Channel Myanmar

Action

The Perfect Storm (2000) 6.5
The Perfect Storm (2000) 2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူးသရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(2.83GBGB)  / (`1.54GB)  Quality…. Web 1080P / ...
movie

The Perfect Storm (2000)

Assassination Classroom(2015) 6.2
Assassination Classroom(2015) Assassination Classroom (2015) -------------------------------------------------------- Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ... File size…2.1GB / 1.2GB Quality…1080p BluRay   /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Assassination Classroom(2015)

Mary Kom (2014) 6.8
Mary Kom (2014) Mary Kom (2014)IMDb Rating (6.8) / Rotten Tomatoes (88%)အိန္ဒိယ မြန်မာနယ်စပ်ဘက်က ကမ္ဘာကျော် အမျိုးသမီးလက်ဝှေ့သမား တစ်ယောက်ရဲ့ တကယ့် ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းလေးဖြစ်ပြီးတော့ Bollywood ရဲ့နာမည်ကျော်မင်းသမီး ပရီရန်ကာချော်ပရာက သရုပ်ဆောင်ထားပါတယ်။ ချင်းပြည်နယ် နယ်စပ်တစ်ဖက်ခြမ်း အင်ဖာမြို့က Mary Kom လို့အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းက အိန္ဒိယ ရုပ်ရှင်လောကမှာတော့ တကယ် အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။India ရဲ့ အိုလံပစ် လက်ဝှေ့ကျော်ဖြစ်လာခဲ့တဲ့ မေရီကွန်းရဲ့ စိတ်ဓာတ်သန်မာမှု တွေ ဖြတ်သန်းရာဘဝတွေနဲ့ ကိုယ်ဖြစ်ချင်ရာ ပန်းတိုင်ကို ရောက်အောင် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပုံတွေ တင်ဆက်ထားပါတယ်။ဇာတ်လမ်းရဲ့အစမှာ အင်ဖာမြို့က မထင်မရှား ကျေးရွာလေးတစ်ရွာက မေရီဆိုတဲ့ ဆတ်ဆတ်ထိမခံ ကျောင်းသူ ကောင်မလေးနဲ့ စထားပါတယ်။ ကျောင်းက ယောက်ျားလေးတွေနဲ့ သူတင်ကိုတင် ထိုးကြိတ်ရန်ဖြစ်တတ်တဲ့ မေရီဟာ တစ်ရက်တော့ အဲဒီမြို့က ...
movie

Mary Kom (2014)

Detective Knight: Independence (2023) 4.3
Detective Knight: Independence (2023) Detective Knight: Independence (2023) ============================Detective Knight တွေရဲ့အဆက်ဖြစ်တဲ့ မင်းသားကြီး ဘရုစ်ဝိန်းရဲ့ ဇာတ်ကားလေးထပ်မံထွက်ရှိလာပါပြီ။ဇာတ်လမ်းလေးကတော့ဘရုစ်ဝိန်းကဥပေဒေဘက်တော် သားဖြစ်ပြီး ဘဏ်ဓားပြတိုက်မှုမှာ တရားခံကိုမလိုအပ်ပဲ ပစ်သတ်မှုကြောင့် အပြင်မှာ တာဝန်မထမ်းဆောင်ရမှာဘဲ၊ ရုံးတွင်းမှာပဲစာရွက်စာတမ်းကိစ္စတွေကိုလုပ်နေရတယ်ပေါ့။ တစ်နေ့မှာ ဆေးရုံကမှုခင်းစစ်ဆေးရေးမှုးရဲ့ ရဲဝတ်စုံရယ်၊ သေနတ်ရယ်၊ တံဆိပ်ရယ်အကုန်လုံးအခိုးခံလိုက်ရတယ်။ဒီအမှုကို အထက်အရာရှိက ဘရုစ်ဝိန်းကိုပဲဖြေရှင်းဖို့တာဝန် ပေးလိုက်ပါတယ်။ ခိုးသွားတဲ့သူက ရဲဝတ်စုံကိုအသုံးချပြီး မကောင်းတာတွေလုပ်နေတဲ့အခါမှတော့ ဘရုစ်ဝိန်းတစ်ယောက် ဘယ်လိုတွေဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေး ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.87 GB) / (670 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Tin Myo Lwin Encoder..........SWM
movie

Detective Knight: Independence (2023)

Detective Knight: Redemption (2022) 4.9
Detective Knight: Redemption (2022) Detective Knight: Redemption (2022) ===========================Detective Knight ရဲ့ Trilogy ထဲက Detective Knight : Redemption လေးတင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်လည်း နီးပြီဆိုတော့ Bruce Willis ခရစ္စမတ်မှာ ဘယ်လိုသောင်း ကြမ်းမလဲဆိုတာ ကြည့်လိုက်ပါတော့နော်။စုံထောက်နိုက် (Bruce Willis) ကတော့ Redemption မှာ တရား ရင်ဆိုင်ဖို့ ထောင်မှာစောင့်ဆိုင်းနေရတာပါ။ ထောင်ထဲမှာ ဖာသာ ကွန်လန်၊ ဆေးသမားကိုဒီရို့ဒ်နဲ့သိကျွမ်းခဲ့ပြီး လွတ်မြောက်ရေးတရား တွေ ဆွေးနွေးခဲ့ကြတာပေါ့။မကြာခင် နယူးယော့ခ်မှာ ဘဏ်ဓါးပြတိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတာကြောင့် ပြည်သူတွေလည်းကြောက်နေ ကြပါပြီ။ ရဲဌာနနဲ့မြို့တော်ဝန်လည်းခေါင်းကိုက်နေပြီမို့ အတွဲညီခဲ့တဲ့ စုံထောက်နိုက်နဲ့စုံထောက်ဖစ်တို့ကို အကူအညီတောင်းဖို့ ဖြစ်လာပါ တော့တယ်။ခရစ္စမတ်နေ့ကြီးမှာ ဆန်တာဝတ်စုံတွေဝတ်ပြီး ဘဏ်ဖောက်နေကြတဲ့ အရူးတစ်သိုက်ရဲ့ နောက်ကြောင်းနဲ့ စုံထောက်နိုက်ရဲ့ဖြေရှင်းပုံတွေကို ခပ်မိုက်မိုက်ရိုက်ပြထားတာမို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက် ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.0 GB) / (500 MB) / (280 MB) Quality............WEB-DL 1080p, 720p, 480p Duration.........1h ...
movie

Detective Knight: Redemption (2022)

Detective Knight: Rogue (2022) 3.8
Detective Knight: Rogue (2022) Detective Knight: Rogue (2022) ======================Halloween ရာသီမှာ ဇာတ်လမ်းတွေနဲ့ Chill ကြမယ့် ရုပ်ရှင်ပရိသတ်တွေ အတွက် မင်းသားကြီး Bruce Willis ရဲ့ စုံထောက်ရုပ်ရှင်အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။လော့အိန်ဂျယ်လိစ် မြို့မှာ ပိုက်ဆံတွေတင်လာတဲ့ ထရပ်ကားကို အဖွဲ့တစ်ဖွဲ့က ဓားပြဝင်တိုက်ပါ‌တော့တယ်။ စုံထောက် နိုက်တ်နဲ့ သူ့တွဲဖက် ဖစ်ဇ် တို့လည်း ဓားပြတွေကို ဖမ်းဆီးဖို့ ကြိုးစားရင်း၊ ဖစ်ဇ်တစ်ယောက် သေနတ်အပစ်ခံရပြီး အရေးပေါ်ကိုရောက်သွားပါတော့တယ်။နိုက်တ်လည်း အဆိုပါအဖွဲ့ကို လိုက်ဖမ်းဖို့ ရေကုန်ရေခမ်းကြိုးစားပါတော့တယ်။ သို့သော် ထိုအဖွဲ့က မြို့တွေ တစ်မြို့ပြီး တစ်မြို့သွားပြီး ဓားပြတိုက်နေသလို ခြေရာလက်ရာဖျောက်တဲ့နေရာမှာလည်း သေသပ်တာမို့ ဖမ်းလို့မမိဖြစ်နေပါ တော့တယ်။  နိုက်တ်လည်း ထိုအဖွဲ့ကို နယူးယော့ခ်မြို့မှာ ခြေရာခံမိရင်း အတိတ်က ပတ်သက်ခဲ့ဖူးတဲ့ သတင်းပေး ဝင်းနာ ဆိုတဲ့လူနဲ့ ပြန်လည်တွေ့ဆုံရာကနေ ဘယ်လိုမျိုး အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ နိုက်တ်အနေနဲ့ သရုပ်ဆောင်ထားတာကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Bruce Willis ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(1.68 ...
movie

Detective Knight: Rogue (2022)

Paul Blart: Mall Cop 2 (2015)
Paul Blart: Mall Cop 2 (2015) Paul Blart Mall Cop 1 ထုတ်လွှင့်အပြီး ၆နှစ်အကြာမှာ အပိုင်း(2) ထပ်မံထွက်ရှိခဲ့ပါတယ်...။ အပိုင်း (2)မှာလည်း... အပိုင်း (1)တုန်းကလိုပဲ ကုန်တိုက်လုံခြုံရေးပေါလ်ဘလတ်ရဲ့ စွန့်စားခန်းဟာသတွေကို တွေ့ရှိရမှာပါ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ကို "လုံခြုံရေးအရာရှိများအသင်းအဖွဲ့ကြီး"က ဗေးဂတ်စ်မြို့က "ဝင်န်ဟိုတယ်"မှာ ကုန်စည်ပြပွဲနဲ့ ဆုပေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ဝင်န်ဟိုတယ်ကို ပေါလ်နဲ့ ပေါလ်သမီး မာရာတို့ လာရောက်တည်းခိုရင်းနဲ့ ပန်းချီကားသူခိုးလူဆိုးအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ပထမအပိုင်းကလိုပဲ ပေါလ်အနေနဲ့ လူဆိုးအဖွဲ့ကို တစ်ယောက်ချင်းဖြုတ်ဖို့ ဖြစ်လာခဲ့တယ်။ ပေါလ်တစ်ယောက်ရဲ့ အလွဲတွေနဲ့စွန့်စားခန်းကို ဟာသနဲ့ actionရောနှောထားတဲ့ဇာတ်ကားတစ်ကားအနေနဲ့ ကြည့်ရှုရမှာပါ။ Paul Blart Mall Cop (1)ကို ကြည့်ရတာ သဘောကျရင် (2)ကို ဆက်ကြည့်လို့ရပါတယ်နော်...။ နှစ်ကားထွက်ပေမဲ့ ဇာတ်လမ်းချင်းအရမ်းမချိတ်ဆက်ထားတာကြောင့် တစ်ကားချင်းကြည့်လို့လည်းရပါတယ်။File size…(1.97GB)  / (`1.1GB) / (671.02MB) Quality…. Web 1080P ...
movie

Paul Blart: Mall Cop 2 (2015)

Paul Blart: Mall Cop(2009)
Paul Blart: Mall Cop(2009) ဒီ ဇာတ်လမ်းလေးကတော့ ခပ်ဝဝနဲ့ စိတ်ကောင်းရှိတဲ့ ကုန်တိုက်လုံခြုံရေး ပေါလ်ဘလတ် ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ။ Comedy, Actionအမျိုးအစားဖြစ်ပြီးတော့ မိသားစုနဲ့အတူတူကြည့်လို့ကောင်းမယ့် wholesomeဖြစ်တဲ့ ဇာတ်ကားမျိုးလေးလည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ဘလတ်က ဝက်စ်အောရိန့်ချ် ပါဗီလီယွန်ကုန်တိုက်ရဲ့ လုံခြုံရေးအစောင့်တစ်ယောက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ကြိုးစားနေပေမဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ရောဂါကြောင့် အိပ်မက်က အလှမ်းဝေးနေတယ်။ ပေါလ်ရဲ့ မိခင်နဲ့ ပေါလ်ရဲ့မိတဆိုးသမီးလေးမာရာကတော့ ပေါလ်ကို ဂရုစိုက်ရှာပါတယ်။ ပေါလ်ကို လက်တွဲဖော်လေးတစ်ယောက်လည်း ရစေချင်ကြတယ်။ ပေါလ်မှာလည်း သူလုံခြုံရေးစောင့်တဲ့ ကုန်တိုက်ထဲမှာ ချစ်ရတဲ့crushလေးရှိလာတယ်။ တစ်နေ့ ပေါလ်တို့ရဲ့ ကုန်တိုက်ကို အကြမ်းဖက် လူဆိုးအုပ်စုက ဓားပြတိုက်ဖို့ ဝင်ရောက်စီးနင်းကြတယ်။ အဲဒီအချိန်မှာ ဓားစာခံမိထားတဲ့crushလေးကိုကယ်လိုဇောနဲ့ ပေါလ်တစ်ယောက်က လူဆိုး၈ယောက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဆင့်ချင်း ဘယ်လိုဖြုတ်သွားမလဲဆိုတာကိုတော့ Paul Blart Mall Cop ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလို့ရပါပြီFile size…(1.7GB)  / ...
movie

Paul Blart: Mall Cop(2009)

Stealing Raden Saleh (2022) 7.5
Stealing Raden Saleh (2022) Stealing Raden Saleh (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ်။ လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ်။ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား? သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား? ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်လာပါတယ်။ အဲ့ဒီအပြင် IMDB မှာ rating 7.5 ရရှိထားပြီး အစကနေအဆုံးထိ ရိုးအီမသွားအောင်ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Stealing Raden Saleh (2022)

Chez Nous (2013) 6.5
Chez Nous (2013) Chez Nous (2013) ============= IMDb Rating - 6.5/10ဘားလေးတစ်ခုရှိတယ် Chez Nous တဲ့။ အဲဒီဘားမှာပဲ အသက် အရွယ်မတူ အလုပ်အကိုင်မတူ genderမတူ sexualityမတူတဲ့ လူခြောက်ယောက်စုမိကြတယ်။ Chez Nous ဆိုတဲ့နာမည်အတိုင်းပဲ အဲဒီဘားက သူတို့အတွက်အိမ်လိုကိုဖြစ်လို့ပေါ့။တစ်နေ့မှာ ခြောက်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ဘားပိုင်ရှင် အက်ဂျယ်က ကျန်းမာရေးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အပြင် သူတို့ရဲ့ဆိုင်က ဒေဝါလီခံရတော့မယ်ဆိုတာ ကျန်တဲ့ငါးယောက်က သိသွားကြလေရော။ ဆိုင်ကိုပြန်ဝယ်ဖို့ ပိုက်ဆံမရှိကြတဲ့ ငါးယောက် သားဟာ ကြံကြံစည်စည် ပြတိုက်က စိန်လည်ဆွဲကို ခိုးဖို့လုပ်ကြပါ တော့တယ်။စွန့်စွန့်စားစား ခိုးတဲ့ကားဆိုပေမဲ့ comedyဖြစ်နေတော့ သည်းထိတ် ရင်ဖိုဖြစ်မနေဘဲ ရယ်ရမှာပါ။ ဇာတ်ကွက်တချို့ကို အမ်စတာဒမ်ရဲ့ နာမည်ကြီး Gay Pride ပွဲတော် 2012 Canal Parade အတွင်းမှာ ရိုက်ထားတာဖြစ်တဲ့အတွက် ပွဲတော်ကျင်းပနေပုံတွေကိုလည်း ပျော် ပျော်ကြီး ကြည့်ရမှာပါ။ ဒါပေမဲ့အက်ဂျယ်ကလွဲလို့ ကျန်တဲ့ငါးယောက်မှာ အဖြောင့်နေနေ အကွေးနေနေ အတွဲကိုယ်စီတွေနဲ့ ဖြစ်တဲ့အတွက် FAသမားတွေကြည့်မိရင် ရည်းစားလိုချင်သွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.93 GB) / (828 MB) ...
movie

Chez Nous (2013)

Dhamaka (2022) 8.3
Dhamaka (2022) Dhamaka (2022)IMDb-8.1/10ရုံတင်ငွေသန်း ၆၀ တောင်အမြတ်ရထားတဲ့ ဟာသအက်ရှင်အရောလေးနဲ့ ညိုကီတို့လည်း Are we dating the same girl? ဂရုဖွဲ့ဖို့လိုနေကြောင်းပြထားတဲ့ကားလေးပါ2022 ခုနှစ်ထွက် အောင်မြင်ပြီးလူကြိုက်များခဲ့တဲ့ တေလဂူးစကားပြော တောင်ပိုင်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကြီး Ravi Teja ကနှစ်ကိုယ်ခွဲအဖြစ်သရုပ်ဆောင်ထားပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်ရှင်အာနန့်ဒ်နဲ့ မကြာခင်ကမှ အလုပ်ပြုတ်ထားတဲ့ ဂျစ်ကန်ကန်ကောင်ဆိုးလေး ဆွာမီ၊ ရုပ်ချင်းဆင်ပြီး ကံကြမ္မာချင်းမတူကြတဲ့ ဆွာမီ နဲ့ အာနန့်ဒ်တို့ဟာ မတူညီကြတဲ့ပြဿနာတွေကိုဖြေရှင်းရင်ဆိုင်ရင်း တစ်နေ့မှာတော့ ထိပ်တိုက်ရင်ဆိုင်ကြဖို့ အကြောင်းဖန်လာပါတော့တယ်။တစ်ဖက်မှာလည်း ပရာနာဗီဆိုတဲ့ မိန်းမလှလေးက ရုပ်ချင်းဆင်နေတဲ့ လူနှစ်ယောက်ကိုမှ မထင်မှတ်ဘဲချစ်မိနေပြီး နှစ်ယောက်ကြားမှာ ရွေးချယ်ရခက်နေတဲ့သူလေးပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ အာနန့်ဒ်တစ်ယောက်ကုမ္ဗဏီရဲ့ စီးအီအို ဖြစ်လာမယ့်အချိန်မှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေက သူတို့တွေရဲ့ဘ၀ကို‌ တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့ပါတယ်။ သီချင်းတွေကလည်းမြူးကြွတယ် အားတက်စေတယ်၊ စကားပြောခန်းတွေက ပညာသားပါတယ် ဆိုတော့ ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ File size…3.1GB / 1.4GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ ...
movie

Dhamaka (2022)

Mission Majnu(2023) 9.3
Mission Majnu(2023) Mission Majnu (2023) Action, Drama, History IMDb 9.3/10 (5.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်ကားလေးမှာတော့ မင်းသားချောလေး ဆဒ်ဒါသ်မလိုသရားနဲ့ အားလုံးရဲ့အသည်းစွဲမင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားက အဓိကပါဝင်သရုပ်ဆောင်ပေးထားပြီး Netflix မှ Streaming လုပ်လာတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း အမေရိကန်ဟာ ဂျပန်ကို အဏုမြူဗုံးကြဲချလိုက်ပြီးနောက် စစ်ပွဲကာလကြီး ပြီးဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာပေါ်မှာ သူ့ထက်ငါအပြိုင် နျူးကလီးယားဗုံးတီထွင်ဖို့ လုပ်လာကြပါတယ်။ဒီထဲမှာမှ အရှေ့တောင်အာရှတိုက်အတွင်း အိန္ဒိယနိုင်ငံဟာ ၁၉၇၄ခုနှစ် မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ နျူးကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဟာလည်း အလားတူ နျူးကလီးယားဗုံးမျိုးကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ အိန္ဒိယနိုင်ငံဟာ တရားမဝင် စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဝန်းရှုတ်ချခိုင်းနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ တစ်ဖက်မှာလည်း ကမ္ဘာကြီးမသိအောင် နျူးကလီးယားအစိတ်အပိုင်းတွေကိုမှောင်ခိုတင်သွင်းနေပါတော့တယ်။ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဟာလည်း ပါကစ္စတန်နိုင်ငံထဲ သူလျှိုတွေလွှတ်ပြီး ဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးရပါတော့မယ်။ကဲ ဆက်လက်ပြီး ဒီစစ်ဆင်ရေးကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြတော့နော်...။ File size…1.69GB / 847MB Quality…1080p NF ...
movie

Mission Majnu(2023)

The One Hundred (2022)
The One Hundred (2022) The One Hundred (2022)"The One Hundred " ဆိုတဲ့ဇာတ်ကားလေးကတော့ ၂၀၂၂ မှထွက်ရှိထားတဲ့ ထူးခြားဆန်းကြယ်ထိုင်းကားလေးပဲဖြစ်ပါတယ်မင်းသမီး ဖိန်းက YouTuber တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားခရီးအပြန် ဟိုတယ်တစ်ခုမှာ ကွာရန်တင်း ၁၄ ရက်ဝင်ရတာနဲ့အစပြုထားပါတယ်ဒီကားလေးကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားဆဲ ၂၀၂၀ ခုနှစ် ဝန်းကျင်ပုံစံကို ရိုက်ကူးထားတာပါတစ်နေ့မှာတော့ သူနာပြုမလေး မေ ဟာ သူ့အမေလှမ်းခေါ်တာနဲ့ ဂျူတီကို သူ့ရဲ့လက်အောက်က သင်တန်းသူလေး ကတ် ကို အစားပေးထားခဲ့ရပါတယ် ဒါပေမဲ့ ကတ်ဟာ သာမန်မဟုတ်ဘဲ အကြီးဆုံးကင်းခြေများ ဝင်ပူးခံထားရပြီးမကောင်းဆိုးဝါးဖြစ်နေခဲ့တာပါမင်းသားဖြစ်သူ လီအိုကတော့ တိုက်ကွမ်ဒိုကစားသမားတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာရှိနေတဲ့သူပါ မကောင်းဆိုးဝါးဖြစ်နေတဲ့ကတ်ဟာ ဟိုတယ်မှာ တည်းခိုသူတွေ ဝန်ထမ်းတွေကို ဒုက္ခပေးသတ်ဖြတ်လာပါတော့တယ်ဒါပေမဲ့ မြင်လိုက်တဲ့သူက ဖိန်းနဲ့ လာအိုအပြင် မရှိပါဘူး ဘယ်သူကမှ သူတို့ပြောတာကို မယုံခဲ့ကြပေမယ့် အခြေအနေတွေက ပိုပြီးဆိုးလာတဲ့အခါ ...Horror Vibe နဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့်ကားလေးမို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါရစေရှင့်အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin နဲ့ ...
movie

The One Hundred (2022)

Fist of Fury: Soul ( 2021 ) 6.1
Fist of Fury: Soul ( 2021 ) ဝူလင်အဖွဲ့အစည်းမှာ ရွှယ်မုံ့လုံကြောင့် သူရဲကောင်းတွေ အများကြီးဆုံးရှူံးခဲ့ရတယ်။ ကျင်းဝူခေါင်းဆောင် ဟော်ချန်ခုံးလည်း တိုက်ပွဲကနေ စွမ်းအားတစ်ဝက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဟော်က သူ့ရဲ့စွမ်းအားကို လျို့ကျင်းဆီကို လွှဲပြောင်းပေးပြီး အမြစ်ဖြတ်သုတ်သင်မှုကနေ ကာကွယ်ပေးခဲ့တယ်၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ လျို့ကျင်းက အရည်အချင်းရှိပြီးတော့ ဟော်ကျားချွမ်က ဆရာ့ဆီကနေ ကွန်ဖူးသင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရှုံးနိမ့်ကိုလည်း ထွက်သွားရပြန်တယ်။လမ်းမှာ ထန်းပိုင်ပိုင်ဆိုတဲ့လူနဲ့တွေ့ပြီးတော့ ဆရာရှာဖို့အတွက် ဟေးယွီဟွေ့ဂိုဏ်းထဲကို ရောက်လာပြီး ရွှယ်မုံ့လုံနဲ့တွေ့ဆုံခဲ့တယ် လျို့ကျင်းကိုရှာနေတဲ့ရွှယ်မုံ့လုံနဲ့ အဖေကိုသတ်သွားတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုဖို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်နော် [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Fist of Fury: Soul ( 2021 )

Ruben Brandt, Collector(2018) 7.2
Ruben Brandt, Collector(2018) Ruben Brandt, Collector(2018)****************************သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ...File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

Ruben Brandt, Collector(2018)

Army Soul of Han Dynasty ( 2022 ) 6
Army Soul of Han Dynasty ( 2022 ) ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Army Soul of Han Dynasty ( 2022 )

Kaapa (2022) 6.9
Kaapa (2022) Kaapa (2022)IMDb 7/10 ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni
movie

Kaapa (2022)

JUNG_E (2023)
JUNG_E (2023) JUNG_E (2023)၂၂ ရာစုအရောက်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကြီးမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။ ဒီအတွက်လည်း အာကာသဟင်းလင်ပြင်မှာ လူနေအာကာသစခန်းတွေ ဆောက်လုပ်ပြီး အသက်ဆက်ခဲ့ကြရပါတယ်။ တစ်နေ့မှာတော့ ဒီအာကာသစခန်းမှာနေထိုင်ကြတဲ့ လူသားတွေ အချင်းချင်း ကတောက်ကဆဖြစ်ရာကနေ စစ်ပွဲကြီးဆီကိုပါ ဦးတည်လာပါတော့တယ်။ဂျောင်အီ ဆိုတာကတော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့မှူးပါ။ ကံမကောင်းစွာပဲ သူဟာ ဦးနှောက်ပုံတူပွားခြင်း သုတေသနတစ်ခုမှာ စမ်းသပ်ခံတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒီသုတေသနသာအောင်မြင်ရင် စစ်ပွဲကြီးကို အနိုင်နဲ့ ပိုင်းနိုင်မှာဖြစ်တဲ့အတွက် သုတေသနမှူးတွေဖြစ်တဲ့ ဆောဟျွန်း နဲ့ ဆန်းဟွန်းတို့ကလည်း အစွမ်းကုန် ကြိုးစားအားထုတ်ကြတယ်။ဒီလိုနဲ့ ဦးနှောက်ပုံတူပွားခြင်း နဲ့ တိုက်ခိုက်ရေးစွမ်းရည်မြင့်တဲ့ AI စက်ရုပ် တီထွင်ဖို့ အထိပါ ကြိုးစားလာကြတဲ့အခါ ...သုတေသနမှူးတွေရဲ့ ကြိုးစားအားထုတ်မှုက တကယ်ပဲ အောင်မြင်လာမှာလား? ကံမကောင်းအကြောင်းမလှစွာနဲ့ စမ်းသပ်ခံဖြစ်သွားရရှာတဲ့ တပ်ဖွဲ့မှူး ဂျောင်အီတစ်ယောက်ကော စမ်းသပ်ခံဘဝကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလား? စစ်ပွဲကြီးကကော ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာတွေကိုတော့ ...
movie

JUNG_E (2023)

The Price We Pay (2022) 5.1
The Price We Pay (2022) The Price We Pay (2022)"အဖိုးအခတော့ ပေးရလိမ့်မယ်" ဒီစကားဟာ လောကနိယာမအရ ဘယ်နေရာမှာမဆို အကျုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် တန်ပြန်သက်ရောက်မှုရဲ့ အကျိုးရလဒ်ကို လူသားတိုင်း ခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကလည်း ဒီသဘောကို သရုပ်ဖော်ထားတဲ့ Horror ကားလေးပါ။ဇာတ်လမ်းအကျဉ်း ...ဂရေ့စ် တစ်ယောက် အကြွေးတွေမဆပ်နိုင်လို့ ရှိတာလေးထုချေပြီး အကြွေးဆပ်ဖို့ အပေါင်ဆိုင်ကို ရောက်‌နေချိန်မှာ ဓါးပြတိုက်မှုနဲ့ ကြုံရပြီး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။ဒီလိုနဲ့ ဓားပြသုံးယောက်နဲ့အတူ သူမ‌ စီးလာတဲ့ကားဟာ လယ်တော တစ်ခုအနီးမှာ ပျက်သွားတဲ့အခါ ...ညကြီးမင်းကြီးဆိုတော့ အနီးအနားလူနေအိမ်တစ်ခုကို ရအောင်ရှာပြီး အကူအညီတောင်းဖို့ ကြိုးစားကြရပါတယ်။ သို့ပေမဲ့ ...အဲ့ဒီအိမ်က ဘယ်သူတွေနေတာလဲ? ဘာတွေလုပ်ကြတာလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 1.2GB, 452MB, ...
movie

The Price We Pay (2022)