Channel Myanmar

Action

Robin Hood: Prince of Thieves (1991) 6.9
Robin Hood: Prince of Thieves (1991) Robin Hood Prince of Thieves (1991)============================= ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်းအဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီးတွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ဒါပေမဲ့သူပြန်‌ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူးအလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိအိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေလွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်‌တွေကိုစတင်‌ နှောင့်ယှက်ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရောဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုRobin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Robin Hood: Prince of Thieves (1991)

Absolute Power (1997) 6.7
Absolute Power (1997) အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသား‌ေနရာက‌ေန ပါဝင်သရုပ်‌ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ကလင့်အိစ်ဝုဒ်သရုပ်‌ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ‌ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူ‌ေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သ‌ရုပ်ဆောင်ထားကြပါတယ်။1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။File size…(2.02GBGB)  / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre...  Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Absolute Power (1997)

The Quest (1996) 5.6
The Quest (1996) အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် …မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

The Quest (1996)

The Horde (2009) 5.9
The Horde (2009) La Horde (2009) =============== ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိထားတဲ့ ပြင်သစ်ဇွန်ဘီကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ရဲတပ်ဖွဲ့ရဲ့ အဖွဲ့၀င်တစ်ယောက်ဟာ ဂန်းစတားတစ်ယောက်သတ်တာကိုခံလိုက်ရပြီးတဲ့နောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာသူ့အတွက် လက်စားပြန်ချေဖို့ ကြိုးစားကြပါတော့တယ်။သူတို့ဟာ ဂန်းစတားနေတဲ့ မြို့အပြင်က စွန့်ပစ်ထားတဲ့ တိုက်ဆီကိုရောက်ပြီးမကြာခင်မှာပဲဇွန်ဘီတွေကလည်း သူတို့ဆီကို ရောက်လာကြပါတော့တယ်။ဒီလိုနဲ့ ရဲတွေရယ်၊ ဂန်းစတားအဖွဲ့ရယ်၊ ဇွန်ဘီတို့ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကိုစိတ်၀င်စားစရာကောင်းအောင်၊ အသည်းယားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် ဇွန်ဘီကားသဘောကျသူတွေ ကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်။ File size…1.31GB / 538MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ..... Action / Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Horde (2009)

Devotion (2023) 7
Devotion (2023) Devotion (2023)ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။ Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။ စစ်ကားကောင်းတွေကလည်း ထွက်ဖို့ရှားတတ်ပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေကလည်း ရိုက်စရာဇာတ်လမ်းကုန်နေပြီမို့ အက်မင်ဆိုတတိယကမ္ဘာစစ်တောင် မျှော်နေပါပြီ။ ဒီစစ်ကားကတော့ ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက်ကိုရီးယားနယ်စပ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တဲ့အမေရိကန်ရေတပ်လေယာဉ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။ သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာ တစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်းပါဝင်ပါတယ်။ သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။ သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက်ကိုရီးယားနယ်စပ်မှာဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီးလေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, War Quality…. 1080p | 720p | 480p File size…2.1GB | 1GB | 491MB Format… mp4 Duration…. 2h 19min Subtitle…. Myanmar Subtitle ...
movie

Devotion (2023)

2023
Dungeons & Dragons: The Book of Vile Darkness (2012)
Dungeons & Dragons: The Book of Vile Darkness (2012) Dungeons & Dragons : The Book of Vile Darkness (2012)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy ...
movie

Dungeons & Dragons: The Book of Vile Darkness (2012)

2012
Dungeons & Dragons: Wrath of the Dragon God (2005)
Dungeons & Dragons: Wrath of the Dragon God (2005) Dungeons & Dragons: Wrath of the Dragon God (2005)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ...
movie

Dungeons & Dragons: Wrath of the Dragon God (2005)

2005
Dungeons & Dragons (2000)
Dungeons & Dragons (2000) Dungeons & Dragons (2000)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။~ ဇာတ်လမ်းအကျဉ်း ...
movie

Dungeons & Dragons (2000)

2000
Bol Bachchan(2012) 5.3
Bol Bachchan(2012) Bol Bachchan (2012) Action, Comedy IMDb 5.6/10 (9.3K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး မင်းသားကြီးအဂျေးနဲ့ အဘီရှိခ်ဘဂျမ်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဘတ်ဂျက် ရူပီ ကုဋေ ၅၀ (ကန်ဒေါ်လာ ၆.၃သန်း) မှာ ကုဋေ ၁၆၅ (ကန်ဒေါ်လာ ၂၁သန်း) အထိ ပြန်လည်ရရှိခဲ့ပြီး ဒီကားထဲမှာ အဘီရှိခ်ဘဂျမ်းဟာ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု အကောင်းဆုံး ဟာသသရုပ်ဆောင်ဆု စတဲ့ဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်...။အဗာစ်က အမွေဆိုင်အိမ်ကြီးကို အမှုရှုံးသွားပြီးတဲ့နောက် ဘဝပျက်သွားခဲ့တယ်။ ကြံရာမရတဲ့အဆုံး ညီမဖြစ်သူ ဆာနီယားနဲ့အတူ ရနခ်ပူးဆိုတဲ့ ရွာလေးမှာ အခြေချဖု့ိထွက်လာခဲ့ပါတယ်။အဲ့ဒီရွာမှာ ပရစ်ထဗီရာဂျ်ဆိုတဲ့ ဩဇာအာဏာအရှိဆုံးလူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ ရိုးတယ် တုံးတယ်ပေါ့။သူမကြိုက်ဆုံးအချက်က လိမ်တာပါပဲ။ တစ်ခါက သူ့ကိုလိမ်ခဲ့ဖူးတဲ့ သူ့အလုပ်သမားတစ်ယောက်ကို ရိုက်လိုက်တာ တော်ရုံနဲ့ ဆေးရုံကနေ မဆင်းနိုင်တော့ပါဘူး။အဲ့ဒီမှာပဲ အဗာစ်ဟာ မလွဲသာမရှောင်သာနဲ့ ပရစ်ထဗီဆီမှာ အလုပ်ရသွားပြီး တစ်လိမ်ပေါ် နှစ်လိမ်ဆင့် အလိမ်ချင်းထပ်လာတဲ့အခါမှာတော့ ဇာတ်ကားလေး ဘယ်လိုကြည့်ကောင်းလာမလဲဆိုတာကို ဆက်လက်ရှုစားပေးပါဦးနော်။ File size…4.17GB / 1.7GB Quality…1080p BluRay Remux /720p Format…mp4 Duration….2h ...
movie

Bol Bachchan(2012)

2012
Deep Impact (1998) 6.2
Deep Impact (1998) Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။File size…(1.91GB)  / (`1016MB) / (614MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama / Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Deep Impact (1998)

Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie

Minority Report (2002)

2002
Flyboys(2006) 6.7
Flyboys(2006) Flyboys(2006)*************ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်‌ကိုပြန်ရိုက်ကူးထားတာပါ။ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါ‌သေးတော့ စစ်တိုက်ချင်တဲ့၊‌ လေယာဉ်မောင်းချင်တဲ့အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။ အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။ လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။ မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်းအရက်တွေပဲသောက် ‌နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကိုကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာ‌တွေကိုတဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။File Size :(2.7GB) (1.1 GB) and (335MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:20:00 Genre : Action, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Flyboys(2006)

Thousand Faces of Qi Men ( 2023 ) 6
Thousand Faces of Qi Men ( 2023 ) ကောင်းကင်ဘုံ ဧကရာဇ်မင်းတို့ အုပ်စိုးချိန်အချိန်ကာလ ဂျပန်နိုင်ငံမှ မင်းဆရာ အမတ်ချုပ်တွေဟာ မှော်စွမ်းအားတွေနဲ့ ဧကရာဇ်မင်းကိုလှည့်စားခဲ့ကြပါတယ်။ ဧကရာဇ်အရှင်ကို နှစ်ပေါင်းများစွာတိုင်အောင် ချိတ်ပိတ်ထားတဲ့ မိစ္ဆာအရှင်ကိုလွှတ်ပေးဖို့ ဖိအားတွေ အကြိမ်ကြိမ်ပေးပြီး လောကကြီးကို ဘေးဥပါဒ်ဖြစ်စေခဲ့ပါတယ်။ဒီဘေးဥပါဒ်တွေကို ကာကွယ်ဖို့ ကြိုးစားနေသူကတော့ ဆရာကြီး တုန်းကော်လျောင်ပါ။ တစ်နေ့မှာတော့ ဆရာကြီးတုန်းကော်လျောင်ဟာ စျေးထဲမှာလှည့်လည်သွားလာနေခဲ့ပြီး ထူးဆန်းလှတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လျိုဇီမော့နဲ့တွေ့ဆုံခဲ့ပါတယ် ။ ထူးဆန်းလှတဲ့ အရည်းအချင်းတွေကြောင့် လျိုဇီမော့ကို တပည့်အဖြစ် ခံယူပေးခဲ့ပါတော့တယ်။ ဂျပန်လူမျိုးတွေရဲ့ ယုတ်မာမှုတွေတင်းကျပ်လာတာနဲ့အမျှ တပည့်ဖြစ်သူ လျိုဇီမော့ကိုကာကွယ်ဖို့ ဆရာကြီးဟာ အသက်ပေးသွားခဲ့ရတဲ့အခါ...?❏ ဆရာကြီးပေးအပ်ခဲ့တဲ့ တာဝန်တွေကို လျိုဇီမော့တစ်ယောက် ထမ်းဆောင်နိုင်ပါ့မလား? ❏ ဂျပန်မကောင်းဆိုးဝါးတွေကိုရော သူဘယ်လိုနှိမ်နှင်းမလဲ? ❏ လောကကြီးအတွက်ရော အေးချမ်းမှုတွေ ယူဆောင်လာပေးမလား?ဆိုတာ ကြည့်ရှုလိုက်ကြရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres :  Action , Romance , Fantasy Runtime : 1h 25 min Subtitle : Myanmar ...
movie

Thousand Faces of Qi Men ( 2023 )

The Lost Hero Of Ayodhya (2022)
The Lost Hero Of Ayodhya (2022) The Lost Hero of Ayodhya (2022)ဒီတစ်ခါတော့ ထိုင်းလူရွှင်တော်ပေါင်းများစွာပါဝင်ထားတဲ့ “The lost hero of Ayodhya” ရုပ်ရှင်ဟာသကားတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျားဇာတ်လမ်းအကျဉ်းယယ်ဆိုတဲဲ့တိုင်းရင်းဆေးသမားတော်လေးဟာ အရမ်းရိုးသားဖြူစင်ခဲ့တာပေါ့ သူဟာ သူ့မိန်းမနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး လူနာတွေကိုအလကားကုသပေးရင်းနေထိုင်ခဲ့ပါတယ်လုန်ထလောက်ဆိုတဲ့လူကတော့ လူယုတ်မာကြီးပေါ့ သူက သမားတော်ယယ်ရဲ့မိန်းမကိုလိုချင်နေတာနဲ့ အကြောင်းအမျိုးမျိုးဖန်ပြီး ယယ်ကိုဝေးဝေးသွားအောင်လုပ်ဖို့ ကြံစည်ခဲ့ပါတယ်တစ်နေ့မှာ လူယုတ်မာလုန်ထလောက်က သမားတော်ယယ်ကို ဗမာစစ်သူကြီးနေမျိုးဆိုတဲ့လူရဲ့ခေါင်းကိုသွားဖြတ်ခိုင်းခဲ့ပါတယ် ဖြတ်နိုင်ပြီး သူ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ရင် အကြွေးတင်နေတာတွေကိုကျေပေးမယ့်အပြင် ဆုငွေပါချပေးဦးမယ်ဆိုပြီး သူ့ကိုမြူဆွယ်ခဲ့ပါတယ်ယယ်လည်း အကြွေးကျေချင်ပြီး သူ့မိန်းမကိုရင်းနှီးမြုပ်နှံငွေရှိစေချင်တာနဲ့ ဒီအပေးအယူကိုလက်ခံခဲ့ပါတယ်သမားတော်ယယ် ဒီသဘောတူညီမှုလက်ခံခဲ့ပြီးနောက် စစ်သူကြီးနေမျိုးရဲ့ခေါင်းကိုမပုပ်မသိုးစေဘဲယူလာနိုင်ပါ့မလား ဘယ်လိိုဘယ်လိုအခက်ခဲတွေနဲ့ကြုံရမလဲဆိုတာ ဇာတ်ကားထဲကြည့်ရှူလိုက်ရအောင်နော် အက်ရှင်ချည်းမဟုတ်ဘဲဟာသနှောထားတဲ့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy, History Quality…. 1080p | 720p | 480p File size…1.8GB | 936MB | 453MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nang Mwe Kham Encoder ..... August
movie

The Lost Hero Of Ayodhya (2022)

Fighter ( 2022 ) 6.1
Fighter ( 2022 ) ရုပ်ရှင်တော်တော်များများရဲ့ ခံစားချက်ကို ရနိုင်တဲ့ တရုတ်ကားလေးများ ကြည့်ချင်ပါသလား။ မြန်မာလို မင်္ဂလာပါလို့ အသံဝဲဝဲလေးနဲ့ နှုတ်ဆက်တာကို ကြားချင်ပါသလား၊ တရုတ်မလေးတွေ မြန်မာ ဘီယာဗူးကိုဖွင့်ပြီး ချီးယားကမ်းပေ့ လုပ်တာကိုတွေ့ချင်ပါသလား။ ဒါဆိုရင်တော့ ဒီကားလေးက သင့်အတွက်ဖြစ်လာမှာပါ။ဇာတ်လမ်းအကျဉ်းတရုတ်လက်ဝှေ့ဖိုက်တာ တစ်ယောက်ဟာ အမေရိကန်ဖိုက်တာတစ်ဦးရဲ့ ညစ်ပတ်စွာတိုက်ခိုက်မှုကြောင့် MMA ပွဲမှာသေဆုံးသွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီပွဲကို စီစဉ်ပေးခဲ့တဲ့ မိန်းကလေးရဲ့ကုမ္မဏီဟာ MMA ကိုတရုတ်မှာ စျေးကွက်တိုးချဲ့ဖို့အတွက် ပြိုင်ဖက်ကုမ္မဏီတစ်ခုနဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အလောင်းအစား တစ်ခုလုပ်ဖို့ ရှိပြီး အဲ့ဒီအလောင်းအစားကို နိုင်မှ အလုပ်ကိုဆက်လုပ်ခွင့်ရမှာပါ။ဒီတော့ အလောင်းအစားက ဘာများလဲ။ အဲ့ဒီအမျိုးသမီးကရော နိုင်အောင် လုပ်နိုင်မှာလား သေဆုံးသွားတဲ့ တရုတ်လူမျိုး MMA သမားမှာရော ဘယ်လိုနောက်ဆက်တွဲတွေရှိနိုင်မလဲ ဆိုတာ ရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါ။ ဒီကားကိုစကြည့်လိုက်တော့ ထိုင်းနာမည်ကျော် ဝမ်းဘတ်မင်းသားကို သတိရသွားပါတယ် နောက်တစ်ချက်က အရှေ့တောင်အာရှမှာ အခြေတည်တာကိုရိုက်ပြထားတော့ မြန်မာလိုလေးတွေပါတာကိုသဘောကျတယ်။ MMA သဘောကျတဲ့လူတွေအတွက်လဲ ကျေနပ်လောက်ဖွယ်ရာပါပဲ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : ...
movie

Fighter ( 2022 )

The Conqueror ( 2020 ) 5.8
The Conqueror ( 2020 ) ဖန်တက်စီကားချစ်သူတို့အတွက်မိစ္ဆာနှိမ်နင်းသူ ကားကောင်းလေးတစ်ကားကို CMမှထပ်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...... တစ်ခါတုန်းက နယ်စပ်မြို့ငယ်လေးတစ်ခုမှာဝက်မိစ္ဆာကြီးသောင်းကျန်းနေပါသတဲ့..... ဝက်မိစ္ဆာကြီးကိုနှိမ်နင်းဖို့အတွက် အနယ်နယ်အရပ်ရပ်က မိစ္ဆာနှိမ်နင်းသူတွေကိုဖိတ်ခေါ်လိုက်တဲ့အခါ အနယ်နယ်အရပ်ရပ်ကမိစ္ဆာနှိမ်နင်းသူတွေလာရောက်ကူညီကြပါတယ်။ခရီးသွားတစ်ယောက်ဖြစ်တဲ့အားရှီဟာ ဖိတ်စာကိုကောက်ရပြီး သူ့ရဲ့မိစ္ဆာနှိမ်နင်းသူဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ရောက်လာတာပေါ့ လမ်းမှာမုံ့ကျူးဆိုသူလေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်က မုံ့ကျူးဆီမှာတပည့်ခံလိုက်ပါတော့တယ်...... ကျွမ်းကျင်ပညာရှင်တွေကြားမှာ စော်ကြူသိုင်းသာ ကျွမ်းကျွမ်းကျင်ကျင်တတ်တဲ့အားရှီတစ်ယောက် နှစ်တစ်ထောင်ဝက်မိစ္ဆာကြီးကိုဘယ်လိုနှိမ်နင်းမလဲဆိုတာကို..... ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,  Fantasy Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Conqueror ( 2020 )

Snake: Fall of a City ( 2020 ) 6
Snake: Fall of a City ( 2020 ) လင်ချွမ်ဟာကားပြိုင်သမားတစ်ယောက်ဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့လျန်ဇီကိုတိတ်တခိုးသဘောကျနေသူပါ။ သူဟာပြိုင်ပွဲတစ်ခုမှာလျန်ဇီနောက်လိုက်ရင်းနဲ့ သဲကန္တာရထဲကိုရောက်ရှိလာခဲ့ပါတယ်။သူတို့စခန်းချနားတဲ့နေရာကိုညနက်မှာ သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်ခံရပြီး လင်ချွမ်တို့အဖွဲ့ဟာမနည်းအသက်လုပြေးလာကြရပါတယ်။ ဒါပေမဲ့ လျန်ဇီကတော့ဘယ်ရောက်သွားမှန်းမသိပါဘူး။ လျန်ဇီကိုရှာဖို့ခရီးဆက်လာရင်းနဲ့စွန့်ပစ်စက်ရုံတစ်ခုနားရောက်လာခဲ့ပါတယ်။အဲ့ဒီစက်ရုံပျက်နားမှာ ရှားပါးတွင်းထွက်ပစ္စည်းတွေကို တူးယူချင်တဲ့စီးပွားရေးသမား စုန်းကွမ်တို့အုပ်စုလည်းရှိနေပါတယ်။ သူတို့နှစ်အုပ်စုဟာ ညအချိန်ရောက်လာတဲ့အခါမှာတော့ သေလောက်ဖွယ်ရာ ကြောက်မက်ဖွယ်မြွေဆိုးကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။​မြွေဆိုးအန္တရာယ်ကြောင့် စက်ရုံထဲပိတ်မိနေကြတဲ့အခါ ၊ ဝေးလံခေါင်ဖျားတဲ့လူသူမဲ့စွန့်ပစ်နေရာမှာရောက်နေကြတဲ့သူတို့ မြွေအန္တရာယ်ကိုဘယ်လိုရင်ဆိုင်ပြီးရှင်သန်ဖို့ကြိုးစားကြမလဲ။ လွတ်မြောက်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြရအောင်။ [ Reviewed By Yin Wai Phyo ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Snake: Fall of a City ( 2020 )

Decibel (2022) 6.9
Decibel (2022) Decibel (2022)Subtitle လိုအပ်ချက်များ ပြင်ဆင်၍ တစ်ဖန် ပြန်လည်တင်ဆက်ပေးခြင်းဖြစ်ပါသည်။Kim Rae Won ဆိုတာတော့ အထူးအထွေ ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သူ့အပြင်ကို Big Mouth မင်းသားကြီး Lee Jong Suk လည်း အဓိက ပါဝင်ထားတဲ့ အက်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး ရုံတင်ပြသစဉ်မှာ ပရိသတ်အတော် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအညွှန်း ...ပစိဖိတ်သမုဒ္ဒရာထဲမှာ တောင်ကိုရီးယား ရေတပ်က ရေငုတ်သင်္ဘောတစ်စီးဟာ စစ်ရေးလေ့ကျင့်နေခဲ့တယ်။ ပစ်ခတ်စဉ်တွေပါတဲ့ ဒီလေ့ကျင့်မှုဟာအချိန်အတော်ကြာပြီးတဲ့နောက်မှာ တောင်ကိုရီးယားကိုပြန်လာခဲ့တယ်။ကိုရီးယားကျွန်းဆွယ်ကို ပြန်လာစဉ်မှာပဲ မုန်တိုင်းကလည်းတိုက်ဆိုင်စွာ ကြမ်းနေတဲ့အချိန်ဖြစ်နေတယ်။ ဒါအပြင် ရေငုတ်သင်္ဘာဟာ အမည်မသိ ချေမှုန်းရေးသင်္ဘောမှ အကြမ်းစားတော်ပီဒိုကြီးတစ်လုံး ပစ်ခတ်ခြင်းခံလိုက်ရတယ်။လုံးဝမမျှော်လင့်ထားတဲ့ တိုက်ခိုက်ခံရမှုဖြစ်တဲ့အပြင် တန်ပြန်တိုက်ခိုက်ရေး လက်နက်တွေကလည်း စစ်ဆင်ရေးမှာသုံးခဲ့လေတော့ ရေငုတ်သင်္ဘောဟာ တော်ပီဒိုကြီးထိမှန်ဖို့ အရေးကနေ အသည်းအသန်ထွက်ပြေးရပါတော့တယ်။အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတော့ ...(ဇာတ်လမ်းအညွှန်းကို ကို Phyo Pyae က ရေးပေးထားပါတယ်။)File Size  ...
movie

Decibel (2022)

2022
Ghouls (2017) 5.4
Ghouls (2017) Ghouls (2017) ===========ဇာတ်လမ်းလေးက ရိုးမလိုနဲ့ဆန်းပြီး Horror/Drama ဘက်ကို ကူးသွားတာမို့ အသစ်အဆန်းသဘောတွေ့တဲ့သူအတွက် အကြိုက် တွေ့မယ့်ကားလေးဖြစ်နိုင်ပါတယ်။မာရှာဆိုတဲ့ကောင်မလေးကတော့ ပြင်သစ်အဆင်လေး ဂေဘရီရယ်နဲ့ တွေ့ရဖို့ ဆန္ဒတွေစောနေခဲ့ပါတယ်။ မာရှာရဲ့အတန်းဖော် ပိုလီနာက တော့ သူတို့အတွဲတွေ့ဖြစ်အောင် စီစဉ်ပေးရတဲ့ Third Wheel လေး ပေါ့။ ဒါပေမဲ့ ပိုလီနာတစ်ယောက်တည်းဖြစ်မှာစိုးလို့ ဂေဘရီရယ်က ရှန်းဆိုတဲ့တရုတ်တစ်ယောက်ကိုလည်း ခေါ်လာပေးခဲ့ပါတယ်။ အဲ့ဒါနဲ့ လေးယောက်ပေါင်းလောင်းကျော်ပြီး အရမ်းလှပြီးနာမည်ကြီးတဲ့ ရေကန် နားမှာ ပျော်ပွဲစားထွက်လာခဲ့ကြပါတယ်။ အဲ့ဒီရေကန်ရဲ့ မလှမ်းမကမ်းမှာ ရွာလေးတစ်ရွာရှိပြီး နုန်းမြေကြီးလည်းရှိပါတယ်။သူတို့လုံးဝမသိသေးတဲ့အချက်က အဲ့ဒီရွာလေးမှာ ဘယ်သူမှမရှိဘဲ ပက်ခ်ဟို တို့သားအမိနှစ်ယောက်ပဲ ရှိနေတာပါ။ အဲ့ဒါအပြင် ရေကန်နားကနုန်းမြေကြီး ကလည်း လူစားတယ်လို့ နာမည်ကြီးနေပြီး နှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ ဒဏ္ဍာရီက ပိုလီနာတို့လေးယောက်ကြောင့် အသက်ဝင်လာတဲ့အခါ... ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.56 GB) / (680 MB) / (391 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, ...
movie

Ghouls (2017)

2017
Break Through the Darkness ( 2021 ) 6
Break Through the Darkness ( 2021 ) ဝေ့ဟယ်ခရိုင် ကျောက်ကျားရွာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများနဲ့ ပတ်သတ်ပြီး ဖျိုဖျက်မှုများ ပြုလုပ်ကြရမှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပါတယ် ။ အဲဒီအတွက်ကြောင့် ခရိုင်ဘက်ကနေပြီး ရာဇဝတ်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့ကိုစေလွှတ်ပြီး ဒေသဆိုင်ရာ စစ်ဆေးမှုတွေလုပ်စေခဲ့ပါတယ်။အဖွဲ့ခေါင်းဆောင် စုန့်ရီးရွေ့ရဲ့ ညွှန်ကြားချက်အောက်မှာ ကျောက်ကျားရွာက ရွာရဲ့ မျက်နှာဖုံး သားအဖနှစ်ယောက်ကို အမှုကိစ္စနဲ့ပတ်သတ်ပြီးစစ်ဆေးမှုတွေလုပ်ခဲ့ပါတော့တယ်။စစ်ဆေးမှုတွေပြုလုပ်ရင်း ပရော့ဂျက်စီစဥ်ရေးခေါင်းဆောင် ချီဖေးယွီကို စစ်ဆေးခဲ့ပြီး အမှုပေါ်ခါနီးမှာမှ ချီဖေးယွီတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တဲ့အခါမှာတော့....?အကြိမ်ကြိမ် အခါခါ ခြိမ်းခြေက်မှုတွေခံရပေမဲ့လဲ စုံစမ်းစစ်ဆေးရေးအဖွဲ့က လက်မလျှော့ခဲ့ပါဘူး ။ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို တစ်စ တစ်စ လိုက်လံစုံစမ်းရင်း စွန့်စားမှုတွေကိုပါ ကြုံတွေ့လာတဲ့အခါ...?❏ ဘာတွေဆက်ဖြစ်ကြမှာလဲ? ❏ အဖြစ်မှန်ကိုရော သူတို့ရှာတွေ့နိုင်ပါ့မလား? ❏ နယ်ခံတွေရဲ့ မျှော်လင့်ချက်လေးကိုရော သူတို့ ရှာဖွေပေးနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုအဖြေရှာလိုက်ရအောင်လားရှင် [Reviewed Bu Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : 1h 52 min Subtitle : ...
movie

Break Through the Darkness ( 2021 )