Channel Myanmar
Animation
Tom and Jerry Special Collection
Tom and Jerry Special Collection ကဲ ပုံ​လေး​တွေကို မြင်​လိုက်​တာ နဲ့ ခပ်​များများ​တော့ ​ပြော ဖို့ လိုဦးမလားဗျ။ လူတစ်​​ယောက်​ကို မင်း ​ကြောင်​နဲ့ကြွက်​ ကား ကြိုက်​ လား လို့ ​မေးကြည့်​။ မကြိုက်​ဘူး ​ပြောရင်​ ​သေချာတယ်​ လိမ်​ တာပဲ။ တခြား ကာတွန်း ကား​တွေ နဲ့ မတူ ဘဲ ဘယ်​အချိန်​ ကြည့်​ကြည့်​ ဘာပြီးရင်​ ဘာဖြစ်​မယ်​ အလွတ်​ ရ​နေတာ​တောင်​မှ ထပ်​ကာထပ်​ကာ ကြည့်​ မရိုးဘူးဗျ။ လက်ဖက်သုတ်လို​ပေါ့။ ​ခဏခဏစား​နေရလည်း မရိုးနိုင်​တာမျိုး။ ​ကြောင်​နဲ့ကြွက်​ ကြည့်​ပြီးရင်​ စိတ်​လက်​ ​ပေါ့ပါးသွားတတ်​တာ ထုံးစံဗျ။ ကာတွန်း ဆွဲ ခဲ့တဲ့ လူ​တွေ ဂါထာ​တွေနဲ့ မန်းမှုတ်​ပြီး ဆွဲ ထားသ​လားမှတ်​ရတယ်​။ ဘယ်​​တော့မှ မမုန်းဘူးဗျ။ ​နောက်​တစ်​ခု ရယ်​ရတာက တခြားကား​တွေ violence and gore ...
movie
5 Centimeters Per Second (2007) 7.6
5 Centimeters Per Second (2007) 5 Centimeters Per Second (2007)**********************************(1080p Blueray Update) " ငါတို့တွေဟာ အကြိမ်ပေါင်းထောင်ချီအောင် စာတွေအပြန်လှန်ရေးပို့နေကြလဲနှလုံးသားတွေကတော့ တစ် စင်တီမီတာတောင် နီးစပ်မလာခဲ့ကြပါဘူး..."                                                                                      တိုနို-တာကကီ (5 Centimeters Per Second)  ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေမြေပြင်အထိ ကြွေကျတဲ့အရှိန်က တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်း ရှိတယ်တဲ့...မြေပြင်ကနေလွတ်တင်လိုက်တဲ့ အာကာသယာဥ်တစ်စီးကတော့ တစ်နာရီကို မိုင်ပေါင်း တစ်သောင်းရှစ်ထောင်နှုန်းနဲ့ ကမ္ဘာမြေက တဖြည်းဖြည်း ဝေးကွာသွားတယ်ဦးတည်ချက်ရှိတဲ့ လားရာတွေကဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲမဟုတ်လား...ဒါပေမယ့်တစ်ချို့ ဦးတည်ချက်မရေရာပဲ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လွတ်တင်မိခဲ့တဲ့ ယာဥ်တွေကတော့ ဘယ်အချိန်မှာ ဘယ်ကိုရောက်နိုင်မလဲ...Massage တွေ ထောင်ချီ အပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ...အချိန်တွေအကြာကြီးစောင့်ဆိုင်းခဲ့ရပေမယ့် မျှော်လင့်တဲ့သူပြန်မလာတဲ့အခါ...အများကြီးကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော...ငါတို့... လားရာမရှိတဲ့ မျှော်လင့်ချက်ယာဥ်တွေကိုလွတ်တင်နေမိသလိုပဲမဟုတ်ဘူးလား..တစ်ခါတစ်လေကျရင် လူတွေကကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအရာတွေကို သတိမထားမိတတ်ကြဘူးလေတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေက မြေပြင်ကိုပဲ ဦးတည်ပြီးတော့သွားနေတာလားဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းဝေးကွာခဲ့ကြတာပဲလားဘယ်သူသိနိုင်မလဲ....#5cm_per_second #Makoto_Shinkai  Review : Han Htoo Zaw File Size – 674 MB Quality ...
movie
5 Centimeters Per Second (2007)
2007
Minions (2015) 6.4
Minions (2015) အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ :D Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ...
movie
Minions (2015)
Tangled Ever After (2012) 7.6
movie
Song of the Sea (2014) 8.1
movie
Song of the Sea (2014)
2014
Frozen Fever (2015) 6.9
Frozen Fever (2015) Frozen Fever (2015)_____IMDb - 6.9/10     တကယ်တမ်း Short Movie အနေနဲ့ ထွက်ရှိထားတာဖြစ်ပြီး ၈ မိနစ်စာပဲ ရှိပေမယ့် တစ်ခြား Animation Cartoon ရုပ်ရှင်တွေရဲ့ Short Movie တွေလို မဟုတ်ပဲ ကြည့်ရတာ စိတ်ထဲ ပျော်ရွှင်မှုလေး တကယ်ရပါတယ် Elsa နဲ့ Kristoff တို့ ရဲ့ Anna အတွက် စိတ်လှုပ်ရှားဖွယ် မွေးနေ့အစီအစဉ်လေး ပြုလုပ်ပုံလေးက အရမ်းကို ချစ်စရာကောင်းနေပါတယ်.. ဒီအပိုင်းတိုလေးအတွင်းမှာ အန်နာ နဲ့ အလ်ဆာ တို့ ရဲ့ ဝတ်စုံဒီဇိုင်းကို သတိထားကြည့်ပါ အတော်လေးကို ထူးခြား လှပနေပါတယ်... အိပ်ပျော်နေတဲ့ အန်နာ ကို အလ်ဆာ က သွားနှိုးလာပြီး အဝတ်အနီစကြိုးလေး တစ်ကြိုးကို ဆွဲခိုင်းကာ တောက်လျှောက် လက်ဆောင်လေးတွေ တစ်ခုပြီး တစ်ခုပေးပါတယ် အဲ့ဒီ ...
movie
Frozen Fever (2015)
2015
ParaNorman (2012) 7.0
ParaNorman (2012) ParaNorman (2012) IMDb - 7.0/10_____Rotten - 89%    ဒီကားလေးဟာ မက်ဆာချူးဆက်ပြည်နယ်ရဲ့  မြို့ဟောင်းတစ်ခုကို အခြေခံပြီးရိုက်ကူးထားတဲ့ သရဲဇတ်လမ်းကား တစ်ကားပါ... အသက် ၁၁ နှစ်အရွယ် နော်မန် (Norman Babcock) ဆိုတဲ့ ကောင်လေးကတော့ အဓိကဇတ်ကောင်နေရာကနေပါဝင်ထားပါတယ်... နော်မန့်မှာ မွေးရာပါစွမ်းရည်တစ်ခု လက်ဆောင်ရထားပါတယ်... အဲ့ဒါကတော့ သေဆုံးသွားတဲ့ဝိညဉ်တွေကို မြင်တွေ့နိုင်ပြီး စကားပြောနိုင်တာပါ... သူမြင်တွေ့နေရတာတွေကို ဘယ်သူမှ မမြင်တဲ့အတွက် အရူးတစ်ယောက်လို သတ်မှတ်ခံထားရပါတယ်... သူ့မိသားစုကကတောင် သူ့ကိုမယုံပါဘူး... သူတို့မြို့လေးမှာ စုန်းမတစ်ယောက်ရဲ့ကျိန်စာအကြောင်း ပုံပြင်ဇာတ်လမ်းလေးရှိနေခဲ့ပါတယ်... ဒါပေမယ့် အဲ့ဒီ ဇာတ်လမ်းမှာ အမှန်တကယ်ရှိနေခဲ့ပါတယ်... နောက်ပြီး အဲ့ဒီမြို့လေးကလူတွေအားလုံးရဲ့ကံကြမ္မာနဲ့သက်ဆိုင်နေပါတယ်...    ဒီလိုနဲ့ တစ်နေ့မှာ ဝိညဉ်တွေနဲ့ စကားပြောဆိုနိုင်တဲ့ နော်မန့်ဆီကို စုန်းမရဲ့ကျိန်စာကိုရပ်တန့်ပေးဖို့ ရုတ်တရက်တာဝန်တစ်ခုပေးခြင်း ခံလိုက်ရတဲ့ အခါမှာတော့..... နော်မန်တစ်ယောက် စုန်းမရဲ့ ကျိန်စာကို ရပ်တန့်နိုင်ပြီး လူတွေအားလုံးကို ကယ်တင်နိုင်မှာလား... စုန်းမကရော ဘယ်လိုအဆုံးသတ်သွားမလဲ ဆိုတာတွေကိုတော့ ဆက်လက်ရှုစားကြပါဦးလို့.... ဒီကားလေးဟာ ပထမဆုံး အရုပ်သေးသေးလေးတွေ နဲ့ stop-motion 3D နည်းပညာကို သုံးထားတဲ့ Animation ကား တစ်ကားဖြစ်ပါတယ်... ရုပ်ရှင်ကားကို ...
movie
ParaNorman (2012)
2012
Back To The Jurassic (2012)
Back To The Jurassic (2012) 2015 ခု နှစ်မှာထွက်ရှိခဲ့တဲ့ Back To The Jurassic ဆိုတဲ့ Animation ကားလေးတစ်ကားနဲ့မိတ်ဆက် ပေးချင်ပါတယ်..ဇာတ်လမ်းဟာ IMDb Rating 5.6 ရရှိထားပြီး စိတ်အပန်းဖြေကြည့်ဖို့အတွက်သင့်တော် တဲ့ ဇာတ်လမ်းကောင်းလေးပါ အန်ရင်းဆိုတဲ့ကောင်လေးဟာ သူ့အမေ ပြောစကားကိုဆိုရင် မလိမ့်တပတ်လုပ်ပြီးအမြဲတမ်းတလွဲ လုပ်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်..သူ့မှာ ဂျော်ဆိုတဲ့ညီမလေးတစ်ယောက်ရှိပါတယ် သူ့အပေါ်မှာအမြဲတမ်းချောက်ချပြီး ပြသနာဖြစ်အောင်လုပ်တဲ့ညီမလေးပေါ့..အန်ရင်းဟာ ထူးထူးခြားခြား ဒိုင်နိုဆောတွေနဲ့ ပတ်သတ်ပြီး သဘောကျကာ..လေ့လာရတာ ၀ါသနာထုံပါတယ်..ဒိုင်နိုဆောပြတိုက် ကြီးမှာလည်းသူအမြဲတမ်းသွားရောက်လေ့လာတတ်ပါတယ်..တစ်နေ့မှာ အန်ရင်းရဲ့အမေဟာ တစ်နှစ်တာအတွက် Mother Of The Year ဆုကိုလက်ခံဖို့အတွက် သွားတဲ့အချိန်မှာ အန်ရင်းကိုသူ့ဆိုင်စောင့်ဖို့အတွက်စေခိုင်းခဲ့ပါတယ်..အန်ရင်းဟာ အမေစကားကို နားမထောင်ပဲနဲ့ သူ့သူငယ်ချင်း မက်စ် နဲ့အတူ ဒိုင်နိုဆောရုပ်ကြွင်းပြတိုက်ထဲက ကန့်သတ်ထားတဲ့ အခန်းကို ခိုးဝင်ခဲ့ပါတယ်..ကံဆိုးချင်တော့သူ့ညီမဖြစ်သူ ဂျော် ကလိုက်ပါလာပြီး အချက်ပေးစနစ်ကို မြည်အောင်လုပ်လိုက်တော့ လူမိသွားပါတော့တယ်..ဒါကြောင့် အန်ရင်းကို သူ့အမေက သုံးပတ် အခန်းထဲပိတ်ထားမယ်လို့ အပြစ်ဒဏ်ပေးလိုက်ပါတယ်..အန်ရင်းဟာအခန်းထဲကနေခိုးထွက်ပြီးတော့ သူ့သူငယ်ချင်းမက်စ် အိမ်ကိုခိုးသွားပါတယ်..အန်ရင်းခိုးထွက်တာကို မြင်တဲ့ ဂျော်ကလည်းနောက်ကနေ လိုက်လာပြီး အကွက်ဆင်ဖို့ချောင်းနေပါတယ်..မက်စ်ရဲ့အဖေဟာ တီထွင်တာတွေဝါသနာပါတဲ့သူ တစ်ယောက်ဖြစ်ပြီး အချိန်ခရီးသွားစက်ကိုတီထွင်နေတာ လေးနှစ်တာ ကြာခဲ့ပါပြီ..ချို့ယွင်းချက်တစ်ခု ကြောင့် ပါဝါမတက်နိုင်ပဲဖြစ်နေပါတယ်..မက်စ်ရဲ့အဖေဟာ ဒီခရီးသွားစက်ကို အန်ရင်းနဲ့မက်စ်ကို ပြသလိုက်ပြီး အပြင်ဘက်မှာအလုပ်ထွက်လုပ်နေပါတယ်..အဲ့အချိန်မှာ ...
movie