Channel Myanmar

Adventure

The Great Mouse Detective (1986)
The Great Mouse Detective (1986) IMDb-7.1/10 ~ R.T-76% 1986 တုန်းကထွက်ရှိခဲ့ပြီး ရှားလော့ ဟုမ်းစ်ကို အခြေခံပြီးဖန်တီးထားတဲ့ ကြွက်စုံထောက်ကြီး ဘက်ဆဲလ် ရဲ့ကာတွန်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့ရဲ့နာမည်ကြီး အရုပ်လုပ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဖလန်ဘာရှန်ကို လင်းနို့တစ်ကောင်ကပြန်ပေးဆွဲသွားခဲ့ပါတယ်။ ဖလန်ဘာရှန်ရဲ့သမီးလေး အိုလီဗီယာကတော့ လွတ်မြောက်သွားပြီး သူ့ရဲ့အဖေကိုလိုက်ရှာဖို့အတွက် ဘေကာလမ်းက စုံထောက်ကြီးဘက်ဆဲလ်ဆီကိုသွားရင်းလမ်းပျောက်သွားခဲ့ပါတယ်။ ဒီအချိန်မှာ အာဖဂန်ကနေစစ်မှုထမ်းပြီးပြန်လာပြီး တိုက်ခန်းလိုက်ရှာနေတဲ့ ဒေါက်တာ ဒေါ်ဆင်နဲ့လမ်းမှာတွေ့ပြီး ဒေါက်တာဒေါ်ဆင်က အိုလီဗီယာကို ကူညီပြီးတော့ ဘက်ဆဲလ်ကို လိုက်ရှာပေးခဲ့ပါတယ်။ ဒီလိုနဲ့ အိုလီဗီယာရဲ့အဖေကိုဖမ်းသွားတဲ့ လူက ဘက်ဆဲလ်ရဲ့ ရန်သူတော်ကြီး ပါမောက္ခရက်တင်ဂန်ရဲ့ တပည့်ဖြစ်တဲ့ လင်းနို့ ဖစ်ဂျက်ဒ်ဖြစ်နေတဲ့အခါမှာ ပါမောက္ခ ရက်တင်ဂန် ကဘယ်လိုအကြံဆိုးမျိုးကိုကြံစည်နေတာလဲ၊ စုံထောက်ကြီး ဘက်ဆဲလ်နဲ့ ဒေါက်ဆာ ဒေါ်ဆင်တို့ကရော တားဆီးနိုင်မလားဆိုတာကို ငယ်ဘဝရဲ့အမှတ်တရအပြည့်နဲ့ ပြန်လည်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.3 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / ...
movie

The Great Mouse Detective (1986)

Detective Dee: The Four Heavenly Kings (2018) 6.4
Detective Dee: The Four Heavenly Kings (2018) Detective Dee: The Four Heavenly Kings (2018)IMDb Rating (6.4) / Rotten Tomatoes (60%)ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး ...
movie

Detective Dee: The Four Heavenly Kings (2018)

2018
1080p HEVC
Detective Dee and the Mystery of the Phantom Flame (2010) 6.6
Detective Dee and the Mystery of the Phantom Flame (2010) Detective Dee and the Mystery of the Phantom Flame (2010)IMDb Rating (6.6) / Rotten Tomatoes (80%)စုံထောက် ဒီး ...တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ...
movie

Detective Dee and the Mystery of the Phantom Flame (2010)

2010
1080p HEVC
The Little Vampire (2000) 5.7
The Little Vampire (2000) The Little Vampire (2000) =================== IMDb Rating - 5.7/10ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to ...
movie

The Little Vampire (2000)

2000
Lamya’s Poem (2021)
Lamya’s Poem (2021) ကဗျာ၊ စာပေဆိုတာ နှလုံးသားရဲ့အာဟာရလို့ ဆိုတတ်ကြပါတယ်။ ချစ်ခြင်းရဲ့အတိမ်အနက်၊ မေတ္တာရဲ့သဘောတရားကို စာသားတွေ လင်္ကာကာရံတွေနဲ့ ချိန်ထိုးပြတတ်သူတွေအဖို့တော့ ကဗျာ စာပေဆိုတာ အသွားထက်တဲ့ ဓားတစ်လက်နဲ့ ညီမလားမသိနိုင်ဘူးပေါ့။ ‌ကာရန်တွေ နဘေတွေ ညီနေမှ ကဗျာဖြစ်တာမဟုတ်သလို ချစ်ခြင်းအကြောင်း ဖွဲ့သီတာဆိုမှလည်း ကဗျာမည်တာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ ကုန်ဈေးနှုန်းအကြောင်း၊ လူတွေရဲ့အကြောင်း ဘယ်လိုအကြောင်းအရာမျိုးမဆို ကဗျာကိုတင်ပြသူနဲ့ ဖတ်ရှုသူရဲ့ စိတ်ခံစားချက်ကို လိုက်ပြီး ယူဆချက်လည်း ကွဲပြားသွားနိုင်တာမျိုးပါပဲ။ အမေ့ပါးက သနပ်ခါးလေးကလည်း ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို ပုရွတ်ဆိတ်လေးတွေ အစာရှာရင်း တရွေ့ရွေ့သွားနေပုံလေးက‌လည်း အတွေးနယ်ချဲ့တတ်တဲ့သူအဖို့ အိပ်မပျော်တဲ့ညကို ကုန်လွန်စေမယ့်အကြောင်းပြချက် ဖြစ်သွားနိုင်တာမျိုးမဟုတ်ပါလား။ စိတ်ပျက်အားငယ် ဝမ်းနည်းနေချိန်မှာ သီချင်းလေးတစ်ပုဒ်၊ ကဗျာလေးတစ်ကြောင်းက ခံစားချက်ကို ပြောင်းလဲပေးနိုင်တယ်ဆိုရင် ဘဝရဲ့အခက်ခဲ အပင်ပန်းဆုံးအချိန်ရောက်တဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ဆုံးဖြတ်ချက်တွေကိုချတဲ့နေရာမှာရော အထောက်အကူ ဖြစ်စေနိုင်လေမလား။ ကဗျာလေး တစ်ပုဒ်သာဖြစ်ပေမယ့် ရင်ထဲရောက်အောင်သာ သွားနိုင်မယ်ဆိုရင် သိမြင်နိုင်ဖို့ ...
movie

Lamya’s Poem (2021)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
Embrace of the Serpent(2015) 7.8
Embrace of the Serpent(2015) Embrace of the Serpent(2015)**************************ဒီရုပ်ရှင်ဟာ အမေဇုန်တောအုပ်ထဲကို ဆေးဖက်ဝင် အထွတ်အမြတ်သစ်ပင်တစ်မျိုးသွားရှာခဲ့တဲ့သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ဒိုင်ယာရီကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ ခရီးသွား ဖြူမဲရုပ်ရှင်ဖြစ်ပြီး ဆုတံဆိပ်တွေလည်း များစွာရရှိထားပါတယ်။ကိုလန်ဘီယာရဲ့ ပထမဆုံးသော Oscar nomianted ရုပ်ရှင်လို့လည်းဆိုကြပါတယ်။ ဇာတ်ကားထဲက သိပ္ပံပညာရှင်နှစ်ယောက်ဟာ ဒီတောအုပ်ထဲကို အတူတူခရီးသွားကြတာမဟုတ်ဘဲတစ်ယောက်ပြီးမှ တစ်ယောက်၊ ၁၉၀၉ခုနှစ်နဲ့ ၁၉၄၀ခုနှစ်တွေမှာ နှစ်သုံးလောက်ခြားပြီးမှ ခရီးထွက်ဖြစ်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ ယာကရူနာဆိုတဲ့ ဆေးဖက်ဝင်ရှားပါးသစ်ပင်ကိုသွားရှာတာပါ။သူတို့နှစ်ဦးလုံးရဲ့ခရီးစဥ်မှာ ကာရာမာကာတဲ ဆိုတဲ့ နယ်ခံနတ်ဆရာကြီးနဲ့တွေ့ခဲ့ကြပါတယ်။ နတ်ဆရာကြီးဟာ သူ့လူမျိုးစုမှာ တစ်ဦးတည်းရှင်ကျန်သူဖြစ်ပြီး သူတို့ဓလေ့တွေ အစဥ်အလာတွေ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ ဒီခရီးစဥ်နှစ်ခုမှာ ဘာတွေကြုံတွေ့ရမလဲ၊အမေဇုန်လူမျိုးစုတွေ ဓလေ့တွေကဘယ်လိုတွေဆိုတာ မြင်တွေ့နိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။File Size :(3.08GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:05:00 Genre : Adventure, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by ...
movie

Embrace of the Serpent(2015)

Ghosted (2023) 5.8
Ghosted (2023) Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie

Ghosted (2023)

2023
4K HEVC
Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023
Brothers of the Wind(2015) 6.8
Brothers of the Wind(2015) လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်းအံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေအောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီးတစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာအတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီးသူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေးတစ်ကောင်ကို တွေ့ခဲ့ပါတယ်။လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကိုမွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကိုကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခုရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက်ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကိုကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားကသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။   File size…  2.2GB ...
movie

Brothers of the Wind(2015)

2015
Dasara (2023) 7.3
Dasara (2023) Dasara (2023) IMDb - 7.3/10မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်၆၅ကု​ဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်တဲ့ Dasaraကိုတင်ဆက်​ပေးချင်ပါတယ်ဗီရာလပိုင်ဆိုတဲ့ရွာ​လေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့ လူ​တွေ​နေထိုင်ကြပါတယ် အရက်မ​သောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို အရက်စွဲ​နေကြသူ​တွေပါ ဒါ​တွေ​ကြောင့်လည်း ဒီရွာ​လေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ ရက်ဆိုင်ဟာအရက်ဝယ်သူ​တွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမ​စဲတသဲသဲပါပဲ ဒါတင်မက​သေးပါဘူး ဒီဘားရဲ့​ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူ​​တွေအ​လေးစားရဆုံးရာထူးလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေဖြစ်ကာ ဒါရန်နီဟာ ဗန်လာနီကို ဟိုးက​လေးဘဝကတည်းကချစ်​နေခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်​နေတာ​ကြောင့် ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်​ယောက်အကျိုးကိုပဲ အမြဲကြည့်​ပေး​နေခဲ့သူပါတစ်​နေ့မှာ​တော့ ဗန်လာနီကိုတခြားလူတစ်​ယောက်နဲ့ အိမ်​ထောင်ချ​ပေးဖို့လုပ်ကြတဲ့မိဘ​တွေ​ကြောင့် ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်​စေပြီး ဘားရဲ့​ငွေကိုင်ရာထူးကိုရ​အောင်ကြိုးစားကြပါ​တော့တယ်ဒါ​ပေမယ့်တကယ့်ပြိုင်ပွဲ​နောက်ကွယ်မှာ​တော့ ကြီးမှူးသူ​တွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လို​တွေလုပ်ကြမလဲ သူတို့​တွေဒီလိုလှည့်ကွက်​တွေနဲ့ပြည့်နှက်​နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူ​တွေကို ဘယ်လိုဖြတ်​​ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရ​အောင်​နော် File size…3.29GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~KhinKhin
movie

Dasara (2023)

2023
Revice Forward: Kamen Rider Live & Evil & Demons (2023)
Revice Forward: Kamen Rider Live & Evil & Demons (2023) Revice Forward: Kamen Rider Live & Evil & Demons (2023)၂၀၂၃ မှာ အသစ်ထွက်ရှိလာတဲ့ Kamen Rider Revice ရဲ့ ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းဇာတ်လမ်းတွဲအပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ဒီရုပ်ရှင်မှာတော့ Kamen Rider Revice က အဓိကဇာတ်ကောင်မဟုတ်ဘဲ Kamen Rider Live & Evil, Kamen Rider Demon တို့က အဓိကဇာတ်ကောင်များဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒိုင်ဂျီနဲ့ ကာဒိုတာ တို့ဟာ Bluebird ဆိုတဲ့ အဖွဲ့အစည်းမှာ ဆက်လက်လုပ်ကိုင်နေကြပါတယ်။ ကာဒိုတာလည်း မျိုးရိုးဗီဇပြုပြင်ရေးဌာနက ‌ဒေါက်တာ အီချီမူရာထံမှာ ဆေးကုသမှုခံယူနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Alicorn ဆိုတဲ့ အကြမ်းအဖက်အဖွဲ့အစည်းပေါ်‌ပေါက်လာပြီး က‌လေးတွေကို ပြန်‌ပေးဆွဲခဲ့ပါတယ်။ ဒိုင်ဂျီနဲ့ ကာဒိုတာလည်း အဆိုပါကလေးတွေကို ဝင်ရောက်ကယ်တင်ရင်း Alicorn ကိုဖြိုခွင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကာဒိုတာရဲ့ နတ်ဆိုး ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ ဘာလို့ ကာဒိုတာရဲ့ နတ်ဆိုးက ပြန်လည်ပေါ်ပေါက်လာတာလဲ? Alicorn ...
movie

Revice Forward: Kamen Rider Live & Evil & Demons (2023)

2023
American Honey(2016)
American Honey(2016) American Honey(2016)**********************အဖော်အချွတ် ၊ ဆေးသုံးတဲ့အခန်းတွေ နဲ့ ကြမ်းတမ်းတဲ့စကားလုံးများစွာပါဝင်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ယခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ American Honey ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၇၀ကြိမ်မြောက် BAFTA ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံး British Film အဖြစ်ဆန်ကာတင်ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာလဲ Palme d'Or ဆုအတွက်ရွေးချယ်ခံခဲ့ရပြီး Jury Prize ဆုကို ရရှိခဲ့ပါတယ်။ အခြားဆုတွေလဲ တစ်သီကြီးရထားတဲ့ ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ IMDB 7/10 ရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ Rating ကောင်းကောင်းရရှိထားပါတယ်။ ဇာတ်ကောင်တွေကတော့ Sasha Lane၊ Shia LaBeouf နဲ့ Riley Keough တို့အဓိကထား ပါဝင် သရုပ်ဆောင် ထားပါတယ်။ စတားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ ကလေးမဟုတ်တဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းနေရပြီး အမြဲတစေ လိင်ပိုင်းဆိုင်ရာစော်ကားနေတဲ့ ...
movie

American Honey(2016)

Mickey, Donald, Goofy: The Three Musketeers(2004) 6.7
Mickey, Donald, Goofy: The Three Musketeers(2004) Mickey, Donald, Goofy: The Three Musketeers(2004)*************************************************မစ်ကီ၊ဒေါ်နယ်၊ဂူဖီတို့ဆိုတာ ဖုန်းတွေ၊ဂိမ်းတွေမပေါ်ခင်က ကျွန်တော်တို့ရဲ့ ငယ်ဘဝမိတ်ဆွေလေးတွေပါပဲ။ မှတ်မိပါသေးတယ် ငယ်ငယ်ကဆိုရင် အပတ်စဥ်ထုတ်ဝေတဲ့ကာတွန်းစာစောင်ရုပ်ပြတွေမှာ သူတို့အကြောင်းလိုက်ဖတ်ရတာ မမောနိုင်မပန်းနိုင်ပါပဲ။ ဒီရုပ်ရှင်လေးကတော့ နာမည်ကြီး The Three Musketeersကိုမှ မစ်ကီတို့သုံးယောက်ရဲ့versionလေးဖြစ်ပြီး စွန့်စားခန်းတွေကို ပျော်ပျော်ရွှင်ရွှင်ပြန်လည်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ မစ်ကီ၊ဒေါ်နယ်နဲ့ ဂူဖီတို့ဟာ ငယ်ငယ်လေးကတည်းကစစ်သည်တော်ဖြစ်ဖို့ အိပ်မက်မက်ခဲ့သူတွေပါ။ တစ်နေ့မှာတော့ သူတို့အိပ်မက်အမှန်တကယ်ဖြစ်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ မစ်ကီတို့သုံးယောက်အပြင် မီနီ၊ ဒေစီ၊ နွားမလေးကလာရာဘလ်၊ ပီဒ်၊ ပလူတိုစသည်ဖြင့် လူစုံတက်စုံပါဝင်ပါပြီး အများကြီးညွှန်းစရာမလိုတဲ့ကားလေးမို့ ငယ်ဘဝကိုပြန်တမ်းတရင်းကြည့်ရှုလိုက်ပါဦး။ File Size :(1.4GB) and (716MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:07:00 Genre : Animation, Comedy , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Mickey, Donald, Goofy: The Three Musketeers(2004)

Last Action Hero (1993)
Last Action Hero (1993) IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie

Last Action Hero (1993)

Holes (2003) 7.0
Holes (2003) Holes (2003) IMDb - 7.0/10, Rt - 78%CM ပရိသတ်တွေအတွက် 2003 တုန်းကထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာသူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေသူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက်ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကိုအပို့ခံလိုက်ရပါတော့တယ်။ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီးငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီးဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးကပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်းဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စတန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရောလွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကိုပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File ...
movie

Holes (2003)

2003
Dragon Hunting Mystery ( 2023 ) 6
Dragon Hunting Mystery ( 2023 ) ရှန်နုံရတနာသေတ္တာဟာ "ထာဝရရှင်သန်ခြင်းရဲ့ တံခါးဝ"လို့ ဒဏ္ဍာရီတွင်တဲ့ အမတဆေးနဲ့ဆက်နွှယ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာတစ်ခုဖြစ်ပါသတဲ့။ဒီလျှို့ဝှက်ချက်ကို သိတဲ့လူအနည်းကျဉ်းသာရှိပေမဲ့ အဲ့ဒီထဲမှ "မုဖုန်းချန်"ဆိုသူဟာ ထိုရတနာကိုမျက်စိကျပြီး သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်၊‌ ရှေးဟောင်းအစဉ်လာဒဏ္ဍာရီလျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတဲ့နေရာတစ်ခုဖြစ်တဲ့ ယန်ဟွမ်ခန်းမက မော့ရွှမ်နဲ့ချန်ရွှင်တို့ဟာလည်း ထိုနတ်ပစ္စည်းရတနာကို မသမာသူလက်ထဲမကျရောက်အောင် တာဝန်အရ အမြန်ရှာဖွေပါတော့တယ်။ တကယ်တမ်းမှာတော့ ရှန်နုံရတနာသေတ္တာဟာ စစ်ဦးစီးချုပ်"ကျန်းချန်ဇစ်" လက်ထဲရောက်နေပါတော့တယ်၊ဒါပေမဲ့ ကျန်းချန်ဇစ်ဟာ ရှန်နုံရတနာသေတ္တာဟာဘာမှန်းမသိခဲ့ပါဘူး။-ဒီလိုနဲ့‌‌ ရတနာရှိရာကို လောဘရဲ့သားကောင်တွေ ပစ်မှတ်ထားလာတဲ့အခါ...∆ရန်သူရဲ့ရန်သူဟာ သူငယ်ချင်းဖြစ်တတ်တယ်ဆိုတဲ့အတိုင်း ကျန်းချန်ဇစ်၊ချန်ရွှင်နဲ့ မော့ရွှမ်တို့သုံးယောက် ရှန်နုံရတနာကို ဘယ်လိုတွေဆက်ရှာဖွေသွားမလဲ...∆အရာအားလုံး ပုံရိပ်ယောင်တွေပြည့်နှက်နေတဲ့ နယ်နိမိတ်ကြီးမှာ သူတို့သုံးယောက်ကရော အစစ်မှန်ဖြစ်ပါ့မလား...∆အားလုံးရဲ့အရင်းမြစ်ဖြစ်တဲ့ ရှန်နုံရတနာသေတ္တာနဲ့ အမတ‌ဆေးနောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိနေမလဲ...ဘယ်လိုအန္တရာယ်တွေကိုရင်ဝယ်ပိုက်ပြီး နောက်ဆုံးမှာ အမတဆေးဟာ ဘယ်သူ့လက်ထဲကိုပဲရောက်ရှိသွားလေမလဲ.....ဆိုတဲ့အံ့ဖွယ်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့စိတ်ဝင်စားစွာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်လို့ CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။ [ Reviewed By Clytie ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 31 min Subtitle : Myanmar Subtitle ...
movie

Dragon Hunting Mystery ( 2023 )

Ant-Man and the Wasp: Quantumania (2023) 6.4
Ant-Man and the Wasp: Quantumania (2023) Ant-Man and the Wasp: Quantumania (2023) ================================ IMDb Rating - 6.4/10ကဲ မာဗယ်ရဲ့ ပုရွက်ဆိတ်လူသားရုပ်ရှင် အသစ်လာပါပြီ။ ဇာတ်လမ်းကတော့ Endgame တိုက်ပွဲကြီးအပြီးမှာ အေး အေးချမ်းချမ်းနေနေကြတဲ့ စကော့၊ ဟုပ်၊ ကတ်စီ၊ ဟင်နရီ နဲ့ ဂျဲနက်တို့ မိသားစုဟာ မတော်တဆမှုတစ်ခုကြောင့် ကွမ်တမ် လောကကြီးထဲကို ရောက်သွားပြီး ကွန်ကရာ ခန်း ဆိုတဲ့ ရန်သူ ကြီးတစ်ယောက်နဲ့ ရင်ဆိုင်ရတာပါ။ခန်းဟာ အချိန်ခရီးသွားနိုင်၊ နည်းပညာအသစ်အဆန်းတွေတီ ထွင်နိုင်ပြီး၊ အဗန်ဂျာတွေကိုသတ်နိုင်လောက်တဲ့အထိ စွမ်းအား ကြီးတဲ့သူပါ။ ကမ္ဘာတွေ၊ အချိန်စီးကြောင်းတွေ၊အပြိုင်စကြဝဠာ တွေကိုဖြတ်ပြီး ခရီးသွားရင်း ကမ္ဘာတွေကို ဖျက်ဆီးနေသိမ်း ပိုက်နေတဲ့သူတစ်ယောက်ပါပဲ။ အဲတော့ ဒီရန်သူကြီးနဲ့ စကော့ တို့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality….4k HEVC | 1080p | 720p | 480p File size…6GB | 2.12 ...
movie

Ant-Man and the Wasp: Quantumania (2023)

2023
4K HEVC
The Fourth Musketeer (2022) 4.2
The Fourth Musketeer (2022) The Fourth Musketeer (2022) ======================တစ်ခုသောညမှာ ဘုရင့်စစ်သည်တော်ရူးရူးနေတဲ့ ကောင်လေး တစ်ယောက်ဟာ ဒါ့တညံလို့အမည်ရတဲ့ သူအလေးစားရဆုံး ဘုရင့်စစ်သည်တော်ရဲ့ အခန်းထဲကို ခိုးဝင်ပါသတဲ့။ အကြောင်း ကတော့ သူ့စိတ်ထဲမှာ ဒါ့တညံဟာ ကျောထောက်နောက်ခံအင် အားမရှိ၊ မျိုးရိုးမရှိဘဲ ကိုယ်စွမ်းကိုယ်စနဲ့ ဘုရင့်စစ်သည်တော် ခေါင်းဆောင်နေရာထိ တက်လှမ်းနိုင်ခဲ့တယ်လို့ ယုံကြည်ထား ပါတယ်။ ဒါကြောင့် ဖြတ်လမ်းအလွယ်နည်းနဲ့ စစ်သည်တော် ဖြစ်လာဖို့ရာ ဒါ့တညံကို တိုက်ရိုက်စိန်ခေါပြီး စစ်သည်တော် အဖွဲ့ထဲကို လေ့ကျင့်ရေးမဆင်းရဘဲ တန်းခန့်‌စေချင်လို့ပါ။ဖြစ်ချင်တော့ သူအခန်းထဲခိုးဝင်တဲ့အချိန်မှာ ဒါ့တညံဟာ ကိုယ် တွေ့မှတ်တမ်းရေးနေချိန်ဖြစ်ပြီး သူ့ကိုအားကျပြီး ဖြတ်လမ်း ကနေ စစ်သည်တော်ဖြစ်ချင်‌နေတဲ့ ကောင်လေးကိုတွေ့တော့ ဂုတ်ဆွဲထိုင်ခိုင်းပြီး သူ့ဇာတ်ကြောင်းကို ပြန်လှန်ပြောပြရင်း ဒီဇာတ်ကားဖြစ်လာသပေါ့လေ။ဒီလိုနဲ့ ဒါ့တညံရဲ့ စစ်သည်တော်ဖြစ်လာပုံကို နောက်ကြောင်း ပြန်ပါတယ်။ သူတို့နှစ်ယောက်စကားဝိုင်းလည်းပြီး ဒီဇာတ်ကား လည်းပြီး။ သူ့ဇာတ်ကြောင်းနားထောင်ရင်း ဒါ့တညံကို ဆဲချင် ဆူချင်စိတ်ပေါက်လိုက်၊ ချီးကျူးချင်စိတ်ပေါက်လိုက်၊ သင်ခန်း စာယူစရာလေးတွေ့လိုက်နဲ့ ဒီဇာတ်ကားလေးက ပြီးလို့ပြီးမှန်း မသိ ပြီးသွားမှာပါ။နာမည်ကိုရင်းနှီးသလိုလိုဖြစ်နေရင်တော့ ဟုတ်ပါတယ်...ဆရာ ကြီးပီမိုးနင်းဘာသာပြန်တဲ့ “သူရဲကောင်းသုံးယောက်”ထဲက ဒါ့တညံ(ဓားတညံ)ပါပဲ။ ဆရာကြီးရွှေဥဒေါင်းကလည်း ဘာသာ ပြန်ဖူးပါတယ်။ "The Count Of Monte Cristo"ကိုရေးတဲ့ ပြင် သစ်စာရေးဆရာအလက်ဇန်းဒါးဒူးမတ်ရဲ့လက်ရာ"The Three Musketeers"ကိုမှီငြမ်းထားတာပါ။ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

The Fourth Musketeer (2022)

2022