Channel Myanmar
Martial
Fight The Horse And Grab The Knife ( 2024 ) 5.7
Fight The Horse And Grab The Knife ( 2024 ) ဇာတ်လမ်းလေးကတော့ လျောင် စုန့် ဟန့် သုံးပြည်ကို အခြေတည်ထားပြီး ရုံချီဧကရာဇ်နှစ်၃နှစ်မှာ တစုန့်ပြည်ရဲ့ နာမည်ကျော်စစ်ဦးစီမှူးယန်ယဲ့ဟာ လျောင်ပြည်နဲ့စစ်တိုက်ရာမှာ အရေးမသာခဲ့ဘဲ လျောင်ပြည်ရဲ့စစ်သူကြီး လျိုကျန့်ရှန်းဦးဆောင်တဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်အောက်မှာအသက်ကို စတေးသွားခဲ့ရပါတယ် သူ့ရဲ့နာမည်ကြီး ရွှေဓါးဟာလည်း လျောင်ပြည်ရဲ့ ဖေးရှင်းချီစစ်တပ်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါတယ်ယန်ယဲ့ရဲ့ စစ်သည်တော်တစ်လက်ဖြစ်တဲ့ ကျောင်းကွမ်းဖူကတော့ အသက်ဘေးကနေလွတ်ပြီးတော့ လျောင်ပြည်ရဲ့ လျိုယဲ့မြို့လေးမှာ တည်းခိုဆောင်လေးဖွင့်ကာ ဇာတ်မြှုပ်နေပြီးတော့ တစ်နေ့မှာရွှေဓါးကို ပြန်ယူပြီးတော့ တစုန့်ပြည်ကို ပြန်ဖို့ကတော့ သူ့ရဲ့ရည်မှန်းချက်တစ်ခုဖြစ်ခဲ့ပါတယ်ထိုနည်းတူစွာပဲတစ်ဖက်မှာလည်း ယန်ယဲ့ရဲ့ သမီးတွေဖြစ်တဲ့ ယန်ချီနဲ့ ယန်ယင်းကလည်း လျောင်ပြည်ရဲ့ ဝန်ကြီးအိမ်တော်ကို ခိုးဝင်ပြီး သူတို့ဖခင်ရဲ့ ရွှေဓါးကိုပြန်လည်ခိုးယူခဲ့ပါတယ်အင်အားကြီးတဲ့ လျောင်စစ်တပ်က အလွတ်မပေးဘဲ သူတို့နှစ်ယောက်ကို လိုက်လံဖမ်းဆီးရာမှာတော့ ဇာတ်မြှုပ်နေတဲ့ ကျောင်းကွမ်းဖူနဲ့ တစုန့်လူမျိုးချင်းတူတဲ့ ယန်ယဲ့ရဲ့ သမီးတွေနဲ့ ဆုံတွေ့ခဲ့ပြီး နောက်ဆုံးမှာ ယန်ယဲ့ရဲ့ ရွှေဓါးကို တကယ်ပဲ တစုန့်ပြည်ကိုပြန်လည်ပို့ဆောင်နိုင်ပြီး စစ်ဦးစီးမှူးယန်ယဲ့အတွက် ကလဲ့စားချေပေးနိုင်မှာလားဆိုတာကိုတော့ ရှေးခေတ်စစ်ကားဖြစ်တဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Martial Art , Action Runtime : ...
movie
Fight The Horse And Grab The Knife ( 2024 )
New Seven Heroes and Five Gallants (2018) 6
New Seven Heroes and Five Gallants (2018) ဒီကားလေးကတော့ မှုခင်းရေးရာနဲ့သိုင်းဇာတ်လမ်းကို ပေါင်းစပ်ထားတဲ့ဇာတ်လမ်းလေးပါ 2016ကထွက်ရှိထားတဲ့ Three Heroes and Five Gallantsကို movieအနေနဲ့ပြန်ရိုက်ကူးထားတာပါ~နန်ရီရွာ~ လူတွေမရှုမလှသေဆုံးမှုတွေကြောင့် ကလေးတွေကြားမှာပင် တဘောင်လင်္ကါတွေနဲ့ကျော်ကြားနေသောမြို ဟုတ်ပါတယ် တစ်နှစ်ထဲမှာတင် လူ၁၂ယောက်ပျောက်ဆုံးသေဆုံးပြီး သေဆုံးသူတွေကလည်း ဒုက္ခသည်တွေ ဆင်းရဲတဲ့မိသားစုဝင်တွေဖြစ်တာကြောင့် လူသေဆုံးမှုကိုအဲ့လောက်အရေးအရာမလုပ်ခဲ့ကြပါဘူးတဖြည်းဖြည်းအစောင့်တွေပါ သေဆုံးလာတဲ့အခါမှာ တေ ာ့ ရုံး တော်က ပညာရှိလူကြီးမင်းပေါင်ကိုစေလွှတ်ကာ ထိုကိစ္စကိုစစ်ဆေးစေခဲ့ပါတယ် ပညာရှိပေါင်ဟာ သူ့တပည့်ပေါင်ရှင်းနဲ့အတူတူသွားရင်း ထိုကိစ္စကိုစစ်ဆေးဖိုလုပ်ရင်း သူရဲကောင်းနန်ရှ ကျန်းတာ့ရှနဲ့တွေ့ဆုံခဲ့ပါတော့တယ်အဲ့လိုနဲ့သူတိုသုံးယောက်ဟာ စုံစမ်းရေးကိစ္စတွေလုပ်ရင်း သံသယရှိသူလုရိသောင်ကို စစ်ဆေးတဲ့အခါ ကူညီပေးမဲ့ သူရဲကောင်းနောက်တစ်ယောက် ပိုင်ယွီထန်းနဲ့ထပ်တွေ့ကြုံခဲ့ပါတယ် အဆင်ပြေပြေတွေ့ကြုံခဲ့တာတော့မဟုတ်ပါဘူး အခက်အခဲတွေကိုသူတိုလေးယောက်ဘယ်လိုကျော်ဖြတ်မလဲ? ဘယ်လိုတွေကြုံတွေ့ရမလဲ? နောက်ကွယ်မှာ ဘယ်လိုလှည့်စားမှုတွေရှိမလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်ရှူလိုက်ရအောင်နော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Historical , Crime Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie
New Seven Heroes and Five Gallants (2018)
The Hidden Fox ( 2022 ) 6.5
The Hidden Fox ( 2022 ) ဒီဇာတ်ကားလေးကတော့ ဂန္တဝင်စာရေးဆရာကြီး Jin Yong ရဲ့ Fox Volant of the Snowy Mountain ( နှင်းတောင်သူရဲကောင်း ) ဇာတ်လမ်းတွဲကိုMovie Version အဖြစ် | ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က လီဇီချန်ဘုရင်ရဲ့ ထူးခြားအံ့ဩဖွယ် ရတနာတစ်ပါးကြောင့် မြောင်ရန်ဖုန်းဆိုတဲ့ မြောင်မျိုးနွယ်သူရဲကောင်းနဲ့ စောင့်ရှောက်သူဟူတို့ကြား မသင့်မြတ်မှုနဲ့အတူ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး ၂ဦးလုံး ထူးဆန်းစွာ အသက်ဆုံးရှုံးခဲ့ရတယ်…နောက်တော့ ရတနာနဲ့အတူ မြေပုံရော သော့ပါ ပျောက်ဆုံးသွားခဲ့တာ၁၀ နှစိကျော် အားလုံးလိုက်ရှာခဲ့ပြီးနောက်မှာတော့ ရတနာမြေပုံ လမ်းစရလို့ သူရဲကောင်း ၈ဦး မြေပုံရှိရာ ဖေးဟူတောင်ကို ချီတက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်ထားတာပါ…မြောင်နဲ့ ဟူ ဘယ်လို သေသွားတာလဲ… သူတို့ဆက်ခံသူတွေရောမြေပုံလမ်းစမသိဘူးလား ဒါမှမဟုတ် ဆက်ခံသူပါ ပျောက်ဆုံးသွားတာလား… ဒါဆို သူတို့ချင်းမသင့်မြတ်ကြရာက သေတာရော ဟုတ်ရဲ့လား… နောက်ပြီးဘာလို့သူရဲကောင်း ၈ ဦးကပဲ ဖေးဟူတောင် သွားခဲ့တာလဲ…ဒီလို စိတ်ဝင်စားစရာကောင်းပြီး နာမည်ကြီးကားကို movie version မှာ ဘယ်လိုပုံဖော်ထားတယ် သိရအောင် အမြန်လေး ဒေါင်းကြည့်လိုက်ကြပါတော့…  Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie
The Hidden Fox ( 2022 )
Malignant (2021) 6.7
Malignant (2021) Malignant (2021)Conjuring, Saw စတဲ့ကားတွေနဲ့နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာ James Wan ရဲ့အသစ်စက်စက် Horror ရုပ်ရှင်ဖြစ်ပါတယ်အရက်သမားယောကျ်ားနှိပ်စက်တာကိုခံရလို့ ခဏခဏ ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မက်ဒီဆင်... ငယ်ဘဝတုန်းကအကြောင်းအရာတွေကို မမှတ်မိတော့တဲ့ မက်ဒီဆင်....မက်ဒီဆင်ဟာ တစ်နေ့မှာ လူသတ်မှုတစ်ခုကို ကြုံခဲ့ရပြီးနောက်ပိုင်း ရက်ရက်စက်စက်လူသတ်မှုတွေရဲ့အမြင်တွေ ဆက်မြင်လာရပြီး လူသတ်သမားဟာ ဂေဘရီယယ် ဆိုတဲ့ လူတစ်ယောက်မှန်း သိလာရတဲ့အခါ ဂေဘရီယယ်ဆိုတာဘယ်သူလဲ? ဘာကြီးလဲ?မက်ဒီဆင်က သူ သတ်တာ ဖြတ်တာတွေကို ဘယ်လိုကြောင့် အမြင်တွေရနေရတာလဲဆိုတာကတော့ဒါရိုက်တာ James Wan ရဲ့ အရင်ကနဲ့ မတူတဲ့ရိုက်ချက်တွေ ဟာကနဲဟင်ကနဲဖြစ်သွားရမယ့်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ခံစားကြည့်လိုက်ရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ကြပါတယ်Quality….WEB-DL 1080p and 720p and 480p File size…2.5GB and 1.3GB and 500MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Pyi Ti ...
movie
Malignant (2021)
2021
The Master Baji ( 2020 ) 5.4
The Master Baji ( 2020 ) ဒီကားလေးကတော့ sept 24 2020မှာထွက်လာတဲ့action,historical,Martial arts အမျိုးအစား ဖြစ်ပါတယ်လွန်ခဲ့တဲ့၁၀နှစ်က လူဆိုးကြီး ကျင့်ထျန်းပေါက်ဟာမြို့မှာအချမ်းသာဆုံးသူဌေး ပိုင်မျိုးနွယ် တစ်အိမ်လုံးကိုရက်ရက်စက်စက်သတ်သွားခဲ့ပေမယ့် မဖမ်းဆီးနိုင်ခဲ့ပဲလွတ်မြောက်သွားခဲ့ပါတယ်...၁၀နှစ်ပြည့်တဲ့နှစ်မှာ ဒီလိုနဲ့ ကျိုးရှင်းဝူရဲ့သူငယ်ချင်း ကျန်ဖုန်တို့တစ်မိသားစုလုံးကျင့်ထျန်းပေါက်ရဲ့သတ်တာခံလိုက်ရတဲ့အခါ..ကျိုးရှင်းဝူရဲဆရာဟာ သူ့ဂိုဏ်းကထွက်သွားစေပြီးကျိုးရှင်းဝူကိုပါးကျီသိုင်းကွက်သင်ယူစေခဲ့ပါတယ်ကျိုးရှင်ဝူ ပါးကျီသိုင်းကွက်တတ်မြောက်ပြီး ပြန်လာချိန်သူ့ဆရာလီစေ့ရယ်ပါသေဆုံးသွားခဲ့ပြီး လူသတ်သမားလို့စွပ်စွဲခံရတဲ့အခါ....လူဆိုးကြီးကျင့်ထျန်းပေါက်ကိုရှာဖွေဖော်ထုတ်နိုင်ပါ့မလား...နှိမ်နင်းနိုင်ပါ့မလားမထင်မှတ်တဲ့လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ Translated & Review By Phyo ZawEncoded By LK
movie
The Master Baji ( 2020 )
Justice Bao-The Myth of Zhanzhao (2020) 5.6
Justice Bao-The Myth of Zhanzhao (2020) ဒီတစ်ခါ ပေါင်ချိန်ကားလေး version အသစ်ပါဒီကားက ကျန်ကျောင်းဇာတ်လို့ ပြောလို့ရပါတယ်ကျန်ကျောင်းရဲ့ ဆရာတူအစ်မဆိုသူက တိုင်းပြည်ကိုဆန့်ကျင်တဲ့သူပုန်ခေါင်းဆောင်ဖြစ်နေလို့ပါပဲ...ကျန်ကျောင်းခဗျာ ဆရာတူအစ်မကို သတ်ပြီး သစ္စာစောင့်သိရမလား...ဆရာတူအစ်မနောက်လိုက်ပြီး တိုင်းပြည်ကို ဆန့်ကျင်ရမလား...နောက်ပြီး သူဖြစ်ချင်သလို သူဖျောင်းဖျနေသလို အရာအားလုံး ပြည်ဖုံးကား ချပြီးအဝေးကို ထွက်သွားဖို့ သူ့ ဆရာတူအစ်မ လက်ခံပါ့မလား...ဒီလိုတွေဗျာများတဲ့ကားလေးပါ။ ဒီလိုဗျာများလို့ စိတ်ဝင်စားဖို့မကောင်းဘူးမထင်နဲ့နော်။စစ်ဘေးမဟုတ်ဘဲ သဘာဝဘေးကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေဘက်ကတိုင်းပြည်ကို မြင်တဲ့အမြင်... တိုင်းပြည်က ပြည်သူတွေကို ကြိုးစားပြီးကူညီတာတွေ နောက်ဆုံး ပွဲလန့်တုန်းဖျာဝင်ခင်းတဲ့ အဖျက်သမားပုန်ကန်သူတွေအကြောင်း တစ်စေ့တစ်စောင်း မြင်တွေ့နိုင်တာမို့ကြည့်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ Translated & Revivew By Chu ChuEncoded By LK
movie
Justice Bao-The Myth of Zhanzhao (2020)
Buddhas Palm Technique (2020) 5.6
Buddhas Palm Technique (2020) ဒီတစ်ခေါက် ဗုဒ္ဓလက်ဝါးသိုင်းဆိုတဲ့ သိုင်းကားကိုမှာ ခေတ်ပေါ်အနေအထားနဲ့ရိုက်ထားတဲ့ တရုတ်အက်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ သိုင်းကားဆိုပေမယ့် ဒီဘက်ခေတ်မှာ ကျင်လည်နေတဲ့အပူအအေးခံစားချက်မဲ့ နာမှာမကြောက် သေမှာမကြောက်တဲ့ ညီမအတွက်အသက်ပေးပြီး ညီမအတွက် ရှင်သန်နေတဲ့ လုံကျန်းပေဆိုတဲ့ လူအကြောင်းကို အဓိက ရိုက်ကူးထားတာပါ။ဒီလို အများနဲ့မတူ တစ်မူထူးနေတဲ့အတွက် နတ်မျက်နှာဖုံးစွမ်းအားကိုထိန်းချုပ်နိုင်တဲ့လူအနေနဲ့ စမ်းသပ်အောင်မြင်ပြီး ဘုမသိဘမသိသိုင်းလောကထဲရောက်သွားခဲ့တယ်။ ညီမကို ကယ်ချင်တဲ့သူ့စိတ်ကို အသုံးချပြီးတစ်ဆင့်ချင်း သိုင်းကျင့်ပေးသွားတာတွေက အတော်လေး စိတ်ဝင်စားဖို့ကောင်းပြီးဒီဘက်ခေတ်ကားဖြစ်လို့ သိုင်းချတာတွေ မမြင်ရတော့ဘူးလို့တွေးမယ့်လူတွေကတော့ အတွေးမှားသွားပြီလို့ပြောချင်ပါတယ်။Translated & Review By Chu ChuEncoded By LK
movie
Buddhas Palm Technique (2020)
The New One-Armed Swordsman (1971) 7.2
The New One-Armed Swordsman (1971) [Unicode]IMDb - 7.2" လက်တစ်ဖက်ပြတ် ဓားသမား "ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် David Chiang ကားလေးပါဓားသိုင်းလောကမှာ ဓားညီနောင်(ဓားနှစ်လက်သိုင်းသမား)ဟု နာမည်ကျော်ကြားပြီး ပြိုင်ဘက်ကင်းနေတဲ့ လေလိ...အရမ်းတော်တဲ့သိုင်းသမားတွေ အထူးသဖြင့်ဓားညီနောင်သိုင်းသမားတွေကို လိမ်လည်မျှားခေါ်ပြီး အကွက်ကျကျ အနိုင်ယူကာ သိုင်းလောကက ထွက်ခွာရအောင်လုပ်တတ်တဲ့ လုံရီကျိ...လေလိဆိုတဲ့ဓားညီနောင်သိုင်းသမားလေးဟာ နာမည်ကျော်ကြားနေတော့ သူရဲကောင်းလုံဟာ သူရဲ့ ဓားနှစ်လက်သိုင်းကို အနိုင်ယူနိုင်မယ့် လက်နက် နဲ့ အကွက်ကျကျအနိုင်ယူပြီးသူ့ဓားသိုင်းကိုသုံးမရအောင်လက်တစ်ဖက်ဖြတ်ခိုင်းကာ သိုင်းလောကကနေ ထွက်ခွာသွားခိုင်းခဲ့ပါတယ်စိတ်ဓာတ်ကျပြီး လူတိုင်းအနိုင်ကျင့်ခံနေတဲ့လေလိဟာ မိတ်ဆွေဓားသိုင်းသမားသူရဲကောင်းဖုန့်နဲ့ဆုံတဲ့အချိန်မှာ...ဘယ်လိုတွေဆက်ကြုံရမလဲသူမေ့နိုင်အောင်ကြိုးစားနေတဲ့ သိုင်းလောကထဲသူပြန်ဝင်မှာလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ပါ..။လေလိအဖြစ်- David Chiang သူရဲကောင်းလုံအဖြစ်-Ku Feng သူရဲကောင်းဖုန့်အဖြစ်-Ti Lung တို့က ပါဝင်သရုပ်ဆောင်ထားတာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hlaing Theint Theint Latt ဖြစ်ပါတယ် ) [Zawgyi]IMDb - 7.2" လက်တစ်ဖက်ပြတ် ဓားသမား "ဒီကားလေးကတော့ 1971ခုနှစ်ကရိုက်ကူးထားတဲ့ လူတော်တော်များများသိကြမယ့် ...
movie
Furie (2019) 7.5
Furie (2019) IMDb (7.5) / Rotten Tomatoes (91%)Furie (ဗီယက်နမ်လို Hai Phuong) ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားဟာ နိုင်ငံတကာ Rating သာမက စီးပွားရေးအရလဲ အောင်မြင်နေပါတယ်...အမေရိကန်လို နိုင်ငံမှာ ရုံတင်နေပြီး ဝင်ငွေကောင်းနေတဲ့အပြင် လူကြိုက်များနေကြောင်းလဲသိရပါတယ်။ဇာတ်လမ်းကတော့........ဟိုင်းဖောင် ဟာ အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူဘ၀ကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဘယ်ဘ၀ကလာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ ဘာကြောင့်လူတွေနဲ့ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလဲ ဘယ်သူမှ မသိကြပါဘူး။ ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီကကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ ကျောင်းမှာ အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်အဖြစ်လဲ လှောင်ပြောင်ခံရတယ်။ ဒါကြောင့် ကျောင်းကထွက်ပြီးတော့ အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေးချင်သူပါ။ သူတို့ သားအမိဆက်ဆံရေးဟာလဲ နွေးနွေးထွေးထွေးမရှိလှပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ ဖေးမကြတယ်။ တစ်ခါတစ်လေ ဟိုင်းဖောင်ဟာ တစ်ယောက်တည်း စီးကရက်တစ်လိပ်နဲ့ မှိုင်တွေ ငေးရီနေတတ်တယ်။ တစ်နေ့တော့ သူ့သမီးအိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သူမြတ်မြတ်နိုးနိုးသိမ်းထားတဲ့ နားစွဲလေးတစ်ရံကိုဈေးထဲသွားပေါင်ချိန်မှာ သူ့သမီးကို သူခိုးအဖြစ် ၀ိုင်းဝန်းစွပ်စွဲနေတာကို ဖြေရှင်းရင်း ...
movie
Furie (2019)
2019
Kung Fu League ( 2018 ) 5.8
Kung Fu League ( 2018 ) သိုင်းကားကောင်းကောင်းကြိုက်တဲ့သူတွေ အတွက်တော့လုံးဝ အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးပါပဲ..တကယ့်ဆရာကြီးတွေဖြစ်တဲ့ ဟွမ်ဖေးဟုန် , ၀င်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man ) , ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက် ပေါင်းထားတဲ့ ဇာတ်ကားလေး ပါ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်က ဆရာကြီးလေးယောက်အကြောင်း သိုင်း Comic ဆွဲထားတာပေါ့..သူတစ်ဖက်သတ်ကြိုက်နေတဲ့ ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကို လိုချင်တာရော..ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီး စိတ်ကူးထားခဲ့သူတစ်ယောက်ပါ..ဒါပေမယ့် သူ့ရဲ့အတွေးတွေဟာ..လွဲမှားခဲ့ရပါတယ် သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရ သူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်... ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်း သိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့ ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့ တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲ သူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကို အချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့............ ဆက်လက်ခံစားကြည့်ရှုပါ ဘာသာပြန်သူကတော့ Phyo Zaw ဖြစ်ပါတယ်
movie
Kung Fu League ( 2018 )
2018
Never Back Down (2008) 6.6
Never Back Down (2008) ကဲအခု အတိုက်​အခိုက်​ကိုမှ ကြည်​့ရတာအားရပြီးတော့ ကြည်​့လိုက်​တာနဲ့ စိတ်​တက်​ကြွစေမဲ့ရုပ်​ရှင်​ကားတကားနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​။ အဲ့ကားလေးကတော့2008 March 14ကနေ့မှာ ထွက်​ရှိခဲ့တဲ့ Never Back Down ဆိုတဲ့ကားပဲဖြစ်​ပါတယ်​။ ဒီကားလေးကိုတော့ ဒါရိုက်​တာ Jeff Wadlowကနေ ရိုက်​ကူးပေးထားတာဖြစ်​ပြီးတော့ အမျိုးအစားလေးကတော့ Action, Drama, Sport လေးပဲဖြစ်​ပါတယ်​။ ဒီကားလေးမှာပါဝင်​သရုပ်​ဆောင်​ထားတဲ့ မင်​းသားအနေနဲ့ကတော့ Sean Faris ဖြစ်​ပြီးတော့ မင်​းသမီးအနေနဲ့ကတော့ Amber Heard ဖြစ်​တယ်​ဆိုတော့ မင်​းသမီးဘယ်​လောက်​လှတယ်​ဆိုတာ ဇာတ်​ကားကောင်​းတကောင်​းဖြစ်တယ်​ဆိုတာ အထူးတလည်​ပြောစရာမလိုတော့ဘူးဗျာ။ ဇာတ်​လမ်​းအညွှန်​း - အတိတ်​ကရုန်​းထွက်​မရနိုင်​တဲ့အဖြစ်​အပျက်​တခုကြောင်​့ အမြဲအပြစ်​တင်​စိတ်​ ဒေါသထွက်​နေတဲ့စိတ်​တွေနဲ့ပြည်​့နှက်​နေတဲ့ ဂျိတ်​တိုင်​လာဆိုတဲ့ကောင်​လေးတယောက်​ဟာ မိသားစုနဲ့အတူနေရာသစ်​တခုကိုပြောင်​းလာခဲ့ပြီးတော့ အဲ့ကျောင်​းမှာပဲ မြေအောက်​တိုက်​ခိုက်​ရေးပွဲ တခုကိုဝင်​ပါမိသွားပါတယ်​။ အဲ့ကနေပြီးတော့ သူဟာကျောင်​းကသူငယ်​ချင်​းတယောက်​နဲ့ပေါင်​းမိပြီး ထိုကျောင်းမှာရှိတဲ့ အတော်ဆုံးတိုက်​ခိုက်​ရေးသမားတယောက်​နဲ့ ဘယ်​လိုရင်​ဆိုင်​သွားလဲဆိုတာကို ကြည်​့ရူခံစားရမှာပါတယ်​။ IMDb Rating အနေနဲ့ကတော့ 6.6/10 ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jake(NNL) ဖြစ်ပါတယ်)File size__( 950 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__6.6/10 Format__mp4 Duration__01:53:26 Type__Drama ...
movie
Never Back Down (2008)
2008
Extreme Fox (2014)
Extreme Fox (2014)  2014 ခုနှစ်ထွက်ထားတဲ့ မြေခွေး နတ်သမီးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးကတော့လူနဲ့ နတ်ကြားက ချစ်ချင်းတရား ကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပြီးတော့ နတ်နဲ့ မိစ္ဆာကြားက ရန်ငြိုးတွေကြီးမားကြပုံကိုပါတွေ့မြင်ကြရမှာပါ ဒီကားကတော့ Chinese Ghost Story တို့လို ဇာတ်ကားတွေကို ကြည့်ရတာ ကြိုက်နှစ်သက်ကြတဲ့ သူတွေ နဲ့ မြေခွေးမ ချောချော လေးတွေကို ငမ်းချင်တဲ့သူတွေ အနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ ကားလေးပါပဲဇာတ်လမ်း အကျဉ်းလေးကတော့ နေပြည်တော်ကြီးမှာ မင်းမှုထမ်းစာမေးပွဲကျရှုံးပြီး ပြည်တော်ပြန်လာတဲ့ ကျောင်းသားလူပျိုလေး ဟာ မထင်မှတ်ထားပဲမြေခွေးဝိညာဉ်နဲ့ တွေ့ဆုံမိပြီး ဘယ်လိုတွေ ချစ်ကြိုးသွယ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပဲဖြစ်ပါတယ် Qty - DVD RipDuration - 1hr 30minGern - Action/ MysterySubtitle - Myanmar HardsubEncoder - Kyaw Ye Aung  
movie
Extreme Fox (2014)
2014
Cat and Mouse (2003) 5.3
Cat and Mouse (2003) 2003 ခုနှစ်ကထွက်ရှိပြီး ပေါင်ချိန် ကျန်ကျောင်းကားကို ဟာသဘားရှင်းအနေနဲ့ရိုက်ကူးထားတဲ့ အချစ်ဟာသကား လေးကိုတင်ဆက်ပေးလိုက်ပါတယ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသာကြီးကတော့ အသဲကျော် အန်ဒီပဲ ဖြစ်ပါတယ်ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ Zhan Zhao (Andy Lau) ဟာ ပေါင်လူကြီးမင်းရဲ့ ရုံးစာရေး ကိုယ်ရံတော် ငတိပါ တစ်နေ့မှာ သူဟာ ရုံးအားလပ်ရပ်မှာ သူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ် ထိုအချိန်မှာပဲ တရားသူကြီးပေါင်ကို လုပ်ကြံတဲ့ အမူတစ်ခုထွက်ပေါ်လာရာမှ ပေါင်လူကြီးမင်းကိုလုပ်ကြံမူကို Zhan Zhao (Andy Lau) ဟာ တားဆီးဖို့ကြိုးစားရင်း သူမျှော်လင့်ထားသလို ဖြစ်မလာပဲ သူငယ်လေးဟာ သောက်ကျိုးနည်း ချောတဲ့ကောင်မလေး ဖြစ်နေပြီး သူ့ကိုတိတ်တဆိတ် ကူညီပေးနေတဲ့သူဖြစ်လာတဲ့အခါမှာတော့ ..................... ဘာသာပြန်ကတော့ Chu Qiao ပါဗျ ။Download From Yoteshin Link
movie
Cat and Mouse (2003)
2003
Enter the Dragon (1973) 7.7
movie
Enter the Dragon (1973)
1973
Fist of Fury (1972) 7.4
Fist of Fury (1972) Fist of Fury (1972) IMDb - 7.4/10______Rotten - 92%  Bruce Lee ရဲ့ Big Boss အပြီး ၁၉၇၂ မှပဲ ဆက်တိုက် နောက်ထပ်တကား ထပ်မံထွက်ရှိခဲ့ ပြန်ပါတယ် ဒီကားကိုလဲ ၁၉၆၀ လောက်က မွေးဖွားခဲ့ တဲ့ သူတွေတော်တော် များများက တော့ အဲ့ခေတ်အဲ့အခါက ဗီဒီယို ရုံကကြော်ငြာသလိုပဲ ဘရုစ္စလီ ရဲ့ ဒေါသလက်သီး အဖြစ်သိ ရှိ နာမည်ကြီးခဲ့ သလိုပဲ ဘရုစ္စလီ ကို ဒီကားမှာပဲ Chinese Arnold ရယ်လို့ ခေါ်တွင် သမုတ်ခဲ့ကြပြန်ပါတယ် ကဲ ပထမ Big Boss မှာအောင်မြင်ခဲ့ သလိုပဲ ဒီကားမှာလဲ လီ ရဲ့ ပြောင်မြောက်လှတဲ့ အသတ်အပုတ်တွေကိုမြင်တွေကြရမှာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ နိုင်ငံရပ်ခြားမှာ ပညာသွားသင်နေတဲ့ ချန်ဈာန်တစ်ယောက် ဆရာဖြစ်သူနာရေးအတွက်ပြန်လာခဲ့ရာမှ အဆုတ်ရောဂါနဲ့ သေဆုံးရတာကိုမကြည်ပဲ ဆက်လက်စုံစမ်းရာပြိုင်ဖက် သိုင်းသင်တန်းကျောင်းရဲ့ လက်ချက်ဟု သိရှိလိုက်ရာမှ ထိုအချိန်တွင် ရုရှား ကလဲ တရုပ်တွင်ခြေ ရှပ်နေချိန်မှာတော့ လီ တဖြစ်လဲ ချန်ဈန်တစ်ယောက် ဘယ်လိုတွေများ ...
movie
Fist of Fury (1972)
1972
The Big Boss (1971) 7.1
movie
The Big Boss (1971)
1971
Tai Chi Master(1993)
Tai Chi Master(1993) ကဲဒီနေ့တော့ IMDb rating 7.3/10 ရရှိထားတဲ့1993တုန်းကနာမည်ကြီးကားလေးတင်ပေးပါမယ်။ ဒီဇာတ်ကားကတော့ကျွန်တော်(စိုးထွေး)ရဲ့၁၃ကားမြောက်ဘာသာပြန်ကားလေးပါ။ သေချာပါတယ်ဒီဇာတ်ကားကိုကြည့်ပြီးသူတွေတော်တော်များများရှိကြမှာပါ။ ဒါပေမဲ့ဒီဇာတ်ကားလေးဟာရှားပါးဇာတ်ကားလေး တစ်ကားဖြစ်လာပြီလို့ပြောရင်မှားမယ်မထင်ပါဘူး။ ဒါကြောင့်ဒီရှားပါးဇတ်ကားလေးကို အမျိုးတွေကိုမြန်မာစာတန်းထိုးနဲ့အရသာရှိရှိကြည့်ရှုနိင်ဖို့အတွက်ကျွန်တော်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီဇတ်ကားကိုကြည့်ရှုချင်ကြတဲ့ပရိတ်သတ်တွေလည်းရှိကြဦးမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဇာတ်ကားအကြောင်းလေးအနည်းငယ်ကိုပြောရရင်တော့ငယ်စဉ်ကတည်းကရှောင်လင်ကျောင်းမှာပညာသင်ကြားတဲ့သူငယ်ချင်း၂ယောကအကြောင်းတခုကြောင့်အပြင်လောကကိုရောက်သွားတဲ့အခါ ဘာဆက် ဖြစ်မလဲ။ တစ်ဦးကကြင်နာတတ်သူ တစ်ဦးကခက်ထန်ရက်စက်ပြီးရာထူးအာဏာမက်သူ . . . ရာထူးအာဏာမက်သူအတွက်ရာထူးစည်းစိမ်ကိုမက်ပြီးသွေးသောက်သူငယ်ချင်းကို ဘယ်အချိန် သစ္စာဖောက်မလဲ။ သူငယ်ချင်းရဲ့တိုက်ခိုက်မှုကြောင့်စိတ်ဒဏ်ရာရသွားခဲ့သောကျန်သူတစ်ဦးကကောပြန်ကောင်းလာမှာလား။ထိုက်ကျိရဲ့သဘောတရားကိုနားလည်ပြီး သူငယ်ချင်းကိုဘယ်လိုပြန်လက်စားချေမလဲ စသဖြင့်ဇာတ်ကားတစ်ကားလုံးပရိတ်သတ်တွေကိုအကြိုက်တွေ့စေမှာပါ။ မင်းသားမင်းသမီးတွေကကတော့ ပရိတ်သက်အကြိုက် နာမည်ကြီးမင်းသားဂျက်လီနဲ့အတူနာမည်ကြီးမင်းသမီးမီရှဲယိုလည်းအတူတူပါဝင်သရုပ်ဆောင်ထားလို့မကောင်းမှာပူစရာမလိုတော့ပါဘူး။ကဲ ထုံးစံအတိုင်းပဲ Download ဆွဲပြီးအားပေးကြပါကုန် . . .(ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ Ko Soe Htwe ပဲဖြစ်ပါတယ်။)Download and Direct Watch HD720P   Download and Direct Watch HD small file 480P
movie
Tai Chi Master(1993)
Dragon Eyes (2012) 4.5
Dragon Eyes (2012)         ကဲ ပထမဆုံး Gong Xi  Fa Cai ပါလို့ နှုတ်ခွန်းဆက်ဆုတောင်း ပေးပါတယ် အားလုံးပဲ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေးပါဗျ ကဲ ဒီတစ်ခါတော့ မင်းသားကြီး ဗင်ဒိန်းပါဝင်ထားတဲ့ ဂိုဏ်စတား ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဗျ ဇာတ်လမ်း ကတော့ ဂိုဏ်စတားကားတို့ ထုံးစံအတိုင်း အသတ်အပုတ်တွေ နဲ့ Martial Art ခေါ် သိုင်းကစားကွက်တွေကို တ၀ကြီး ကြည့်ရမှာဖြစ်ပါတယ် ကဲ အက်ရှင်ကြိုက်ပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြမှာပါဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ St. Jude မြို့ဟာ ဂိုဏ်းစတားတွေ မင်းမူ သောင်းကျန်းရာနေရာဖြစ်ပြီး မြို့သားတွေဟာ ထိပ်လန့်ကြောက်ရွှံ့စွာနဲ့ နေထိုင်ကြရပါတယ် ဒီလိုနဲ့ တစ်နေ့မှာ ဟောင် ဆိုတဲ့ လူစိမ်းတစ်ယောက် ရောက်ရှိလာရာမှာ ဂိုဏ်းအဖွဲ့တွေဟာ ဖြိုခွဲခံရပါတော့တယ် ဒီလိုနဲ့ ဂိုဏ်းစတားတွေက သိုင်းပညာသင်ကြားဖို့ အတွက် သိုင်းပညာရှင် ဘန်ဒမီ ကို ဖိတ်ခေါ်ပြီး သင်ကြားလေ့ကျင့်ခိုင်းပါတော့တယ် ကဲ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဆက်လက်သာကြည့်လိုက် ကြပါတော့ဗျာ လို့  ...................................................။unicode ကဲ ပထမဆုံး Gong Xi  Fa Cai ပါလို့ နှုတ်ခွန်းဆက်ဆုတောင်း ပေးပါတယ် အားလုံးပဲ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးလေးပါဗျ ကဲ ဒီတစ်ခါတော့ မင်းသားကြီး ဗင်ဒိန်းပါဝင်ထားတဲ့ ဂိုဏ်စတား ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဗျ ဇာတ်လမ်း ကတော့ ...
movie
Dragon Eyes (2012)
2012
Iron Monkey 2 (1996) 4.6
movie
Iron Monkey 2 (1996)
1996