Channel Myanmar

Drama

Bad Blood (2023) 6.1
Bad Blood (2023)  ဒီတစ်ခါတော့ ဗီယက်နမ်အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုကြည့်ရဦးမှာပါ....။ဗီယက်နမ်မင်းသား Kieu Minh Tuanဟာ အက်ရှင်ကားတွေရိုက်နေကျမင်းသားမို့ မာန်ပါပါအက်ရှင်ခန်းတွေမြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့ လမ်ဟာ နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့မိသားစုတစ်စုလုံး ပြိုင်ဘက်မာဖီးယားဂိုဏ်းကသတ်ဖြတ်တာကိုခံလိုက်ရတာပါ....။မိသားစုအတွက်‌ ဒေါသပုန်ထနေတဲ့ လမ်ဟာ ပြိုင်ဘက်ဂိုဏ်းတစ်ခုလုံးကိုအများနဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်ချေမှုန်းခဲ့ပြီး အာဏာပိုင်တွေလက်ကလွတ်အောင်ထွက်ပြေးခဲ့ရပါတယ်...အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေက အနားယူပြီး အေးအေးလူလူဇာတ်မြှုပ်နေဖို့သာစိတ်ကူးခဲ့ပါတော့တယ်....ဘာလို့ဆို သူပိုပြီးသတ်ဖြတ်လေလေ သူ့ဘေးက ချစ်ရတဲ့လူတွေ ပိုပြီးသေဆုံးလေလေမလို့ပါ...။ဒီလိုနဲ့ လမ်ဟာ လူမိုက်ကြီးဘဝကနေအနားယူကာ တောက်တိုမယ်ရအလုပ်ကြမ်းသမားဘဝကို‌ကူးပြောင်းခဲ့ပြီး...လူမသိသူမသိကျုးရပ်ကွက်လေးမှာပဲ ဇနီးအသစ်လေးရယ်၊ သမီးလေးရယ်နဲ့ဘဝအသစ်ကို ခြစ်ခြစ်ကုတ်ကုတ်သာနေထိုင်ခဲ့ရှာပါတယ်...ဒါပေမဲ့ ကံကြမ္မာက သူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး...။ဘဝကိုဒီလိုဇာတ်မြှုပ်နေခဲ့ရင်းက သူသိပ်ချစ်ရတဲ့သမီးလေးကို လူဆိုးဂိုဏ်းတစ်ခုကဖမ်းခေါ်သွားတဲ့အခါမှာတော့...လူမိုက်ဟောင်းကြီးတစ်ယောက်ရဲ့ သမီးပျောက်ရှာပုံတော်ဇာတ်လမ်းလေးကိုအက်ရှင်ခန်းတွေ၊ဒရမ်မာခန်းတွေနဲ့မြင်တွေ့ရမယ့်ကားလေးပါပဲ...။  File size…1.56GB / 780MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Action , Family , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Bad Blood (2023)

Killers of the Flower Moon (2023) 8.0
Killers of the Flower Moon (2023) Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie

Killers of the Flower Moon (2023)

2023
4K HEVCHDR
Rapture (2023) 8.5
Rapture (2023) Rimdogittanga (2023) IMDb-8.5/10နှစ်စဉ်အချိန်အခါတစ်ခုရောက်တိုင်း ညဘက်တွေမှာ ရှားပါးတဲ့ပုစင်းရင်းကွဲတမျိုး ထွက်ပေါ်လာတတ်တာကြောင့် ရွာသူရွာသားတွေက မီးတုတ်တွေနဲ့ရှာကြတာပေါ့။ဖမ်းလို့ရလာတဲ့အကောင်တွေကို အချဉ်တည်ကြ ကြော်စားကြနဲ့ စားစရာအလို့ငှာ ရှာကြတာပါ။တစ်ညမှာတော့ ဆယ့်ကိုးနှစ်အရွယ်ကောင်လေးတစ်ယောက် တောထဲမှာ ပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ သဲလွန်စဆိုလို့ သစ်ပင်ပေါ်မှာတင်နေတဲ့ အင်္ကျီလေးကလွဲရင် ဘာမှထပ်မသိရပါဘူး။ ဒီလိုပဲ ဘေးပတ်ဝန်းကျင်ရွာတွေမှာလည်း ညဘက်ဆိုလူစိမ်းတွေရွာထဲဝင်လာပြီးလူတွေဖမ်းတာမျိုး ဖမ်းသွားတဲ့လူတွေကို ဆေးရုံကြီးတွေပို့ပြီး ကိုယ်တွင်းအင်္ဂါတွေထုတ်တာမျိုး စတဲ့ ကောလဟလတွေ ပြန့်နေပါတယ်။ဒီလိုနဲ့ ညဘက်တွေဆို ရွာထဲမှာ ကင်းလှည့်ရပါတော့တယ်။ ဒီကြားထဲမှာ ဘုရားကျောင်းက ထုတ်ပြန်ထားတဲ့သတင်းစကားကလည်း အံ့ဖွယ်မယ်တော်မယ်ရီရုပ်တု ကြွချီလာခြင်းနဲ့အတူ ရက်ပေါင်းရှစ်ဆယ်တိတိအမှောင်လွှမ်းပါမယ်တဲ့။ထာ၀ရဘုရားမှာယုံကြည်ခြင်း မရှိသူတွေကို သေမင်းတမန်တွေက လာရောက်ခေါ်ဆောင်ပါမယ်တဲ့။ ဒီလိုကြောက်စရာကိစ္စနှစ်ခုကြားမှာ ရွာသူရွာသားတွေက ကြောက်ရွံ့နေကြရပါတော့တယ်။ တစ်ညမှာ သူစိမ်းတစ်ယောက်ကိုဖမ်းမိပြီး ဝိုင်းဝန်းထိုးကြိတ်ကြတဲ့အခါမှာတော့...။ ဖြစ်ပေါ်နေတဲ့ ကိစ္စနှစ်ခုဟာ ဆက်စပ်နေမလား...။ အဖွဲ့အစည်းတစ်ခုခုကပဲ ဒီကိစ္စတွေကိုနောက်ကွယ်က ခြယ်လှယ်နေတာလားဆိုတာ ကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.46GB /  946MB Quality…1080p WEB DL / 720p Format…mp4 Duration….2h ...
movie

Rapture (2023)

The Phantom Lover (1995) 6.6
The Phantom Lover (1995) The Phantom Lover (1995)~ IMDb - 6.6/10, Rotten Tomatoes - 60% ~လတ်စလီချောင်ရဲ့ သမိုင်းတစ်လျှောက်က အရမ်းမခမ်းနားရင်တောင် လတ်စလီချောင်ကားမို့ အလိုလိုခမ်းနားသွားတဲ့ ရုပ်ရှင်တွေထဲကတစ်ကားပေါ့။ ဒါပေမဲ့ The Phantom Lover က တကယ်ဆို တော်တော်ခမ်းနားတဲ့ ကလပ်စစ်ကားဖြစ်သွားသင့်တာကို မဖြစ်သွားခဲ့တာဆိုတော့ နှမြောစရာတော့ကောင်းတယ်။ ဘာလို့ဆို The Phantom Lover ဟာ နာမည်ကျော် The Phantom of the Opera ဝတ္တုကိုပဲ မှီးပြီးရိုက်ခဲ့တာမို့ပါပဲ။ အင်္ဂလိပ်ကားတွေလည်း တစ်သီတစ်သန်းကြီး ထွက်ခဲ့ဖူးတဲ့ ဝတ္တုပေါ့။ The Phantom Lover ဟာတော့ ဒါရိုက်တာလည်းကောင်း သရုပ်ဆောင်တွေလည်းကောင်းပေမဲ့ သရုပ်ဆောင်နှစ်ယောက်ကြားက Chemistry က ပေါ်သင့်သလောက်မပေါ်သွားတာကြောင့် ကလပ်စစ်တန်းဝင်ကားတော့ မဖြစ်သွားခဲ့ဘူး။ ဒီလိုဆိုလို့ ဒါရိုက်တာမကောင်းလို့လားဆိုတော့ မဟုတ်ပြန်ဘူး။ The ...
movie

The Phantom Lover (1995)

1995
The Shepherd (2023) 6.1
The Shepherd (2023)  ဒီကားလေးကတော့ Disneyကထွက်လာတဲ့ ကြာမြင့်ချိန်၃၈မိနစ်သာသာ short filmအမျိုးအစားမူဗီလေးပါ...။Christmasအမီထွက်လာခဲ့တာဖြစ်ပြီး ဗြိတိန်စာရေးဆရာFrederick Forsythရဲ့ ၁၉၇၅ခုနှစ်ထွက် The Shepherdဆိုတဲ့ဝတ္ထုကိုရိုက်ကူးထားတာပါ...။ဒီဝတ္ထုကိုစရေးခဲ့စဥ်က စာရေးဆရာဟာ ဇနီးဖြစ်သူအတွက် Christmas giftအနေနဲ့ Ghost Storyတစ်ပုဒ်လောက်ပေးချင်လို့ရေးသားခဲ့တာပါ....။၁၉၇၄ခုနှစ်ဝန်းကျင်မှာ ဗြိတိန်တော်ဝင်လေတပ်နဲ့ပတ်သက်ပြီး ဆန်းကြယ်တဲ့ပုံပြင်တွေအတော်များများရှိသလို Forsythကိုယ်တိုင်ကလည်း လေယာဥ်မှူးဟောင်းတစ်ယောက်ဖြစ်နေလေတော့...ခရစ်စမတ်အမီအိမ်ပြန်ချိန်မှာ ပင်လယ်ပြင်ကိုတစ်ကိုယ်တော်ဖြတ်ပျံတဲ့လေယာဥ်မှူးအကြောင်း ပုံပြင်လေးရေးသားခဲ့ပါတယ်...။ပုံပြင်လေးကဘယ်လိုလေးဖြစ်မလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်ရှုနိုင်ပါပြီ...။ File size…439MB / 193MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….38m Genre ….. Short , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Shepherd (2023)

The Legend of Detective Sleek Rat 1: The Bloody City (2016) 5.8
The Legend of Detective Sleek Rat 1: The Bloody City (2016) တရုတ်မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့-ရန်ကျုံးခေတ်မှာ မြို့တော်ပြန့်လျန်မှာ တော်ဝင်မျိုးနွယ်မှအစ အမတ်တွေရဲ့ ဇနီးမယားအထိ အကြောင်းရင်းမဲ့စွာ လူဆယ်ယောက်ကျော် အသတ်ခံခဲ့ရပါတယ်။ မြို့တော်မှ တိုင်းသူပြည်သားတွေကလည်း ဒီ ကွင်းဆက်လူသတ်မှုကြောင့် ကြောက်လန့်နေကြရပါတယ်။ ထိုအမှုကို မဖြေရှင်းနိုင်တဲ့အတွက် ပေါင်ချိန်ကို ရာထူးမှထုတ်ပယ်ပြီး ဇာတိပြန်ဖို့ မင်းကြီးက အမိန့်တော်ချခဲ့ပါတယ်။ပိုင်ယွိထန်ဟာ ဇာတိပြန်တဲ့လမ်းမှာ လုပ်ကြံခံရတဲ့ ပေါင်ချိန်ကို ကယ်ခဲ့ပြီး ဒီကိစ္စအကြောင်းကို ကြားသိရပြီး အမှုစုံစမ်းဖို့ မြို့တော်ကို ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ပိုင်ယွိထန်ဟာ လူသတ်အဖွဲ့ ထူလုံအဖွဲ့ခေါင်းဆောင်ချုပ် ချင်ရစ်ကျုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ဒုစရိုက်အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်နေမလဲ...... ဒီအရာတွေကို နောက်ကွယ်က စီစဉ်နေတဲ့လူက ဘယ်သူ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Adventure Runtime : 1h 28 min Subtitle : Myanmar ...
movie

The Legend of Detective Sleek Rat 1: The Bloody City (2016)

Death Stranding ( 2023 ) 6
Death Stranding ( 2023 ) ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဟောင်ကောင်အက်ရှင်ကားဆိုရင် အလင်းနဲ့အမှောင် မြေအောက်ဂိုဏ်းနဲ့ ဥပဒေဘက်တော်သားတွေ အားပြိုင်တဲ့ဇာတ်ကားဆိုတာ မှန်းမိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကျန်းက သူ့ညီမသေဆုံးသွားတာ မတော်တဆမဟုတ်နိုင်ဘူးလို့ မသင်္ကာဖြစ်ပြီး (၂)နှစ်ကြာအောင်စုံစမ်းလာခဲ့ပါတယ်။ သူ့ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းဟာ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတာသိလိုက်ရပြီး အဲဒီကုမ္ပဏီအကြောင်းစုံစမ်းတဲ့အချိန်မှာ ငွေမဲခဝါချမှု မြေအောက်ဂိုဏ်းတွေနဲ့ပူးပေါင်းမှု စတဲ့အမှုတွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ညီမအတွက်လက်စားချေနိုင်ဖို့ ကြိုးစားနေတဲ့......ရဲအရာရှိကျန်း ချစ်သူသေဆုံးရခြင်းအတွက် ပြန်ပေးဆပ်နိုင်ဖို့ကြိုးစားနေတဲ့...... ရဲအရာရှိဟောင်း ဥပဒေအပြင်ဘက်ကလူတစ်ယောက် အလင်းနဲ့အမှောင်နှစ်မျိုးပေါင်းပြီး ဘယ်လိုကြမ်းကြမလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Death Stranding ( 2023 )

Full Moon (2023) 6.1
Full Moon (2023) Full Moon (2023)ခြောက်ခြားပုံပြင်အိပ်ရာဝင်ပုံပြင်တွေဟာ လူတိုင်းရဲ့ငယ်ဘဝကို လှ‌ပစေတဲ့အရာဖြစ်သလို ဘဝရဲ့လက်ကျန်သက်တမ်းမှာ စိုးမိုးသွားတဲ့အရာဆိုလည်းမမှားဘူးအိပ်ရာဝင်ပုံပြင်တွေကနေ လူ့ဘဝကြီးမှာ ကျင့်ကြံနေထိုင်သင့် ပြုမူသင့်တဲ့အရာလေးတွေထည့်ပြောရင်းဆုံးမတတ်ကြတယ်ဒီဇာတ်လမ်းကတော့ အထက်ပါအကြောင်းအရာတွေနဲ့ ကွဲလွဲနေတဲ့အိပ်ရာဝင်ပုံပြင်တစ်ပုဒ်နဲ့အစပျိုးတယ် သမီးလေးအတွက် ဖခင်ဖြစ်သူပြောပြတဲ့အိပ်ရာဝင်ပုံပြင်ဟာ ခြောက်ခြားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတယ်မထင်မှတ်ဘဲပြောမိတဲ့ အိပ်ရာဝင်ဇာတ်လမ်းတစ်ပုဒ်ပြောပြရင်း အဲဒီခြောက်ခြားစရာအရာက သူတို့အနားချဉ်းကပ်လာတာကိုသတိမထားမိခဲ့ကြဘူး ဒီမိသားစုကြား ခလောက်ဆန်လာမဲ့ အဲဒီခြောက်ခြားစရာတစ်ခုက.....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2GB / 600MB Quality…1080p WEB DL /720p Format…mp4 Duration….1h 36mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Full Moon (2023)

2023
The Velveteen Rabbit (2023) 6.7
The Velveteen Rabbit (2023) The Velveteen Rabbit (2023) ====================== IMDb Rating - 6.7/10Margery Williams ရဲ့ the Velveteen Rabbit စာအုပ်ကို မှီငြိမ်း ရိုက်ကူးထားတဲ့ ခရစ်စမတ် ဇာတ်လမ်းလှလှလေးတစ်ပုဒ်ဖြစ်ပြီး Toy Story တို့ Enchanted တို့လို vibe မျိုး ပေးမဲ့ ဇာတ်ကွက်မျိုး ဖြစ်ပါတယ်။တစ်ခါသော ခရစ်စမတ်မှာ ဝီလီယံလေးဟာ သူချစ်တဲ့ သူငယ်ချင်း တွေရှိရာ အရပ်ဒေသကနေ အဝေးတစ်နေရာကို ပြောင်းရွှေ့လာခဲ့ရ ပါတယ်။ နေရာသစ်မှာ သူငယ်ချင်းမရဘဲ အဖော်မဲ့နေတဲ့ ဝီလီယံတစ် ယောက် ခရစ်စမတ်မှာ သူ့အတွက် အဖော်မွန်ကောင်း ဖြစ်လာမဲ့ ယုန် ရုပ်လေး တစ်ရုပ်ကို လက်ဆောင်ရလိုက်ပါတယ်။ဒီလိုနဲ့ ယုန်လေးဟာ သူ့ရဲ့ ကစားဖော်၊ စကားပြောဖော်၊ အိပ်ယာဝင် ချိန်ရဲ့ သူငယ်ချင်းအဖော်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အချိန်တွေ ကြာလေ ဒီယုန်ရုပ်လေးနဲ့ ဝီလီယံဟာ ခွဲခွါမရ တစ်သားတည်းဖြစ်လာ ကြတယ်။ စွန့်စားခန်းထွက်ဖော်တွေ ဖြစ်လာကြပါတော့တယ်။ ကလေး တစ်ဦးရဲ့ အထီးကျန်မှုနဲ့ သူချစ်တဲ့ ယုန်ရုပ်လေးတစ်ရုပ်ရဲ့ ...
movie

The Velveteen Rabbit (2023)

2023
Sophie’s Choice (1982) 7.5
Sophie’s Choice (1982)   လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie's Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို ...
movie

Sophie’s Choice (1982)

Ladki: Enter the Girl Dragon (2022) 5
Ladki: Enter the Girl Dragon (2022) Ladki: Enter The Girl Dragon (2022)"အိန္ဒိယဂျက်မ"ဟောင်ကောင်ဂျက်မတွေ ကိုရီးယားဂျက်မတွေ တအားကိုရိုးလွန်းနေပြီဆိုတော့ တမူထူးတဲ့အိန္ဒိယဂျက်မကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Bollywood ကားဆိုပေမဲ့ ချခါနီးမှာ သီချင်းနဲ့ထမကဘဲ အပီအပြင်တကယ်ဖိုက်တာမလို့ female badass ကာရိုက်တာတွေကြိုက်သူတွေအတွက် must tryပါ။ငယ်စဉ်က အစ်မဖြစ်သူမုဒိမ်းကျင့်ခံရတာကို ဘာမှမလုပ်နိုင်ဘဲ ရပ်ကြည့်ရုံသာတတ်နိုင်ခဲ့တဲ့ပူဂျာတစ်‌ယောက် အစ်မဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ချိန်မှာတော့ အကြီးအကျယ်စိတ်ဒဏ်ရာရခဲ့ရတာပေါ့။ စိတ်ရောကိုယ်ပါပြိုလဲနေတဲ့ပူဂျာကို ပြန်လည်ရပ်တည်နိုင်စေတာကတော့ ဘရုစ်လီနဲ့ သူ့ရဲ့အတွေးအမြင်‌ သူ့ရဲ့ဂျီကွမ်ဒိုကိုယ်ခံပညာပါပဲ။ဒီလိုနဲ့ ရုပ်ရှင်ကနေ ဂျီကွမ်ဒိုပညာကို သင်ယူနေတဲ့ပူဂျာတစ်‌ယောက် ဒီပညာကို ကိုယ်တိုင်လက်ထပ်သင်ကြားပေးနေတဲ့နဂါးကိုယ်ခံပညာသင်တန်းကျောင်းရဲ့သတင်းကိုကြားပြီး မြို့တက်လာချိန်မှာတော့ မိန်းကလေးတွေကို ပါးစပ်သရမ်းတတ်တဲ့လူမိုက်တစ်သိုက်နဲ့တွေ့ပါတော့တယ်။ ဒီလူမိုက်တွေကိုဝင်ဟန့်တဲ့သူကတော့ နီးလ်‌ဆိုတဲ့ကိုလူအေးကြီးပေါ့။ဒါပေမဲ့ လူအေးကြီးပီပီ လူမိုက်နဲ့ပြိုင်မဖိုက်နိုင်တော့ ပူဂျာကပဲကယ်တင်ပေးလိုက်ရပြီး ရင်းနှီးသွားကြတဲ့သူတို့နှစ်‌ယောက်ကြားကပတ်သက်မှုနဲ့ ဂျီကွမ်ဒိုပညာရှင်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြား ပူဂျာတစ်ယောက်ဘယ်လိုတွေဆက်လုပ်မလဲ။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရပြီး သူ့ရဲ့အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie

Ladki: Enter the Girl Dragon (2022)

2022
Ketika Berhenti Di Sini (2023) 6.0

Ketika Berhenti Di Sini (2023)

Mariam (2022)
Mariam (2022) Mariam 2022 ( ငွေ )ငွေသာလျှင်ဘုရားတစ်ဆူလိုဖြစ်နေတဲ့ခေတ် မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလို ငွေမရှိရင်စာမေးပွဲတောင်ဖြေလို့မရတော့တဲ့ ကိုဗစ်ကာလကြီးတစ်ခုမှာပေါ့ အိမ်ငှားခကို၄လစာအကြွေးတင်နေပြီးတော့ဖုန်းရှိမှကလေးတွေက အွန်လိုင်းစာမေးပွဲဖြေလို့ရမယ်ဆိုလို့ အိမ်ငှားခကအရေးကြီးလား ဖုန်းကအရေးကြီးလားဆိုတာခေါင်းချင်းဆိုင်ဆွေးနွေးရတဲ့မိဘ၂ပါး အဆင်မပြေလွန်းလို့ အငှားကိုယ်ဝန်ဆောင်အလုပ်ပါလုပ်ခဲ့ရပြီး ဗိုက်တစ်လုံးနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်းသန့်ရှင်းရေးလုပ်ရတဲ့မာရီရမ့်ဘဝကပျော်စရာတော့မကောင်းခဲ့ဒီကြားထဲကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ မွေးခါနီးနောက်ဆုံးအပတ်မှာမှ အငှားကိုယ်ဝန်ဆောင်ခိုင်းတဲ့လူက အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားလေတော့ ..လောကဓံတရားရဲ့ ရက်စက်လွန်းလှတဲ့ရိုက်ချက်တွေကြား သူတို့ဘယ်လိုတွေရုန်းကန်ကြမလဲ သားသမီးအတွက်ဆိုအရာရာဖြည့်ဆည်းပေးချင်တဲ့မိဘတွေရဲ့စိတ်ဆန္ဒတွေကို ရှုစားလိုက်ကြပါဦး( အညွှန်းကိုတော့ Yunni မှ ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.4GB / 623MB Quality…1080p WEB DL /720p Format…mp4 Duration….1h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Mariam (2022)

2022
Noodles (2023) 6.9
Noodles (2023) Noodles (2023)သပွတ်အူIMDb-7.7/10Thrillers ကားကောင်းများစွာရေးသား ရိုက်ကူးဖူးတဲ့ Madhan Dhakshinamoorthy ရိုက်ကူးထားတဲ့ Family Thriller ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ပိတ်ရက်ညတစ်ည မိသားစုဝင် သူငယ်ချင်းတွေအိမ်နီးနားချင်းတွေ အတူစုပြီး နာမည်ဖွက်ဂိမ်းအပျော်တမ်းကစားနေကြချိန် ညကြီးသန်းခေါင်ဆူညံပွက်လောရိုက်နေတာပေါ့ ဒါကို လာသတိပေးတဲ့ရဲအရာရှိ ရဲအရာရှိရဲ့ မချေမငံပြောဆိုမှုတွေကြောင့် အစကရိုကျိုးနေကြတဲ့မိသားစုဝင်တွေက ပြန်ရန်တွေ့ကြနဲ့ အချေအတင်တွေဖြစ်လာကြတယ်အဲဒီနောက်မှာတော့ သူတို့စတိုးဆိုင်ကို ဝင်‌‌ရောက်စီးနင်းလာသူတွေရှိခဲ့ပြီး မတော်တဆဖြစ်ရပ်ကြောင့်နဲ့ စီးနင်းဝင် ရောက်လာသူထဲကတစ်ယောက် သေဆုံးသွားတဲ့‌‌နောက်မှာတော့ သူငယ်ချင်းဖြစ်သူမိတ်ဆက်ပေးတဲ့ရှေ့နေနဲ့အတူ ဒီကိစ္စကိုဘယ်လို တွေလက်စဖျောက်ပြီး ရှင်းထုတ်ကြမလဲ ......မကျေမနပ်ပြန်သွားရတဲ့ ရဲအရာရှိနဲ့ရော ဘယ်လိုဇယားတွေ ကပ်လာဦးမလဲ ဆိုတာတွေကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni ~ Alex ~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB / 600MB Quality…1080p ...
movie

Noodles (2023)

2023
Rockstar (2011) 7.7
Rockstar (2011) [ IMDB - 7.7 /10 ]Bollywood ရဲ့ လူငယ်မင်းသားတွေအကြောင်း ပြော ကြကြေးဆိုရင် Ranbir Kapoor မပါရင်ပြီးပြည့်စုံမှုရှိမှာ မဟုတ်ပါဘူး။သူ့ဇာတ်ကား အများစုဟာ အလွမ်းအဆွေးဆောင်ပြီး မျက်ရည်ချူဖို့ များခဲ့ပါတယ်။ ဒီတစ်ချက်က ကျွန်တော်မနှစ်သက်တဲ့ အချက်ဖြစ်ပြီး သူ့ သရုပ်ဆောင်စရိုက် ပိုင်နိုင်မှုကိုတော့ Roctstar (2011) နဲ့ Sanju (2018) ဇာတ်ကားတွေမှာ ကြွေခဲ့ရပြန်ပါတယ်။အစကတော့ Rock သီချင်းတွေနဲ့ မနီးစပ်တာ တကြောင်း Drama ဆန်တဲ့ ဇာတ်လမ်းဖြစ်သည်က တကြောင်းကြောင့် မရေးချင်ခဲ့ပါဘူး ။ ကိုယ့်အရေးအသားမပြည့်စုံမှုက ဒီဇာတ်ကားကို စိတ်ဝင်စားမှု နည်းလာမှာလည်း မဖြစ်စေချင်ခဲ့ဘူး။ဒီဇာတ်ကားဟာ အသွင်အပြင် ခမ်းနားစွာနဲ့ Rock စရိုက်ပီပြင်တယ်။ အဝတ်အစား ဝတ်ဆင်မှုက Ranbir နဲ့ စောက်ရမ်းလန်းနေတယ်။ ခေတ်စကားအရ ဂေါ်တယ် ပေါ့။ ဂီတာတစ်ဖက် နဲ့ ...
movie

Rockstar (2011)

2011
Island of Fire – The Prisoner (1990)
Island of Fire – The Prisoner (1990)   ဒီကားလေးကတော့ ဟောင်ကောင်စတားတွေဖြစ်တဲ့ Jackie Chan ရယ် Andy Lau ရယ် Sammo Kam-Bo Hung (ဖက်တီးမင်းသား)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ........ဇာတ်လမ်းလေးထဲမှာတော့ သူတို့တွေဟာ အကြောင်း အမျိုးမျိုးနဲ့ ထောင်ထဲကို ရောက်သွားကြတဲ့သူတွေပါ။ တစ်ယောက်ကို ပြဿနာတစ်ခုကြုံနေကြရတဲ့ သူတွေပေါ့။ ထောင်မှူးနဲ့ ထောင်စောင့်တွေကလည်း ထောင်သားတွေအပေါ် အနိုင်ကျင့်နှိပ်စက်လာဘ်စားနေကြတာပါ.... ဒီလိုနဲ့ ပြဿနာပေါင်းစုံတဲ့ ထောင်ကြီးထဲမှာ ပြဿနာပေါင်းစုံဖြစ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သေမိန့်ပေးခံလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့........ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield
movie

Island of Fire – The Prisoner (1990)

Bicentennial Man (1999) 6.9
Bicentennial Man (1999) Bicentennial Man (1999)ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.9GB, 1.15GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 12Min Genre - Drama, ...
movie

Bicentennial Man (1999)

1999
Matcha & Vanilla (2021) 6.6
Matcha & Vanilla (2021) Matcha & Vanilla (2021)Matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းက ခါးသက်တဲ့အရသာရှိပြီး Vanilla အရသာကတော့ ချိုအီတဲ့ဘက်ကဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ဘက် မလိုက်ဖက်ဘူးလို့ ထင်ရတဲ့အရာနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ နှစ်သက်ဖွယ်ရာ အရသာတစ်ခုထွက်လာသလို ဒီလို ချိုတလှည့် ခါးတလှည့် အရသာကပဲ ဘဝဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရည်ညွှန်းနေသလိုပါပဲ။ယုခိနဲ့ အအိဆိုတဲ့ အမျိုးသမီးနှစ်ယောက်က လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြတာပါ။ ဘဝအမောတွေကို အပြန်အလှန် ဖေးမနိုင်စွမ်းရှိတဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြပြီး အတူနေထိုင်လာကြတာ ခုဆို ၁၀နှစ်တောင် ရှိပါပြီ။ယုခိက ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီးတော့ ပန်းချီကားတွေကို အချိန်ယူပြီး စိတ်နှစ်ရေးဆွဲလေ့ရှိတဲ့သူတစ်ယောက်ပါ။ ယုခိရော အအိရော ၂ယောက်လုံးက ပန်းချီကားတွေကို သူတို့နှစ်ယောက်ရဲ့သားသမီးတွေလို့ မှတ်ယူထားကြတာပါ။ ယုခိက ချောင်းတွေဆက်တိုက်ဆိုးလာလို့ ဆေးစစ်ကြည့်ရင်းနဲ့ ကင်ဆာနောက်ဆုံးအဆင့် ရှိနေတာကို သိလိုက်ရပါတယ်။ရှေးရိုးစွဲအတွေးအခေါ်ရှိသူတွေ အများအပြားရှိနေတဲ့ဂျပန်မှာ လိင်တူစုံတွဲအတွက် သာမန်အခြေအနေမှာတောင် ...
movie

Matcha & Vanilla (2021)

2021
Notorious (2009)
Notorious (2009) နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil' ...
movie

Notorious (2009)

Good Wife’s Guide to Murder (2023)
Good Wife’s Guide to Murder (2023)  ဒီဇာတ်လမ်းလေးက Thriller Drama အမျိုးအစားဖြစ်ပါတယ်။ကိုယ့်ယောကျာ်းကိုပြန်သတ်တဲ့အမှုကိုကျူးလွန်တဲ့ ဖြစ်ရပ်မှန်ရာဇဝတ်မှုတွေအကြောင်း အသံလွှင့်အစီအစဥ်ထုတ်လွှင်တဲ့ ကိတ်ဟာ တနေ့မှာတော့ သူကိုယ်တိုင်ရဲ့ခင်ပွန်းဖြစ်သူအသတ်ခံလိုက်ရပါတယ်။ အဲ့ဒါပြီးတော့ သူမရဲ့အသံလွှင့်အစီအစဥ်ကြောင့် လူသတ်မှုသံသယရှိသူအဖြစ်စွပ်စွဲခံရပါတော့တယ်။ သူအပြစ်မရှိကြောင်းကို ကိတ်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ တကယ့်တရားခံကရောဘယ်သူလဲ လူသတ်ပြီးရင်လိုက်နာရမယ့်စည်းမျဥ်း ၁၀ ချက်နဲ့အတူ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်အဖြေရှာလိုက်ကြပါ။ File size…(644 MB) Quality…. 720p Format…mp4 Duration….01:24:00 Genre...Drama, Thriller, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Good Wife’s Guide to Murder (2023)