Channel Myanmar

Horror

Feast(2005) 6.2
Feast(2005) Feast(2005) ===========ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင်ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲသောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီးအပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကိုဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ်ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာမထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့်ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ  ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Feast(2005)

Cooties(2014) 5.7
Cooties(2014) Cooties(2014)============ကလင့်တ်ဟဒ်တ်ဆန်(Clint Hadson)ဆိုတဲ့ ကျောင်းဆရာတစ်ဖြစ်လဲစာရေးဆရာတစ်ယောက်ဟာ စာသင်ဖို့အတွက် သူငယ်ငယ်ကတက်ဖူးခဲ့တဲ့ကျောင်းကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီကျောင်းမှာ ရောဂါရှိနေတဲ့ ကြက်သားတုံးတွေစားမိတာကြောင့် ခူးတီစ်(cooties)လို့ခေါ်တဲ့ရောဂါဖြစ်ပြီး ကလေးတွေဟာဇွန်ဘီ (zombie)တွေဖြစ်ကုန်ကြပါတယ်။ ဒီခူးတီစ်ဖြစ်နေတဲ့ကလေးတွေက ကလင့်တ်နဲ့တခြားဆရာတွေကိုလိုက်ပြီးသတ်ကြတဲ့အခါမှာ သူတို့လက်ထဲကနေလွတ်အောင်ဘယ်လိုပြေးကြပြီး ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲဆိုတာကို သွေးသံရဲရဲတွေနဲ့အတူ ဟာသလေးနှောပြီးကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.62GB / 634MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

Cooties(2014)

5G: The Reckoning [Ascension] (2023) 4.5
5G: The Reckoning [Ascension] (2023) 5G: The Reckoning [Ascension] (2023) ============================="ညတွေဆို လေလွင့်လိုက်တာ တီတီတာတာလုပ်စရာလည်း မရှိဘူး" ဆိုပြီး လောင်နေကြတဲ့ FA ပရိသတ်ကြီးတို့အတွက် လောင်စရာအချိန်မရှိအောင် ပဟေဠိတွေ အများကြီးပေးမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကျောင်းတစ်ကျောင်းထဲမှာ ကျောင်းသူကျောင်းသား ရှစ်ယောက် ပိတ်မိနေကြရာကနေ စတင်လာတာပါ။ သူတို့အကုန်လုံး ပြင်ပကမ္ဘာ ကြီးနဲ့ လုံးဝအဆက်အသွယ်မရဘဲ အချင်းချင်းပဲ ဆက်သွယ်လို့‌ရနေ ကြတာ ထူးဆန်းစရာတစ်ခုဖြစ်လို့နေပါတယ်။ပိုလို့ထူးဆန်းတာက တစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ကူးစက် ခံလာရပြီး ဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ပျံ့လို့ပျံ့မှန်းမသိတွေ ဖြစ်နေ ကြတာပါ။ အကြောင်းရင်းမရှိ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေ လူသေဆုံးမှုတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ ဒွိဟတွေနဲ့ တွေးလေတွေးလေ လိုက်မမီလေဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပဲ ဆိုပါတော့။အဲဒီဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ကူးစက်လာတာလဲ ? သူတို့က ဘာကြောင့် ပိတ်လှောင်ခံထားရတာလဲ ? အသက်ရှင်ကျန်နေရစ်မဲ့သူက ဘယ်သူလဲ ? စတဲ့ မေးခွန်းပေါင်းများစွာကတော့ ဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့ အချိန်မှာ တက်လာခဲ့တဲ့ မေးခွန်းတွေပါပဲ။ ဒီတော့ ခေါင်းစားရတာ ကြိုက်တဲ့ CM ပရိသတ်တို့ အကြိုက်တွေ့ကြမဲ့ ဇာတ်လမ်းမျိုးမို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May ...
movie

5G: The Reckoning [Ascension] (2023)

2023
Kisaragi Station (2022) 5.7
Kisaragi Station (2022) ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ်ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ...သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ )File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar ...
movie

Kisaragi Station (2022)

The Leech (2022) 5.5
The Leech (2022) The Leech (2022) =============အခုတင်ဆက်ပေးမယ့်ကားလေးက အစပိုင်းမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဟာသလေးတွေ ထည့်သွင်းတင်ဆက်ထားပြီး ဇာတ်လမ်း အရှိန်ရလာတာနဲ့ တစ်ပြိုင်နက် Horror ဖက်ကို ကူးပြောင်းသွားတဲ့ ပုံစံကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အစနဲ့အဆုံးဟာ အတော်ကိုမှ မထင် မှတ်ထားလောက်အောင် ကွာခြားသွားတာကို မြင်တွေ့ရမှာပါ။ဇာတ်လမ်းအစမှာ ဘာသာရေးအရမ်းကိုင်းရှိုင်း ပြီး တစ်ဘဝလုံးကို ဘုရားသခင်ဆီပုံအပ်ထားတဲ့ ဖာသာ ဒေးဗစ်က တရားဟောပွဲ ထဲမှာ လာအိပ်နေတဲ့ တယ်ရီကို တွေ့ဆုံရပြီး အမျိုးမျိုး အကူအညီပေးရာက နေစလို့ ဇာတ်အိမ်တည်ထားတယ်လို့ပြောရပါမယ်။ ဘာသာရေးအလွန် ကိုင်းရှိုင်းပြီး သဘောကောင်းလှတဲ့ ဖာသာဒေးဗစ်နဲ့ ဖြစ်သလိုနေဖြစ်သ လိုစား ဟစ်ပီဆန်ဆန် တယ်ရီတို့ရဲ့ အမြင်၊ စိတ်ကူး၊ စောင့်ထိန်းမှုတွေက အလွန့်အလွန်ကိုကွဲပြားလှပါတယ်။သို့သော်လည်း တယ်ရီ နဲ့ လက်ဆီ(တယ်ရီရဲ့ရည်းစား) ကို သဘောကောင်း လှတဲ့ ဖာသာဒေးဗစ်က နေစရာနေရာပေးခဲ့ပါတယ်။ အဲဒီကစလို့ ဖြစ်ပျက် လာမယ့် အလွဲလေးတွေနဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဇာတ်လမ်းကျော ရိုးကိုတော့ အောက်ကလင့်တွေကနေ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်)File Size..........(1.1 GB) / (350 MB) ...
movie

The Leech (2022)

2022
The Loved Ones(2009) 6.6
The Loved Ones(2009) The Loved Ones(2009)==================အထက်တန်းကျောင်းသား ဘရန့်ဟာ ကားမတော်တဆမှုတစ်ခုမှာသူ့အဖေကို ဆုံးရှုံးပြီးကတည်းက စိတ်ဒဏ်ရာနဲ့ ဘဝကို ပစ်စလက်ခတ်ဖြတ်သန်းနေတဲ့ သူပါ။သူ့အဖေဟာ သူ့ကြောင့်သေရတာဆိုပြီးကိုယ့်ကိုကိုယ်အပြစ်တင်တဲ့စိတ်နဲ့ ဆေးခြောက်တွေချတဲ့အပြင်ကိုယ့်ကိုကိုယ်လည်း ဘလိပ်ဓားနဲ့ မွှန်းတတ်ပါသေးတယ်။တစ်နေ့မှာတော့ လူတစ်ယောက်က သူ့ကိုမေ့ဆေးအုပ်ပြီး ပြန်ပေးဆွဲသွားပါတယ်။ဘရန့်နိုးလာတဲ့ အချိန်မှာတော့ သူဟာ သူ့အတန်းထဲကကောင်မလေး လိုလာ တို့အိမ်မှာရောက်နေတာကို တွေ့လိုက်ရပါတယ်။လိုလာဟာ ဘရန့်ကို ကြိုက်နေသူဖြစ်ပြီး ဘရန့်ကိုလည်း ကျောင်းကပွဲကိုသူနဲ့ အတူသွားမလားလို့ မေးခဲ့ပါသေးတယ်။ဒါပေမယ့်လည်း ဘရန့်ကတော့ငြင်းလိုက်ပါတယ်။ သူငြင်းလိုက်တဲ့ လိုလာနဲ့ သူ့အဖေဟာ စိတ္တဇလူသတ်သမားတွေဖြစ်ကြပြီး လူတွေကို ရက်ရက်စက်စက်အမဲဖြတ်ရတာကိုပျော်ရွှင်တဲ့လူတွေဖြစ်ကြောင်း ဘရန့်သိလိုက်ရတဲ့ အချိန်မှာတော့သူဟာ သူတို့သားအဖရဲ့ အကျဉ်းသားဖြစ်နေပါပြီ။ဘရန့်တစ်ယောက် စိတ္တဇသားအဖနှစ်ယောက်ရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလား ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာအသည်းတယားယားနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။Horror/Thriller အမျိုးအစားဖြစ်ပြီး သွေးသံတရဲရဲနဲ့ စိတ်ညစ်ညူးဖွယ်အခန်းတွေများတာကြောင့် စိတ်ကျန်းမာရေးမကောင်းသူ၊နှလုံးရောဂါအခံရှိသူတွေတော့ သတိထားကြည့်သင့်ပါတယ် ခင်ဗျ။ (ဘာသာပြန်နှင့်အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.16GB / 484MB Quality…Blu-Ray ...
movie

The Loved Ones(2009)

Phone ( 2002 ) 6.1
Phone ( 2002 ) Ha Ji-won ရဲ့ 2002 က ထွက်ရှိခဲ့တဲ့ Horror ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်..ဒီကားလေးလေးဟာဆိုရင် ကွာလတီက ဒီလောက်ပဲရနိုင်လို့ ရနိုင်သမျှ အကောင်းဆုံး ကွာလတီနဲ့တင်ဆက်ပေးလိုက်ရပါတယ်ဂျီဝန်းတစ်ယောက် သတင်းထောင်ဘဝကနေအနားယူချိန်ကစပြီး အမည်မသိခြိမ်းခြောက်ဖုန်းတွေ ဝင်လာခြင်းကိုကြုံရပါတော့တယ် စာရေးဆရာမဖြစ်ချင်တဲ့သူ့ရဲ့စိတ်ကူးကိုအ​ကောင်အထည်ဖော်ဖို့ သူငယ်ချင်းဖြစ်သူရဲ့အိမ်မှာ စာရေးရင်း အမည်မသိဖုန်းနံပါတ်ကနေ မိန်းကလေးတစ်ဦးရဲ့အသံကိုကြားခဲ့ရပါတယ်တစ်နေ့ ဖုန်းလာတဲ့အချိန် ဂျီဝန်းသူငယ်ချင်းရဲ့သမီးဖြစ်သူက ဖုန်းကိုကိုင်လိုက်ရာကနေ သူတို့မိသားစုမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေ စပြီးဖြစ်လာတော့တာပဲဂျီဝန်းတစ်ယောက် ဖုန်းရဲ့နောက်ကွယ်ကအကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုထူးဆန်းတဲ့လှည့်ကွက်တွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာ ကျောချမ်းချမ်းနဲ့စောင့်ကြည့်လိုက်ကြပါဦး [ Reviewed By Shoon Thu Thu Chain ] Quality : DvdRip Format : mp4 Genres : Horror , Mystery , Thriller Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Phone ( 2002 )

Haunted Valley (2022) 4.3
Haunted Valley (2022) Haunted Valley (2022) =================သရဲခြောက်တယ်လို့ သတင်းကြီးတဲ့ Haunted Valley လေးကို ခံစားကြည့်ကြပါဦး။ အဲ့ဒီတောင်ကြားမြို့ရဲ့ လမ်းမထက်မှာ ဒါမှ မဟုတ် လမ်းကြိုလမ်းကြားမှာ လေလွင့်နေတဲ့ဝိဉာဉ်တွေ သွားလာ နေတတ်ကြပါတယ်။ သူတို့ဝင်ပူးလို့ရမယ့်သူကို ရှာနေရင်းနဲ့ မကောင်း ဆိုးဝါးတွေကို ဗိုင်းရပ်ပိုးလို ဖြန့်ဖို့အခွင့်ကောင်းကို စောင့်နေကြတယ် လို့ဆိုပါတယ်။ဘက်သနီတို့အိမ်က သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးအိမ်တွေ ထဲကတစ်အိမ်နဲ့ တစ်လမ်းတည်းရှိပါတယ်။ စစဦးဆုံးသတိထားမိတာ ကတော့ ဘက်သနီရဲ့ သားနဲ့သမီးပေါ့။ တစ်ခါတစ်လေ ပုံစံမမှန်တဲ့ဝိဉာဉ် ကိုတွေ့ရသလို၊ တစ်ခါတစ်လေ မိန်းမကြီးပုံစံလည်းတွေ့ရတတ်ပါတယ်။ဘက်သနီကလည်း သူ့ခင်ပွန်းကနောက်အိမ်ထောင်ပြုတော့မှာမို့ စိတ် ရှုပ်နေပြီး စိတ်ဓါတ်အကျဆုံးအချိန်ကိုရောက်နေတာမို့ လေလွင့်နေတဲ့ ဝိဉာဉ်က သူ့ခန္ဓာကိုယ်ထဲကို ဘယ်လိုမျိုးအခွင့်အရေးရှာပြီး ဝင်ပူးဖို့လုပ် မလဲဆိုတဲ့အဖြေကို စောင်လေးခြုံ၊ မီးလေးပိတ်ပြီး ကြည့်ကြည့်လိုက်ပါ တော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.79 GB) / (660 MB) / (424 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Jo Jo Va Encoder..........SWM
movie

Haunted Valley (2022)

2022
Legions (2022) 5.1
Legions (2022) Legions (2022) ============Horror ဇာတ်ကားကောင်း ကြိုက်သူများအတွက် ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ စပိန်စကားပြော ဇာတ်ကားတစ်ကား တင်ဆက်ပေး လိုက်ပါတယ်။အန်တိုနီယို ပိုဟူ ဟာ စွမ်းအားကြီးတဲ့ နတ်ဆရာတစ်ယောက်ဖြစ် ပါတယ်။ အာဂျင်တီးနားတောအုပ်ထဲမှာ အပနှင်ရင်း အင်အားကြီး နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အမန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ကာ အယ်လေနာဆိုတဲ့ သမီးလေးတစ်ယောက် မွေးဖွားခဲ့ ပါတယ်။ အဆိုပါ နတ်ဆိုးကြောင့်ပဲ အမန်ဒါ့ကို ဆုံးရှုံးလိုက်ရပြီး သမီး လေးကို တစ်ယောက်တည်း စောင့်ရှောက်လာခဲ့ပါတယ်။တောထဲကနေ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြသလို သူ့ရဲ့ အလုပ် အကိုင်ကြောင့် သမီးဖြစ်သူနဲ့လည်း အဆင်မပြေဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အပနှင်ရာမှ အမှားအယွင်းဖြစ်သွားပြီး လူသေသွားခဲ့တာမို့ အန်တို နီယိုလည်း အရူးထောင်ထဲ ရောက်သွားပါတော့တယ်။ အန်တိုနီယို အရူး ထောင်ထဲ ရောက်နေတုန်းပဲ အဆိုပါ နတ်ဆိုးက တစ်ကျော့ပြန်လာပြီး အယ်လေနာ့ကို ဒုက္ခပေးကာ အသက်ကိုပါ ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစား လာပါတော့တယ်။ အဆိုပါကိစ္စကို အန်တိုနီယိုတစ်ယောက် ဘယ်လို တားဆီးမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါဦး။ဒီဇာတ်ကားက မိစ္ဆာတွေ နတ်ဆိုးတွေ အပနှင်တာတွေပါတဲ့ Horror ကားမျိုးကြိုက်နှစ်သက်တွေအတွက် ...
movie

Legions (2022)

2022
Viking Wolf (2022) 5.4
Viking Wolf (2022) Viking Wolf (2022)လွန်ခဲ့သော နှစ်တစ်ထောင်က ဗိုက်ကင်းမျိုးနွယ်စု အကြီးအကဲ ဂတ်ဘရန်ဟာ သင်္ဘောအစင်း ၂၀ နဲ့ အတူ နော်မန်ဒီကို ဓားပြတိုက်ဖို့ ခရီးဆက်ခဲ့တယ်...ဘုရားကျောင်းတစ်ကျောင်းမှာ လျှို့ဝှက်ခန်းတစ်ခုကို တွေ့ခဲ့တယ်။ ဘုန်းတော်ကြီးတွေက အထဲကို မဝင်ဖို့ တောင်းပန်ကြပေမယ့် လောဘသား ဗိုက်ကင်းတို့ဟာ စကားကို နားမဝင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ငရဲခွေးကြီးဟာ လွတ်သွားတယ်။ အပြန်လမ်းထိ ဗိုက်ကင်းတွေနဲ့အတူ လိုက်ပါလာခဲ့ပြီး သူတို့သင်္ဘော နော်ဝေကို မဆိုက်ခင်မှာ ဗိုက်ကင်းတွေအကုန် သေသွားခဲ့တယ်။ ဒီသတ္တဝါကြီးတစ်ကောင်တည်းသာ ကုန်းပေါ်ကို ရောက်ပြီး နော်ဒစ်အမည်ရတဲ့ တောနက်ကြီးထဲကို ဝင်သွားခဲ့သတဲ့...---------------------ယခုလက်ရှိအချိန်... လစ်ဗ်နဲ့ သာလာတို့ သားအမိဟာ နီဘိုဆိုတဲ့ မြို့ကို မကြာသေးခင်ကမှ ပြောင်းရွှေ့လာတဲ့သူတွေပေါ့။ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ပထွေးနဲ့ နေရတဲ့ သာလာဟာ မြို့သစ်လေးမှာ စိတ်ပြေလက်ပျောက် ဂျိုးနက်စ်ဆိုတဲ့ ကောင်လေးနဲ့ အပေါင်းအသင်းဖွဲ့မိပါတယ်။တစ်နေ့တော့... လူငယ်တွေဟာ ပင်လယ်အော်တစ်နေရာမှာ စခန်းချရင်း သောက်ကြစားကြ ...
movie

Viking Wolf (2022)

2022
Those Who Walk Away (2022) 4.8
Those Who Walk Away (2022) Those Who Walk Away (2022) ====================== IMDb Rating - 5.8/10မက်စ်တစ်ယောက် ရည်းစားရှာအက်ပ်ကနေသိတဲ့ အပြင်မှာ တစ်ခါမှမတွေ့ဖူးတဲ့ ကောင်မလေးနဲ့ သွားဒိတ်ပါတယ်။ ဒိတ် လုပ်ရင်း ရုပ်ရှင်ကြည့်မယ့်အစီအစဥ်ကပျက်သွားတော့ ကောင် မလေးက မက်စ်ကို တခြားနေရာခေါ်သွားတော့တာပေါ့။ကောင်မလေးခေါ်ရာနောက်ကို ကောက်ကောက်ပါအောင်လိုက် သွားတဲ့ မက်စ်တစ်ယောက် အဲ့ညမှာ ကြောက်စရာအကောင်းဆုံး အရာတွေကြုံတွေ့လိုက်ရတဲ့အခါ......။ Those who walk away ဆိုတဲ့ ဒီHorror ကားလေးထဲကလို လိုင်းပေါ်ကသိတဲ့လူတွေခေါ်ရာ နောက်ကို မက်စ်လိုကောက်ကောက်ပါအောင် လိုက်မသွားသင့် ကြောင်းပါခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.2 GB) / (473 MB) / (340 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator.......Ngwe Zin Encoder..........SWM
movie

Those Who Walk Away (2022)

2022
When the Screaming Starts (2022)
When the Screaming Starts (2022) When the Screaming Starts (2022)~ IGN - 8/10, Rotten Tomatoes - 100% ~သင် Serial Killer တစ်ယောက် ဖြစ်ချင်ခဲ့ဖူးလား။ သင်ဟာ သမ္မတတွေ နိုင်ငံကျော်ဘောလုံးသမားတွေ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေမဖြစ်ခဲ့ရင်တောင် လူတွေအများကြီးကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ဆိုရင် သူတို့လိုပဲ ကမ္ဘာ့သမိုင်းမှာအမြဲရှိနေမှာလေ...မဟုတ်ရင် Serial Killer တစ်ယောက်ရဲ့နေထိုင်ပုံ သတ်ဖြတ်ပုံ စတာတွေကို Interview တွေနဲ့ရော သူလူသတ်တဲ့နေရာမှာ ကင်မရာတွေထောင်ပြီးတော့ပါ တကယ်ကို အမှန်အကန်ရိုက်ထားတဲ့ Documentary Movie ကြီးကို ကြည့်ရမယ်ဆိုရင် ဘယ်လောက်များ Hype လိုက်မလဲ...အဲလိုအတွေးအခေါ်ကို ရိုက်ကူးထားတဲ့ When the Screaming Starts ဟာ ဒီ Message ကို ဟာသပေါင်းစုံနဲ့ ရောစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။Norman Greysmith ဟာ Documentary ...
movie

When the Screaming Starts (2022)

2022
There’s Something Wrong with the Children (2023) 4.9
There’s Something Wrong with the Children (2023)   အနောက်တိုင်းမှာဆိုရင် ဆိတ်ငြိမ်တဲ့ဒေသတွေဆီကို ပိတ်ရက်တွေမှာ အနားယူအပန်းဖြေခရီးထွက်လေ့ရှိကြတယ်။ တစ်နည်းအားဖြင့် မြို့ပြနဲ့ဝေးတဲ့ဒေသတွေမှာ တောတောင်သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုဖြေဖျောက်တဲ့သဘောမျိုးပေါ့..။ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း သူငယ်ချင်းမိသားစုနှစ်စုက မြို့ပြနဲ့ဝေးတဲ့ အပန်းဖြေစခန်း သစ်သားအိမ်ငယ်တွေမှာ ပိတ်ရက်အတွင်း သွားရောက်နေထိုင်ကြတယ်။ နီးစပ်ရာတောအုပ်တွင်းကို ခြေလျင်ခရီးသွားရင်း သူတို့တွေဆီ ကပ်ဆိုးကြီးတစ်ခုကပ်ပါလာတော့တယ်။horrorကားအမျိုးအစားထဲမှာမှ သရဲ/စိတ္တဇလူသတ်ထဲကမဟုတ်ပဲ နတ်ဆိုးကပ်တဲ့ဇာတ်လမ်းမျိုးပါ။ ကလေးနှစ်ယောက်ဆီကို နတ်ဆိုးအရင်ကပ်ပြီး သူတို့တွေကပဲ သူ့တို့ရဲ့မိဘတွေဖြစ်တဲ့ အယ်လီနဲ့ သောမတ်စ်ရယ်၊ သူငယ်ချင်းလင်မယား မာဂရက်နဲ့ ဘန်ရယ်ကို အရင်ပတ်ရှုပ်မှာပါ။ ကလေးတွေနဲ့ပက်သက်ပြီး တစ်ခုခုလွဲမှားနေရာကနေ မိသားစုနှစ်စုလုံးအတွက် ကပ်ဆိုးတစ်ခုကျသလို horror sceneတွေ စပြီးတော့ပေါ်လာမှာပါ။ ​ဇာတ်ကားနာမည်အတိုင်းပါပဲ။File size…(1.92GB)  / (952MB) /488MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Horror / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

There’s Something Wrong with the Children (2023)

The Offering (2022) 5.2
The Offering (2022) The Offering (2022)~ IMDb - 5.2/10, Rotten Tomatoes - 78% ~ဒီကားလေးက စိတ်ဝင်စားဖို့ကောင်းတဲ့ ဟော်ရာကားလေးလို့ ပြောရမယ်။ သမ္မာကျမ်းစာထဲ ဘုရားသခင်က အီဘရာဟမ်ကို သူ့သားနဲ့အသက်နဲ့ ပူဇော်ခိုင်းတဲ့ ဇာတ်လမ်းကို သိကြမယ်ထင်တယ်။ ဒီကားက အဲဒီဇာတ်လမ်းနဲ့ ချိတ်ထားတဲ့ Horror ကားပါပဲ။အဲဒီလိုပူဇော်ခိုင်းရခြင်းရဲ့အကြောင်းရင်းကိုလည်း ထည့်ထားတယ်။ ကမ္ဘာဦးအစကတည်းက အမျိုးသမီးတွေကို ကိုယ်ဝန်ပျက်ကျစေတဲ့၊ ကလေးတွေကို စားသုံးတဲ့ နတ်ဆိုးမတစ်ယောက် ရှိခဲ့တယ်။ ဘုရားသခင်က အီဘရာဟမ်ကို သူ့ကို ပူဇော်ခိုင်းခြင်းနဲ့ လူမှုရေးရာ‌ လောကီကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ မျှခြေယူခဲ့ပြီး အဲဒီနတ်ဆိုးမကို ချိပ်ပိတ်ခဲ့တယ်။ဒီဘက်ခေတ်ရောက်တော့ အဲဒီနတ်ဆိုးမကို ဂမ္ဘီရဆရာတစ်ယောက်က သူ့မိန်းမကို အသက်ရှင်စေချင်ဇောနဲ့ မှားယွင်းပြီး ဆင့်ခေါ်ခဲ့မိတယ်။ ဒီလိုနဲ့ သမိုင်းမတင်ခင် ဘုရားသခင်ခေတ်ကတည်းက ရှိနေတဲ့ နတ်ဆိုးမကို လူသားတွေ ဘယ်လိုတားဆီးမလဲ မြင်ကြရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ...
movie

The Offering (2022)

2022
Werewolf Cabal(2022) 6.7
Werewolf Cabal(2022) Werewolf Cabal(2022)*********************Horror ဝတ္ထုတွေရေးတဲ့ စာရေးဆရာ မိုက်ကယ် ကီဖာဟာ မိခင်ရင်းဆုံးသွားပြီးနောက်သူ့အတွက်ချန်ထားရစ်ခဲ့တဲ့ အမွေတွေကိုလက်ခံယူဖို့အတွက် UK ကျေးလက်ဘက်ကရွာလေးတစ်ရွာကိုရောက်လာခဲ့တယ်ပေါ့နော်။ ကီဖာဟာ ငယ်ကတည်းက မွေးစားဖို့ ပေးပစ်ခံရသူဖြစ်ပြီး မိခင်ရင်းဖြစ်သူအကြောင်း၊မိခင်ရင်းရဲ့ရွာလေးအကြောင်းကိုလည်း ဘာမှမသိဘူးပေါ့၊ မိခင်ဖြစ်သူသေဆုံးသွားရတဲ့ အကြောင်းအရင်းကလည်းခွေးကိုက်ခံရလို့ဆိုပြီး ရွာကလူတွေကပြောကြတာပဲ။ နောက်တော့ သူ့မှာမအေတူညီလေးတစ်ယောက်ရှိကြောင်း၊ရွာထဲမှာလည်း လူတွေကလည်း အမျိုးမျိုးပြောနေတာတွေ ကြုံလာရပြီးတဲ့နောက်မှာတော့ မိုက်ကယ်ကီဖာတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ၊ ရွာထဲကလူတွေက ဘာတွေလျှို့ဝှက်ထားကြတာလဲဆိုတာတော့ဒီသမန်းဝံပုလွေဇာတ်လမ်းထဲမှာဆက်ကြည့်နိုင်ပါတယ်။ File Size :(1.5 GB) and (682 MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae 
movie

Werewolf Cabal(2022)

Estranged(2015) 5.7
Estranged(2015) Estranged(2015)==============ဒီဇာတ်ကားလေးကတော့ 2015 တုန်းက ထွက်ရှိခဲ့တဲ့horror movie လေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဇန်နဝါရီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဟာ 6 နှစ်အကြာမှာ မိသားစုအိမ်ကိုပြန်ရောက်လာပါတယ်။ ဒါပေမယ့် တစ်ခုခု လွဲနေပြီဆိုတာ သူသတိထားမိသွားပါတယ်။ ကွဲကွာတာကြာပြီဖြစ်တဲ့မိသားစုနဲ့ ပြန်လည်နေထိုင်ရင်းနဲ့မှ ကြောက်စရာကောင်းတဲ့ အဖြစ်ဆန်းတွေကို တစ်စတစ်စကြုံတွေ့လာရပါတယ်။ ဒီအဖြစ်အဆန်းတွေက ဘာတွေလဲ။နောက်ကွယ်မှာ ဘယ်သူတွေရှိနေတာလဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။Horror genre တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကား‌‌လေးကသင့်အကြိုက်ဖြစ်မှာ သေချာပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ပဲ ဖြစ်ပါတယ်) File size…1.21GB / 598MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Mystery  , Thriller  , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie

Estranged(2015)

Raze(2013) 5.7
Raze(2013) Raze(2013)============Saw နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ ဒီဇာတ်ကားမှာတော့ မိန်းကလေးတွေကိုပဲမြေအောက်အချုပ်ခန်းထဲဖမ်းထားပြီး အချင်းချင်း လက်ဗလာနဲ့မသေမချင်းချခိုင်းတယ်။ အကြောင်းကတော့ အဲ့လိုသတ်ပွဲမျိုးကိုမှကြိုက်တဲ့ လူချမ်းသာတွေကြောင့် အဖွဲ့အစည်းထောင်ပြီး အဲ့လိုသတ်ပွဲတွေကိုစီစဉ်ပေးတာကြောင့်ပါ။တစ်ယောက်နဲ့တစ်ယောက်တောင်မသိကြပဲ အပြန်အလှန်သတ်ကြတာကိုသွေးသံရဲရဲပါတဲ့ အခန်းတွေနဲ့ကြည့်ရမှာမို့ action ကြိုက်တဲ့သူတွေအတွက်တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။(ဘာသာပြန်နဲ့အညွှန်းကတော့ Kasashi ဖြစ်ပါတယ် ) File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre ..... Action , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi
movie

Raze(2013)

Bring Out the Fear (2022) 5.3
Bring Out the Fear (2022) Bring Out the Fear (2021)သင်ဟာအဆုံးမရှိတဲ့တောအုပ်တစ်ခုထဲမှာ ရောက်နေရင် ဘယ်လိုရုန်းကန်လှုပ်ရှားမလဲ...ပြီးခါနီးထိပြဿနာရင်းမြစ်ကဘာလဲ... ဘာကိုအဖြေရှာရမလဲ စတဲ့ ရှုစားသူပါ တွေးတောရတဲ့ Horror ကားတစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားဟာလည်း သင့်အတွက်ပါပဲ။Dan နဲ့ Rosie ဆိုတဲ့အတွဲတစ်တွဲဟာ ပြဿနာတွေတက်ခဲ့ကြပါတယ်။ Rosie ဟာ Eric ဆိုတဲ့ Dan နဲ့လည်း အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်ခဲ့လို့ ပြဿနာတွေတက်ခဲ့ကြရတာပေါ့။ အဲဒီနောက်မှာ Dan ဟာ ကောင်မလေးကိုခွင့်လွှတ်ပြီး ကောင်မလေးနဲ့အတူ စိတ်ပြေလက်ပျောက်လမ်းလျှောက်ဖို့ တောအုပ်လေးတစ်ခုထဲကို ကားလေးနဲ့ထွက်ခဲ့ကြပါတယ်။တောအုပ်ထဲမှာလမ်းလျှောက်ကြရင်း စကားစမြည်လေးတွေပြော Relationship တစ်ခုကို ပြန်လည် fix လုပ်ရင်းပေါ့။ ဒီလိုနဲ့ပဲ တောင်ကုန်းလေးတစ်ခုပေါ်ကိုတက်ကြတယ်။ သာယာလှတဲ့ပင်လယ်ကမ်းခြေရှုခင်းကြီးကိုမြင်နေရတဲ့ အဲဒီနေရာလေးမှာ Dan က Rosie ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။ Rosie ကတော့ အချိန်တစ်ခုလိုသေးလို့ ခဏစောင့်ဖို့ငြင်းခဲ့ပါတယ်။အဲဒီနောက် သူတို့ပြန်ဆင်းလာကြတော့ လမ်းတွေဟာရောက်ပြီးသားနေရာကို ရောက်ရောက်နေပြီး ...
movie

Bring Out the Fear (2022)

2022
Slayers (2022)
Slayers (2022) Slayers (2022)သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့…ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်လို့ ညွှန်းပေးလို့ မရပေမယ့် လူတစ်ကိုယ်အကြိုက်တစ်မျိုးမို့ ကိုယ့်အကြိုက်လည်း ဖြစ်ရင်ဖြစ်နေနိုင်တာမို့ တစ်ချက်လောက်တော့ ကြည့်ကြည့်လိုက်ကြပါဦး။ Streamer တွေကို စိတ်ဝင်စားမယ်၊ Vampire ကားတွေ ကြိုက်တတ်တယ်၊ Parody တွေကို ရယ်တတ်တယ်ဆိုရင်တော့ အပျင်းပြေ ကြည့်ကြည့်ဖို့တော့ မမှားမယ့်ကားသစ်ပါပဲ။ မင်းသမီးတွေအနေနဲ့‌ကလည်း Zack ...
movie

Slayers (2022)

2022
Candy Land (2022) 5.3
Candy Land (2022) Candy Land (2022) =============="Candy Land" ဆိုလို့ ဇာတ်ကားက အချိုလေးတွေမပါ,ပါဘူး။ 18+ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း 18+မို့ ဆယ့်ရှစ်ယောက်စုကြည့်ကြပါ။ ကလေးသူငယ်တွေကိုမပြပါနဲ့။ Candy Land ဆိုတာ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုမှာ ကျက် စားနေတဲ့ sex worker ကောင်မလေးတစ်စုရဲ့ နာမည်ပြောင်ပါ။ ရပ်ထားတဲ့ထရပ်ကားတွေ၊ စားသောက်ဆိုင်အိမ်သာတွေနဲ့ သူတို့ရဲ့ အခန်းငယ်တွေက သူတို့ကျက်စားရာနယ်မြေတွေပါပဲ။တစ်နေ့တော့ ရယ်မ်မီဆိုတဲ့ အင်နိုးစန့်ကောင်မလေးက သူတို့အဖွဲ့နဲ့ အကြောင်းပါလာပါတော့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ယာဉ်ရပ်နားစခန်းအိမ်သာထဲ လူသတ်မှုဖြစ်သွားခဲ့တာပေါ့။ အဲ့နောက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ဆယ့်ရှစ်ယောက်စုကြည့်ရမယ့် အခန်းတွေရော၊ သွေးသံရဲရဲအခန်းတွေရော စုံလို့လာပါတော့တယ်။ လူသတ်မှုနောက်ကွယ်ကအကြောင်းအရင်းတွေ၊ လူသတ်ပုံသတ်နည်း တွေကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Ngwe Zin, Fiona Gillen ဖြစ်ပါတယ်)File Size..........(2.14 GB) / (578 MB) / (332 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, ...
movie

Candy Land (2022)

2022