Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
Biography
6.5
Ammonite (2020)
Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie
Ammonite (2020)
2020
7.4
The Good Lie (2014)
ဆူဒန်ပြည်တွင်းစစ်တုန်းအတွင်းမှာ Mamere တို့ရွာလေးဟာမီးရှို့ဖျက်ဆီးခံရပြီး မိဘတွေလည်းအသတ်ခံခဲ့ရပါတယ်။ ဒါပေမယ့် Mamere တို့ညီအစ်ကိုမောင်နှမတစ်သိုက်ဟာ အားမလျော့ဘဲ ဘေးကင်းရာကိုထွက်ပြေးခဲ့ရပါတယ်။ လမ်းခရီးမှာလည်း ဒုက္ခတွေကြုံခဲ့ရအပြီးမှာတော့ နောက်ဆုံးမှာကင်ညာနိုင်ငံဒုက္ခသည်စခန်းကိုရောက်ခဲ့ပါတယ်။ စခန်းမှာနှစ်အတန်ကြာနေခဲ့ပြီးနောက်မှာ Mamere တို့မောင်နှမတွေ အမေရိကမှာခိုလှုံခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လူနေမှုအဆင့်အတန်းနဲ့ ယဉ်ကျေးမှုကွာခြားလှတဲ့ တိုင်းပြည်မှာ အခြေချနိုင်ဖို့ Mamere တို့အတွက်မလွယ်ကူခဲ့ပါဘူး။ မိသားစုစိတ်ဓာတ်၊စွန့်လွှတ်အနစ်နာခံမှုတွေကိုဖော်ကျုးထားတဲ့ ဇာတ်ကားလေးပါ။File size…(1.9GB)/(944MB)/(657 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Good Lie (2014)
7.1
Chopper(2000)
ဒီဇာတ်ကားကတေ့ာသြစတေးလျလူမိုက် ချော့ပါ ရိဒ်ရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။အမေရိကမှာ အယ်ကပုန်း အင်္ဂလန်မှာ ကရေးညီနောင်တို့လိုပဲ သြစတေးလျမှာအပီအပြင်ကြမ်းခဲ့တဲ့လူမိုက်ကြီးပါ။သြစတေးလျရဲ့ရောင်းအားအကောင်းဆုံးဖြစ်တဲ့ From The Insideဆိုတဲ့ Chopperကြီးရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကိုအခြေတည်ပြီးရိုက်ကူးထားပါတယ်။ဆိုးသွမ်းတဲ့ပြစ်မှုတွေကျူးလွန်သလောက် သူ့ချစ်ခင်သူ သူငယ်ချင်းတွေအပေါ်ဘယ်လိုအနစ်နာခံပုံ၊သူ့ရဲဉာဏ်ကောင်းပုံနဲ့အကွက်ရွှေ့တတ်ပုံတွေကိုလည်းမြင်တွေ့ရမှာပါ။ဖြစ်ရပ်မှန်လူမိုက်ကားရှာနေတဲ့ပရိသတ်ကြီးတွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။Chopper ကြီးရဲ့နေရာကနေတော့ Hulkမင်းသားကြီးEric Banaကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.07 GB / 449.5 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin
movie
Chopper(2000)
8.2
Nayika Devi: The Warrior Queen (2022)
Nayika Devi 2022 (IMDb 8.5/10)ဘာဟူဗလီတို့ ဘိုင်ရာဗားတို့လို ရာဇဝင်နောက်ခံ ရှေးနန်းတွင်း အိန္ဒိယအက်ရှင်ကားကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို ထပ်မံတင်ဆက်ပေးပါရစေဘီစီ ၁၂ ရာစုလောက်က အိန္ဒိယနိုင်ငံဂူဂျာရက်ဂ်ကို အုပ်စိုးခဲ့တဲ့ ပထမဆုံးစစ်သည်တော်ဘုရင်မ နာရိကာဒေဗီအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားပြီးတော့ ဘုရင်မနာရိကာဒေဗီရဲ့ ရဲစွမ်းသတ္တိတွေ စစ်သည်တော်လိုမျိုး စစ်မြေပြင်မှာတိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ရိုက်ကူးထားပြီး သမိုင်းကိုဇာတ်အိမ်တည်ထားတာဆိုတော့ ဇာတ်အိမ်မခိုင်မာမှာကို ပူစရာမလိုပါဘူးစစ်ဘုရင်မိုဟာမတ်ဂိုရီကို ပြန်လည်တိုက်ခိုက်မဲ့ ဧကရီနာရိကာဇာတ်ကားလေးကို ရာဇဝင်စစ်ကားကောင်းလေးတွေကို လွမ်းဆွတ်နေတဲ့ CM ပရိသတ်ကြီးအတွက်တင်ဆင်ပေးလိုက်ပါတယ် File size…3.1GB / 1.4GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Sai Thu Rein
movie
Nayika Devi: The Warrior Queen (2022)
2022
7.0
Hero(2022)
Hero(2022)***********ဒီရုပ်ရှင်ကားကြီးဟာ တော်လှန်ရေးသူရဲကောင်းAhn Jung Geun ရဲ့အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်.. ဒီလူဟာ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ပုဂ္ဂိုလ်ဖြစ်လေတော့ဒါရိုက်တာကလည်း အဘက်ဘက်က ပြည့်စုံအောင် သေချာကိုရိုက်ကူးထားတာတွေ့ ရတယ်..Musical လည်းပါလေတော့ လိုက်ဖက်ပြီး ဇာတိမာန်တက်ကြွစေတဲ့သီချင်းတွေသုံးထားတော့ကြည့်ရှုတဲ့သူတွေကိုပါ သွေးဆူစိတ်လှုပ်ရှားစေတယ်.. B.Oလည်းဝင်သလိုကြည့်သင့်တဲ့ကားတစ်ကားလည်းဖြစ်တယ်..“၃ နှစ်အတွင်း ငါတို့အမိမြေရဲ့ရန်သူ အီထို ဟီရိုဘူမီကို မရှင်းပစ်နိုင်ရင်... အဲဒီအခါ သတ်သေပါ့မယ်”1900 ခုနှစ်အစပိုင်းမှာ ကိုးရီးယားနိုင်ငံအပေါ် ဂျပန်နိုင်ငံရဲ့အာဏာလွှမ်းမိုးမှု ကြီးမားလာတဲ့အလျောက်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတို့က လက်သူကြွယ်ကို ဖြတ်ပြီးအဆိုပါကျမ်းသစ္စာကို ကျိန်ဆိုခဲ့ကြပါတယ်..အဲဒီကျမ်းသစ္စာကို တည်နိုင်ဖို့အတွက် အန်ဂျွန်ဂွန်းနဲ့ ရဲဘော်အပေါင်းအပါတွေရဲ့ လွတ်လပ်ရေးလှုပ်ရှားမှု လုပ်ဆောင်ကြပုံတွေဂျိုဆွန်းနယ်ချဲ့မှုရဲ့ အဓိကတရားခံဖြစ်တဲ့ အီထို ဟီရိုဘူမီကို ရှင်းပစ်နိုင်ဖို့ ကြိုးစားကြပုံတွေကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်..အားလုံးသိပြီးသား မင်းသမီးလေး Kim Go Eun လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ် Musical ရုပ်ရှင်ဖြစ်တဲ့အတွက် သီချင်းအမိုက်စားတွေနဲ့ပါ ထပ်ပေါင်းပံ့ပိုးပေးထားတာဖြစ်လို့ကြက်သီးမွေးညင်းထရင်းနဲ့ ကြည့်ရမဲ့ကားလေးပါ ....File Size :( 1.84GB )(837MB) Quality ...
movie
Hero(2022)
6.5
Il Boemo (2022)
Il Boemo (2022)ဂီတပညာရှင်ကြီးမိုးဇက်ဆိုရင်တော့ မကြားဖူးတဲ့သူ မရှိသလောက် ရှားမှာပါ။ ဒါပေမဲ့ Il Boemo လို့ အီတလီမှာ လူသိများတဲ့ ဂျိုးဇက်ဖ် မိစလက်ဗစ်ချက်ကိုတော့ ကြားဖူးတဲ့သူ သိပ်ရှိလောက်မယ်မထင်ဘူး။ တကယ်ဆို သူက ၁၈ ရာစုနှောင်းပိုင်းရဲ့ ဂန္ထဝင်ဂီတအင်အားစုကြီးတစ်ခုမှာ အားဖြည့်ခဲ့တဲ့ တေးရေးဆရာတစ်ယောက်ပါ။ မိုးဇက်ကိုယ်တိုင်တောင် ငယ်ငယ်လေးကတည်းက ခင်မင်လေးစားအားကျရတဲ့ ချက်လူမျိုး ဂီတပညာရှင်တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ သူ့အကြောင်းပဲဖြစ်ပါတယ်။မွေးရပ်မြေ ချက်နိုင်ငံ ပရဂ်မြို့ကိုခွာပြီး အီတလီအော်ပရာစင်မြင့်တွေမှာ သူ့လက်ရာတွေ ထွန်းတောက်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးတစ်ဦးပါပဲ။ အသက်ရှင်စဉ်ကာလမှာ လျှမ်းလျှမ်းတောက်ခဲ့သလို သေဆုံးသွားပြီးနောက်ပိုင်းလည်း ဂန္ထဝင်ဂီတလေ့လာသူတွေကြားမှာ မှေးမှိန်မသွားပါဘူး။ ဒါပေမဲ့ သူ့မိသားစု သူ့အိုးအိမ်အကြောင်း၊ သူ့မေတ္တာရေးရာအကြောင်း၊ ကိုယ်ပိုင်ဘဝအကြောင်းတွေကိုတော့ မှတ်တမ်းမှတ်ရာ မတွေ့ရှိရပါဘူး။ ဒီရုပ်ရှင်ဟာ ခေတ်ကိုအခြေခံပြီး စိတ်ကူးနဲ့ ပြန်လည်ရေးဖွဲ့ပုံဖော်ထားတာဖြစ်လို့ ဒီထဲက သူ့အချစ်ရေးအချစ်ရာတွေ ပတ်သက်နေတဲ့ မိန်းမတွေဟာ အမှန်ဖြစ်မယ်လို့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ မိုးဇက်ရဲ့ ...
movie
Il Boemo (2022)
2022
6.7
Whitney Houston: I Wanna Dance with Somebody (2022)
Whitney Houston: I Wanna Dance With Somebody (2022)Whitney Houston ရဲ့ I Wanna Dance With Somebody ဆိုရင်တော့ စာသားဖတ်လိုက်တာနဲ့ခေါင်းထဲမှာသံစဥ်နဲ့အလိုက် ဆိုမိပြီးသားနေမှာပါ။ Whitney က သူ့ခေတ်သူခါမှာအဆိုတင်မဟုတ်ပဲ သူသရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကောင်းတွေလဲရှိခဲ့ပါသေးတယ်။ ဥပမာ ပြောရရင် The Bodyguard ပါ။ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးရော တစ်ကမ္ဘာလုံးမှာပါ သတင်းတစ်ခုရိုက်ခတ်ခဲ့တယ်။ အသက် ၄၈ နှစ်အရွယ်မှာတော့ Whitney တစ်ယောက်ဟာ အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးရခြင်းအကြောင်းကတော့ ဂရမ်မီဆုပေးပွဲမတိုင်ခင်တစ်ရက်မှာ ကိုကင်းသုံးစွဲမှုကြောင့် နှလုံးရောဂါဖောက်ခဲ့ပြီး ရေချိုးကန်ထဲမှာရေနစ်သေဆုံးခဲ့ရတာပါ။ Whitney က ဆိုးသွမ်းတဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေမယ့် အောင်မြင်မှုရဲ့ရိုက်ခတ်မှုဒဏ်တွေ ဝေဖန်မှုဒဏ်တွေ ကိုယ်ရေးကိုယ်တာပြသနာတွေကြောင့် လမ်းတွေအများကြီးထဲက မကောင်းတဲ့လမ်းတွေကို Whitney ရွေးချယ်ခဲ့မိတယ် လို့ စိတ်မကောင်းစွာ ဆိုလိုက်ပါရစေ။ ဒီ အတ္ထုပ္ပတ္တိဇာတ်လမ်းမှာတော့ Whitney ကို ဘုရားပေးတဲ့အသံကိုပိုင်ဆိုင်ထားပေမယ့် ဘာမှမသိသေးတဲ့ မျက်စိသူငယ်နားသူငယ် ဆယ်ကျော်သက်အရွယ်လေးကနေ သူ့ဘဝအနိမ့်အမြင့်အတက်အကျ အောင်မြင်မှုကျရှုံးမှုတွေကို လိုက်ပါကြည့်ရှုရမှာပါ။အဲ့ဒါအပြင် သီချင်းတွေအားလုံးနီးပါးကိုလဲ Whitney နေရာမှာ သရုပ်ဆောင်တဲ့မင်းသမီးလေးက ...
movie
Whitney Houston: I Wanna Dance with Somebody (2022)
2022
7.8
Tombstone (1993)
Tombstone (1993)~ IMDb - 7.8/10, Rotten Tomatoes - 72% ~နာမည်ကျော် ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။Rambo First Blood က ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ George P. Cosmatos နဲ့ Kevin Jarre တို့က ဖန်တီးထားပြီး Kurt Russell နဲ့ Val Kilmer လို ထိတ်ထိတ်ကြဲဘဲနှစ်ဗွေအပြင် Ghost Rider ထဲက မြင်းစီးတဲ့ Ghost Rider ကြီး Sam Elliott တို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ တခြား နာမည်ကျော်သရုပ်ဆောင်တွေပါ ပါဝင်နေတာကြောင့် Cast နဲ့တင် တော်တော်ဖြုံချင်စရာကောင်းပါတယ်။Cowboy Vibe အပြည့်ရသလို Gangster ...
movie
Tombstone (1993)
1993
7.3
The People vs. Larry Flynt (1996)
တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်နေရင် ခွင့်လွှတ်လိုက်ကြပါ။ "လိင်ကိစ္စမှာတောင် တားမြစ်ချက်တွေရှိနေရင် ကျုပ်တို့မှာ ပြဿနာတွေများနေတာ အံ့သြစရာမရှိဘူး။ ကျုပ်တို့လူမျိုးတွေ စိတ်ဆတ် ၊ အကြမ်း-ဖ(က်)တတ်ပြီး လူမျိုး-(တုံး) သ-(တ်)ဖြတ်တတ်ကြတာ အံ့သြစရာမရှိဘူး" ဒီစကားတွေကိုဆိုခဲ့တဲ့ လယ်ရီဖလန့်ဟာ ငယ်ငယ်ကတည်းက အရက်ပုန်းရောင်းပြီး အသည်းအသန် ငွေရှာချင်ခဲ့တဲ့ကလေးတစ်ယောက်ပါ။ အရွယ်ရောက်လာချိန်မှာတော့ ဖော်ချွတ်မယ်တွေနဲ့ ကလပ်တစ်ခုဖွင့်ထားတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့လည်း မအောင်မြင်ဘဲ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ကြံရည်ဖန်ရည်ကောင်းတဲ့ လယ်ရီဟာ သူ့ကလပ်ရဲ့လုပ်ငန်းတွေအဆင်ပြေစေဖို့ ၊ လူများများရောက်လာဖို့အတွက် ဖော်ချွတ်မယ်တွေရဲ့ကိုယ်လုံးတီးပုံတွေနဲ့ စာစောင်တွေထုတ်ပြီး ကြော်ငြာခဲ့ပါတယ်။ တစ်ရက်မှာတော့ လူတစ်ယောက်ဟာ လယ်ရီနဲ့တော်တဆတွေ့ခဲ့ပြီး ဒီမဂ္ဂဇင်းကို ဘယ်လိုထပ်ဝယ်လို့ရမလဲလို့ မေးခဲ့ရာကနေ လယ်ရီဟာ အပြာမဂ္ဂဇင်းထုတ်ဖို့ အကြံဉာဏ်ရသွားခဲ့ပါတယ်။ စစချင်းမှာ မဂ္ဂဇင်းဟာ ဝက်ဝက်ကွဲ ရှုံးခဲ့တယ်။ နောက်တော့ အောင်မြင်တယ်။ အဲဒီနှစ်ကာလများရဲ့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ လူကြီးလူကောင်းများရဲ့ ကန့်ကွက်ထုတ်ဖော်မှု၊ ဝေဖန်တိုက်ခိုက်မှု ၊ တရားစွဲဆိုမှုတွေကြောင့်နဲ့ လယ်ရီဟာ တရားရုံးလည်း ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ လယ်ရီ ...
movie
The People vs. Larry Flynt (1996)
7.2
The Butler (2013)
2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လိုဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB) / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
The Butler (2013)
7.1
Chasing Mavericks(2012)
Chasing Mavericks(2012)************************လှိုင်းကြီးလှေအောက် တောင်ကြီးဖဝါးအောက် စကားဟာ လူသားတွေရဲ့ အားမာန်ကိုပြသတဲ့စကား ဖြစ်ပါတယ်။ဒါပေမယ့် ဒီစကားဟာ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ဘက်ကမ်းခြေက မားဗရစ်ခ်(Mavericks) လှိုင်းလုံးကြီးတွေကိုစီးနင်းဖို့ ကြိုးစားတဲ့ လှိုင်းစီးသမားတွေအတွက် အမြဲတမ်းမမှန်ကန်ပါဘူး။ဂျေးမော်ရီယာတီ ဟာ ဖခင်ရဲ့ စွန့်ပစ်မှုကြောင့် သောကရောက်နေတဲ့ မိခင်နဲ့ အတူနေထိုင်သူဖြစ်ပြီးရေလွှာလှိုင်းစီးရတာကို ကလေး ကတည်းက နှစ်သက်သူဖြစ်ပါတယ်။ တစ်ရက်မှာ သူရဲ့အိုင်ဒေါဖြစ်တဲ့လှိုင်းစီးသမား ဖရော့စ်တီတို့ လှိုင်းစီးသွားတာ လိုက်ချောင်းရင်း ဧရာမကြီးမားတဲ့ မားဗရစ်ခ်ရေလှိုင်းတွေကိုဖရော့စ်တီစီးလေ့ရှိတာကို သိသွားပါတယ်။ ဒါနဲ့ပဲ ဖရော့စ်တီ့ဆီမှာ အပူကပ်ပြီး သူ့ကို မားဗရစ်ခ်ရေလှိုင်းကိုစီးနိုင်တဲ့အထိသင်ပေးဖို့ ပူဆာပါတော့တယ်။ တစ်ဖက်မှာ လည်း ဖရော့စ်တီဟာ သူ့မိန်းမဖြစ်သူကိုအန္တရာယ်ရှိတဲ့ရေလှိုင်းတွေ ထပ်မစီးတော့ဘူးလို့ ကတိပေးထားပြီးသား ဖြစ်နေပါတယ်။ဂျေးမော်ရီယာတီကတော့ ဘယ်လိုဖြစ်နေနေ မားဗရစ်ခ်ရေလှိုင်းတွေကို စီးဖို့ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်ပါတယ်။မားဗရစ်ခ်ရေလှိုင်းတွေကို သူတကယ်စီးနင်းနိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေ သူရင်ဆိုင်ခဲ့ရလဲ၊သူဖြစ်ချင်တဲ့ရေလွှာလှိုင်းစီးသမားဘဝကို လွယ်လွယ်ကူကူတက်လှမ်းနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ ရေလွှာလှိုင်းစီးသမား ဂျေးမော်ရီယာတီ(Jay Moriarity)ရဲ့ အတ္ထုပ္ပတ္တိဖြစ်ပါတယ်။သူ့ဘဝအနိမ့်အမြင့်၊ အတက်အကျနဲ့ အချစ်ရေးကိစ္စတွေကို ...
movie
Chasing Mavericks(2012)
7.3
Heneral Luna(2015)
Heneral Luna(2015)*******************ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်..ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက်ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း...File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Heneral Luna(2015)
7.6
Shine(1996)
မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။ အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် ...
movie
Shine(1996)
7.0
Machine Gun Preacher(2011)
Machine Gun Preacher(2011)***************************ဆမ်ချီလ်ဒါးစ်ဟာ ထောင်ထဲကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်ပါတယ်။နောက်ဆုံး ထောင်ကထွက်လာတော့ မိန်းမဖြစ်သူက ဘုရားသခင်ရဲ့ ကရုဏာနဲ့ အပြစ်တွေဆေးကြောပြီးဘဝသစ် စနေကြောင်း၊ ချီလ်ဒါးစ်ကိုလည်း အတိတ်ကလိုမနေဖို့ ပြောပေမယ့် လူဆိုးလုပ်ရတာမဝသေးတဲ့ ချီလ်ဒါးစ်ဟာ အရင်လို ပြန်ဆိုးမိုက်နေပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ သူဟာဘုရားကျောင်းကို လိုက်သွားပြီးတဲ့ နောက်မှာ သူ့လုပ်ရပ်တွေကို နောင်တရပြီးပြန်လည်ဆေးကြောဖို့ အသိဝင်လာပါတယ်။ ဒါကြောင့် အာဖရိကကို သွားပြီးတော့ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ဆောင်ပါတယ်။ အတိတ်ကလုပ်ရပ်တွေကြောင့် သူ့ကိုအထင်သေးနေကြတဲ့ လူတွေကြားမှာ ချီလ်ဒါးစ်ရဲ့ လုပ်ငန်းတွေ အောင်မြင်ပါ့မလား၊သူ့ရဲ့ စေတနာနဲ့ လုပ်သမျှဟာ အဆင်ပြေချောမွေ့ နေပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ရှုစားနိုင်ပါတယ်ဗျာ။ ဒီကားဟာ အပြင်မှာ တကယ်ရှိတဲ့ Sam Childers (ဆမ်ချီလ်ဒါးစ်)ရဲ့ စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထား တာဖြစ်ပါတယ်။ ကိုယ့်ဘဝအမှားတွေကို ပြန်လည်ဆေးကြောချင်သူတိုင်းလက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ် ကားလေး ဖြစ်ပါတယ်။File Size :(2.7GB)(1.03 GB) and (367 ...
movie
Machine Gun Preacher(2011)
7.8
Aligarh(2015)
Aligarh (2015)IMDb-7.8/10အိန္ဒိယနိုင်ငံ Aligarh University မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် အဓိကဇာတ်ဆောင်မင်းသားကြီး Manoj Bijpayeeဟာလည်း ဒီထဲက စီရပ်ဇာတ်ကောင်နဲ့ Best Actor ဆု 3 ဆုဆွတ်ခူးရရှိခဲ့ပြီး nomination 2 ဆု၀င်ခဲ့ပါတယ် ဒီဆုတွေရခဲ့လောက်အောင်လည်း ဒီထဲကသူ့ရဲ့ ဇာတ်ရုပ်ကိုပီပြင်ဟာသရုပ်ဆောင်မှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ ကျော်က ပုဂ္ဂိုလ်တစ်ဦးကို မျက်မြင်တွေ့ကြုံရသလိုပါပဲ ဒီပူးဇာတ်ကောင်နဲ့ Rajkumar Rao က Best Supporting actor nomination ငါးဆုထိ၀င်ခဲ့ပါတယ်"ငါ့ရဲ့ခံစားချက်တွေကို ဒီ (g a y) စကားလုံးလေးသုံးလုံးနဲ့ ဘယ်လိုဖော်ပြလို့ရမှာလဲ"ပရော်ဖက်ဆာစီရပ်ဟာ အူရဒူဘာသာစကားပြောတဲ့မြို့မှာ မာရသီဘာသာစကားသင်ပေးတဲ့ ပရော်ဖက်ဆာတစ်ယောက်ပါ အိမ်ထောင်သည်ဆရာတွေကြားမှာလည်း သူတစ်ယောက်တည်းလူပျိုလူလွတ်တစ်ယောက်ဖြစ်နေခဲ့တယ် ဒါတွေတင်မက သူ့ရဲ့ချစ်စိတ်တိမ်းညွှတ်မှုဟာလည်း အများသတ်မှတ်ထားတဲ့စံညွှန်းတွေနဲ့မတူ တစ်မူထူးခြားနေလေတော့... သူ့ရဲ့ထူးခြားထူးချွန်မှုတွေကို အမြင်မကြည်တဲ့တက္ကသိုလ်အကြီးအကဲတွေရဲ့ ချောက်ချခံရပါတော့တယ် သူ့ရဲ့လိင်တိမ်းညွှတ်မှုမတူကွဲပြားမှုကိုသာ ထောက်ပြပြစ်တင်တဲ့ တက္ကသိုလ်အသိုင်းအဝိုင်းနဲ့ စီရပ်ရဲ့ လူအခွင့်အရေးချိုးဖောက်ခံရပြီး အိမ်ထဲထိကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုတွေအတွက် ရပ်တည်ပေးသူတို့ တရားရုံးမှာထိပ်တိုက်တွေ့ရင်ဆိုင်ကြပါတော့တယ်ဒီဇာတ်လမ်းမှာလူ့အဖွဲ့အစည်းရဲ့ လိုရာဆွဲတွေးတစ်ဖက်စောင်းနင်းပြုမူသူတွေနဲ့ မတူကွဲပြားမှုအရှိတရားကိုလက်ခံကျင့်သုံးသူတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ် File size…2.3GB / 879MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 54m Subtitle….Myanmar ...
movie
Aligarh(2015)
2015
7.2
Bank of Dave(2023)
ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ Daveအနေနဲ့ James Bondရုပ်ရှင်တွေဖြစ်တဲ့ No time to die , Skyfall , Being James Bondတို့အပြင် The imitation game၊ Peterloတို့လို ဇာတ်ကားကောင်းတွေအပြင် တခြားသောရုပ်ရှင်တွေ၊ စီးရီးတွေထဲမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Rory Kinnearကြီးက ဒီဇာတ်ကားကိုဦးဆောင်သရုပ်ဆောင်ထားပါတယ်။ ထို့အပြင် Game of Thrones၊ Cruella၊ Paddington 2၊ A boy called Christmasအစရှိတဲ့ ဇာတ်လမ်းကောင်းတဲ့ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ခဲ့ဖူးတဲ့ Joel Fryကလည်း Daveရဲ့ရှေ့နေ ဟူ့စတော့ဝဲလ်အနေနဲ့သရုပ်ထားပြီး Bridgertonထဲက မင်းသမီးချောလေး Phoebe Dynevorလည်းDaveရဲ့တူမအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။သင်ဟာဘောလုံးပရိသတ်တွေဆိုရင် သိမှာသေချာတဲ့ ဘန်လေမြို့လေးက ဒေ့ဖစ်ဝစ်ဆိုတဲ့ အသေးစားသူဌေးတစ်ယောက်က ဘန်လေမြို့က လူတွေ စီးပွားရေးတွေအတွက် ထောက်ပံ့ဆောင်ရွက်ကူညီပေးနေသူဖြစ်ပါတယ်။ သူက တစ်နေ့မှာ ဒေ့ရဲ့ဘဏ်လို့ခေါ်တဲ့ဘဏ်အသေးစားလေးတစ်ခုကိုဖွင့်လှစ်ချင်လာပါတယ်။ ဒါပေမဲ့ UKနိုင်ငံရဲ့ ...
movie
Bank of Dave(2023)
7.1
Lords of Dogtown(2005)
Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Lords of Dogtown(2005)
5.7
Dakuaan Da Munda 2 (2022)
Dakuaan Da Munda 2 (2022)Best Actor nomination ၀င်ခဲ့တဲ့ မင်းသားကြီး Dev Kharoud ရဲ့ Dakuaan Da Munda (2018) ရဲ့ အဆက်ဖြစ်ပါတယ် ဒီကားဟာ ဘော်လီဘောကစားသမား မန်ဂါဆင်းအန်တာလ်ရဲ့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်ယခုတင်ဆက်ပေးမယ့်ကားလေးကတော့ ရှယ်ကြမ်းတဲ့ အချစ်အက်ရှင်ဇာတ်မြူးကားလေးပါ မင်းသားရဲ့ ငယ်ဘဝကျောင်းသားဘဝအလွဲလေးတွေ မဟုတ်မခံဆတ်ဆတ်ကျဲ ဇာတ်လမ်းလေးတွေက မင်းသိင်္ခဇာတ်လမ်းက ခံစားချက်မျိုးရသလို မင်းသမီးကို ချစ်ကြိုးသွယ်တာလေးကလည်း အားကျရလောက်အောင် ကြည်နူးဖွယ်ကောင်းပါတယ်ဇာတ်လမ်းလေးကတော့ အားကစားသမား စော်ကြည်ဘဲကောင်လေးဟာ မူးယစ်ဆေးကိစ္စတွေ နိုင်ငံရေးအရှုပ်အရှင်းတွေမှာ ဝင်ရောက်ပတ်သက်မိလို့ ဘဝကြီးတင်မက အချစ်ရေးတွေပါ ထိခိုက်ရတဲ့ထိ မူးယစ်ဆေးရဲ့ဆိုးကျိုးတွေကို ပညာပေးထားတာပါ အဲဒီတော့ ရသစုံဆေးရောင်စုံဇာတ်ကားကြီးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးပါရစေ File size…2.25GB / 1.06GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Sai ThuRein ~ Nyein Aye
movie
Dakuaan Da Munda 2 (2022)
2022
6.2
The Invisible Woman(2013)
The Invisible Woman (2013)=======================Charles Dickens (ချားလ်စ် ဒစ်ကန်စ်)ဆိုတာနဲ့ အင်္ဂလန်ဗစ်တိုးရီးယားခေတ်ရဲ့ဂန္တ၀င်စာရေးဆရာကြီးကိုမြင်မိကြမှာပါပဲ။သူ့ရဲ့၀တ္ထု ပြဇာတ်တွေ ဇာတ်ကောင်တွေဟာအသက်၀င်လွန်းလှပလွန်းလို့ကိုပဲအင်္ဂလိပ်စာပေလောကမှာယခုချိန်ထိ ချီးကျုးခံနေရဆဲပါ။ဒါကတော့ ချားလ်စ်ရဲ့ဘ၀ထဲကိုဝင်ရောက်လာခဲ့တဲ့ အယ်လန် တာနန်ဆိုတဲ့တက်သစ်စပြဇာတ်မင်းသမီးလေးတယောက်နဲ့သူ့ရဲ့အကြောင်းပေါ့လှလည်းလှ သူ့ရဲ့ကမ္ဘာကြီးပေါ်အမြင်ကိုလည်းမြင်တာသာမကသူ့အပေါ်ကိုလည်းသူမတူအောင်မြင်နိုင်သလို သူ့ရဲ့စာအုပ်တွေကိုလည်းချစ်တဲ့ဒီကောင်မလေးကိုမှသူကချစ်မိသွားပြီ။ မပျော်ရွှင်ရတဲ့အိမ်ထောင်ရှိပြီးသားချားလ်စ်အတွက်ကတော့ ဒီကောင်မလေးနဲ့ပေါင်းစပ်ရဖို့ဆိုတာသူ့ရဲ့၀တ္ထုတွေထဲကလိုမျိုးပဲ အတားအဆီးတွေ အစဉ်အလာတွေပတ်၀န်းကျင်ကအနှောင့်အယှက်တွေပေါများလွန်းလှပါတယ်။ချားလ်စ်က်ုလည်းတစစနဲ့ချစ်မိသွားတဲ့အယ်လန် တဖြစ်လဲ နယ်လီကလည်းဒီလိုလူမျိုးကိုမှချစ်မိသွားပြီ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတပုဒ်ဟာဘာတွေဆက်ဖြစ်လာမှာလဲ။ ၀တ္ထုတွေထဲကလိုပဲ အပြင်မှာရောအချစ်ဆိုတာကသိမ်မွေ့နူးညံ့နေမှာလား ခက်ခဲကြမ်းတမ်းနေရမှာလား။သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းဟာအဆုံးမှာဘယ်လိုနိဂုံးချုပ်မလဲဆိုတာကိုဒီ classical အချစ်ဒရာမာကားလေးမှာခံစားကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…1.11GB / 413MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ..... Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie
The Invisible Woman(2013)
7.1
The Railway Man(2013)
The Railway Man(2013)====================၁၉၄၂ မှာ ဗြိတိသျှတွေရဲ့ စင်ကာပူခံတပ်ကြီးကျသွားတော့မဟာမိတ်စစ်သားတွေဟာ ဂျပန်တွေ လက်ထဲကို စစ်သုံ့ပန်းအနေနဲ့ရောက်သွားတယ်။အဖမ်းခံလိုက်ရတဲ့ စစ်သုံ့ပန်းတွေဟာအခုကျွန်တော်တို့ သေမင်းတမံရထားလမ်းလို့ သိကြတဲ့ယိုးဒယား-မြန်မာမီးရထားလမ်းကြီး ဖောက်တဲ့ လုပ်ငန်းမှာကျွန်အဖြစ် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရတယ်။အဲ့ထဲမှာ အခုဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ Eric Lumox ဆိုတဲ့ဘဲလည်း ပါတယ်။သူက ဗြိတိသျှတပ်မှာ ဆက်သွယ်ရေး အရာရှိ၊မီးရထားလမ်းတွေနဲ့ ပက်သက်ရင် ဝါသနာကြီးတဲ့သူ။တစ်နေ့ကျ အဖမ်းခံထားရတဲ့ ဗြိတိသျှတပ်တွေဟာ ရထားလမ်းဖောက်တဲ့နေရာကနေ ထွက်ပြေးဖို့ ကြံစည်ကြတယ်။အဲ့ဒီအကြံအစည်မှာဆက်သွယ်ရေးအရာရှိလည်းဖြစ်၊မီးရထားလမ်းတွေအကြောင်းလည်းသေချာနားလည်တဲ့ Lumox က ဦးဆောင်သူ ဖြစ်လာတယ်။လူအသေအပျောက်များလွန်းလို့ သေမင်းတမံရထားလမ်းလို့ကို ခေါ်ရတဲ့အဲ့ဒီငရဲခန်းကနေ သူတို့အုပ်စု လွတ်မြောက်နိုင်ပါ့မလား ၊ဘာတွေဆက်ဖြစ်ကြမလဲ၊ ဘယ်လိုအဖြစ်ဆိုးမျိုးတွေ ကြုံရဦးမလဲဆိုတာကိုဒီဇာတ်ကားမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ စစ်ရဲ့အနိဌာရုံတွေ၊ စစ်ပြန်တွေကို ခြောက်လှန့်နေတဲ့အရိပ်ဆိုးတွေ၊ အောက်ခြေစစ်သားတွေရဲ့ ဘဝတွေကိုတွေ့ရမှာဖြစ်ပြီးအချိန်ပေးရတာနဲ့ တန်အောင် တွေးစရာတွေ ငေးစရာတွေ ကျန်ခဲ့မှာမို့ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။(ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.31GB / ...
movie
The Railway Man(2013)
1
2
3
Last
Next