Channel Myanmar

Drama

Spy-type Model (2022) 5.2
Spy-type Model (2022) Spy-type Model (2022)ဗျူဟာရှင် ရှေ့နေဂွမ်မင်ဝူးကိုခဏမေ့ထားလိုက်ပါ ... လူရိုးသားလေး ဟျောင်းဝူလာပါပြီ အလုပ်ဝင်ဖို့ကြိုးစားနေတဲ့ ဟျောင်းဝူဟာ ပိုက်ဆံအိတ်ကောက်ရတာကနေ သံသယစိတ်များလို့ လိုက်ချောင်းရင်း လူတစ်စုနဲ့ပတ်သက်မိပါတော့တယ် တကယ်တော့ အဲလူတွေဟာလည်း သူထင်သလိုမဟုတ်ဘဲ စိတ်စွမ်းအားပိုင်ဆိုင်ကြတဲ့ Master တွေဖြစ်နေကြတာကိုသိလိုက်ရပါတယ် အဲလိုနဲ့ ဟျောင်းဝူဟာလည်း သူတို့အကြောင်းကို တစ်စတစ်စပိုပြီး သိလာသလို သူကိုယ်တိုင်ကလည်း Master တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပါတော့တယ် ဒါပေမဲ့ Master တွေကိုသတ်ဖို့ မစ်ရှင်ရှိထားတဲ့ စပိုင်အမျိုးအစားမော်ဒယ်လည်းရှိနေပြန်တော့ ဘယ်လိုမျိုးတွေထပ်ကြုံတွေ့ကြရဦးမလဲ ဘယ်လိုစွန့်စားခန်းတွေရှိမလဲဆိုတာကို ကြည့်ရဦးမှာပါဇာတ်လမ်းအမျိုးအစားကတော့ Sci-fi ဖြစ်ပြီး ရှေ့နေဂွမ်မင်ဝူး တဖြစ်လဲ Joo Jong Hyuk ကနေ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Sci-Fi Quality…. 1080p | 720p | 480p File size… 1.17GB | 452MB | 197MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Spy-type Model (2022)

2022
Water for Elephants (2011) 6.9
Water for Elephants (2011) Water for Elephants (2011) ===========================ဒီဇာတ်ကားက Twilight မင်းသား Robert Pattinson, Django Unchained, Inglorious Bastards ထဲက မင်းသားကြီး Christoph Waltz နဲ့ မင်းသမီး Reese Witherspoon တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Romance/ Drama ဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်IMDb - 6.9/10, Rotten Tomatoes - 60% ရထားပါတယ်ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ပိုလန်ကနေထွက်လာတဲ့ ကော့စကီးမိသားစုက သားဖြစ်သူ ‌ဂျေကော့ ဂျန်ကော့စကီးဟာ တိမွေးကု ဆရာဝန်ဖြစ်ဖို့ နောက်ဆုံး စာမေးပွဲကို ဖြေဆိုနေတုန်းမှာပဲ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပြီး စီစဉ်ထားသမျှ အကုန်လွဲကာ လေလွင့်တဲ့ဘဝကို ရောက်သွားခဲ့ပါတယ် ဒီလိုနဲ့ လမ်းမတွေထက် ဦးတည်ရာမဲ့ သွားလာနေရင်း သူ ရထားတစ်စီးကိုမြင်တော့ ပြေးတက်သွားခဲ့ရာကနေ သူ့အတွက် ရှင်သန်ဖို့ မျှော်လင့်ချက်တွေ ဘယ်လိုပြန်ရလာမလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဆပ်ကပ်အဖွဲ့သားတွေရဲ့ ဘဝတွေကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်တချို့နဲ့ Fiction ပေါင်းစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်The Greatest Showman လို ...
movie

Water for Elephants (2011)

2011
Take the Night (2022) 5.4
Take the Night (2022) Take the night (2022)အရမ်းချမ်းသာတဲ့ ချန်းမိသားစုမှာ ဖခင်ဖြစ်သူက သူမရှိတော့တဲ့နောက် မိသားစုလုပ်ငန်းတွေကို ဦးစီးဖို့ သားအငယ်ဖြစ်သူ ရောဘတ်ချန်းကို အားလုံးလက်လွှဲပေးခဲ့ပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူ ဝီလီယံနဲ့ ညီဖြစ်သူ ရောဘတ်ကြားမှာ အဖုအထစ်လေးတွေ ရှိလာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ညီဖြစ်သူ‌ရောဘတ်ရဲ့ (၂၅)နှစ်ပြည့် မွေးနေ့က ဆိုက်ရောက်လို့လာပါတယ်။ ညီဖြစ်သူကို စိတ်ခုနေတဲ့ ဝီလီယံက မွေးနေ့မှာ ဟန်ဆောင်ပြန်ပေးဆွဲခိုင်းပြီး စပရိုက်စ်မွေးနေ့ပါတီ လုပ်ပေးဖို့ အကြံရသွားပါတယ်။ ရွှေဉာဏ်တော် ကွန့်မြူးလွန်းတဲ့ ဝီလီယံတစ်ယောက် အစီအစဉ်တိုင်း သူ့ညီအတွက် Prank အောင်မြင်ပါ့မလား...။ ဟန်ဆောင်ပြန်ပေးဆွဲဖို့ သူငှားလိုက်တဲ့ လူတွေက နားလှည့်ပါးရိုက်လုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ...။ အဖေဖြစ်သူချန်ခဲ့တဲ့ စာကိုရော ရောဘတ်တစ်ယောက်ဖတ်ခွင့် ရပါ့မလား...။ ဒါတွေအားလုံးကို တစ်နာရီခွဲစာ ဒီကားလေးအတွင်းမှာ အဖြေရှာနိုင်ပါတယ်။IMDB 4.7 နဲ့ Rotten Tomatoes 67% ရရှိထားသလို Father Issues အသီးသီးရှိသူတွေကြားက ဖြစ်ရပ်တွေကို ပုံဖော်ထားတာ ဖြစ်လို့ ကြည့်ကောင်းမဲ့ ကားလေးဖြစ်ပါတယ်။ ။ရုပ်ရှင်ဆု ၂ ဆု ...
movie

Take the Night (2022)

2022
Girls From Dubai (2021) 5
Girls From Dubai (2021) Girls from Dubai(2021)"ရှင် ဂိုဏ်းစတားကားတွေ ကြိုက်လား။ လူတွေက အဲဒီရုပ်ရှင်တွေထဲမှာ ဘယ်လောက်ပဲ နှိပ်စက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်နေကြပါစေ ကြိုက်ကြတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကိုတော့ မုန်းကြတယ်။ ကျွန်မတို့အကြောင်း ရုပ်ရှင်ဆိုတာရော ရှိလာပါဦးမလား"ဒါက ဒီဇာတ်ကားထဲက နောက်ဆုံးပိုင်းလေးမှာ အမ်မီ ပြောခဲ့တဲ့ Dialogue လေးပါပဲ။ဒီဇာတ်ကားထဲမှာ ငယ်ငယ်က Miss ဖြစ်ချင်ခဲ့တဲ့ အမ်မီတစ်ယောက် Miss ပြိုင်ပွဲတွေဝင်ရင်းနဲ့ အထက်တန်းလွှာက ပြည့်တန်ဆာလုပ်ငန်းထဲ ခြေချမိသွားရာကစလို့ ကြုံလာရမယ့်အရာတွေ၊ အချင်းချင်း ခွင်ကျော်ကြပုံတွေ၊ နောက်ကျောဓားနဲ့ ထိုးကြပုံတွေ၊ ငါးစာအောက်က ငါးမျှားချိတ်ကို မြင်ရက်နဲ့ လျှော့တွက်ခဲ့ရာက ဒုက္ခကြုံရပုံတွေကို ရိုက်ပြထားပါတယ်။ဒီကားထဲမှာတော့ လိင်အလုပ်သမတွေရဲ့ ဘဝအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတော့ တကယ့်ပျော်ရွှင်မှုအစစ်လို့ ထင်မှတ်မှားခဲ့တဲ့အရာတွေက တစ်ချိန်ချိန် တကယ့်ပျော်ရွှင်မှုအစစ်ကို ရှာတွေေ့တဲ့အခါ အနောက်ကနေ အရိပ်မည်းကြီးလို လိုက်လာတတ်ပုံကိုလည်း သင်ခန်းစာ ပေးထားပါတယ်။ဒီကားလေးက ၂၀၂၁ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး IMDB rating 5 နဲ့ Rotten Tomatoes ...
movie

Girls From Dubai (2021)

2021
The Pianist (2002) 8.5
The Pianist (2002) The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The ...
movie

The Pianist (2002)

2002
1080p HEVC
(18+)Shortbus (2006) 6.4
(18+)Shortbus (2006) LGBT(Lesbian, Gay, Bisexual, Transsexual) တွေ Straight တွေ ရောသမမွှေထားတဲ့ ဇာတ်ကားလေးလာပါပြီ ဆိုဖီယာဆိုတာ လိင်မှုကုထုံးမှာ အရမ်းတော်တဲ့ ဆရာမတစ်ယောက်ဖြစ်ပါတယ် သူမမှာ သိပ်ချစ်ရတဲ့ ယောင်္ကျား ရော့ဘ်ဆိုတာရှိတယ် သူမအလုပ်ကိုသူမ ကျွမ်းကျင်ပေမဲ့ သူမရောဂါကိုတော့ အဖြေမရှာနိုင်ဘူးဖြစ်နေပါတယ် သူမက တစ်ခါမှ ဆန္ဒမပြီးမြောက်ဖူးပါဘူးတဲ့ ဒါပေမဲ့ သူမယောင်္ကျားကို မပြောပြပါဘူး မျိုသိပ်ထားခဲ့တာကြာပါပြီ သူမအိမ်ထောင်ရေးကို အပျက်စီးမခံနိုင်ဘူးလေ ရော့ဘ် စိတ်ထိခိုက်ပြီး မကျေနပ်ဖြစ်မှာကိုလဲ သူမလိုလားဘူးလေ….ဂျိမ်းစ် နဲ့ ဂျမီ သူတို့ကတော့ လိင်တူချစ်သူစုံတွဲဖြစ်ပါတယ် သူတို့က ထူးဆန်းတဲ့ ကိစ္စတစ်ခုကို နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒါကတော့ Open Relationship လုပ်ဖို့ပါပဲ အဲဒီကိစ္စအတွက် ချစ်မှုရေးရာကျွမ်းကျင်တဲ့ ဆိုဖီယာဆီမှာ အကြံဉာဏ်လာယူပါတယ် စကားတွေပြောကြရင်းနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိရှိသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကူညီ ပေးကြတဲ့အထိဖြစ်လာကြတဲ့အခါ…နယူးရော့ခ်မှာ Shortbus ဆိုတဲ့ သီးသန့်ဂေဟာလေးရှိတယ် အဲဒီကဘာတွေရလဲဆိုရင် လူကြီးကိစ္စအကုန်ရပါတယ် အလွယ်ပြောရရင် ပွဲတော်ကြီးကျင်းပတဲ့ ဗလာကွင်းကြီးပေါ့ အဲဒီမှာဆုံဖို့ ဆိုဖီယာကို ကမ်းလှမ်းလိုက်တဲ့အခါမှာတော့…. ရှုပ်ထွေးပွေလီလှတဲ့ လိင်မှုကိစ္စတွေမှာ ရှင်းလင်းဖို့လိုတယ်ဆိုတာရယ် ကိုယ့်စိတ်ကြိုက် ကိုယ်ဘာသာနေနိုင်အောင်ကြိုးစားဖို့ရယ် ဖုံးကွယ်လို့မရတာကို ကြိုးစားပြီးဖုံးကွယ်ပေမဲ့ အချိန်အတိုင်းတာတစ်ခုထိသာ ဖုံးကွယ်လို့ရတာပါပဲဆိုတာရယ်တွေကို ဘာ ဆင်ဆာမှမဖြတ်ပဲ ကွက်ကွက်ကွင်းကွင်း အတုံးလိုက် ...
movie

(18+)Shortbus (2006)

2006
Don’t Make Me Go (2022) 6.5
Don’t Make Me Go (2022) Don't Make Me Go (2022)ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ...? အချိန်လား...? ငွေလား...? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား...?ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don't Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ...
movie

Don’t Make Me Go (2022)

2022
The Signal (2014) 6
The Signal (2014) The Signal (2014)IMDb 6, RT 61%နဲ့ ၂၀၁၄က ထွက်ရှိခဲ့တဲ့ Sci-fic, thriller ဇာတ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ DC's Titansမှာ ဒစ်ဂ​ရေဆင်အဖြစ် ပါ​ဝင်တဲ့ Brenton Thwaitesနဲ့ Ready Player One မင်းသမီး Olivia Cookeတို့ အဓိကပါဝင်ထားပါတယ်။ မထင်မှတ်ထားတဲ့plot twist​တွေနဲ့ ဇာတ်လမ်း ကလည်း အ​တော်​​လေး သွက်တာ​ကြောင့် ကြည့်​ပျော်တဲ့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်ကားပါပဲ။ ​MIT​ကျောင်းသား၃​ယောက်ဖြစ်တဲ့ နစ်၊ ​ဟေ​လေနဲ့ ဂျိုနာတို့ဟာ ​ကျောင်းရဲ့ နက်​ဝေါ့ဆာဗာကို ဟက်ခ်သွားခဲ့တဲ့ ​​နော်မတ်ဆိုတဲ့ ဟက်ကာကို သူတို့နည်း သူတို့ဟန်နဲ့ လိုက်လံရှာ​ဖွေ​နေ​သူ​တွေပါ။ ဒီလိုနဲ့တစ်​​နေ့မှာ ​နော်မတ်ဆိုသူရဲ့ IP addressကိုရပြီး ထိုတည်​နေရာအတိုင်း နီဗားဒါးကသဲကန္တာရတစ်ခုထဲ ဟက်ကာဖမ်း ထွက်ခဲ့ပါတယ်။ IPလိပ်စာကို​ရောက်မှပဲ ထောင်​ချောက်ဆင် ခံရမှန်းသိသွားပြီး သူတို့မ​ထင်မှတ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ကိစ္စ​တွေကို နဖူး​တွေ့ ဒူး​တွေ့ရင်ဆိုင်ရပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre.....Drama, Mystery, Sci-fi Quality…. 1080p | 720p | ...
movie

The Signal (2014)

2014
The Road to Galena (2022) 5.6
The Road to Galena (2022) The Road to Galena(2022)ဝါရှင်တန် အထက်တန်းလွှာမှာ ဝင်ဆံ့တဲ့သူတစ်ယောက် ဖြစ်တဲ့ ကိုးလ်ဘဲရပ်တ်ဟာ အလားအလာရှိပြီး အောင်မြင်တဲ့ရှေ့နေတစ်ယောက် ဖြစ်ပြီး လှပပြီးထက်မြက်တဲ့ ဇနီးသည်၊ ကားအလန်းစား အိမ်အမိုက်စားနဲ့ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူပါဒါပေမဲ့ ဒီလို ပြီးပြည့်စုံတဲ့ ဘဝဟာ ကိုးလ် အမှန်တကယ် လိုလားတောင့်တခဲ့တဲ့ ဘဝ ဟုတ်ပါရဲ့လားတစ်ချိန်က ကိုးလ်ရဲ့ အိပ်မက်က ငယ်ချစ်ဦးနဲ့ အတူ ဂယ်လီနာက မြေမှာ အောင်မြင်တဲ့ စိုက်ပျိုးရေးသမားတစ်ယောက် ဖြစ်လာဖို့ပါဒါပေမဲ့လည်း ဖြစ်ချင်တာတွေထက် မဖြစ်ချင်တာတွေပဲ ပိုဖြစ်လေ့ရှိတဲ့ လောကသဘာဝအတိုင်း စိုက်ပျိုးရေးသမား ဖြစ်ချင်တဲ့ ကိုးလ်ဟာ ရှေ့နေတစ်ယောက်ဖြစ်လာပြီး ငယ်ချစ်ဦးနဲ့ လွဲခဲ့ရပါတယ်ဇနီးချောနဲ့ တိုက်နဲ့ ကားနဲ့ အထက်တန်းကျကျ နေနိုင်နေပြီဖြစ်တဲ့ ကိုးလ်ရဲ့ ဘဝထဲကို ဖုန်းတစ်ကောလ် ဝင်လာပြီးတဲ့နောက် ကိုးလ်ရဲ့ ငယ်ဘဝ အိပ်မက်တွေ ပြန်လည် လှုပ်ရှား အသက်ဝင်လာပါတော့တယ်အဲဲဒီနောက်မှာတော့ အောင်မြင်တဲ့ဘဝကိုပဲ ဆက်ပြီး လျှောက်လှမ်းမလား ငယ်ဘဝ အိပ်မက်ကို အကောင်အထည်ဖော်မလား ကိုးလ် ဘာကို ရွေးချယ်မလဲကိုးလ်နဲ့အတူ သူ့ရဲ့တစ်ချိန်က ငယ်ချစ်ဦးနဲ့ ငယ်ဘဝအိပ်မက်တွေကို ...
movie

The Road to Galena (2022)

2022
The Drover’s Wife: The Legend of Molly Johnson (2021) 6.3
The Drover’s Wife: The Legend of Molly Johnson (2021) The Drover's Wife: The Legend of Molly Johnson (2021)၁၈၉၁ ခုနှစ် ဗြိတိသျှတွေ သြစတြေးလျကို ကိုလိုနီပြုထားချိန်။ မော်လီဂျွန်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ ဂျိုး သိုးကျောင်းထွက်နေတဲ့အချိန်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း လူသူမနီးတဲ့ သူတို့ရဲ့အိမ်မှာ နေထိုင်လျက်ရှိပါတယ်။တစ်နေ့တော့ သူတို့ရဲ့အိမ်ရှေ့ကို လှည်းလေးတစ်စီးပေါ်မှ လူနှစ်ယောက် ဆင်းလာပါတယ်။ အဲဒီလူနှစ်ယောက်ကတော့ ဆာဂျင် ကလင့်တော့ပ် ဆိုတဲ့ မြို့ကို တာဝန်ကျလို့ ပြောင်းလာရတဲ့ ရဲအရာရှိနဲ့ သူ့အမျိုးသမီးဖြစ်တဲ့ လူဝီဆာ တို့ပဲ ဖြစ်ပါတယ်။ မော်လီလည်း သူတို့နှစ်ယောက်နဲ့ ခင်မင်သွားပြီး ကိုယ်ဝန် မီးဖွားရက်လည်း နီးတာမို့လို့ ကလေးတွေကို စောင့်ရှောက်ပေးသူရှိတဲ့ မြို့ကို ထည့်ပေးလိုက်ပါတယ်။ တစ်ညမှာတော့ သြစတြေးလျဒေသခံတိုင်းရင်းသား ဝရမ်းပြေးတစ်ယောက်ဟာ သူ့အိမ်ကိုရောက် လာပါတော့တယ်..... လူဖြူလူမည်းခွဲခြားမှုတွေ၊ ဒေသခံတိုင်းရင်းသားများအပေါ် လူဖြူတွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီး တကယ်ကို စိတ်ဝင်စားနဲ့ ကြည့်ရှု့နိုင်မယ့် သမိုင်းအခြေခံ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Rotten tomatoes 81% နဲ့ IMDb rating ...
movie

The Drover’s Wife: The Legend of Molly Johnson (2021)

2021
Sky of Love (2007) 6.8
Sky of Love (2007) Sky of Love(2007) .......................... ဆိုရှယ်မီဒီယာတွေ မတွင်ကျယ်သေးတဲ့ ၂၀၀၀ ခုနှစ်တွေမှာ ဖုန်းထဲကအသံလေးကြားပြီးရင်ခုန်သဘောကျမိခဲ့ဖူးတဲ့အချစ်ဦး ရှိခဲ့ဖူးရင် ဒီကားလေးကြည့်သင့်ပါတယ်။ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဒီကားဟောင်းလေးမှာတော့ ခေတ်ဟောင်းအငွေ့အသက်တွေနဲ့အတူ အချစ်ဦးကြောင့် ပျော်ရွှင်ခဲ့ရသလို ကြေကွဲခံစားခဲ့ရတဲ့ ကောင်မလေးရဲ့ အမှတ်တရဇာတ်လမ်းတွေကို ပြန်​ပြောပြနေဟန်နဲ့ စတင်ထားပါတယ်။ရှင်ကွဲမကွဲရင် သေကွဲကွဲတဲ့ Sad Ending ကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ဖို့ သင့်တော်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.8GB | 935MB | 487MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August
movie

Sky of Love (2007)

Good morning (2022) 5.2
Good morning (2022) Good Morning (2022)မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့ရပြီး ပတ်ဝန်းကျင်ကလူတွေ သူငယ်ချင်းတွေရဲ့အနှိမ်ခံဖြစ်နေလို့ စိတ်ပင်ပန်းပြီး အမြဲကိုယ့်ကိုယ်ကိုသတ်သေဖို့ကြံစည်နေတဲ့ကျောင်းသူလေးဆူမီ...သမီးဖြစ်သူ ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားလို့ စိတ်ဆင်းရဲမှုကနေမလွတ်မြောက်နိုင်သေးတဲ့ နာတာရှည်​ဆေးရုံကသူနာပြုဆရာမဂျောင်...တစ်နေ့ ဆူမီလေးတံတားပေါ်ကနေခုန်ချမလို့လုပ်နေတုန်း သူနာပြုဆရာမဂျောင်နဲ့တွေ့သွားတဲ့အခါ...သူတို့နှစ်​ယောက် နာတာရှည်​ဆေးရုံမှာ ဘယ်လိုလူ​တွေနဲ့တွေ့ပြီး ဘယ်လိုကိစ္စတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါနော်...ဒီဇာတ်ကားလေးကြည့်ပြီးရင် ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝဟာဘယ်လောက်အဖိုးတန်လဲဆိုတာ သိရှိသွားမှာပါ♡EVE ဇာတ်လမ်းတွဲထဲက ဆိုရာ အဖြစ်ပါဝင်ထားတဲ့ မင်းသမီးကြီး Yoo Sun ပါဝင်တာမို့ ရုပ်ရှင်ကားကောင်း တစ်ကောင်းဆိုတာကတော့ အာမခံနိုင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ YeRi ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | 676MB | 293MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ..... YeRi Encoder ..... August
movie

Good morning (2022)

2022
Glasshouse (2022)
Glasshouse (2022)    ဖန်လုံအိမ်အာနိသင် Glass house effectဆိုတာကို ၈တန်း ၉သန်းသိပ္ပံမှာထဲက ကြားဖူးကြမှာပါ ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမှာတော့ အနာဂတ်လွန်ကာလတစ်ခုမှာ ကမ္ဘာကြီးမှာကပ်ရောဂါတစ်ခုဆိုက်ကပ်ခဲ့ပါတယ် အဲ့ဒါကတော့ တခါမှစိတ်‌တောင်မကူးဖူးတဲ့ ကပ်ရောဂါတစ်ခုပါပဲအဲ့ဒါကတော့ရှူရှိုက်လိုက်တာနဲမှတ်ဉာဏ်တွေကိုပျက်စီးပြန့်ကျဲသွားစေတဲ့ The Shredလို့‌ ခေါ်တဲ့အဆိပ်တမျိုးပါ အဆိပ်က လေထုတစ်ခုလုံးမှာ ပြန့်နှံ့နေတာကြောင့် ကမ္ဘာလူအဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားပါတော့တယ် အဲ့ဒီလိုကပ်ဘေးဆိုက်နေချိန်မှာ အဆိပ်ကလက်ကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျေးလက်နေမိသားစုလေးတစ်စုရှိပါတယ် ဒီမိသားစုက ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ကာ လေမဝင်အောင် သူတို့တည်ဆောက်ထားတဲ့ဖန်လုံအိမ်ကြီးမျိုးထဲမှာနေကြပါတယ်သူတို့ရဲ့စခန်းထဲကိုဘယ်သူ့ကိုမှလည်းအဝင်မခံပါဘူးဒါပေမဲ့ငယ်ငယ်တုန်းက သူတို့အိမ်ကနေထွက်သွားတဲ့ လူကာဆိုတဲ့အကိုကြီးကို အမေကြီးနဲ့မောင်နှမတွေကမျှော်နေခဲ့ပါတယ် တနေ့မှာစခန်းနားမှာဒဏ်ရာရလူတစ်ယောက်ကို ဘီး‌‌ ကကယ်တင်ခဲ့ပါတယ် သူတို့‌မမှတ်မိနိုင်တော့တဲ့ သူတို့ထင်မိသလို သူတို့ရဲ့တစ်ချိန်ကထွက်သွားတဲ့အကိုကြီးက တကယ်ပဲအဲ့ဒီလူဖြစ်နေမလား အဲ့ဒီလူရဲ့သရုပ်မှန်ကရော ဘယ်သူလဲ မောင်နှမမေတ္တာ ၅၂၈ နဲ့ အချစ် ၁၅၀၀တို့ရောထွေးမိပုံကို ဖော်ပြထားတာကြောင့် ကြည့်ရှုသင့်တဲ့Dramaကားကောင်းပါ ဒါပေမဲ့ Incest 18+sceneတွေပါတာကြောင့် မိသားစုနဲ့တော့မကြည့်ရှုဖို့အကြံပေးပါရစေ File size…(1.24GB)/(661MB)/(331MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre..Drama / Sci-Fic ...
movie

Glasshouse (2022)

Not Okay (2022) 6.1
Not Okay (2022) Not okay (2022) Zoey Deutch နောက်ထပ် ဇာတ်ကားသစ်လေး လာပါပြီ။ ဒီတစ်ခါတော့ Comedy, Drama အမျိုးအစားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ ...အတန်ရှည်လိုချင်လွန်းရင် မကောင်းကြောင်း သက်သေပြသွားတဲ့ ကားဖြစ်ပါတယ်။မဂ္ဂဇင်းတစ်ခုမှာ ဖိုတိုအယ်ဒီတာအဖြစ် အလုပ်လုပ်နေတဲ့ ဒန်နီဆန်းဒါးစ်ဟာ အင်မတန် စာရေးဆရာဖြစ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ မတော်တရော် အရေးအသားတွေကြောင့် သူ့သူဌေးက သူ့ကို ဆောင်းပါးဌာနကို ပြောင်းခွင့်မပေးပါဘူး။လွယ်ကူရိုးရှင်းတဲ့ဘဝကို မကျေနပ်ဘဲ နာမည်ကြီးချင်သလို သူ့ခရက်ရှ် ကောလင်းဆီက အတန်ရှင်းလိုချင်တဲ့ ဒန်နီဟာ ပဲရစ်ကို စာရေးဆရာအပေါင်းဖော်တွေနဲ့ အားလပ်ရက်ခရီးထွက်ပါပြီဆိုပြီး လိမ်ဆင်ထွင်ပါတော့တယ်။ကံဆိုးချင်တော့ သူ ပဲရစ်ရောက်နေဟန်ဆောင်ပြီး အိမ်မှာ အိပ်နေချိန်မှာပဲ ပဲရစ်ရဲ့ အထင်ကရနေရာတွေကို ဗုံးဖောက်ခံရပါတော့တယ်။ဒီလိုနဲ့ ဒန်နီဟာ သူ့ကို သီသီလေးလွတ်လာတယ်ထင်ပြီး ဝိုင်းကရုဏာသက်ကြတဲ့ လူတွေကို ဆက်လိမ်ရင်း အဂ္ဂမဟာ influencer ကြီးဖြစ်သွားပါတော့တယ်။ဒါပေမဲ့ သူ့လိမ်ဆင်တွေ ဘယ်လိုပေါ်သွားမလဲဆိုတာကတော့ …(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ...
movie

Not Okay (2022)

2022
Granny’s Got Talent (2015) 6.3
Granny’s Got Talent (2015) Granny's got Talent အညွှန်းဆဲမယ်ဗျို့ ..... ဆဲမယ် .... အဆဲပြိုင်ပွဲကြီး နွှဲကြမယ် .....ရသစုံရှိုးတွေလည်း CM မှာ တင်ဆက်ပေးနေတာ မနည်းပါဘူး။ ဒီဇာတ်ကားကလည်း ရသစုံရှိုးတစ်ခုကို အခြေတည်ပြီး ရိုက်ကူးထာတာပါ။ ဘယ်လိုရှိုးမျိုးလဲဆိုတော့ "အဆဲပြိုင်ပွဲ" ရှိုးပါပဲ။ဒီ show ရဲ့ထူးခြားချက်က အဆို၊အက၊ အတီး တခြား Talent ​တွေ တစ်ခုမှမလိုဘဲ ဆဲတတ်ရုံနဲ့ ဝင်ပြိုင်နိုင်မှာတဲ့ဗျား။​နေ့စဥ်ဘဝမှာဆဲရုံတင်အားမရတဲ့သူ​တွေကို ဆု​ကြေး​ငွေ​ပေးပြီး​တော့ကို အဆဲပြိုင်ပွဲ လုပ်​ပေးသွားတာပါ ဆဲတာကလည်း ရိုးရိုး​ဆဲတာမဟုတ်ဘဲ ဇာတ်ညွှန်းနဲ့ဆဲရမှာပါဇာတ်အလမ်းအကျဉ်းချုပ်ကတော့ ..... အီ​ဂျောင်ဆွန်းဆိုတဲ့အဘွားက ​ထောင်ကထွက်လာ​တာနဲ့ အဘွားရဲ့သာယာနာပျော်ဖွယ် ဆဲရေးသံလေးတွေကို နားထောင်ပြီး အစီအစဥ်ရဲ့ပီဒီက သ​ဘောကျသွားတာနဲ့ အဘွားလည်း ဝင်ပြိုင်ဖြစ်သွားတာပါအဘွားက ပြိုင်ပွဲတစ်​လျှောက်လုံး အဆဲစ​ကေး​တွေပြသွားမှာဖြစ်ပြီး ​နောက်ဆုံးဖိုင်နယ်ပွဲအထိ အနိုင်ရမသွားမလားဆိုတာကို ​စောင့်ကြည့်ရမှာပါComedy ဆို​ပေမယ့် ကိုရီးယားရဲ့ထုံးစံအတိုင်း ဒရာမာ​လေး​တော့ နည်းနည်းချိုးထားပါတယ်အဆဲပြိုင်ပွဲကြည့်ရင်း တစ်နည်းအားဖြင့်​တော့ စိတ်ဖိအား​တွေ​ပြေ​ပျောက်ဖို့ ​မျှော်လင့်ပါတယ် ကြည့်​ပေးကြပါဦး​နော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ The Witch Part-2 နဲ့ The Roundup မှာ ကိုရီးယားကနေ ...
movie

Granny’s Got Talent (2015)

2015
Adeline (2022) 7.8
Adeline (2022) Adeline(2022)IMDb rating ~ 7.8/10အမေရိကန်ပြည်ထောင်စုက နာဗာဂျိုလို့ခေါ်တဲ့ လူမျိုးစုတွေမှာ အဆိုတစ်ခု ရှိပါတယ်“ကမ္ဘာကြီးကို ကုစားပေးဖို့အတွက် ဘုရားသခင်က မြင်းတွေကို ဖန်ဆင်းပေးခဲ့တာ”ပါတဲ့အက်ဒီလိုင်းဟာ သာမန်မြင်းတွေထက် ပိုမို ထူးကဲပြီး ကုစားပေးနိုင်စွမ်း မြင့်မားတဲ့ မြင်းမလေးပါတစ်နေ့မှာ နယူးမက္ကဆီကိုပြည်နယ်ရဲ့ နယ်မြို့လေး တစ်မြို့ဆီ အက်ဒီလိုင်းနဲ့ သူ့သခင်မစ္စကေတို့ ရောက်ရှိလာကြပါတယ်အဲဒီမြို့က သင်းအုပ်ဆရာ ရက်ဗရန့်နဲ့ ဇနီးဖြစ်သူ တယ်ရီတို့မှာ မွေးကတည်းက တစ်ခါမှ စကားမပြောတဲ့ ၈ နှစ်အရွယ် အော်တစ်ဇင်ရောဂါသည် သားလေးတစ်ယောက် ရှိပါတယ်သင်းအုပ်ဆရာကတော့ သူတို့သားလေး စကားမပြောနိုင်တာဟာ ဘုရားသခင်ချမှတ်ပေးထားတဲ့ လမ်းဖြစ်ပြီး ဒီလမ်းအတိုင်း လျှောက်လှမ်းကြရုံပဲရှိတယ်လို့ ခံယူထားသူဖြစ်ပြီးတော့ ဇနီးဖြစ်သူ ကတော့ သူတို့သားလေး စကားပြောနိုင်ဖို့ ဘာမဆို ကြိုးစားကြည့်ချင်တဲ့သူ တစ်ယောက်ပါမစ္စကေနဲ့ အက်ဒီလိုင်းတို့ ရောက်ရှိလာပြီး အက်ဒီလိုင်းရဲ့ ကုစားပေးနိုင်တဲ့စွမ်းအားတွေအကြောင်း ကြားသိရပြီးတဲ့နောက် သင်းအုပ်ဆရာတို့ ဇနီးမောင်နှံအကြား ပေါ်ပေါက်လာတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေအကြောင်း ဒီဇာတ်ကားထဲမှာ ကြည့်ရှူကြရမှာပါတွေးစရာတွေ၊ သင်ခန်းစာယူစရာတွေ ပေးနိုင်တဲ့ ဇာတ်လမ်းမျိုးကို လိုက်ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်လမ််းက ကွက်တိပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

Adeline (2022)

2022
(18+) Tahan (2022) 7.1
(18+) Tahan (2022) (18+) Tahan (2022)ဈေးကြီးတဲ့ အချောအလှ ဇိမ်မယ်အကိတ်လေး အယ်လိစ်ဟာ အင်မတန် ငယ်ရွယ်တဲ့ အသက်အရွယ်မှာတင် အရမ်းကို လွှမ်းမိုးခြယ်လှယ်တဲ့ မိခင်ဖြစ်သူရဲ့ ပြည့်တန်ဆာအဖြစ် အတင်းစေခိုင်းမှုနဲ့ အမြတ်ထုတ် အသုံးချမှုတွေကို ခံခဲ့ရသူပါ။စပွန်ဆာ ဘဲတစ်ပွေ ရှိတဲ့အပြင် ဇိမ်မယ်အဖြစ် လုပ်ကိုင်ရင်း ရှာသမျှပိုက်ဆံတွေကို မိခင်ဖြစ်သူက လောင်းကစားလုပ်ရင်း သုံးဖြုန်းပစ်ပါ တယ်။ အယ်လိစ် ကိုယ်တိုင်ကလည်း ‌ပိုက်ဆံ ဖောဖောသီသီနဲ့ရတဲ့ ဇိမ်မယ်အလုပ်ကို လွယ်လွယ်နဲ့ မစွန့်လွှတ်နိုင် ဖြစ်နေပြီး ငယ်ငယ်ကတည်းက မိခင်ဖြစ်သူပေးတဲ့ စိတ်ဒဏ်ရာတွေကို အိပ်ရာထက်မှာ ယောက်ျားတွေနဲ့ ဖြေဖျောက်ရှာပါတယ်။စပွန်ဆာက ပေးထားတဲ့အိမ်ကို ယောက်ျားတွေခေါ်ပြီး ပျော်ပါးနေတာကို စပွန်ဆာဘဲက သိသွားတဲ့အခါမှာတော့ အယ်လိစ်ရဲ့ ဘဝကို လှိုင်းထန်စေမဲ့ ဘယ်လိုအရာတွေ ဖြစ်လာမလဲ ဆိုတာကို‌ ရသစုံစုံနဲ့ တင်ဆက်ပေးထားတဲ့ ဇာတ်ကားလေးပါ။ဖိလစ်ပိုင် 18+ ဇာတ်ကားဆိုပေမဲ့ 18+ တင်မဟုတ်ဘဲ Drama, Thriller ဆန်ဆန်ပါ ...
movie

(18+) Tahan (2022)

2022
D Block (2022) 6.4
D Block (2022) D Block (2022)တက္ကသိုလ်ကျောင်း စတက်ခါက ပထမနှစ်ကျောင်းသားဘဝဟာ ကျွန်တော်တို့ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆယ်ကျောက်သက်အရွယ်ဖြစ်တာမို့ အရာရာကို စူးစမ်းချင်စိတ်ကလည်း တဖွားဖွား...။ တက္ကသိုလ်ရဲ့ အနှစ်သာရကို စတင်ခံစားရတဲ့အချိန်ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ရသပေါင်းစုံ ခံစားရတဲ့အပြင် ဘဝဇာတ်ခုံအဖုံဖုံကိုလည်း ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံကြရတာပေါ့။ဇာတ်လမ်းအကျဉ်းနည်းပညာတက္ကသိုလ်ကျောင်းကို ပထမဆုံးခြေဆန့်ရတဲ့ ကျောင်းသားတွေက တက္ကသိုလ်ရဲ့ အရသာကို ပျော်ရွှင်ခံစားနေကြပါတယ်။ နှစ်ချို့ စီနီယာ ကျောင်းပျော်ကြီးနဲ့အတူ တစ်ခန်းတည်းကျတဲ့ ဘော်ဒါသုံးယောက်ကို မြင်လိုက်ရတော့ Amir Kham ရဲ့ 3 Idiots ကို သတိရစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားမှာ 3 Idiots နဲ့ လုံးဝကို ခြားနားပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့အတူ ဇာတ်ကွက် မြှုပ်ကွက်တွေကြား ပရိသတ်တွေကို ရိုလာကိုစတာ စီးသလို ခံစားရစေမှာပါ။ တက္ကသိုလ်ကျောင်းဆိုတဲ့အတိုင်း လျှို့ဝှက်ချက်တွေ ရှိတတ်တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ကောလိပ်ဂိတ်စောင့်ရဲ့ သမီး ကျားသစ်ကိုက်ခံရာကနေ မသေဘဲ အသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားဟာ စူးစမ်းတတ်သူပီပီ ကျားသစ်ကိုက်တာ ...
movie

D Block (2022)

2022
777 Charlie (2022) 9.1
777 Charlie (2022) IMDb - 9.1 / 10လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင်အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌ အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.6Gb / 1.15GB Quality…1080p VOOT WEBDL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Thet Ko
movie

777 Charlie (2022)

2022
Brian and Charles (2022) 6.7
Brian and Charles (2022) Brian and Charles (2022) ================== IMDb Rating - 6.7/10တစ်ခါတစ်လေ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အဖော်တစ်ယောက်လောက်လိုချင်မိတယ်။ ကိုယ့်အကြောင်းကို နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူ ပြီးတော့ ကိုယ် ဂရုစိုက်တာကိုလည်း လက်ခံနိုင်မယ့်သူမျိုးပေါ့ ။ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ.... အဲ့ဒီလောက်ထိ ကံမကောင်းတတ်ကြဘူးလေ။ကံကောင်းသွားတဲ့သူတော့ ရှိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီး ဘရိုင်ယန်ပေါ့။ သူက ရွာမှာတစ်ကိုယ်တည်းသမား၊ ဟိုဟာ လေးထွင်လိုက် ဒီဟာလေးဖန်တီးလိုက်နဲ့ ရွာထဲကလူထူးဆန်းတစ်ယောက် ပေါ့။ ပြီးတော့ သူ့အိမ်ထဲမှာကြွက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြွက် ကောင်းမှုနဲ့ပဲ မအောင်မြင်ခဲ့တဲ့သူ့စက်ရုပ်လေးက အသက်ဝင်သွားပါ လေရော။ဘရိုင်ယန်အရမ်းပျော်ပြီလေ။ သူနဲ့အတူတူနေပြီးတော့ သူဂရုစိုက်ရမယ့်သူ ရှိလာပြီ။ အတူတူနေလာတော့ တစ်ခါတစ်လေတော့လည်း ရန်ဖြစ်ကြတာပေါ့။ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ စက်ရုပ်ချားလ်က အိမ်ပေါ်ကဆင်းသွား ချင်ပါတယ်တဲ့။ ပြသာနာကအဲ့ဒီကစတော့တာပဲ... အဲ့ဒီပြသာနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ မိဘနဲ့သားသမီးတို့ကြားက ဖြစ်ပျက်တတ်တဲ့သဘောတရားကို စက်ရုပ်လေးနဲ့အစားထိုးပြီးရိုက်ပြထားတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် မိသားစု အချင်းချင်းလည်း အတူတူကြည့်ရှုရင်ပိုပြီးကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.57 GB) / (650 MB) ...
movie

Brian and Charles (2022)

2022