Channel Myanmar

Action

Sabotage (2014) 5.7
Sabotage (2014) မင်းသားကြီးအာနိုးခေါင်းဆောင် အဖြစ်ပါဝင်ထားပြီးအရန်အဖြစ်လဲ avatar မင်းသား Sam Worthingtonအပါအဝင် အရန်အင်အားတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကားလေးပါမူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဘရစ်ချာနဲ့ အဖွဲ့ဟာ မူးယစ်ဂိုဏ်းတခုရဲ့ စခန်းကိုဝင်ရောက်စီးနင်းရင်း ဖမ်းဆီးမိတဲ့ ငွေပုံကြီးထဲကနေဒေါ်လာ ဆယ်သန်းကို ခိုးယူပြီးဖွက်ထားခဲ့ကြတယ်လူဆိုးတွေနဲ့ တိုက်ခိုက်အပြီး ငွေတွေပြန်သွားရှာရာမှာဒေါ်လာဆယ်သန်း ပျောက်ချင်းမလှပျောက်သွားတဲ့အပြင်တဖွဲ့လုံး ခိုးမှုနဲ့ အစစ်ခံရတော့ပါတယ်ခြောက်လကြာစစ်ဆေးပြီး မသင်္ကာစရာ မတွေ့၍ပြန်လည်တာဝန်ထမ်းဆောင်ကြရင်း အဖွဲ့ဝင်တွေ တယောက်ပြီးတယောက်ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်စစ်ဆေးရေးမှုးမလေးနဲ့ပူးပေါင်းပြီး တရားခံရှာကြရင်းသံသယရှိတဲ့ သူတွေ တွေ့လာရသလို အဖွဲ့ထဲမှာလဲတယောက်ပြီးတယောက် သေ‌နေတဲ့အတွက်ပြဿနာတွေတက်လာသည့်အပြင် ဘရစ်ချာရဲ့ဇနီးအသတ်ခံရတဲ့ အတိတ်တွေအပါအဝင် ပြဿနာပေါင်းစုံထဲကနေလူသတ်သမားကို ဘယ်လိုရှာကြမလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ် File size…   2.5 GB /  1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 49m Genre .....  Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Sabotage (2014)

2014
Deck the Halls (2011) 5.3
Deck the Halls (2011) ဒီတခါမိတ်ဆက်ပေးချင်တာကတော့ခရစ်စမတ်အငွေ့အသက်တွေနဲ့ Hallmark movies‌တွေထဲကမိသားစုကားကောင်းလေးတကားပါ။ရေဂန် ရိုင်လေဆိုတာက နာမည်ကြီး အလွတ်တန်းစုံထောက်မလေး။မိခင်ကလည်းနာမည်ကြီးစာရေးဆရာမ နိုရာ ရိုင်လေဖြစ်သလို ဖခင်ဖြစ်သူကလည်း အသုဘအိမ်လုပ်ငန်းရဲ့သူ‌ဌေးကြီး လုခ်ရိုင်လေ။ခရစ်စမတ်အချိန်အခါမှာ သူမရဲ့‌ နွေးထွေးလှတဲ့မိသားစုနဲ့အချိန်ဖြတ်သန်းဖို့အိမ်ကိုရောက်နေခဲ့ချိန်မှာပဲ သူမရဲ့ဖခင်ကပြန်ပေးဆွဲခံလိုက်ရပါတယ်။သူမအမေရဲ့ပရိတ်သတ်ဖြစ်တဲ့ အရမ်းစပ်စုသလောက် တော်လည်းတော်တဲ့အပျော်တမ်းစုံထောက် အယ်ဗိုင်ရာနဲ့အတူသူမရဲ့ဖခင်ဖြစ်သူကိုဘယ်လိုရှာဖွေကြမလဲ။ပြန်ပေးဆွဲသူကဘယ်သူလဲဘာကြောင့်လုပ်ရတာလဲ။သူ့အမှုကို ကူညီဖို့အယ်ဗိုင်ရာခေါ်လိုက်တဲ့စုံထောက်လေး ဂျက်ခ်နဲ့ရောဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲ။ဒီခရစ်စမတ်မှာ ဒီမိသားစုတွေအတူတကွပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာကိုဒီ Deck the halls ဆိုတဲ့ မိသားစုခရစ်စမတ်ကားလေးမှာ ရှုစားအားပေးကြပါဦးFile size…  1.3 GB /  640 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

Deck the Halls (2011)

2011
Fallen Angels (1995)
Fallen Angels (1995) IMDb - 7.6/10 , RT - 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို ...
movie

Fallen Angels (1995)

Detective Dee: The Four Heavenly Kings (2018) 6.4
Detective Dee: The Four Heavenly Kings (2018) Detective Dee: The Four Heavenly Kings (2018)IMDb Rating (6.4) / Rotten Tomatoes (60%)ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie

Detective Dee: The Four Heavenly Kings (2018)

2018
1080p HEVC
Detective Dee and the Mystery of the Phantom Flame (2010) 6.6
Detective Dee and the Mystery of the Phantom Flame (2010) Detective Dee and the Mystery of the Phantom Flame (2010)IMDb Rating (6.6) / Rotten Tomatoes (80%)စုံထောက် ဒီး ...တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ...
movie

Detective Dee and the Mystery of the Phantom Flame (2010)

2010
1080p HEVC
[18+] Sweet Sugar (1972) 5.2
[18+] Sweet Sugar (1972) Sweet Sugar (1972)Sweet Sugar ဟာ သူ့ရှေ့က မိန်းမထောင်ကားတွေလိုလို မိန်းမထောင်ကား ဆန်ဆန်ပါပဲ။ ဒီလိုကားတွေ အဲဒီကာလမှာ တော်တော်ခေတ်စားခဲ့တယ်ထင်ပါတယ်။ စကီလေး မတရား ထောင်ကျ။ ထောင်မှာ အလုပ်ကြမ်းလုပ်ရ။ နောက်မတရားမှုတွေနဲ့ ကြုံလာ လွတ်ဖို့ကြိုးစား ဒါမျိုးတွေပေါ့။ မတူတာကတော့ ဒီကားမှာ Sugar လို့ခေါ်တဲ့ ခပ်လန်းလန်း ကာရိုက်တာမလေး ပါဝာာပါပဲ။Sugar ဟာ တစ်ခါတလေ အေးစက်တယ်။ တစ်ခါတလေ နွေးထွေးတယ်။ တစ်ခါတလေ ချိုမြသလို တစ်ခါတလေ ခါးသက်တယ်။ တစ်ခါတလေ ခေါင်းပွတ်ခံရတာကြိုက်တဲ့ ခွေးကလေး။ တစ်ခါတလေ ဆတ်ဆတ်အထိမခံတဲ့ မြွေဟောက်မလေး။ ဒီလိုအဆိပ်ပြင်းပြီး ကြင်နာတတ်တဲ့ Sugar ရဲ့ Erotic ဇာတ်ကလေးမှာ နွေးထွေးကြမ်းတမ်းတဲ့ Sugar ရဲ့ အလှတရားတွေပါတာမို့ မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

[18+] Sweet Sugar (1972)

1972
Condor’s Nest (2023)
Condor’s Nest (2023) ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးဟာ ဂျာမနီကရန်သူ့စခန်းကို ဗုံးကြဲဖို့သွားရင်း လမ်းတစ်ဝက်မှာပျက်ကျသွားပါတယ် ပျက်ကျသွားတဲ့နေရာက မစွန့်ခွာနိုင်ခင်မှာ နာဇီတပ်ရင်းတစ်ရင်း သူတို့လေယာဥ်ကို တွေ့သွားပါတယ်။ အင်အားချင်းမမျှတာကြောင့် လေယာဥ်ပေါ်မှာပါလာတဲ့ အမေရိကန်တပ်သားတွေဘက်က လက်နက်ချလိုက်ရပါတယ် နာဇီဘက်က ဗိုလ်မှုးဖြစ်သူက အဲလူတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းသွားရမဲ့အစား နေရာမှာတင် ပစ်သတ်လိုက်ပေမဲ့ သူမသိလိုက်တာတစ်ခုက လေယာဥ်ပျက်ကျပြီးတော့ ရန်သူလာမလာစောင့်ကြည့်နေတဲ့ ကင်းစောင့်တစ်ယောက် ကျန်နေခဲ့တယ်ဆိုတာပါပဲ စစ်ပြီးလို့ ရာစုနှစ်တစ်ခုအကြာမှာတော့ အဲတုန်းက ကင်းစောင့်ရင်း အသက်ဘေးက လွတ်သွားတဲ့ စစ်သားဟောင်း Will ဟာ သူ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့သတ်သွားခဲ့တဲ့ နာဇီဗိုလ်မှုးကို လက်စားချေဖို့လုပ်ရင်း သူထင်ထားတာထက်ပိုရှုပ်ထွေးတဲ့လမ်းကို လျှောက်မိနေတဲ့အခါမှာတော့… File size…(1.7 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Condor’s Nest (2023)

Breakout (2023)
Breakout (2023) အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

Breakout (2023)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
The Park (2023)
The Park (2023) အသစ်ထွက်ရှိထားခဲ့တဲ့ The Park ကားဟာဆိုရင် ကပ်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးတွေမှန်သမျှဟာ ဆုံးပါးသွားခဲ့ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာ ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့အဓိက ဇာတ်ဆောင်၃ယောက်ဟာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်းနဲ့ သူတို့တွေရော ကပ်ရောဂါကနေရော လွတ်မလွတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Action Drama Horror Sci-Fi Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်အဆန်းလေးတွေကိုကြိုက်တတ်တဲ့လူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.7 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:17:00 Genre...Drama, Action, Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie

The Park (2023)

The Longest Nite (1998) 7.2
The Longest Nite (1998) The Longest Nite (1998) ================= IMDb Rating - 7.2/10Johnnie To ရိုက်တဲ့ Electionလို ဟောင်ကောင်ဂန်းကားတွေကို ကြိုက်တဲ့လူတွေအတွက် ဒီကားက ရွှေပဲ။ ဇာတ်အိမ်ကလည်း ထူး တယ်။ မကာအိုမှာ ဂိုဏ်း၂ဂိုဏ်းအပြိုင်ကြဲနေတယ်။ သူတို့အထက် က လူတစ်ယောက်က သူတို့ဂိုဏ်း၂ဂိုဏ်းကို ကစားဖို့လုပ်တယ်။ တိုနီလျောင်ရဲ့ကာရိုက်တာရဲမှူးက မကောင်းတဲ့ရဲဆိုတော့ တစ်ဂိုဏ်း ဘက်ကပါပြီး မကောင်းတာလုပ်သမျှကို ဖြေရှင်းပေးနေကျကောင်။ ဒီတော့ သူနဲ့ကြည်နေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဒီဂိုဏ်း၂ဂိုဏ်းကို ကစားနေတဲ့လူရဲ့ ကစားကွက်ထဲသူပါပါသွားတယ်။ဒီလိုနဲ့ သူ့ဘဝရဲ့အဆိုးဆုံးညဖြစ်လာရော။ အဲဒီညတစ်ညကို ရိုက်ပြ ထားတာ။ တစ်ညကိုပဲ ရိုက်ပြထားတယ်ဆိုပေမဲ့ သူ့နာမည်အတိုင်း အရှည်ဆုံးညပဲ။ ပြောရရင် ဂန်းကားပဲကြိုက်ကြိုက်၊ မှုခင်းကားပဲ ကြိုက်ကြိုက်၊ ဟောင်ကောင်ကားတွေပဲကြိုက်ကြိုက် ကြည့်ကို ကြည့်သင့်တဲ့ တကယ့်ကားကောင်းပဲ။ ကားကောင်းဆိုတာကို မပြော လည်းပိုသေချာနေတဲ့အချက်က ဒီကားဒါရိုက်တာနာမည်ခံက Patrick Yauပေမဲ့ တကယ်တမ်း ဒီကားတစ်ကားလုံး နီးပါးကို Johnnie To ရိုက်ခဲ့တာပါလို့ နောက်ပိုင်းမှာ ဒီကားရဲ့ဇာတ်ညွှန်းကို အဓိကပြန်ပြင်ခဲ့ တဲ့လူနဲ့ Johnnie Toနဲ့ ဒီကားကိုပူးတွဲထုတ်လုပ်ခဲ့တဲ့လူ Wai Ka-faiက ပြောခဲ့တယ်။သူလည်းခေတော့မခေဘူး။ Johnnie ...
movie

The Longest Nite (1998)

1998
Assassin Club (2023)
Assassin Club (2023) Assassin Club (2023)အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File ...
movie

Assassin Club (2023)

2023
Anecdotes Of The Yellow River ( 2023 ) 5.9
Anecdotes Of The Yellow River ( 2023 ) "ကူမုရွာ"ဟာ ရေကြီးမှုနှင့်တွေ့ကြုံနေရပြီး ဆည်မြောင်းရေသိုလှောင်ရေးဌာနက 'ထျန်ယိ'နဲ့ သူ့အပေါင်းပါ ရှန့်ယွမ်ဟန်'တိုဟာ ဌာနရဲ့စေခိုင်းမှုအရ ထိုရွာကို ပြဿနာဖြေရှင်းဖို့ သွားပါတော့တယ်။'ကူမု'ရွာနဲ့ဆက်စပ်စီးဆင်းနေတဲ့ မြစ်ဝါမြစ်မှာ သတိုသမီးရုပ်အလောင်းတွေဟာ မျောပါလာပြီး ဒေသခံရွာသူရွာသား‌တွေကတော့ ထိုဖြစ်စဉ်ဟာ မြစ်စောင့်နတ်၏အလိုမကျမှုကြောင့် ကပ်ဆိုးကျရောက်တယ်လို့ ထင်မှတ်ပြီး "မာစန်းလီ"ဆိုသူရဲ့ဦးဆောင်မှုနဲ့ ယဇ်ပူဇော်ပသလေ့ရှိပါတယ်။-ဒီတစ်ကြိမ် ယဇ်ပူဇော်ခံဟာ 'ထျန်ယိ'တိုရဲ့ အသိမိတ်ဆွေဟောင်း "ယွမ်ယင်း"ဖြစ်နေတဲ့အခါ... အဖြစ်မှန်ဟာ တကယ်တော့...'ချယ်ရုံ'နိုင်ငံရဲ့ဘုရင်မဟာ နိုင်ငံစစ်ဘေး‌ကျရောက်မည့် အရေးကိုကြိုမြင်ခဲ့တဲ့အတွက် တစ်တိုင်းပြည်လုံးက စစ်သည်တွေနဲ့ ရတနာတွေအားလုံးကို ‌ မြေအောက်မှာမြှုပ်နှံပြီး မိမိကိုယ်ကိုတိုင်းပြည်အတွက် စတေးခံကာ ရန်သူတွေကို ကျိန်စာတိုက်ပြီးသေဆုံးသွားခဲ့ပါတယ်။∆ထိုဘုရင်မရဲ့ဂူသင်္ချိုင်းဟာ 'မြစ်ဝါမြစ်က လူစားတယ်'ဆိုတဲ့ယုံတမ်းစကားတွေနဲ့ တကယ်ပဲဆက်နွှယ်နေမလား... ∆ဒဏ္ဍာရီရဲ့နောက်ကွယ်မှာ ဘယ်လိုရာဇဝင်တွေကို ချိတ်ပိတ်ထားသလဲ? ∆အဖြစ်မှန်ကိုဖော်ထုတ်ဖို ရေအောက်မှာရှိတဲ့ ဂူသင်္ချိုင်းကိုဆင်းသွားတဲ့ မာစန်းလီ၊ထျန်ယိနဲ့ အပေါင်းပါတွေကရော အန္တရာယ်ကင်းကင်း ဒဏ္ဍာရီကိုဖော်ထုတ်နိုင်မလား -သူတိုပါ ဒဏ္ဍာရီအဖြစ် ပျောက်ကွယ်သွားဦးလေမလား... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ...
movie

Anecdotes Of The Yellow River ( 2023 )

Viduthalai: Part I (2023) 8.5
Viduthalai: Part I (2023) Viduthalai Part I (2023)အသစ်ထွက်ရှိလာတဲ့ ဝါရင့်သရုပ်ဆောင် ဗီဂျေးစည်သူပတီ ပါ၀င်ထားတဲ့ တမီးလ်အက်ရှင်ကားလေးကိုတင်ဆက်လိုက်ပါတယ်... IMDb (8.5/10) နဲ့ Rotten Tomatoes (100%) ထိရရှိထားတာကြောင့် ရှယ်မိုက်တဲ့ တောင်ပိုင်းအက်ရှင်ကားတစ်ကားပါပဲ။ဇာတ်လမ်းကတော့...အိန္ဒိယတောင်ပိုင်းမှာ 1980 ခုနှစ်ကာလများဆီက စတင်ဖွဲ့စည်းခဲ့တဲ့ အစိုးရကိုဆန့်ကျင်တဲ့ တမီးလ်ပျောက်ကျားတပ်ဖွဲ့ တစ်ခုရှိခဲ့ပါတယ်၊အစိုးရက တမီးလ်ပြည်သူတွေကန့်ကွက်နေတဲ့ကြားက တောင်တန်းဒေသတစ်ခုမှာ မိုင်းတွင်းတူးဖို့ခွင့်ပြုမိန့်ပေးလိုက်ရာကနေ အဲ့ဒီဒေသမှာပဋိပက္ခတွေစတင်လာခဲ့ပြီး အခြေအနေတွေတင်းမာလာခဲ့တယ်။ဒါကို အစိုးရဘက်က မိုင်းတွင်းလုံခြုံရေးဆိုပြီး အထူးရဲတပ်ဖွဲ့တစ်ခုကိုပါ ထပ်မံအင်အားဖြည့်တင်းလိုက်ပေမယ့် ဒီအဖွဲ့ရဲ့မသမာမှုတွေကြောင့် ဒေသခံရွာသူရွာသားတွေနဲ့ပဋိပက္ခဟာ ပိုလို့သာဆိုးလာပါတော့တယ်။ ဒါကိုအစိုးရအနေနဲ့ပြေလည်အောင်မဖြေရှင်းနိုင်ဘဲ ရွာသားတွေနဲ့ပျောက်ကျားအဖွဲ့၀င်တွေကို ရှာဖွေဖမ်းဆီးဒဏ်ခတ်အရေးယူမှုတွေလုပ်လာတဲ့အခါမှာတော့....။ဇာတ်လမ်းဇာတ်ကွက်ကို စိတ်ကူးနဲ့ဖန်တီးထားပေမယ့် အဓိဇာတ်ကောင် ဗာသီယာကတော့ အပြင်မှာတကယ်ရှိခဲ့ဖူးတဲ့သူကို မှီငြမ်းပြီးရိုက်ကူးထားတာကြောင့် realistic ပိုဆန်တဲ့အရသာတွေကို ခံစားရမှာပါ။ File size…2.49GB / 1.12GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by BpL~Yunni~Sai~Nyein
movie

Viduthalai: Part I (2023)

2023
AKA(2023) 6.7
AKA(2023) AKA(2023)*********တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ actionကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားကောင်းပါပဲ။ ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ။ ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ။ အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့။ လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ....။ အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင်လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ... File Size :(1.9GB) and (636MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

AKA(2023)

Traffickers(2012) 7.0
Traffickers(2012) Traffickers(2012)****************ဒီတစ်ခါတော့ crime, thriller ပရိတ်သတ်ကြီးအတွက် 2012 ကထွက်ခဲ့တဲ့ ကိုရီးယားကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ကိုယ်တွင်းအင်္ဂါတွေမှောင်ခိုရောင်းဝယ်နေတဲ့ အဖွဲ့တစ်ဖွဲ့ဟာအဲ့ဒီအလုပ်ကိစ္စကြောင့် သင်္ဘောနဲ့တရုတ်ပြည်ကိုကူးမှာပါ...တစ်ဖက်မှာလည်း တရုတ်ပြည်ကို အပန်းဖြေခရီးထွက်လာတဲ့စုံတွဲရယ်...အဖေက အစားထိုးခွဲစိတ်မှုခံယူဖို့ တရုတ်ပြည်သွားမယ့် သားအဖရယ် ပါလာပါသေးတယ်... မှောက်ခိုအဖွဲ့ကရော သင်္ဘောပေါ်မှာ ဘယ်သူ့ဆီက ဘယ်လို အင်္ဂါအစိတ်အပိုင်းတွေထုတ်ယူမလဲ..ဟိုသားအဖနဲ့ စုံတွဲကရော ဒီကိစ္စနဲ့ဘယ်လိုတွေ ဆက်နွှယလာမလဲဆိုတာကတော့..... အကောင်းဆုံးAction , Crime ထဲ စာရင်းဝင်မို့ ဒေါင်းကြည့်ကြပါကုန်...File Size :(1.9GB) and (866MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:51:00 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Eric Encoded by Phyo Pyae
movie

Traffickers(2012)

Gurudev Hoysala (2023) 7.5
Gurudev Hoysala (2023) Gurudev Hoysala 2023 IMDb 7.6/10ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လက်ထောက်အင်စပက်တာပျောက်ဆုံးမှုကိုစုံစမ်းဖို့အတွက် ရှုံးပွဲမရှိ နိုင်ခဲ့တဲ့ ဂူရူဒေ့ဗ်ကို အသ်နီမြို့လေးဆီ အထက်ကစေလွှတ်ခဲ့တယ် ဒီမြို့မှာလည်း ရဲတွေကြောက်ရတဲ့တစ်ဖွဲ့ရှိနေပါတယ် သူတို့ကတော့ ရဲတွေကိုငွေနဲ့အုပ်ပြီး တရားမဝင်သဲတွေတူးဖော်နေကြတဲ့ သဲသူခိုး သဲမာဖီးယားအဖွဲ့ပေါ့ ဂူရူဒေ့ဗ်မြို့ကိုရောက်ရောက်ချင်းပဲ အဲဒီမြို့ကရဲစခန်းရဲ့သတင်းကိုတီဗီကတစ်ဆင့်မြင်ခဲ့ရတယ်အဲဒါကတော့ ရဲဌာနကလူတွေက နိုင်ငံရေးသမားတွေနဲ့ပူးပေါင်းပြီး အဲဒီသဲမာဖီးယားတွေကိုအလွတ်ပေးနေတာလို့ မီဒီယာကကြေညာနေတာပါ ဒီလိုနဲ့သူဒီကိစ္စထဲဝင်ပတ်သက်မိပြီး အကုန်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မာဖီးယားခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါ... သူရှာနေတဲ့ လက်ထောက်အင်စပက်တာကိုရော ရှာတွေ့နိုင်မလား ဒီမာဖီးယားတွေနဲ့ရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.18GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein Aye~BpL~Yunni~Cherry
movie

Gurudev Hoysala (2023)

2023
Pathu Thala (2023) 7.8
Pathu Thala (2023) Pathu Thala 2023 (IMDb 7.8/10)ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ်ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB  / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL
movie

Pathu Thala (2023)

2023
Ghosted (2023) 5.8
Ghosted (2023) Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie

Ghosted (2023)

2023
4K HEVC