Asian – Channel Myanmar
Channel Myanmar

Asian

[18+] New Folder (2014)
[18+] New Folder (2014) Dark Side Production မှ တင်ဆက်သည်။   ကိုရီးယားသမရိုးကျ ၁၈+ ဇာတ်အိမ်တွေကနေဖောက်ထွက်ပြီနှစ်ထောင်းအားရစရာ ကားကောင်းလေးတင်ဆက်လိုက်ပါတယ်။ မိန်းကလေးတွေရဲ့ ယောကျာင်္းလေးတစ်ယောက်အပေါ်မှာ ပိုက်ဆံပြီးရင် ဘာကအရေးအကြီးဆုံးဆိုတာကိုကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားတဲ့ကားလေးပါ.... ဖက်တီး တစ်ယောက် အစား နဲ့ မိန်းမကိုမြင်ရင် ဘယ်လိုမှမနေနိုင်တဲ့ တစ်ယောက်ဖြစ်နေပါတယ် ဆိုးတာက သူ့ရဲ့ အစားကြူးမှု့က သူ့ကို ဖက်တီးတစ်ယောက်ဖြစ်လာစေပြီး လုပ်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေစေပါတယ် မိန်းကလေးတစ်ယောက်ကို မြင်ရင် ဒါမှမဟုတ်သူ့ဘေးက ဖြတ်သွားရင်တောင် ဗို့အား သောင်းတစ်ထောင်မျက်လုံးနဲ့ ခြေဆုံးခေါင်းဆုံးလိုက်ကြည့်ပါတယ်... သူကမိန်းမလိုချင်လွန်းလို့ ကြင်ရာဖက် တွေလိုက်ရှာပြီးတွေ့တွေ့နေတာကလည်း အမောပါပဲ... သူနဲ့တွေ့တဲ့မိန်းကလေးတွေကလည်း မထိရက်စရာ ကပိုကယိုအလှလေးတွေနဲ့ ဖြစ်နေတော့သူ့ခမျာ အခက်တွေ့နေပါတယ် သူ့ကိုလည်းကြည့်လေ လူကဖက်တီး မိန်းကလေးတစ်ယောက်ကိုကြည့်ရင် မကြည့်သင့်တာတွေကိုပဲ စိုက်ကြည့်နေတော့... မိန်းကလေးတွေက မခံမရပ်နိုင်အောင်ဒေါသတွေထွက်ပြီး ထွက်ပြေးကြတာချည်းပဲ။ တစ်နေ့မှာ ဆိုင်မှာအလုပ်လုပ်ရင်း ရည်းစားနဲ့ပြတ်ပြီး စိတ်လေနေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်... သူက ချစ်ခွင့်ပန်တော့ ကောင်မလေးက "ရှင့်လိုဖက်တီးမျိုး ရွံတယ်" ဆိုပြီး ပြစ်ပြစ်ခါခါပြောပြီးငြင်းလိုက်ပါတယ်... သူလည်းစိတ်ပျက်ပျက်နဲ့ လမ်းဖြတ်ကူးလိုက်တယ်ဆိုရင်ပဲ ကားတစ်စီးဝင်တိုက်တာခံရပြီးတော့ မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်သွားခဲ့ပါတယ်.... သူ ဆေးရုံမှာ ...
IMDB: /10 votes
movie

[18+] New Folder (2014)

The Brightest Star in the Sky (2019)
The Brightest Star in the Sky (2019) - တရုတ်ပြည်မှာ နာမည်ကြီးပြီး ထောင်လွှားမောက်မာတယ်လို့ အထင်ခံရပေမဲ့ ဂီတကို တအားမြတ်နိုးတဲ့ အဆိုတော်တစ်ယောက် - အဆိုတော်ဖြစ်ချင်လွန်းလို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ပါရမီမပါလို့ လက်လျှော့လိုက်ပြီး အဆိုတော်ရဲ့ မန်နေဂျာလုပ်ပြီး အိပ်မက်တွေကို အတူတူအကောင်အထည်ဖော်ချင်တဲ့ မိန်းကလေးတစ်ယောက် - ဖြည်းဖြည်းမှန်မှန်ကြိုးစားရင်း ကိုယ့်ဟာကိုယ် အစစ်အမှန်ကို ရှာတွေဖို့ခက်လာတဲ့ နောက်ထပ်အဆိုတော်တစ်ယောက် - ပေါ့ပေါ့ပါးပါး ပွင့်ပွင့်လင်းလင်းနေရင်းနဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေကို ခံစားတတ်တဲ့ နောက်ထပ်မိန်းကလေးတစ်ယောက် သူတို့၎ယောက်ရဲ့ ပတ်သက်ဆက်နွယ်မှုတွေကြားမှာ ကောင်းကင်ပေါ်က အတောက်ပဆုံးကြယ်တစ်ပွင့်က ဘယ်သူများဖြစ်လာမလဲ။ တရုတ်ကားပရိသတ်တွေရဲ့ အချစ်တော် (အပြင်မှာလည်း အဆိုတော်/မင်းသား) Huang ZiTao နဲ့ လော့လော့လို့သိကြတဲ့ Janice Wu (Wu Qian) တို့ပါထားတဲ့ အပိုင်း၄၀ စာ ဒီဇတ်လမ်းတွဲ ကို အတူတူကြည့်ကြည့်ရအောင် ဆိုပြီး cpop cdrama fans myanmar မှ Channel Myanmar နှင့် ပူးပေါင်း တင်ဆက်ပေးလိုက်ပါတယ်... 1080P Quality ဖြင့် တင်ဆက်ပေးထားပါတယ်   Download - Drive / Solid / Mega ...
IMDB: /10 votes
movie

The Brightest Star in the Sky (2019)

[18+] The Devil’s Feast (2007) 5.1
[18+] The Devil’s Feast (2007) Dark Side Production မှ တင်ဆက်သည်။   ဂျပန် ခပ်ကြမ်းကြမ်းကြိုက်တဲ့ကြိုက်တဲ့ ဘော်ဒါတွေအတွက် ပါ... မိန်းမတွေက မာယာမယ်တွေလား.. သူတို့လိုချင်တာ တစ်ခုလေးရဖို့အတွက် သူတို့ရဲ့ အလှအပတွေကို ဗန်းပြပြီး ချကျွေးတက်တယ်တဲ့လား သူတို့ရဲ့အလှအပတွေကလည်း Gravity ခုန်ထွက်ရုံမကဘူး သက်တံ့တွေ အရည်ပျော်နိုင်တဲ့ အစားမျိုး အကြည့်တွေကလည်း ပါးစပ်မဟပဲ နားလည်နိုင်လောက်တဲ့ စွမ်းအား ပိုင်ဆိုင်ထားသူတွေပါ.. သတင်းစာတိုက်မှာ ကြေငြာကဏ္ဍကိုတာဝန်ယူထားတဲ့ အိုကာမိုတို တစ်ယောက် အချောအလှ မိန်းမကို စိတ်ကုန်နေသူ... တစ်နေ့မှာ သူတို့သတင်းစာတိုက်ကို အခြားသတင်းစာတိုက်ကနေ ကူမီကို တစ်ယောက်ပြောင်းရွှေ့လာပါတယ် သူပြောင်းရွှေ့လာတယ်ဆိုရင်ပဲ တစ်တိုက်လုံးက သူတွေ အံ့သြဘနန်းဖြစ်ကြကုန်တယ် ဘာလို့လဲဆိုတော့ သူက လှပရုံတင်မကဘူးပညာတက်တစ်ယောက်ဖြစ်နေပါတယ်။ ပြောင်းရွှေ့လောက်လာပြီးမကြာခင်မှာပဲ အိုကာမိုတိုရဲ့ လက်ယာတွေကိုကြိုက်တယ်ဆိုပြီး ၀င်လုံးပါတော့တယ်.. အိုကာမိုတိုကလည်း မိန်းမကိုစိတ်ကုတ်နေသူ ဆိုတော့ ခဏချင်းမှာပဲ ကူမီကို ရေးတဲ့ဇာတ်ထဲဝင်ကရပါတော့တယ်.. တစ်ကယ်တော့ ကူမီကိုက သူ့ဘ၀ကို ပျက်စီးစေခဲ့တဲ့ သူတစ်ယောက်ကို အပြစ်တွေဖေါ်ဖို့ သက်သေလိုက်ရှာနေသူတစ်ယောက်ပါ။ သူမ လိုချင်နေတဲ့ သက်သေ ရသွားမလားဆိုတာတော့ .. ဒေါင်းသာကြည့်ပေတော့ဗျာ.. ဇာတ်ကားလေးက BDSM ...
5.1
IMDB: 5.1/10 15 votes
movie

[18+] The Devil’s Feast (2007)

2007
Purple Sunset (2001) 7.1
Purple Sunset (2001) ဒီဇတ်လမ်းကို ကြည့်ဖူးတဲ့သူတွေကတော့ ကြည့်ဖူးတယ် သေချာသလောက်ကတော့ အဲ့ဒီလူတွေ အသက် ၃၀ လောက် ရှိလောက်ပြီ ရုပ်ရှင်ကားကို ဒုတိယ ကမ္ဘာစစ် လောက်မှာ အခြေတည်ထားပြီး အဓိက ဇတ်ကောင် ၃ ယောက် နဲ့ ရင်သက်ရှုမောဖွယ်ဖြစ်အောင် ရိုက်ပြသွားနိုင်တဲ့ ရုပ်ရှင်ကားပါ... ဂျပန်တွေဟာ တရုတ်ပြည်တွင်းမှာ အခြေတည်နေတဲ့ အချိန် တရုတ်လူမျိုးတွေကို နှိပ်စက် ၊ သားမယားပြုကျင့် ၊ သက်ဖြတ်သလို ဂျပန်လူမျိုးတွေကိုပါ ခေါ်လာပြီး ရွာတည်နေခဲ့ပါတယ်... အဲ့ဒီလိုအချိန်မှာပဲ ရုရှားစစ်တပ် ကလဲ ဂျပန်တွေကို ၀င်တိုက်ပါတယ် တရုတ်ရွာသားလေး တစ်ယောက်ဟာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရပြီး သတ်ခံရ စဲစဲ မှာပဲ ရုရှားတပ်တွေ ၀င်ကယ်လို့ ရုရှားတွေ နဲ့ အတူ ခရီးဆက်တဲ့ အထဲ ပါသွားပါတယ်... နယ်မြေ မကျွမ်းတဲ့ ရုရှားတွေကလဲ ယောင်တောင်တောင် နဲ့ တရုတ်နယ်မြေထဲ ရွာတည်ထားတဲ့ ဂျပန်တွေဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်သွားတာပါပဲ ပစ်ကြခတ်ကြ သေကြ ရင်း တစ်ရွာလုံး ထွက်ပြေးကြတယ် အဲ့ဒီရွာမှာပဲ ဂျပန်ကျောင်းသူလေး ၁ ယောက်အသက်ရှင် ကျန်ခဲ့သလို ရုရှားအဖွဲ့လဲ လူတွေ ...
7.1
IMDB: 7.1/10 354 votes
movie

Purple Sunset (2001)

2001
The Divine Move(2014) 6.7
The Divine Move(2014) The Divine Move(2014) IMDb...6.7 မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ညတစ်ည.... မိုးချိန်းသံတွေကိုဥပေက္ခာပြုပြီး အခန်းတစ်ခုအတွင်းမှာ လူ(၂)ယောက်ဂိုကစားနေကြတယ်... လောင်းကစားလောကဟာ တစ်ကွက်ကြိုမြင်သူ နှာတစ်ဖျားသာစမြဲမို့  ဘယ်သူမှမသိအောင်  နောက်ခံကစားပေးတဲ့သူလည်း ကိုယ်စီရှိကြတယ်.... အင်္ကျီအနက်နဲ့လူကို နောက်ခံကစားပေးတဲ့သူကတော့ သူ့ရဲ့ညီအရင်းဖြစ်တဲ့ ထုတ်ဆုတ်ပါပဲ... သို့ပေမယ့် သူတို့ညီအကို(၂)ယောက်ကံမကောင်းခဲ့ဘူး...သူတို့ နောက်ခံကစားပေးတာကို တစ်ဖက်အဖွဲ့က သိသွားလို့ ညီအကို(၂)ယောက်လုံး အဖမ်းခံလိုက်ရတယ်... ညီအကို(၂)ယောက်လုံး အားရအောင်နှိပ်စက်သွားတဲ့အပြင် အကိုဖြစ်သူကို လည်ပင်းကိုလှီးသတ်ခံလိုက်ရတယ်... ထယ်ဆုတ်အတွက် မျက်စိရှေ့တွင်ပင် အကိုဖြစ်သူသတ်ခံလိုက်ရတဲ့အပြင် မိမိကိုယ်တိုင်မှာလည်း လူသတ်သမားအဖွဲ့၏ ထောင်ချောက်ဆင်မှုကြောင့် အကိုဖြစ်သူအားသတ်မှုနဲ့ထောင်ကျသွားပါတော့တယ်... ဒီနောက်ပိုင်းတော့  နာကျဉ်းမှုတွေပြည့်နှက်နေတဲ့ ထယ်ဆုတ်အတွက် ကျားနာတစ်ကောင်အသွင်သို့ပြောင်းသွားပါတော့တယ်... ဒီကားက ၂၀၁၄ခုနှစ်မှာထွက်ရှိပြီးတော့ ထယ်ဆုတ်အဖြစ် Woo-sung Jung ကသရုပ်ဆောင်ထားပါတယ်... Cold eyes နဲ့ Steel Rain တို့ကိုကြည့်ဖူးရင် သူ့ကိုရင်းနှီးပြီးသားဖြစ်မှာပါ... အရပ် ၆ပေ ၁လက်မ ၊မျက်လုံးပေါက်မှေးကျဉ်းကျဉ်းနဲ့ ဒီမင်းသားကြီးဟာ Cold eyes ထဲမှာဆို ဘောပင်နဲ့ ဇွတ်ခနဲ ဇွတ်ခနဲ ထိုးသတ်တာကို ကျွန်တော်တို့သဘောကျခဲ့ကြတယ်.. ပြောရရင် ဒီကားကတောင်ပိုတောင်ကြမ်းမယ်ထင်တယ်... ဓားတိုတွေနဲ့ စွတ်ခနဲ လည်ပင်းကိုဖြတ်လှီးတာတွေ မျက်နှာတွေမတွန့်ပဲ ဗိုက်တွေကို ဓားနဲ့ဇွတ်ခနဲထိုးတာတွေ  တကယ့် အမိုက်စား အက်ရှင်ခန်းတွေနဲ့.....ဇာတ်လမ်း ...
6.7
IMDB: 6.7/10 1,658 votes
movie

The Divine Move(2014)

2014
Blu-Ray 1080p 5.1 CH
Timeline (2014) 6.9
Timeline (2014) ဘ၀ မှာ အချစ်စစ်ထက် ပို တန်ဖိုးရှိတဲ့ အရာ မရှိလောက်ပါဘူး တစ်ချို့ကတော့ အချစ်စစ်က ကိုယ့်ဘေးနားရှိရက်နဲ့ ပျောက်နေကြတယ် တစ်ချို့ ကိုယ့်ကိုချစ်လာမလားလို့ စောင့်နေရင်း အချိန်တွေ ကုန်ဆုံးကြရတယ် တစ်ချိုကကတော့ အချစ်စစ် နဲ့ ချစ်တာကို တန်ဖိုးမထားတက်ကြဘူး... ဒီရုပ်ရှင်ထဲမှာ တန် ဆိုတဲ့ ကောင်လေးဟာ နယ်မြို့လေးကနေ မြို့ပေါ်ကို ကျောင်းလာတက်ခဲ့တယ် အမေတစ်ခု သားတစ်ခု ဘ၀ကနေ ကိုယ့်ဘာသာ မြို့ပေါ်မှာ ကျောင်းတက်ရတဲ့အခါ အလွဲလွဲ အချော်ချော်လေး တွေ စဖြစ်ရတယ်.. အဲ့ဒီ အလွဲအချော်တွေကို ထိန်းကွပ်ပေးမဲ့ ချစ်စရာ ကောင်မလေး တစ်ယောက် တန် ရဲ့ ဘ၀ ထဲကို စတင် ၀င်ရောက်လာခဲ့တယ်... သက္ကသိုလ်ရဲ့ ဖရက်ရှာဝဲလ်ကမ်း မှာ ဒီကောင်မလေးကို သူစတွေ့တာပေါ့... ဖြစ်ချင်တော့ ပထမဆုံးနေ့ မတိုင်ခင်က တန် တို့ သူငယ်ချင်းတွေ အမူးသောက်ပြီး မှောက်ကြတော့ ကျောင်းရဲ့ ကြိုဆိုပွဲကို နောက်ကျပြီး ရောက်သွားရာက စတာပဲ... သူတစ်ယောက်ထဲလား ဆိုတော့ မဟုတ်ဘူး ဂျွန်ဆိုတဲ့ ကောင်မလေးပါ ပါတယ်.. ဒီတော့ ၂ ယောက်တွဲ အပြစ်ပေးခံရတဲ့ ...
6.9
IMDB: 6.9/10 267 votes
movie

Timeline (2014)

2014
BluRay 720p
Goyo: The Boy General(2018) 7.0
Goyo: The Boy General(2018) Goyo: The Boy General(2018) IMDb....7.0 စစ်ကားလည်းကြည့်ချင်တယ်...စစ်ပဲတိုက်နေရင်လည်း မကြိုက်ဘူးဆိုတဲ့ သူတွေအတွက် ဖိလစ်ပိုင် အချစ်စစ်ကားလေး လာပါပြီ...မင်းသားချော Paulo Avelino နဲ့ Carlo Aquino တို့ ပါဝင်သလို မင်းသမီးနေရာမှာလည်း Gwen Zamora နဲ့ Empress Schuck တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်. ..ဒီဇာတ်လမ်းဟာ သုံးနှစ်တာကြာမြင့်ခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်ပွဲကြီးကို ကျောရိုးပြုထားပြီး အဲ့ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံးဗိုလ်ချုပ် Gregorio Del Pillar အကြောင်းကို ရိုက်ကူးထားတာပါ.. .ဇာတ်လမ်းနာမည်မှာပါတဲ့ Goyo ဆိုတာကတော့ မင်းသားနာမည်ဖြစ်ပြီး The Boy General ဆိုတာကတော့ မင်းသားရဲ့ Nick Name ပါ...ကဲ အညွှန်းလေး ဆက်သွားကြဦးစို့... ဇာတ်လမ်းအညွှန်း Gregorio Del Pillar ဆိုတဲ့ စစ်ဗိုလ်လေးဟာ အဲ့ဒီခေတ် အဲ့ဒီအခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်.. .ခုခေတ်အခေါ်ဆို စော်ကြည်ဘဲလေးပေါ့...The Boy General လို့ နာမည်တပ်ခံရတဲ့ ...
7.0
IMDB: 7.0/10 419 votes
movie

Goyo: The Boy General(2018)

2018
Split (2016) 7.1
Split (2016) ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 5.4 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ် ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု... သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီး အရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ် နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့ သူတို့နှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့ ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့... ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့ ရက်စက်မှုတွေ လူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူ မေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို့ အားပေးကြပါဥိး   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)   File Size : (900 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2hr 3min Format : Mp4 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard ...
7.1
IMDB: 7.1/10 87 votes
movie

Split (2016)

2016
Shaolin (2011) 6.9
Shaolin (2011) IMDb (6.9) / Rotten Tomatoes (74%) ရှောင်လင်ဟာ အက်ရှင် ဒရမ်မာ ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရင်ထဲစွဲကျန်စေမယ့် ဒရမ်မာဇာတ်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို သဘောကျစေမှာပါ.. ဂျက်ကီချန်း ၊ အန်ဒီလူ ၊ ဖန်ပင်းပင်း၊ ဂျင်ဝူ ၊ နီကိုးလပ်(စ်)စီ ၊ ရှင်းယု နဲ့ ရှောင်ကွမ်ယု နာမည်ရအက်ရှင်သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်.. အက်ရှင်မင်းသား အန်ဒီလူဟာ အင်အားကြီးစစ်ဘုရင်ဟူကျင်းအဖြစ်နဲ့ ဒီဇာတ်လမ်းလေးကို အနှစ်သာရရှိပြီးရသပြည့်ဝတဲ့ ဒရမ်မာကားကောင်းဖြစ်အောင် ထိန်းကျောင်းသွားခဲ့တာကို တွေ့ရမှာပါ.. ဂျက်ကီချန်းကတော့ ရှောင်လင်ကျောင်းရဲ့ စာဖိုမှူးကြီးအဖြစ်သရုပ်ဆောင်ထားပြီး ထုံးစံအတိုင်း ဟာသတိုက်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားဦးမှာပါ.. ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်.. ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်.. စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်.. တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း ...
6.9
IMDB: 6.9/10 17,562 votes
movie

Shaolin (2011)

2011
No Mercy (2019) N/A
No Mercy (2019) အွန်ဟီး လေးဟာ ကျပ်သိပ်မပြည့်တဲ့ ကလေး ဖြစ်ပြီး ကျောင်းမှာရော လူမှု ပတ်ဝန်းကျင်မှာပါ အနှိမ်ခံလေးဖြစ်ပါတယ် ဒါပေမဲ့ အွန်ဟီးမှာ သူ့ကို အရမ်း ချစ်တဲ့ အစ်မ အင်ဟေး ရှိပါတယ် တစ်ရက်မှာတော့ လူတစ်ယောက်က အွန်ဟီး ကို တစ်နေရာ ညာခေါ်ပြီး အနိုင်ကျင့်ဖို့ ကြိုးစားခဲ့ရာ အင်ဟေး က လိုက်ရှာပြီး ကိုယ်ထိလက်ရောက်မှု ကျူးလွန်ခဲ့လို့ ကျူးလွန်သူက ထောင် ၆ လသာ ကျပြီး အင်ဟေး ကတော့ ထောင် ၂ နှစ်လောက် ကျသွားခဲ့တယ်... ဒီလိုနဲ့ ထောင်က ပြန်လွတ်လာတဲ့ အင်ဟေး ဟာ ညီမဖြစ်သူကို စောင့်ရှောက်ပြီးပဲ နေတော့မယ် လို့ ဆုံးဖြတ်ခဲ့ပါတယ်... အင်ဟေး ဟာ တိုက်ကွန်ဒို ချံပီယံ ဖြစ်ပြီး သက်တော်စောင့် အလုပ် လုပ်ခဲ့သူ တိုက်ခိုက်ရေး သမား တစ်ယောက်ဖြစ်ပါတယ်... ထောင်က လွတ်လာပြီး နောက်နေ့မှာပဲ ပြသနာက စဖြစ်ပါတယ် ကျောင်းသွားတဲ့ အွန်ဟီး တစ်ယောက် ပြန်မလာတော့တဲ့ အတွက် အင်ဟေး လိုက်ရှာရပါတော့တယ်... အွန်ဟီး ကို လူပွဲစား တစ်ယောက်က ဖမ်းသွားတာဖြစ်ပြီး အကောင်ကြီးကြီး အမှီးရှည်ရှည် လူကြီးအသိုင်းအ၀ိုင်း တစ်ခုသို့ လက်ပြောင်း ပြန်ရောင်းခဲ့ပြန်ပါသေးတယ်... ဒီတော့ကာ ညီမဖြစ်သူ အွန်ဟီး သူ့မုန့်ဖိုးလေးနဲ့ ...
N/A
IMDB: N/A/10 N/A votes
movie

No Mercy (2019)

2019
Ripples of Desire (2012) 5.3
Ripples of Desire (2012)   CMမှာ တင်ပေးဖူးတဲ့ Hear Me (2009)အချစ်ကားလေးနဲ့အတူ အဲဒီကားထဲက မင်းသမီးလေးတွေကိုလည်း ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့် မှတ်မိကြမယ်ထင်ပါတယ်... ဒီကားလေးထဲမှာလည်း အဲဒီမင်းသမီးနှစ်ယောက်ကို အတူတူ မြင်တွေ့ရမှာပါ... Ripples Of Desire (2012) IMDb rating 5.3/10 Google User 92% ဆိုတော့ အတော်အသင့်ကောင်းတဲ့ နန်းတွင်းကားလေးလို့ ဆိုနိုင်ပါတယ်... ဇာတ်ကားကောင်းကောင်း မကောင်းကောင်း မင်းသမီးလေးတွေရဲ့ ဖြူစင်သန့်ရှင်း အပြစ်ကင်းတဲ့ မျက်နှာလေးတွေ ကြည့်ရတာနဲ့တင် တန်ပါတယ်...? (CM Group ထဲက Member Yan Naing Tun တောင်းဆိုထားလို့ တင်ဆက်တာပါ။)   File size…(1.1 GB) and (500 MB) Quality…Blu-ray Rip 720p Format…mp4 Duration….02:02:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung  
5.3
IMDB: 5.3/10 143 votes
movie

Ripples of Desire (2012)

2012
I Fine Thank You Love You (2014) 7.1
I Fine Thank You Love You (2014) အချစ်ဆိုတာကြီးကို အခုချိန်ထိ ဘယ်ပညာရှင်ကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်ဆိုနိုင်သေးပါဘူး... ဘာကြောင့်လဲဆိုတော့ အချစ်ဆိုတာဟာ အမှန်တရားတွေအများကြီးရှိနေပြီး ထူးဆန်းလွန်းအားကြီးလို့ပါပဲ... သင့်အနေနဲ့ အချစ်ဆိုတာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုတွေ့ရမယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုမျိုးထူးဆန်းတဲ့ အချစ်အကြောင်းကို ဟောဒီ ထိုင်းအချစ်ဟာသ ဇာတ်ကားလေးထဲမှာ ကြည်နူးစရာ တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားလေးဟာ ဖလန်းဖလန်းစိန် အင်္ဂလိပ်စာသင်တန်းဆရာမလေး Pleng နဲ့ ဂွတီးဂွကျနိုင်တဲ့ Yim ဆိုတဲ့အင်ဂျင်နီယာတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရသပေါင်းစုံဝေဝေဆာဆာနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် ... လူကြီးမင်းတို့အနေနဲ့ ထူးဆန်းလွန်းတဲ့ အချစ်ဆိုတာကြီးကို ဒီဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြပါဦးလို့ .......။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်... အဆင်ပြေရင် "Happy Birthday ပါ....Ice" ဆိုပြီးမန့်သွားပေးကြပါ .. သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။ (စကားမစပ်....ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။) #Ye' Kyaw Htet (Ye Kyaw Htet ...
7.1
IMDB: 7.1/10 825 votes
movie

I Fine Thank You Love You (2014)

2014
ATM: Er Rak Error (2012) 7.2
ATM: Er Rak Error (2012) Screenshots     မင်းသား Chantavit Dhanasevi နှင့် I Fine..Thank You..Love You မင်းသမီးချော  Preechaya Pongthananikorn  တို့ အဓိက ပါဝင်ထားကြပြီး အခြားဟာသသရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားတဲ့ Comedy, Romance အမျိုးအစား နာမည်ကြီးထိုင်းဇာတ်ကားဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုကိုချိတ်ဆက်ပြီး ဟာသရသမြောက်အောင် စိတ်ကူးကောင်းကောင်းနဲ့ပုံဖော်ထားပါတယ်။ IMDb Rating (7.2/10) အထိရရှိထားပြီး ထိုင်းဇာတ်ကားတွေလဲ နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီဆိုတာ တွေ့ရမှာပါ။ မိသားစုနဲ့ အနားယူရင်း အပန်းဖြေ ကြည့်ရှုသင့်တဲ့ ဟာသဇာတ်ကားကောင်းလေးပါ။ (မြန်မာစာတန်းထိုးကိုတော့ ကိုမိုးစက် မှ ကိုယ်တိုင်ဘာသာပြန်တင်ဆက်ပေးထားတာပါ။ pk (2014) မြန်မာစာတန်းထိုးဇာတ်ကားကို ကြည့်ဖူးသူတွေကတော့ "မိုးစက် ရမ်းသမ်းဘာသာပြန်သည်။" ဆိုတာကိုရင်းနှီးနေကြမှာပါ။ ရှုစားအားပေးကြပါဦး။) ဖေဖော်ဝါရီ ၁၄ ရက်နေ့ (V-Day နေ့)ဟာဆိုရင် ဇာတ်ကားထဲက အဓိကမင်းသမီးလေး Preechaya Pongthananikorn ရဲ့ မွေးနေ့လည်းဖြစ်ပါတယ်... အဆင်ပြေရင် "Happy Birthday ပါ....Ice" ဆိုပြီးမန့်သွားပေးကြပါ .. သူ့ရဲ့ Nickname က Ice Preechaya ဖြစ်ပါတယ်။ (စကားမစပ်....ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ပါစေ.........။) File size...(1.2GB) Quality...HD-Rip ...
7.2
IMDB: 7.2/10 1,072 votes
movie

ATM: Er Rak Error (2012)

2012
Badges of Fury (2013) 4.7
Badges of Fury (2013) မင်းသားကြီးဂျက်လီက အခုခေတ်နဲ့သိပ်အံမဝင်တော့ သိုင်းသမား ရဲစုံထောက်အိုကြီး.... ပေါ့ပါးစွာသရုပ်ဆောင်တတ်တဲ့ မင်းသား Wen Zhang က အခုခေတ်လူငယ်တွေလို သွက်လက်ထက်မြက်ပေမယ့် လုပ်လိုက်ရင် လွဲလွန်းတဲ့ ရဲစုံထောက်... You are The Apple of My Eye ရဲ့မင်းသမီးချော Michelle Chen က ချစ်စဖွယ်အမူအရာနဲ့ ရဲရင့်တဲ့ ရဲမေစုံထောက်.... မင်းသမီး Liu Shishi က တည်ငြိမ်အေးချမ်းတဲ့အလှတွေနဲ့ နိုင်ငံကျော်မင်းသမီး... တက်သစ်စမင်းသမီး Liu Yan က မြင်သူတိုင်းငေးရတဲ့ ညှို့အားပြင်း အလှတွေနဲ့ လျှို့ဝှက်ချက်အပြည့်နဲ့မိန်းမပျို.. စသည်ဖြင့် မင်းသားမင်းသမီးစုံစုံလင်လင်ပါဝင်ထားပါတယ်။ Action, Comedy, Mystery အမျိုးအစားဖြစ်ပြီး နားနားနေနေကြည့်သင့်တဲ့ Comedy ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကျွန်တော်ကတော့ သိပ်ကြိုက်ပါတယ်...ဒါကြောင့် ဘာသာပြန်အသစ် BluRay Quality အစစ်နဲ့ ပြန်လည်တင်ဆက်လိုက်တာပါ။   File size…(1 GB) and (500 MB) Quality…BluRay.720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
4.7
IMDB: 4.7/10 2,415 votes
movie

Badges of Fury (2013)

2013
Il Mare (2000) 7.7
Il Mare (2000) Il Mare (2000)့ " ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ " ————— Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။ " ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ " December 21, 1999 'Il Mare' မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက် Kim Eun Joo ( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါသေးတယ် ဒါပေမဲ့မရဘူး ၊ ရှင်သိပ်မကြာခင် ...
7.7
IMDB: 7.7/10 7,156 votes
movie

Il Mare (2000)

2000
[18+] High Society (2018) 4.8
[18+] High Society (2018) [ Dark Side Production မှ တင်ဆက်သည်။] ဒီကိုရီယားဇာတ်ကားမှာ Soo Ae တို့လို နာမည်ကြီး သရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်လမ်းကတော့ နိုင်ငံရေးအခြေခံဇာတ်လမ်းဖြစ်ပါတယ်... မင်းသားဟာ နိုင်ငံရေးအဖွဲ့အစည်းလက်အောက်တစ်ခုမှာ လွှတ်တော်အမတ်အဖြစ် ဝင်ရောက် လုပ်ကိုင်မိရာမှ သူရဲ့ ပါတီတွင်း ခြစားနေတဲ့ဖြစ်ရပ်တွေကိုတွေ့ရှိလိုက်တဲ့အခါ တော်တော်ထိတ်လန့်သွားပါတယ်။ သူရဲ့မိန်းမကလည်း အဲ့ဒီ့ပါတီလက်အောက်ကုမ္ပဏီတစ်ခုမှာပဲ အလုပ်လုပ်နေတာကြောင့် အရာရာကိုမျက်ကွယ်ပြုနေလိုက်တဲ့အခါ ပါတီခေါင်းဆောင်များရဲ့ကျွန်သဖွယ်ဖြစ်လာပြီး နောက်ဆုံးမှာ သူတို့နှစ်ယောက်ရဲ့သည်းခံနိုင်စိတ်ကုန်သွားတဲ့အခါမှာတော့...။ နိုင်ငံရေးဇာတ်ကားဖြစ်ပေမယ့် ခပ်ကြမ်းကြမ်း ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့် အရွယ်မရောက်သူများ မကြည့်သင့်ပါ။   File size…(1.1 GB) and (510 MB) Quality…WEB-DL 720p Format…mp4 Duration….02:17:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by Dark Side HZ
4.8
IMDB: 4.8/10 102 votes
movie

[18+] High Society (2018)

2018
Crime Story (1993) 6.8
Crime Story (1993) IMDb (6.8/10) Rotten Tomatoes 94%   ဒီဇတ်​ကားမှာအဓိကဇာတ်​​ကောင်​ဖြစ်​တဲ့ အင်​စပက်​တာအက်​ဒီချန်း​နေရာမှာ သရုပ်​​ဆောင်​ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူက​တော့ တရုတ်​ပြည်​ရဲ့ထိပ်​တန်းမင်းသားဂျက်​လီပဲဖြစ်​ပါတယ်​.. ဂျက်လီဟာ ​​ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ဒီရုပ်​ရှင်​ဇာတ်​ကားကိုမရိုက်​ကူးဖြစ်​ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့​တွဲဖက်​ပြီး Tai Chi Master(၁၉၉၃)ဇတ်​ကားကို​ပြောင်းလဲရိုက်​ကူးခဲ့ပါတယ်​.. (၁၉၉၃)ခုနှစ်​မတိုင်​ခင်​မှာ ရဲစုံ​ထောက်​အက်​ရှင်​ဇာတ်​ကားများ အများအပြားရိုက်​ကူးခဲ့ပြီး ရဲစုံ​ထောက်​ဇာတ်​ရုပ်​နှင့်​အကျွမ်းတဝင်​ဖြစ်​​နေခဲ့တဲ့ ဂျက်​ကီချန်းဟာ ဂျက်​လီမရိုက်​ကူးဖြစ်​ခဲ့တဲ့ ဒီရုပ်​ရှင်​ဇာတ်​ကားရဲ့ဇာတ်​ညွှန်းကိုဖတ်​ကြည့်​ပြီး သူနှစ်​ခြိုက်​တဲ့ကာရိုက်​တာမျိုးဖြစ်​​နေတဲ့အတွက်​ ရိုက်​ကူးဖို့ဆုံးဖြတ်​ခဲ့ပါတယ်​ ​ဟောင်​​ကောင်​ဒါရိုက်​တာ ကာကီဟွမ်​နှင့်​ ပူး​ပေါင်းပြီး ဂျက်​ကီချန်းဟာ တွဲဖက်​အက်​ရှင်​ဒါရိုက်​တာအ​နေနဲ့​ရော Main Role အ​နေနဲ့ပါ ဒီဇာတ်​ကားမှာ ပါဝင်​သရုပ်​​ဆောင်​ခဲ့ပါတယ်​... ​ဟောင်​​ကောင်​နဲ့ ထိုင်​ဝမ်​ပြည်​နယ်​တို့မှာ (၁၉၉၂) ဇူလိုင်​(၉)ရက်​​နေ့မှစပြီး သြဂုတ်​(၂၀)ရက်​​နေ့အထိ (၄၂)ရက်​ကြာ​အောင်​ ဒီရုပ်​ရှင်​ကိုစနစ်​တကျရိုက်​ကူးခဲ့ပါတယ်​... ဂျက်​ကီချန်းကိုယ်​တိုင်​​ရေးသားထားတဲ့ (My Life Acting)စာအုပ်​ထဲက ​ရေးသားဖော်​ပြချက်​အရ ဒီစုံ​ထောက်​ဇာတ်​ကားရိုက်​ကူးစဉ်​မှာ ကားနှစ်​စီးယှဉ်​တိုက်​တဲ့ဇာတ်​ဝင်​ခန်းကိုလူစားမထိုးပဲ သူကိုယ်​တိုင်​ပါဝင်​သရုပ်​ဆောင်ခဲ့ပြီး ​ခြေ​ထောက်​သွင်​သွင်​ကျိုးသည်​အထိ ဒဏ်​ရာရခဲ့ဖူးတယ်​လို့လည်း သိရပါတယ်​.. (၁၉၉၃)ခုနှစ်​ ဇွန်​လ(၂၄)ရက်​​နေ့မှာ ဒီရုပ်​ရှင်​ဇာတ်​ကားကို ​ဟောင်​​ကောင်မှာ စတင်​ရုံတင်​ပြသခဲ့ပြီး ​အောင်​မြင်​မှုအ​နေနဲ့ ရရှိခဲ့တဲ့ဆု​တွေက​တော့ (၁၉၉၃)ခုနှစ်​မှာ ဂျက်​ကီချန်းဟာ အ​ကောင်းဆုံးသရုပ်​​ဆောင်​အဖြစ်​Golden Horseဆုကိုရှိခဲ့ပါတယ်​ (၁၉၉၄)ခုနှစ်​​ရဲ့ ဟောင်​​ကောင်​ရုပ်​ရှင်​ထူးချွန်​ဆု​ပေးပွဲမှာလည်း ဂျက်​ကီချန်းဟာ အ​ကောင်းဆုံးဇာတ်​​ဆောင်​ဆုနှင့်​ အ​ကောင်းဆုံးအက်​ရှင်​စတန့်​ပြကွက်​(Best Action Choreography) ဆုကိုပါ ထပ်​မံရရှိခဲ့တဲ့အပြင်​ အ​ကောင်းဆုံး ...
6.8
IMDB: 6.8/10 5,036 votes
movie

Crime Story (1993)

1993
Heart of the Dragon (1985) 6.5
Heart of the Dragon (1985) ဟောင်ကောင်အက်ရှင်လောကရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ ဟုတ်ချင်းပေါင်(Sammo Hung)တို့အပြင် ဇာတ်ကားတွေမှာ မှော်ဆရာလုပ်နေကြ Lam Ching-ying တို့လို ဇာတ်ရံတွေ အများအပြားလဲပါဝင်ထားပါတယ်။ အထူးရဲကွန်မန်ဒို ဂျက်ကီချန်းနဲ့ ကျပ်မပြည့်တဲ့သူ့အစ်ကို ဟုတ်ချင်းပေါင်တို့ကြားက သံယောဇဉ်ကို ရင်နင့်အောင် ပီပြင်စွာ ပုံဖော်ထားပြီး ဟာသတွေ အက်ရှင်တွေနဲ့လဲ ဇာတ်လမ်းကို ခပ်သွက်သွက် ဆွဲခေါ်ထားပါတယ်။ ဂျက်ကီချန်းရဲ့ ငယ်မူငယ်သွေးကို အထင်းသားမြင်ရမှာဖြစ်သလို Action,Comedy,Drama ကြိုက်သူတွေ လက်မလွတ်သင့်ပါ။ IMDb Rating (6.5/10) ရရှိထားပြီး ဒါရိုက်တာကလဲ ဟုတ်ချင်းပေါင်ပဲဖြစ်ပါတယ်။   File size…(1 GB) and (650 MB) Quality…Extended.Japanese.Cut.BluRay.720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Zaw & Thar Nyo Lwin
6.5
IMDB: 6.5/10 3,507 votes
movie

Heart of the Dragon (1985)

1985