Channel Myanmar

Action

Hidden(2022) 6.7
Hidden(2022) Hidden(2022)*************ချာမီဂျောင်းနဲ့ဂျောင်ဟယ်ဆူတို့ဟာ အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်မီဂျောင်းဟာ ဒုစရိုက်အဖွဲ့အစည်းတစ်ခုနဲ့ပတ်သတ်ဆက်နွယ်မှုရှိခဲ့ပြီး တစ်နေ့မှာ လုပ်ကြံခံလိုက်ရပါတယ်...အဲ့ဒီလိုနဲ့ မီဂျောင်းရဲ့သေဆုံးမှုကိုသူငယ်ချင်းဖြစ်သူဂျောင်ဟယ်ဆူကအရဲစွန့်ဖော်ထုတ်ဖို့ဖြစ်လာခဲ့ပါတယ်...ဒုစရိုက်အဖွဲ့အစည်းရဲ့နောက်ကွယ်က ပတ်သတ်ဆက်နွယ်နေတဲ့တရားခံ‌ကို ဉာဏ်အားခွန်အားသုံးပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ရှာဖွေဖော်ထုတ်သွားပုံတွေကိုစိတ်ဝင်စားဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်...ဒုစရိုက်အဖွဲ့အစည်းနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ မီဂျောင်းကိုသတ်လိုက်တဲ့တရားခံဟာ ဘယ်သူများဖြစ်နေမလဲ...File Size : (996MB) and (388MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:35:00 Genre : Action ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Phyo Pyae       
movie

Hidden(2022)

Gumraah (2023) 6.4
Gumraah (2023) Gumraah 2023 (Imdb 6.4/10)နာမည်ကြီးတွေဖြစ်တဲ့ အဒီတရာကပူးရ်နဲ့ Super 30 ကားထဲက မင်းသမီးချော မရူနယ်သာကာတို့နဲ့အတူ တက်သစ်စမင်းသမီးချောလေး ဗီဒီကာ ပင်တိုတို့ ဦးဆောင်ပါဝင်ထားတဲ့ ရုံတင်စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ အိမ်တစ်ခုထဲမှာတွေ့ရတဲ့ အလောင်းကနေစပါတယ် စုံထောက်မင်းသမီးက ဆားပုလင်းနှင်းမောင်ဆန်ဆန်ပဲ လူသတ်မှုကို ဘေးကကြည့်နေတဲ့အတိုင်း ဘယ်အပေါက်ကဝင် ဘယ်အပေါက်ကထွက် ဘယ်လိုသတ်ပြီး ဘယ်နားမှာဘာရှိတယ်ဆိုပြီး ကြွယ်ပြပြီးတော့ ဘေးပတ်ဝန်းကျင်ဘာညာ လူတွေကို စစ်မေးအပြီးမှာ သံသယရှိဖွယ်လူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ် ပြသနာက အဲ့လူကိုဖမ်းပြီးမှ နောက်ထပ်အဲ့လူနဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်က စခန်းကို ထပ်ရောက်လာတဲ့အခါမှာရုပ်ချင်းတူတဲ့လူနှစ်ယောက်က ဘာတွေလဲ လူသတ်မှုကို ဘယ်သူကကျူးလွန်ခဲ့တာလဲ ဘာကြောင့်ကျူးလွန်ခဲ့တာလဲ စသည်ဖြင့် ရင်ခုန်ခံစားကြည့်ရှုရမှာဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ နောက်ကြောင်းပြန်လိုက် အမှုကိုစုံစမ်းလိုက်နဲ့ မရိုးအောင်ကြည့်ရမယ့်အပြင် မင်းသားမင်းသမီးချောလေးတွေကလည်း အဆစ်ပါသေးတာမို့ CM bollywoodပရိသတ်ကြီးတို့ လက်မလွှတ်တမ်း ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM bollywood Team ကနေ တင်ဆက်ပေးထားပါတယ် File size…1.87GB / 830MB Quality…1080p HD RIP  / 720p HD RIP Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~Aditi~Chiclon3~Zwe Yan ...
movie

Gumraah (2023)

2023
Sahara (2005) 6.0
Sahara (2005) Sahara (2005)IMdb Rating (6.0)ဒီရုပ်ရှင်ကားက သဲကန္တာရစွန့်စားခန်းတွေအပြည့်နဲ့ Action,Adventure,Comedy ဇာတ်လမ်းပါ။ မင်းသားကလဲ နာမည်ကျော် Matthew McConaughey ဗျာ...မင်းသမီးကလဲ Penélope Cruz ဆိုတော့ ဘာပြောကောင်းမလဲ ရှယ်မိုက်ပေါ့။ဇာတ်လမ်းကတော့....၁၈၆၅ ခုနှစ်ဝန်းကျင် အမေရိကန်ပြည်တွင်းစစ်ကာလတုန်းက သွန်းလုပ်ထားတဲ့ ရွှေဒင်္ဂါးပြားတွေကိုတင်ဆောင်ပြီး အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထဲကို ထွက်ပြေးလာတဲ့သံချပ်ကာအပြည့်နဲ့သင်္ဘောတွေဟာ မုန်တိုင်းကြောင့် နိုက်ဂျားမြစ်လမ်းကြောင်းပေါ်မှာ သောင်တင်တာတင် မျှောတာမျှောနဲ့ တကွဲတပြားဖြစ်ကုန်ကြပါတယ်.... မုန်တိုင်းဖြစ်ပြီး ၆ ရက်အကြာမှာ ကြယ်တစ်ပွင့်အလံနဲ့ သင်္ဘောတစ်စီးဟာ နိုက်ဂျားမြစ်အတိုင်း မြောက်ဘက်ကို ဆန်တက်သွားတာမြင်လိုက်ကြပေမယ့် အဲ့ဒီသင်္ဘောကို ဘယ်တော့မှ ပြန်မမြင်ရတော့ပါဘူး.... လှေပေါ်ပါသူအားလုံးဟာ သေဆုံးပြီး သင်္ဘောလဲပျောက်သွားတယ်လို့ ဒဏ္ဍာရီ ပြောစမှတ်ကျန်ခဲ့ပါတယ် ။ အဲဒီဒဏ္ဍာရီနဲ့ ရွှေဒင်္ဂါးပြားတွေကို စိတ်ဝင်စားသူတွေကတော့ ပင်လယ်ပြင်ရှေးဟောင်းပစ္စည်းရှာဖွေရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ NUMA ကုမ္ပဏီပဲပေါ့ ။တပြိုင်တည်းလိုမှာပဲ နိုက်ဂျီးရီးယားနိုင်ငံ လာဂို့မြို့မှာ ပလိပ်ရောဂါဆန်းတစ်မျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တွေ့ရှိနေပြီး အဲဒီ ပုလိပ်ရောဂါက မာလီနိုင်ငံကနေ ကူးစက်လာတာကို သတိထားမိသွားတာမလို့ မာလီနိုင်ငံထဲထိ ရောဂါရဲ့ဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ ဒီရောဂါပိုးက ...
movie

Sahara (2005)

2005
1080p HEVCOpenMatte
Sahara (1983) 4.9
Sahara (1983) ဒီကားလေးကတော့ Adventure/Romance တွေကြိုက်တတ်တဲ့သူတွေအတွက် ကြည့်သင့်ကြည့်ထိုက်တဲ့ (1983)တုန်းက ထွက်ထားတဲ့ကားဟောင်းလေးပါပဲ။ဒေးလ်တစ်ယောက် သေဆုံးသွားတဲ့ဖခင်ကိုယ်စား ကုမ္ပဏီကိုကယ်တင်ပြီး ဖခင်ရဲ့အိမ်မက်တွေအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကားပြိုင်ပွဲကြီးမှာ၀င်ပြိုင်ခဲ့ပါတယ်။ ကားမောင်းပြိုင်ပွဲက သာမန်မဟုတ်ပဲ ကန္တာရထဲမှာရက်ရှည်မောင်းရမယ့်ပြိုင်ပွဲဖြစ်နေခဲ့တာပါ။ဒေးလ်လိုမိန်းမတစ်ယောက်အတွက် ကန္တာရကြီးက လုံခြုံပါ့မလား။ ဘယ်လိုအန္တရာယ်တွေကြုံပြီး ဖခင်ရဲ့အိမ်မက်‌ကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရမှာပါ။သရုပ်ဆောင်မင်းသမီးကလည်း သူ့ခေတ်သူ့အခါတုန်းက people choice awardတွေအများကြီးရထားတဲ့ မင်းသမီးချောBrooke Shieldsဖြစ်တဲ့အပြင် Matrixကားထဲမှာအိုမင်းစပြုနေတဲ့ Lambert Wilsonရဲ့ငယ်ရွယ်ခန့်ညားမှုတွေကိုပါ ဒီကားထဲမှာကြည့်ရှုခံစားရမှာပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Soe Thiri Swe မှ တင်ဆက်ထားပါတယ်။) File size…(3 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:46:10 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Soe Thiri Swe
movie

Sahara (1983)

1080p HEVC
Super Daddy ( 2023 ) 5.9
Super Daddy ( 2023 ) ဝမ်ပေါင်ဆိုတဲ့ တီထွင်ပညာရှင်တစ်ဦးဟာ လမ်းမလျှောက်နိုင်တဲ့လူနာတွေအတွက် ရည်ရွယ်ပြီး အရိုးတုဝတ်စုံတစ်ခုထီထွင်ထားခဲ့ပါတယ်၊ ကံမကောင်းစွာနဲ့ သူရဲ့ဝတ်စုံအခိုးခံလိုက်ရလို ပြန်လိုက်ယူရင်း ဝမ်ကျစ်၊ မီရှီးတိုလင်မယားနဲ့ဆုံတွေ့ခဲ့ပါတယ်--------- သမီးလေး ရှောင်ခယ်ကိုအုပ်ထိန်းခွင့်ရဖို စတန့်အစားထိုးမင်းသားလုပ်ရင်း ငွေရှာနိုင်သမျှရှာနေတဲ့ -"ဝမ်ကျစ်" ဝမ်ကျစ်နဲ့ကွာရှင်းပြီးတဲ့နောက်မှာ ကျန်းရန်ဆိုတဲ့တီထွင်ပညာရှင် တစ်ယောက်နဲ့ယူထားပြီး သမီးလေးရှောင်ခယ်ရဲ့အုပ်ထိန်းခွင့်ကိုရထားတဲ့-"မီရှီး"ဝမ်ပေါင်တစ်ယောက်ဝတ်စုံပြန်ယူဖိုလာရင်း မတော်တဆ ဝမ်ကျစ်၊ မီရှီးတိုနဲ့ဆုံတွေ့မိတဲ့အခါ ဝတ်စုံကိုပြန်ယူလာနိုင်ပါ့မလား ဆိုတာကို ဟာသလေးတွေ‌နဲ့အတူ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Kyawt Encoded by LK
movie

Super Daddy ( 2023 )

Fist of the Condor (2023) 5.6
Fist of the Condor (2023) ကဲ ဒီတစ်ခါတော့ စပိန်ကိုယ်ခံပညာကားလို့ပဲပြောမလား သိုင်းကားလို့ပဲပြောမလား ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ကိုယ်ခံပညာကားဆိုတော့ Body တောင့်တောင့်နဲ့ စပိန်မင်းသား Marko Zaror ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားသလို Producer လည်းလုပ်ထားပြီး 2023 မှာထွက်ထားတဲ့ အသစ်စက်စက်ဇာတ်ကားလေးတစ်ကားပေါ့နော် rating လည်းသိပ်မဆိုးတဲ့ Fighting ကားလေးပေါ့ ဇာတ်လမ်းကတော့ ၁၆ရာစုလောက်ကသမိုင်းကိုဇာတ်အိမ်တည်ထားတယ် အာတာဟွာပအင်ပါယာ ခေတ်က အင်ကက်စ်လူမျိုးတွေအသုံးပြုခဲ့ကြတဲ့ သိုင်းပညာတစ်ရပ်ပေါ့ စာအုပ်တစ်အုပ်ထဲမှာရေးသားမှတ်တမ်းတင်ပြီး အဆင့်ဆင့်လက်ဆင့်ကမ်းလာခဲ့ကြတာ မင်းသားမှာ အမွှာညီတစ်ယောက်ရှိတယ်လေ ရုပ်ကလည်းဆင် သိုင်းပညာအရည်အချင်းကလည်း အတူတူပဲ တစ်နေ့တော့ အဲ့ဒီသိုင်းကျမ်းစာအုပ်ကို လုပ်ကြံပြီးတော့ညီဖြစ်သူက ယူပြီးထွက်ပြေးတာကနေစလိုက်တဲ့ဇာတ်လမ်းက...... နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲ အဲ့ဒီသိုင်းပညာကိုဘယ်လိုလေ့ကျင့်ရတာလဲ လေ့ကျင့်ဖို့ဘာတွေလိုအပ်လဲ ဘာတွေပေးဆပ်ခဲ့ရလဲ စသည်ဖြင့် အမွှာညီကိုနှစ်ယောက်ရဲ့ ခံယူချက်မတူတဲ့စရိုက်တွေနဲ့ ဇာတ်လမ်းအစကနေအဆုံး Fighting တွေကိုကြည့်ရှုရမှာဖြစ်တဲ့အပြင် Fighting ကားတွေ ကိုယ်ခံပညာကားတွေကိုကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် တရုပ်သိုင်းကားတွေကြည့် ဂျပန်သိုင်းကားတွေ ကိုရီးယားသိုင်းကားတွေ စတဲ့ အာရှသိုင်းကားတွေကြည့်နေကြဆိုပေမဲ့ စပိန်ကိုယ်ခံပညာကားဆိုတော့ ခံစားမှုတစ်ခုတော့ပေးမယ်လို့ယုံကြည်ပါတယ်  File size…(1.6 ...
movie

Fist of the Condor (2023)

Ride On (2023) 6.7
Ride On (2023) Ride On (2023) ============မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့ အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ Jing Wu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ Rongguang Yu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGI တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က စတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါ တယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသ ထားတာပါ။ဇာတ်လမ်းအကျဉ်း - ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး အနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ် ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။ သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီး နောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့ သိမ်းဖို့ကြိုးစားလာပါတယ်။ ...
movie

Ride On (2023)

2023
Suzume (2022) 7.8
Suzume (2022) (အခုဆိုရင်တော့ အားလုံးစောင့်မျှော်နေကြတဲ့ အကြည်ဗားရှင်းဖြစ်တဲ့WED DL ထွက်ရှိလာပြီဖြစ်တာကြောင့် Qualityကို Updateပေးထားပါပြီ)IMDb 7.8/10 MyAnimeList 8.5/10နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with ...
movie

Suzume (2022)

2022
Ugram (2023) 9.0
Ugram (2023) Ugram 2023ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ‌ ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ် မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား...။ ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား....။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား...။ ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်) File size… 3.08GB ...
movie

Ugram (2023)

2023
Mumbaikar(2023) 4.9
Mumbaikar(2023) Mumbaikar (2023)နာမည်ကျော် တမီးလ်မင်းသားကြီး ဗီဂျေးစည်သူပတီရယ် လက်ပြတ်မင်းသားရယ်လို့ နာမည်ကြီးတဲ့ ဗီကရန့်မက်ဆီတို့က တောသားမြို့တက်မွမ်ဘိုင်းသားတွေအဖြစ် အပြိုင်ချဲထားကြတဲ့ကားပါ သွားကျွတ်ကျန်ခဲ့တဲ့ဗန်ပိုင်းယားစီးရီးထဲက သားတက်‌လေးနဲ့ မင်းသမီးချောလေးတန်ညာမာနီကတ်တလာ နဲ့ မျက်နှာတည်မျက်နှာထားနဲ့ သရုပ်ဆောင်ပီပြင်လှတဲ့ ဆန်ဂျေးမစ်ရှရာတို့ အဓိကသရုပ်ဆောင်ထားတဲ့ တမီးလ်ရုပ်ရှင်remake ဟင်ဒီစကားပြောရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း ရဲအရာရှိဖြစ်ချင်ပေမဲ့ ချစ်ရသူက အလုပ်ရှိမှ စဉ်းစားပေးမယ်ဆိုတဲ့အတွက် အလုပ်လျောက်နေရသူတစ်ဦး၊ သူငယ်ချင်းအကပ်နဲ့ လူမိုက်ဂိုဏ်းထဲဝင်ဖို့ လုပ်တဲ့ဂန်းစတားဖြစ်ချင်သူ မန်နူး၊ မိသားစုတွေပျော်ဖို့အတွက် မွမ်ဘိုင်းမှာအလုပ်လာလျောက်ပေမဲ့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သွားလေရာကံဆိုးနေသူ ကောင်လေးတယောက်၊ လူမိုက်ဂိုဏ်းမှာ ကားဒရိုင်ဘာဝင်လုပ်နေရတဲ့ဦးလေးကြီးတစ်ဦး၊ ဂန်းစတားကြီးဖြစ်ချင်သူမန်နူးတစ်ယောက် ကလေးပြန်ပေးဆွဲဖို့ လုပ်ရာက လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးတစ်ဦးရဲ့သားကိုမှ မှားပြီး ပြန်ပေးဆွဲမိရာကစ သူတို့လေးယောက် ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်(အညွှန်းရေးသားသူကတော့ Chiclon3~BpL ဖြစ်ပြီး ဘာသာပြန်တွေကတော့ Chiclon3~BpL~Thaik~Yunni နဲ့ YH တို့ပဲဖြစ်ပါတယ်) File size…2.2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 3mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Chiclon3~BpL~Thaik~Yunni ~ YH
movie

Mumbaikar(2023)

2023
Crossfire (2023) 6.4
Crossfire (2023) အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ ‌သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။အမျိုးသမီးငယ်လေး‌တွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်‌ယောက် အလုပ်ထွက်ပြီး ...
movie

Crossfire (2023)

Veeran (2023) 6.5
Veeran (2023) Veeran (2023) IMDb-6.6/10ရူပီးဆယ်ကုဋေနီးပါး အကုန်ကျခံရိုက်ကူးထားတဲ့ တမီးလ်စကားပြောအိန္ဒိယဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Veeran(ဗီရန်)...အဓိပ္ပါယ်က စစ်သည်တဲ့။ဒီရွာလေးဒုက္ခရောက်တဲ့အချိန်တိုင်း ဗီရန်ဆိုတဲ့နတ်တစ်ပါးက မြင်းကြီးကိုစီးပြီးရောက်လာလေ့ရှိသတဲ့။ကျောင်းကနေပြန်လာတဲ့ သူငယ်ချင်းသုံးယောက် ဗီရန်နတ်ကွန်းနားမှာ အဲဒီအကြောင်းပြောလာကြရင်း ကလေးတယောက်က ပေါက်ပန်းလေးဆယ်တွေထပြောပြီး မိုးကြိုးပစ်ခံရပါရော။အဲဒီလိုနဲ့ နယ်မြို့လေးမှာဆေးကုပေမယ့် သတိလည်မလာတာကြောင့် အစ်မဖြစ်သူက သူနဲ့အတူ စင်ကာပူကိုခေါ်သွားပါတယ်။အဲဒီလိုနဲ့ ၁၂နှစ်လောက်ကြာတော့မှ မိုးကြိုးပစ်ခံရတဲ့ကလေးက ရွာကိုပြန်လာခဲ့တယ်။သူပြန်လာတဲ့အချိန်မှာ လျှပ်စစ်မီးအလကားပေးမယ်ဆိုတဲ့ ကတိနဲ့အတူ ရွာပေါင်း၂၆ရွာအောက်ကနေ ကေဘယ်လ်လိုင်းတွေ ဆွဲခဲ့တယ်။မိုးကြိုးပစ်ခံရတဲ့ကောင်လေးတို့ရွာအောက်ကနေ ဆွဲဖို့ကျ ရွာမှာရှိတဲ့ဘုရားကို ဖျက်မယ်ဆိုပြီး ဖြစ်လာပါရော။ အဲဒီကေဘယ်လ်လိုင်းပရောဂျက်ရဲ့နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ။အဓိကက မိုးကြိုးတိုက်ရိုက်ပစ်ခံရတာတောင် မသေဘဲ အကောင်းအတိုင်းပြန်လာတဲ့ကောင်လေးဆီမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲ။ကျေးလက်အငွေ့အသက်လေးပါ ထည့်သွားထားတဲ့အပြင် ရယ်စရာလေးတွေထပ်ကာပေါင်း အက်ရှင်တွေမလွတ်တမ်းကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း လက်တို့ရင်း မြန်မာဘာသာသို့ပြန်ဆိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။(အညွှန်းကို Vမှရေးထားပြီး V~BpL~Aditi~Zwe~Yunni~ThaikSanတို့မှဘာသာပြန်ထားပါသည်။) File size…2.9GB /1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by V~BpL~Aditi~Zwe~Yunni~ThaikSan
movie

Veeran (2023)

2023
A Dark Truth (2012) 5.6
A Dark Truth (2012) ဒီဇာတ်ကားလေးကတော့ တောင်အမေရိကမှာရှိတဲ့ အီကွေဒေါနိုင်ငံက ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ အတိတ်ကပြုလုပ်မိခဲ့တဲ့ အပြစ်တွေအတွက် ဖြေဆယ်လို့မရနိုင်ဖြစ်နေတာကြောင့် အလုပ်ကနေအနားယူပြီး လက်ရှ်ိမှာ ရေဒီယိုချန်နယ်တစ်ခုမှာ နိုင်ငံရေးစကားဝိုင်း အစီအစဉ်မှူးအဖြစ် လုပ်ကိုင်နေပြီး မိသားစုနဲ့ ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ ကြိုးစားနေတဲ့ စီအိုင်အေ အေးဂျင့်ဟောင်း ဂျက်ဘီဂိုစီယန် ... ကလီယာဘက်ခ် ရေကုမ္ပဏီရဲ့ အတောမသတ်နိုင်တဲ့ လောဘတွေကြောင့် တောင်အမေရိက အီကွေဒေါမှာဖြစ်ပွားခဲ့ရတဲ့ အကျည်းတန်တဲ့ဖြစ်ရပ်တွေကို သွားရောက်စုံစမ်းစစ်ဆေး‌ပေးဖို့ ကလီယာဘက်ခ်ရဲ့ ထိပ်သီးရှယ်ယာရှင်တစ်ယောက်က ဂျက်ဘီဂိုစီယန်ကို ငှားရမ်းလာတဲ့အခါ... ဆိုးယုတ်တဲ့အဖြစ်အပျက်တွေရဲ့ နောက်ကွယ်က ခါးသီးလှတဲ့အမှန်တရားကဘာလဲ? ဂျက်ဘီဂိုစီယန်ကရော အတားအဆီးတွေကြားကနေ အမှန်တရားကိုဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပါ File size…(2.2 GB)/(1.2 GB)/(640 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant ...
movie

A Dark Truth (2012)

Natural City (2003) 5.7
Natural City (2003) Natural City (2003)မဝေးတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ လူသားတွေဟာ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းဖို့အတွက် စက်ရုပ်တွေကို မှီခိုလာကြပါတယ်။ လူသားတွေနဲ့ စွမ်းဆောင်ရည်တူအောင် ထုတ်လုပ်ထားတဲ့ အဆိုပါ ဆိုင်ဘော့ စက်ရုပ်တွေဟာ သုံးနှစ်သာ သက်တမ်းရှိကြပြီး သက်တမ်းပြည့်တဲ့အခါ ဖျက်ဆီးစွန့်ပစ်ရုံကို ပို့ဆောင်ခံရမှာပါ။ဒါပေမဲ့ စမ်းသပ်ပေါင်းစည်းသူ ပညာရှင်တွေဟာ လူသားတွေနဲ့ ဆိုက်ဘော့စက်ရုပ်တွေရဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းနိုင်တဲ့ လုပ်ငန်းစဉ်ကို တီထွင်ခဲ့တဲ့အခါ တင်းကျပ်စွာ ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းမှာ အပျက်အစီးတွေ စတင်ဖြစ်ပေါ်လာပါတယ်။တိုက်ခိုက်ရေး ဆိုက်ဘော့တွေဟာ သူတို့ရဲ့ သုံးနှစ်တာသက်တမ်းကို ရှည်ကြာစေမယ်လို့ ယူဆရတဲ့ DNA နမူနာကို ရှာဖွေဖို့ ပင်မဓာတ်ခွဲခန်းကို ဝင်ရောက်စီးနင်းလာတဲ့အခါမှာတော့ ...အဆိုပါ ပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် ရဲအရာရှိတွေဖြစ်ကြတဲ့ R နဲ့ Noma တို့က ဘယ်လိုအခက်အခဲတွေကို ဖြတ်ကျော်ရမလဲ? အဆုံးသတ်မှာရော လူသားတွေနဲ့ ဆိုင်ဘော့ကြားမှာ ဘယ်သူက အနိုင်ရသွားနိုင်မလဲ?ဒီရုပ်ရှင်ဟာ Blade Runner နဲ့ ...
movie

Natural City (2003)

2003
The Devildom Elephant Man ( 2023 ) 5.9
The Devildom Elephant Man ( 2023 ) ရှင်းလော်(ယခင် ထိုင်းနိုင်ငံအခေါ်အဝေါ်)ဆိုတဲ့နိုင်ငံမှာ ရှင်းလော်ဆင်မျိုးနွယ်ဆိုတဲ့ ဒဏ္ဍာရီလာမျိုးနွယ်တစ်စုရှိပါသတဲ့။ မင်းသမီးစင်သီယာရဲ့ဖခင်ဖြစ်သူမျိုးနွယ်ခေါင်းဆောင်ဟာ ယဇ်ဆရာ"ဆာဖော့်ခွမ်း"ရဲ့ယုတ်မာသွေးဆောင်မှုကြောင့် အစီရင်လုပ်ထားတဲ့ဆေးတစ်မျိုးကို သောက်သုံးခဲ့ပါတယ် ၊ အဲ့နောက်ပိုင်းကစပြီး....ပုံပြင်ဟာအစပြုလေပါတော့တယ်...မင်းသမီး'စင်သီယာ'ဟာ ဖခင်ဖြစ်သူရဲ့အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားပါတော့တယ် ထိုစဉ်မှာ ယွင်ချင်ဘုရင်နဲ့လက်ဆက်ဖိုပိုလိုက်တဲ့ ရှင်းလော်ဆင်း မျိုးနွယ်မင်းသမီးစင်သီယာဟာ ‌ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ..."ဟုန်လူစုသတ်ဖြတ်မှု"ဆိုတဲ့ လူပေါင်းရာချီအသက်‌သေဆုံးခဲ့ရတဲ့အမှုမှာ မိသားစုဝင်ကိုဆုံးရှုးခဲ့ရတဲ့-"ဟုန်ရှီးကွမ်း" ရန်သူကို ကလဲ့စားချေဖိုလုပ်ရင်း အကျိုးတူအလဲလှယ်တစ်ခုကြောင့် စင်သီယာမင်းသမီးပျောက်ဆုံးမှုကို ဟုန်ရှီးကွမ်တစ်ယောက် ပါဝင်ရှာဖွေဖိုဖြစ်လာတဲ့အခါ...-မိမိကိုယ်တိုင်ပျောက်ဆုံးနေတဲ့မင်းသမီးလေးရော ဖခင်ဖြစ်သူရဲ့အမှုကို ရှင်းလင်းနိုင်ပါ့မလား -ဟုန်ရှီးကွမ်းလုပ်ခဲ့တဲ့အလဲအလှယ်ကရော ဘာများဖြစ်နေမလဲ -လမ်းသွယ်လေးနှစ်ခွဲကနေ နောက်ဆုံးမှာဘယ်လိုလမ်းဆုံးဆုံမှတ်ကို ရောက်သွားနိုင်မလဲ.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Clytie Encoded by LK
movie

The Devildom Elephant Man ( 2023 )

Hypnotic (2023) 5.5
Hypnotic (2023) Hypnotic (2023)ဒါရိုက်တာ Robert Rodriguez ရိုက်ကူးပြီး ဘန် အက်ဖလစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါ။ လှည့်ကွက်လေးတွေပါတဲ့ အက်ရှင် သရေလာ အမျိုးအစားပါပဲ။ ဘန်ဟာ ရွတ်ခ်ဆိုတဲ့ ရဲစုံထောက်တစ်ယောက်ပါ။ သူ့ရဲ့သမီးလေးကို တစ်နေ့မှာ လူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးလုံးဝ ပြန်ရှာမတွေ့တော့ပါဘူး။ သူ့ကိုပြန်ပေးဆွဲသွားတဲ့လူကလည်း သူ့သမီးရဲ့နေရာကိုလုံးဝမမှတ်မိဘူးဖြစ်နေပါတယ်။ အဲဒီအမှုကို လက်လျှော့လိုက်ရပြီး သူ အခြားအမှုတစ်ခုကိုလိုက်ရင်းနဲ့ လူတွေကို အိပ်မွေ့ချပြီး အမိန့်ပေးချင်ရာပေးနိုင်တဲ့အစွမ်းရှိသူတစ်ယောက်နဲ့ တွေ့သွားပါတော့တယ်။ အဲဒီလူက သူ့သမီးပျောက်ဆုံးမှုနဲ့ ထူးထူးခြားခြား ဆက်စပ်နေပြီး အဲဒီလူနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ...အညွန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 622MB | 305MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron
movie

Hypnotic (2023)

2023
A Most Violent Year (2014) 7
A Most Violent Year (2014) A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 923MB, 387MB, 240MB Quality  ...
movie

A Most Violent Year (2014)

2014
Windmill (2023)
Windmill (2023) Windmill (2023)စိတ်ဒဏ်ရာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်က သူခံစားခဲ့ရတဲ့အတိုင်း ပြန်ကျူးလွန်မိတတ်ကြသလား?အသစ်ထွက်ရှိထားတဲ့ Windmill 2023 ဇာတ်ကားမှာဆိုရင်တော့ ဖခင်ရဲ့နှိပ်စက်ဆိုးသွမ်းမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ ဂျောင်ဟွန်းဟာ သူ့ဖခင်လိုလူမျိုး ဘယ်တော့မှဖြစ်မလာစေရဘူးလို့ စိတ်ဆုံးဖြတ်ထားပြီး လက်ဝှေ့အားကစားသမားဖြစ်ဖို့ပဲ ကြိုးစားနေခဲ့သူတစ်ယောက်ပါဒါပေမဲ့ တစ်နေ့မှာတော့ ဒုက္ခရောက်နေတဲ့ကောင်မလေး ဆွန်းဟီကိုကယ်တင်ရင်း လူမိုက်အုပ်စုတစ်စုနဲ့ ပတ်သက်မိသွားခဲ့ပြီး သူ့ရဲ့အိပ်မက်ဖြစ်တဲ့ လက်ဝှေ့သမားဖြစ်ဖို့ကို စွန့်လွှတ်လိုက်ရပါတော့တယ်ဒါ့အပြင် အဘိုးဖြစ်သူရဲ့ရောဂါကြောင့် ဂျောင်ဟွန်းတစ်ယောက် ငွေအသည်းအသန်လိုအပ်လာချိန်မှာတော့ လူမိုက်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်ဖို့ဖြစ်လာတဲ့အခါ လူမိုက်မဖြစ်ရဘူးလို့ စိတ်ပိုင်းဖြတ်ထားခဲ့တဲ့ ဂျောင်ဟွန်းတစ်ယောက် တကယ်ပဲ အပြစ်ကင်းကင်းစင်စင်နဲ့ နေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူကိုယ်တိုင်မသိလိုက်ခင်မှာတင် သူ့အဖေလိုလူမျိုး ဖြစ်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးနော်အဓိကသရုပ်ဆောင်တွေအဖြစ် B1A4 အဖွဲ့ဝင်ဟောင်း Cha Sun-Woo နဲ့ Lovelyz အဖွဲ့ဝင်ဟောင်း Yoo Ji-Ae တို့က ပါဝင်ထားကြတာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size… ...
movie

Windmill (2023)

2023
Flame & Citron (2008) 7.2
Flame & Citron (2008) Flame & Citron (2008)ဒုတိယကမ္ဘာစစ်ကိုနောက်ခံထားပြီးတော့ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဗင့်နဲ့ ဂျော်ဂျန်က ဒတ်ချ်တော်လှန်ရေးအတွက် နာဇီပူးပေါင်းဆောင်ရွက်သူတွေကို ရှင်းပစ်ရတဲ့အလုပ်ကို တာဝန်ယူရတဲ့သူတွေပါ။သူတို့ရှင်းပစ်ရမယ့်သားကောင်တွေကို အက်ဆယ် ဝင်သာဆိုတဲ့မဟာမိတ်ခေါင်းဆောင်က သတ်မှတ်ပေးတာပါ။ဒါပေမဲ့ အချို့အကြောင်းအရင်းတွေကြောင့် ဝင်သာကို သူတို့သံသယရှိလာကြတဲ့အခါ အကြောင်းအရာတွေက ပိုရှုပ်ထွေးလာပါတယ်။ဒါ့အပြင် ဗင့်က ကတ်တီဆယ်မာဆိုတဲ့မိန်းကလေးတစ်ယောက်ကို သဘောကျမိသွားပေမဲ့ ကတ်တီကလည်းနိုင်ငံရေးအရှုပ်အရှင်းတွေမှာပါဝင်ပတ်သက်နေတဲ့သူဖြစ်နေပါတယ်။ဒီရှုပ်ထွေးမှုတွေအကုန်လုံးကို ဗင့်နဲ့ဂျော်ဂျန်တို့နှစ်ယောက် ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားစရာကြည့်ရှုရမယ့်ဇာတ်ကားပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 2GB, 767MB, 429MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration      ...
movie

Flame & Citron (2008)

2008
Qodrat (2022) 6.5
Qodrat (2022) Qodrat (2022)ဇာတ်ကားနာမည် ကွတ်ဒ်ရတ်က ပယောဂနှင်ပေးတဲ့ဆရာရဲ့နာမည်ပါ။ ကွတ်ဒ်ရတ်က အစ္စလာမ်ဘာသာဝင်ဆရာတစ်ယောက်ဖြစ်ပြီး ရှိုင်သာန် ဂျင်န် စတာတွေကိုနှင်ထုတ်ပေးသူဖြစ်ပါတယ်။ဒါကြောင့်ဇာတ်လမ်းအတွက်အခြေခံဖြစ်တဲ့ ရှိုင်သာန်ဂျင်န် အကြောင်းကိုအနည်းငယ်ပြောပရစေ။ အစ္စလာမ်ဘာသာအရ လူတွေကိုမဖန်ဆင်းခင်မှာ မျိုးနွယ်တစ်စုကိုမီးနဲ့ဖန်တီးခဲ့ပြီး သူတို့ကိုဂျင်န်တွေလို့ခေါ်ပါတယ်။ နောက်ပိုင်းမှာဂျင်န်တွေရဲ့ သောင်းကျန်းမနာခံမှုတွေကြောင့် သူတို့ကိုတောတောင်တွေဘက်မှာသာနေထိုင်ဖို့မောင်းထုတ်လိုက်ပါတယ်။ ဒါပေမဲ့ဂျင်န်အားလုံးကဆိုးတာမဟုတ်ပဲ ကောင်းတဲ့ဂျင်န်တွေလဲရှိပါတယ်။ ဂျင်န်ထဲကတစ်ယောက်ဖြစ်တဲ့ အေဗလိစ်ဆိုရင် အလ္လာ့အမိန့်ကိုနာခံလွန်းလို့ ကောင်းကင်ဘုံထိပါတက်ခွင့်ရထားတယ်။ ဒါပေမဲ့ အလ္လာက လူသားကိုဖန်ဆင်းအပြီးမှာ လူသားကိုဦးချဖို့ အေဗလိစ်ကိုစေခိုင်းတော့ အေဗလိစ်က လူသားဟာ သူ့ထက်နိမ့်ကျတယ်ဆိုတဲ့မာနထားပြီး အလ္လာ့အမိန့်ကိုဖီဆန်လိုက်တာကြောင့် ကောင်းကင်ဘုံကနေနှင်ထုတ်ခံလိုက်ရပါတယ်။ သူ့ကို ရှိုင်သာန်မိစ္ဆာလို့ခေါ်ပါတယ်။ ရှိုင်သာန်က လူသားတွေကို လမ်းမှားဆီနည်းမျိုးစုံနဲ့ခေါ်သွားမယ်လို့ အလ္လာ့ကိုကတိပေးခဲ့သလို အလ္လာကလဲသူ့ရဲ့ဖန်ဆင်းခံလူသားတွေ ဘယ်လောက်လမ်းမှားမှား သူတို့အပြစ်တွေကိုသိနားလည်ပြီးဝန်ချတောင်းပန်သရွေ့ခွင့်လွှတ်မယ်လို့ကတိပေးထားပါတယ်။ အခုနပြောတဲ့ ဂျင်န်တွေထဲကဆိုးတဲ့ဂျင်န်တွေကလဲ ဒီရှိုင်သာန်ရဲ့နောက်လိုက်အပေါင်းအပါတွေဖြစ်ပြီး လူသားတွေကိုနှောင့်ယှက်ကြတယ်ပေါ့။ဒီဇာတ်လမ်းမှာတော့ အာဆူအာလာဆိုတဲ့ဂျင်န်က ကွတ်ဒ်ရတ်ရဲ့သားလေးအလစ်ဖ်ကို ဝင်စီးပါတယ်။ ကွတ်ဒ်ရတ်ကလဲ ဒီဂျင်န်ကိုနှင်ပေမယ့် အာဆူအာလာကပိုစွမ်းအားကြီးနေပြီး ကွတ်ဒ်ရတ်သားလေးကိုလည်ပင်းချိုးသတ်ခဲ့ပါတယ်။ ကွတ်ဒ်ရတ်လဲ လက်လွတ်စပယ်မှုကြောင့်ထောင်ကျခဲ့ပါတယ်။ ထောင်ကလွတ်တော့ သူပညာဆည်းပူးခဲ့တဲ့ရွာလေးကိုပြန်သွားချိန်မှာ ရွာရဲ့အခြေအနေကတော်တော်ဆိုးနေပြီး ဂျင်န်ဝင်စီးခံရတဲ့သူတွေဆိုတာလဲအများကြီးပါ။ ကွတ်ဒ်ရတ်က ဒီဂျင်န်နှင်တာတွေကိုမလုပ်တော့ပေမယ့် သူ့သားလေးနဲ့နာမည်တူ အလစ်ဖ်ဆိုတဲ့ကလေးတစ်ယောက်လဲ ဂျင်န်ဝင်စီးခံရချိန်မှာတော့ ဒီကလေးကိုကုသပေးရင်း ရွာကဘာကြောင့်ဒီလိုတွေဖြစ်နေရလဲဆိုတာ မဖြစ်မနေအဖြေရှာရမယ့်အပြင် ရန်သူတော် အာဆူအာလာနဲ့လဲ ထပ်တွေ့ပြီးသူတို့အားပြိုင်မှုတွေကို ကြောက်ကြောက်နဲ့ပဲကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Qodrat (2022)

2022