Channel Myanmar

Adventure

Astro Kid (2019) 6.4
Astro Kid (2019) ဒါကတော့ချစ်စရာကာတွန်းကားကောင်းလေးတွေကိုနှစ်သက်ကြတဲ့ပရိသတ်တွေအတွက်လက်တလောပူပူနွေးနွေးထွက်ထားတဲ့ ပြင်သစ်animationကားလေးပဲဖြစ်ပါတယ်။ဒီကားလေးမှာ အာကာသစူးစမ်းရှာဖွေသူမိဘတွေနဲ့အာကာသထဲလိုက်သွားတဲ့ဝေလီလေးတစ်ယောက်သူတို့ယာဉ်ပျက်ဆီးပြီးမိဘတွေနဲ့ကွဲကာ ဂြိုလ်တစ်ခုပေါ်ရောက်သွားပါတယ်။ဒါပေမယ်ဆင်းသက်တဲ့ယာဉ်ထဲမှာသူ့ကိုဂြိုလ်ပေါ်မှာ ရှင်သန်နေထိုင်ရာမှာကူညီကာကွယ်ပေးဖို့ဘက်ခ်ဆိုတဲ့စက်ရုပ်လေးလည်းရှိပါတယ်။ပြီးတော့အဲ့ဂြိုလ်ပေါ်ကချစ်စရာအကောင်လေးဖလက်ရှ်နဲ့လည်းသူငယ်ချင်းတွေဖြစ်သွားပြီးသူ့မိဘတွေသူ့ကိုလာမကယ်မချင်းသူတို့ဂြိုလ်ပေါ်မှာ စွန့်စားခန်းလေးတွေလုပ်ကြပါတော့တယ်။ဒီကားလေးမှာ ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းလေးတွေချစ်စရာအကောင်လေးတွေနဲ့အချင်းချင်းရိုင်းပင်းကူညီကြပုံ‌‌ပျော်စရာလေးတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီကားလေးကတော့ Hollywoodကထွက်ရှိနေကြကာတွန်းကားတွေလိုမဟုတ်ပဲအရင်တုန်းကကာတွန်းကားလေးတွေလိုမျိုးကို ပြန်လည်ဆန်းသစ်ပြီးအရောင်အသွေးစုံစုံလင်လင်နဲ့ ချစ်စဖွယ်တင်ဆက်ထားတဲ့ချစ်စရာကာတွန်းကားလေးတစ်ကားဖြစ်ပါတယ်။ File Size : (842 MB , 308 MB)Quality : BluRay 720pRunning Time : 1 hr 29 minFormat : Mp4Genre : Animation , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie

Astro Kid (2019)

2019
Invader ZIM: Enter the Florpus (2019) 7.7
Invader ZIM: Enter the Florpus (2019) သိပ္ပံစိတ်ကူးယဉ်ဆန်ဆန်ဟာသကား​လေးပါအာကမ်အင်ပါယာက​နေ​စေလွှတ်လိုက်တဲ့ကျူး​ကျော်သူဇင်ဟာကမ္ဘာကိုဖျက်ဆီးဖို့လျို့ဝှက်စွာ​နေထိုင်​နေတာ​ပေါ့အဲ့တာကိုသိတဲ့ဒစ်ဘ်ဟာဘယ်လို​တွေ​ဖော်ထုတ်မလဲသူ့အ​ဖေကိုယ်တိုင်က​တောင်သူ့ကိုရူး​နေတယ်လို့ထင်ခံ​နေရတဲ့သူတစ်​ယောက်ကဇင်ရဲ့အကြံအစည်​တွေကိုဘယ်လို​ဖော်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲသူတို့၂​ယောက်ရဲ့ကိုယ့်ကိုကိုယ်အထင်ကြီးပြီးတလွဲ​တွေလုပ်တာ​တွေကိုကြည့်ပြီခွီ​နေရမှာပါ​နော်ကမ္ဘာကြီးကိုဖျက်ဆီးမယ့်ကျူး​ကျော်သူဇင်နဲ့ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစား​နေတဲ့ဒစ်ဘ်တို့၂​ယောက်ဘယ်သူ​တွေက​နောက်ဆုံးမှာအနိုင်ရသွားမလဲဆိုတာကိုဟာသဆန်ဆန်ရိုက်ကူးထားတာပါ... File Size : (661 MB , 269 MB)Quality :  WEB-DL 720pRunning Time : 1 hr 13 minFormat : Mp4Genre : Animation , Adventure , Sci-FiSubtitle : Myanmar Subtitle (Hard Sub)Translated by Hus LeiEncoded by Moe Myint Lwin
movie

Invader ZIM: Enter the Florpus (2019)

2019
Battle Royale (2000) 7.7
Battle Royale (2000) Battle Royale (2000) ဒီကားအကြောင်းကို မပြောခင် Pubg ဆိုတဲ့Gameကို အားလုံးသိကြမယ်ထင်ပါတယ် Pubg ကို ရေးဆွဲခဲ့တဲ့ သူက ဒီကားကိုကြည့်ခဲ့ပြီး ဂိမ်းအဖြစ်ပြန် အသက်သွင်းဖို့ အကြံရခဲ့တယ်လို့ဆိုထားပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့က ဂျပန်နိုင်ငံဟာ လူဦးရေတွေထူထပ်လျက်ရှိပြီး အလုပ်အကိုင်လဲရှားပါးနေပါပြီ အထက်လူကြီးတွေရဲ့ မစီမံနိုင်တဲ့အပေါ် ကျောင်းသား လူငယ်တွေကလဲ သပိတ်မှောက်ကြပါတယ် ဒီမှာတင် အစိုးရအဖွဲ့က ကျောင်းသင်ခန်းစာအသစ်တစ်ခုတိုးပေးလ်ုက်ပါတယ် BR actလို့ခေါ်တဲ့ ဒီသင်ခန်းစာဟာ ကျောင်းသားတွေကို ကျွန်းတစ်ကျွန်းပေါ်ပို့ အချိန်၃ရက်အတွင်း ရှင်သန်သူတစ်ယောက်ထဲကျန်တဲ့အထိ အချင်းချင်းသတ်ဖြတ်စေပါတယ် နှစ်စဉ် နိုင်ငံတစ်ဝှမ်းလုံးက ၈တန်းကျောင်းသားတွေထဲက အတန်းခွဲတစ်ခုကို ကျပန်းရွေးချယ်ပြီး ကျင်းပလေ့ရှိတဲ့ BR actသင်ရိုးကို နာနာဟာရာတို့အတန်းက ကံထူးပြီးသင်ရတဲ့အခါမှာတော့... ဘာတွေဖြစ်လာမလဲ ဆက်လက်ကြည့်ရှူလိုက်ကြပါ File Size : (1gb) and (600 MB) Quality : blu-ray 720p Running Time : 1h 54min Format : Mp4 Genre : Adventure, Drama, Sci-Fi  Subtitle : Myanmar Subtitle (Hard Sub) Source : Bluray.1080p.x264-RSG Translated by Waizin ...
movie

Battle Royale (2000)

2000
Dark Phoenix (2019) 6.0
Dark Phoenix (2019) Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကိုကယ်တင်ဖို အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီးထိန်းမရဖြစ်လာပါတော့တယ်။လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်းပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရောဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။ ထွက်ရှိခဲ့တဲ့ X-Men Moives Collection  များကိုအောက်ပါလင့်မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်..https://channelmyanmar.org/category/x-men/ File Size : (2 GB , 1 GB) & ( 390 MB)Quality :  BluRay ...
movie

Dark Phoenix (2019)

2019
After Earth (2013) 4.9
After Earth (2013) ၀ီလ် စမစ်တို့သားအဖ နှစ်ယောက်ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကားလေးကို ပြန်တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်လမ်းကို နောက်လာမဲ့ အနာဂတ် နှစ်ပေါင်း တစ်ထောင်မှာ ဇာတ်အိမ် တည်ထားပါတယ်။လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီး မှု့တွေကြောင့် အမိကမ္ဘာမြေ ကနေ ထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ် တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်ပေါ့ဗျာ။ အဲ့အချိန်မှာ လူသားတွေထပ်မံ သိခဲ့ ရတာက ဒီ စကြာဝဠာကြီးမှာ ကျွန်တော် တို့ချည်းမဟုတ်ပါဘူးဆိုတာပါပဲ Nova Prime ကို ပြောင်းရွှေ့လာတဲ့ လူသားတွေကို ဂြိုလ် သားတွေက တိုက်ခိုက် ပါတာတော့တယ်။အဲ့လို လူသားတွေ လည်းအသေအပျောက်များပြီး တစ်ဖြည်းဖြည်းနဲ့ မျိုးတုန်းမဲ့ အန္တရာယ် ကို ရင်ဆိုင်လာရပါပြီ။ အဲ့လို အခါမှာဆိုရင် လူသားတွေ ရဲ့ အားကိုးရာက ရိန်းဂျားလို့ခေါ်တဲ့ စစ်သားတွေအပေါ်မူတည်လာပါတယ်။ အဲ့ရိန်းဂျားတွေကြားထဲမှာမှ လက်မရွံ တက်တဲ့ ဆိုင်ဖာ(၀ီလ်စမစ်)က ထိပ်တန်းပေါ့။ဒီလိုနဲ့ လူသားတွေ ...
movie

After Earth (2013)

2013
Mr. Peabody & Sherman ( 2014 ) 6.8
Mr. Peabody & Sherman ( 2014 ) Zawgyi*******ဒီ Animation လေး ရဲ့ IMDb ကတော့ 6.8 ပဲဖြစ်ပါတယ်အထင်တော့မသေးလိုက်ပါနဲ့..Mr. Peabody ဟာ ခွေးတစ်ကောင်ဖြစ်ပေမယ့်သူဟာ တကယ့်ကို Genius .အတတ်ပညာ အစုံအလင် တတ်တယ်လူကောင်လေးဖြစ်တဲ့ ရှာမန်ကိုတောင် သူက ပြန်ပြီးမွေးစားထားလိုက်သေးတယ်သူ့ရဲ့ အထူးခြားဆုံး တီထွင်မှု တစ်ခုကတော့ ဝေးဘက် လို့ခေါ်တဲ့အချိန်ခရီးသွားစက်ပါပဲ..တရက် ရှာမန်ကျောင်းစတက်ရင်း နဲ့ပန်နီဆိုတဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ပန်နီရော ပန်နီ မိဘတွေရော Mr.Peabody အိမ်ကိုရောက်ရှိလာပါတော့တယ်အဲ့ကနေဘာတွေဆက်ဖြစ်ကြမယ်ဆိုတာဆက်လက်ကြည့်ရှုပာဒီဇာတ်ကားလေးဟာ သမိုင်းရဲ့ဖြစ်စဉ်အမှန်တွေပေါ်မှာလည်းဟာသသဘောလေးနှောပြီးရိုက်ကူးထားလို့ သဘောကျမိမှာအမှန်ပါပဲ Unicode*******ဒီ Animation လေး ရဲ့ IMDb ကတော့ 6.8 ပဲဖြစ်ပါတယ်အထင်တော့မသေးလိုက်ပါနဲ့..Mr. Peabody ဟာ ခွေးတစ်ကောင်ဖြစ်ပေမယ့်သူဟာ တကယ့်ကို Genius .အတတ်ပညာ အစုံအလင် တတ်တယ်လူကောင်လေးဖြစ်တဲ့ ရှာမန်ကိုတောင် သူက ပြန်ပြီးမွေးစားထားလိုက်သေးတယ်သူ့ရဲ့ အထူးခြားဆုံး တီထွင်မှု တစ်ခုကတော့ ဝေးဘက် လို့ခေါ်တဲ့အချိန်ခရီးသွားစက်ပါပဲ..တရက် ရှာမန်ကျောင်းစတက်ရင်း နဲ့ပန်နီဆိုတဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ပန်နီရော ပန်နီ မိဘတွေရော Mr.Peabody ...
movie

Mr. Peabody & Sherman ( 2014 )

2014
A Dog’s Journey (2019) 7.4
A Dog’s Journey (2019) Rating 7.4 အထိရရှိထားတဲ့ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်...လူတစ်ယောက်ဟာ ခွေးလေးတစ်ကောင်မရှိရင် မပျော်ရွှင်နိုင်ဘူးလို့ ဆိုကြပါတယ်ဒီကားမှာတော့ သခင့်ကို သစ္စာရှိစိတ် ပြင်းထန်လွန်းတဲ့ခွေးလေး ဘေလီအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်အီသန်နဲ့ဟန်နာတို့မှာ သိပ်ချစ်ရတဲ့ ဘေလီဆိုတဲ့ခွေးလေးတစ်ကောင်ရှိပါတယ်အရမ်းကိုအရိပ်အကဲသိလွန်းပြီး လိမ္မာတဲ့ခွေးလေးပါသူတို့ဟာ သားဖြစ်သူဟင်နရီဆုံးပါးသွားတဲ့အခါမှာချွေးမဖြစ်သူ ဂလော်ရီယာနဲ့ မြေးလေးဖြစ်သူစီဂျေ တို့နဲ့ အတူ နေထိုင်လာရင်းနဲ့ တစ်ရက်မှာတော့ချွေးမဖြစ်သူကအထင်လွဲစိတ်ဆိုးပြီး စီဂျေ့ကိုပါ ခေါ်ကာအိမ်ပေါ်ကဆင်းသွားပါတော့တယ်အီသန်နဲ့ဟန်နာလည်းရင်တွေကွဲပြီးကျန်ခဲ့ရပါတော့တယ်အဲဒီလိုနဲ့နေလာရင်းနဲ့ ဘေလီလေး နေမကောင်းဖြစ်လာပြီးတော့တစ်စတစ်စရောဂါသည်းရင်း ဆုံးပါးတော့မယ့် အချိန်မှာတော့သခင်ဖြစ်သူ အီသန်က တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်အဲဒါကတော့ စီဂျေလေးကိုစောင့်ရှောက်ကာကွယ်ပေးပြီးအတူတူပြန်ဆုံနိုင်အောင် ကူညီပေးဖို့ပါပဲသခင့်ရဲ့အမိန့် သခင့်ရဲ့စိတ်ဆန္ဒကို ဖြည့်ဆည်းပေးချင်လွန်းတဲ့ဘေလီလေးဟာ နောက်ဘ၀မှာ ခွေးအဖြစ်နဲ့ပဲ ပြန်လာပြီးတော့သူစောင့်ရှောက်ပေးရမယ့် စီဂျေလေးကို လိုက်ရှာပါတော့တယ်အီသန်ကိုလည်းတခြားဘ၀မှာတောင်သူမှတ်မိနေပြီးသူ့သခင်ရဲ့ စိတ်ဆန္ဒကို ...
movie

A Dog’s Journey (2019)

2019
Bill & Ted’s Bogus Journey(1991) 6.3
Bill & Ted’s Bogus Journey(1991) Bill & Ted's Bogus Journey(1991)၁၉၈၉ကားမှာတော့ ဘီလ်နဲ့ တက်ဒ်တို့ဟာ သူတို့လုပ်ချင်ရာတွေလုပ် မွှေချင်ရာတွေမွှေခဲ့လို့ ထူးထူးခြားခြားကြီးပြောင်းလဲမှုတွေဖြစ်ကုန်တယ်... ဒီပြောင်းလဲမှုကြီးကိုမကျေနပ်တဲ့ အခြားအဖွဲ့အစည်းဟာ သူတို့ပုံတူစက်ရုပ် ၂ရုပ်ဖန်တီးပြီး ဘီလ်နဲ့ တက်ဒ်တို့ရဲ့ အတိတ်ကို ဖျက်ဆီးဖို့ စေလွှတ်လိုက်ပါတယ်... လူဆိုး ဘီလ်နဲ့ တက်ဒ် လူကောင်းဘီလ်နဲ့တက်ဒ်တို့ ဘယ်လို အလွဲလွဲတွေဖြစ်ကြဦးမလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်...File Size : (850 MB) and (345 MB) Quality : Blu-Ray 720p Format…mp4 Duration…01:33:00 Genre : Adventure, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie

Bill & Ted’s Bogus Journey(1991)

1991
Bill & Ted’s Excellent Adventure(1989) 6.9
Bill & Ted’s Excellent Adventure(1989) Bill & Ted's Excellent Adventure(1989)ဘီလ်နဲ့တက်ဒ် ဆိုတဲ့ သူငယ်ချင်း (၂)ယောက်ဟာ ဂစ်တာကိုရူးသွပ်သူများဖြစ်ကြသလို အောင်မြင်တဲ့ တီးဝိုင်းတစ်ခုဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်တွေ.... သို့ပေမယ့် သူတို့၂ယောက်ဟာ အကောင်းမွန်ဆုံးလမ်းညွှန်ပေးတဲ့သူမရှိလို့ ဖြစ်ချင်ရာဖြစ်နေတဲ့ပုံပေါက်နေတယ်... ဂစ်တာဘက်ကိုရူးသွပ်လွန်းပြီး ကျောင်းစာမှာတော့ စာမေးပွဲတိုင်းကို တဘုန်းဘုန်းကျနေတယ်... ဒီလိုကျဆုံးခြင်းဟာ နောက်ဆုံးတော့ ကျောင်းကနောက်ဆုံးအနေနဲ့ သတိပေးခြင်းတစ်ရပ်ထုတ်လိုက်တယ်... နောက်ဆုံးစာတမ်းတစ်ခုကို A+မှမရရင် ကျောင်းက ထာဝရနားရတော့မယ်ဆိုတာပါပဲ... တက်ဒ်အတွက် ကျောင်းနားရရင် စစ်ကျောင်းကိုသွားရမှာဖြစ်တဲ့အပြင် သူတို့ရူးသွပ်တဲ့ တီးဝိုင်းလည်းဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး... ဘီလ်လည်းထို့အတူပါပဲ.... ဒီကားက သူငယ်ချင်း ၂ယောက်ရဲ့ အလွဲလွဲအချော်ချော်တွေနဲ့ ရယ်မောရသလို ဇာတ်လမ်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်... သူတို့ ၂ယောက်ရဲ့ မှားယွင်းနေတဲ့လမ်းကြောင်းကိုတည့်မတ်ပေးဖို့ လက်ရှိ ၁၉၈၈ခုနှစ်ကို ၂၆၈၈ခုနှစ်ကနေ အချိန်ခရီးသွားပြီး လာရောက်ကူညီတာတွေပါလို့ပါ... ဘယ်လိုတွေ တလွဲလုပ်ကြမလဲ.. သူတို့စာမေးပွဲအောင်ပြီး ကျောင်းဆက်တက်နိုင်မလား... အောင်မြင်တဲ့တီးဝိုင်းတစ်ခုဆက်ဖန်တီးနိုင်မလား... ၂၆၈၈ခုနှစ်က သူတွေကလည်း အချိန်ခရီးသွားပြီး ဘာကြောင့်လာကူညီကြတာလဲ.အချိန်ခရီးသွားတဲ့သူတွေရဲ့ အကူအညီနဲ့ ဒီ ၂ယောက်ဘာတွေဆက်ဗရုတ်ကျမလဲ.ခံစားကြည့်ကြပါ... ကျွန်တော်တို့လည်း ၁၉၈၈ခုနှစ်က ငယ်ရွယ်နုပျိုတဲ့ Keanu Reeves ရဲ့ဇာတ်ကားကောင်းကို အချိန်ခရီးသွားခြင်းပုံစံတစ်မျိုးနဲ့ခံစားကြည့်လိုက်ရအောင်   File Size : (850MB) and (328 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Comedy,Music Subtitle : Myanmar Subtitle ...
movie

Bill & Ted’s Excellent Adventure(1989)

1989
O Brother, Where Art Thou? (2000) 7.7
O Brother, Where Art Thou? (2000) O Brother, Where Art Thou?(2000) IMDb....7.7/10_______Rotten - 77%  အဲဗရက် ဒယ်လ်မာ နဲ့ ပိဒ်တို့ တို့ သူငယ်ချင်း (၃)ယောက်ဟာ ခပ်ဆိုးဆိုး ဘော်ဒါတွေ.... တစ်ရက်တော့အမှုတစ်ခုကြောင့် ၃ယောက်လုံးထောင်ကျသွားတယ်.... ဒါပေမယ့် ထောင်မကျခင်တုန်းမှာ ရတနာတွေကို သူတို့ဖွက်ထားနိုင်ခဲ့တယ်.... ဒီရတနာတွေကြောင့် သူတို့ (၃)ယောက်ဟာ ထောင်ကထွက်ပြေးပြီး ရတနာတွေကိုရှာဖွေဖို့ကြိုးစားကြတော့တယ်.... သူတို့ ထောင်ကလွတ်မြောက်မလား...ဖွက်ထားတဲ့ရတနာတွေရောပြန်တွေ့မလား.... ဒီကြားထဲ သူတို့ထောင်ပြေးလုပ်နေစဉ်ကာလအတွင်းမှာ ရင်ဆိုင်ရတဲ့ အန္တရယ်ပေါင်းစုံကိုလည်း ကျော်လွှားနိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး........ ဒီကားက IMDb 7.7, Rotten Tomatoes 77% ရရှိထားပြီး လူ(၃)ယောက်စရိုက် ၃မျိုးနဲ့ ထွက်ပြေးစဉ်ကာလတစ်လျှောက် လူတွေရဲ့သဘော မနောတွေ အာဏာရူးတဲ့သူတွေအကြောင်း သူငယ်ချင်းမေတ္တာတရားတွေအကြောင်းကို ဟာသလေးတွေနှောပြီး ပညာသားပါပါလေးရိုက်ကူးပြထားတာပါ...အတင်းကလိထိုးရယ်ခိုင်းတဲ့အကွက်တွေလုံးဝမပါပဲ တွေးတွေးပြီးပြုံးနေရတဲ့အခန်းမျိုးတွေပါ... 1930 ခုနှစ်လောက်က အမေရိကန်တောင်ပိုင်းရဲ့ ကျေးလက်ဒေသ အလှအပတွေကို တစ်ဝကြီး ရှုစားရမှာဖြစ်တဲ့အပြင် Cinematography ပိုင်းကလည်းပြောစရာမလိုအောင် လှပတဲ့ ရှုခင်းတွေ ကို ခံစားရမှာဖြစ်ပါတယ်... မင်းသားကြီးတွေကလည်း နာမည်ကြီးမင်းသားတွေဖြစ်တဲ့ George Clooney, John Turturro, Tim Blake Nelson တို့ဖြစ်ပါတယ်... Comedy,Drama ကားကောင်းတစ်ခုဖြစ်သလို Folk ...
movie

O Brother, Where Art Thou? (2000)

2000
Ancient Detective ( 2019 ) 5
Ancient Detective ( 2019 ) ကွမ်းလင် စစ်တပ်ဟာ ဒဏ္ဏာရီထဲမှာ နာမည်ကြီးနေတဲ့တောင်များမြစ်များ မြေပုံကို မြို့တော်က ဘဏ္ဏာတိုက်ထဲကိုသယ်ဆောင်လာတဲ့အချိန် လီချူံးရဲ့ကြေးစားစစ်တပ်တွေကတိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ခဲ့တယ် အဲဒီအချိန်မှာအလွတ်စုံထောက် တီဖာရိ ကအချိန်မီရောက်လာပီးကြေးစားတွေနဲ့တိုက်ခိုက်ကာ မြေပုံကိုပြန်ယူနိုင်ခဲ့တယ်ဒါပေမယ့် နန်းတွင်းမှာထပ်လုပ်ကြံခံခဲ့ရတယ်အဲဒီလုပ်ကြံတဲ့အချိန်နဲ့ကြယ်စင်ကိုးလုံးထွက်ပေါ်လာတဲ့အချိန်တိုက်ဆိုင်သွားပီး မြေပုံကိုဖွင့်မိလိုက်တဲ့အချိန်မှာအချိန်ခရီးသွားအဖြစ် ခေတ်သစ်ကိုရောက်ရှိလာခဲ့တယ်ခေတ်သစ်မှာ ရဲမေ မြင်ထင် က အနက်ရောင်ဌက်မွေးကိုလိုက်လံဖမ်းဆီးနေတဲ့အချိန် တီဖာရိက အကြောင်းစုံမသိပဲဝင်နှောင့်ယှက်မိပီး အစီအစဉ်တွေလွဲချော်သွားတယ်ဒါကြောင့် ရဲမေမြင်ထင်က တီဖာရိကို သံသယဖြစ်ပီး စခန်းကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ် တီဖာရိက သူ ရှေးခေတ်ကလာတဲ့အကြောင်းရှင်းပြပေမယ့် ရဲမေ မြင်ထင်က အရူးလို့ထင်ခဲ့တယ်ဒါပေမယ့် နောက်ပိုင်းမှာ တီဖာရိ ပြောပြသမျှတွေကို ယုံကြည်လာပီးအချင်းချင်းသံဃောဇဉ်တွေဖြစ်လာကြတဲ့ နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ Translated & Review By XiaoEncoded By LK
movie


Mulan: Rise of a Warrior (2009) 6.8
Mulan: Rise of a Warrior (2009) တရုတ်အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့ မူလန်ဇာတ်ကားဟာ 1998 ကထွက်ရှိထားခဲ့တဲ့Walt Disney က Mulan Animation ဇာတ်ကားနဲ့မတူတဲ့ဖန်တီးချက်တွေနဲ့ တင်ဆက်ထားတာပါ။...နေမကောင်းတဲ့နေတဲ့ဖခင်ရဲ့ကိုယ်စားအတွက် သမီးဖြစ်သူဟွားမူလန်က စစ်မှုထမ်းဖို့အတွက်ယောကျာၤးလေးအယောင်ဆောင်ပြီးစစ်ထဲကိုဝင်ခဲ့ရပါတယ်...ကိုယ်ခံအားကောင်းပြီး တိုက်ရည်ခိုက်ရည်ရှိတဲ့ မူလန်ဟာတပ်ကိုဦးဆောင်နိုင်ရုံမကပဲတရုတ်သမိုင်းတစ်လျောက်မှာအကျော်ကြားဆုံး မိန်းကလေးစစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ရပါတယ်...တိုက်ပွဲတိုင်းမှာအောင်နိုင်ခဲ့ပေမယ့် ပင်ကိုယ်အခံကမိန်းကလေးဖြစ်နေသောကြောင့် သနားကြင်နာတတ်တဲ့စိတ်နဲ့အကြောက်တရားဟာ သူမအတွက်အားနည်းချက်တစ်ခုလိုဖြစ်လာခဲ့ရပါတယ်...တစ်ခုသောတိုက်ပွဲမှာသူမအားထားရတဲ့ ညီအစ်ကိုတွေကိုဆုံးရှုံးလိုက်ရတဲ့အခါသူမအတွက်အကြီးမားဆုံးထိုးနှက်ချက်တစ်ခုလိုဖြစ်လာခဲ့ရပါတော့တယ်...ဒီကားရဲ့ အဓိကဇာတ်ကောင် မူလန်နေရာမှာ တရုတ်နိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Zhao Wei ကသရုပ်ဆောင်ထားပါတယ်...ဒီဇာတ်ကားနဲ့ မင်းသမီး Zhao Wei ဟာ10th Changchun Film Festival : Actress Award300th Hundred Flowers Award : Best Picture Award & Best Actress Award19th Shanghai Film Critics Award : Best Actress AwardVietnam DAN Movie Awards : Favorite Actress Awardစတဲ့ဆုတို့ကို ...
movie

Mulan: Rise of a Warrior (2009)

2009
Mulan (1998) 7.6
Mulan (1998) Mulan (1998) IMDb Rating (7.6/10)_____Rotten Tomatoes (86%)  ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ကို ပြန်လည်ပြီး ဇတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်… တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီးစစ်သားဟောင်းများကို ပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများက စစ်ထဲ မလိုက်နိုင်အောင် ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသား တစ်ဦးစီကို စစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန် ကျန်းမာရေး မကောင်းတော့တဲ့ အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူ မုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များရှေ့တွင် ဆုတောင်းပြီး ဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်… ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့ မုလန် လေးကို မြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ ...
movie

Mulan (1998)

1998
UglyDolls (2019) 4.5
UglyDolls (2019) UglyDolls (2019) ၂၀၁၉ မေလမှာ ထွက်ရှိခဲ့တဲ့ သီချင်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆိုတော် တစ်ပြုံတစ်ခေါင်းနဲ့ ထွက်ရှိခဲ့တဲ့ ကာတွန်းကားကောင်းလေးပါ။ နာမည်ကြီးကားတွေကြားထဲမှာ ထွက်ခဲ့ရတဲ့အတွက် အရမ်းမသိလိုက်ကြဘူး ထင်ပါတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Kelly Clarkson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး X Factor ရဲ့ ဒိုင်တစ်ဦးလည်း ဖြစ်တဲ့ Blake Shelton လည်း ပါဝင်ပါတယ်။ Nick Jonas, Janelle Monae, Pitbull တို့လည်း ပါပါသေးတယ်။ Asian Artist အနေနဲ့ ၀မ်လီဟုန် (Wang Lee Hom) လည်း ပါပါသေးတယ်။ သီချင်းတွေ အများကြီး နားထောင်ရမှာဆိုတော့ ကြည့်ရမှာအရမ်းတန်ပါတယ်။ ဒါကတော့ ဇာတ်လမ်းရဲ့ထူးခြားချက်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ရုပ်ဆိုးရုပ်ကလေးတွေ ရုပ်ဆိုးတောင်ကြား (Uglyville) မှာ နေကြပါတယ်။ မော်စီဆိုတဲ့ အရုပ်မလေးကလေး ဒီရွာသူတစ်ယောက်ပါ။ သူကတော့ သူတို့ရွာရဲ့တခြားတစ်နေရာမှာ သူတို့ကို ချစ်ပေးမယ့် လက်ခံပေးမယ့် ကလေးလေးတွေ ရှိနေတယ်လို့ ယုံကြည်ထားပါတယ်။ ကမ္ဘာအကြီးကြီးလည်း ရှိတယ်လို့ သူမက ယုံကြည်ထားပါတယ်။ ဒီတော့ သူ့သူငယ်ချင်းတွေနဲ့ အဲဒီကို ရောက်အောင်သွားဖို့ ...
movie

UglyDolls (2019)

2019
The Legend Of Yang Jian ( 2018 ) 5.0
The Legend Of Yang Jian ( 2018 ) ပုံမှန်တွေ့နေကျ သိုင်းကားတွေ မှော်ကားတွေလိုအစွမ်းဘက်ကိုဦးစားမပေးပဲ တိုက်ခိုက်ရေးဘက်ကို ပိုဦးစားပေးထားတဲ့ဇာတ်ကားဖြစ်ပါတယ်ဒီကား​လေးဟာ ရန်​ကျန်​ဆိုတဲ့ တတိယမျက်​လုံးအစွမ်းရှိတဲ့နတ်​မင်းဟာ လူ့ပြည်​မှာတာဝန်​ထမ်း​ဆောင်​ရင်းရွာ​လေးတစ်​ရွာနားမှာဒဏ်​ရာဗလပွနဲ့လဲကျ​နေခဲ့ရုံသာမကမှတ်​ဥာဏ်​ပါ​ပျောက်​ဆုံးခဲ့ရပါတယ်​..ဒီလိုနဲ့ရွာသူမ​လေးယိ​ကျေဟာတစ်​ရွာလုံးနဲ့ဆန့်​ကျင်​ပြီး ရန်​ကျန်​ကိုကယ်​တင်​​ပေးခဲ့ရာက​နေဒီရွာ​လေးမှာ ဓားပြရန်​နဲ့ကြုံခဲ့ရပြီး ရန်​ကျန်​ရဲ့တန်​ခိုးစွမ်းအားကိုအမှတ်​မထင်​​တွေ့ရှိသွားတဲ့အခါ.....ရန်​ကျန်​တို့တစ်​သိုက်​ယဇ်​ပူ​ဇော်​ပွဲမှာကျင်းပမဲ့တိုက်​ခိုက်​​ရေးပွဲအတွက်​ တိုက်​ခိုက်​​ရေးသမားအဖြစ်​​ရောင်းစားခြင်းခံလိုက်​ရပါ​တော့တယ်​......ဒီတိုက်​ခိုက်​ပွဲမှာဘယ်​လိုအန္တရာယ်​​တွေနဲ့ကြုံ​တွေ့ရမှာလဲ....ရန်​ကျန်​က​ရောသူ့အတိတ်​ကိုပြန်​မှတ်​မိနိုင်​ပါ့မလားဇာတ်​ကားတစ်​ခုလုံးကိုစိတ်​ဝင်​စားဖွယ်​ကြည့်​ရှုရမှာဖြစ်​ပါတယ်​...ကြမ်းတမ်းရက်​စက်​တဲ့သတ်​ပွဲ​တွေကြိုက်​တတ်​တဲ့သူ​​တွေအတွက်​​တော့ အကြိုက်​​တွေ့​စေမှာပါ... Translated & Review By Phyo ZawEncoded By LK
movie

The Legend Of Yang Jian ( 2018 )

2018
Serenity(2005) 7.9
Serenity(2005) Serenity(2005)IMDb......7.9အနာဂတ်ကာလ ၂၆ ရာစုနှစ်တမှာ ကမ္ဘာဂြိုလ်ဟာ ဂြိုလ်ပေါင်းများစွာရှာဖွေတွေ့ရှိခဲ့ကြပြီး အဲဒီဂြိုလ်တွေမှာ အခြေချနေထိုင်ဖို့ လူတွေကို လိုအပ်တာ ထောက်ပံြ့ ပီး နေစေပါတယ် ......ယဉ်ကျေးမှုမြင့်မားနေတဲ့ ဒီလူ့အဖွဲ့အစည်းကို ဂြိုလ်များဆိုင်ရာ လွှတ်တော်ကနေ အုပ်ချုပ်ပါတယ်..... အဲဒီမှာ လွှတ်တော်ဟာ သိပ္ပံစမ်းသပ်မှုတွေ များစွာလုပ်နေပြီး စမ်းသပ်ခံထဲတွေထဲမှာ ရစ်ဗားတန်ဆိုတဲ့ ၁၇ နှစ်အရွယ် ကောင်မလေးလည်း တယောက်အပါအ၀င်ပေါ့ .... ဒီကောင်မလေးမှာ ထူးခြားတဲ့စွမ်းအင်တွေရှိလေတော့ သိပ္ပံပညာရှင်အဖွဲ့က အဆုံးမဲ့စွမ်းအင်ရရှိအောင်ကြိုးစားပြီး လက်နက်သဖွယ်အသုံးချဖို့ကြိုးစားလာကြတယ်....အဲဒီထဲကနေ သူမရဲ့အကို ဆိုင်မွန် တန် ဟာ သူမကို ရအောင် ကယ်ထုတ်သွားခဲ့ပြီး Serenity ဆိုတဲ့ ယာဉ်နဲ့ ထွက်ပြေးကြတယ်... အဲဒီလို သူတို့ ထွက်ပြေးသွားတဲ့နောက် လွှတ်တော်အဖွဲ့ကနေ လူသတ်ရာမှာတော်လွန်းတဲ့ ရှင်းလေးရေးသမားတွေကို လွှတ်လိုက်ကြတယ်.... သူတို့တွေလွတ်မြောက်ပါ့မလား..... ရှုတ်ထွေးပွေလီလှတဲ့ ၂၆ရာစုရဲ့ အဖွဲ့အစည်းပေါင်းများစွာရဲ့ရန်ကရော လွတ်မြောက်အောင်ဘယ်လိုရုန်းကန်ကြမလဲ....ရုပ်ရှင်အထူးပြုလုပ်ချက်ကောင်းကောင်းနဲ့ ကြည့်လို့ကောင်းတဲ့ သိပ္ပံရုပ်ရှင်ကားကိုမှ သဘောကျတယ်...အက်ရှင်ခန်းတွေလည်းပါမှဖြစ်မယ်...Rating တွေလည်း လန်းရမယ်... ဇာတ်လမ်းလည်းမိုက်မှ အဆင်ပြေမယ်ဆိုတဲ့သူတွေအတွက် ခံစားကြည့်လိုက်ပါဦး.... နင်းကန်ကောင်းကြောင်းညွှန်းဆိုပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Chan Myae Thu Aung ပဲဖြစ်ပါတယ်....File Size : (940 MB) and (347 MB) Quality : Blu-Ray ...
movie

Serenity(2005)

2005
Returner ( 2002 ) 6.5
Returner ( 2002 ) IMDb Rate 6.5 ရရှိထားတဲ့ဂျပန်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်Action / Adventure / Sci-Fi အမျိုးအစားတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေအတွက်တော့ အတော်လေးကိုသဘောကျမယ့်ဇာတ်ကားပါပဲ ဇာတ်လမ်းအညွှန်းကတော့Spoil မဖြစ်အောင်နည်းနည်းရှောင်ရေးလိုက်ပါမယ်ဂြိုလ်သားတွေကျုးကျော်မှုကို အသေအကြေတိုက်ခိုက်နေရတဲ့လူသားတွေထဲက မီလိဆိုတဲ့ ကောင်မလေးတစ်ယောက်တာဝန်ကြီးတစ်ခုကို ထမ်းဆောင်ဖို့ အချိန်ယန္တရားအကူအညီနဲ့အတိတ်ကို ပြန်လည်ရောက်ရှိခဲ့တယ်။ဒီတာဝန်ကို ထမ်းဆောင်ရာမှာ မိယာမိုတိုဆိုတဲ့ ကြေးစားလူသတ်သမားပါ ပါဝင်လာခဲ့ရတယ်။ဒီတာဝန်ကြီးက ဘာတာဝန်လဲ...ဒီကျူးကျော်ဂြိုလ်သားတွေရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမှာလဲ...မီယာမိုတိုကရော ဒီတာဝန်ကို ဘယ်လို ကူညီပေးမှာလဲ...ခံစားချက်ကောင်းတစ်ခုကို ပေးနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ Translated & Review By Chu ChuEncoded By LK
movie

Returner ( 2002 )

2002
Pokémon Detective Pikachu (2019) 6.9
Pokémon Detective Pikachu (2019) CM Fan အားလုံး စောင့်မျှော်နေကြတဲ့ ချစ်ဖို့ကောင်းတဲ့ပီကာချူး လေး ရဲ့ ပိုကီမွန် ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါပြီ ဇတ်လမ်းပုံစံ ကတော့ တင်မ် ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ပိုကီမွန်ထရိန်နာ ဖြစ်ချင်နေသူပါ တစ်ရက်မှာတော့ တင်မ် ရဲ့ အဖေ ကွယ်လွန်သွားပြီလို့အကြောင်းကြားလာတာကြောင့် ရိုင်းမ်မြို့တော်ကိုထွက်လာခဲ့ပါတယ်... ပိုကီမွန် တွေ နဲ့ လူတွေ တစ်သားထဲ ရင်ဘောင်တန်းနေနိုင်တဲ့မြို့ဖြစ်ပြီး ပိုကီမွန်တွေကလဲ လူသားတွေ နဲ့ အလုပ်တူတူလုပ်ကြပါတယ် ဖခင်ဖြစ်သူ ရဲ့ အိမ်ကို ရောက်လာတဲ့ တင်မ် ဟာပီကာချူး နဲ့ အမှတ်မထင် တွေ့ဆုံကြရင်းပီကာချူး စကားပြောတာကို နားလည်ပြီးကြားနိုင်စွမ်းရှိတာတင်မ် တစ်ယောက်ထဲ ရှိတာကို သိသွားတဲ့ နောက်မှတော့တင်မ် ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ ကိစ္စမှာတင်မ် နဲ့ ပီကာချူး တို့ တွဲဖက်ညီညီ ပူးပေါင်းပြီးအဖြေရှာကြတဲ့ အခါမှာတော့.... ဒီဇတ်လမ်းဟာ ပီကာချူး မူလ Animation ကားတွေနဲ့မတူညီပဲ ကွဲထွက်နေမှာဖြစ်ပြီး ရသ ...
movie

Pokémon Detective Pikachu (2019)

2019