Channel Myanmar

Drama

On the Edge (2022) 5.5
On the Edge (2022) On the Edge (2022)ဒီတစ်ခေါက် တင်ဆက်မှာကတော့ Park Yoo Chun ရဲ့ အကြာကြီးနေမှ ပြန်လာတဲ့ comeback movie ဖြစ်ပါတယ် အောင်မြင်ချင်စိတ်အမြဲရှိတဲ့ ထယ်ဟုန်းက ရုတ်တရက် အရာရာကို အရှုံးပေးလိုက်ပြီး ဟိုးအောက်ခြေအထိရောက်သွားပါတယ် သူ့ကိုယ်သူ စိတ်ပျက်အားလျော့နေတဲ့အချိန်မှာ....ဘယ်အရာကိုမှ အရှုံးမပေးဘဲ လက်ရှိဘဝကို ရသလောက် အမြတ်ထုတ်ပြီး ဖြစ်ချင်တဲ့ပန်းတိုင်ကို သွားမယ့် ဟုန်းဒန်းဆိုတဲ့ အပျော်မယ်နဲ့ သွားတွေ့ပါတယ်ဟိုးအောက်ခြေရောက်နေတဲ့ သူတို့နှစ်ယောက်ကြားက မတူညီမှုတွေမှာ ဘယ်အရာက သူတို့ကို သတ္တိရှိဖို့တွန်းအားပေးမလဲဆိုတာကို ကြည့်ရမှာပါအညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1GB | 486MB | 183MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and ...
movie

On the Edge (2022)

2022
Satria Dewa: Gatotkaca (2022) 6.2
Satria Dewa: Gatotkaca (2022) Satria Dewa: Gatotkaca (2022) ====================== IMDb Rating - 6.2/10အင်ဒိုနီးရှားဟာလည်း ကိုယ်ပိုင် စူပါဟီးရိုးတစ်ကောင်ကို အတွဲလိုက် ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မိုဘိုင်းလဲဂျန်းဂိမ်းကစားသူတွေကတော့ ဒီစူပါဟီးရိုးနာမည်ကို ကြားဖူးမှာပါ။ ဂါတို့ကာ့ကြာပါပဲ။ ဒီဇာတ်လမ်းဟာ ရာမာယနလိုပဲ နာမည်ကြီး ပြဇာတ်ကြီးတစ်ခုဖြစ်တဲ့ မဟာဘာရာတာ ဇာတ်ကိုအခြေခံထားတာပါပဲ။ပန်ဒါဝါ တွေနဲ့ ကူရာဝါမျိုးနွယ်တွေဟာ ခရစ်တော်မပေါ်ခင်နှစ် ၃၀၀၀ လောက်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပါတယ်။ ကူရာဝါတွေဟာ ဖျက်ဆီးချင်း လုယူချင်းဗီဇရှိသူတွေဖြစ်ပြီး၊ ပန်ဒါဝါတွေကတော့ ဗီဇကောင်းရှိသူတွေဖြစ်ခဲ့ တာကြောင့် နတ်ဘုရားတွေဟာ စစ်ပွဲမှာ ပန်ဒါဝါတွေကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားတွေကိုဆန့်ကျင်ပြီး ကူရာဝါတပ်မှူး အဆွာတာမဟာ ပြန်တိုက် ခဲ့တာကြောင့် ထာဝရအကျဉ်းချခြင်းကိုခံလိုက်ရပါတော့တယ်။အဲဒီသမိုင်းကနေ ဒီနေ့ခေတ်ကိုအရောက်မှာတော့ ကူရာဝါမျိုးဆက်တွေဟာ ပန်ဒါဝါမျိုးဆက်တွေကို လိုက်သတ်ပြီး သူတို့ရဲ့ သခင် အဆွာတာမကို ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ ပန်ဒါဝါတွေအကုန်သေဆုံးပြီး အဆွာတာမလွတ်မြောက် လာမှာကို တားဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ပန်ဒါဝါတွေရဲ့ ကယ်တင်ရှင် ဂါတို့ကာ့ကြာအဖြစ် စွမ်းအားရှင်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒီဂါတို့ကာ့ကြာ အသစ်ဟာ အစွမ်းတွေဘယ်လိုရပြီးဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 ...
movie

Satria Dewa: Gatotkaca (2022)

2022
Life Is Beautiful (2022) 7.6
Life Is Beautiful (2022) Life Is Beautiful (2022)(1080p ရပါပြီ)ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ဇနီးသည်ရဲ့ နောက်ဆုံး ...
movie

Life Is Beautiful (2022)

Deborah (2022)
Deborah (2022) Deborah (2022)အားလုံးကို လက်တလောမှ ထွက်ရှိထားတဲ့ Sci-fi, Comedy movie လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ငယ်ငယ်တုန်းက ကိုယ့်ဆီမှာ အချိန်ကိုနောက်ပြန်ရစ်လို့ရမယ့် ရီမုဒ်ကွန်ထရိုးရှိရင်ကောင်းမယ် တွေးဖူးကြတဲ့သူရှိရင် ဒီဇာတ်ကားက အဲဒီအတွက်အဖြေကောင်းပါပဲ။ဇာတ်လမ်းအစကိုတော့ ငယ်ပေါင်းသူငယ်ချင်းတစ်စု အဲလ်ဘတ်နဲ့အေဒါတို့ရဲ့ စေ့စပ်ညပါတီပွဲတက်ပုံနဲ့ စထားပါတယ်။ အဲလ်ဘတ်တို့ပိုင်ထားတဲ့ ဒက်ဘရာ(Deborah)ဆိုတဲ့ AI က အချိန်ကိုရပ်ပြီး အချိန်အနည်းငယ်လောက်ကိုပြန်ရစ်ပေးနိုင်တာပါ။ အဲလ်တို့က ပြီးပြည့်စုံတဲ့ညကိုဖန်တီးနိုင်ဖို့အတွက် အချိန်ကိုခဏခဏပြန်ရစ်ကြပါတယ်။အစကတော့ ဘေးထွက်‌ဆိုးကျိုးကြောင့် တခြားသူတွေက Déjà Vu လိုမျိုးပဲခံစားရပေမယ့် ကြာလာတော့ရိပ်မိသွားပါတယ်။ အားလုံးသိကုန်ကြတဲ့အချိန်မှာ အကုန်ဝိုင်းသုံးကြရင်း ပေါက်ကရလေးဆယ်တွေစဖြစ်ကုန်ပါတော့တယ်။ ‌ဒီဇာတ်ကားမှာ ငယ်ပေါင်းသူငယ်ချင်းတစ်စု‌ ရောက်တတ်ရာရာစကားထိုင်ပြောနေကြတာကိုကြည့်ရင်းနဲ့ ‌ကျောင်းကန်တင်းမှာသူငယ်ချင်းတွေနဲ့ နေခဲ့ရ ပြောခဲ့ရတာတွေကို လွမ်းဆွတ်စေမယ့် Nostalgia Vibe မျိုးပြန်ရစေမှာပါ။ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ဇာတ်ကားဆိုပေမဲ့ တစ်ချက်တစ်ချက် Dialogue တွေက ကြည့်ရှုသူတွေရဲ့လက်ရှိဘ၀နဲ့ပါ ယှဉ်ကြည့်မိရင်း တစ်မိနစ်လောက်အတွေးထဲ နစ်မြောသွားစေနိုင်ပါတယ်။ အားလုံးပဲကြည့်ရှုခံစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo ...
movie

Deborah (2022)

2022
(18+) Madame Bamboo (1991) 5.4
(18+) Madame Bamboo (1991) Madame Bamboo ဆောင်ကြာမြိုင်ဇာတ်လမ်းလို့ပြောရမှာပေါ့ ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်ဇာတ်လမ်းတော့မဟုတ်ဘူး စိနပြည်ဆောင်ကြာမြိုင်ဇာတ်လမ်းပါ sex and zen တို့လို တရုတ်ကားတွေ ကြိုက်တဲ့သူတွေအတွက်ကတော့ဒီဇာတ်ကားက တရုတ်တွေရဲ့ထုံးစံအတိုင်း ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းနှယ် ချပြထားတာကြည့်ရမှာပါ ဆောင်ကြာမြိုင်ကိုရောင်းစားခံရတဲ့ ကောင်မလေးတွေ သူတို့ဘဝဇာတ်ကြောင်းတွေ ပြန်ပြောင်းပြောပြတာကို ကြည့်ရှုရင်း တရုတ်ပြည်ရဲ့ ရှေးခတ်မိန်းမတွေကို ပိုးစိုးပက်စက်နှိမ့်ချထားတဲ့ အကြောင်းတွေကို ထုံးစံအတိုင်း မျက်စိပသာဒဖြစ်ဖွယ်လေးနဲ့ နှလုံးသွင်းရှုစားကြတာပေါ့ဗျာ File size…2.1GB / 1GB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

(18+) Madame Bamboo (1991)

1991
Raymond & Ray (2022) 6.2
Raymond & Ray (2022) Raymond & Ray (2022)ဒီရုပ်ရှင်ကိုတော့ The Sopranos လို မာစတာပိစ်စီးရီးကြီးမှာ ဝင်ရိုက်ဖူးပြီး ဆုရဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးရေးသားဖူးတဲ့ Rodrigo Garcia လို့ခေါ်တဲ့ ဒါရိုက်တာက ရိုက်ကူးထားပြီး Legend actor ဆရာကြီးနှစ်ပါးဖြစ်တဲ့ Ethan Hawke နဲ့ Ewan McGregor တို့က Main character နှစ်ယောက် ရေမွန်နဲ့ရေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကတော့ Comedy, Drama ပေမဲ့ Black Comedy လို့ပြောရင် ပိုတိကျပါမယ်။ အီသန်နဲ့ အီဝန်ဟာ ရေးနဲ့ ရေမွန်ဆိုတဲ့ အဖေတူ မအေကွဲ ညီအစ်ကိုတွေပါ။ သူတို့၂ယောက်စလုံးရဲ့ အမေတွေကလည်း သူငယ်ချင်းတွေပါ၊ သူတို့အခေါ်အရတော့ ဖွတ်ဖွတ်ကြေဇနီးများကလပ်ဝင်တွေလို ဖြစ်နေကြသပေါ့။ သူတို့အဖေက သူတို့၂ကောင်ကို ငယ်ငယ်ကတည်း အသေအနိုင်ကျင့် နှိပ်စက်ပါတယ်။ သူတို့၂ယောက်စလုံးက သူတို့အဖေကို မုန်းကြပါတယ်။ နှစ်အတော်ကြာပြီး ...
movie

Raymond & Ray (2022)

2022
Nenu Meeku Baaga Kavalsinavaadini (2022) 7.7
Nenu Meeku Baaga Kavalsinavaadini (2022) Nenu Meeku Baaga Kavalsinavaadini (2022) =======================================အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တေလဂူရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ်...ပျော်ရွှင်တဲ့မိသားစုကနေ ဆင်းသက်လာပေမယ့် ကိစ္စတချို့ကြောင့် မိသားစုနဲ့ဝေးကွာနေရတဲ့ တယ်ဂျူဆိုတဲ့ကောင်မလေးဟာ ဘဝကို ပေါ့ပေါ့ဆဆနဲ့ ဖြတ်သန်းနေပြီး အရက်နွံထဲနစ်နေခဲ့ရပါတယ်...။သူ့ကို အကြိုအပို့လုပ်ပေးတဲ့ တက္ကစီဒါရိုက်ဘာကောင်လေးရဲ့နာမည်ကိုတော့ ဗီဗစ်လို့ခေါ်တယ်...။တယ်ဂျူဟာ ယောက်ျားတွေနဲ့ အချစ်ကို စိတ်နာပြီး ဘဝကိုရေစုန်မျောလိုက်နေတယ်တစ်ရက်တော့ ဗီဗစ်ဟာ တယ်ဂျူကို သူမဘဝပျက်မယ့်အရေးကနေ ကယ်တင်ခဲ့ပါတယ်...ဒီလိုနဲ့ သူတို့နှစ်ဦးစကားလက်ဆုံကျကြရင်း တယ်ဂျူဟာ သူ့မရဲ့ပျော်ရွှင်စရာမိသားစုဇာတ်ကြောင်းနဲ့ သူမရဲ့နောက်ကြောင်းကို ပြောပြပါတော့တယ်...။ဗီဗစ်မှာလည်း သူ့ဘဝနောက်ကြောင်းလေးက ရှိနေပြန်တော့...။သူတို့နှစ်ဦးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ သူတို့နှစ်ဦးပတ်သက်ပုံ လှည့်ကွက်လေးတွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါဦးနော်...။ဒီတော့ လူအယောက် 1.3K က IMDb 7.7 ပေးထားတဲ့ ဒီတေလဂူရိုမန့်ဟာသကားလေးဟာ ကြည့်လို့ကောင်းတဲ့ကားလေးပါလို့ ညွှန်းပေးလိုက်ပါတယ်နော်...။ File size…2.21GB / 1.1GB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & HayMan
movie

Nenu Meeku Baaga Kavalsinavaadini (2022)

2022
Dear Zoe (2022) 5.1
Dear Zoe (2022) Dear Zoe (2022)(1080p ရပါပြီ)9/11 (စက်တင်ဘာလ ၁၁ ရက်နေ့) US ရဲ့ မမေ့နိုင်တဲ့ ဝမ်းနည်းပူဆွေးစရာကောင်းသောနေ့ ... အဲ့နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာအဆောက်အဦးကို လေယာဉ်တစ်စင်း ဝင်တိုက်ခဲ့လို့ လူအများအပြား သေကြေပျက်စီးခဲ့ကြတယ်။Dear Zoe ဆိုတဲ့ ဒီဇာတ်လမ်းလေးကတော့ အဲ့လို လူအများအပြား သေကြေပျက်စီးခဲ့တဲ့ 9/11 နေ့မှာ ဇိုဝီဆိုတဲ့ ကလေးမလေးတစ်ယောက် သေဆုံးခဲ့ရပြီး (9/11 ဖြစ်စဉ်ကြောင့်မဟုတ်) ကျန်ရစ်သူ မိသားစုဝင်တွေ အထူးသဖြင့် ကလေးမလေးရဲ့ အစ်မဖြစ်သူ တက်စ် (Sadie Sink) တစ်ယောက် ဘယ်လို စိတ်ဒဏ်ရာတွေနဲ့ ပူဆွေးခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။တက်စ် တစ်ယောက် သူ့ညီမလေး သေရတာ သူ့ကြောင့်ပါဆိုပြီး လိပ်ပြာမလုံ ဝမ်းနည်း ပူဆွေး စိတ်ဒဏ်ရာ ရတာတွေကို ဘယ်လိုများ ပြန်လည် ကုသနိုင်မလဲ? သူ့ညီမလေးကရော ဘယ်လိုပုံစံနဲ့ သေဆုံးသွားခဲ့တာလဲ? ဇာတ်လမ်းလေးကို ...
movie

Dear Zoe (2022)

2022
Raise the Red Lantern (1991) 8.1
Raise the Red Lantern (1991) Raise the Red Lantern (1991)~ IMDb - 8.1/10, Rotten Tomatoes - 97% ~Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက ...
movie

Raise the Red Lantern (1991)

1991
The High Note (2020) 6.4
The High Note (2020) The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie

The High Note (2020)

2020
(21+) The Key(1983) 5.4
(21+) The Key(1983) လူတွေက အသက်အရွယ်လေး ရလာကြရင် အချစ်ကို ပုံစံပြောင်းပြီးခံစားချင်လာကြတယ် အိမ်ထောင်သည်တွေလည်း အိမ်ထောင်သက်တမ်းကြာလာတဲ့အခါ အချစ်ကို ပုံစံပြောင်းပြီး ခံစားချင်လာကြတယ် ဒါပေမဲ့ အိမ်ထောင်ရေးမှာတော့ စဉ်းမျည်းတွေ ထိန်းချုပ်တာ များတယ်လေ ဖွင့်ချချင်ပေမဲ့လည်း အိမ်ထောင်သည်ဆိုတဲ့ ဘောင်အတွင်းက ဘယ်လိုမှမလွတ်နိုင်ဘူးလေပရော်ဖက်ဆာ နီနို တစ်ယောက် ငယ်ရွယ်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမချောလေး ထရေဆာ နဲ့ အိမ်ထောင်ကျပြီး သမီးလေး လီဆာ ရှိပါတယ် သူတို့က အထက်တန်းလွှာ မိသားစုတစ်ခုဖြစ်ပါတယ် ပရော်ဖက်ဆာမှာ သူများနဲ့မတူတဲ့ လိင်ပျော်ပါးလိုစိတ် အတွေးရှိနေပါတယ် အဲဒါကတော့ သမရိုးကျ ဘောင်အပြင်ဖက်ထွက်ဖို့ပါပဲ ဟုတ်ပါတယ် သူက သူ့အမျိုးသမီး ချောချောလေး တစ်ခြားကောင်လေးနဲ့ အိပ်တာကို မနာလိုစိတ်နဲ့ အရသာခံ ကြည့်ချင် တွေးချင်နေတဲ့ သူပါပဲ ထရေဆာမှာ သူ့သမီးလီဆာနဲ့ သဘောတူတဲ့ကောင်လေး တစ်ယောက်ရှိပါတယ် လာဆလို ပါပဲပရော်ဖက်ဆာ နီနိုက သူ့အကြံကိုအကောင်ထည်ဖေါ်ဖို့ ဇာတ်လမ်းဆင်ရပါတော့တယ် ဒါပေမဲ့ သူ့မှာကန့်သတ်ချက်တွေရှိတယ်လေ တိုက်ရိုက်ဖွင့်ဟဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ သူတို့ ဇနီးမောင်နှံသာ သိနိုင်တဲ့ ဆက်သွယ်နည်းနဲ့ ကြိုးစားပါတော့တယ် တစ်ကယ်တော့ မီးကို ကစားနေသလိုပါပဲ ကိလေသာဆိုတာ အပူတွေလေ မီးလို့ပဲ တင်စားလိုက်ပါတယ် ဇာတ်လမ်းလေးက ဝထ္တုလေး တစ်ပုဒ်ဖတ်နေရလို ...
movie

(21+) The Key(1983)

1983
Indian Pink (2022) 9.2
Indian Pink (2022) Indian Pink (2022)အားလုံးပဲ လွမ်းနေကြလောက်မယ့် F4 ထဲက ဆံနီလေး Kim Hyun Joong ရဲ့ Indian Pink Movie လေး ရပါပြီ။ဒီဇာတ်ကားထဲမှာဆိုရင် ပုံမှန်မြင်တွေ့နေကျ Kim Hyun Joong ရဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်တွေနဲ့မတူဘဲ စိတ္တဇဆန်ဆန်ကြမ်းတမ်းခက်ထန်တဲ့ပုံစံမျိုးကို ကြည့်ရှုခံစားနိုင်မှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အသည်းကွဲနေတဲ့ လူတစ်ယောက်ရဲ့ စိတ္တဇဆန်ဆန်အတွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်။ အပြစ်ကင်းစင်တဲ့ အပြုံးတွေရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ မကောင်းဆိုးဝါးဆန်ဆန်သဘောသဘာဝတွေ၊ သွေးအေးရက်စက်မှုတွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပြီး မထင်ထားတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးနဲ့ တင်ဆက်ထားတာလည်းဖြစ်ပါတယ်။စိတ်ဝင်စားစရာ ဇာတ်ကွက်တွေအပြင် အပြုံးချိုချိုနဲ့ Kim Hyun Joong တစ်ယောက် ဒီဇာတ်ကားထဲမှာ ဘယ်လိုတွေပြောင်းလဲပြသွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားနိုင်လို့ K-Drama Fans တွေ လက်လွှတ်မခံသင့်ပါဘူးနော်။သွေးသံတရဲရဲနဲ့ ရက်စက်ကြမ်းကြုတ်တဲ့အခန်းတွေပါလို့ Rating ကိုတော့ 18+ သတ်မှတ်ထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ...
movie

Indian Pink (2022)

2022
Come Back Home ( 2022 ) 6.3
Come Back Home ( 2022 ) ဒီနေ့မှာဆိုရင် CM ကပရိသတ်ကြီးကို နာမည်ကြီးဟောင်ကောင်မင်းသား “Donnie Yen” ရဲ့ ဇာတ်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ -အေးခဲလှတဲ့ဆောင်းရာသီတစ်ခုအချိန်မှာ ရှန်းကျန့်ခရီးသွားအဖွဲ့နဲ့အတူ မိသားစုတစ်စုဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ချန်ပိုင်တောင်ဆီကို မောင်းနှင်လာခဲ့ကြပါတယ် မူလအစတုန်းကတော့ အရမ်းကိုမှပျော်ရွှင်စရာကောင်းတဲ့ ခရီးစဥ်တစ်ခုဖြစ်ခဲ့ပေမဲ့လို့ ဖခင်ဖြစ်သူ အားသယ်(Donnie Yen) ရဲ့ ပေါ့ဆမှုတစ်ခုကြောင့် အသက် (၈) နှစ်အရွယ်သားဖြစ်သူ ပျောက်ဆုံးသွားမှု ဖြစ်ပေါ်လာခဲ့တဲ့အခါမှာတော့...?သူတို့လင်မယားနှစ်ယောက်ဟာ သားဖြစ်သူပျောက်ဆုံးသွားခဲ့သည့်အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေဆီကို အကူအညီတောင်းခံခဲ့ကြပြီး ရှာဖွေရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့ကြပါတော့တယ် ရှာဖွေရင်း ရှာဖွေရင်းနဲ့ ပုံမှန်ဘေးကင်းချိန်သတ်မှတ်ချက် (၄၈) နာရီအထိ ကျော်လွန်လာခဲ့ပေမဲ့လဲ ကလေးရဲ့အရိပ်အယောင်ကိုတောင်မတွေ့ခဲ့ရပါဘူး တောင့်တင်းခိုင်မာတဲ့လူကြီး အရွယ်တွေတောင် တောင့်ခံနိုင်ဖို့ ခဲယဥ်းလှတဲ့ ဒီရာသီဥတုအလယ်မှာ အသက် (၈) နှစ်အရွယ်ကလေးငယ်လေးတစ်ယောက် တောင့်ခံနိုင့်ပါ့မလားဆိုတဲ့ သံသယတွေက ကယ်ဆံရေးအဖွဲ့တွေဆီ ရိုက်ခတ်လာခဲ့တဲ့အခါမှာတော့...?❐ သူတို့ရဲ့ကယ်ဆယ်ရေးလုပ်ငန်းစဥ်ဟာ ဘာတွေဆက်ဖြစ်သွားမှာလဲ? ❐ အရာရာအားလုံးကိုအံတုပြီး သူတို့တွေဆက်လက်ရှာဖွေကြမလား? ❐ ပျောက်ဆုံးနေတဲ့ ကလေးငယ်လေးကရော ဘေးကင်းကင်းနဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဟောင်ကောင်မင်းသားကြီး “Donnie Yen” ရဲ့ဇာတ်ကားလေးဖြစ်တာမို့ ပိုလို့တောင်လက်မလွှတ်သင့်ပါသေးတယ် အခုပဲကြည့်လိုက်ရအောင်လားနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

Come Back Home ( 2022 )

Satan’s Slaves 2: Communion (2022) 7.4
Satan’s Slaves 2: Communion (2022) Satan's Slaves 2: Communion (2022)2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle ...
movie

Satan’s Slaves 2: Communion (2022)

2022
Once Upon a Time in the Northeast ( 2022 ) 6.2
Once Upon a Time in the Northeast ( 2022 ) ❐ ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၉၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း​မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းလေး​ကိုရေသားဖော်ပြထားတဲ့ Kong Ergou ရဲ့ "The Past in Northeast China" ဝတ္ထုကို အခြေခံရိုက်ကူးထားသော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်ရှင်၁၉၉၀ ပြည့်နှစ်ဝန်းကျင် မိုးများသည်းထန်စွာ ရွာသွန်းနေချိန်..., ကျောက်ဟုန်ပင်းဆိုသူဟာ ယန်တယုံဆိုတဲ့ လူတစ်ယောက်ကို ကားနဲ့မတော်တဆတိုက်မိပြီး ထွက်ခွာလာခဲ့ပါတယ် ၂ နှစ်လောက်ကြာပြီးတဲ့နောက်မှာတော့ ကျောက်ဟုန်ပင်းဟာ ဇာတိမြေဆီကိုပြန်လာခဲ့ပါတယ် တစ်ဖက်မှာလဲ ဖခင်က ကားတိုက်ခံတဲ့ဒဏ်ရာကြောင့် ဒုက္ခတဖြစ်နေသည့်အတွက် ယန်တယုံရဲ့တစ်ဦးသော သားဖြစ်သူ ၁၀ နှစ်သားအရွယ်ရှောင်လုံဟာ သူတို့နယ်မြေရဲ့ လူမိုက်တစ်ယောက်ထံမှာ အလုပ်ဝင်လုပ်ရင်း အခက်အခဲပေါင်းများစွာ/အနိုင်ကျင့်ခံမှုပေါင်းများစွာကိုခံစားရပါတော့တယ် ဒ ါတွေအားလုံးကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ပြီး သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတဲ့ ကျောက်ဟုန်ပင်းဟာ အရာအားလုံးအရင်လိုပြန်ဖြစ်ရေး/ အေးချမ်းတဲ့နေ့ရက်တွေကို ပြန်လည်ရရှိစေရေးအတွက် နောက်မဆုတ်တမ်း ကြိုးစားခဲ့ရင်းကနေ ပြဿနာကြီးတစ်ခုဖြစ်ပွားလာခဲ့တဲ့အခါ....?❐ ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုမျိုးရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ကြရမှာလဲ?❐ လူတစ်ယောက်ဖြစ်လာရင် အသိစိတ်ရှိပြီး လိပ်ပြာလုံလုံနဲ့ နေနိုင်ရမယ်လို့ မှတ်ယူထားတဲ့ ကျောက်ဟုန်ပင်းတစ်ယောက် အတိတ်ကဖြစ်ခဲ့တဲ့ အမှားတွေကိုပြန်လည်ပြင်ဆင်နိုင်ပါ့မလား...? ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ရအောင်လားရှင် ဒီဇာတ်ကားထဲမှာဆိုရင် ညီအစ်ကိုတွေကြားထဲက သံယောဇဥ်/ မိတ်ဆွေတွေရဲ့ သံယောဇဥ် အစရှိတဲ့ သံယောဇဥ်နက်ရှိုင်းပုံတွေကို ဦးစားပေးဖော်ပြထားတာမို့ ကြည့်ရှုသူတွေအတွက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် [Reviewed By Chit Mya ...
movie

Once Upon a Time in the Northeast ( 2022 )

Pathonpatham Noottandu (2022) 8.0
Pathonpatham Noottandu (2022) Pathonpatham Noottandu 2022IMDb-8/10ဒီဇာတ်ကားလေးကတော့ 19ရာစုနှစ်ကအဖြစ်အပျက်တွေကို အခြေတည်ထားတဲ့ ဇာတ်ကားလေးပါ အာရတုပူဂါဗေလာယုဒပါနီကာဟာ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး ထကာဗန်ကိုးနိုင်ငံရဲ့ ဇာတ်နိမ့်ကိုယ်ခံပညာရှင်တစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့ရတာပါ...တစ်ချိန်တည်းမှာပဲ နန်ဂီလီဆိုတဲ့ဆင်းရဲတဲ့ဇာတ်နိမ့်မိသားစုက မိန်းကလေးတစ်ယောက်ဟာ လူကုံထံတွေရဲ့အနိုင်ကျင့်မှု လူမျိုးခွဲခြားမှုတွေကို ရင်ဆိုင်ဆန့်ကျင်နေတဲ့သူပေါ့... ဇာတ်မြင့်ဇာတ်နိမ်တွေခွဲခြားခံရပေမယ့် မဟုတ်ရင်မခံတဲ့စိတ်ကြောင့် ချီကာဗာဟာ လူကုံထံတွေရဲ့ချောက်ချမှုကြောင့်အကျဥ်းထောင်သွင်းခံခဲ့ရပါတယ်..ဒါပေမယ့် ဘုရင်မကြီးရဲ့အကူအညီနဲ့လွတ်မြောက်ခဲ့ရပြီး သူ့ကိုဘုရင်မကြီးက ဘယ်လိုတာဝန်တွေပေးခဲ့လဲ.... နန်ဂီလီကရော...ဇာတ်နိမ့်မိသားစုတွေအတွက် ဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပေးဆပ်သလဲဆိုတာ... စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး.... File size…8.74GB / 2.89GB  / 1.59GB Quality…4k HEVC/  1080p HQ HD RIP / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Thet Ko ~ Poe
movie

Pathonpatham Noottandu (2022)

2022
4K HEVC
Midnight in the Garden of Good and Evil(1997) 7.0
Midnight in the Garden of Good and Evil(1997) Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie

Midnight in the Garden of Good and Evil(1997)

Causeway(2022) 6.6
Causeway(2022) IMDb 6.6 Rotten Tomatoes 87%မင်းသမီး ဂျနီဖာလောရန့်စ်ရဲ့ ရုပ်ရှင်အသစ်တစ်ကားကို Apple TV ကနေ တင်ဆက်လိုက်ပါပြီ။အာဖရန်နစ္စဂန်က စစ်တပ်မှာတာဝန်ထမ်းဆောင်ရင်း ပေါက်ကွဲမှုထဲကိုယ်တိုင်ပါဝင်သွားခဲ့တဲ့ လင်စီက ဆေးခွင့်နဲ့ မွေးရပ်မြေဆီပြန်ရောက်လာခဲ့ပါတယ် ဦးနှောက်သွေးယိုစီးမှုခံစားနေရတဲ့သူမ ဆေးလည်းတစ်ဖက်ကုရင်း သူမပြန်သွားချင်တဲ့အလုပ်ခွင်ထဲပြန်ရောက်ဖို့ကြိုးစားနေသူပေါ့... ဂျိမ်းကတော့ ကားပြင်ဆရာပါလင်စီ့ကားကိုပြင်ပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားတော့ တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်ရင်း ဂျိမ်းမှာလည်းသူမလိုဖြစ်ရပ်ဆိုးရှိနေမှန်းသိသွားခဲ့တယ် ဒီလိုနဲ့ ခံစားချက်တူလူနှစ်ယောက်အချင်းချင်းဖေးမရင်း သူတို့သာမန်ဘဝကိုပြန်သွားကြပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(1.3GB) / (668MB) / (454MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:32:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yunni
movie

Causeway(2022)

Get Carter (2000) 5.1
Get Carter (2000) ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
movie

Get Carter (2000)