Channel Myanmar

Drama

The Ghost Writer(2010) 7.2
The Ghost Writer(2010) The Ghost Writer(2010) အညွှန်း****************************ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်..ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီးPierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏကမနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ပြင်ဆင်ရပါတော့တယ်။သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီးပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်းဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့…   File Size :(1.9GB)  (714 MB) and (245 MB) Quality : ...
movie

The Ghost Writer(2010)

Initial D (2005) 6.3
Initial D (2005) Initial D (2005)~ IMDb rating - 6.3/10 ~ {Subtitles error fixed!!!} 1995 လောက်ကစထုတ်လွှင့်ခဲ့တဲ့ Initial D ဆိုတဲ့ Anime စီးရီးလေးကို ထိုင်ဝမ်အဆိုတော်မင်းသား Jay Chou ကပြန်လည်ရိုက်ကူးထားပြီး နာမည်ကြီးဟောင်ကောင်မင်းသားတွေဖြစ်တဲ့ Anthony Wong နဲ့ Edison Chen တို့ပါဝင်အားဖြည့်ထားတဲ့ 2005 ခုနှစ်ထွက် တရုတ်-ဂျပန် ဖက်စပ် ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးပါရစေ...အထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်တဲ့ Takumi Fujiwara ဟာ အခင်ဆုံးသူငယ်ချင်းဖြစ်တဲ့ Itsuki ရဲ့ဖခင်ပိုင်တဲ့ Gas ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရင်း သူ့ဖခင် Bunta Fujiwara ရဲ့ Toyota AE86 လေးနဲ့ Akina တောင်ပေါ်က အပန်းဖြေစခန်းတွေကို သူ့ဖခင်လုပ်တဲ့ တို့ဟူးတွေကို ပို့ပေးတဲ့အလုပ်လုပ်ရင်းကျောင်းတက်နေတဲ့ကောင်လေးတစ်ယောက်...ကျောင်းသားလူငယ်ပီပီရင်ခုန်စရာဇာတ်လမ်းတွေရှိကြတဲ့အလျောက် Takumi မှာလည်း ချစ်ရတဲ့အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ Natsumi နဲ့ချစ်ဇာတ်လမ်းတွေအပြင်....တစ်ဖက်မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီးပြိုင်ကားသမားဖြစ်ချင်တာကြောင့် ...
movie

Initial D (2005)

2005
Rated R (2008)
Rated R (2008) Rated. R (2008) ============ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ ...
movie

Rated R (2008)

2008
[18+]Chloe(2009)
[18+]Chloe(2009) Chloe(2009) အညွှန်း*******************မိုးအေးအေးလေးမှာ ပျင်းပျင်းနဲ့ ကြည့်လို့ကောင်းမဲ့ erotic movie လေး တစ်ခုကို ညွှန်းပါဆိုရင်Chloe ဆိုတဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ။ erotic ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်း plot ကတကယ် မထင်ထားရလောက်တဲ့အထိ မိုက်ပါတယ်။ ကက်သရင်းဆိုတဲ့ midlife အရွယ်သားဖွားမီးယပ်ဆရာဝန်မတစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ခလိုးဝီ ဆိုတဲ့ ငယ်ရွယ်လှပပြီး ညှို့အားပြင်းတဲ့အမျိုးသမီးလေးကြောင့် ဘယ်လိုများ ယိမ်းယိုင်သွားမလဲ။ ကက်သရင်းက အသက်ရလာတာနဲ့အမျှ သူ့ခန္ဓာကိုယ်ကိုinsecure ဖြစ်လာတယ် ယောက်ျားနဲ့လည်း ချစ်ကြည် မနူးနိုင်တော့ဘဲ တဖြေးဖြေး ဝေးကွာလာတယ်။တစ်နေ့ သူ့ခင်ပွန်းအတွက် မွေးနေ့ပွဲစီစဉ်ထားရာကနေ သူ့ခင်ပွန်းဖြစ်သူ ဒေးဗစ်က အိမ်အပြန်လေယာဉ်ခရီးကို တမင် နောက်ကျအောင် လုပ်ပြီး အိမ်ပြန် မလာခဲ့ဘူး။ အဲ့မှာစပြီးကက်သရင်းတစ်ယောက် သူ့ယောက်ျားအပေါ် သံသယတွေ စပြီး ဝင်လာခဲ့တယ်။ဒီလိုနဲ့ ခလိုးဝီနဲ့ တွေ့ပြီး သူ့ယောက်ျားကို မြှူစွယ်ဖို့ သူ့ယောက်ျား ဘယ်လိုတုန့်ပြန်လဲဆိုတာတွေကိုသူ့ကို ပြန်တင်ပြဖို့ ...
movie

[18+]Chloe(2009)

For Jojo (2022) 4.5
For Jojo (2022) For Jojo (2022) ============2022 မှာ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ဂျာမန်ဒရာမာ လူငယ် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ယိုယို နဲ့ ပေါလ်လာ တို့က ငယ်ငယ်တည်းက ဘယ်သူမှခွဲမရအောင်ကို အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့။ အရွယ်ရောက်လာတဲ့ အခါ မှာလည်း တစ်အိမ်တည်းနေတဲ့ ဆိုးတူကောင်းဖက်တွေ ဖြစ်လာပါတယ်။တစ်နေ့မှာတော့ ယိုယိုတစ်ယောက် ဒန်နီရယ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို တကယ်ကြီးချစ်မိသွားပြီး လက်ထပ်ဖို့ထိ စီစဉ်လာပါတော့တယ်။ အဲဒီအချိန်မှာ ယိုယို့ကို ဆုံးရှုံးမခံနိုင်တဲ့ ပေါလ်လာက သူတို့ မင်္ဂလာပွဲ မပျက်ပျက်အောင် ဖျက်ဆီးဖို့လိုက်လံကြံစည်တာပေါ့။ ပေါလ်လာက ဒန်နီရယ့်ရဲ့ နောက်ကြောင်းတွေ လိုက်စုံစမ်းပြီး ယိုယို့အတွက်မသင့်တော်ကြောင်း သိလာရတဲ့အခါမှာ ယိုယို့ကို ဒီအကြောင်းတွေ သိလာအောင် ပြောပြဖို့ ကြိုးစားပါတော့တယ်။အချစ်ရဆုံးသူငယ်ချင်းဖြစ်သူ ပေါလ်လာနဲ့ ကိုယ်လက်ထပ်ချင်တဲ့ တစ်ဦးတည်းသော ယောက်ျားလေးဖြစ်တဲ့ ဒန်နီရယ် နဲ့ကြား ယိုယို့ရဲ့ ဗျာများရပုံတွေအပြင် အဆုံးသတ်မှာ ယိုယို ဘယ်သူ့ကိုရွေးချယ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှု့ရမယ့် ဇာတ်လမ်း ကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ဒီကားလေးမှာတော့ ‌ယိုယို အဖြစ် Nina Gummich၊ ပေါလ်လာ အဖြစ် Caro ...
movie

For Jojo (2022)

2022
Mr. Malcolm’s List (2022) 5.3
Mr. Malcolm’s List (2022) Mr.Malcolm's List (2022)~ Rotten Tomatoes - 82% ~ကျွန်တော်တို့တွေ Marvel ရဲ့ Loki အနေနဲ့ သိကြတဲ့ မင်းသား Tom Hiddleston ရဲ့ မိန်းမ Zawe Ashton ပါတဲ့ ရုံတင်ကားသစ်လေးပါ။၁၈၁၈ခုနှစ် အင်္ဂလန်မှာ လင်ဖမ်းဖို့အသင့်ဆုံးလူတစ်ယောက်ရှိတယ်။ သူတို့စကားအရတော့ ရုပ်ကလည်းချော ငွေကလည်းထောတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါ။ ဒီတစ်ဇာတ်လုံးက ခေတ်ကာလနဲ့လည်းလုံးဝကိုက်ပါတယ်။ ဘာလို့ဆို ဇာတ်က အစအဆုံး မကြာခင်မှာ ကြင်နာမယ်ဆိုပြီး ကိုကို မောင်မောင်မရွေး အချိန်ပြည့် လင်ရှာနေတဲ့ မိန်းမတစ်အုပ်နဲ့ ခုန ပျိုတိုင်းကြိုက်တဲ့ ဘဲကြီးရဲ့ တိုင်ပတ်နေတဲ့ဇာတ်ပါပဲ။ ဘဲကြီးက ဘယ်မိန်းမကိုမှ လက်မခံပါဘူး။ ဒီတော့ မလိုချင်တာလားဆိုတော့ မဟုတ်ဘူး။ သူ့မှာ သတ်မှတ်အရည်အချင်းစာရင်းရှိတယ်။ မယားအဝယ်မှားရင် အလိုက်ပေးပြန်လဲလို့မရလို့ သေချာရွေးတယ်ပေါ့။ ရုပ်ချောရမယ် ဘာညာကအစ မျိုးကောင်းရမယ်အဆုံး ဉာဏ်ကောင်းရမယ် ...
movie

Mr. Malcolm’s List (2022)

2022
The Trouble with You (2018) 6.2
The Trouble with You (2018) The Trouble with You (2018) ===================== IMDb Rating - 6.2/10ဒီတစ်ခေါက်မှာတော့ ၂၀၁၈ က ထွက်ရှိထားတဲ့ comedy drama ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျင်းန် ဆိုတာကတော့ မြို့ရဲ့ အထူးချွန်ဆုံးရဲအရာရှိတစ်ဦးဖြစ်ပြီး ပြစ်မှုတွေကို ဖြေရှင်းရင်း အသက်ပေးလိုက်ရတဲ့ သူတစ်ဦးပါ။ သူ့မှာ အီဗန်ဆိုတဲ့ ဇနီးဖြစ်သူ တစ်ဖြစ်လဲ ရဲ၀န်ထမ်းမ တစ်ဦးနဲ့ သားကလေး တစ်ဦး ကျန်ရှိနေခဲ့တယ်။အီဗန်ဟာ သူတို့ရဲ့ သားလေးကို သူ့အဖေရဲ့ စွန့်စားခန်းတွေကို ညစဉ် အိပ်ယာ၀င်ပုံပြင်အဖြစ် ပြောပြရင်း ဖြတ်သန်းနေတာပေါ့။ တိုက်ဆိုင် ချင်တော့ တစ်နေ့မှာ သူ့ခင်ပွန်းရဲ့ သူရဲကောင်းဘွဲ့ ချီးမြှင့်ပြီး အပြန်မှာ အမှုတစ်ခုနဲ့တိုးပြီး ခင်ပွန်း ဂျင်းန်ဟာ သူထင်ထားသလို ဖြောင့်မတ် မှန်ကန်တဲ့ရဲ မဟုတ်ဘဲ တကယ့် ‌ငပွေဂျပိုး ရဲ တစ်ယောက်ဖြစ်နေမှန်း အီဗန်တစ်ယောက် သိလိုက်ရပါတယ်။တစ်သက်လုံးသိလာရတဲ့ အရာတစ်ခုဟာ အမှန်တရားမဟုတ်တဲ့အတွက် အီဗန်တစ်ယောက် ဆောက်တည်ရာမရဖြစ်ပြီး ဓါးပြမှုတစ်ခုကနေ သူ့ခင်ပွန်း မတရားထောင်ချခဲ့တဲ့ အန်တွမ်ဆိုတဲ့ သူနဲ့ သွားတွေ့ဖို့ ကြိုးစားရင်း ပြဿနာတွေ တောက်လျှောက်တက်လာတဲ့အကြောင်းကို ...
movie

The Trouble with You (2018)

2018
JugJugg Jeeyo (2022) 7.4
JugJugg Jeeyo (2022) Jug Jugg Jeeyo (2022) Comedy, Drama, Family IMDb 7.7/10 (29K)ဒီဇာတ်ကားလေးကတော့ လတ်တလောထွက်ရှိထားတဲ့ အိန္ဒိယကားတွေနဲ့ မတူဘဲ အေးအေးလေးနဲ့ ဇာတ်ကို ဆွဲခေါ်သွားမယ့် မိသားစုကားလေးပဲ ဖြစ်ပါတယ်..အဲ..မိသားစုကားဆိုပြီး ကြည့်ကောင်းမှာမဟုတ်ဘူးလို့ စိတ်မပူနေကြနဲ့နော်..ဟာသလေးနှောထားလို့ မြူးမြူးကြွကြွလေးနဲ့ ထိုင်ရယ်နေရမှာနော်...မင်းသားအနေနဲ့ကလည်း ပရိသတ်အချစ်တော် မင်းသားလေး ဗာရွန်းဆိုတော့ သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းကိုတော့ ထွေထွေထူးထူး ညွှန်းနေစရာမလိုတော့ပါဘူးမင်းသမီးလေးက ကီယာရာလေးဆိုတော့ သူမရဲ့လှပတဲ့ ရူပါအဆင်းကိုပါ ဆွဲငြိခံစားရမှာဖြစ်ပါတယ်...မင်းသားကြီးအနီလ်ကပူးလည်း ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်က ပိုလို့ကြည့်ကောင်းခဲ့ပါတယ်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အိမ်ထောင်ရေးကို စိတ်ကုန်နေတဲ့ ပြည်ပရောက်ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက် မရှိတော့လို့ ကွာရှင်းဖို့ဖြစ်လာပါတယ်...အမိမြေမှာ လင်ယောက်ျားရဲ့ညီမဖြစ်သူ မင်္ဂလာပွဲရှိတော့ မင်္ဂလာပွဲပြီးတဲ့အထိ သူတို့ကွာရှင်းမှာကို လူကြီးတွေကို အသိမပေးဘဲ နေခဲ့ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်...ဖြည်းဖြည်းချင်း ညှိနှိုင်းကြမယ်ပေါ့ လူကြီးတွေလည်း စိတ်မညစ်ရအောင် စီစဉ်ကြမယ်ပေါ့...ဒါပေမဲ့ သူတို့ထင်မထားခဲ့မိတာက လင်ယောက်ျားရဲ့ ဖခင်ဖြစ်သူကပါ တိတ်တိတ်ပုန်းလေး ရည်းစားထားပြီး မင်္ဂလာပွဲပြီးတာနဲ့ မိန်းမဖြစ်သူကိုကွာရှင်းပြီး သူ့ရည်းစားနဲ့ လက်ထပ်ဖို့ ကြံနေလေတဲ့အခါ...ကိုယ့်ကိစ္စ သူမသိ..သူ့ကိစ္စကိုယ်ဖြေရှင်းရင်း အခက်အခဲလေးတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ...ဖြစ်လာမယ့်အလွဲလေးတွေကို ပါးစပ်မပိတ်တမ်း ရယ်ရမယ့်အပြင် နောက်ဆုံးပိုင်းလေးတွေမှာလည်း ခံစားချက်တွေ တပြုံကြီးနဲ့ ရသတွေပေးသွားမှာမို့ ရယ်လည်းရယ်ရ ငိုလည်းငိုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...လင်နဲ့မယား လျှာနဲ့သွား ဆိုတဲ့အတိုင်း အိမ်ထောင်တစ်ခုမှာ စကားများရန်ဖြစ်ကြတာရှိမယ် အဆင်မပြေမှုတွေများစွာရှိလိမ့်မယ်.. အဲ့ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မှ ...
movie

JugJugg Jeeyo (2022)

2022
Janhit Mein Jaari (2022) 7.4
Janhit Mein Jaari (2022) Janhit Mein Jaari (2022)————————————————————တကယ်လို့ကိုယ်က မိန်းကလေးတစ်ယောက်ဖြစ်နေပြီး ဆွေမျိုးမိဘကရော ပတ်ဝန်းကျင်အသိုင်းဝိုင်းကရော ရှေးရိုးစွဲဖြစ်နေတဲ့ နေရာမျိုးမှာ ကွန်ဒုံးရောင်းရမယ်ဆိုရင် ....ကိုယ်ရည်မှန်းထားတဲ့အလုပ်နဲ့ ကိုယ်လုပ်နေရတဲ့အလုပ် မကိုက်လို့စိတ်ညစ်နေလား ဒါမှမဟုတ် ကိုယ်လုပ်နေရတဲ့ အလုပ်အပေါ် မကျေမနပ်ဖြစ်နေပါသလား ဒီရုပ်ရှင်လေးကိုစီးမျောခံစားရင်း သင်ခန်းစာနဲ့ ခွန်အားရယူဖို့တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်း ===============မာစတာဘွဲ့ပါရထားပေမယ့် ထူထပ်လွန်းတဲ့ လူဦးရေနဲ့အိန္ဒိယမှာ အလုပ်ရဖို့ခက်နေတဲ့ မိန်းကလေးတစ်ယောက်.. အများလိုအချိန်တန်အရွယ်ရောက်အိမ်ထောင်ပြုပြီး လင်ယောက်ျားပေါ်မှီခိုရမယ့်ဘဝမှာမနေချင်တဲ့အမှီအခိုကင်းသူဖြစ်ချင်တဲ့ မိန်းကလေးတစ်ယောက်..ကွန်ဒုံးကုမ္ပဏီမှာ အလုပ်ရဖို့ဖြစ်လာပြီး ကွန်ဒုံးရောင်းရဖို့ မားကတ်တင်းဆင်းရတဲ့အခါ…ရှေးရိုးစွဲအယူဝါဒတွေမပျောက်ပျက်သေးတဲ့နယ်မြေမှာ ကွန်ဒုံးရောင်းဖို့ ဘယ်လိုအခက်အခဲတွေတွေ့ရမလဲအချစ်နဲ့ဆုံတွေ့တဲ့အချိန်မှာလည်း ဘယ်သူမှမလုပ်တဲ့အလုပ်ကို လုပ်နေသူတစ်ယောက်မို့ ဘယ်လိုပြဿနာရင်ဆိုင်လာရမလဲ။ ကိုယ့်ရဲ့ရည်မှန်းချက်အတွက် မိသားစုဖိအား အသိုင်းအဝိုင်းဖိအားတွေကို ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ဇာတ်လမ်းအစကတည်းက ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ စိတ်ဝင်စားအောင်ဆွဲခေါ်သွားနိုင်မယ့် comedy-drama film လေးဖြစ်လို့ ဘောလိဝုဒ်ပရိသတ်များ လိုက်ပါစီးမျောခံစားကြည့်ဖို့အကြုံပြုပေးလိုက်ပါတယ်။ File size…2.07GB / 1.04GB Quality…1080p WEB DL AAC2.0Ch / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii ~ Lwin Htoo Aung ~  Go-O ...
movie

Janhit Mein Jaari (2022)

Beauty (2022) 4.9
Beauty (2022) Beauty (2022) ============သီချင်းဆိုရတာကို သိပ်နှစ်သက်ပြီး၊ အသံကာလာလှတယ်လို့ နာမည်ကြီးတဲ့ ဗြူးတီး ဆိုတဲ့ လူမည်းမလေး တစ်ယောက်အကြောင်းကို Netflix ကနေပြသ ထားပါတယ်။တအား toxic ဖြစ်လွန်းတဲ့ ဖခင်ကို ပိုင်ဆိုင်ထားပြီး အရာရာ စိုးရိမ်ပူပန်လွန်း အားကြီးတဲ့ မိခင်ကို ပိုင်ဆိုင်ထားတဲ့ သူမ။ အစ်ကိုတွေရဲ့ ချစ်ခင်မှုကို မရရှိတဲ့အပြင် ဂျက်စမင်ဆိုတဲ့ ကောင်မလေးနဲ့ လိင်တူချစ်ကြိုက်နေတာကို မကြည်ဖြူကြတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းနေရတဲ့ သူမ။သူ့အတွက် တစ်ရက်မှာတော့ နာမည်ကျော်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ ကုမ္ပဏီ တစ်ခုက လာရောက်ကမ်းလှမ်းလာတဲ့အခါ အိမ်တွင်းရေးအခြေအနေတွေ ပိုဆိုး လာပါတော့တယ်။သူ(သူမ)သိပ်ကိုဖြစ်ချင်တဲ့ နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်ခွင့်ပေးပါ့မလား၊ သူကိုယ်တိုင်ကရော ဖြစ်အောင် ကြိုးစားလာနိုင်ပါ့မလားဆိုတာကို ကြည့်ရှု့ရမယ့် ဇာတ်‌လမ်းလေးတစ်ပုဒ်ပါ။ဇာတ်အိမ်အလှည့်အပြောင်းတွေမပါဘဲ ‌လူမည်းကောင်မလေးတစ်ယောက်ရဲ့ ခံစားချက် တွေကို အရိုးရှင်းဆုံး ထုတ်ဖော်ပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားလေးမှာတော့ ဗြူးတီးအဖြစ် Gracie Marie Bradleyက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.57 GB) / (536 MB) / ...
movie

Beauty (2022)

2022
Schoolgirls (The girls) (2020) 6.4
Schoolgirls (The girls) (2020) Schoolgirls (2020) ============== IMDb Rating - 6.4/10ဆယ်ကျော်သက်ကလေးတွေဆိုတာ အရွယ်ရောက်လာဖို့အရမ်းမြန်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားကို အကွက်ကျကျရိုက်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ကျောင်းသူတွေချည်းပဲရှိတဲ့ မိန်းကလေးကျောင်းမှာ ဆယ်ကျော်သက်မိန်းကလေး လေးယောက်စုမိကြပါတယ်။ တစ်ယောက်အိမ်ကိုတစ်ယောက်လိုက်လည်ရင်း အတတ်ကောင်းတွေစူးစမ်းလေ့လာကြတာပေါ့။ ကလပ်တက်မယ်၊ ဆေးလိပ် သောက်မယ်၊ ယောက်ျားလေးတွေနဲ့ မိတ်ဆွေဖွဲ့မယ် စသဖြင့်တားမြစ်ထားတဲ့ အရာမှန်သမျှ အကုန်စမ်းလုပ်ကြပါတယ်။ အဲ့ဒီလို အတတ်စမ်းကြတဲ့ ကောင်မ လေးတွေကို ဘယ်လိုမျိုးသင်ခန်းစာပေးမလဲဆိုတာကိုတော့ Schoolgirls (The girls) ဆိုတဲ့ကားလေးမှာ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.16 GB) / (1.07 GB) / (608 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM
movie

Schoolgirls (The girls) (2020)

2020
Jaadugar (2022) 7.2
Jaadugar (2022) Jaadugar (2022) (အညွှန်း)ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p  Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & ...
movie

Jaadugar (2022)

2022
The D Train (2015) 5.1
The D Train (2015) The D-Train (2015) ===================ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့..... School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော် File size….....1.06GB / 407MB Quality…......1080p BluRay AAC5.1CH / 720p Format…......mp4 Duration......1h 41m Subtitle….....Myanmar Subtitle (Hard Sub) Encoder…....YK Translated...Myo Myo Htet
movie

The D Train (2015)

2015
The Hidden Fox ( 2022 ) 6.5
The Hidden Fox ( 2022 ) ဒီဇာတ်ကားလေးကတော့ ဂန္တဝင်စာရေးဆရာကြီး Jin Yong ရဲ့ Fox Volant of the Snowy Mountain ( နှင်းတောင်သူရဲကောင်း ) ဇာတ်လမ်းတွဲကိုMovie Version အဖြစ် | ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လီဇီချန်ဘုရင်ရဲ့ ထူးခြားအံ့ဩဖွယ် ရတနာတစ်ပါးကြောင့် မြောင်ရန်ဖုန်းဆိုတဲ့ မြောင်မျိုးနွယ်သူရဲကောင်းနဲ့ စောင့်ရှောက်သူဟူတို့ကြား မသင့်မြတ်မှုနဲ့အတူ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂ဦးလုံး ထူးဆန်းစွာ အသက်ဆုံးရှုံးခဲ့ရတယ်…နောက်တော့ ရတနာနဲ့အတူ မြေပုံရော သော့ပါ ပျောက်ဆုံးသွားခဲ့တာ၁၀ နှစိကျော် အားလုံးလိုက်ရှာခဲ့ပြီးနောက်မှာတော့ ရတနာမြေပုံ လမ်းစရလို့ သူရဲကောင်း ၈ဦး မြေပုံရှိရာ ဖေးဟူတောင်ကို ချီတက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်ထားတာပါ…မြောင်နဲ့ ဟူ ဘယ်လို သေသွားတာလဲ… သူတို့ဆက်ခံသူတွေရောမြေပုံလမ်းစမသိဘူးလား ဒါမှမဟုတ် ဆက်ခံသူပါ ပျောက်ဆုံးသွားတာလား… ဒါဆို သူတို့ချင်းမသင့်မြတ်ကြရာက သေတာရော ဟုတ်ရဲ့လား… နောက်ပြီးဘာလို့သူရဲကောင်း ၈ ဦးကပဲ ဖေးဟူတောင် သွားခဲ့တာလဲ…ဒီလို စိတ်ဝင်စားစရာကောင်းပြီး နာမည်ကြီးကားကို movie version မှာ ဘယ်လိုပုံဖော်ထားတယ် သိရအောင် အမြန်လေး ဒေါင်းကြည့်လိုက်ကြပါတော့…  Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

The Hidden Fox ( 2022 )

The Phantom of the Open(2022) 7.2
The Phantom of the Open(2022)   ဒီတစ်ခါတော့ ဖြစ်ရပ်မှန်ဂေါက်သီးရိုက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာမာရိစ်ဆိုတဲ့သင်္ဘောကျင်းမှာ ကားမောင်းတဲ့ အဖိုးကြီးတစ်ယောက်က သူတို့အလုပ်ကို နိုင်ငံတော်ပိုင်သိမ်းတော့မှာ ကြိုသိသွားတော့ တခြားအလုပ် တစ်ခုကိုရှာဖွေရင်း ဂေါက်ရိုက်ဖို့ စတင်ကြိုးစားခဲ့တဲ့ သူတစ်ယောက်ပေါ့ဗြိတိသျှအိုင်းပင်းပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးစားရင် အလွဲလွဲဖြစ်ခဲ့တာပေါ့ တကယ့်ကို မကြုံဖူးတဲ့ စံချိန်တွေချိုးခဲ့သူတစ်ယောက်ပါပဲ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကတော့ အဲဒါမဟုတ်ပါဘူး မိဘတစ်ယောက်က သားသမီးတွေကို ဘယ်လောက်တောင် အနစ်နာခံ ပြုစုရလဲ ဆိုတဲ့အကြောင်းလေးကို မီးမောင်းထိုးပြချင်တာပါ ပေါ့ပေါ့ပါးပါးလေးဆိုပေမဲ့ တကယ့်ကိုရင်ထဲခံစားရအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားဆိုတော့ မလွတ်တန်းကို ကြည့်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.83GB)/(876MB)/(406MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Comedy/ Drama / Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield 
movie

The Phantom of the Open(2022)

Thappad (2020) 7.1
Thappad (2020) IMDb (7.1/10) /Rotten Tomatoes 92%Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်းQ - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်းQ - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ...
movie

Thappad (2020)

2020
4K HEVC Web-DL
Vaashi (2022) 6.5
Vaashi (2022) ဒီတစ်ခေါက်မှာလည်း 6.5 ရရှိထားတဲ့ ရှေ့နေကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဗိုင်ရာဗရာကားထဲမှာမာလာဗီဇီအဖြစ်သရုပ်ဆောင်ခဲ့တဲ့တောင်ပိုင်းမင်းသမီးကီရာသီဆူရတ်ရှ်ခေါင်းဆောင်ပါဝင်ထားတာပါ။ဇာတ်လမ်းအကျဉ်း ============ရှေနေအဖြစ် ဥပဒေအဖွဲ့တစ်ခုမှာ အလုပ်လုပ်နေတဲ့ဥပဒေရှေ့ဖတ်စာရေးမလေး မတ်ဒ်ဟာဗီ။သူ့ကိုကျိတ်ပြီးသဘောကျနေတဲ့ရှေ့နေလေး အဘီ။အနေနီးစပ်ရင်း ချစ်သူတွေကတဆင့်လင်မယားတွေဖြစ်သွားချိန် အဘီကလည်းအစိုးရရှေ့နေဖြစ်သွားသလို မတ်ဒ်ဟာဗီလည်းထင်ရှားတဲ့ရှေ့နေတစ်ယောက်ဖြစ်လို့အပ်လာတဲ့အမှုတစ်ခုအတွက်လင်မယားနှစ်ယောက်တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့ဘာတွေဆက်ဖြစ်မယ်ဆိုတာရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါဦး............ File size…1.6GB/ 752MB Quality…1080p True WEB DL AAC5.1CH/ 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Yunni & Go-O & Lai Laii
movie

Vaashi (2022)

2022
Ribbon (2021) 6.3
Ribbon (2021) Ribbon (2021)Screenwriter နဲ့ Directorဖြစ်တဲ့ "Non" ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ 2021ထွက် ဇာတ်ကားကောင်းတစ်ကားပါ။ဂျပန်နိုင်ငံမှာ အနုပညာကျောင်းသားတွေက ဘွဲ့နှင်းသဘင်ရဲ့ ပြပွဲအခမ်းအနားအတွက် ပန်းချီတွေကို တစ်နှစ်ခန့်ကြိုတင်ပြင်ဆင်ရပါတယ်။ မြန်မာကလူတွေ ဘွဲ့ယူမဲ့နေ့အတွက် အားခဲထားကြသလို ပန်းချီကျောင်းသားတွေကလည်း ပြပွဲနေ့အတွက် ကြိုပြင်ဆင်ပြီး ရင်ခုန်ကြရတာပါ။ဒါပေမဲ့ ကိုဗစ်တွေ အရှိန်နဲ့ပြန့်နှံ့နေတဲ့၂၀၂၀မှာ ကျောင်းတွေရုတ်တရက်ပိတ်ချလိုက်ဖို့ ဖြစ်လာတဲ့အခါ ဘွဲ့နှင်းသဘင်လည်းဖျက်သိမ်းလိုက်ရပါတယ်။ ပြပြွအခမ်းအနားလည်းမရှိမရှိတော့ပါဘူး။ ကျောင်းသားတွေလည်း ကိုယ့်ပန်းချီကားကို အိမ်ပြန်ယူတဲ့သူကယူ၊ဖြဲပစ်တဲ့သူကဖြဲပစ်နဲ့ ဖြစ်ကုန်ကြပါတယ်။"အိဆွတ်က"ဆိုတဲ့ အနုပညာကျောင်းသူလည်း ကျွန်မတို့လိုပါပဲ။ ကိုဗစ်ကာလမှာ စာလည်းမသင်ရဘဲ အချိန်တွေပိုနေပေမဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတာပါ။ ဒီလိုမျိုူ လမ်းပျောက်နေတုန်းမှာ အမေက လာလည်ရင်းနဲ့ သူ့ပန်းချီကားကိုအမှိုက်ထင်ပြီး လွှင့်ပစ်လိုက်ပါတယ်။ သူ့မိဘနဲ့ ညီမလေးကလည်း ကိုဗစ်ကိုအကြောက်လွန်နေတာကိုတွေ့ရပြီး သူငယ်ချင်းဖြစ်သူကပါ စိတ်ဓာတ်ကျတဲ့ပုံဖြစ်လာတဲ့အခါ ရောဂါတွေ၊စိတ်ဖိစီးမှုတွေနဲ့ ကိုယ့်ဖြစ်တည်မှုကို ခဏတာပျောက်ရှသွားတဲ့သူမက ဒီကာလကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ရိုက်ကူးထားတဲ့ရုပ်ရှင်ကား ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Ingyin San ပါ ...
movie

Ribbon (2021)

Maamanithan (2022) 7.3
Maamanithan (2022) ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီးတောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်းအသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင်စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကိုတည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကိုတွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့်သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲလောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ?သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား?သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ?အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်းကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…1.93GB / 800MB Quality…1080p WEB DL AAC5.1H / 720p Format…mp4 Duration….2h 2mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa & HM
movie

Maamanithan (2022)

2022
Contraband (2012) 6.4
Contraband (2012) Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie

Contraband (2012)

2012