Channel Myanmar

Drama

First Knight (1995) 6
First Knight (1995) First Knight (1995)ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s' တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး "Sean Connery" ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် ...
movie

First Knight (1995)

1995
Imprisoned Ⅱ : There is No Escape from Fate ( 2023 ) 5.9
Imprisoned Ⅱ : There is No Escape from Fate ( 2023 ) ဒီကားလေးကတော့ ၂၀၂၃မှာထွက်တဲ့ Imprisoned ဒုတိယကားဖြစ်ပြီးတော့ ဒီကားမှာ ဝူကျိုင်နဲ့ စီးထူးတို့ပြန်ပါလာပေမယ့် အရင်ကားရဲ့ဇာတ်လမ်းနဲ့တော့ဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ ဝူကျိုင်တို့အကျဉ်းထောင်လူထူးလူဆန်းတစ်ယောက်လာခဲ့တယ်။ ဒီလူဟာသူ့ရဲ့အတွင်းရေးမှူးကိုသတ်တယ်ဆိုပြီး ထောင်တစ်သက်တစ်ကျွန်း ကျထားတဲ့သူတစ်ယောက်ဖြစ်တယ်။ သူကဘယ်လိုထူးဆန်းတာလဲဆိုတော့ နိုင်ငံခြားမှာအမှုဖြစ်ပြီး ထောင်ကျတာဖြစ်လို့ သူ့အမှုကိုသူပြန်ပြီး အယူခံဝင်နိုင်ဖို့ ဘာသာစကားကစပြီး ဥပဒေပညာအထိထောင်ထဲမှာလေ့လာခဲ့တယ်။သူအယူခံဝင်နိုင်ဖို့လျှောက်ထားချက်ကို တရားရုံးကလက်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်သေအသစ်ထုတ်ပြနိုင်တာမျိုးမရှိတဲ့အတွက် တရားရုံးကပြန်ပယ်ချလိုက်တဲ့အခါမှာတော့ ဝူကျိုင်၊ စီးထူတို့နဲ့အတူထောင်ဖောက်ပြီးထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဉာဏ်ကြီးရှင်တစ်ယောက်ထောင်ဘယ်လိုဖောက်မလဲဆိုတာ လုံးဝမထင်မှတ်ထားတဲ့အကွက်တွေနဲ့ လုပ်ပြသွားတာမလို့ တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Imprisoned Ⅱ : There is No Escape from Fate ( 2023 )

Imprisoned: Survival Guide for Rich and Prodigal ( 2015 ) 5.9
Imprisoned: Survival Guide for Rich and Prodigal ( 2015 ) ယွီရစ်ချန်ဟာ ပတ်ဝန်းကျင်မှာ ကားကောင်းတွေ မိန်းမလှတွေနဲ့ ဝန်းရံခံထားရတဲ့ သူဌေးသားတစ်ယောက်ဖြစ်ပါတယ်။ အရက်မူးချိန် ကားမောင်းပြီး အဘွားအိုတစ်ယောက်ကို တိုက်မိသွားတဲ့အတွက် ထောင်ဒဏ် ၁ နှစ်ခွဲ ကျခဲ့ရပါတယ်။ထောင်ထဲရောက်သွားမှ ထောင်ထဲက ကမ္ဘာက အပြင်ကမ္ဘာနဲ့ တခြားစီ ဖြစ်နေတာကို သိခဲ့ရပါတယ်။ ဒါပေမဲ့ ထောင်ထဲက စည်းမျဉ်းတွေကို သိရင် အေးချမ်းစွာဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ယွီရစ်ချန်က သူ့ရဲ့ သူဌေးသားအမြင်နဲ့ ငွေအင်အားတွေကို အသုံးချပြီး ထောင်ထဲက ဘဝအရည်အသွေးကို မြင့်တင်ခဲ့ပါတယ်။သူ့ရဲ့ ရန်သူ အားကျီးက သူနဲ့ထောင်တစ်ခုတည်းကို ရောက်လာခဲ့တဲ့ အခါမှာတော့ အရာရာတိုင်းကို ငွေနဲ့ ဖြေရှင်းနိုင်ပြီး ဘဝကို ပေါ့ပျက်ပျက် ဖျက်သန်းနေခဲ့တဲ့ သူဌေးသားတစ်ယောက်ဟာ ထောင်ထဲမှာ ဘယ်လိုလူတွေနဲ့ ကြုံတွေ့ရပြီး ဘဝအပေါ် အမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်လက် ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 1h 48 min Subtitle ...
movie

Imprisoned: Survival Guide for Rich and Prodigal ( 2015 )

Reporting for Christmas (2023) 5.8
Reporting for Christmas (2023)  ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ ...
movie

Reporting for Christmas (2023)

Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Rise of the Planet of the Apes (2011) 7.6
Rise of the Planet of the Apes (2011) RT 82% နဲ့ IMDb 7.6 ရထားတဲ့ ကြည့်လို့မရိုးနိုင်တဲ့ ဇာတ်ကားဟောင်းလေးကို CM ကနေပြန်တင်ဆက်ပေးလိုက်ပါတယ်။ Andy Serkis နဲ့ James Franco တို့ အဓိကပါဝင် သရုပ်ဆောင်ထားပြီးဒါရိုက်တာ Rupert Wyatt ရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ် အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဲလ်ဇိုင်းမားရောဂါကိုကုသနိုင်မယ့် ဆေးသစ်တစ်ခုကို ထုတ်ဖို့ စမ်းသပ်ရင်းကနေဉာဏ်ရည် အလွန်မြင့်တဲ့ ချင်ပန်ဇီတစ်ကောင် မွေးဖွားလာပါတယ်။လူသားတစ်ယောက်လို တွေးနိုင်၊ လုပ်ကိုင်နိုင်တဲ့ ဒီချင်ပန်ဇီဟာအကြောင်းမလှစွာဘဲ လူသားတွေရဲ့ ရက်စက်တာကို ခံခဲ့ရတဲ့နောက်မျောက်ဝံတွေ အားလုံးကို စုစည်းပြီးလွတ်မြောက်ရာကို ထွက်ပြေးနိုင်ဖို့ပုန်ကန်လာပါတော့တယ်။ File size…   6.3 GB / 1.7 GB /  935MB Quality… BluRay 4K /  1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar ...
movie

Rise of the Planet of the Apes (2011)

2011
4K HEVC
War for the Planet of the Apes (2017) 7.4
War for the Planet of the Apes (2017) War for the Planet of the Apes (2017) IMDb - 7.4/10_____Rotten - 94%   အမေရိ ကန်စိတ်ကူးယဉ်သိပ္ပံဇာတ်ကား ဖြစ်တဲ့ War for the Planet of the Apes ဆိုတဲ့ ဇာတ်ကားလေးအ ကြောင်း ပြောပြပါရစေ။ ရုပ်ရှင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူး တဲ့ သုံးသပ်ချက်တွေ ရထားတဲ့ ဒါရိုက်တာမက်ရိဗ်စ်ရဲ့လက်ရာ ဇာတ်ကားလေးကို ၂၀ ရာစုမြေ ခွေးရုပ်ရှင် ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတာပါ။ဒီတစ်ခါ ဇာတ်လမ်းကတော့ နာမည်ကြည့်လိုက်တာနဲ့ စစ်ပွဲလို့ သုံးထားတဲ့အတွက် လူသားတစ် ယောက်လို အိုင်ကျူမြင့်တဲ့ ချင် ပန်ဇီမျောက်ဝံဆီဇာခေါင်းဆောင် တဲ့ မျောက်ဝံတပ်သား အဖွဲ့နဲ့ မျောက်ဝံတွေကို သုတ်သင်ဖြိုခွဲ မယ့် လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲကိုအဓိကဇာတ်အိမ်တည် ထားတာပါ။မျောက်ဝံစစ်တပ်ကို ဖြိုခွင်း ဖို့အတွက် အယ်လ်ဖာ-အိုမီဂါလို့ ခေါ်တဲ့ ...
movie

War for the Planet of the Apes (2017)

2017
4K HEVC
Love Reset(2023) 7.2
Love Reset(2023) Love Reset(2023)*************** Kang Ha Neul နဲ့ Jung So Min တို့ရဲ့အချစ်ဟာသ ရုပ်ရှင် Love Reset/30Days 🔥 Love Reset ရုပ်ရှင်ဟာ Oct 3 ရက်နေ့က စရုံတင်ခဲ့ပြီး 11 ရက်ကြာ Box Office No 1နေရာမှာရှိနေခဲ့ပြီး နောက်မှာတော့ အခုဆိုရင်ကြည့်ရှုသူ 1 millionထိများခဲ့တာအတော်များများသိကြမှာပါ.... ဒီကားကထရေလာမှာပဲ နင်းကန်ရယ်ရမယ်ထင်ထားတာ....ကားထွက်တော့ ထင်ထားတာထက်ပိုရယ်နေရတယ်.... ဇာတ်လမ်းအကျဉ်း....ရှေ့နေစာမေးပွဲဖြေပြီး ဉပဒေလောကထဲတိုးဝင်ဖို့ကြိုးစားနေတဲ့ငမွဲငတေကောင်လေးတစ်ယောက်ရှိတယ်....အခြေခံလူတန်းစားဖြစ်ပြီး ရိုးသားတဲ့သူဟန်ကြောင့်ကံကောင်းထောက်မစွာ ရွှေဇွန်းကိုက်မွေးလာတဲ့ ဘောစိမလေးနဲ့ဖူးစာပါလာတယ်.... အခက်အခဲတွေကြားထဲကမှ သူတို့အိမ်ထောင်ကျခဲ့ကြလေသတည်းပေါ့..ဇာတ်လမ်းက ခုမှစတာ....မင်္ဂလာဆောင်ပြီးကတည်းက ပြဿနာပေါင်းစုံတက်တာ...၂ယောက်လုံးရဲ့အပြုအမူတွေက ဆိုးဝါးစွာထင်းကနဲပေါ်လာသလိုကြီးပြင်းလာတဲ့ပတ်ဝန်းကျင်မတူတော့ သူတို့စရိုက်နဲ့ခံယူချက်တွေကလည်းလုံးဝကွဲပြားနေတယ်...ဒီလိုနဲ့ပဲဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...File size… 2.12GB & 827MB Quality…WEB-DL 720p Format…mp4 Duration….1h 59m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Stary Htet , Phyu Sin ...
movie

Love Reset(2023)

Boys Don’t Cry (1999) 7.5
Boys Don’t Cry (1999)  2000 ခုနှစ်မှာ ဒီဇာတ်ကားနဲ့ပဲ Best Actress အော်စကာဆုရခဲ့ပြီး Best Performance နဲ့ Best Actress ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး Hilary Swank နဲ့ ဇာတ်ကားကောင်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Peter Sarsgaard က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်တီနာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လိင်သတ်မှတ်ဖို့အတွက်ပြဿနာရှိနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော် Operation လုပ်ဖို့ဆရာဝန်တွေနဲ့တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ ယောကျ်ားလေးလိုပဲဝတ်စားပြီး စော်တကာကို ပတ်ကြူနေတာပေါ့ ဒါပေမယ့် အဲဒီလိုလိင်အပြောင်းအလဲတွေကို လက်မခံတဲ့ Falls City ဆိုတဲ့မြို့ကို အမှတ်မထင်ရောက်သွားတာကနေ သူ့ဘဝကြီးတစ်ခုလုံး ဘယ်လိုမျှော်လင့်မထားတဲ့ ကံကြမ္မဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူချစ်မိသွားတဲ့ကောင်မလေးကရော ဘယ်လောက်ထိသူ့ကိုနားလည်ပေးနိုင်မလဲဆိုတာကိုတော့...........LGBT တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ လူတိုင်းလည်းကြည့်သင့်ပြီး ပညာယူသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ (***တကယ်တော့ လူ့ဘဝကြီးကဆန်းကြယ်လွန်းပါတယ်***)ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.9 GB)/(940 Mb) Quality….Webrip 1080p / ...
movie

Boys Don’t Cry (1999)

Dhoomam (2023) 5.6
Dhoomam (2023) Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie

Dhoomam (2023)

2023
Frybread Face and Me (2023) 7.3
Frybread Face and Me (2023) Frybread Face and Me (2023)~ IMDb - 7.3/10, Rotten Tomatoes - 100% ~Coming of Age အမျိုးအစားဆိုတော့ ကလေးတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရ ခဏပေါင်းများစွာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။ တခြား CoA ကားတွေနဲ့မတူဘဲ ပိုထူးတာက ဒီရုပ်ရှင်က အမေရိကန်တိုင်းရင်းသား အင်းဒီယန်းတွေရဲ့ ဓလေ့ကို ထင်ဟပ်စေတာပဲဖြစ်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ ဒါရိုက်တာ ကိုယ်တိုင်ကလည်း အမေရိကန်တိုင်းရင်းသားတစ်ယောက်ပဲ။ ဒီဇာတ်လမ်းကလည်း သူ့ငယ်ဘဝကို သူကိုယ်တိုင် ပြန်ပြောင်းပြောပြနေတာပဲ။မြို့ပေါ်မှာ ကြီးလာတဲ့ကလေးကို အမေရိကန် အနောက်တောင်ဘက်က နာဗာဂျိုတိုင်းရင်းသားမျိုးနွယ်တွေနေတဲ့ဆီက သူ့အဘွားဆီ တစ်နွေပို့ပြီး အဲဒီမှာ ကျင်လည်ခိုင်းရာက အဲဒီကလေးကြုံရတဲ့ မှတ်မိနေတဲ့ အဖြစ်တွေကို ကျွန်တော်တို့ မြင်ရလိမ့်မယ်။ ရုပ်ရှင်တစ်ကားဆိုတာထက် ငယ်သူငယ်ချင်းတစ်ယောက် သူ့ငယ်ဘဝကို ပြန်ပြောင်းပြောပြနေတဲ့ ဖီလင်မျိုးလည်း ...
movie

Frybread Face and Me (2023)

2023
(18+) Mother Theory(2019)
(18+) Mother Theory(2019) Mother Theory -2ကိုရီးယား 18+ကိုမှ Drama လေးတွဲပြီး ဇာတ်လမ်းလေးနဲ့ ကားကောင်းလေးမှ ကြည့်မယ်ဆို ဒီကားလေးညွှန်းချင်ပါတယ် ငယ်ငယ်က တိတ်တခိုးချစ်ရတဲ့ ၃နှစ်ကြီးတဲ့ မမက တစ်ချိန်မှာ ကိုယ့်မိထွေး ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ?မိတဆိုး သူဌေးသားလေး မင်းဂျယ်က စိတ်တိုင်းကျ သုံးဖြုန်းနေပြီး သူ့ jf လေးနဲ့သီချင်းဆိုရင်း လောကစည်းစိမ် ခံစားနေတုန်းမှာ မထင်မှတ်ပဲ အဖေဖြစ်သူက သူငယ်ငယ်ကခိုးချစ်ခဲ့ရတဲ့ အချစ်ဦးကိုမှ နောက်အိမ်ထောင်ပြုမယ်ဆိုပြီး ခေါ်ချလာတဲ့ အခါ ဘယ်လိုတွေ နှစ်ပါးသွားမယ်ဆိုတာကို ဇာတ်လမ်းလေးကြည့်ရင် သိမှာပါဇာတ်လမ်းလေးကလည်းကောင်း ချစ်ပုံချစ်နည်းတွေကလဲ  လေ့လာစရာတွေ တစ်ပုံကြီး ကြည့်ရဦးမယ့် ကားကောင်းလေးပါလို့ ပြောချင်ပါတယ်Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size…1GB / 500MB Quality…1080p WEB DL /720p Format…mp4 Duration….1h12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by ...
movie

(18+) Mother Theory(2019)

2019
Twin Murders: The Silence of the White City (2019) 5.5
Twin Murders: The Silence of the White City (2019)  ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလိုလူသေအလောင်းတွေတွေ့ရှိလာရတယ်။ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ ကအတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက်ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီးလက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက်ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့.....  File size…1.57GB / 754MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Twin Murders: The Silence of the White City (2019)

How to Be Single (2016) 6.1
How to Be Single (2016) အခုလို ၂၁ရာစုမှာ အချစ်စစ်ဆိုတာစပါးပုံထဲအပ်ပျောက်ရှာနေသလိုပါပဲ၊ ဒီလိုခေတ်ထဲမှာအချစ်စစ်ရှာရင်း ကိုယ့်ကိုယ်ကိုယ်မေ့ပျောက်နေမယ့်အစားကိုယ့်ကိုယ်ကိုယ်ချစ်ရင်း ဘဝကို ဘယ်လိုပျော်ရွှင်အောင်နေကြမလဲ? ဒီဇာတ်ကားက ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb မှာ rating 6.1 နဲ့ Rotten Tomatoes မှာrating 46% ရရှိထားပါတယ်။ Fifty Shapes of Gray မင်းသမီး Dakota Johnson နဲ့Funny People, The Bling Ringတို့လိုဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီးRio, The Simpsons တို့လို ကာတွန်းကားတွေမှာ အသံသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့Leslie Mann အပြင် Night at the Museum တို့လို့ဇာတ်ကားမျိုးမှာပါဝင်ခဲ့တဲ့ Rebel Wilson တို့လိုသရုပ်ဆောင်မင်းသမီးတွေပါတယ်ဆိုတော့ကြည့်လို့ပျော်မှာ အသေအချာပါပဲဗျာ။ ဒီကားလေးက လူငယ်တွေရဲ့ အချစ်ရေးအချစ်ရာအကြောင်းတွေကိုဟာသလေးနှောပြီး ပေးချင်တဲ့မက်ဆေ့ခ်ျကို ထိထိမိမိရိုက်ပြထားတာဖြစ်လို့ သေချာပေါက် ကြည့်ကိုကြည့်သင့်ပါတယ်။ အဲလစ်နဲ့ ဂျော့ရှ်က မြင်မြင်ချင်းမှာပဲချစ်မိသွားကြပြီးအတူတူနေလာခဲ့တာ လေးနှစ်ရှိသွားပါပြီ။ လေးနှစ်ကြာ ဆက်ဆံရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်အဲလစ်တစ်ယောက် သူ့ကိုယ်ပိုင်ဘဝကိုပြန်ရှာချင်တာရယ်သူ့လက်ကျန်တစ်ဘဝလုံး ဂျော့ရှ်နဲ့ပဲ ...
movie

How to Be Single (2016)

2016
4K HEVC
The X-Treme Riders (2023)
The X-Treme Riders (2023) The X-Treme Riders (2023)အသစ်ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Fun နဲ့ Kla ရဲ့ အဖေက လက်ဝှေ့အားကစားရုံပိုင်ရှင်ဖြစ်ပြီးတော့ သားဖြစ်သူ Kla ကို လက်ဝှေ့အမွေ ပေးချင်နေတဲ့သူပါ။အဖေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာ သမီးဖြစ်တဲ့ Fun ကပဲ လက်ဝှေ့ရုံကို အမွေဆက်ခံပြီးတော့ သားဖြစ်တဲ့ Kla ကတော့ အိမ်ကနေထွက်သွားပြီး မူးယစ်ဆေးရောင်းဝယ်ရေးလုပ်တဲ့ ပြိုင်ကားမောင်းတဲ့အဖွဲ့ထဲ ဝင်သွားပါတယ်။ တစ်နေ့မှာ အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်ပြီး နှလုံးအစားထိုးကုသဖို့ ငွေအများကြီးလိုလာတဲ့အခါ Fun က MMA ချန်ပီယံတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုကြေးဘတ်တစ်သန်းရအောင် ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း မူယစ်ဆေးရောင်းဝယ်တဲ့ အဖွဲ့တွေက လက်ဝှေ့ပွဲအကြောင်းပြပြီး မူးယစ်ဆေးသယ်ပို့ဖို့ လုပ်ကြတဲ့အခါ မောင်နှမနှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါစို့။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p File size… 1.4GB ...
movie

The X-Treme Riders (2023)

Senzano Savana (2023)
Senzano Savana (2023) Senzano Savana (2021)ဒီတစ်ခါမှာတော့ Crime, Drama အမျိုးအစား အင်ဒိုနီးရှားဇာတ်ကားလေးတစ်ကား တင်ဆက်ပေးပါ့မယ်။ Senzano က ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာ မိခင်နဲ့အတူတူ ကမ်းခြေမှာ အခြေချနေထိုင်ပြီး ကြေးစားအလုပ်ကို ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ထားပါတယ်။သူက ကြေးစားဘဝမှာ ကျင်လည်နေပေမယ့် သူ့ရည်းစားဟောင်း Savana ကို စိတ်ထဲမှာ အမြဲရှိနေပြီးတော့ တစ်နေ့ သူတို့ပြန်တွေ့တဲ့အချိန်မှာ Savana က သားလေးတစ်ယောက်နဲ့ Single Mother ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ Senzano ရဲ့ သူဌေးက နောက်ဆုံးအလုပ်အနေနဲ့ ပိုက်ဆံနှစ်ဆပေးပြီး လူတစ်ယောက်ကို သတ်ပေးဖို့ပြောတဲ့အခါမှာ သတ်ပေးရမယ့်သူက သူ့ရည်းစားဟောင်း Savana ဖြစ်နေတာကို သိလိုက်ရပါတယ်။ သံယောဇဉ်လက်ကျန်တွေရှိနေတဲ့ ရည်းစားဟောင်းနှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ရအောင်ပါ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama Quality…. 1080p | 720p File size… 748MB | 310MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar ...
movie

Senzano Savana (2023)

Sometimes They Come Back (1991) 5.7
Sometimes They Come Back (1991) Sometimes They Come Back (1991) ==========================အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King's Cat's Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ '90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Sometimes They Come Back (1991)

1991
Suffragette (2015) 6.9
Suffragette (2015)   ဒီတစ်ခါမှာတော့ အမျိုးသမီးတွေမဲပေးခွင့်ရရေးအတွက် လှုပ်ရှားမှုတွေအကြောင်းရိုက်ကူးထားတဲ့ Suffragette ဆိုတဲ့ကားလေးကိုတင်ဆက်ပေးချင်ပါတယ်အရင်ဆုံးအနေနဲ့ ဒီဇာတ်ကားလေးထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Alice in Wonderland live action ကားတွေနဲ့ Harry Potter ထဲမှာ သရုပ်ဆောင်ထားတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး Helena Bohman Carter နဲ့ The Great Gatsby ထဲက မင်းသမီး Carey Mulligan တို့လို ဒိတ်ဒိတ်ကြဲသရုပ်တွေပါဝင်ထားပါတယ် နောက်ပြီး The Iron lady ရဲ့စာရေးသူ Abi Morgan ရေးသားတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာပါဇာတ်လမ်းအကျဥ်းကတော့ ဗြိတိန်မှာ 1912 ကာလတွေတုန်းက အမျိုးသမီးတွေကို မဲပေးခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတဲ့အချိန်ပါ မော့ဒ်ဝက်ထ်စ်ဆိုတဲ့ သာမန်ခဝါသည်အမျိုးသမီးလေးဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဗွိုင်းအိုလက်ဆိုတဲ့အမျိုးသမီးနဲ့ စကားဆုံမိကြရာကနေ အမှတ်မထင်ပဲ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရရှိရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်မိပါတော့တယ်အဲဒီလိုပါဝင်မိရင်း အဖမ်းခံ အကျဥ်းချခံရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့ခံရတဲ့အပြင် ယောက်ျားကိုယ်တိုင်ကပါ ...
movie

Suffragette (2015)