Channel Myanmar

Horror

Where’s Rose (2021) 5.2
Where’s Rose (2021) Where's Rose (2021) ===============ဒန်နီရယ်လို့ခေါ်တဲ့ မိသားစုတစ်စုမှာ အဲရစ်နဲ့ ရို့စ်လို့ခေါ်တဲ့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ သူတို့မိသားစုလေးက အရမ်းကို နွေးထွေးကြပြီး ပျော်ရွှင်စရာတွေ ပြည့်နှက်နေတဲ့ မိသားစုလေးတစ်စုဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအစ အဲရစ်က အထက်တန်းအောင်ပြီး ကောလိပ်တက်ဖို့အတွက် အောင်ပွဲခံတဲ့အနေနဲ့ ချစ်ခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ အိမ်မှာ ပွဲလေး ကျင်းပပါတယ်။ ရိုစ့်တစ်ယောက်ကတော့ သူ့အစ်ကို အဲရစ်နဲ့ ခွဲရတော့မှာမို့ စိတ်မကောင်းဖြစ်နေတဲ့ပုံပါပဲ။တစ်ရက်တောထဲမှာ ရို့စ်တစ်ယောက် ပျောက်သွားတော့ မိဘတွေ လိုက်ရှာ ရပါတော့တယ်။ ရဲတွေရဲ့ အကူအညီနဲ့ ပြန်တွေ့ပြီးနောက်ပိုင်း ရို့စ်တစ်ယောက်က အရင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာပါတော့တယ်။ ရို့စ်တစ်ယောက် ဘာကြောင့် ပျောက်သွားတာလဲ၊ သူ့အစ်ကို အဲရစ်နဲ့  ရို့စ်ရဲ့ ဆက်ဆံရေးက ဘယ်လ်ိုရှခဲ့လဲ၊ တောအုပ်ကို လှမ်းကြည့်ရင်း ရိုစ့် ဘယ်သူနဲ့ စကားပြောပြောနေလဲဆိုတာ ဆက်လက် စောင့်ကြည့်ပေးပါဦး။ဒီဇာတ်လမ်းက Horror, Thriller ဇာတ်ကားမျိုးဖြစ်ပြီး နောက်ဆုံးပိုင်းမှာတော့ အံ့သြစရာကောင်းလောက်အောင် အဆုံးသတ်ဖြစ်နေတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.05 GB) / (400 MB) ...
movie

Where’s Rose (2021)

2021
Prey (2022) 7.2
Prey (2022) Predator 5: Prey (2022)Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr. Anderson ပါ။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File Size          : 4.1GB, 2GB, 851MB, 415MB Quality            : 4K HEVC 5.1CH, 1080p WEB-DL AC3 5.1CH, ...
movie

Prey (2022)

2022
4K HEVC
The Predator (2018) 5.9
The Predator (2018) အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie

The Predator (2018)

2018
4K HEVC
Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
Aliens vs Predator: Requiem (2007) 4.6
Aliens vs Predator: Requiem (2007) ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat
movie

Aliens vs Predator: Requiem (2007)

1080p HEVC
AVP: Alien vs. Predator (2004) 5.6
AVP: Alien vs. Predator (2004)  Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော်သူတို့တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာတွေ တတ်မြောက်ထားတဲ့ သတ္တဝါတွေပါ။သူတို့ အမဲလိုက်တဲ့ ဂြိုလ်သားတွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီးရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သတ်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ…ဒီဇာတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ်ဇာတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေတည်ဆောက်ခဲ့တယ်လို့ယူဆရတဲ့ ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ..ဒါပေမယ့် အဲ့ဒီ ပိရမစ် ကို ရှာဖွေတွေ့ရှိခဲ့တာ သူတို့ အဖွဲ့ တစ်ခုထဲ မဟုတ်ခဲ့ဖူးဆိုတာကို နောက်ကျမှ သိကြမှာ ဖြစ်ပြီးPredator ...
movie

AVP: Alien vs. Predator (2004)

2004
1080p HEVC
Predator 2 (1990) 6.3
Predator 2 (1990) Predator 2(1990)IMDb Rating (6.3)ဒီဇာတ်ကားကတော့ ၁၉၈၇ မှာထွက်ရှိခဲ့တဲ့မင်းသားကြီးအာနိုးရဲ့ Predator ဇာတ်ကားရဲ့ Sequel ပါပဲ။ တခြားကမ္ဘာကဂြိုဟ်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းနဲ့ဗီလိန်ဖြစ်တဲ့ Predator ကိုသာကျောရိုးယူထားပြီး အဓိကဇာတ်ဆောင်တွေနဲ့ Storyline ပဲကွာသွားတာပါ။ဒီတစ်ခါမှာတော့ရဲအုပ်ကြီးဟယ်ရီဂန်နဲ့သူ့ရဲ့အဖွဲ့က ဒီအမျိုးအမည်မသိရပဲ လူအစုလိုက်သတ်ဖြတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ Predator ကိုကြိုးစားဖမ်းဆီးကြပုံတွေကို ထုံးစံအတိုင်းအက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုရမှာပါ။ အက်ရှင်အသားပေးသိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာကြောင့်ရှည်ရှည်ဝေးဝေးညွှန်းစရာရယ်တော့သိပ်မရှိလှပါဘူး။ ထူးခြားချက်ကတော့ သူ့ခေတ်သူ့အခါနဲ့အထူးပြုလုပ်ချက်တွေကတကယ်ကိုချီးကျူးစရာပါ။အခုအချိန်မှာတော့ ဒီ Predator franchise ထဲကဇာတ်ကားခုနစ်ကားထိထွက်ရှိထားပြီဖြစ်ပြီး နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Prey ဟာဆိုရင်ဒီနှစ်ထဲမှာပဲလောလောလတ်လတ်ထွက်ရှိထားတာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(2.8 GB)/(1.2 GB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

Predator 2 (1990)

1080p HEVC
Predator (1987) 7.8
Predator (1987) IMDb Raing (7.8) / Rotten Tomatoes (80%)Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။သူ့နောက်မှာ ...
movie

Predator (1987)

4K HEVC
Countdown (2012) 6.3
Countdown (2012) ဂျက် အဖြစ် Peach Pachara ဘီ အဖြစ် Toey Jarinporn ဖန် အဖြစ် Peak Pattarasayaဇာတ်လမ်းအကျဉ်းဖန်၊ဘီနဲ့ ဂျက်တို့က နယူးယောက်က တိုက်ခန်းတစ်ခုမှာ တူတူနေကြတဲ့ သူငယ်ချင်းတွေပါနှစ်သစ်ကူးညရောက်မယ့်အချိန်မှာ ဂျက်က သူမူးယစ်ဆေးဝယ်နေကျ လူက ဆက်မရောင်းတော့တာမို့ အရောင်းအဝယ်သမားရဲ့ ဖုန်းနံပတ်ကို တောင်းလာခဲ့ပါတယ်ဖုန်းနံပတ်က နောက်ဆုံးဂဏန်းပျောက်နေခဲ့ရာက ၃ ဂဏန်းထည့်ဆက်ကြည့်ရင်း သူတို့သုံးယောက်ဆီ လူတစ်ယောက်က ဆေးတွေနဲ့ ရောက်လာခဲ့ပါတယ်နှစ်ကူးညမှာ ဆေးသုံးကြရင်း လူစိမ်းရဲ့ မူမမှန်မှုတွေကို သတိထားမိရာက ဖုန်းနံပတ်ရဲ့ လိုနေတဲ့ဂဏန်းက ၃ မဟုတ်ဘဲ ၈ ဖြစ်နေတာ သိသွားခဲ့ပါတယ်ရောက်နေတဲ့ လူစိမ်းကရော ဘယ်သူလဲ ဘာအတွက် ရောက်နေတာလဲ ဖန် ဘီ နဲ့ ဂျက်တို့မှာရော ဘာတွေလျှို့ဝှက်ထားတာရှိနေတာလဲနှစ်ကူးညမှာ ဖုန်းနံပတ်မှားရာက သူတို့ရဲ့ဘဝတွေ ဘာတွေများပြောင်းလဲသွားမလဲဆိုတာ ကြည့်ရှုရအောင် ။File Size__(1.9GB) / (920MB) Quality__WEB-DL_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:30:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle ...
movie

Countdown (2012)

Ghost Game (2006) 5.5
Ghost Game (2006) လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ခန့်က ကမ္ဘောဒီးယားက တားဆီးနယ်မြေ Case ၁၇ မှာ ဝင်သွားတဲ့လူတွေ အကြောင်းရင်းမရှိဘဲ သေဆုံးခဲ့ကြပါတယ် အဲ့နောက်ပိုင်း အဲ့နေရာကို ဘယ်သူမှမသွားရဲတော့ပါဘူးဒါကို Reality Show တခုက ဂိမ်းပြိုင်ပွဲတခုလုပ်လိုက်ပါတယ် အဲ့ဒီနေရာကိုသွားပြီး အကြောက်တရားတွေကိုခံနိုင်သူ နောက်ဆုံးကျန်ရစ်ခဲ့သူက အနိုင်ရသူဖြစ်ပြီး ဆုငွေ ၅ သန်းရမှာဖြစ်ပါတယ်ယှဉ်ပြိုင်သူအားလုံး ၁၁ ယောက်ရှိပြီး သူတို့တွေ ဘယ်လိုရုန်းကန်ကြမှာလဲ အဲ့ထဲမှာရော ဘယ်လောက်တောင်ခြောက်ခြားစရာကောင်းနေမလဲ ဇာတ်ကားထဲမှာကြည့်ရှုရအောင်နော် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Nang Mwe Kham ပါ )File Size__(1.6GB) / (900MB) Quality__1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:48:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt
movie

Ghost Game (2006)

The Invitation (2022) 5.3
The Invitation (2022) The Invitation (2022)(1080p ရပါပြီ)ဒီဇာတ်ကားကတော့ ဒါရိုက်တာ Jessica M.Thompson ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် Nathalie Emmanuel, Thomas Doherty, Stephanie Corneliussen, Alan Boden, Hugh Skinner နဲ့ Sean Pertwee တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Horror, Mystery အမျိုးအစား ဇာတ်ကားတစ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ဖြစ်သူ အီဗီ(Nathalie Emmanuel)ဟာ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဖေရောအမေရောမရှိတော့ဘဲ တစ်ကောင်ကြွက်လို့ ကိုယ့်ကိုယ်ကိုယ်ထင်နေတဲ့အချိန်မှာ သူ့ရဲ့ဝမ်းကွဲတစ်ယောက်ဖြစ်သူ အော်လီဗာ(Hugh Skinner) နဲ့ Online မှာတွေ့ပြီး သူ့ရဲ့မျိုးရိုးနောက်ခံကို သိရဖို့ အင်္ဂလန်ကို လိုက်လာပါတော့တယ်။အဲ့ဒီမှာနောက်မှာတော့ သူ့မိသားစုရဲ့နောက်ခံဇာတ်ကြောင်းတွေက ဘယ်လိုရှိမလဲ? ပြီးတော့ သူတို့မိသားစုရဲ့မိတ်ဆွေတွေဖြစ်တဲ့ တခြားမိသားစုတွေရဲ့လျှို့ဝှက်ချက်တွေကရော ဘာတွေလဲ? ဆိုတာကို ရင်တဖိုဖိုနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲအခန်းတွေ၊ ကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ မဖွယ်မရာအခန်းတချို့ ပါဝင်တာကြောင့် Motion ...
movie

The Invitation (2022)

2022
Tiny Cinema (2022)
Tiny Cinema (2022) Tiny Cinema (2022)~ Rotten Tomatoes - 86% ~ဒီရုပ်ရှင်ဟာ ခရမ်းချဉ်သီး ၈၆လုံးအထိ ရထားတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာတော့ သိပ်ပူစရာမလိုပါဘူး။ ကောင်းတာထက်ကို ခပ်ကြောင်ကြောင် ခပ်ဆန်းဆန်းတွေလို့ပြောရင် ပိုမှန်မလားပဲ။ သူက မြို့တစ်မြို့က ဖြစ်ရပ်တွေကို လူတစ်ယောက်က ဇာတ်ကြောင်းပြောပြတဲ့ ပုံစံနဲ့ရိုက်ထားပြီး ဇာတ်လမ်းတိုလေးတွေ တစ်ခုပြီးတစ်ခုပြောပြနေလိမ့်မယ်။သူ့ဇာတ်လမ်းတွေကလည်း တော်တော်ကြောင်တဲ့ တော်တော်ဆန်းတဲ့ ဇာတ်တွေ။ တစ်ဇာတ်ဆို ခိုးတာတို့ ဓားပြတိုက်တာတို့နဲ့မှ ဟိုဟာ မာတဲ့ဘော်ဒါတစ်ပွေအတွက် သူ မာနိုင်အောင် ဓားပြသွားတိုက်ကြတဲ့ ဇာတ်မျိုး။ တကယ့်ကို အူကြောင်ကြောင်ပဲ။တစ်ဇာတ်ကျ အတိတ်ကလူနဲ့ အနာဂတ်ကလူ တွေ့ကြတယ်။ အတိတ်ကလူကို အနာဂတ်ကလူက ငါက အနာဂတ်က မင်းပဲလို့ပြောပြီး မင်းနဲ့ငါ ဘာညာမလုပ်ရင် ကမ္ဘာကြီးပျက်တော့မှာပြောပြီး ညာပြီး ချခိုင်းတယ်။တစ်ဇာတ်ကျ ဒီပျက်ရှင်ကောင်မလေးတစ်ယောက်ရှိတယ်။ သေချင်လို့ တံတားနားသွားရပ်ရင်း မြစ်ထဲက အလောင်းတစ်လောင်းတွေ့လာတယ်ပေါ့။ ဘယ်ရည်းစားနဲ့မှ အဆင်မပြေနေတော့ ...
movie

Tiny Cinema (2022)

2022
Speak No Evil (2022) 6.8
Speak No Evil (2022) ဥရောပ ဟော်ရာ ရုပ်ရှင်အသစ်တစ်ကားလောက် ကြည့်ရအောင်။ ဆုတွေလည်းရထားပြီး ပရိသတ်တွေလည်း ကြိုက်တဲ့သူနဲ့မကြိုက်တဲ့သူ နှစ်ခြမ်းကွဲနေတဲ့ ရုပ်ရှင်တစ်ခုပါပဲ။ဒါရိုက်တာ စဉ်းစားစရာ၊ တထိတ်ထိတ်ဖြစ်စရာ၊ အားမလိုအားမရဖြစ်စရာ၊ နိမိတ်ပုံတွေနဲ့ ပရိသတ်တွေကိုပုံမှန်မဟုတ်တဲ့ ခံစားချက်မျိုး ပေးထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရှင်းပါတယ် သမီးလေးတစ်ယောက်ရှိတဲ့ ဒိန်းမတ် မိသားစုတစ်စုဟာ၊ စကားမပြောတတ်တဲ့ သားလေးတစ်ယောက်ရှိတဲ့ နယ်သာလန်မိသားစုတစ်စုနဲ့ ရင်းနှီးခဲ့တယ်။ နောက်တော့ နယ်သာလန်ကို အလည်လာဖို့ ဖိတ်တဲ့အတွက် ကျေးလက်အိမ်လေးဆီကို မိသားစုလိုက် သွားလည်ကြတယ်ပေါ့။ နောက်တော့ အဲဒီမိသားစုနှစ်စု ဘာဆက်ဖြစ်မလဲဆိုတာ လှည့်ကွက်တွေနဲ့ ဆက်ကြည့်ရမှာပါပဲ။ File size…1GB / 500MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Mr.Anderson
movie

Speak No Evil (2022)

2022
What Josiah Saw (2021) 6.1
What Josiah Saw (2021) What Josiah Saw (2021)IMDB Rating - 6.1/10 Rotten Tomatoes - 90%7 Wins & 6 Nominationsဝီးလိုးလမ်းမကြီးပေါ်က သရဲခြောက်တယ်ဆိုတဲ့ ဂရေဟမ်မိသားစုပိုင် ခြံစိုက်ခင်းကြီးအကြောင်း တစ်မြို့လုံး သိကြပေမဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယား၊ မိခင် မီရီယမ်၊ သားဖြစ်သူ အီလိုင်၊ သမီးဖြစ်သူ မယ်ရီ နဲ့ သားအငယ်ဆုံးလေး တွမ်မီတို့ ငါးယောက်ကြားက အတိတ်ဆိုးကြီးကိုတော့ သိတဲ့သူ မရှိပါဘူး ဘာသာရေး ကိုင်းရှိုင်းပြီး မိသားစုကို ချစ်တတ်တဲ့ မိခင်ဖြစ်သူ မီရီယမ်တစ်ယောက် ဘာကြောင့် ဝက်သစ်ချပင်ကြီးပေါ်မှာ ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားရတာလဲ သွားလေသူ မီရီယမ် ခြောက်လှန့်နေတဲ့ ခြံကြီးထဲမှာ နှစ်ယောက်တည်း ကျန်ခဲ့တဲ့ ဖခင်ဖြစ်သူ ဂျိုဆိုင်းယားနဲ့ သားငယ်လေး တွမ်မီတို့ ဘယ်လို နှစ်ပါးသွားကြမလဲ အိမ်က ထွက်လာပြီးတည်းက လေလွင့်နေခဲ့တဲ့ အီလိုင်တစ်ယောက် လောင်းကစားကြွေးတွေကို ပြန်ပေးဖို့ကြိုးစားရင်း ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံရမလဲ ကလေးဘဝက ကြုံခဲ့ရတဲ့ Trauma တွေကြောင့် အိမ်ထောင်သည်ဘဝကို ...
movie

What Josiah Saw (2021)

2021
Suicide Forest Village (2021) 5.1
Suicide Forest Village (2021) Suicide forest village (2021)Ju On:The Grudge sequelsတွေနဲ့ Howling Village(2017)Ox-head village (2022)တို့ရဲ့ directorရိုက်ကူးတဲ့ နောက်ထပ်ရွာတစ်ကားဖြစ်တဲ့ horrorရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရွာ၃ရွာကို ခုနှစ်အလိုက် အစဉ်အတိုင်းကြည့်ရင် ပိုပြီးကြည့်ရပြေပါလိမ့်မယ်။ဖူဂျီတောင်ပတ်လည်ကတောတွေထဲမှာ suicide forestလို့ခေါ်တဲ့ သစ်ပင်ပင်လယ်ကြီးရှိပါတယ်။ ဒီသစ်ပင်ပင်လယ်ထဲရောက်သွားတဲ့သူတိုင်း ပြန်မထွက်နိုင်ဘဲ ကျိန်စာမိပြီး ကိုယ့်ကိုယ်ကိုသတ်သေကာ သေဆုံးရတယ်လို့ ယုံတမ်းစကားတွေ ဂျပန်မှာရှိခဲ့ပါတယ်။ ဇာတ်လမ်းအစမှာတော့ အခိနလို့ခေါ်တဲ့ကောင်မလေးက ဒီတောထဲကိုသွားပြီး liveလွှင့်နေတာပါ။ လွှင့်နေရင်းနဲ့ သူ့ကိုတိုက်ခိုက်ခံရပြီး လဲကျကာ တကယ် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ဟိဘိခိ ဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားပြီး ဝါသနာတူတဲ့လူတွေပါတဲ့ဂရုထဲကိုလည်း ဝင်ထားပါတယ်။ တစ်နေ့မှာတော့ သူ့အစ်မရဲ့အိမ်မှာ suicide forestထဲက ကျိန်စာသင့်သေတ္တာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီသေတ္တာကိုကိုင်မိတဲ့သူတိုင်း ကျိန်စာသင့်ပြီးသေဆုံးရမယ်လို့ ဆိုပါတယ်။သူတို့မိသားစုတွေ ဒီသေမင်းတမန် သေတ္တာကိုဘယ်လိုမျိုးကိုင်တွယ်ကြမလဲ။ သူတို့နဲ့ ဒီsuicide forestထဲကရွာက ဘယ်လိုမျိုးပတ်သက်နေခဲ့ပြီး ဘယ်သူတွေ ဘယ်နည်းလမ်းနဲ့သေဆုံးကြဦးမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ပြီး ကြောက်လိုက်ရအောင်ပါ။( ...
movie

Suicide Forest Village (2021)

The Mothman Prophecies (2002) 6.4
The Mothman Prophecies (2002) ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ ‌အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာ‌ကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။ File ...
movie

The Mothman Prophecies (2002)

2002
Saloum (2021) 6.7
Saloum (2021) Saloum (2021)တောင်အာဖရိကက ဂီနီဘီဆူဆိုတဲ့နိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွါးပြီး မူးယစ်ရာဇာတွေက အာဏာရှင်တွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ဘန်ဂီခွေးအများဆိုတဲ့ အဖွဲ့ကတော့ အရမ်းကျွမ်းကျင်တဲ့ ကြေးစားတွေဖြစ်ပြီး အပေးအယူနဲ့ မက္ကဆီကိုနိုင်ငံသား မူးယစ်ရာဇာတစ်ယောက်ကို ဒါကာနိုင်ငံကို ဘေးကင်းကင်းနဲ့ ရောက်အောင်ပို့ပေးရမယ့် မစ်ရှင်ကို လက်ခံလိုက်ပါတယ်။အဲ့ဒီလိုပို့ပေးနေစဉ်အတွင်းမှာပဲ ဆီတိုင်ကီပေါက်ပြီး ဒါကာကိုမရောက်ခင် ဆင်းသက်လိုက်ရပြီး အင်မတန် ဝေးလံခေါင်သီတဲ့ ဆလုံးဆိုတဲ့ရွာစခန်းလေးတစ်ခုကို ရောက်ရှိသွားပါတော့တယ်။ရွာသူကြီး အိုမာကလည်း တကယ့်ကို ဖော်ဖော်ရွေရွေပါပဲ။ အဲဒီမှာ တခြားဧည့်သည်တွေလည်းရှိနေပြီး အဲဒီထဲက ဆွံ့အနားမကြားကောင်မလေးက သူတို့သရုပ်မှန်ကိုသိနေတဲ့အပြင် ရဲအရာရှိတစ်ယောက်ပါ ရောက်လာချိန်မှာတော့ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size          : 2.1GB, 862MB, 398MB Quality            : 1080p WEB-DL AC3 5.1CH, 720p ...
movie

Saloum (2021)

2022
The Harbinger (2022)
The Harbinger (2022) The Harbinger (2022)ပုဗ္ဗနိမိတ် (သို့) ရှေ့တော်ပြေး ဆိုတဲ့ခေါင်းစဥ်အတိုင်း Omen လို နိမိတ်တွေကို အဓိကထားတာ မဟုတ်ဘဲ Devil ရဲ့ ရှေ့တော်ပြေးအကြောင်းကို ရိုက်ကူးထားတဲ့ Horror, Thriller အမျိုးအစားပါ။ဒန်နီယယ်တို့ဟာ တစ်ချိန်တုန်းက သိပ်ကိုပျော်စရာကောင်းတဲ့ မိသားစုလေးပါ။ ယခုအခါမှာတော့ သမီးလေး ရိုဆလီရဲ့ ထူးဆန်းတဲ့အပြုအမူတွေနဲ့အတူ အလုပ်ကိစ္စကြောင့် တစ်မြို့ပြီးတစ်မြို့ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဒီတစ်ခါရောက်သွားတဲ့ မြို့လေးမှာတော့ မိမိကိုယ်ကို သတ်သေမှုတွေ ဆက်တိုက်ဆိုသလို ကြုံလာရတယ်။ အမှုတိုင်းမှာလည်း ရှေးဟောင်းပစ္စည်းလေးတစ်ခုက ရှိနေတယ်။ အဲဒီမြို့လေးမှာ ကျိန်စာသင့်နေတယ်လို့ သမုတ်ကြတဲ့ မူလဇာတိသား အင်ဒီးယန်းလူမျိုးစုတွေရဲ့ ​နယ်မြေလည်း ရှိနေပြန်တယ်။ ဒီသတ်သေမှုတွေက ဒန်နီယယ်တို့ မိသားစုနဲ့ ဘယ်လိုပတ်သတ်နေမလဲ မူရင်း အင်ဒီးယန်းလူမျိုးတွေနဲ့ ဘယ်လိုဆက်စပ်နေမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုအားပေးရင်း ရင်ဖိုနိုင်ရန် ညွှန်းဆိုလိုက်ပါရစေ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, ...
movie

The Harbinger (2022)

2022
Who Invited Them (2022) 5.5
Who Invited Them (2022) ဒီရုပ်ရှင်က‌တော့ ထုံးစံအတိုင်း အချောင်ဈေးနဲ့အိမ်ဝယ်မိတဲ့ လင်မယားနောက်တစ်တွဲပါပဲ။ ကိုယ့်လူတို့ရေ အိမ်ဝယ်ဆိုရင် သေချာစုံစမ်းပြီးမှ ဝယ်ကြပါလို့ ဒီဇာတ်ကားလေး ပြောပြသွားမှာပါ လူကုံထံရပ်ကွက်က အိမ်ကြီးတစ်လုံးမှာ နှစ်ပေါင်းများစွာက လင်မယားနှစ်ယောက်သေခဲ့လို့ဆိုပြီး ဈေးအရမ်း လျှော့ရောင်းထားတာကို အယ်ဒမ်ဆိုတဲ့ တစ်ယောက်က သိသိနဲ့ အိမ်ပိုင်လေးလိုချင်လို့ ဝယ်ခဲ့တာပါ ပြီးတော့ သူက ကြွားလည်းကြွားတတ်တော့ အိမ်ကြီးမှာ အိမ်သစ်တက်ပွဲ ပါတီလေးလုပ်ပါလေရော အဲဒီမှာပဲ သူရော သူ့မိန်းမရောနဲ့ မသိတဲ့ စုံတွဲတစ်တွဲဟာ ရောက်လာခဲ့တာပါအဲဒီမှာပဲ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရတော့တာပါပဲ သူတို့မဖိတ်ဘဲရောက်လာတဲ့သူတွေက ဘယ်သူတွေလဲ ဘာလို့ သူများအိမ်ရဲ့ပါတီကို မသိဘဲရောက်လာတာလဲ အိမ်ကြီးထဲကလူသတ်မှုကရော ဘာကြောင့်ဖြစ်ခဲ့ရတာလဲ ဆိုတာကိုရင်တထိတ်ထိတ်နဲ့ကြည့်လို့ကောင်းမဲ့ကားကောင်းလေးပါပဲFile size…(910MB)/(392MB)/(229MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Comedy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Who Invited Them (2022)