Channel Myanmar
Family
Hachiko Monogatari (1987)
Hachiko Monogatari (1987) ဟချိကိုရဲ့ဒိုင်ယာရီ ကျွန်တော်မွေးရပ်မြေကအကိတဆိုတဲ့ဂျပန်နိုင်ငံကဒေ သတစ်ခုကပါပဲကျွန်တော့်ကိုမွေးစားဖို့ဆိုပြီးတိုကျိုကလူ တွေဆီပို့လိုက်ကြတယ်ဗျရထားစီးရတယ်ကျွန်တော်ကို လှောင်အိမ်ထဲမှာအစာရယ်ရေရယ်ထည့်ပြီး၂ရက် လောက်ကြာတဲ့ခရီးကိုသူတို့တွေထည့်လိုက်ကြတာပေါ့ ဗျာပင်ပန်းသလားမမေးပါနဲ့ဗျာရာသီဥတုကလည်းအေး ရထားကလည်းဆောင့်လိုက်တာကျွန်တော်သတိတောင် မေ့သွားခဲ့တယ်ဘယ်အချိန်တိုကျိုရောက်လာလဲဆိုတာ တောင်ကျွန်တော်မသိတော့ပါဘူးအို့အို့နဲ့ကျွန်တော့်ကို ခေါ်သံကြားမှကျွန်တော်နိးလာခဲ့တယ်ဆာလည်းအတော်ဆာနေပြီကိုးဗျကျွန်တော့်ရှေ့မှာနွားနို့ပန်ကန်က သောက်ချင်စရာကြီးဗျအာ့နဲ့မစဉ်းစားတော့ပါဘူးဆာဆာနဲ့လွေးလိုက်တာပေါ့ကျွန်တော့်ကိုပြုံးကြည့်နေတဲ့ - [ ] နှုတ်ခမ်းမွေးစစနဲ့လူကြီးတစ်ယောက်သူ့အပြုံးကအေးချမ်းလိုက်တာကျွန်တော်မြင်မြင်ချင်းသိလိုက်ပြီသူကကျွန်တော့်ရဲ့သခင်ပါပဲသူကကျွန်တော့်ကိုဖတ်ထား လိုက်တယ်ကျွန်တော့်ရင်ထဲနွေးထွေးသွားတယ်ကျွန် တော့်ရဲ့အဖေလိုပဲခံစားရတယ်ဗျကျွန်တော့်ကိုမွေးထား တဲ့လူကစိုက်ပျိုးရေးအင်ဂျင်နီယာတစ်ယောက်ပဲဗျသူ့နာ မည်ကအုအဲနိုတဲ့မြို့မှာတော့သူ့ကိုမသိသူမရှိပါဘူးလေ အဲဒီနောက်သူဟာကျွန်တော့်ရဲသခင်ဖြစ်လာတော့တာ ပေါ့သူကကျွန်တော့်ကိုအတော်ချစ်ဆိုပဲဗျကျွန်တော့်ကို သူ့သားအရင်းလိုပဲဘယ်သွားသွားခေါ်တယ်ကျွန်တော့် အမွေးတွေထဲမှာကပ်နေတဲ့သန်းတွေကိုလည်းသူရှာပေးတယ်ရေလည်းတူတူချိုးကြတယ်ကျွန်တော်အရမ်းပျော် တာပေါ့သူဟာကျွန်တော့်ဘဝအတွက်အရေးပါဆုံးလူ တစ်ယောက်ပါပဲသူရုံးသွားရင်ဘူတာထိကျွန်တော်သူ့ကို လိုက်ပို့တယ်ရုံးဆင်းရင်ကျွန်တော်သူ့ကိုဘူတာမှာသွား ကြိုတယ်ကျွန်တော့်နာမည်ဟချိကိုဆိုတာလည်းသူပဲ ပေးခဲ့တာပါတစ်နေ့သောညနေမှာတော့သူ့ကိုကျွန်တော် စောင့်နေပေမဲ့သူပြန်မလာခဲ့ပါဘူးလူတွေပြောကြတာ တော့မတော်တဆသူသေဆုံးသွားတယ်တဲ့သေတယ် ဆိုတာဘာလဲခင်ဗျားတို့ကောသိလားကျွန်တော်က တော့ဘယ်သိမှာလဲဗျာကျွန်တော်ယုံတယ်သူတစ်နေ့နေ့ ဒီဘူတာလေးကနေပဲပြန်လာမှာသူကျွန်တော့်ကိုအရမ်းချစ်တာကျွန်တော်သိတယ်လေသူ့ဇနီးကျွန်တော့်သခင်မ ကတော့ကျွန်တော့်ကိုသူနဲ့အတူနေဖို့လာခေါ်ပါတယ်ဒါ ပေမဲ့ကျွန်တော့်မသွားပါဘူးကျွန်တော့်မှာတာဝန်ရှိသေးတယ်ကျွန်တော့်သခင်ပြန်အလာကိုစောင့်ရမယ်လေနှစ် တွေကြာပြီဗျကျွန်တော်စောင့်နေတာဒါပေမဲ့သခင်က တော့ပြန်မလာသေးပါဘူးကျွန်တော်ဇွဲမလျော့ပါဘူးကြုံ ရာစားသောက်နေထိုင်ရင်းသခင့်ကိုစောင့်နေတုန်းပါပဲ ဒီနေ့တော့နှင်းတွေအရမ်းကျနေတယ်ကျွန်တော်အရမ်းချမ်းနေခဲ့ပါပြီကျွန်တော့်မျက်လုံးတွေဝါးလာနေပြီဟော ဟိုမှာကျွန်တော့်သခင်ကိုမြင်နေရပြီသူကျွန်တော့်ဆီကို နောက်ဆုံးတော့ပြန်လာခဲ့ပါပြီကျွန်တော်အရမ်းပျော် တယ်ဗျာဝမ်းသာလိုက်တာဟုတ်ကဲ့ကျွန်တော်ဟာဟချိကိုဆိုတဲ့ခွေးတစ်ကောင်ပါ ဂျပန်လူမျိုးတွေဘာလို့ခွေးအရမ်းချစ်ရတာလဲကျွန်တော် အံ့သြမိဖူးပါတယ်ဒါပေမဲ့ဒီဖြစ်ရပ်မှန်ကားလေးကိုကြည့် လိုက်တော့ကျွန်တော်နားလည်သွားခဲ့တယ်အတော် လည်းစိတ်မကောင်းဖြစ်မိတယ်ခွေးလေးနေရာကနေခံစားပြီးကျွန်တော်အညွန်းရေးပေးထားပါတယ်သေချာ တယ်ဒီကားလေးကchannelmyanmar ပရိတ်သတ် တွေကိုအလုံးစုံဆွဲဆောင်သွားနိုင်မယ်လို့ယုံကြည်ရင်း ဘာသာပြန်ရကြိုးနပ်အောင်ကြည့်လိုက်ကြပါဦးလို့ ဘာသာပြန် နဲ့ အညွန်းကိုတော့ ဟချီကိုနေရာမှခံစာပြီး ကိုစိုးထွေးက ရေးသားခဲ့တာပါ )DOWBLOAD LARGE FILE   DOWNLOAD SMALL FILE
movie
Hachiko Monogatari (1987)
Legends of the Hidden Temple (2016) 6.0
Legends of the Hidden Temple (2016)   IMDb 6 ရရှိထားပြီး ၂၀၁၆ ခုနှစ်ကထွက်ခဲ့တဲ့ ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက မိသားစုနဲ့ အတူတူကြည့်လို့ရပြီး ပေါ့ပေါ့ပါးပါး နဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ နွေရာသီ ပိတ်ရက်မှာ မိသားစု အလိုက် တောတွင်းခရီးသွားကြရင်း ကလေးတွေက နယ်ကျွံပြီး ထူးဆန်းတဲ့ ရှေးဟောင်း ဘုရားကျောင်းပျက်ကြီးထဲကိုရောက်သွားပြီး ထူးဆန်းတာတွေ သဘာဝလွန် ဖြစ်ရပ်တွေကိုကြုံတွေ့ လိုက်ရတဲ့ အခါမှာတော့ ဘယ်လိုတွေ ဆက်လက်ဖြစ်ပျက်ကြမလဲ အသက်ရှင်ရင်ကော လွတ်မြောက်နိုင်ကြပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့Download From V.I.P Download Large File From cloudDownload Small File From Pcloud
movie
Legends of the Hidden Temple (2016)
2016
A Monster Calls (2016) 7.5
A Monster Calls (2016) A Monster Calls (2016)IMDb - 7.5/10_____Rotten - 86%    အသစ်စက်စက် A Monster Calls လေး ရပါပြီ CM fan အပေါင်းတို့ရေ.. ဒါနဲ့CM ပိတ်သတ်ကြီးရော.. ကိုယ့်စိတ်ကူးအိပ်မက်တစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ဖူးပါသလား.. ဒီကားထဲက ကော်နာ အိုမယ်လီဆိုတဲ့ ကလေးလေးကတော့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ယုံကြည်သက်ဝင်မှု ပြင်းထန်လှပါတယ်.. သူနဲ့ သူရဲ့ သေလုမြောပါးနာမကျန်းဖြစ်နေတဲ့ အမေ ကြားမှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခုရှိပါတယ်.. တစ်ညမှာတော့ ကော်နာလေးရဲ့ စိတ်ကူးထဲက tree monster ကြီးဟာ တောင်ကုန်းပေါ်ကနေ နိုးထလာခဲ့ပြီး.. ကော်နာလေးကို ပုံပြင် 3ပုဒ် စတင်ပြောပြပါတော့တယ်.. သူ ကော်နာလေးကို ပြောပြနေတာ အကြောင်းပြချက်ရှိလို့ပါ.. အဲ့ဒါက ဘာအတွက်လဲဆိုတော့... .... ... ကျွန်တော် ဇာတ်လမ်းလေးပေါ့သွားမှာစိုးလို့ ဒီ့ထက်ပိုပြီးမပြောပြတော့ပါဘူး.. ဒီ Fantasy | Drama ကားလေးက စာရေးဆရာ ...
movie
A Monster Calls (2016)
2016
The Monkey King (2014) 4.9
The Monkey King (2014) The Monkey King (2014)_____IMDb - 4.9/10  2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး အထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။ Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီး နဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ . နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။ နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့် ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီး လက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။ အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာ လက်ငါးချောင်းတောင်အောက်ကလွတ်ပြီး အနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ ( Part 2 မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။ )   (ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Ko Nyein Saeyar Aung ပဲဖြစ်ပါတယ်။)   (ဒီဇာတ်ကားကို ကျွန်တော်ကိုယ်တိုင်ဘာသာပြန်ထားခြင်းဖြစ်ရာ အမှားအယွင်းနှင့် လိုအပ်ချက်များရှိပါက... ကျွန်တော့်မှာသာတာဝန်ရှိကြောင်းကြိုတင်အသိပေးပါရစေခင်ဗျာ...)    File Size                          : 898 MB Quality       ...
movie
The Monkey King (2014)
2014
Tomorrowland ( 2015 ) 6.4
Tomorrowland ( 2015 ) IMDb 6.5 ရရှိထားတဲ့ သိပ္ပံဆန်ဆန်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး . မင်းသားကြီး George Clooney ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ကာ ဒါရိုက်တာ  Brad Bird က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းစအဖွင့်မှာ ဖရန့်ဝေါ်ကာ အဖြစ် မင်းသားကြီး George Clooney နဲ့ ကေစီနယူတန် အဖြစ် မင်းသမီး Britt Robertson တို့နဲ့ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကိုပြန်ပြောပြတာကနေ စပြခဲ့ပါတယ်။ ဒီကားမှာ George Clooney ရဲ့ ကလေးဘဝကို ကလေးသရုပ်ဆောင် Thomas Robinson ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ အကျိုးရှိတဲ့ သိပ္ပံပစ္စည်းများကို ပြသရမယ့် ပွဲတစ်ခုကို ဖရန့်ဝေါ်ကာ ( Thomas Robinson ) ရောက်ရှိလာပြီး သူကိုယ်တိုင်တီထွင်ထားတဲ့ မိုးပျံဂျက်လေးနဲ့ အတူ ဝင်ခွင့်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အသိအမှတ်အပြုမခံရတဲ့အတွက် ပွဲကနေပြန်ထွက်ခါနီးမှာ အေသီနာ ( Raffey Cassidy ) နဲ့တွေ့ခဲ့ပြီး ထူးဆန်းတဲ့ သိပ္ပံပညာတွေအရမ်းခေတ်စားတဲ့ အနာဂါတ်မြို့တော်ထဲကိုရောက်သွားပါတော့တယ်။ အဲ့လိုပဲ ကေစီနယူတန် ကလည်း ထူးချွန်ဉာဏ်ထက်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး . သူ့အဖေပါဝင်တဲ့ အစိုးရရဲ့ စီမံကိန်းတစ်ချို့ကို ...
movie
Tomorrowland ( 2015 )
Teen Beach 2 (2015) 6.4
Teen Beach 2 (2015)   ကဲ အခုတခါ ပိတ်ရက် အတွက်ကတော့ ပေါ့ပေါ့ ပါးပါး ကျောင်းသား ဟာသကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ပေါ့ပေါ့ ပါးပါးလေးနဲ့ မြူးကြွတဲ့ တေးဂီတတွေနဲ့ အတူ အခုခေတ် လူငယ်တွေရဲ့ ခပ်နောက်နောက် အလေ့အထတွေကို နောက်ခံထားရိုက်ကူးထားပြီး လူငယ်တွေရဲ့ အချစ်ရေး ဘ၀ရေးရာတွေအတွက် ကိုပါ ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ် ဇာတ်လမ်း အကျဥ်းလေးကတော့ ဘရက်ဒီ နဲ့ မက်စ်တို့ ၂ယောက်ဟာ ကမ်းခြေမှာ လှိုင်းစီးကြရင်းနဲ့ ကောင်မလေး ခပ်လန်းလန်းတွေကို တွေ့ရှိသွားရာမှ နောက်ကွယ်မှာ ဘယ်လို ဇာတ်အရှူပ်တွေ ရှိနေတယ် ဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်ရှူ ကြရမှာဖြစ်ပါတယ်Download From V.I.P Link  Download From Pcloud
movie
Teen Beach 2 (2015)
2015
Garfield: A Tail of Two Kitties (2006) 5.0
movie
2006
Two Brother (2004) 7.1
Two Brother (2004) ကဲ Old But Gold ကားတစ်ကားနဲ့ အခုတပတ် Monday ည အတွက် အပန်းဖြေကြည့်ရှူဖို့တင်ဆက်ပေးလိုက်ပါတယ် သင်က တိရိစ္ဆာန်ချစ်တတ်တဲ့လူတစ်ယောက်လား အထူးသဖြင့်မွေးဖို့မလွယ်တဲ့ကျားပေါက်လေးတွေကိုချစ်တတ်လား ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးရဲ့ အသည်းနှလုံးကို သိမ်းပိုက်သွားမှာ သေချာပေါက်ပါဘဲ ဒီကားလေးဟာဆိုရင် ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့ပြီး ရုံစတင်တဲ့ တစ်ပတ်အတောတွင်းမှာတင် top 9 အထိရောက်ရှိခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဘဲဖြစ်ပါတယ် ၁၉၂၀ပြည့်နှစ် ကယ်လီဖိုးနီးယားပြည်နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုနဲ့ ဇာတ်လမ်းကျောရိုးကိုယူထားပါတယ် အဓိကဇာတ်ဆောင်အနေနဲ့ကတော့ ဆွန်ဂါနဲ့ကူမာလို့ခေါ်တဲ့ ကျားလေး၂ကောင်အကြောင်း ဖြစ်ပြီးတော့ အရိုင်းသတ္တဝါ၂ကောင်နဲ့ လူသား၂ဦးကြားက ဖြူစင်တဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့အတွက်ကြောင့် ကြည့်ပြီးရင်း ထပ်ကြည့်ချင်ကို ဖြစ်နေတော့မှာပါ ပြင်သစ်နဲ့ ထိုင်းဘက်က ကျားအကောင် ၃၀လောက်ကို သုံးထားတာဖြစ်ပြီးတော့ အကယ်ဒမီရလောက်တဲ့ ကျားတို့ရဲ့မာယာ ( သရုပ်ဆောင်ချက် ) တွေကိုလည်း မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ကယ်လီဖိုးနီးယားတောအုပ် ထဲက ဘုရားကျောင်းအပျက်တွေကြားမှာနေကြတဲ့ ကျားမကြီးနဲ့သူ့ရဲ့ သားလေး၂ကောင်၊ မုဆိုးအလုပ်နဲ့ တွက်ချေမကိုက်လို့ ဘုရားဆင်းတုတော်ဟောင်းတွေမှောင်ခိုဖို့ စိတ်ကူးနဲ့ ရောက်ရှိ လာတဲ့ မတ်ခရော်နီနဲ့ ထိပ်တိုက်ကိုတွေ့ပါတော့တယ် ...
movie
Two Brother (2004)
2004
Veteran (2015) 7.0
Veteran (2015)   အာရှရဲ့ မြန်နှု န်းမြင့်တိုးတက်လာတဲ့ ရုပ်ရှင်ကဏ္ဍတွေမှာ ကိုရီယားရုပ်ရှင်တွေကလည်း ထိပ်ဆုံးမှာရှိနေတာ အားလုံးအသိပါ။တစ်ခု စိတ်မကောင်းစရာတစ်ခုက ကိုရီယားရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ပရိသတ်အများစုက စီးရီးတွေကို ဦးဆုံးမြင်နေကြတာပါပဲ။စီးရီးတွေကလည်း မကောင်းဘူးလို့ပြောလိုတာမဟုတ်ပါဘူး။ဒါပေမယ့် စီးရီးဆိုကတည်းက အများသူငါ ခြုံ ငုံကြည့်လို့ရအောင် ပုံစံခွက်ထဲကနေသာ ရိုက်ကူးတဲ့ ကားတွေများပါတယ်။တကယ့်ကို ရုပ်ရှင်ကားတစ်ကားရဲ့ ပြီးပြည့်စုံကောင်းမွန်တဲ့ ဇာတ်ကားအများစုကိုတော့ ရုပ်ရှင်ကားတွေမှာပဲ တွေ့နိုင်ပါတယ်။ကိုရီယားရုပ်ရှင်ကားတွေမှာ စီးရီးတွေနဲ့ကွဲလွဲစွာ သဘာဝကျတဲ့ သရုပ်ဆောင်တွေနဲ့သာ အဓိကထားရိုက်ကူးထားတယ်ဆိုတာ တွေ့ကြရမှာပါ။ ကျွန်တော်က ကိုရီးယားရုပ်ရှင်တွေ သိပ်ညွှန်းနေလို့ ပိုလွန်းလိုက်တာလို့များ သံသယဖြစ်မိနေရင် ကမ္ဘာ့အဆင့်ရုပ်ရှင်ဝေဖန်ရေးပညာရှင် တွေရေးတဲ့ စာရင်းတွေကို လိုက်ရှာပြီးဖတ်ကြည့်ပါက ကိုရီးယားရုပ်ရှင်ကားတွေပါနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ပြောလိုတာက ကိုရီယားကားဆိုရင် စီးရီးတွေချည်း အာရုံစိုက်မနေနဲ့ပဲ ရုပ်ရှင်ကားတွေလည်း ကြည့်ကြပါဦး။ ကျွန်တော်ရောက်ဘူးသမျှ အခွေဆိုင်တွေမှာဆိုရင် ကိုရီးယားရုပ်ရှင်ကားကောင်းတွေ ဖုန်တက်နေတာကိုချည်း မြင်နေရတဲ့အတွက်ပါ။ရုပ်ရှင်ကားကောင်းတွေ ကြည့်ဖြစ်စေလိုတဲ့ စေတနာနဲ့သာ ပြောဆိုခြင်းဖြစ်ကြောင်းကိုတော့ နားလည်စေချင်ပါတယ်။ ဖြစ်တည်မှု ကိုပဲ ဇောင်းပေးပြတဲ့ သူတို့ရုပ်ရှင်အများစုရဲ့ အိုက်ဒီယာတွေက ထပ်နေပေမယ့် သဘာဝကျခြင်း ဆက်တင်နောက်ခံများ ပီပြင်ခြင်း စတဲ့ အချက်အလက်တွေကြောင့် ကိုရီယားရုပ်ရှင်တွေက မကြည့်ရမနေနိုင်လောက်အောင် ဆွဲဆောင်မှု ကောင်းလွန်းပါတယ်။ အဲဒီထဲမှာမှ ရိုးရှင်းတဲ့ ဇာတ်အိမ်တွေနဲ့ ဆွဲခေါ်သွားတဲ့ ယခု ဇာတ်ကားလေးကလည်း ကြည့်ရှု သူတွေအဖို့ စိတ်ကျေနပ်မှု တွေ ...
movie
Veteran (2015)
2015
Adventure In Babysitting (2016) 6.1
Adventure In Babysitting (2016) ဒီကားလေးကတော့ မိသားစုနဲ့ကြည့်ရန်အထူးသင့်တော်တဲ့ဟာသကားလေးပဲဖြစ်ပါတယ်... စကားအပြောအဆိုချိုသာတဲ့ Jenny တစ်ယောက်ကလေးထိန်းအလုပ်ကိုလုပ်ရာကနေ Lola ဆိုတဲ့သူ့အကျင့်နဲ့ဆန့်ကျင်ဘက်ရွယ်တူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်..Jenny ထိန်းရတဲ့ကလေးတွေကလည်း တစ်ယောက်တစ်မျိုး ဆိုးကြတဲ့ကလေးတွေပါပဲ.... နောက်ပိုင်းမှာမျှော်လင့်မထားတဲ့ အကြောင်းရာတွေကြောင့် သူထိန်းနေတဲ့ကောင်လေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်....ပိုက်ဆံအခက်ခဲကြောင့် သူမနေရာဝင်နေတဲ့ Lola နဲ့အတူ သူမတာဝန်ယူထားတဲ့ကလေး မပျောက်သွားစေရန် ကျန်တဲ့ကလေးများနဲ့အတူ လိုက်လံရှာဖွေရှာတာပဲဖြစ်ပါတယ်... အဲလိုလိုက်ရှာရင်ကနေ အမှတ်မထင် လူဆိုးတွေနဲ့ပတ်သတ်မိသွားပြီး လူဆိုးတွေရန်ကနေ လွတ်အောင် ကလေးတွေနဲ့အတူပြေးရင်းလွှားရင်းနဲ့ ဇာတ်လမ်းကိုသွက်သွက်လေးတင်ဆက်ထားပါတယ်...Jenny ကထိုပျောက်သွားတဲ့ကောင်လေးကို မိဘတွေပြန်မလာရင် ညအချိန်အရောက်အမှီရှာဖွေရမှာပဲဖြစ်ပါတယ်... သူတို့တွေရှာဖွေနိုင်မလား...လမ်းမှာတွေ့တဲ့လူဆိုးတွေရဲ့ရန်ကနေ လွတ်အောင်ဘယ်လိုထောင်ချောက်တွေသုံးပြီးထွက်ပြေးကြမလဲဆိုတာကတော့ ဒီဇာတ်ကားလေးထဲကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်.... (ဒီကားကို Thin Zaly Kyaw နဲ့  Pyae Phyo Hein တို့မှဘာသာပြန်တင်ဆက်ပေးထားပါတယ်)....  [ဒီကားလေးကတော့ မိသားစုနဲ့ကြည့်ရန်အထူးသင့်တော်တဲ့ဟာသကားလေးပဲဖြစ်ပါတယ်...စကားအပြောအဆိုချိုသာတဲ့ Jenny တစ်ယောက်ကလေးထိန်းအလုပ်ကိုလုပ်ရာကနေ Lola ဆိုတဲ့သူ့အကျင့်နဲ့ဆန့်ကျင်ဘက်ရွယ်တူကောင်မလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်..Jenny ထိန်းရတဲ့ကလေးတွေကလည်း တစ်ယောက်တစ်မျိုး ဆိုးကြတဲ့ကလေးတွေပါပဲ....နောက်ပိုင်းမှာမျှော်လင့်မထားတဲ့ အကြောင်းရာတွေကြောင့် သူထိန်းနေတဲ့ကောင်လေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်....ပိုက်ဆံအခက်ခဲကြောင့် သူမနေရာဝင်နေတဲ့ Lola နဲ့အတူ သူမတာဝန်ယူထားတဲ့ကလေး မပျောက်သွားစေရန် ကျန်တဲ့ကလေးများနဲ့အတူ လိုက်လံရှာဖွေရှာတာပဲဖြစ်ပါတယ်...အဲလိုလိုက်ရှာရင်ကနေ အမှတ်မထင် လူဆိုးတွေနဲ့ပတ်သတ်မိသွားပြီး လူဆိုးတွေရန်ကနေ လွတ်အောင် ကလေးတွေနဲ့အတူပြေးရင်းလွှားရင်းနဲ့ ဇာတ်လမ်းကိုသွက်သွက်လေးတင်ဆက်ထားပါတယ်...Jenny ...
movie
Adventure In Babysitting (2016)
2016
Millions 2004 7.0
Millions 2004  [ဒီ မီလီယမ် ဆိုတဲ့ကားလေးကတော့ 2004 ခုနှစ်က ထွက်ခဲ့တဲ့ IMBD rating 7 ထိ ရရှိထားတဲ့ ဒရာမာကားကောင်းလေးတစ်ကားပါ... ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဒမ်မီယမ်ဆိုတဲ့ ကလေးလေးတစ်ယောက်ပါ.. ဇာတ်လမ်းအကျဉ်းကတော့.. တစ်ရက်မှာ ဒမ်မီယမ်ရယ် သူ့အဖေရယ် သူ့အစ်ကိုတို့ရယ်ဟာ အိမ်ပြောင်းလာခဲ့ကြပါတယ်.. ဒမ်မီယမ်လေးဟာ အရွယ်နဲ့မလိုက်အောင် ဘာသာရေးကို ယုံကြည်ပြီး အလှူအတန်းရက်ရောတတ်တဲ့ စိတ်ဓာတ်လေးရှိပါတယ်.. တစ်ရက်မှာ သူနေနေကျ မီးရထားလမ်းဘေးက နေရာလေးပေါ်ကို ငွေတွေ မီလီယံချီ ပါတဲ့ ငွေအိတ်ကြီးတစ်အိတ်ကျလာခဲ့တယ်.. ရိုးသားတဲ့ ဒမ်မီယမ်လေးဟာ ဘုရားသခင်က သူ လှူဒါန်းဖို့အတွက်ပေးခဲ့တာ လို့ပဲ ထင်နေခဲ့ပါတယ်.. ငွေအိတ်အကြောင်းကို သူ့အစ်ကိုကိုသာ ပြောပြခဲ့ပါတယ်.. နောက်ပိုင်းမှာ ဒမ်မီယမ်လေးဟာ ရောက်တဲ့နေရာတိုင်း ဆင်းရဲသားတွေကို ငွေတွေပုံအောပြီး ပေးနေခဲ့ပါတယ်.. ဒီလိုနဲ့.. တစ်နေ့မှာ ငွေအိတ်ကြီးက သူထင်သလို ဘုရားသခင်ကပေးခဲ့တာမဟုတ်ပဲ.. ဓားပြတစ်ယောက်ရဲ့ ခိုးရာပါအိတ်ဖြစ်နေတဲ့အခါမှာတော့... ...
movie
Millions 2004
2004
Cats And Dogs ( 2001) 5.1
Cats And Dogs ( 2001) ဒီကားလေးကတော့ဖြင့်အထူးတလည်ပြောစရာမလိုတော့ပါဘူး...ကျွန်တော်တို့ငယ်စဉ်ကလေးဘ၀ထဲကကြိုက်နှစ်သက်လာတဲ့ ချစ်စရာခွေးလေးတွေကြောင်လေးတွေပါတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်... ကားဟောင်းလေးပေမယ့် ပြန်ပြီးသိမ်းထားသင့်တဲ့ ငယ်စဉ်ဘ၀အမှတ်တရကားကောင်းလေးတစ်ကားဖြစ်ပါတယ်... ဒီကားလေးဟာ ကလေးလေးတွေကြားထဲမှာရေပန်းစားပုံတင်မက လူကြီးများပါနှစ်ခြိုက်အားပေးခဲ့ကြတဲ့ ရယ်စရာကားလေးတစ်ကားပဲဖြစ်ပါတယ်.... ဇာတ်လမ်းရဲ့ အစမှာတော့ ခွေးတွေကိုအမြဲအနိုင်လိုချင်စိတ်တွေရှိနေတဲ့ မစ္စတာတင်ကယ်ဆိုတဲ့ ကြောင်မိစ္ဆာလေး.... သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ အေးဂျင့်အသစ်နေရာမှာအစားထိုးခံလိုက်ရတဲ့ ခွေးကလေး လိုယူတို့..ဘယ်လို ပြိုင်ဆိုင်မှု့တွေနဲ့ချကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီကားလေးကိုငယ်ငယ်ကဘာသာပြန်များနဲ့ကြည့်ရှု့ခဲ့ရပေမယ့် စိတ်တိုင်းမကျခဲ့လို အခုတော့ အကောင်းဆုံးမွန်းမံဘာသာပြန်မှု့များနဲ့ ပြန်ပြီးတင်ဆက်လိုက်ပါတယ်ဗျ... ဒီကားလေးရဲ့အားသာချက်တွေကတော့ လူတွေရဲ့ညစ်နေတဲ့စိတ်တွေကို ကြောင်လေးတွေခွေးလေးတွေရဲ့ချစ်စရာစကားပြောအသံလေးများနဲ့ ပျော်အောင်လုပ်ပေးထားတယ်ဆိုတာ ကြည့်ရှု့မယ့်သူများအားလုံးသိကြရမှာဖြစ်ပါတယ်....  [ဒီကားလေးကတော့ဖြင့်အထူးတလည်ပြောစရာမလိုတော့ပါဘူး...ကျွန်တော်တို့ငယ်စဉ်ကလေးဘဝထဲကကြိုက်နှစ်သက်လာတဲ့ ချစ်စရာခွေးလေးတွေကြောင်လေးတွေပါတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်...ကားဟောင်းလေးပေမယ့် ပြန်ပြီးသိမ်းထားသင့်တဲ့ ငယ်စဉ်ဘဝအမှတ်တရကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဒီကားလေးဟာ ကလေးလေးတွေကြားထဲမှာရေပန်းစားပုံတင်မက လူကြီးများပါနှစ်ခြိုက်အားပေးခဲ့ကြတဲ့ ရယ်စရာကားလေးတစ်ကားပဲဖြစ်ပါတယ်....ဇာတ်လမ်းရဲ့ အစမှာတော့ ခွေးတွေကိုအမြဲအနိုင်လိုချင်စိတ်တွေရှိနေတဲ့ မစ္စတာတင်ကယ်ဆိုတဲ့ ကြောင်မိစ္ဆာလေး....သူတို့ရဲ့ ပျောက်ဆုံးသွားတဲ့ အေးဂျင့်အသစ်နေရာမှာအစားထိုးခံလိုက်ရတဲ့ ခွေးကလေး လိုယူတို့..ဘယ်လို ပြိုင်ဆိုင်မှု့တွေနဲ့ချကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်....ဒီကားလေးကိုငယ်ငယ်ကဘာသာပြန်များနဲ့ကြည့်ရှု့ခဲ့ရပေမယ့် စိတ်တိုင်းမကျခဲ့လို အခုတော့ အကောင်းဆုံးမွန်းမံဘာသာပြန်မှု့များနဲ့ ပြန်ပြီးတင်ဆက်လိုက်ပါတယ်ဗျ...ဒီကားလေးရဲ့အားသာချက်တွေကတော့ လူတွေရဲ့ညစ်နေတဲ့စိတ်တွေကို ကြောင်လေးတွေခွေးလေးတွေရဲ့ချစ်စရာစကားပြောအသံလေးများနဲ့ ပျော်အောင်လုပ်ပေးထားတယ်ဆိုတာကြည့်ရှု့မယ့်သူများအားလုံးသိကြရမှာဖြစ်ပါတယ်....] File size…(724.5 MB , 354 MB) Quality…BluRay 720p Format…mp4 Duration….01:27:15 Subtitle….Myanmar Subtitle (Hardsub) Translator…May Thazin Myint Encoder….Moe Myint Lwin
movie
Cats And Dogs ( 2001)
2001
Imaginary Cat (2015) Complete 8.9
Imaginary Cat (2015) Complete ဇာတ်လမ်းလေးသည်စိတ်ဒဏ်ရာ ကိုယ်စီရခဲ့ကြသည်လူသား တစ် ဦးနှင့်လေလွှင့်ကြောင်လေးတစ်ကောင် တို့ကြားဖြစ်ပေါ်လာသည့် သံယောဇဉ်နှင့်ခံစားမှုတို့ ကိုဖော်ပြထားပါသည်။ အင်တာနက်ရုပ်ပြရေးဆွဲသူ တစ်ဦးဖြစ်ဖို့အတွက်ကြိုးစားနေ သည့်ဟွမ်ဂျိုးဟွမ်(ရိုဆန်ဟို)သည် စာအုပ်ဆိုင်တွင်အချိန်ပိုင်းအလုပ်ဖြင့် ငွေကြေးအခက်အခဲတွေ ကိုဖြေရှင်းနေရသူတစ်ဦးဖြစ် ပါသည်။ခေါင်းကြောမာသည့် အပြင်၊ကိုယ့်စိတ်ကူးတွေကိုပဲ ဦးစားပေးတတ်သည့် ဟွမ်ဂျိုးဟွမ်သည်အောင်မြင် သည့်ရုပ်ပြရေးဆွဲသူဖြစ်ဖို့ အတွက်အခက်အခဲတွေနှင့်ရင်ဆိုင်ခဲ့ရပါသည်။ တစ်နေ့မှာတော့လေလွှင့်ကြောင် ကလေး“Bok Gil” နှင့်ဆုံဆည်းလိုက်တဲ့ အခါမှာတော့သူ့ခံစားချက်တွေကိုပြောဖို့ အတွက်သူ့ဆီမှာ အဖော်ရှိ လာခဲ့ပါသည်။ကြောင်ကလေး“ Bok Gil ” အတွက်သူသည်အလုပ်ကိုကြိုး စားခဲ့သည်။ကြောင်ကလေးသည်သူ့သခင် ကိုစကားလုံးတွေဖြင့်နှစ်သိမ့်မပေးနိုင်ပေမဲ့သူ့ သခင်၏ဘ၀လေးပိုပြီးတော့သက်တောင့် သက်သာဖြစ်လာဖို့အတွက်တော့ အဖော်ကောင်းတစ်ဦး ဖြစ်လာခဲ့ပါသည်။ “Imaginary Cat” ဇာတ်လမ်းတွဲ သည်တောင်ကိုးရီးယားနိုင်ငံ အတွက်တော့ပထမဦးဆုံးကြောင် ကိုအဓိကထားပြီးရိုက်ကူးထားသည့် ဇာတ်လမ်းတွဲလေးဖြစ်ပါသည်။ ဇာတ်လမ်းထဲတွက်လူသားတွေရဲ့ အမြင်တွေအပြင်ကြောင်တစ်ကောင် ၏အတွေးတွေကိုလည်းထည့် သွင်းရိုက်ကူးထားပါသည်။ ဒီဇတ်လမ်းတွဲလေးကို ဘာသာပြန်ပေးထားသူကတော့ EinGyin Phyu ဖြစ်ပြီး အညွှန်းကိုတော့ Credit : News Watch(စောင့်ကြည့်သတင်းဂျာနယ်) သက်(ref: Korean drama) မှ ကူးယူ ဖော်ပြပါသည်။ Follow Me > Thit San Khant Download List ============ EP 01 EP 02 EP 03 EP 04 EP 05 EP 06 EP 07 EP 08 (End)
movie
2015
Awake (2007) 6.5
Awake (2007) ဒီရုပ်ရှင်ကားလေးကို ရုပ်ရှင်ကြည့်သူများ လက်ထဲ အရောက်ပို့ဖို့ အတွက် မျက်ရည်တွေ ၀ိုင်းပြီး ဘာသာပြန်ပေးခဲ့သူကတော့ Tariq L Walker ဖြစ်ပါတယ် ဘာသာပြန်ဖို့ စေခိုင်းသူကတော့ ကျနော်ပါ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်တယ်လို့ နှလုံးသားထဲကနေ သိနေလို့ပါ... ဒီရုပ်ရှင်ကားမှာ ကျနော် ကြည့်စေ သိစေချင်တဲ့ အကြောင်းရာက ချစ်ခြင်းမေတ္တာတရားပါ ဇတ်လမ်း ပုံစံ ကတော့ အောင်မြင်နေတဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ကလေ (Clay) ဟာ ဖခင် သေဆုံးမှု အပေါ် အမေ ဖြစ်သူရဲ့ အပြစ်မကင်းဟု မှတ်ယူပြီး အမေ နှင့် အစေးမကပ်တဲ့ သူဌေးသား တစ်ဦး ဖြစ်ကာ လက်ထပ် ယူတော့မယ့် ချစ်သူ ဆမ် လဲ ရှိနေပြီ ဖြစ်ပါတယ်.. ကလေ မှာ ချစ်ရသော ချစ်သူ ဆမ် အပြင် အချစ်ဆုံး သူငယ်ချင်းဖြစ်သော ဆရာဝန် ဖြစ်သူ ဂျက် လဲ ...
movie
Awake (2007)
2007
Miss Peregrine’s Home For Peculiar Children(2016) 2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 7.1 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ...လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။File Size   ...
movie
Miss Peregrine’s Home For Peculiar Children(2016)
Charlotte web(2006) မြန်မာစာတန်းထိုး 6.4
Charlotte web(2006) မြန်မာစာတန်းထိုး ကလေး-လူကြီး။ ကျား-မ မရွေးကြည့်လို့ရတဲ့ ဇာတ်ကားလေးလာပါပြီ။ ဇာတ်ကားတစ်ကားရဲ့ အရသာကို အပြည့်အ၀ ပေးစွမ်းနိုင်မဲ့ကား... သိင်္ဂါရ ရသ၊ ဂရုဏာရသတွေ ထုံမွှမ်းထားတဲ့ကား...အများနဲ့ မတူတစ်မူထူးနေတာကတော့ ဇာတ်လိုက်ကျော်က ချစ်စဖွယ် ၀က်ကလေးဖြစ်နေတာပါပဲ။ ဒီဇာတ်ကားလေးက အကယ်ဒမီ ၁၁ ဆု လျာထားခံရပြီး.. ၉ ဆုရရှိခဲ့တဲ့ အကယ်ဒမီများရှင် ဇာတ်ကားလေးဖြစ်ပါတယ် အဓိက ကတော့.. 2006 ခုနှစ်ရဲ့ အကောင်းဆုံး... မိသားစု ရုပ်ရှင်ဆု အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု အကောင်းဆုံး ဇာတ်ဝင်တေးဆု စသည့်ဆု တွေကို တစ်ပွေ့တစ်ပိုက်ကြီးသိမ်းခဲ့ပါတယ်။ဇာတ်လမ်းကြောရိုးကတော့ နွေဦးပေါက်ဝက်ကလေးရဲ့ ရာသီကုန်မှာ ရောက်ရှိလာမဲ့ ကံကြမ္မာဆိုး ကြီးကို သူငယ်ချင်းတွေနဲ့ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ..ဆက်လက်ရှု့စားပေးပါဦး။ Download And Watch With Pcloud  Full HD Download With VIP Link (ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Aye Min Oo ပဲ ...
movie
Charlotte web(2006) မြန်မာစာတန်းထိုး
2006
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး 7.4
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး IMDb rating 7.4/10 ရရှိထားပြီး Rotten Tomatoes 77% ရထားသော မိခင်တယောက်ရဲ့မေတ္တာကို ပြသထားတဲ့ ကားလေးတကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ်ဗျ ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ဘန်ဟာ အငြိမ်းစား စာရေးဆရာတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်ကမှ သားတစ်ယောက်ကို ဆုံးရှုံးထားသူပါ လက်ရှိမှာတော့ အလုပ်လက်မဲ့ဖြစ်ကာ ပြုစုစောင့်ရှောက်ရေးအလုပ်လက်မှတ်လဲ ရရှိထားသူဖြစ်ပါတယ် ကံကောင်းစွာပဲ ပြုစုစောင့်ရှောက်ရမယ့်အလုပ်တစ်ခုရရှိခဲ့ပေမယ့် ကံဆိုးစွာပဲ သူပြုစုစောင့်ရှောက်ပေးရမယ့် ထရေဗာ ဆိုတဲ့ ကလေးဟာ အောက်ပိုင်းမသန်စွမ်းသူတစ်ယောက်ဖြစ်ပြီး ကလန်ကဆန် လုပ်တတ်တဲ့အကျင့်ရှိလို့ လာသမျှ ပြုစုစောင့်ရှောက်ရေးသမားတိုင်းနဲ့ မတည့်ပါဘူး အလုပ်လိုနေတဲ့ ဘန်နဲ့ ကလန်ကဆန်လုပ်တတ်တဲ့ ထရေဗာတို့တွေ့ပြီး ဘယ်လိုတွေဖြစ်ကြမှာလဲဆိုတာ ဘယ်လိုပုံစံမျိုးတွေ ပြုစုစောင့်ရှောက်ပေးရမလဲဆိုတာ တော့ ပရိတ်သတ်ကြီးက ဆက်လက်ရှူစားကြရမှာပါ ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကိုတော့ Poe Thinzar Kyaw ကရေးသားပေးထားတာပါဗျDownload On Pcloud
movie
The Fundamentals of Caring (2016) မြန်မာစာတန်းထိုး
2016
The BFG (2016) 6.4
The BFG (2016) 2016 IMDb 6.4 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ -------------------------------------------------------File Size ...
movie
The BFG (2016)
Gulliver’s Travel (2010) မြန်မာစာတန်းထိုး 4.9
Gulliver’s Travel (2010) မြန်မာစာတန်းထိုး စာရေးဆရာကြီး Jonathan Swift ရဲ့ Gulliver's Travel ၀တ္ထုကို ပြန်လည်မှီငြမ်းကာရိုက်ကူးထားပြီး imdb rating 4.9 သာရရှိထားပေမယ့် အလွန်ကြည့်လို့ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ လီမြူရယ် ဂါလီဗာ ဟာ နယူးရောခ့်ဒေးလီး သတင်းစာတိုက်ရဲ့ စာပို့ဌာနမှာ ဆယ်နှစ်ကြာ အလုပ်လုပ်လာသူဖြစ်ပါတယ်။ တကယ်တမ်းတော့ သူဟာ အဲ့ဒီနေရာကနေထုတ်ပယ်ခံရမှာကြောက်နေသူ အရှုံးသမားတစ်ယောက်ဖြစ်မှာကိုကြောက်ရွံ့နေသူတစ်ယောက်ပဲဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ စာပို့ခန်းငယ်လေးထဲကို အလုပ်သမားရောက်လာချိန်မှာတော့ သူအထင်သေးထားတဲ့အလုပ်သမားသစ်က မမျှော်လင့်ပဲ သူ့ထက်ရာထူးတိုးသွားပြီး စိတ် ဓာတ်ကျနေချိန်မှာ သတင်းစာတိုက်ရှိ သူတိတ်တခိုးချစ်နေရတဲ့အယ်ဒီတာ မလေး ဒါစီ ဟာ ဘာမြူဒါတြိဂံဒေသတွင်းက ကျွန်းတစ်ကျွန်း ကိုလေ့လာရန်လွှတ်လိုက်ရာမှ လှေပျက်ကာ မမျှော်လင့်ပဲ ငလက်မလေးများနေထိုင်ရာ လီလီပွတ် ကျွန်းသို့ရောက်သွားပြီး အထင်မှားကာဖမ်းဆီးခြင်းခံထားရာကနေ သူ့ရဲ့ အမှတ်မထင် လုပ်ရပ်တွေကြောင့် သူရဲကောင်းဖြစ်ကာ သူကောင်းပြုခြင်းခံခဲ့ရာမှ သူ့ကို ချစ်သူတွေရှိလာသလို သူ့ကိုမုန်းသူတွေလည်းရှိလာပြီး သူ့ကိုမုန်းသူတွေက ဘယ်လိုတွေရန်ရှာချောက်တွန်းမလဲ သူကရော သူနေထိုင်တဲ့ မြို့ကိုပြန်ရောက်နိုင်ပါမလား ...
movie
Gulliver’s Travel (2010) မြန်မာစာတန်းထိုး
2010