p Format…mp4 Duration…01:37:00 Genre :  Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn Thinzar Encoded ...
movie

Doctor(2012)

Blood on the Nameless River ( 2023 ) 5.8
Blood on the Nameless River ( 2023 ) ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Blood on the Nameless River ( 2023 )

The League of Gods: The Flying Immortal Dagger ( 2023 ) 5.9
The League of Gods: The Flying Immortal Dagger ( 2023 ) The League of Gods: The Flying Immortal Dagger လို့ အမည်ရတဲ့ရုပ်ရှင်လေးတကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ Clash of Gods အစရှိတဲ့ ရုပ်ရှင်တွေထဲမှာပါဝင်တဲ့ ရှန်းကုန်းပေါက်, ယန်ကျန်, ကျန်းကျစ်ယာတို့ကိုအခြေခံထားတဲ့ ရှန်းခေတ်ကိုနောက်ခံတည်ထားတဲ့ကားလေးဖြစ်ပါတယ်။ရှန်းကုန်းပေါက်နဲ့ကျန်းကျစ်ယာတို့ကြား မကျေနပ်အမုန်းတရား ၊ စစ်ပွဲတွေကြားမှာအပြစ်မဲ့သူတွေ စတေးခံရပုံ,ရှင်ဘုရင်ကျင့်ဝတ်နှင့် မညီတာကြောင့် ခံစားရတဲ့ပြည်သူပြည်သားတွေအကြောင်းအစရှိတဲ့ ရူပ်ထွေးလှပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းအကြောင်းကိုအခြေခံထားတာကြောင့် ဒီဇာတ်ကားလေးကို ဆက်လက်ကြည့်ရူလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Drama , Action Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

The League of Gods: The Flying Immortal Dagger ( 2023 )

King of Kotha (2023) 6.6
King of Kotha (2023) King Of Kotha (2023)IMDb - 6.6/10အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခတ်တုန်းက ခိုသာဆိုတဲ့ မြို့လေးဟာ ရာဇဝတ်ကာင်တွေကို သေဒဏ်ပေးပြီးရင် မြေမြှုပ်ပစ်တဲ့ နေရာတစ်ခုဖြစ်ပါတယ် ခေတ်အဆက်‌‌ဆက်ပြောင်းလာပြီးတဲ့နောက်မှာတော့ ခိုသာဆိုတဲ့နေရာဟာ မြို့သေးသေးလေးဖြစ်လာခဲ့ပါတယ်ခိုသာဆိုတဲ့မြို့လေးမှာတော့ အရမ်းကို တော်ပါတယ်ဆိုတဲ့ ရဲတွေ အရာရှိတွေတောင်မှ ပြန်ပြေးရလောက်အောင်အထိကို အင်အားကြီးမားတဲ့ ဂိုဏ်းတစ်ခု ရှိနေပါတယ် အဲဒီဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်သူကတော့ ကန်နန်လို့ ခေါ်ပါတယ် ။ ကန်နန်တို့ဂိုဏ်းဟာ လူငယ်တွေကို လမ်းမှား မရောက်ရောက်အောင်လုပ်ဖို့အတွက် မူးယစ်ဆေးတွေကိုလည်း ရောင်းဝယ်နေကြပြီး အဲဒီမြို့မှာ ရှိတဲ့ ရဲဝန်ထမ်းတွေကိုလည်း သူတို့ရဲ့ အားနည်းချက်ကို သုံးပြီး ချုပ်ကိုင်ထားပါတယ်ဒီဂိုဏ်းကို နှိမ်နင်းဖို့အတွက် အင်စပက်တာ ရှာဟူး ကို ခိုသာမြို့ကို စေလွှတ်လိုက်တဲ့နောက်မှာတော့ အင်စပက်တာကြီးက ဒီဂိုဏ်းကို ဖြိုခွင်းဖို့အတွက် ဘယ်လိုနည်းလမ်းတွေ သုံးမလဲ.....ဇာတ်လမ်းရဲ့ နာမည်အရ King of Kotha ဆိုတဲ့ နေရာကိုရော ဘယ်သူက ပိုင်ဆိုင်သွားမလဲဆိုတာကို ကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်က‌တော့ ToMo, Zwe, Alex, ...
movie

King of Kotha (2023)

2023
4K HEVC
Raid On The Lethal Zone ( 2023 ) 5.9
Raid On The Lethal Zone ( 2023 ) အခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် ဖြစ်ရပ်မှန်မှုခင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-၁၉၉၈ ခုနှစ် ၇ လပိုင်း တရုတ်အနောက်မြောက်ပိုင်းနယ်စပ်မှာ မိုးအဆက်မပြတ်ရွာခဲ့ပြီး တစ်ခါမှ မကြုံဖူးတဲ့ ရေကြီးမှုကပ်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ ရေကြီးမှုဟာ နယ်စပ်မှာရှိတဲ့ မူးယစ်ဂိုဏ်းတွေအတွက်တော့ မူးယစ်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ အကောင်းဆုံး အကာအကွယ်ပဲ ဖြစ်ပါတယ်။ နယ်စပ်မှ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက်တော့ သဘာဝဘေးအန္တရာယ်ရော ရန်သူအန္တရာယ်ရောရှိနေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ထိုကဲ့သို့ အခြေအနေမျိုးမှာ တပ်သားတွေဟာ အသက်စတေးရမယ့် အန္တရာယ်ကို မကြောက်မရွံ့နဲ့ မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးဖို့ ဆုံးဖြတ်ခဲ့ပါတယ် မူးယစ်ဂိုဏ်းတွေကို လိုက်လံဖမ်းဆီးစဉ်မှာပဲ ဝမ်ကျင်းဟောင်၊ ကောလိုင်လိုင်၊ စွင်းကျိ၊ ခုံကျူ့ကော်၊ လျိုချွင်းရှန်း စတဲ့ မူးယစ်ချေမှုန်းတဲ့ တပ်သားများဟာ ငယ်ရွယ်တဲ့ အချိန်မှာပဲ သူတို့အသက်ကို တိုင်းပြည်အတွက် စတေးခဲ့ကြပါတယ်။ကပ်ဘေးအန္တရာယ်တွေကတစ်ကြောင်း၊ ဒုစရိုက်ဂိုဏ်းတွေက တစ်ဖွယ်နဲ့ နှောက်ယှက်နေတဲ့နယ်စပ်ကို ကာကွယ်ဖို့အတွက် နယ်စပ်က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိပြည့်ဝမှုကို ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie

Raid On The Lethal Zone ( 2023 )

Dark Asset (2023) 5.5
Dark Asset (2023)  Elon Musk မိတ်ဆက်ပေးခဲ့တဲ့ ဦးနှောက်ထဲကွန်ပြူတာချစ်ပ်ပြားတွေထည့်ပြီးလူရဲ့လုပ်ဆောင်မှုတွေကို တိုးမြှင့်နိုင်မဲ့နည်းပညာကိုကြားဖူးကြမှာပါ။ဒီ Dark Asset ဆိုတဲ့ဇာတ်ကားထဲမှာလည်း အဲ့လိုနည်းပညာကို အဓိကထားပြီးရိုက်ကူးထားတာကိုတွေ့နိုင်မှာပါ။နည်းပညာတွေကတဖြည်းဖြည်းနဲ့ တိုးတက်လာတဲ့အချိန်မှာ လူသားဦးနှောက်တွေက မတိုးတက်လာဘဲ ဒီအတိုင်းရပ်တန့်ပြီးကျန်နေခဲ့ပါတော့တယ်။ဒီလိုနဲ့ လူသားဦးနှောက်တွေကို မြှင့်တင်ပေးဖို့အတွက်မိုက်ခရိုချစ်ပ်ပြားတွေထည့်တဲ့ ပရိုဂရမ်တစ်ခုကို ဒေါက်တာကိန်းဆိုတဲ့ လူကဦးဆောင်ခဲ့ပါတယ်။အဲ့ဒီ ပရိုဂရမ်ရဲ့ လက်ရှိစမ်းသပ်ခံကတော့ ဂျွန်ဒိုးဆိုတဲ့အထူးတပ်သားဟောင်း တစ်ယောက်ဖြစ်ပါတယ်။ချစ်ပ်ပြားက သူ့ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို တကယ်တိုးမြှင့်ပေးနိုင်ပေမဲ့ ချို့ယွင်းချက်တွေရှိနေတဲ့အတွက်ဂျွန်ကို ထိန်းချုပ်လို့မရတော့ဘဲနဲ့ အစောင့်တွေကို သတ်ပြီးထွက်ပြေးလွတ်မြောက်သွားပါတော့တယ်။ဒါပေမယ့် ဂျွန်ထွက်မပြေးသွားခင်မှာ အဲ့ဒီပရိုဂရမ်ရဲ့ ပင်မစနစ်ထဲကိုဖောက်ဝင်ခဲ့ပြီး အရင်တုန်းက စမ်းသပ်ခံတွေဆီကို အကြံပြုချက်လို့ခေါ်တဲ့စေခိုင်းတဲ့ အမိန့်လိုမျိုးသတင်းစကားပါးခဲ့ပါတယ်။အဲ့ဒီသတင်းစကားကဘာဖြစ်မလဲထွက်ပြေးလွတ်မြောက်သွားတဲ့ ဂျွန်ဒိုးကိုရောဖမ်းဆီးနိုင်ပါ့မလား ဒီပရိုဂရမ်ကြီးရဲ့နောက်ကွယ်မှာ ဘယ်လိုမှောင်မိုက်တဲ့ အမှန်တရားတွေရှိနေလဲဆိုတာကိုကြည့်ရမဲ့စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။  File size…1.57GB / 634MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Dark Asset (2023)

Ace bodyguard ( 2023 ) 5.8
Ace bodyguard ( 2023 ) ကျွမ်းကျင်ပညာရှင်သက်တော်စောင့်တွေရဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ထုံစုန်းဟာ ပညာရှင်အဆင့် သက်တော်စောင့်ကုမ္ပဏီတစ်ခုထောင်ထားပါတယ်။ ကံမကောင်းအကြောင်းမလှတော့ စားဝတ်နေရေးအတွက် Live လွှင့်စျေးရောင်းပြီး သက်တော်စောင့်ကုမ္ပဏီကိုကြော်ငြာနေရပါတယ်။သက်တော်စောင့်အလုပ်ကအလုပ်မရတော့ တစ်သက်လုံးစျေးပဲ ရောင်းစားရတော့မှာလားဆိုပြီး လမ်းတွေပျောက်နေတဲ့အချိန်မှာ အမည်မသိအလုပ်အပ်စာတစ်ခုရောက်လာပါတယ်။သူတို့စောင့်ရှောက်ပေးရမယ့်သူက သူတို့ကုမ္ပဏီကအန်းနင်ရဲ့ ညီမလေးဖြစ်နေတော့ စရံမရလဲ စောင့်ရှောက်ရပြီပေါ့။ အဖေဆုံးသွားပြီးကတည်းက အန်းနင်တို့ညီအစ်မကြားမှာ အဖုအထစ်လေးတွေရှိခဲ့တယ်။ အမည်မသိအလုပ်အပ်သူကြောင့် သူတို့ညီအစ်မနှစ်ယောက်ကြားကအဖုအထစ်လေးတွေတဖြည်းဖြည်းပြေလာနိုင်မလား..... ဘယ်သူကများ ဘိုးဘွာရိပ်သာမှာလုပ်အားပေးနေတဲ့ ကောင်မလေးကို ဘာကြောင့်သတ်ချင်ရတာလဲ...... အမည်မသိအလုပ်အပ်တဲ့သူကရော ဘယ်သူဖြစ်နေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Mystery Runtime : 1h 53 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Ace bodyguard ( 2023 )

Kick (2023) 8.4
Kick (2023) Kick (2023)IMDb-8.5/10ဟာသမင်းသားစူပါစတား Santhanam ခေါင်းဆောင်ပါဝင်ထားပြီး ရှာရွတ်တို့ခေတ်တည်းက ဟာသဇာတ်ပို့အနေနဲ့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသား အန်ကယ်ကြီး Brahmanandam လည်း ပါဝင်ထားပါတယ်။ ဒီကားထဲက ရှီဗာနီ့ဘော့စ်နေရာမှာ ပါဝင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင်ကြီး Manobala မကွယ်လွန်ခင် နောက်ဆုံးသရုပ်ဆောင်‌သွားတဲ့ကားလည်းဖြစ်ပါတယ်။ဆိုတော့ ဒီကားက ရိုက်ကွင်းရိုက်ကွက်ထက် ဒီဟာသအကျော်အမော်တွေရဲ့ ကြိုးစားမှုနဲ့ အမှတ်တရအဖြစ် ရှုစားကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါဇာတ်လမ်းအညွှန်း ရှီဗာနီနဲ့ ဆန်တို့ရှ်ဆိုတာ အပြိုင်ကြော်ငြာအေဂျင်စီ ကုမ္ပဏီနှစ်ခုမှာ လုပ်ကြသူတွေ ၊ သူတို့အချင်းချင်းလည်း အပြိုင်အဆိုင်တော်ကြချဲကြသူတွေပေါ့ ဆန်တို့ရှ်က အမြဲဉာဏ်များပြီးနှာတဖျားသာနေတာကြောင့် ရှီဗာနီက ကြော်ငြာကောင်စီကို တိုင်စာတင်တာကအစပြု သူတို့တွေ့ကြတော့တာပါပဲဒီနယ်ပယ်အတွင်းက အတော်ဆုံးလူနှစ်ယောက်ထိပ်တိုက်တွေ့ကြတဲ့ပွဲကို အရယ်အမောအလွဲအချော်လေးတွေနဲ့ ကြည့်ရှူရမှာပါအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ Dee ~ Alex ~ Yoon ~ KKKZ တို့ပဲဖြစ်ပါတယ် File size…3.18GB / 1.35GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ...
movie

Kick (2023)

2023
The Magnificent Seven (2016) 7.0
The Magnificent Seven (2016) IMDb Rating (7.0) / Rotten Tomatoes (64%)Denzel Washington , Chris Pratt , Lee Byung-hun , Ethan Hawke , Vincent D'Onofrio တို့လို နာမည်ကြီးသရုပ်ဆောင်တွေ အပြွတ်လိုက်ကြမ်းကြမှာပါ။ကောင်းဘွိုင်ကားအကောင်းစားတွေ ရှားရှားလာချိန်မှာ ဒီကားလေးကြည့်ရတာ တကယ်တန်ပါတယ်ဗျာ။Wild West ရဲ့ ဂီတသံတွေ၊ ရှုခင်းတွေကြားမှာ အမှန်အမှား နဲ့ သေခြင်းရှင်ခြင်းဆိုတာ စက္ကန့်ဝက်လောက် လက်ပိုမြန်တဲ့လူလက်ထဲရောက်သွားတဲ့ ကာလပေါ့။အင်္ကျီလေးကို နောက်ဆွဲဟပြီး လက်ကို သေနတ်ပေါ်တင်လိုက်တိုင်း သူတို့နဲ့ လိုက်ပြီး ရင်ခုန်တတ်တဲ့အကျင့်က မပျောက်သေးဘူးကိုး။ဒီကားကတော့ ကောင်းဘွိုင်ကားကြိုက်သူ အက်ရှင်ကြိုက်သူတွေ အကြိုက်ဖြစ်အောင်ပြန်ရိုက်ထားတာပါပဲ။ဇာတ်လမ်းကတော့,,,မြို့ငယ်လေးတစ်ခုမှာ အင်အားသုံးပြီး အနိုင်ကျင့်ဗိုလ်ကျတဲ့ လူရာကျော်အင်အားရှိတဲ့ ဓားပြဗိုလ်ကိုလူ ၇ ယောက်တည်းက မြို့က လူစုလေးကို ဦးစီးပြီး ပြန်တိုက်ထုတ်တဲ့ ဇာတ်လမ်းပါ။၇ ယောက်လုံးရဲ့ မတူညီတဲ့ စရိုက်တွေ ...
movie

The Magnificent Seven (2016)

4K HEVC
Smugglers (2023) 6.8
Smugglers (2023) Smugglers (2023)အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့ မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်း မှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊ တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့ Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထဂးတာကတော့ Hmwe & Joyz ပဲ ဖြး်ပါတယ်။Genre..... ...
movie

Smugglers (2023)

2023