Channel Myanmar

Adventure

Everything Everywhere All at Once(2022) 8.7
Everything Everywhere All at Once(2022) Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ ...
movie

Everything Everywhere All at Once(2022)

4K HEVC
Beasts of the Southern Wild (2012) 7.2
Beasts of the Southern Wild (2012) Beasts of the Southern Wild (2012)~ IMDb - 7.2/10, RT - 86%, Meta - 86% ~ဟာရီကိန်း မုန်တိုင်းကြီး လာတော့မယ်တဲ့...လူဝီစီယားနားမြစ်ဘေးက ‘ရေချိုးကန်’လို့ ခေါ်ကြတဲ့ ကျွန်းလေးတစ်ကျွန်းမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတယ်။ တချို့က ကြောက်လို့ ပြေးကြပြီ။ တချို့ကတော့... “အို... ငါတို့ဒီမြစ်ဘေးမှာ တသက်လုံး နေလာတာ... ဒါငါတို့အိမ်၊ ဒါငါတို့ကျွမ်းကျင်ရာမြေ... ဘာကိုများ မှုနေရဦးမလဲ...” ဟုတ်ပါရဲ့… မြစ်နံဘေးမှာ နေသူတွေအဖို့ မုန်တိုင်းနဲ့အတူ ပါလာမယ့် ရေကိုပဲ အပိုလုပ် ကြောက်နေရဦးမလား... ဝေးသေးတယ်။အစိုးရက မြောက်ပိုင်းကို ပင်လယ်ရေတက်တာလာကနေ ကာကွယ်ဖို့ တည်ဆောက်ထားတဲ့ ရေကာတာရဲ့နောက်မှာ သူတို့ရဲ့ ‘ရေချိုးကန်’လေး ရှိနေတာ။ ဝင့်ခ်ကတော့ ခေါင်းမာရဲတင်းသူပီပီ ဘာကိုမှ အကြောက်အလန့်မရှိ... ဒါပေမဲ့ သူစိုးရိမ်တာတခုက သူမရှိတော့တဲ့နောက် သူ့သမီးလေး ဟက်ရှ်ပက်ပီ တစ်ယောက်တည်း ဘယ်လိုရှင်သန်မလဲဆိုတာပဲ။ ...
movie

Beasts of the Southern Wild (2012)

2012
My Name Is Khan (2010) 7.9
My Name Is Khan (2010) IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome  လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ  လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie

My Name Is Khan (2010)

4K HEVC
The Assassin(2023) 6.7
The Assassin(2023) The Assassin(2023)*****************ဂျိုဆွန်းမှာ စစ်ပွဲတွေဖြစ်ပြီး ဘုရင်ရဲ့ အာဏာလည်းသက်ရောက်မှုမရှိတော့ လူသတ်ပွဲတွေ ခိုးဆိုးလုယက်အကျင့်ပျက်မှုပေါင်းများစွာနေရာတကာမှာဖြစ်နေတယ်..ဒီအထဲမှာတော့ ငွေရှိတဲ့သူတွေဟာ သူတို့ပြိုင်ဘက်ပေါင်းများစွာကိုတော်လွန်းတဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုငှါးပြီးသုတ်သင်လေ့ရှိတယ်...ဒီထဲမှာ အီနန်ဆိုတာ ဒီလောကရဲ့ ဓားရေးအထက်မြက်ဆုံးလုပ်ကြံရေးသမားအဖြစ်နာမည်ကြီးတယ်.....ဓားရေးထက်မြက်တဲ့အပြင်လှုပ်ရှားမှုတွေက လျှင်မြန်လွန်းတော့ သူ့နာမည်ကြားတာနဲ့ တော်ရုံသက်တော်စောင့်တွေတောင်ထွက်ပြေးကြတယ်..တစ်နေတော့အီနန်ဟာ အတွင်းအား အသုံးပြုတဲ့အချိန်နှလုံးနဲ့အဆုတ်မှာပြဿနာဖြစ်နေတော့ ဆေးဆရာက ဒီရောဂါကိုကုနိုင်တာ ထူးဆန်းတဲ့ဆေးတစ်ခုပဲရှိတယ်..ဒါပေမယ့် ခုချိန်ထိ ဘယ်သူမှ ရှာမတွေ့သေးဘူးလို့ အီနန်ကိုပြောလိုက်တယ်..ဒီအကြောင်းကိုသိတဲ့ အခြားလုပ်ကြံရေးသမားတွေဟာ အီနန်ကို ရေဆုံးရေခမ်းလိုက်လံသုတ်သင်ပါတော့တယ်...အီနန်တစ်ယောက် ဘယ်လိုရုန်းထွက်မလဲဆိုတာကိုတော့...File Size :(2.04GB)(810MB) and (287MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:41:00 Genre : Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Miri & Hnin Wai Oo Encoded by Phyo Pyae
movie

The Assassin(2023)

Brave (2012) 7.1
Brave (2012) အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Disney ချစ်သူလေးတွေရဲ့ အသည်းစွဲ အနီရောင်ဆံပင်လေးတွေနဲ့ မာရီဒါဆိုတဲ့ မင်းသမီးလေးအကြောင်း ရိုက်ထားတဲ့ Brave ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားပါ..မာရီဒါလေးဟာ မင်းသမီးတစ်ယောက်ရဲ့ နေထိုင်ပြုမူရမှာတွေနဲ့ ဆန့်ကျင်ဖက် မြားပစ်တာ မြင်းစီးတာတွေကိုပဲ စိတ်ဝင်စားပါတယ် သူ့မိခင်က သူ့ကို မင်းသမီးတစ်ယောက်လို ပြုမူနေထိုင်ဖို့ အမြဲဆုံးမပေမဲ့ သူနားမထောင်ပါဘူး တနေ့တော့ သူမဟာ မင်းသမီးတို့ရဲ့ ထုံးစံအတိုင်း လက်ထပ်ဖို့ ပြင်ဆင်ရဖို့ ဖြစ်လာပါတယ် ဒီအခါ သူမဟာ မိခင်ဖြစ်သူကို ဆန့်ကျင်ပြီး ထွက်ပြေးရင်း စုန်းမတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ် စုန်းမက သူ့မိခင်ကို စိတ်ပြောင်းသွားအောင် လုပ်ပေးမယ်ဆိုပြီး ကိတ်မုန့်တစ်ခုပေးလိုက်ပါတယ်မာရီဒါလေးဟာ အိမ်ပြန်လာပြီး သူ့မိခင်ကိုကျွေးလိုက်တဲ့အခါမှာတော့ ရလဒ်က သူမျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ပါတော့တယ် ဒီတော့ သူ့ကြောင့် ဖြစ်သွားရတဲ့ အမှားကို ပြန်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားရတဲ့အခါ မာရီဒါလေးတစ်ယောက် အခက်အခဲတွေကြားထဲ ဘယ်လိုရုန်းကန်ရမလဲ ဘယ်လိုတွေစွန့်စားရမလဲ ဆိုတာ.....။IMDb 7.1 ထိရထားတာမလို့ ကြည့်ဖူးပြီးသား Disney ပရိသတ်တွေရော ...
movie

Brave (2012)

2012
4K HEVC
Oblivion (2013) 7.0
Oblivion (2013) Oblivion (2013) IMDb - 7.0/10_____Rotten - 53%၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ မင်းသာကြီး တွမ်ခရုစ် ရဲ့ IMDb 7 ထိရရှိခဲ့တဲ့ sci-fi ရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်လိုက်ပါတယ် အဟောင်းဆိုပေမယ့် မကြည့်ရသေးသူတွေ ပြန်လည်ခံစားချင်သူတွေအတွက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂြိုလ်သားတွေနဲ့ လူသားတို့ရဲ့ တိုက်ပွဲအပြီး 2077 ခုနှစ်မှာ ဂျက်ရစ်ချာ (တွမ်ခရုစ်) ဟာ ကမ္ဘာကြီးရဲ့လုံခြုံရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး သူ့ရဲ့ တာဝန်ပြီးဖို့ ရက်သတ္တပတ်၂ပတ်ခန့် အလိုမှာပဲ မမျှော်လင့်ထားတဲ့ မိန်းမချောလေးတစ်ဦးကိုကယ်တင်မိရာကနေ အဲဒီ့မိန်းကလေးက လူသားမျိုးနွယ်တစ်ခုလုံးကိုကယ်တင်ဖို့ရာ အကြောင်းတစ်ခုဖြစ်လာတဲ့အခါမှာတော့....။ဒီရုပ်ရှင်က ကမ္ဘာပျက်ကိန်းရုပ်ရှင်ကားတွေထဲမှာ တွမ်ခရုစ်နဲ့အတူနာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ရုပ်ရှင်ဖြစ်ပါကြောင်း။ File size…(3.8 GB)/(1.3 GB) /(830 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:04:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Oblivion (2013)

2013
4K HEVC
We Have a Ghost (2023) 6.1
We Have a Ghost (2023) We have a Ghostကယ်ဗင်တို့ မိသားစုဟာ စီးပွားရေးအဆင်မပြေမှုတွေနဲ့အတူ ရွှေ့ပြောင်းနေထိုင်နေကြရတာပါ။တနေ့ အိမ်သစ်ပြောင်းကြတဲ့အခါ မထင်မှတ်ဘဲ ကယ်ဗင်တစ်ယောက် သရဲတစ်ကောင်ကို စတင်တွေ့ရှိခဲ့ပါတော့တယ်။ တွေ့လျင်တွေ့ခြင်းပဲ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မိခဲ့ရာက ထိုဗီဒီယိုကို အစ်ကိုကတွေ့ … ပြီးတဲ့နောက် ဖခင်ဆီရောက်သွားတဲ့အခါ...သရဲကလေး အားနက်စ်ဟာ ဝင်ငွေကောင်းတဲ့ ဆိုရှယ်မီဒီယာလောကရဲ့ သားကောင်ဖြစ်လာရပါတော့တယ်...ကယ်ဗင်ကတော့ အားနက်စ်ကို သနားနေပြီး သူ့အဖေရဲ့လုပ်ရပ်တွေကို မနှစ်မြို့တာကြောင့် အားနက်စ် ကျွတ်လွတ်ရေးကိုသာ ကြံစည်နေပါတော့တယ် …တစ်ဖက်မှာလည်း CIAမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက ပိတ်သိမ်းထားရတဲ့ Wizard Clipဆိုတဲ့ စီမံကိန်းဟာ အားနက်စ်ရဲ့နာမည်ကျော်ကြားလာမှုကြောင့် မြုပ်ရာကနေ ပြန်ပေါ်လာပါတော့တယ်...စီမံကိန်းရဲ့ မူလရည်ရွယ်ချက်ဟာ သရဲတွေရဲ့ တည်ရှိမှုကို ရှာဖွေဖော်ထုတ်မယ် ပြီးရင် ထိန်းသိမ်းမယ် အဲ့နောက် လက်နက်အဖြစ်အသုံးပြု ရနိုင် မရနိုင် ဆန်းစစ်ကြဖို့ပဲဖြစ်ပါတယ် …ဒါပေမယ့် စီမံကိန်းဟာ သရဲတစ်ကောင်မှ လက်ဆုပ်လက်ကိုင် မပြနိုင်တာနဲ့တင် နိဂုံးချုပ်ခဲ့ရပါတယ် ...
movie

We Have a Ghost (2023)

Doraemon the Movie: Nobita’s Little Star Wars 2021 (2022) 6.5
Doraemon the Movie: Nobita’s Little Star Wars 2021 (2022) Doraemon the Movie: Nobita's Little Star Wars 2021 (2022) ==========================================CM ပရိတ်သတ်ကြီးတို့ထဲမှာ ဒိုရေမွန်နဲ့ နိုဘိတကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ဘဝဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါ၊ ငယ်ဘဝဇာတ်ကောင်တွေကို ပြန်ထိတွေ့ရတဲ့အခါ ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းဇာတ်ကောင်ကို လွမ်းဆွတ်နှုန်းက ၅၀%၊ ကြည့်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ ငယ်ဘဝခံစားချက်ကို သတိရမိတာက ၅၀%ပါပဲ။ ငယ်ငယ်ကတော့ ကျောင်းဆင်းချိန်တို့၊ ကျောင်းပိတ်ရက်တို့မှာ ကြည့်ခဲ့ကြတယ်ဟုတ်။အခုတင်ဆက်ပေးမယ့် Movie လေးရဲ့ ဇာတ်လမ်းကဒီလိုပါ။ နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်နေရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲက‌နေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေးထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီး သွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက် သင်္ဘောကြီးရောက်လာပြီး တိုက်ခိုက်တော့တာပါပဲ။စပွိုင်းလွတ်အောင် ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာ တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phoenix Homura ဖြစ်ပါတယ်)File Size..........(1.68 GB) / (684 MB) / ...
movie

Doraemon the Movie: Nobita’s Little Star Wars 2021 (2022)

2022
Gemini Man (2019) 5.7
Gemini Man (2019) ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့....။ File size…(7.6 GB)/(1.9 GB) /(999 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:57:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Gemini Man (2019)

2019
4K HEVC
Dragon Quest: The Soul Coffin ( 2023 ) 5.9
Dragon Quest: The Soul Coffin ( 2023 ) လျို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့CMပရိသတ်ကြီးအတွက် လျို့ဝှက်ဆန်းကြယ်ရှေးဟောင်းသင်္ချိုင်းဖောက်ထွင်းတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေးတုန်းက ဝိဉာဉ်ချင်းလဲပြီးအသက်ဆက်ရှင်နိုင်စေတဲ့ နဂါးပုလဲလုံးဆိုတဲ့ရတနာပုလဲလုံးကို သဲကန္တာရကြီးတစ်ခုရဲ့ အောက်မှာဝိဉာဉ်အခေါင်းထဲမှာထည့်သွင်းပြီးမြုပ်နှံထားတယ်တဲ့.....တော်လှန်ရေးခေတ်မှာ ပညာအသီးသီးရှိတဲ့လူတစ်စုဟာ ရည်ရွယ်ချက်အသီးသီးနဲ့ သင်္ချိုင်းဖောက်ထွင်းဖို့စုမိကြပါတယ်။ ရှေးဟောင်းမြေပုံတစ်ခုကိုယူပြီး သဲကန္တာရကြီးထဲမှာ ဒဏ္ဍာရီထဲကရှေးဟောင်းသင်္ချိုင်းကိုရှာဖွေခဲ့ကြတယ်။ ရှေးဟောင်းသင်္ချိုင်းကြီးထဲမှာ သူတို့ကိုဘယ်လို ဆန်းကြယ်တဲ့အရာတွေကစောင့်နေမလဲ ...... ဝိဉာဉ်ချင်းလဲပြီးသူများခန္ဓာနဲ့အသက်ရှင်စေနိုင်မယ့် နဂါးပုလဲလုံးဆိုတာကရော ဘယ်လိုအရာဖြစ်နေမလဲ..... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery , Adventure Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Dragon Quest: The Soul Coffin ( 2023 )

Belle and Sebastien: The New Generation (2022) 6.2
Belle and Sebastien: The New Generation (2022) Belle and Sébastien: The New Generation (2022)ဒီတစ်ခါ​တော့ Pet Lover ​လေး​တွေအတွက် 2022 မှာထွက်ရှိထားတဲ့ ဒရာမာ အက်ရှင်ပြင်သစ်ကား​လေး Belle and Sébastien: The New Generation ​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ 1965 ကစ တီဗွီစီးရီးအဖြစ်ထွက်ရှိထားပြီး ​နောက်ပိုင်း စီးရီးက​နေ ရုပ်ရှင်အဖြစ်လည်း အများကြီးထွက်ရှိထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ 2022 မှာထွက်ထားတဲ့ ခုကား​လေးက​တော့ ဒီဘက်​ခေတ်နဲ့ လိုက်‌လျောညီ​ထွေ​အောင်ရိုက်ပြထားတဲ့ ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~၁၀ နှစ်အရွယ် ပြင်သစ်မြို့ကြီးသားလေး ဆက်​ဗေးစတန်း တစ်​ယောက် အ​မေခရီးသွားစရာရှိလို့ အဘွားဖြစ်သူရှိတဲ့ရွာကို သွားပြီး​နောက် ဘယ်လ်ဆိုတဲ့​ခွေး​လေးနဲ့ ​တွေ့ဖြစ်တဲ့အခါ သူတို့နှစ်​ယောက်ကြားဘယ်လို​တွေ ​သံ​ယောဇဥ်​​တွေဖြစ်သွားကြလဲဆိုတာကို ကြည့်ရမယ့် ဒရာမာရုပ်ရှင်​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်း​လေးထဲမှာ သိုးအ​ကြောင်း​တွေလည်းပါတာမို့ တိချစ်သူ​တွေအတွက်​တော့ ကြည့်ရတာ​​တန်ပြီး ဗဟုသုတ​တွေလည်း​တိုးမယ့် ဇာတ်ကား​ကောင်း​လေးတစ်ကားဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ...
movie

Belle and Sebastien: The New Generation (2022)

2022
All the Places (2023) 5.6
All the Places (2023) All the Places (2023) ===============ဆိုင်ကယ်တစီးနဲ့ ရောက်တတ်ရာရာ ခရီးသွားဖို့စိတ်ကူးထား တယ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါ။ ဆိုင်ကယ်စီး ရတာ မကြိုက်တဲ့သူတွေကတော့ နေပူဖင်နာလို့ကြိုက်မှာမဟုတ် ပေမယ့် ကားစီးရတာနဲ့ မတူတဲ့ လွတ်လပ်မှုက ဆိုင်ကယ်နဲ့မှရ နိုင်တာမဟုတ်လား။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅နှစ်ကြာလူချင်းမတွေ့ဖြစ် ကြတဲ့ ဖာနဲ့ ဂါဘို တို့မောင်နှမ၂ယောက် ဖခင်ဖြစ်သူရဲ့ နာရေးကျမှ ပြန်တွေ့ဖြစ်ကြပါတယ်။ အလုပ်အရမ်းများတဲ့ အကိုဖြစ်သူ ဖာ ဟာ နာရေးကိုနောက်ကျမှရောက်လာလို့ ညီမဖြစ်သူရဲ့ဒေါ်သဖြစ်မှု ခံခဲ့ရတယ်။ ဖခင်အိမ်ရောက်တဲ့အခါ ပင်ပေါင်ကစားရင်း ကလေး ဘဝက (၁၈)နှစ်ပြည့်ရင် ဆိုင်ကယ်စီးပြီး မြို့အနှံ့ လျှောက်လည်ဖို့ဆွဲ ထားတဲ့ မြေပုံလေးကို အမှတ်တမဲ့ပြန်တွေ့ကြရာက မောင်နှမ(၂) ယောက် မထင်မှတ်ပဲ ခရီးအတူတူ ထွက်ဖြစ်ကြတာပေါ့။ဆိုင်ကယ်စီးရင်း ခရီးလမ်းတလျှောက် အခက်အခဲတွေ ပျော်စရာတွေ အချစ်သစ်တွေ မပြောဖြစ်ပဲသိမ်းထားကြတဲ့ လျှို့ဝှက်ချက်တွေ အတွေ့အကြုံသစ်တွေကို မက်ဆီကိုရဲ့ လှပတဲ့ရှုခင်းတွေ ဓလေ့တွေနဲ့ အတူ မြင်တွေ့ရမှာဖြစ်ပြီး၊ အလောင်ဇာတ်ကားတွေ ကြည့်ပြီးလောင် မြိုက်နေသူတွေအဖို့ စိတ်သက်သာရာရစေမယ့် ဇာတ်လမ်းမျိုးလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.48 GB) / (657 MB) ...
movie

All the Places (2023)

2023
The Werewolf Game: Inferno (2018) 6.1
The Werewolf Game: Inferno (2018) The Werewolf game : InfernoAlong the god's willတို့ Alice in borderlandတို့လိုမျိုး အသက်ကိုလောင်းကြေးထပ်ပြီး ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တဲ့ survival ရုပ်ရှင်ချစ်သူတွေအတွက် နောက်ထပ်ကြည့်လို့ရမဲ့ movieအတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ထူးခြားတာက တခြားmovieတွေလို သတ်မဲ့လူ ကိရိယာတွေ အဆင်သင့်ရှိနေတာမဟုတ်ဘဲ ဂိမ်းကစားသူတွေကိုယ်တိုင် သူတို့အထဲက သမန်းဝံပုလွေကို လိုက်လံ သတ်ဖြတ်ရမှာပါ။ Party gameတစ်ခုဖြစ်တဲ့ The werewolf gameကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။မြန်မာမှာ ခေတ်စားခဲ့တဲ့ Among usလိုမျိုးပဲ အဖွဲ့ထဲက impostor(သမန်းဝံပုလွေ၂ကောင်)ဖြစ်နိုင်တဲ့သူကို မဲပေးပြီး ကိုယ်တိုင်သတ်ရမှာပါ။ဇာတ်လမ်းအစမှာတော့ အထက်တန်းကျောင်းသား ကျောင်းသူတွေဟာ ဘာမှမသိလိုက်ဘဲ ထူးဆန်းတဲ့အဆောက်အဦတစ်ခုဆီ ရောက်လာကြပါတယ်။ အဲဒါဟာ တောနက်ထဲမှာ ထီးတည်းတည်ရှိနေတဲ့နေရာကျယ်ကြီးဖြစ်ပြီးတော့ လွတ်ဖို့လမ်းလည်း ရှာလို့မလွယ်ပါဘူး။ လွတ်မြောက်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ သမန်းဝံပုလွေဂိမ်းကို ကစားရမှာဖြစ်ပါတယ်။လူတွေအားလုံးထဲမှာမှ သမန်းဝံပုလွေ(jinrou) ၂ကောင်ရှိပြီးတော့ ကျန်တဲ့သူတွေက ရွာသားတွေဖြစ်ပါတယ်။ ညတိုင်း ၈နာရီမှာ အစည်းအဝေးထိုင်ပြီး ...
movie

The Werewolf Game: Inferno (2018)

Spirited Away: Live on Stage-org(2022)) 7.0
Spirited Away: Live on Stage-org(2022)) Spirited Away: Live on Stage-org(2022))*************************************ဒီကားက live on stage ဆိုလို့ပျင်းစရာကောင်းတယ်လို့ထင်ရင်မှားသွားပါလိမ့်မယ်...Spirited Away ဆိုတဲ့Animeလေးကို လူတိုင်းမစိမ်းကြဘူးထင်ပါတယ်။အခုကားလေးကတော့ အဲဒီ Anime ကို ပြဇာတ်ရိုက်ထားတဲ့သဘောပါ..နယ်ဘက်ပြောင်းနေဖို့ထွက်ခဲ့ကြတဲ့ ချီဟီရိုတို့မိသားစုလေး လမ်းခရီးမှာ ညကြီးမိုးချုပ်လမ်းမှားသွားပြီးလှိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲဒီလှိုဏ်ခေါင်းကတစ်ဆင့်တခြားဘက်ထွက်လိုက်တဲ့အခါမှာတော့ အပန်းဖြေဥယျာဉ်လို နေရာကြီးတစ်ခုတွေ့လိုက်ရပါတယ်။စားပွဲပေါ်မှာတည်ခင်းထားတဲ့စားကောင်းသောက်ဖွယ်တွေကို ချီဟီရို့အဖေနဲ့အမေကခွင့်ပြုချက်မတောင်းဘဲအငမ်းမရစားမိလိုက်တဲ့အခါ ဝက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။တကယ်တော့ သူတို့ရောက်သွားတဲ့နေရာက ဝိဉာဉ်တွေ၊ နတ်ဘုရားတွေ အပန်းဖြေကြတဲ့ တစ်ဖက်ကမ္ဘာကတည်းခိုခန်းသဘောမျိုးပါ။မိဘတွေဝက်အဖြစ်ပြောင်းသွားပြီး ဝိဉာဉ်ကမ္ဘာထဲယောင်လည်လည်ဖြစ်နေတဲ့ချီဟီရို့ဆီ ဟခုလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရောက်လာပြီး အကူအညီပေးပါတော့တယ်.. ဟခုဆိုတာကရော သူနဲ့ဘယ်လိုပတ်သတ်လို့ကူညီပေးတာလဲ၊ ချီဟီရိုကရော သူ့မိဘတွေကိုကယ်တင်နိုင်ပါ့မလား..လူသားတွေကမ္ဘာဆီကိုရော ပြန်သွားနိုင်ပါ့မလား.. File Size :(2.9GB)(1.2GB) and (255MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…02:38:00 Genre : Adventure, Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Spirited Away: Live on Stage-org(2022))

Enemy Mine(1985)
Enemy Mine(1985) Enemy Mine (1985)ဒီတစ်ခေါက်မှာတော့ IMDB 6.8/10 ရထားတဲ့ ၁၉၈၅ ခုနှစ်က Sci-fci/Action ကားလေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ဇာတ်လမ်းအကျဉ်းမပြောခင် ဒီကားက ၁၉၈၅ခုနှစ်က ရိုက်ထားတဲ့ ဂြိုလ်သားကားလေးဆိုတာတော့ တစ်ချက်လောက် သတိပြုမိစေချင်ပါတယ်နော်.. တစ်ခေတ် တစ်ခါက လူသားနဲ့ ဂြိုလ်သားဇာတ်ကားလေးကို ခေတ်ဟောင်းမုဒ်သွင်းပြီး ခံစားသက်ဝင်ကြည့်ကြပါလို့..ဇာတ်လမ်းအကျဉ်းနှစ်ဆယ့်တစ်ရာစုအလွန်မှာ ကမ္ဘာသားတွေနဲ့ ဒရက်ဂ်လို့ခေါ်တဲ့ဂြိုလ်သားမျိုးနွယ်တွေက နယ်မြေချဲ့ထွင်ကြရင်း ကတောက်တဆဖြစ်ကာ အာကာသထဲ တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်.. ဒီလိုနဲ့ အာကာယတိုက်ခိုက်ရေးယာဉ်မှူး ဒက်ဗေ့ချ်က ဒရက်ဂ်တစ်ကောင်နဲ့ အကြိတ်အနယ် တိုက်ခိုက်ရင်း မထင်မှတ်ဘဲ အာကာသယာဉ်ပျက်ကြပြီး နယ်မြေသစ်တစ်ခုဖြစ်တဲ့ ဖိုင်ရင်ဂြိုလ်ထဲ သောင်တင်သွားခဲ့ပါတော့တယ်.. ကံဆိုးစွာနဲ့ပဲ အဲဒီဂြိုလ်ပေါ် ယာဉ်ပျက်ကျပြီး သောင်တင်နေတာက သူတစ်ယောက်တည်းမဟုတ်ဘဲ တစ်ဖက်က ရန်သူ ဒရက်စ်တစ်ကောင်ပါ အတူတူဖြစ်နေတဲ့အခါ... ဒက်ဗေ့ချ်တစ်ယောက် ရန်သူနဲ့ သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်ရင်းပဲ ကယ်ဆယ်ရေးယာဉ်လာအောင် စောင့်မျှော်နေရမလား.. ဒါမှမဟုတ် ရန်သူနဲ့ တစ်မြေတည်းနေပြီး သူငယ်ချင်းတွေအဖြစ်ပေါင်းစည်းသွားမလား.. ရန်သူတော်ကြီးကနေ သူငယ်ချင်းအဖြစ်ပေါင်းစည်းသွားဖို့ဆိုတာရော ဖြစ်နိုင်ပါ့မလား.. တစ်ဖက် ရန်သူတွေမှာရော သူတို့ ကမ္ဘာသားတွေ မသိနိုင်တဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေ အကျင့်စရိုက်တွေ ရှိနေမလဲဆိုတာကိုတော့... ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်..ပါဝင်ထားတဲ့ သရုပ်ဆောင်ကြီးတွေကတော့ Dennis ...
movie

Enemy Mine(1985)

Hello Zindagi (2022) 7.4
Hello Zindagi (2022) Hello Zindagi (2022) Adventure, Drama, Family IMDb 7.4/10 (1K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လူငယ်တွေအတွက် ပညာပေးဇာတ်ကားလေးဆိုလည်း မမှားလောက်ပါဘူးနော်။ဒီဘက်ခေတ်မှာ နည်းပညာတွေမြင့်တက်လာတာနဲ့အမျှ လူငယ်တွေဟာ လောကကြီးရဲ့အလှတရားတွေကို သဘာဝတရားကြီးမှာ ရှာဖွေမနေကြတော့ဘဲ မိုဘိုင်းဖုန်းကမ္ဘာထဲမှာပဲ မိန်းမလှလေးတွေကို ရှာဖွေနေကြပါတယ်။ တချို့မိန်းကလေးတွေဆိုရင် လိုက်ခ်တစ်ခု ကော်မန့်တစ်ခုရဖို့အတွက် အဖေါ်အချွတ်တွေတောင်လုပ်ဖို့ ဝန်မလေးကြပါဘူး။ဒီဇာတ်လမ်းလေးက ဆိုရှယ်မီဒီယာကို တအားစွဲလမ်းနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ဒီရှားဟာ သူ့တစ်နေ့တာလုပ်ငန်းစဉ်ဘဝကို ဆိုရှယ်မီဒီယာပေါ် အမြဲတင်လေ့ရှိတော့ ဖခင်ဖြစ်သူဟာ သမီးအတွက် လွန်စွာစိုးရိမ်ပူပန်နေခဲ့ပါတယ်။ဒီတော့ သူ့သမီးက သူပြောတဲ့အတိုင်းခရီးတစ်ခုကို တစ်ယောက်တည်းထွက်ပေးမယ်ဆိုရင် သမီးဖြစ်သူရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို လိုက်လျောပေးမယ်ဆိုပြီး စည်းကမ်းချက်တစ်ခုသတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့ လမ်းခရီးမှာ စမတ်ဖုန်းလုံးဝ ယူသွားခွင့်မပေးခဲ့ပါဘူး။ဒီလိုနဲ့ ဒီရှားတစ်ယောက် ခရီးလမ်းမှာ ကြုံတွေ့ရမယ့်ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ...။လောကရဲ့အလှစစ်ကို ရှာဖွေတွေ့ရှိခဲ့သလား...။ဘယ်သူတွေနဲ့ ကြုံဆုံရဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးကြပါဦးနော်။ File size…2.16GB / 971MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Hello Zindagi (2022)

2022
Star Trek: First Contact (1996)
Star Trek: First Contact (1996) Star Trek franchise မှာ ဂြိုဟ်တွေ ဂြိုဟ်တွေအတွက် အရေးကြီးတဲ့ turning point တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဂြိုဟ်တစ်ခုပေါ်မှာ ဖြစ်ပေါ်လာတဲ့ Civilization တစ်ခုခုဟာ သူ့အလိုအလျောက် ဆင့်ကဲတိုးတက်လာပြီး အလင်းလွန်နှုန်းစက်ဖြစ်တဲ့ warp drive ကို တီထွင်နိုင်ချိန်ပါပဲ။ Warp အချက်ပြတွေကို Federation ရဲ့ တာဝေးဆန်ဆာတွေကနေ ထောက်လှမ်းမိတဲ့အခါ အဲဒီဂြိုဟ်ကို သံတမန်တွေကို စေလွှတ်ပြီး Federation ထဲဝင်ဖို့ ကမ်းလှမ်းပါတယ်။ အဲဒီလို ပထမဆုံး စဆက်သွယ်တဲ့နေ့၊ အချိန်ကို First Contact လို့ ခေါ်ပါတယ်။ ဇာတ်လမ်းအရ ကျွန်တော်တို့ ကမ္ဘာကြီးကလည်း Federation နဲ့ First Contact နေ့ဆိုတာ ရှိခဲ့ပါတယ်။ တတိယကမ္ဘာစစ်ကြီးပြီးလို့ ပြာပုံထဲကနေ ရုန်းထလာခဲ့တဲ့ ကမ္ဘာဟာ 2063 ခုနှစ်၊ ဧပြီလ 5 ...
movie

Star Trek: First Contact (1996)

White Sun (2016) 7.1
White Sun (2016) White Sun (2016)~ IMDb - 7.1/10, Rotten Tomatoes - 100% ~ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ...
movie

White Sun (2016)

2016
The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
The Mummy (2017) 5.7
The Mummy (2017) အရင် Mummy ဇာတ်ကား တွေနဲ့ မတူတဲ့အချက်ကတော့ မင်းသား တွမ်ခရုဇ်က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီးအရင်ဇာတ်ကားတွေနဲ့ ကွဲပြားအောင် ဘယ်လိုဇာတ်အိမ်တည်ထားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ခရူးဆိတ်စစ်ပွဲမှာပါဝင်ခဲ့တဲ့ သူရဲကောင်း အဖွဲ့ဟာ အေဒီ ၁၁၂၇ မှာရှေးဟောင်းအီဂျစ်နိုင်ငံကနေ ပတ္တမြားကြီးတစ်လုံးရခဲ့ပြီး ဂူတစ်ခုထဲမှာ အမှတ်သညာနဲ့ မြှုပ်နှံထားပါတယ်။ယနေ့ခေတ်လန်ဒန်မြို့မြင်ကွင်းနဲ့အတူ မြေအောက်ရထား လမ်းဖောက်လုပ်တဲ့ လုပ်သား တွေဟာ ခရူးဆိတ်စစ်ပွဲ  သူရဲကောင်းရဲ့ ဂူကိုရှာဖွေတွေ့ရှိခဲ့ပြီး လုပ်ငန်းခွင်ထဲက ထူးဆန်းတဲ့အရာတွေကိုလည်း ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဂူတွေကို စူးစမ်းလေ့လာရင်း အမှတ်အသားတစ်ခုအရ နောက်ကြောင်း ပြန်ကြည့်တဲ့အခါ ဖာရိးဘုရင်တစ်ပါးရဲ့ သမီးတော် အာမာနက်မင်းသမီးနဲ့ ပတ်သက် တဲ့အကြောင်းအရာပေါ်လာခဲ့ပါ တယ်။အာမာနက် မင်းသမီးဟာ ထီးနန်းအမွေဆက်ခံမယ့် မင်းသမီးတစ်ပါးအဖြစ် နေရာရခဲ့ပေမယ့်သူ့ခမည်းတော်ရဲ့ ဒုတိယဇနီးက သားတော်မွေးဖွားခဲ့တဲ့အတွက် မင်းသမီးရဲ့ အခွင့်အာဏာတွေအကုန်လုံး လက်လွှတ်ရမယ့် အနေအထားဖြစ်ခဲ့ပါတယ်။အဲဒါနဲ့ အာမာနက်ဟာ သူသာလျှင် ထီးနန်းဆက်ခံသူဖြစ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပြီး အီဂျစ် နတ်ဆက်ကို သူ့ရဲ့ဝိညာဉ်ကို ယစ်ပူဇော်ခဲ့ပါတယ်။ ...
movie

The Mummy (2017)

2017
4K HEVC