Channel Myanmar

Adventure

Saw V (2008) Saw 5 5.8
Saw V (2008) Saw 5 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw V (2008) Saw 5

Saw II (2005) Saw 2 6.6
Saw II (2005) Saw 2 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw II (2005) Saw 2

Titan A.E. (2000) 6.6
Titan A.E. (2000) Titan A.E. (2000)~ IMDb - 6.6/10, Rotten Tomatoes - 50% ~အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ...
movie

Titan A.E. (2000)

2000
Scarygirl (2023) 6.2
Scarygirl (2023)  ပေါ့ပေါ့ပါးပါးနဲ့ ကာတွန်းလေးပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်လတ်တလောကမှထွက်ရှိထားတဲ့ ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ဂြိုဟ်တစ်ခုပေါ်က အလင်းမြို့တော်ဆိုတဲ့ မြို့မှာ Doctor Maybeeဆိုတဲ့သိပ္ပံပညာရှင်တစ်ဦးရှိပါတယ်။ သူဟာအဲ့ဂြိုဟ်ရဲ့ နေလုံးကနေစွမ်းအားတွေစုပ်ယူပြီးစမ်းသပ်ချက်တွေပြုလုပ်နေသူပါ။ ဒါ့အပြင် အဲ့ဂြိုဟ်မှာအရမ်းရှားတဲ့ရေဘဝဲတွေကိုလည်း ကြေးစားတွေငှားပြီးရှာဖမ်းခိုင်းထားပါသေးတယ်။တစ်ဖက်က အလင်းမြို့တော်နဲ့ဝေးတဲ့ နေရာမှာတော့ ဘလစ်စတာဆိုတဲ့ရေဘဝဲကြီးရှိပြီးနေရောင်ခြည်စွမ်းအင်လျော့ကျလာတာကြောင့် သေဆုံးကုန်ကြတဲ့အပင်တွေကိုသူ့အစွမ်းနဲ့ပြန်လည်ရှင်သန်အောင်ကူညီပေးနေသူပါ။ သူ့မှာ အာကီ လို့ခေါ်တဲ့သမီးလေးတစ်ယောက်ရှိပြီး အာကီက စက်တွေတီထွင်ရတာကိုဝါသနာပါသူဖြစ်ပါတယ်။တစ်နေ့မှာတော့ အလောင်းကစားတွေလုပ်တာကြောင့် အကြွေးတွေဝိုင်းနေလို့ရေဘဝဲလာရှာတဲ့ ဘန်နီဂုရု နဲ့ ဥ တို့နှစ်ယောက်ရယ် အာကီရယ်ဆုံမိကြပြီးအလင်းမြို့တော်ကိုသွားဖို့အကြောင်းဖန်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဇာတ်လမ်းသွားလေးကလည်း ပျင်းစရာမကောင်းဘဲပေါ့ပေါ့ပါးပါးရှိပြီးanimation တွေကလည်း အတော်ကိုကောင်းလှပါတယ်။ Australia ကရိုက်တဲ့ကားမို့Australian accent ကိုလေ့လာချင်တဲ့သူတွေလည်းကြည့်သင့်တဲ့ကာတွန်းလေးပါ။ဒီတော့ ဇာတ်ကားလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.56GB / 743MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 48m Genre ….. Animation , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Scarygirl (2023)

Spirit: Stallion of the Cimarron (2002) 7.2
Spirit: Stallion of the Cimarron (2002)  Imdb 7.2ရထားတဲ့ Dreamworksရဲ့ Animationကောင်း ကားဟောင်းလေးတစ်ခုကိုထပ်ပြီးတင်ပေးလိုက်ပါတယ်။၁၉ ရာစုနှစ်မှာအသက်ရှင်နေထိုင်ခဲ့တဲ့ မြင်းရိုင်းလေး Spirit ရဲ့ဇာတ်လမ်းပါ။အကောင်းဆုံး animation အော်စကာဇကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးအကြီးအကျယ်အောင်မြင်မှုရခဲ့တဲ့ ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းမှာတော့မြင်းအုပ်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ မြင်းရိုင်းလေးSpirit ဟာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းမှုကြောင့် လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးအမေရိကန် မြင်းတပ်ဆီကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။အဲဒီမှာ ကျွန်ပြုခံထားရတဲ့ တခြားမြင်းတွေနဲ့ အတူထားပေမယ့် Spiritကို နာခံအောင်ယဥ်ပါးအောင် ဘယ်သူမှ လေ့ကျင့်မပေးနိုင်ပါဘူးတဲ့....။ဒါကို မရမကယဥ်ပါးအောင်လုပ်ဖို့ရည်ရွယ်တဲ့ ကိုလိုနယ်ကြီးနဲ့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာတော့ ………ဒါ့အပြင် Spiritလေးဟာ သူနဲ့ဘဝတူ အဖမ်းခံထားရတဲ့ လာကိုတာနယ်ခံလူရိုင်းလေးLittle Creek နဲ့ ပတ်သတ်မိပြီး….Creek ရဲ့မြင်းမလေး Rain နဲ့သံယောဇဉ်တွေ…..အဲဒီကြားထဲက ကံဆိုးမှုတွေအခက်အခဲတွေကြားထဲမှာ သူဘယ်လို လှုပ်ရှားရုန်းကန်ခဲ့မလဲ ဆိုတာတွေကိုတစ်ဖန်ပြန်လည်ခံစားရမယ့်ဇာတ်ကားလေးပါ....။ File size…1.31GB / 681MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Animation ,  ...
movie

Spirit: Stallion of the Cimarron (2002)

Mortal Kombat Legends: Cage Match (2023) 6.0
Mortal Kombat Legends: Cage Match (2023)  Mortal Kombat လို့ပြောလိုက်တာနဲ့ လုံးဝကိုမိတ်ဆက်ပေးစရာမလိုအောင်လူတိုင်းနီးပါးသိကြမှာပါ။အဓိကအားဖြင့်တော့ ဂိမ်းနဲ့နာမည်ကြီးပြီးတော့Animation တွေရုပ်ရှင်တွေလည်း အများကြီးထွက်ရှိထားပါတယ်။အခုလည်း Mortal Kombat Legends Cage Match ဆိုတဲ့ Animationကားတစ်ကားကိုထပ်တင်ဆက်ပေးချင်ပါတယ်။ရှေ့မှာလည်းတင်ဆက်ပေးထားတဲ့ Mortal Kombat ဇာတ်ကားတွေအများကြီးရှိတဲ့အတွက်မကြည့်ရသေးရင် ကြည့်လို့ရပါတယ်။ဒီကားထဲမှာတော့ MortalKombat ကိုသိတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ Johnny Cage (ဂျွန်နီကေ့ဂျ်) အကြောင်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူ့ရဲ့ဘဝနေထိုင်မှုပုံစံတွေ မင်းသားအလုပ်အကိုင်တွေအပြင်တခြားအကြောင်းအရာတွေ အများကြီးကိုလည့်းတွေ့ရမှာပါ။အကျဉ်းချုပ်ပြောရရင်တော့ဂျွန်နီတစ်ယောက် နင်ဂျာမိုင်းဆိုတဲ့ရုပ်ရှင်ရိုက်ကူးနေရင်းသူနဲ့ အတူရိုက်ကူးနေတဲ့မင်းသမီးပျောက်သွားလို့ ဇာတ်ကားဆက်ရိုက်လို့မရတော့မှာကို စိတ်ပူပြီး ကိုယ်တိုင်လိုက်ရှာရင်းနဲ့ ရှုပ်ထွေးတဲ့ အမှောင်နတ်ဘုရားတွေနဲ့ပတ်သတ်တဲ့ အန္တရာယ်တွေကိုတွေ့မြင်လာရပြီး ဘယ်လိုတွေရင်ဆိုင်မလဲ သူ့အစွမ်းတွေကရော ဘယ်လိုရလာတာလည်းဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 653MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 16m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Mortal Kombat Legends: Cage Match (2023)

Who Killed Bambi? (2013) 5.6
Who Killed Bambi? (2013) ဒီစပိန်ဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ရဲ့တလွဲစွန့်စားခန်းလေးပဲဖြစ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ရုံးကသူဠေးသမီးနဲ့မှ ကြိုက်မိတဲ့ကောင်လေးတစ်ယောက် သူ့ယောက်ခမသူဠေးကြီး ‌ပေါက်ကရအဖြစ်အပျက်တွေကြားထဲက အိမ်ကိုကောင်းကောင်းပြန်ရောက်ဖို့အရာ နည်းလမ်းတွေရှာ ကြိုးစားနေချိန်မှာ အခြားတစ်ဖက်မှာလဲ အကြွေးတွေနစ်နေတဲ့ လူနှစ်ယောက် သူဠေးကို ပြန်ပေးဆွဲဖို့ကြိုးစားတဲ့အခါ ပြဿနာ‌တွေစတက်ပါတော့တယ်။ ပေါက်ကရတိုက်ဆိုင်မှုတွေနဲ့ဇာတ်လမ်းကိုစထားပြီးတော့ သူငယ်ချင်းနှစ်ယောက်၊ သူဠေးနဲ့ ပြန်ပေးသမားတွေကြားဘယ်လိုဆက်ဖြစ်ကြမှာလဲဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မှာလဲ နောက်ဆုံးဇာတ်လမ်းနာမည်ဖြစ်တဲ့မေးခွန်းကိုအဖြေဘယ်လိုပေးသွားမလဲဆိုတာကို ရယ်ရင်းမောရင်း ‌ ရင်လဲမောရင်းကြည့်ရမှာပြဖြစ်ပါတယ်။ The Hangover တို့လိုဇာတ်ကားမျိုးတွေကြိုက်တတ်ရင် ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ File size…  1.1  GB /  476 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre .....  Crime, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Who Killed Bambi? (2013)

2013
Expend4bles (2023) 5.2
Expend4bles (2023) နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။ အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။ တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bak မင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။ ဇာတ်လမ်းအကျဉ်းထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။ အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Thriller Quality…. 4K | 1080p | 720p File size… 4.88GB | 2GB | 881MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Expend4bles (2023)

2023
4K HEVC
Sparkle: A Unicorn Tale (2023) 6.0
Sparkle: A Unicorn Tale (2023)  ဒီဇာတ်လမ်းလေးကတော့ ဒဏ္ဍာရီလာသတ္တဝါတစ်မျိုးဖြစ်တဲ့ယူနီကွန်းလေးကို အကြောင်းပြုပြီးဇာတ်အိမ်တည်ထားတဲ့မိသားစု Drama Fantasyဇာတ်လမ်းလေးပါ....။မှော်အစွမ်းတွေရှိတဲ့ ယူနီကွန်းတွေဟာ သူရွေးချယ်ထားတဲ့လူကိုကူညီဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သက်တံ့ပေါ်ကနေဆင်းလာပြီးဆုတောင်းတွေဖြည့်ဆည်းပေးလေ့ရှိပါတယ်တဲ့...။ဇာတ်လမ်းလေးထဲမှာတော့ အန်နာဘယ်လ်ဆိုတဲ့ ကလေးမလေးဟာသူငယ်ငယ်ကတည်းက မိခင်ဖြစ်သူဆုံးပါသွားပြီး ဖခင်ဖြစ်သူကလည်းစစ်ပွဲထဲပါသွားလို့ အဘိုးဖြစ်သူနဲ့သာအတူနေရသူလေးပါ...။ကံခေပြီး အဘိုးဖြစ်သူပါဆုံးပါးသွားတော့ မျက်စိသူငယ်နားသူငယ်နဲ့တစ်ကောင်ကြွက်ဖြစ်သွားပါလေရော...။အဘိုးဖြစ်သူမရှိတဲ့နောက် အဘိုးရဲ့အိမ်ကိုဘဏ်ကသိမ်း၊ အန်နာဘယ်လ်လေးလည်းမိဘမဲ့ဂေဟာရောက်သွားရှာပါတယ်...။ဒီအ‌ခြေအနေကိုမကြည့်ရက်တဲ့ ယူနီကွန်းလေးတစ်ကောင်ဟာအန်နာဘယ်လ်လေးရဲ့ဆုတောင်းတွေကိုဖြည့်ဆည်းပေးဖို့ရောက်လာပါတယ်....။အန်နာဘယ်လ်လေးရဲ့ဆုတောင်းကဘာတွေဖြစ်မလဲ...၊ ယူနီကွန်းလေးကရောဘယ်လိုဆုတောင်းတွေဖြည့်ပေးမလဲဆိုတာကို စွန့်စားခန်းလေးတွေနဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းလေးဖြစ်ပါတယ်...။  File size…1.30GB / 684MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 24m Genre ….. Adventure , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sparkle: A Unicorn Tale (2023)

Megalodon: The Frenzy (2023)
Megalodon: The Frenzy (2023)  Megalodonငါးမန်းကြီး‌တွေလို့ပြောလိုက်ရင် လူတွေကိုလိုက်လံတိုက်ခိုက်တဲ့အစွယ်တဖွေးဖွေးနဲ့ ဧရာမငါမန်းကြီးတွေဆိုတာ အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူး....။ဒီဇာတ်လမ်းကလည်း ဒီလိုသဲထိတ်ရင်ဖိုကြည့်ရမယ့် ငါးမန်းကားပါပဲ...။ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းလွန်တွင်းတူစင်တစ်ခုမှာ သုတေသနလုပ်ရင်းနဲ့Megalodonငါးမန်းကြီးပေါ်လာပါတယ်....။ပေ ၂၀၀လောက်ရှိတယ်လို့ဆိုပါတယ်...။သို့ပေမဲ့ ဒီငါးမန်းမျိုးက ဒီတစ်ကောင်တည်းမကပါဘူး...။အမေရိကန်စစ်သင်္ဘောတစ်စီးကိုတိုက်ခိုက်သွားတဲ့ ငါးမန်း၊ ကမ်းခြေမှာတိုက်ခိုက်သွားတဲ့ငါးမန်းဆိုပြီး ငါးမန်းတွေ တစ်‌ကောင်ပြီးတစ်ကောင်ပေါ်လာပါတယ်...။လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းခွဲလောက်ကတည်းက မျိုးတုံးသွားပြီလို့သိထားတဲ့ဒီငါးမန်းတွေဟာ အခုကျမှ ဘာလို့ရုတ်တရက်တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာလဲအဖြေရှာကြည့်တဲ့အခါမှာတော့....။ File size…1.38GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 22m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Megalodon: The Frenzy (2023)

Rohan at the Louvre (2023) 6.7
Rohan at the Louvre (2023) Rohan at the Louvre (2023)ဒီဇာတ်ကားလေးကတော့ ပန်းချီအနုပညာကို နောက်ခံထားပြီး Mystery ဆန်ဆန် ရိုက်ထားတဲ့ ဂျပန်ဇာတ်ကားပဲဖြစ်ပါတယ်။ Rohan ဟာ ဂျပန်မှာသာမက နိုင်ငံရပ်ခြားမှာပါ နာမည်ကျော်ကြားတဲ့ မန်ဂါရုပ်ပြရေးဆဲွသူတစ်ယောက်ပါ။ သူဟာ အရောင်တွေကို လေ့လာလိုက်စားတဲ့နေရာမှာ အားသန်ပြီး သူ့ဆီမှာ သဘာ၀လွန်စွမ်းအားတစ်ခုလဲ ရှိပါတယ်။ တရက်မှာ သူ လေ့လာနေတဲ့ အရောင်ကို ဆဲွထားတဲ့ ပန်းချီတစ်ချပ်ကို လေလံပဲွမှာ လေလံဆဲွရာကနေမှ ဒီပန်းချီကားကို တခြားလိုချင်သူတွေလဲရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီပန်းချီကားကို ရေးဆဲွသူနောက်ကို ခြေရာခံရာကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် လုဗ်ပြတိုက်ဆီကို ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ ရိုဟန်တစ်ယောက် သူရှာဖွေနေတဲ့ ပန်းချီကားကိုတွေ့သွားမလား? Adventure, Fantasy, Mystery genre ကြိုက်နှစ်သက်သူတွေအဖို့ ရုပ်ပြကာတွန်းကနေ Live Action အနေနဲ့ ပြန်လည်ရိုက်ထားတဲ့ ဒီဇာတ်ကားက အာသာပြေစေမှာပါ။Genre..... Adventure,Drama , Mystery Quality…. 1080p | 720p File size… 1.6GB | 640MB Format… mp4 Duration…. 1h ...
movie

Rohan at the Louvre (2023)

2023
Headspace (2023)
Headspace (2023)  နော်မန်ဟာ အာကာသစကြာဝဠာနှင့် အခြားဂြိုဟ်တွေပေါ်မှာ ရှိနိုင်မဲ့သက်ရှိမျိုးစိတ်တွေ ဂြိုဟ်သားတွေကို အင်မတန်စိတ်ဝင်စားတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ပါ။ သူ့မှာ ချာလင်း၊ ဖရန်ကီ၊ အလက်ဟန်ဒရို အစရှိတဲ့ ဝါသနာတူကျောင်းနေဘက်သူငယ်ချင်း တွေလည်း ရှိပြီးတော့ သွားအတူလာအတူတွေဖြစ်ကြပါတယ်။တဖက်မှာတော့ ဇိုလ်ဒါဆိုတာ စကြာဝဠာတစ်ခုလုံးကို လိုက်လံသိမ်းပိုက်နေတဲ့ ဂြိုဟ်သားခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ အာကာသယာဉ်အကြီးကြီးကို ပိုင်ဆိုင်ပြီးတော့ ဒရွိုက်ဆိုတဲ့ စက်ရုပ်စစ်တပ်လည်း ရှိပါတယ်။ ပြီးတော့ သူတို့ကို လိုက်လံတားဆီးနေတဲ့ ငြိမ်းချမ်းရေဘက်တော်သားအဖွဲ့ဝင် မက်စ်တို့ အဖွဲ့လည်း ရှိပါသေးတယ်။ တနေ့မှာ ဇိုလ်ဒါတစ်ယောက် ဂြိုဟ်တစ်ခုကို သိမ်းပိုက်ဖို့လုပ်နေတာကို မက်စ်တို့အဖွဲ့က တားဆီးလိုက်တဲ့အချိန်မှာ ဇိုလ်ဒါစိတ်တိုသွားပြီး မက်စ်တို့ကို ရေဆုံးမြေဆုံးလိုက်ပါတော့တယ်။ ပြေးနေရင်း မလွတ်တော့မှန်း သိတဲ့အခါ မက်စ်တို့ဟာ အာကာသတွင်းပေါက်ထဲကို မောင်းဝင်လိုက်ပါတော့တယ်။ ဇိုလ်ဒါလည်း နောက်ကထပ်ကြပ်မကွာ လိုက်လာတဲ့အခါ ခုနက နော်မန်တို့ရဲ့ကမ္ဘာမြေပေါ်ကို ရောက်လာခဲ့ပါတော့တယ်။ဒီအချိန်မှာ ဇိုလ်ဒါတို့ မက်စ်တို့က လူတွေရဲ့ ဦးနှောက်ထဲထိ ဝင်နိုင်တဲ့ လုံးဝသေးငယ်တဲ့ ...
movie

Headspace (2023)

Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)

Alice Upside Down (2007) 5.2
Alice Upside Down (2007) Alice Upside Down (2007) ====================ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့... အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိ‌သလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ ...
movie

Alice Upside Down (2007)

2007
The Adventures of Jurassic Pet 2: The Lost Secret (2023) 6.1
The Adventures of Jurassic Pet 2: The Lost Secret (2023)   IMDB 6.1/10 ရရှိထားတဲ့ ဒီ Adventure/Family အမျိုးအစား ဇာတ်ကားလေးကိုတော့ လူသားကမ္ဘာနဲ့ ဒိုင်နိုဆောတို့ရဲ့ကမ္ဘာကို ခြားထားတဲ့ ဆန်းကြယ်တဲ့ တံခါးတစ်ချပ်ကနေ အစပြုထားပါတယ်။လပြည့်နေ့ပြီး နောက်တစ်ရက်ရောက်တိုင်းမှာ ဟိုဘက် ဒီဘက် ကမ္ဘာနှစ်ခုကိုဆက်ထားတဲ့ တံခါးတစ်ချပ်က တစ်ရက်တာပွင့်လာတတ်ပြီး အဲဒီတံခါးကိုစောင့်ကြပ်ရသူကတော့ ဝင်ဒီရဲ့အဘွား တက်ဒရီနာပဲဖြစ်ပါတယ်။ ဒိုင်နိုဆောတွေနဲ့ ရင်းနှီးကျွမ်းဝင်စွာ တစ်လတစ်ခါ သွားသွားတွေ့လေ့ရှိတဲ့ ဝင်ဒီတို့နှစ်ယောက်ရဲ့ ဘဝလေးထဲကို ကာတစ်ဆိုတဲ့ မိဘမဲ့ဂေဟာက ကောင်လေးက ခရစ်စမတ်စ်ပိတ်ရက်အချိန်မှာ အလည်ရောက်လာခဲ့ချိန်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ကမ္ဘာလေးက အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတော့တယ်။ကာတစ်သိသွားတဲ့အချိန်မှာ တိုက်ဆိုင်စွာနဲ့ပဲ ဒိုင်နိုဆောပေါက်လေး ဂျူနီယာကလည်း ဒိုင်နိုဆောကမ္ဘာဆီမပြန်ဘဲ သူတို့နောက်လိုက်လာရင်း ဒီဘက်လူသားကမ္ဘာမှာ သောင်တင်နေခဲ့ရာမှာတော့ တစ်လတာ တံခါးပြန်ပွင့်ဖို့စောင့်ရင်း ဒိုင်နိုဆောငယ်လေးအကြောင်းကို ဘယ်သူမှသိမသွားအောင် ဖုံးကွယ်ထားဖို့ဖြစ်လာခဲ့ပါတော့တယ်..ချစ်ဖို့ကောင်းပြီး စကားပါ ပြောတတ်တဲ့ ဒီဒိုင်နိုဆောပေါက်လေးအကြောင်း ဘယ်သူမှမသိအောင် ကာတစ်နဲ့ ဝင်ဒီတို့နှစ်ယောက် ပိပိရိရိ ဖုံးကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်...(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.3 GB)/(700 Mb) Quality….Webrip ...
movie

The Adventures of Jurassic Pet 2: The Lost Secret (2023)

Gadar 2 (2023) 5.7
Gadar 2 (2023) Gardar 2 (2023)IMDb-5.7/10ကုဋေ ၇၀၀ နီးပါးနဲ့ Blockbuster ဖြစ်ခဲ့တဲ့ကားပါ 2023ခုနှစ်ရဲ့ တတိယဝင်ငွေအများဆုံးရုံတင်ကားလဲဖြစ်ပြီး Gadar 1 က သရုပ်ဆောင်‌တွေဖြစ်တဲ့ ၉၀ ခုနှစ်အစောပိုင်းတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားမင်းသမီးကြီးတွေ Sunny Deol နဲ့ Ameesha Patel တို့ကို ပြန်ရှုစားနိုင်မဲ့ကားပါ တာရာ အနေနဲ့ သရုပ်ဆောင်တဲ့ Sunny Deol ဆိုရင် ဒီ Gadar 2 နဲ့ပဲ ရုပ်ရှင်လောကကို ပြန်ဝင်လာခဲ့တာဖြစ်ပါတယ်၁၉၄၇ အရေးအခင်းကာလမှာ စစ်သားအယောက်လေးဆယ်ကိုသတ်ပြီး ပါကစ္စတန်နိုင်ငံကနေထွက်ပြေးသွားတဲ့ တာရာဆင်းဂ်နဲ့ ဆာကီနာတို့မိသားစုတို့ကို ပါကစ္စတန်ဗိုလ်မှူး ဟာမစ်ဒ်အစ်ဘာလ်က အသည်းအသန်အလိုရှိနေပါတယ်တာရာဆင်းဂ်တို့မိသားစုဟာ ဖြစ်ခဲ့တာတွေအားလုံးကိုမေ့ပစ်ပြီး ဘဝသစ်မှာအေးအေးချမ်းချမ်းနေဖို့ဆုံးဖြတ်ထားကြပြီးသား ဒါပေမဲ့ မရှောင်လွှဲနိုင်တဲ့ကံကြမ္မာတွေနဲ့ စစ်မီးတွေကြားနောက်တစ်ကြိမ်ပါဝင်လာရပြန်တယ် နိုင်ငံအတွက်တစ်ကြိမ်တစ်ခါတော့ ကူမယ်လို့စဉ်းစားထားတဲ့ တာရာဆင်းဂ်တစ်ယောက် သူ့ကိုအလိုရှိနေတဲ့ ဟာမစ်အစ်ဘာလ်နဲ့‌မှထိပ်‌တိုက်တွေ့ချိန်မှာတော့..အဆုံးမရှိတဲ့ ပဋိပက္ခတွေနဲ့ စစ်မီးတွေကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ကြွေလွင့်ခဲ့ရသလို ဒီအချစ်မေတ္တာတွေကြောင့်ပဲ စစ်မီးတွေရဲ့အပူကိုကျော်ဖြတ်လာနိုင်ရတာပါပဲတာရာဆင်းဂ်တို့ မိသားစုဝင်သုံးယောက်ကြားက ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ နှစ်နိုင်ငံကြားကစစ်မီး ။ ဆန့်ကျင်ဘက်အရာနှစ်ခုနဲ့ ဒီကားက Blockbuster ထိဖြစ်ရတဲ့ အကြောင်းအရင်းကို ...
movie

Gadar 2 (2023)

2023
4K HEVC
Hot Tub Time Machine (2010) 6.4
Hot Tub Time Machine (2010) လတ်တလောလေးကတင် ကောင်မလေးထားသွားတာကို ခံထားရတဲ့ အဒမ်၊ ဝင်ငွေမကောင်းတဲ့ အလုပ်ကိုလုပ်နေရပြီး မိန်းမကလည်းဖောက်ပြန်နေတဲ့ နစ်ခ်နဲ့ အရက်ဂျိုး လုဆိုတဲ့ အရှုံးသမားသူငယ်ချင်းသုံးယောက်ရှိပါတယ်။ တစ်‌နေ့မှာ လုက သူ့ကိုယ်သူအဆုံးစီရင်ဖို့လုပ်ရင်းနဲ့ ဆေးရုံရောက်သွားပြီး မိသားစုမရှိတဲ့ လုအတွက်တော့ သူ့ကိုစောင့်ကြည့်ပေးဖို့က တခြားသူငယ်ချင်းနှစ်ယောက်ရဲ့ တာဝန်ဖြစ်သွားခဲ့ပါတယ်။ လု အတွက်ပိတ်ရက်ခရီးထွက်ပေးဖို့ စီစဉ်ကြရင်း သူတို့လူငယ်ဘဝက ကဲခဲ့ကြတဲ့ ကိုဒီအက် ဗယ်လီ နှင်းလျောစီးစခန်းကို သူတို့သူငယ်ချင်း သုံးယောက်နဲ့အတူ အဒမ်ရဲ့တူလေးဖြစ်သူ ဂိမ်းဂျပိုး ဂျေကော့ပါလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဟိုတယ်မှာသောက်ကြရင်းနဲ့ သူတို့စိမ်နေကြတဲ့ ရေပူကန်ရဲ့ ခလုတ်ခုံပေါ်ကို အချိုရည်ဖိတ်ချသွားတာ‌ေကြာင့် အချိန်ခရီးသွားနိုင်တဲ့ ကန်ဖြစ်သွားခဲ့ပြီး အတိတ်ကိုပြန်ရောက်သွားကြပါတယ်။ ဖြစ်ချင်တော့ သူတို့ကံဆိုးခဲ့ကြတဲ့ 1986 ခုနှစ် ဆောင်းရာသီပွဲတော်ကိုရောက်သွားခဲ့ကြပါ။ အဒမ်တို့သာ အတိတ်မှာလုပ်ခဲ့သလိုမျိုးအတိအကျမလုပ်ရင် အနာဂတ်ကအရာတွေလည်း ဗြောင်းဆန်အောင် ပြောင်းလဲသွားနိုင်ချေရှိတာမလို့ အတိတ်ကအတိုင်းဖြစ်အောင်လုပ်ပြီး ဂျေကော့မွေးလာတာသေချာအောင် လုပ်ကြရင်း အနာဂတ်ကိုပြန်ဖို့လုပ်တဲ့အခါ ဘယ်လိုတလွဲတွေဖြစ်လာမလဲ၊ အတိတ်ဆိုတာပြင်ချင်တိုင်းရောပြင်လို့ရရဲ့လား၊ သူတို့ရော ပစ္စပ္ပုန်ကာလကို ပြန်သွားနိုင်မလားဆိုတာကို ...
movie

Hot Tub Time Machine (2010)

The Bourne Legacy (2012) 6.6
The Bourne Legacy (2012) The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie

The Bourne Legacy (2012)

4K HEVC
The Way Back (2010) 7.3
The Way Back (2010)  ဒီရုပ်ရှင်ကို ဒါရိုက်တာ Peter Weirက နာမည်ကြီး ဝတ္ထု The Way Backရဲ့ စာရေးဆရာ ပိုလန်လူမျိုး reporter Slavomir Rawicz ရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုမှ နောက်ခံဇာတ်ကောင်တွေထပ်ထည့်ပြီး ရိုက်ကူးထားတာပါ။ Jim Sturgess, Colin Farrell, Ed Harris နဲ့ Saoirse Ronan တို့လို နာမည်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ Oscar nominationကို Best makeup နဲ့ဝင်ခဲ့ပေမယ့် The Wolfmanကို ရှုံးသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်နိုင်ငံကို ဆိုဗီယက်ကျူးကျော်ထားစဥ်မှာ စစ်အရာရှိငယ် Janusz Wieszczekက ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ဆိုဗီယက်တွေက သူ့ရဲ့အမျိုးသမီးကိုပါ ခေါ်ယူရိုက်နှက်စစ်ဆေးပြီး Januszကို စပိုင်လို့ အမည်တပ်ကာ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးပြီး အလုပ်ကြမ်းအတင်းခိုင်းစေတဲ့ စနစ်ဖြစ်တဲ့ Gulagကိုကျင့်သုံးနေတဲ့ Siberiaက campတစ်ခုဆီပို့လိုက်ပါတယ်။ ရာသီဥတုက အင်မတန်အေးပြီး ဆိုးလွန်းတဲ့အထဲ အလုပ်ကြမ်းတွေမနားလုပ်ရပါတယ်။နှင်းကိုက်ဒဏ် ...
movie

The Way Back (2010)