Channel Myanmar

Drama

Blind Willow, Sleeping Woman (2022) 7.1
Blind Willow, Sleeping Woman (2022) Blind Willow, Sleeping Woman (2022)~ IMDb - 7.1/10, Rotten Tomatoes - 78% ~မူရာကာမိရဲ့ စာအုပ်တွေကို ရုပ်ရှင်အဖြစ် အသက်သွင်းလာကြခဲ့တဲ့အထဲ အခုထိတော့ အနုပညာအရ မအောင်မြင်တာ မရှိသလောက်ပါပဲ။ ဒီတစ်ခါလည်း ရိုးရာမပျက်ခဲ့ပါဘူး။ ဒီတစ်ခါရုပ်ရှင်ကိုတော့ Pierre Földes လို့ခေါ်တဲ့ ရုပ်ရှင်တွေမှာ နောက်ခံတေးဂီတတွေ Compose လုပ်တဲ့သူက သူ့ပထမဆုံးကားအနေနဲ့ ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တာပါ။ သူ့ရှေ့က မူရာကာမိစာအုပ်ကို မှီးရိုက်ခဲ့တဲ့ နှစ်ကားလိုပဲ ဝတ္တုတိုတွေကိုပဲ အခြေခံထားတယ်။ ထူးတာက သူက ဝတ္တုတိုစုစည်းမှု စာအုပ်၃အုပ်ကနေမှ ဝတ္တုတို၆ပုဒ်ကို ထုတ်သုံးလိုက်တာပါ။ Blind Willow, Sleeping Woman ရယ်၊ The Elephant Vanishes ရယ်၊ After the Quake ရယ်က ၆ပုဒ်ပြန်ထုတ်သုံးထားတာပါ။ ဒါပေမဲ့ ဒါတွေအားလုံးကို ...
movie

Blind Willow, Sleeping Woman (2022)

2022
Vaan Moondru (2023) 5.7
Vaan Moondru (2023) Vaan Moondru (2023) IMDb-5.7/10တစ်ခါတလေမှာဘဝကို အကောင်းမြင်စိတ်ခွန်အားပေးအရာတွေထက် ခါးသီးတဲ့လက်တွေ့ဖြစ်ရပ်တွေက ပိုအားဖြစ်စေတဲ့အချိန်တွေရှိပါတယ်ချစ်ရတဲ့သူတွေကို ပစ်ခွာသွားကြလို့ သေကြောင်းကြံရင်း ဆေးရုံပေါ်ရောက်ပြီး ရင်းနှီးသွားသူတဲ့သူတွေ အဖေသဘောမတူတဲ့ကြားက ဆက်တွဲရင်းကိုယ်ဝန်ရပြီထင်ရာက ဦးနှောက်အကြိတ်ဖြစ်မှန်းသိလိုက်ရတဲ့သူ ဇနီးခွဲစိတ်ကုသဖို့ သားဆီဆေးရုံစရိတ်တောင်းခံဖို့သွားရာက ပစ်ပစ်ခါခါငြင်းဆိုခံလိုက်ရတဲ့သူဒီလိုကာရိုက်တာမျိုးစုံနဲ့ ခက်ခဲကြတဲ့ဘဝတွေကို ရှုစားရင်းလက်တွေ့ဘဝကို ပိုတန်ဖိုးထားရှင်သန်နိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနှင့်ဘာသာပြန်ကတော့ BpL ~ Zwe ~ V ~ Cherry တို့ပဲဖြစ်ပါတယ်) File size…1.25GB  / 568MB Quality…1080p WEB DL /720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Cherry
movie

Vaan Moondru (2023)

2023
Rebel Without a Cause (1955) 7.6
Rebel Without a Cause (1955) IMDb Rating (7.3) / Rotten Tomatoes (93%)James Dean ကို နှုတ်ခမ်းကြား ဆေးလိပ်ညှပ်ထားတဲ့ ခပ်မိုက်မိုက်ကောင်လေးအဖြစ် ပိုစတာပုံလေးတွေလောက်တော့ မြင်ဖူးကြမှာပါ.... သူဟာ လူငယ်ပရိတ်သတ်တွေရဲ့ Icon အဖြစ် ၁၉၅၅ ခုနှစ်ဝန်းကျင်က ဟောလိဝုဒ်မှာ တဟုန်ထိုးအောင်မြင်ခဲ့ပြီး အသက် ၂၄ နှစ်အရွယ်မှာပဲ ယာဉ်မတော်တဆမှုနဲ့သေဆုံးခဲ့ရတဲ့ လူတိုင်းကနှမြောရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်... ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ဘဝသက်တမ်းတိုတိုလေးမှာ ရုပ်ရှင်ကားကြီး ၃ ကားသာ ရိုက်ကူးခဲ့ရပြီး Rebel Without a Cause (1955) ကတော့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်ကား East of Eden (1955) ကိုတော့ တင်ဆက်ပြီးသားဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးဇာတ်ကား Gaint (1956) ကိုတော့ အခွင့်ကြုံရင် တင်ဆက်ပါဦးမယ်။ယခုဇာတ်လမ်းလေးမှာလဲ ဆယ်ကျော်သက် ခေတ်လူငယ်တွေ ကြုံရလေ့ရှိတဲ့ ...
movie

Rebel Without a Cause (1955)

4K HEVCHDR
East of Eden (1955) 7.8
East of Eden (1955) East of Eden (1955)~ IMDb - 7.8/10, Rotten Tomatoes - 86% ~ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ဒုတိယအနေနဲ့ ...
movie

East of Eden (1955)

1955
{21+} Her Name Was Lisa (1979) 5.8
{21+} Her Name Was Lisa (1979) သူ့နာမည်လေးက လီဆာ ငယ်ရွယ်တယ် လှပတယ် နူးညံ့တယ် သူမရဲ့အသားရေနဲ့ ရုပ်ရည်က သူများတွေထက်ထူးခြားနေတယ် သူက အနှိပ်ခန်းမှာ အလုပ်လုပ်တယ် ဖောက်သည်တွေကြားထဲမှာ ရေပန်းအစားဆုံးက လီဆာဒါပေမဲ့သူ့ဘဝ တစ်ဆစ်ချိုးချိန် ရောက်ရှိလာပါတယ် ပေါလ် လို့ခေါ်တဲ့ တက်သစ်စ လူငယ် ဓာတ်ပုံဆရာလေး တယောက်က သူ့ကို ဓာတ်ပုံမော်ဒယ်အဖြစ် ကမ်းလှမ်းခံခဲ့ရပါတယ်လီဆာကို မနာလိုသူတွေရှိနေသလို ကျားချောင်း ချောင်းနေတဲ့ ရန်သူတွေလည်းရှိနေပါတယ် လီဆာရဲ့ အလှပတွေကို ဆင်ဆာမဖြတ်ပဲ ကြွရွ နေတာလေးတွေ အတိုင်းသားပြထားတာဖြစ်လို့ DS fans တွေအတွက် အရောက်ပို့လိုက်ပါတယ် File size…3.84GB / 1.9GB Quality…1080p BluRay / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi
movie

{21+} Her Name Was Lisa (1979)

1979
The Wave (2008) 7.6
The Wave (2008)  2008ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဂျာမန်ဇာတ်ကားက IMDb 7.6/10 နဲ့ Rotten Tomatoes 100% ရထားတာပါ။ Drama/Thriller genreဖြစ်ပြီးတော့ 1981ခုနှစ်က ထွက်ရှိခဲ့တဲ့ Todd Strasserရဲ့ The Wave စာအုပ်ကို မှီငြမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရရင် ဂိုင်နာဗန်ဂါဆိုတဲ့ ဆရာတစ်ယောက်က ကျောင်းသားတွေကို သက်ဦးဆံပိုင် အာဏာရှင်စနစ်ဖြစ်တဲ့ အော်တိုကရေစီစနစ်ကို တစ်ပတ်သင်ပေးဖို့အတွက် တာဝန်ကျပါတယ်။ ကျောင်းသားတွေရဲ့ favourite ဆရာ ဂိုင်နာက ကလေးတွေကို ကိုယ်ပိုင်အော်တိုကရေစီစနစ်တစ်ခုတည်ဆောက်ဖို့တာဝန်ပေးလိုက်တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်က ဂျာမနီမှာ အာဏာရှင်စနစ်ထပ်ပြီးပေါ်ပေါက်လာနိုင်ခြေ ရှိ မရှိစမ်းသပ်တဲ့ experiment တစ်ခုလိုလည်းပြောလို့ရပါတယ်။ ဒီအဖြစ်အပျက်ကလည်း 1969 Palo Alto,California မှာ တကယ်ဖြစ်ပျက်ခဲ့လို့ပါပဲ။ ဒီရုပ်ရှင်ကားရဲ့ messageကတော့ လူတစ်ယောက် သို့မဟုတ် အယူဝါဒတစ်ခုကို မလိုက်နာခင်မှာ သေသေချာချာဆင်ခြင်သုံးသပ်ကြဖို့ ပြောချင်တာပါပဲ။ပြီးတော့ အရှိန်အဝါကြီးတဲ့ ...
movie

The Wave (2008)

The Starling (2021) 6.4
The Starling (2021) The Starling (2021)~ IMDb rating - 6.4/10 ~ရှင်သန်ရတဲ့လူ့ဘဝတလျှောက်မှာ လောကဓံမျိုးစုံနဲ့ကြုံတွေ့ကြရတယ်။ ဒီထဲမှာ ချစ်ရတဲ့သူတွေနဲ့ သေကွဲကွဲရတာလည်းအပါအဝင်ပေါ့။ ဒါပေမဲ့ နာကျင်စရာအဖြစ်အပျက်တွေကိုပဲ ပြန်တွေးပြီး အတိတ်မှာနစ်မျောနေမလား သွားနှင့်သူတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့သတိရရင်း ဘဝကို ရှေ့ဆက်မလားဆိုတာတော့ ရွေးချယ်ခွင့်ရှိပါတယ်။၂၀၂၁ စက်တင်ဘာမှာ Netflix ကထုတ်လွှင့်ခဲ့တဲ့ The Starling ဆိုတဲ့ ရုပ်ရှင်လေးကတော့ ​ကြည့်ရှုသူတွေကို ဘဝနဲ့ပတ်သက်တဲ့ရသတစ်ခုခု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။အရမ်းချစ်ကြတဲ့ဇနီးမောင်နှံဖြစ်တဲ့ ဂျက်နဲ့လီလီဟာ သမီးဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာ ပုံမှန်အတိုင်းပြန်နေနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။ ဇနီးဖြစ်သူလီလီကတော့ ခက်ခက်ခဲခဲနဲ့ပြန်ရပ်တည်လာနိုင်ပေမဲ့ ခင်ပွန်းဖြစ်သူဂျက်ကတော့ စိတ်ကျရောဂါနဲ့ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့ရပါတယ်။ ဒီဆုံးရှူံးမှုကြီးအပြီးမှာ တစ်ယောက်တစ်နေရာစီ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရုန်းကန်ရင်း အချင်းချင်းဝေးကွာလာသလိုဖြစ်ပြီး ကတောက်ကဆတွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံတွေပီပီ လောကဓံကိုဘယ်လိုအနိုင်ယူကြမလဲ။ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ ကိုယ်ချစ်ရတဲ့သူတွေ ချစ်ရတဲ့အရာတွေသာအနားမှာရှိရင် ကြမ်းတမ်းတဲ့လောကကြီးမှာ ရှေ့ဆက်ဖို့ခွန်အားတွေရလာနိုင်တယ်ဆိုတာကို စတားလင်းငှက်ကလေးနဲ့ ပုံဖော်သွားတာပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ...
movie

The Starling (2021)

2021
(18+)Parasite Choon (2021)
(18+)Parasite Choon (2021) (18+)Parasite Choon (2021)ဇာတ်လမ်းဇာတ်ကွက်လေးကောင်းမှ မှောင်ချင်တယ်ဆိုရင် ဒီကားကိုကြည့်ဖို့အကြံပေးပါရစေ Parasite ဇာတ်ကား ကျောရိုးနဲ့ဆင်တူလေး ရိုက်ထားပြီး ဇာတ်လမ်းကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ် အဓိကဇာတ်ကကောင်ကတော့ ကိုယ်တွေမြင်နေကြပွဲတိုင်းကျော် ကိုရီးယား18+ဇာတ်ပေါ့ ဒါပေမယ့် ဒီတစ်ခါဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းတယ်မြင်နေကြ မင်းသားထဲက ပွဲတိုင်းကျော်မင်းသားက ကုမ္ပဏီပိုင်ရှင် သူဌေး တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပြီး အလှတရားတွေနဲ့ပြည့်စုံနေတဲ့ ကောင်မလေးတစ်ယောက်ကသူ့အိမ်မှာကပ်နေချင်လို့ စပွန်ဆာရှာရင်း တမျိုးလုံးတဆွေလုံး အလုပ်ခေါ်ခန့်လိုက်ရတဲ့ဇာတ်ကြောင်းလေးပါ အကြင်နာတွေလဲပေး အလုပ်လည်းပေး နောက်ဆုံး ဘယ်လိုသင်ခန်းစာရမယ်ဆိုတာတော့ ဒီပညာပေးကားလေးကြည့်ရင် ပညာယူလိုက်ကြပါဦး File size…1.4GB / 652MB Quality…1080p  /720p Format…mp4 Duration….1h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by FOX
movie

(18+)Parasite Choon (2021)

2020
Haider (2014) 8.2
Haider (2014) IMDb Rating (8.0) / Rotten Tomatoes (88%)မင်းသား Shahid Kapoor , မင်းသားကြီး Irrfan Khan ,မင်းသမီး Shraddha Kapoor,မင်းသမီးကြီး Tabu တို့နဲ့ ဘောလိဝုဒ်ရဲ့ Rating မြင့် Action,Crime,Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ဒီရုပ်ရှင်ကားက စာရေးဆရာကြီးဝီလီယံရှိတ်စပီးယားရဲ့ "Helmet"ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၉၅ခုနှစ် ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်ဝင်စားစရာအချက်တချက်ပါပဲ။ လူငယ်လေးတစ်ယောက် သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲ အဲဒီကတ်ရှ်မီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။အဲ့ဒီကိုရောက်တဲ့အခါမှာတော့ ဖြစ်စဉ်တွေဟာ သူထင်ထားသလို ရိုးစင်းမနေဘဲ လိုက်လံစုံစမ်းရင်းနဲ့ ဘယ်လိုမြုပ်ကွက်တွေကို ဖော်ထုတ်လိုက်နိုင်မလဲ။ ပျောက်ဆုံးသွားတယ်ဆိုတဲ့ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မလား။ နောက်ကွယ်က ဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာကို ခံစားမှုပြင်းရှရှနဲ့ခံစားကြည့်ရှုရမှာပါ။ဇာတ်လမ်းက အချိုးအကွေ့လေးတွေ စိတ်ဝင်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကို မသိထားဘဲ ကိုယ်တိုင်အပြည့်အဝခံစားကြည့်ရှုမှ ပိုကောင်းပါမယ်။ နိုင်ငံတကာမှာ ဘာကြောင့် Rating မြင့်ပြီး နာမည်ကြီးနေလဲဆိုတာ ခံစားဆုံးဖြတ်ပေးကြပါဦး။(ရုပ်ရှင်အညွှန်းကို ကျော်ဇေလတ်မှ ရေးသားပြီး V & Thaik San မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) File size…(2.6 GB)/ (1.3 GB) Quality….BluRay 1080p HEVC /720p ...
movie

Haider (2014)

2014
1080p HEVC
Men of Deeds (2022) 7.3
Men of Deeds (2022) ဒီတစ်ခါမှာတော့ IMDb 7.3 ထိရရှိထားပြီး Rotten Tomatoes မှာ 100% အပြည့်ရရှိထားတဲ့အပြင် Gopo Awards 6ခုတိတိ ရရှိထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်တဲ့ အီလီဟာ ကျေးလက်ဒေသတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ် သူတို့ရွာမှာ နေထိုင်တဲ့ မြို့တော်ဝန်ဟာဆိုရင် အတော် သဘောကောင်းပြီး အကူအညီလိုသမျှ လူတိုင်းကိုအကူအညီပေးတတ်တဲ့သူတစ်ယောက်ပါ အီလီဟာဆိုရင်တော့ သစ်သီးခြံ‌လေး တစ်ခြံကို ပိုင်ဆိုင်ချင်ပြီး မိသာစုတစ်ခုတည်ထောင်ကာ ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင်ချင်သူတစ်ယောက်ပါ အမှုတွေထက် သူ့ဘဝရှေ့ရေးကိုပဲ ဂရုစိုက်နေတတ်တဲ့ အီလီတစ်ယောက် တစ်ရက်မှာ လူသတ်မှုတစ်ခု ကြုံလာရ‌ပါတော့တယ် အဲ့ဒီလူသတ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေက အီလီရဲ့ ဘဝကို ဘယ်လို သောင်းကျန်းသွားမှာလဲ အမြဲရွာသူရွာသားတွေကို ကူညီတတ်တဲ့ မြို့တော်ဝန်ရဲ့သရုပ်မှန်ကရောဘာလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(922 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Comedy, Drama, ...
movie

Men of Deeds (2022)

[18+] La Maison (2022) 5.7
[18+] La Maison (2022) La Maison (2022)La Maison ခေါ် စံအိမ်တော်လို့ခေါ်တဲ့ ဆောင်ကြာမြိုင်လေးတစ်ခုရဲ့ ဇာတ်လမ်းပါ။အဓိက ဇာတ်ဆောင် မင်းသမီးက စာရေးဆရာ။ သူက သူငယ်ချင်းတစ်ယောက်နဲ့ အလောင်းအစားလုပ်ရင်း ဆောင်ကြာမြိုင်ကို ရောက်သွားတယ်။ ရောက်သွားပြီးတဲ့နောက်မှာ ဆောင်ကြာမြိုင်ကို စိတ်ဝင်စားသွားပြီး ကိုယ်တိုင်အလုပ်လုပ်ရင်း နောက်ရေးမယ့်စာအုပ်အတွက် ကုန်ကြမ်းရှာပါတော့တယ်။စာအုပ်အသစ်မရေးနိုင်သေးလို့ ကြပ်တည်းနေတဲ့အချိန်မှာ ဒီအလုပ်က ငွေရတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ရတာပေါ့။ ဒါပေမဲ့ သူက စာရေးဖို့ ကြိုးစားနေရင်းနဲ့ပဲ ဒီအလုပ်ကို ခင်တွယ်လာတယ်။ ဒီစံအိမ်ကို ခင်တွယ်လာတယ်။ အဲဒီက အမျိုးသမီးလေးတွေကို ခင်တွယ်လာတယ်။ လိင်ကိစ္စကို နဂိုကတည်းက ဝါသနာလို့ လုပ်ဖြစ်တယ်ဆိုပေမဲ့ တကယ်လုပ်ကြည့်တော့မှ ဒီလောကအကြောင်း ဒီလောကကလူတွေအကြောင်း သိလာပြီး ချစ်စိတ်ဝင်သွားတဲ့ အဖြစ်လေးပါ။အက်ရှင်ခန်းတွေမှာတော့ ကွင်းကွင်းကွက်ကွက်ပြမထားပေမဲ့ ဘုရားသခင်ရဲ့ အနုစိတ်ဖန်တီးထားတဲ့ အလှအပတွေကိုတော့ အပြည့်အဝခံစားနိုင်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, ...
movie

[18+] La Maison (2022)

2022
Breakfast at Tiffany’s (1961) 7.6
Breakfast at Tiffany’s (1961) Breakfast at Tiffany's (1961)~ IMDb - 7.6/10, Rotten Tomatoes - 88% ~ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒ‌ရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb - 7.6/10 || Rotten Tomatoes - 88% အသီးသီးရရှိထားပြီး Breakfast at Tiffany's ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်‌ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး ...
movie

Breakfast at Tiffany’s (1961)

1961
Naked Weapon (2002) 5.5
Naked Weapon (2002)  Naked Weapon 2002ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။ သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။ မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။ လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။ မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။ CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene ...
movie

Naked Weapon (2002)

2002
Maaveeran (2023) 7.5
Maaveeran (2023) Maaveeran (2023) IMDb-7.5/10ခဏခဏတောင်းဆိုနေကြတဲ့ Maaveeranဆိုတဲ့ ကြီးမြတ်သောသူရဲကောင်းဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ။ အက်ရှင်မင်းသားချော ရှီဗက်ကာသီကီရန် အဓိကနေရာကပါဝင်ထားပြီး တွဲဖက်သရုပ်ဆောင် ဟာသမင်းသားကြီး ယိုဂီဘာဘူနဲ့အတူ တောင်ပိုင်းစတား မင်းသားကြီးဗီဂျေးစည်သူပတီကနေ နောက်ခံစကားပြောတဲ့သူအနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လိုက်က ဆပ်တရာ။ဆပ်တရာက မထင်မရှားကာတွန်းဆရာ။ဘယ်လောက်ထိမထင်ရှားလဲဆို သတင်းစာတစောင်မှာ ရှဲဒိုးရေးပေးရတာ။(ရှဲဒိုးဆိုတာ သူကသာရေးရတာ နာမည်ခံထားတာကတယောက်။) နောက်ပြီး ငကြောက်။"ရန်လိုလာရင် အရှုံးပေးနှလုံးအေးစေ၏"ဆိုတဲ့စကားကို လက်ကိုင်ထားပြီး ဘာနေနေ "နေပါစေ ထားလိုက်ပါ ပြီးသွားမှာပဲ"ဆိုပြီးနေတဲ့သူ။နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်နိုင်ငံရေးကစားတဲ့လှည့်ကွက်တွေကြောင့်နဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ အိမ်လေးတွေကိုစွန့်ထားခဲ့ရပြီး သူတို့ချပေးတဲ့တိုက်ခန်းမှာသွားနေကြရတယ်။ လက်နဲ့ထိရင်ကြွေဆိုတဲ့အတိုင်း သံတချောင်းရိုက်ရုံနဲ့ နံရံပြိုကျပြီး ဘေးအခန်းနဲ့တသားတည်းဖြစ်မဲ့တိုက်ခန်းမှာနေကြရင်း တနေ့မှာတော့....။ ဇာတ်လိုက်ကျော်ငကြောက်ကြီး ခေါင်းမှာဒဏ်ရာရပြီး သူတို့ရဲ့ကံကြမ္မာတွေဘယ်လိုအလှည့်အပြောင်းဖြစ်သွားမလည်းဆိုတာ ဇာတ်ကွက်ဇာတ်လမ်းခပ်ဆန်းဆန်းနဲ့ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~YH~Zwe~Cherry~Moon~BpLတို့ပဲဖြစ်ပါတယ်) File size…2.8GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~YH~Zwe~Cherry~Moon~BpL
movie

Maaveeran (2023)

2023
The Year of the Dog (2022) 5.8
The Year of the Dog (2022) The Year of the Dog (2023)~ IMDb - 5.8/10, Rotten Tomatoes - 100% ~ဇာတ်လိုက်ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်ရည်တစ်ကာယသမားတစ်ယောက်။ နာတာရှည်ဆေးရုံမှာတင်ထားရတဲ့ သူ့မိခင်ရဲ့ "ရက်၃၀တိတိ အရက်မသောက်ဘဲ နေနိုင်မှ အမေ့ကိုလာတွေ့ပါ" ဆိုတဲ့ စကားအရ အရက်ဖြတ်ဖို့ ကြိုးစားနေတဲ့သူ။ဒီလိုနဲ့ တစ်ရက်မှာ လေလွင့် Husky ခွေးတစ်ကောင်နဲ့ ဆုံပါတယ်။ လေလွင့်လူနဲ့ လေလွင့်ခွေးရဲ့ကြားဆက်ဆံရေးက အစပိုင်းတော့ မရေမရာပါပဲ။မွန်တားနားပြည်နယ်ဟာ စွတ်ဖားခွေးပြိုင်ပွဲတွေနဲ့ပတ်သတ်လို့ နာမည်ကြီးပါတယ်။ ဖြစ်ချင်တော့ ဒီ Husky လေးဟာ စွတ်ဖားခွေးဖြစ်နေနိုင်တယ်ဆိုတဲ့ အတွေးနဲ့ မြို့ထဲက စွတ်ဖားခွေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တခြားစွတ်ဖားခွေးတွေနဲ့ယှဉ်ရင် အရွယ်အစားအရ သေးငယ်လွန်းနေလို့ အထင်မြင်သေးခံရတာတွေနဲ့ စကြုံရပါတယ်။၂ယောက်သားကြား ဆက်နွယ်မှုလေးချိတ်မိသွားပြီးနောက် ကိုယ်စီပန်းတိုင်တွေဆီကို ဘယ်လိုလျှောက်လှမ်းကြမလဲ... ဇာတ်လိုက်ကရော သူ့အမေကို သွားတွေ့နိုင်မှာလား... ဆိုတာ ကြည့်ရှုလိုက်ကြပါဦး။အရင်က ...
movie

The Year of the Dog (2022)

2022
Pardoned by Grace (2023)
Pardoned by Grace (2023) Pardoned By Grace (2023)ဒီကားကတော့ 2023 မှာထွက်ရှိထားပြီး ဖြစ်ရပ်မှန်ကို အ​ခြေခံရိုက်ထားတဲ့ Pardoned By Grace ဆိုတဲ့ ဒရာမာကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~အသက်ကြီးလာတာနဲ့အမျှ ပိုပိုဆိုး ပိုပိုမိုက်လာလို့ အ​ဖေကအစ ဘုရားကို ဆုတောင်းရင် သူ့သားဘယ်​​​တော့မှ အိမ်ပြန်မလာ​ပါ​စေနဲ့လို့ ဆု​တောင်းရ​လောက်​အောင် မိုက်တဲ့ စ​ကော့ ဟိုင်းဘာဂါ...မြို့ကရဲ​တွေကအစ မှတ်မိ​နေရ​လောက်​အောင် ပြစ်မှုတစ်ခုလွတ်တာနဲ့ ​​နောက်ပြစ်မှုတစ်ခုလုပ်ဦးမှာပဲဆိုတဲ့အမြင်နဲ့ အမြဲ​နောက်​ယောင်ခံလိုက်ဖမ်းရ​လောက်​အောင် ဒုစရိုက်မှုမှာနာမည်ကြီးတဲ့စ​ကော့ဟိုင်းဘာဂါ...ပြစ်မှုကျူးလွန်ပြီးတိုင်းလည်း သူလုပ်တဲ့ပြစ်မှုကို ငြင်းဆန်​​​​လေ့မရှိဘဲ တရားရုံးမှာ အပြစ်ရှိ​ကြောင်း အမြဲဝန်ခံတာမို့ ​ရှေ့​နေ​တွေလက်​မမြောက်လိုက်ရတဲ့ စကော့ဟိုင်းဘာဂါ...တစ်​နေ့​ထောင်ကျ​နေတုန်း ဘာသာ​ရေးသမား တစ်​ယောက်နဲ့ စကားစပ်မိရင်း ဘာသာရေးလိုက်စားမိတဲ့အခါ လူ​တွေ အံ့သြ​လောက်​အောင်​ ဘယ်လိုတွေပြောင်းလဲသွားလဲ... လူတစ်​ယောက် ဘယ်​လောက်ထိ​ပြောင်းလဲနိုင်စွမ်းရှိ‌ ကြောင်း... ဆိုတာကို ရိုက်ကူးပြသထားတဲ့ ဖြစ်ရပ်မှန် ဒရာမာကား​လေးတစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 810MB Quality - ...
movie

Pardoned by Grace (2023)

2022
Blood Quantum (2019) 5.6
Blood Quantum (2019) Rotten Tomatoes 90% ရရှိထားတဲ့ ဒီရှပ်ရှင်ဟာဇွန်ဘီအပေါ်ကလေ့ပ်စ်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။အမေရိကားမှာရှိတဲ့ လူနီရိုင်းအပိုင်ဒေသကဖုတ်ကောင်တွေနဲ့ကမ္ဘာပျက်တဲ့အကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာထူးဆန်းစွာနဲ့ပဲလူနီရိုင်း(နေးတစ်အမေရိကန်)တွေဟာ ဇွန်ဘီပိုးကို Immune ဖြစ်နေကြပါတယ်။လူဖြူတွေကသာအကိုက်ခံရရင် ပိုးကူးစပ်ပြီး ဇွန်ဘီတွေအဖြစ်ပြောင်းလဲကြပါတယ်။ဇွန်ဘီရုပ်ရှင်တွေထဲမှာ လူနီရိုင်းဇွန်ဘီကားဆိုတော့ကြည့်ရတာ ထူးထူးခြားခြားလေးဖြစ်နေပါတယ်။လူမှုရေးအရှုပ်ထွေးတွေနဲ့ သေရေးရှင်ရေးကိစ္စတွေဖြစ်နေတာတောင် လူတွေရဲ့အတ္တ၊ မာန၊ဒေါသတွေဟာ ခဝါချနိုင်ဖို့မလွယ်တဲ့အကြောင်းရှင်သန်ဖို့အတွက်ဆိုဘာမဆိုလုပ်မဲ့ သူတွေအကြောင်းစတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းက ကျီးနီ(Red Crow)ကိုယ်ပိုင်ဒေသမှာငါးအသေတစ်ကောင်အသက်ပြန်ရှင်လာတာ၊ခွေးအသေအသက်ပြန်ရှင်လာတာကနေ စပါတယ်။နောက်ပိုင်း လူတွေပါ ပိုးကူးစပ်ပြီးဇယားတွေကပ်ကုန်ကြပါတော့တယ်။ရဲမှူး ထရေဗာတစ်ယောက်ပြဿနာတွေကိုဦးဆောင်ဖြေရှင်းဖို့ဖြစ်လာပြီးခံတပ်တွေ စခန်းတွေဆောက်ကာ အစုဖွဲ့နှင့်ရှင်သန်နေရာမှအပြင်ဘက်မှာ ပိုးထိထားတဲ့ လူဖြူဒုက္ခသည်တွေကိုစခန်းသို့ချွေးမဖြစ်သူ လူဖြူမချာလီခေါ်ဆောင်လာရာမှာဒုက္ခလှလှတွေ့ကြပါတော့တယ်။ဘယ်လိုရှေ့ဆက်ပြီး သတ်ဖြတ်ရှင်သန်ကြမလဲ၊ဘယ်သူတွေက ဘယ်လိုထဖောက်ကြမလဲဆိုတာဇာတ်လမ်းအဆုံးထိကြည့်ရှုခံစားကြည့်ရမှဖြစ်ပါတယ်။ File size…  1.46 GB /  709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Action , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Paing
movie

Blood Quantum (2019)

2019
Hidimbha (2023) 9.2
Hidimbha (2023) Hidimbha 2023 IMDb 9.2/10 Action/Dramaသည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL
movie

Hidimbha (2023)

2023
88 (2022)
88 (2022) 88 (2022)အသားအရောင်ခွဲခြားတာတွေ ကာလကြာရှည် လူမည်းတွေကို ဖိနှိပ်ခဲ့တာတွေ နာဇီလက်သစ်တွေရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတွေ နိုင်ငံရေးအမြင်တွေ အစုံအလင် ပါ၀င်တဲ့ Mystery ရုပ်ရှင်ဖြစ်ပါတယ်။အာဖရိကန်လူမည်း ဖမီဂျက်ဆင်က နိုင်ငံရေးလှုပ်ရှားမှုကော်မတီက ဘဏ္ဍာရေးဒါရိုက်တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ လူမည်းကိုယ်စားလှယ်လောင်း ဟာရိုအနိုင်ရဖို့ ထောက်ပံ့ပေးတဲ့ Super PAC အဖွဲ့မှာအလုပ်လုပ်ပါတယ်။ မထင်မှတ်ဘဲ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်းမှာ အလှူရှင်တွေ လှူထားတဲ့ ဂဏန်းပမာဏတွေကို စစ်ကြည့်မိရာကနေ တစ်ခုခု ထူးခြားတာကို တွေ့လိုက်ရပါတယ်။ ဂဏန်းတွေကို ထပ်ပေါင်းလိုက်ရင် အားလုံးက 88 ရနေတဲ့ Pattern ကို တွေ့တာပါ။ဒီအကြောင်းကို ဘလော့ဂါ သူငယ်ချင်းကို စုံစမ်းခိုင်းရာကနေ သူတို့ Super PAC လာတဲ့ ငွေတွေက ရိုးရိုးအလှူရှင်တွေဆီက မဟုတ်ဘဲ နာဇီလက်သစ်တွေဆီက လာတာ ဖြစ်နေတဲ့အခါ... ဖမီနဲ့ သူ့သူငယ်ချင်းက အသေးစိတ် ဆက်စုံစမ်းရင်း နာဇီတွေရဲ့ Coded Message ...
movie

88 (2022)

2022
Red Sparrow (2018) 6.6
Red Sparrow (2018) Red Sparrow (2018) ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ...
movie

Red Sparrow (2018)

2018
4K HEVC