Channel Myanmar

Comedy

I Don’t Feel at Home in This World Anymore (2017) 6.9
I Don’t Feel at Home in This World Anymore (2017)  Crime/Thriller ကြိုက်တတ်တဲ့သူတွေအတွက်ဇာတ်လမ်းကောင်းလေးလာပါပြီ...Ruth ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့အိမ်ဖောက်ထွင်းခံလိုက်ရပြီး laptop နဲ့သူ့အဖွားကျန်ခဲ့‌တဲ့ပစ္စည်းတွေခိုးခံရပြီးနောက်ရဲစခန်းကိုအကြောင်းကြားခဲ့ပါတယ်...ရဲတွေ အိမ်ကိုလာပြီး သက်သေလာယူသွားတာကလွဲလို့ဘာမှမထူးခဲ့ပါဘူး တစ်နေ့ ခြေရာခံတဲ့ app ကနေ သူ့laptop ကိုခြေရာခံမိသွားလို့ ရဲသခန်းကိုထပ်မံအကြောင်းကြားခဲ့ပေမယ့် လျစ်လျူရှူပြန်ပါတယ်...ဒီတော့ Ruth ဟာသူခိုးကို သူကိုယ်တိုင်ဖမ်းဖို့ဖြစ်လာပါတော့တယ်..ဒီတော့ ဘေးအိမ်က Tony ဆိုတဲ့လူကိုအကူအညီတောင်းပြီးနှစ်ယောက်သား သူခိုးဘယ်လိုဖမ်းကြမလဲဆိုတာကတော့ရုပ်ရှင်သာကြည့်လိုက်ကြပါတော့.... File size…1.42GB / 602MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy  , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

I Don’t Feel at Home in This World Anymore (2017)

Love in the Limelight (2022) 6.5
Love in the Limelight (2022)  ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love in the Limelight ရုပ်ရှင်ဟာအမေရိကန်ရုပ်ရှင်မင်းသားနဲ့ဒါရိုက်တာ Wille Anmesနဲ့ဇနီးသည် Winnie Hung တို့ရဲ့အချစ်ဇာတ်လမ်းဖြစ်ရပ်မှန်ကိုအခြေခံပြီး ဇာတ်ကောင်တွေ၊ နာမည်တွေပြောင်းလဲရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို Wille Anmes ကိုယ်တိုင်ပါဝင်တွဲဖက်ရေးသားထားပြီး Alexa PenaVega နဲ့ CarlosPenaVega တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တစ်ချိန်က ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်နစ်မန်းဒက်ဇ်ဟာနာမည်ကျချိန်မှာ ရည်းစားကလည်းပစ်၊ အဆိုတော်လောကမှာလည်းပြန်လက်တွဲခေါ်ချင်သူမရှိတော့ပါဘူး။ နစ်ခ်ကိုယ်တိုင်ကလည်းသီချင်းတွေဆိုဖို့၊ သီချင်းတွေရေးဖို့တောင် စိတ်အာရုံစုစည်းမရဖြစ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ Salt Lake Cityကိုသွားရောက်ဖျော်ဖြေဖို့ဖြစ်လာခဲ့ပြီး သူနဲ့ ၁၅ နှစ်ကြာအောင်အပြန်အလှန်စာတွေပို့နေခဲ့ကြတဲ့သူငယ်ချင်းမလေးနဲ့ အပြင်မှာတကယ်တွေ့ရဖို့ဖြစ်လာခဲ့ပါတယ်။ ဆမ်းမားကတော့နစ်ခ်ဆီကို ပရိသတ်စာတစ်စောင်ရေးရာကနေ နစ်ခ်နဲ့ ၁၅ နှစ်ကြာအောင် လေလှိုင်းထဲကသူငယ်ချင်းဖြစ်ခဲ့သူလေးပါ။ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့လောကဓံအတက်အကျအားလုံးကိုနှစ်ပေါင်းများစွာအတူမျှဝေခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအပြင်မှာတကယ်တွေ့ရချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေကအရောင်ပြောင်းလဲလာခဲ့ပါတော့တယ်။ File size…1.91GB / 770 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Romance Subtitle….Myanmar Subtitle ...
movie

Love in the Limelight (2022)

City Hunter (2024) 6.5
City Hunter (2024)  ၂၀၂၄ ဧပြီလ ၂၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ဂျပန်ရုပ်ရှင် City Hunter ဟာ Tsukasa Hojo ရဲ့နာမည်ကျော်Manga စီးရီး City Hunter ကိုအခြေခံပြီး ဒါရိုက်တာYuichi Satoh က ရိုက်ကူးပေးထားတဲ့ Live-action ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ ကမၻာတစ်ဝန်းမှာCity Hunter Manga ရဲ့ပရိသတ်ပေါင်းများစွာရှိနေပြီး၁၉၈၀ ပြည့်နှစ်မှာ ကာတွန်းကားရိုက်ကူးခဲ့ဖူးသလို ၁၉၉၃ခုနှစ်မှာလည်း ဂျက်ကီချန်းက City Hunter နာမည်နဲ့ပဲရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာတဲ့ဂျပန်ရုပ်ရှင် City Hunter မှာတော့ Ryohei Suzuki ၊Misato Morita နဲ့ Masanobu Ando တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တိုကျိုမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့နေရပြီးစူပါစွမ်းအင်တွေရှိနေတဲ့လူတချို့က တခြားလူတွေကိုလိုက်လံတိုက်ခိုက်နေခဲ့ပါတယ်။ဒီဖြစ်ရပ်တွေထဲကတစ်ခုကြောင့် တွဲဖက်နဲ့သူငယ်ချင်းဖြစ်သူမာကီမူရာကိုဆုံးရှုံးလိုက်ရတဲ့ အလွတ်တမ်းစုံထောက်ယိုဆာအီဘာကဒီဖြစ်ရပ်တွေဟာ ဆေးတစ်ခုကြောင့်လား၊ ဗိုင်းရပ်စ်တစ်ခုကြောင့်လားဆိုတာ လိုက်လံဖော်ထုတ်ရပါတော့တယ်။ သေဆုံးသွားတဲ့မာကီမူရာရဲ့ညီမကာအိုရီကလည်း အစ်ကိုအတွက်လက်စားချေချင်စိတ်တွေပြင်းထန်နေတာကြောင့် အမှုစုံစမ်းဖော်ထုတ်ရာမှာယိုဆာအီဘာရဲ့တွဲဖက်ဖြစ်လိုမှန်းမသိဖြစ်လာခဲ့ပါတယ်။ဝါရင့်စုံထောက်ယိုဆာအီဘာနဲ့ အတွေ့အကြုံမရှိတဲ့ကာအိုရီတို့နှစ်ယောက်ပေါင်းမိသွားချိန်မှာတော့ လွဲချော်မှုတွေနဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေကို ဟာသရောနှောတင်ဆက်ပြသထားတာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2 ...
movie

City Hunter (2024)

Happy Ghost 3 (1986) 6.1
Happy Ghost 3 (1986) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် ဟောင်ကောင်သရဲဟာသကားလေးဖြစ်တဲ့ Happy Ghost 3 ဇာတ်လမ်းနဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်ချင်ပေမဲ့ ဘဝပေးကံကြမ္မာကြောင့် ထုတ်ဝေတဲ့သီချင်းတိုင်းကိုအားပေးမှုမရှိပဲ နောက်ဆုံးကိုယ့်ကိုယ် အဆုံးစီရင်သတ်သေသွားတဲ့ အဆိုတော်ရွှီကျောင်းကျောင်း။နောင်ဘဝမှာနာမည်ကြီးအဆိုတော်ဖြစ်ဖို့ ပြန်လည်မွေးဖွားမယ့်ရက်ကောင်းရက်မြတ်ကိုရွေးပေမဲ့ ခပ်တုံးတုံးအအဖြစ်တဲ့ကျောင်းဆရာ ခန်းစန်ကွေ့လူရဲ့ဖန်တီးမှုကြောင့် နှစ်ကြိမ်တိတိ ပြန်လည်မွေးဖွားခွင့်နဲ့လွဲချော်ခဲ့တယ်။ ဒါကြောင့် ရွှီကျောင်းကျောင်းကလက်စားချေဖို့ နေ့တိုင်း တနည်းမဟုတ်တနည်းဒုက္ခပေးပါတော့တယ်။ဒါပေမဲ့ကျောင်းဆရာရဲ့အတိတ်ဘဝက ချင်ခေတ်စာဂျပိုးဖြစ်ပြီးသရဲအဖြစ် ကိုယ်ထဲဝင်နေတဲ့အခါ ခန်းစန်ကွေ့မှာမတူညီတဲ့စွမ်းအားတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ရွှီကျားကျားရဲ့ ဒုက္ခကိုမခံနိုင်တဲ့အဆုံး သူ့ကိုချစ်ကျွမ်းဝင်အောင်လုပ်မှသာသူဒုက္ခပေးတာရပ်တန့်မယ်လို့ ကျောင်းဆရာကို အကြံဉာဏ်ပေးလိုက်တဲ့အခါ စတင်ဟန်ဆောင်ချစ်မိရာကနေတကယ်အတည်ချစ်မိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ နာမည်ကြီးဟာသကားကောင်းလေးတကားဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူအားပေးလိုက်ကြရအောင်စုစုပေါင်း ၅ ကားရှိပြီးတော့ ပထမ ၂ ကားကိုတင်ဆက်ပီးပါပြီ ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ် Quality : Bluray 1080p , 720p Format : mp4 Genres : Horror , Comedy , Fantasy Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK
movie

Happy Ghost 3 (1986)

1986
Happy Ghost 2 ( 1985 ) 5.8
Happy Ghost 2 ( 1985 ) 90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့-အပိုင်း ၁ မှာ ကျောင်းသူလေးတွေကို ကူညီပေးပြီး ဘဝကူးသွားတဲ့ happy ghost ဟာ ခန်းရှင်းကွေ့အနေနဲ့ ပြန်ဝင်စားခဲ့ပါတယ်။ အရင်ဘဝက ကုသိုလ်တွေ လုပ်ခဲ့တဲ့အတွက် ခန်းရှင်းကွေ့ဟာ မွေးကတည်းက သဘာဝလွန်အစွမ်းတွေ ရှိနေပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ သဘာဝလွန်အစွမ်းတွေကြောင့် သူ့ဘဝက ပိုခက်ခဲနေပါတယ်လေ။ရှန့်ကောင်းကွေ့အမျိုးသမီး အထက်တန်းကျောင်းက ကျောင်းသူလေးတွေဟာ ယုတ်မာအဖွဲ့ဖွဲ့ထားပြီး စာသင်နှစ်တစ်ခုတည်းအတွင်းမှာ ဆရာဆရာမ ၇ ယောက် အလုပ်ထွက်သွားအောင် ဆိုးသွမ်းလှတဲ့ ကလေးတွေဖြစ်ပါတယ်။ ဘွဲ့ရခါစ ခန်းရှင်းကွေ့ဟာ သူတို့ရဲ့ အတန်းပိုင်ဆရာ ဖြစ်လာတဲ့အခါမှာတော့ ဘယ်လိုအလွှဲမျိုးတွေနဲ့ ရယ်စရာတွေ ဖြစ်မလဲ။ဆိုးသွမ်းလှတဲ့ ကျောင်းသူလေးတွေနဲ့ ခန်းရှင်းကွေ့တစ်ယောက် ကိုယ်အားဉာဏ်အားယှဉ်ပြိုင်ရင်း သံယောဇဉ်ရှိသွားကြတာကို ပရိသတ်တို့ ကြည့်ရှုရယ်မောနိုင်ကြဖို့ CM မှ ပြန်လည်ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ် Quality : Bluray 1080p , 720p Format : mp4 Genres ...
movie

Happy Ghost 2 ( 1985 )

1985
The Happy Ghost 1 ( 1984 ) 6.0
The Happy Ghost 1 ( 1984 ) 90s တွေ ငယ်ငယ်က အမှတ်တရရုပ်ရှင်တွေထဲမှာ တစ်ခုဖြစ်တဲ့ Happy Ghost ဆိုတဲ့ ဟာသကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်အကျဉ်းလေးကတော့-ချင်မင်းဆက် ရှန်ဖုန်းနှစ်ပိုင်းမှာ ကွမ်တုံးခရိုင် ပေါင်အန်းနယ်မှာ စာမေးပွဲ ၁၈ ကြိမ်ကျခဲ့တဲ့ ကျူးကျင်ချွင်းဟာ သူ့ဇနီးက တခြားလူနဲ့ လိုက်သွားတဲ့အတွက် စိတ်ဓာတ်ကျပြီး ဘုရားကျောင်းမှာ ဆွဲကြိုးချသေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ ဝိညာဉ်က ဘုရားကျောင်းက ကြိုးထဲမှာ ကျန်နေခဲ့ပါသတဲ့။၁၉၈၄ ခုနှစ်မှာ အထက်တန်းကျောင်းသူတစ်ဖွဲ့ဟာ ပျော်ပွဲစားထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မိုးတွေလေတွေ ကြီးနေတဲ့အတွက် ဘုရားကျောင်း အဟောင်းထဲမှာ မိုးခိုခဲ့ပါတယ်။ ချင်းချင်းရဲ့ အိတ်ချည်တဲ့ကြိုးက ပျက်သွားလို့ တွေ့ရာကြိုးယူပြီး ချည်ခဲ့ပါတယ်။ အဲ့ဒီကြိုးကတော့ ကျူးကျင်ချွမ်းဝိညာဉ်ရှိနေတဲ့ ကြိုးဖြစ်နေပါတယ်။ဒီလို တိုက်ဆိုင်မှုတွေကြောင့် ကျူးကျင်ချွမ်းတစ်ယောက် မိန်းကလေးကျောင်းကို ရောက်လာတဲ့အခါ ဘယ်လိုအလွှဲလေးတွေဖြစ်မလဲ...... ကျောင်းသူလေး ၃ ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီးနောက် ကောင်မလေးတွေကို သူ့အစွမ်းနဲ့ ဘယ်လိုကူညီမလဲ...... နောက်ဆုံးမှာ သူတို့အားလုံးဘဝရဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သွားမလဲ ဆိုတာကို ဟာသလေးတွေနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။စုစုပေါင်း ၅ ကားရှိပြီးတော့ ဇာတ်ကားအားလုံးကို ဒီလင့်မှာတစုတစည်းထဲရှာနိုင်ပါတယ် Quality : WEB-DL 1080p , 720p Format ...
movie

The Happy Ghost 1 ( 1984 )

1984
Yaariyan 2(2024) 5.3
Yaariyan 2(2024) Yaariyan 2 (2023) "အချစ်များ လွှမ်းခြုံ၍"မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါလာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ "အမေ့နို့ဖိုး" ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ်သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို...တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.64GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Yaariyan 2(2024)

2024
Kyaa Super Kool Hain Hum (2012) 5
Kyaa Super Kool Hain Hum (2012) Kyaa Super Kool Hain Hum (2012) "ခပ်ချိုချို တလွဲဖြစ်ခြင်းများ" =============================အတည်ပေါက်နဲ့ခွီရတာမျိုးမဟုတ်ဘဲ ပေါတောတောနဲ့ တကယ်ခွီ တကယ်ရယ်ရတဲ့အတွက် နောက်ဆက်တွဲရုပ်ရှင်နှစ်ကားပါ ထပ်ထွက်ခဲ့တဲ့ ဟင်ဒီစကားပြော ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေမပါသလို သရုပ်ဆောင်တွေကလည်း အရမ်းချောတဲ့ထဲ မပါတဲ့အပြင် ဇာတ်လမ်းအစမှာ ခပ်ပေါ့ပေါ့ဟာသတစ်ကား ကြည့်မိသွားသလို ခံစားသွားရစေနိုင်ပေမဲ့ မိနစ်အနည်းငယ်ကြာတာနဲ့ ကွာလတီရှိတဲ့ ဟာသကားဆိုတာကို သဘောပေါက်သွားကြမှာပါ။ဇာတ်လမ်းကတော့ ထွေထွေထူးထူးမဟုတ်ဘဲ ဆစ်ဒ်နဲ့ အာဒီဆိုတဲ့ လူငယ်နှစ်ယောက် အိပ်မက်တွေနောက်လိုက်ရင်း ကပေါက်တိ ကပေါက်ရှာတွေဖြစ်တာကို ဇတ်ကွက်ဖော်ရိုက်ကူးထားတာ။ရုပ်ရှင်ထဲမှာသုံးထားတဲ့ ပြက်လုံးတွေကလည်း အရိုင်းဆန်သလိုရှိပေမဲ့ အခြေအနေကိုလိုက်ပြီး သဘာဝကျကျရယ်ရအောင် သူ့နေရာနဲ့သူ ထည့်ထားတဲ့အတွက် စိတ်ပင်ပန်းလို့ ဟက်ဟက်ပက်ပက်ရယ်ချင်နေတဲ့သူတွေ တကယ်ကြည့်သင့်တဲ့ရုပ်ရှင်လေးတစ်ခုပါပဲ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…4.3GB / 1.8GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kyaa Super Kool Hain Hum (2012)

2012
Shaolin Popey 3 ( 1995 ) 6.3
Shaolin Popey 3 ( 1995 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ရှေ့ ၂ ကား ကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်Shaolin Popey 3 မှာတော့ ရှောင်လင်ကိုယ်တော်လေးတို့ မောင်နှမ၂ယောက်ဟာ ကမ္ဘာကိုယ်ခံပညာပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဟာဝိုင်ယီကိုသွားကြရမှာဖြစ်ပါတယ်။ ဟာဝိုင်ယီကိုရောက်တဲ့အခါ အဲဒီမှာအခြေချနေထိုင်နေတဲ့ ညီအစ်ကို(၂)ယောက်နဲ့ရေစက်ဆုံပြီး လူဆိုးတွေရန်ကကူညီပေးလိုက်တဲ့အချိန်မှာ အစ်ကိုဖြစ်တဲ့သူက ရှောင်လင်ကိုယ်တော်လေးရဲ့အစ်မ ရှောင်ယင်ကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။လူဆိုးဂိုဏ်းခေါင်းဆောင်ကြီးက ရှောင်လင်ကွန်ဖူးရဲ့အစွမ်းကိုကြားသွားပြီးတော့ သူတို့ရှောင်လင်ကိုယ်တော်လေးကိုဖမ်းခေါ်သွားပါတယ်။ ကိုယ်တော်လေးကိုပြန်ကယ်ဖို့ကြိုးစားရင်း ဟာဝိုင်ယီကိုသိုင်းပြိုင်ပွဲအမည်ခံနဲ့ရောက်လာပေမယ့် တခြားတာဝန်ရှိသေးတာကြောင့် သူတို့ရဲ့ချစ်ဇာတ်လမ်းကရှေ့ဆက်ဖို့ခက်ခဲနေပါတယ်။ ဟာဝိုင်ယီမှာပါ ကိုယ်တော်လေးတို့ဘယ်လိုအစွမ်းပြမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။ Quality : DVDRip Format : mp4 Genres : Action , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Shaolin Popey 3 ( 1995 )

No Strings Attached (2011) 6.2
No Strings Attached (2011) No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

No Strings Attached (2011)

2011
Shaolin Popey II: Messy Temple ( 1994 ) 5.9
Shaolin Popey II: Messy Temple ( 1994 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ စုစုပေါင်းသုံးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပြီးဖြစ်ပါတယ် ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ်Shaolin Popey 2 က Shaolin Popey 1 နဲ့ အဓိက သရုပ်ဆောင်တွေတူပေမယ့် ဇာတ်လမ်းကတော့အဆက်အစပ်မရှိပါဘူး။ 2 မှာ ရှောင်လုံနဲ့ရှောင်ဝိန်တို့ဟာ ဝူးလုံကျောင်းကကိုယ်တော်လေးတွေပဲဖြစ်ကြတယ်။သူတို့ဟာ နေ့ဓဒူဝ ကျောင်းတော်မှာ ကွန်ဖူးလေ့ကျင့်ရင် ဝေရာဝစ္စတွေလုပ်ရင်းနေလာခဲ့ကြတယ်။ တစ်နေ့မှာတော့ ရှောင်လင်ကျောင်းနဲ့မိစ္ဆာဂိုဏ်းကြားက ရန်ငြိုးကြောင့် မိစ္ဆာဂိုဏ်းကလူသတ်သမားတစ်ယောက်ဟာ ဝူးလုံကျောင်းကိုလာပြီးလုပ်ကြံခဲ့တယ်။ လုပ်ကြံတာမအောင်မြင်တော့ မိန်းမလှလေးတစ်ယောက်ကို လွှတ်ပြီး ဟန်ဆောင်မြူစွယ်သိမ်းသွင်းဖို့ကြိုးစားလာခဲ့တယ်။ ကိုယ်တော်လေးရဲ့ကွန်ဖူးအစွမ်းနဲ့ မိစ္ဆာဂိုဏ်းရန်ကို ဘယ်လိုရှင်းကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပါတယ် 2 ကားတင်ဆက်ပြီးပြီဖြစ်လို့ နောက်ဆုံးပိုင်းကိုမကြာခင်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Comedy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie

Shaolin Popey II: Messy Temple ( 1994 )

Shaolin Popey I ( 1994 ) 6.4
Shaolin Popey I ( 1994 ) ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့ ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။ နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့ DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ် ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူးပြန်နွှေးပေးရရင်တော့ အထက်တန်းကျောင်းသားဘဝမှာ အလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့ ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားက ယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။ မိသားစုခရီးထွက်ရင်း ကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီး ရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့ ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။စုစုပေါင်းသုံးကားရှိပြီး ၃ ကားလုံးကို ဒီလင့်မှာရှာလို့ရပါတယ် Quality : DVDRip Format : mp4 Genres : Action , Comedy Runtime : 1h 32 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon Reviewed By Nu Mon Encoded by LK
movie

Shaolin Popey I ( 1994 )

Set It Up (2018) 6.5
Set It Up (2018) Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie

Set It Up (2018)

2017
4K HEVC
The Package (2018) 5.6
The Package (2018) ကဲ Netflix ရဲ့ နောက်ထပ် ရုပ်ရှင်တစ်ခုကိုထပ်တင်ပေးလိုက်ပါပြီနော်...ဒီရုပ်ရှင်ကားကလဲ 18+ ပါပဲ18+ ပေမယ့် ဟာသ ကားလေးမို့ အတော်ရယ်ရပါတယ်လိင်အင်္ဂါပုံတွေ ထင်ထင်ရှားရှားပြသပြီးသွေးထွက်သံယိုတွေ နဲ့ ညစ်ညမ်းစကားလုံးတွေပါတဲ့အတွက် မိသားစု နှင့် အတူမကြည့်သင့်ပါရုပ်ရှင် ရဲ့ ပုံစံကတော့ မိမနိုင် ဖမနိုင်လက်မြောက်ထားရတဲ့ ယောင်္ကျားလေး ၃ ယောက်မိန်းကလေး ၂ ယောက် ကျောင်းသား လူငယ်အုပ်စုဟာအားလပ်ရက် အပန်းဖြေရန် တောအုပ်တစ်ခုထဲသို့ခရီးထွက်ခဲ့ပါတယ်...စုံတွဲ တစ်ခုကတော့ Ex တွေဖြစ်ပြီး မတည့်လို့လမ်းခွဲလိုက်ကြတာ ဖြစ်ပြီး နောက်တစ်ယောက်ကတော့FA ကောင်ပါ ....နောက်ထပ် ကောင်လေး နဲ့ ကောင်မလေး ကတော့အမွှာတွေ ဖြစ်ပြီး အမွှာအကိုက ညီမဖြစ်သူကိုFA ကောင် သူငယ်ချင်းနဲ့ အတင်းပေးစားဖို့ကြံစဉ်နေသူပဲဖြစ်ပါတယ်..ဒီခရီးစဉ်မှာ သူ့ ညီမကို ဘွတ်ဖို့ သူငယ်ချင်းဖြစ်သူကိုအတင်းစည်းရုံးခဲ့ပါတယ်...:Pဒီလိုနဲ့ စိတ်ဆိုးပြီး ကွဲနေတဲ့ Ex အတွဲလဲ ပြန်အဆင်ပြေစပြုအမွှာညီမ ကို FA ကောင်က ချိန်နေတာ အောင်မြင်ခါနီးအကို ဖြစ်သူက မူးမူးရူးရူး နဲ့ ရှုးသွားပေါက်ပါတယ်...ရူးပေါက်နေရင်း သူ့အိတ်ဆောင် ဓါးမြောင်လေး နဲ့သေးတန်း ကို လိုက်ဖြတ်ပြီး ဆော့ကစားနေရင်းမတော်တဆ ငယ်ပါ ကို ဖြတ်မိသွားပါလေရော :3အဲ့ဒီမှာတင်ပဲ အားလုံး အရေးကြီးကိစ္စတွေနောက်ထားပြီးငယ်ပါ ပြတ်သွားသူ ရဲ့ ဖွားဖက်တော် လေးကိုညကြီး မှောင်မှောင်မှာ စမ်းတဝါးဝါး ...
movie

The Package (2018)

2018
The Bunker (2015) 6.1
The Bunker (2015) ဂျာမန်စကားပြော ရုပ်ရှင်ဆန်းဆန်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဥရောပဖလင်ဆိုတဲ့အတိုင်း ဟောလိဝုဒ်ဇာတ်ကားတွေနဲ့ မတူကွဲပြားတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မယ့် ကားလေးပါလူသူကင်းမဲ့တဲ့ နေရာလေးက အိမ်တစ်လုံးမှာ ထူးဆန်းတဲ့ မိသားစုသုံးယောက်နေထိုင်ပြီး တစ်နေ့ လူငယ်ကျောင်းသားလေးတစ်ယောက်က သူတို့အိမ်မှာ အိမ်ခန်းတစ်ခန်းငှားမယ်ဆိုလို့ ရောက်လာပါတယ် စာလေ့လာဖို့ တိတ်ဆိတ်ပြီး လူသူကင်းမဲ့တဲ့နေရာဆိုလို့ ရောက်လာတာပေါ့ ဒါပေမဲ့ အိမ်ရှင်မိသားစုရဲ့ လူနေမှုအဖွဲ့အစည်းနဲ့ ဆန်ကျင်ဘက်ဖြစ်လွန်းတဲ့ နေထိုင်မှုစရိုက်တွေကို မြင်ရပြီး ခိုးလိုခုလု ဖြစ်ကုန်ပါတယ်ဒါ့အပြင် ကလောက်စ်ဆိုတဲ့ autism ကောင်လေးတစ်ယောက်ကို အိမ်ရှင်လင်မယားက စာသင်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး အတွေးလည်း နယ်ချဲ့နိုင်မယ့် ဂျာမန်ကားလေး ဖြစ်ပါတယ် File size…(1.1 GB)/(490 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Comedy, Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan
movie

The Bunker (2015)

Ravike Prasanga (2024) 9.3
Ravike Prasanga (2024) Ravike Prasanga 2024 (လိုချင်တဲ့ဒီဇိုင်းအတိုင်းမရလို့ စက်ချုပ်ဆရာကို တရားစွဲခဲ့သူ) IMDb-9.3/10ဆန်ဗီလို့ခေါ်တဲ့ အသက်၂၈နှစ်အရွယ်ရှိနေပြီး အိမ်ထောင်မကျသေးတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူ့မိသားစုကတော့ ဆန်ဗီအိမ်ထောင်ကျရေး ဒို့အရေးဆိုပြီးတော့ကို အားသွန်ခွန်စိုက် ကြင်ဖက်ရှာပေးလို့နေပါတယ်။မိသားစုက ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဆန်ဗီကတော့ ကြင်ဖက်တွေ့သမျှကောင်လေးတိုင်းကို ပုလို့,ဝလို့,ထိပ်ပြောင်လို့နဲ့ မျိုးစုံအကြောင်းပြချက်ပေးပြီး ငြင်းနေပါတော့တယ်။ဒီလိုနဲ့ တစ်ရက်မှာတော့ ဆန်ဗီလေးဟာ ကောင်လေးတစ်ယောက်ကိုတွေ့ပြီး စိတ်ဝင်စားရာကနေ ဝိတ်ချဖို့အကြောင်းဖြစ်လာပြီး သူတို့မြို့ရဲ့ နာမည်ကြီးစက်ချုပ်ဆရာ ချန်ဒရာဆီမှာ အဲဒီကောင်လေးနဲ့ဆုံရမယ့် ပွဲတစ်ခုကို တက်ဖို့အတွက် ဒီဇိုင်းထွင်ပြီး အဝတ်အပ်ပါတော့တယ်။ဒီဇိုင်းကိုလည်း ဘယ်သူ့ကိုမှ မပြဖို့မှာထားခဲ့ပေမယ့် ကံမကောင်းချင်တော့ စက်ချုပ်ဆိုင်ကို လာတဲ့အန်တီတစ်ယောက်ကမြင်ပြီး ဒီဇိုင်းကလည်း ပျံ့သွားပါတော့တယ်။ ဒါတင်မဟုတ်သေးဘဲ ဆန်ဗီက သူဝိတ်ချနေတာ ကျတော့မှာဆိုပြီး စက်ချုပ်ဆရာကို သူ့အတိုင်းထက် ၆လက်မလျော့ချုပ်ခိုင်းပါတော့တယ်။ ဆန်ဗီလေးဟာ လေ့ကျင့်ခန်းလုပ်သလောက် စားသူဖြစ်တဲ့အတွက် ဝိတ်ကကျမသွားတော့ အင်္ကျီရလို့ ဝတ်ကြည့်တဲ့အခါမှာတော့ မတော်ဘူးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ဆန်ဗီဟာ စက်ချုပ်ဆရာ ချန်ဒရာကို တရားစွဲဖို့ အကြောင်းဖန်လာခဲ့ပြီးတော့ နောက်ပိုင်းမှာ မည်သို့မည်ပုံဖြစ်သွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးက ဆက်လက်ကြည့်ရှုပေးကြပါဦးနော်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo~V~KKKZ တို့ပဲဖြစ်ပါတယ်) File size…2.4GB ...
movie

Ravike Prasanga (2024)

2024
Chup Chup Ke (2006) 6.9
Chup Chup Ke (2006) Chup Chup Ke (2006)"ရွာလည်တဲ့ နဖူးစာ" =================================ဘာအမျိုးမှမတော်ကြတဲ့ နာမည်ကြီးကပူးရ်နှစ်ယောက်ဖြစ်တဲ့ ရှာဟစ်ကပူးရ်နဲ့ ကရီနာကပူးရ်တို့ရဲ့ အချစ်ဟာသဇာတ်လမ်းဟောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။Kabir Singh နောက်ပိုင်းမှ ရှာဟစ်ကိုရင်းနီးလာတဲ့ပရိသတ်တွေအတွက်တော့ ဒီရုပ်ရှင်ထဲမှာ ရှာဟစ်ရဲ့ရုပ်ကို မနည်းပြန်ဖမ်းယူရမှာပါ။ဂျီတူးဆိုတဲ့ကောင်လေးဟာ အလုပ်လုပ်ချင်စိတ်ရှိသူပါ။ အလုပ်တိုင်းကို စိတ်ပါလက်ပါလုပ်ပေမဲ့ တစ်ခုမှမအောင်မြင်ဘဲ အကြွေးတွေသာ တင်ပြီးရင်းတင်ကာ ကြိုးစားတိုင်းမဖြစ်နိုင်ကြောင်းပြနေတဲ့ သက်ရှိသက်သေပေါ့။သူဟာ တစ်နေ့ အကြွေးရှင်တွေအားလုံးကို ခေါ်ပြီး အားလုံးရှေ့မှာပဲ မြစ်ထဲကိုခုန်ချကာ သေမှန်းမသိရှင်မှန်းမသိပျောက်သွားခဲ့ပါတယ်။အဲဒီလိုပျောက်သွားတဲ့အတွက် အရင်က သူ့ကိုချေခဲ့တဲ့ မိသားစုဝင်တွေ၊ အကြွေးရှင်တွေ နောင်တရပြီး သူ့ကို အောက်မေ့နေကြတုန်းမှာ သူဟာ ပုံစံအသစ်နဲ့ပြန်ပေါ်လာခဲ့ပြီး ပေါ့ပေါ့ပါးပါး ရယ်ရမောရတဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ် ပေါ်ပေါက်လာပါတော့တယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.9GB /1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Chup Chup Ke (2006)

2006
A Serious Man (2009) 7.0
A Serious Man (2009)   IMDb 7 / Rotten Tomatoes 89% အပြင် ဆုပေါင်း ၁၇ ခုကိုသိမ်းပိုက်နိုင်ခဲ့ပြီး အော်စကာ ၂ ဆုအတွက်ပါ ဆန်ကာတင်ရွေးချယ်ခံခဲ့ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ခင်ဗျားတို့ဘ၀မှာ တချိန်တည်းမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဘယ်လိုများရင်ဆိုင်ကျော်လွှားဖို့ကြိုးစားကြမလဲ။ ဒီရုပ်ရှင်ထဲက ဂျူးလူမျိုး ရူပဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ လယ်ရီဂေါ့ပ်နစ်ခ်ကလည်း သူ့ရဲ့သာယာနေတဲ့ဘ၀လေးထဲကို ပြဿနာပေါင်းစုံ၀င်လာလို့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့သူပါ။ လယ်ရီဂေါ့ပ်နစ်ခ်က တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကိုသင်ကြားရင်း မိသားစုကိုဦးဆောင်နေတဲ့ ကလေးနှစ်‌ယောက်အဖေ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ တစ်ရက်မှာတော့ လယ်ရီ့ရဲ့ ပါဆင်နယ်ရော ပရော်ဖက်ရှင်နယ်ဘ၀ထဲကိုပါ မထင်မှတ်ထားတဲ့ ပြဿနာအရှုပ်ထုပ်ပေါင်းစုံက တချိန်တည်းမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး၀င်ရောက်လာတဲ့အခါမှာတော့ လယ်ရီတစ်ယောက် ရရာကောက်ရိုးလေးတမျှင်ကိုဆွဲပြီး ဒီအခက်အခဲတွေကို အံတုရင်ဆိုင်ဖြေရှင်းဖို့ ကြံရပါတော့တယ်။လယ်ရီနေရာမှာသရုပ်ဆောင်ထားတဲ့ Michael Stuhlbarg ဟာဆိုရင်လည်း ၁၉၉၀ နဲ့ ၂၀၀၀ခုနှစ်ကျော်အတွင်းမှာ ရုပ်ရှင်ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီးဆိုတော့ အက်တင်ဘာညာကတော့ ကြည့်မကောင်းမှာမပူရပါဘူး။ ရုပ်ရှင်ပြီးသွားတဲ့အထိကို ဘာဆက်ဖြစ်မလဲဆိုတာကို ပရိတ်သတ်ကိုဆက်ပြီး အတွေးနယ်ချဲ့ခိုင်းစေပြီး ချန်ထားခဲ့မယ့်ရုပ်ရှင်မျိုးပါ။ ပေါ့ပေါ့ပါးပါးနဲ့ ...
movie

A Serious Man (2009)

A Good Year (2006) 7.0
A Good Year (2006) A Good Year (2006)IMDb Rating (6.9)ဒါရိုက်တာကြီး Ridley Scott ရဲ့  ထူးထူးဆန်းဆန်း Comedy,Romance,Drama ရုပ်ရှင်ဇာတ်ကားလေးပါ။မင်းသားကြီး Russell Crowe နဲ့ Taxi မင်းသမီးအဖြစ်မှတ်မှတ်ထင်ထင်ရှိရတဲ့ ပြင်သစ်မင်းသမီးချော Marion Cotillard တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့....ကလေးဘဝကတည်းက မိဘတွေ ဆုံးပါးသွားပြီး၊ ဦးလေးဟင်နရီရဲ့ စောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့ရတဲ့မက်စ်စကင်နာ။ အရွယ်ရောက်တော့ လန်ဒန်မှာ အခြေချပြီး ဦးလေးဖြစ်သူနဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တဲ့အထိအလုပ်အရမ်းလုပ်ရင်း ငွေနောက်အရမ်းလိုက်ရင်း တစ်ကိုယ်ကောင်းဆန်သူကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူတစ်ယောက် ဖြစ်မှန်းမသိဖြစ်ခဲ့ပါတော့တယ်။ဒါပေမဲ့ တနေ့ ဦးလေးဖြစ်သူ ဆုံးပါးသွားတဲ့အချိန်မှာတော့ ဦးလေးဖြစ်သူရဲ့ ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းရယူဖို့ ဖြစ်လာပါတော့တယ်။အဲဒီအတွက် နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့ ငယ်ဘဝကြင်လည်ရာ‌ပြင်သစ်တောင်ပိုင်းက မြို့ငယ်က‌လေးကို သွားရောက်ရင်းငွေပုံကြားထဲမှာနေ့စဉ် ဘဝကိုဖြတ်သန်းနေရတဲ့ အသည်းမာသူ မက်စကင်နာရဲ့ဘဝအချိုးအကွေ့တွေက ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကတော့.....။အေးအေးလေးနဲ့ချစ်စရာကောင်းတဲ့ရုပ်ရှင်ကားလေးမလို့ ကြည့်ရှုခံစားပေးပါဦး။ File size…(2.3 GB) / (1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:57:31 Subtitle….Myanmar Subtitle ...
movie

A Good Year (2006)

How to Date Billy Walsh (2024) 5.6
How to Date Billy Walsh (2024)  ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by May Khant
movie

How to Date Billy Walsh (2024)