Movies
Series
VIP Plan
How To Download
DMCA
Movies
Series
VIP Plan
How To Download
DMCA
Years
Movies
Series
VIP Plan
How To Download
DMCA
Musical
6.6
Taal (1999)
မင်းသမီး Aishwarya Rai အဓိကပါဝင်ထားပြီး Anil Kapoor နဲ့ Akshaye Khanna တို့လို မင်းသားကြီးတွေနဲ့ဒီရုပ်ရှင်ကားက အချစ်ရိုမန့် အလွမ်းအဆွေးရသစုံတဲ့ ရုပ်ရှင်ကားကြီးပါ။"Taal" ဆိုတာ သိပ်ကိုနူးညံ့တဲ့စကားလုံးလေး "ဂီတသံစဉ်" တစ်နည်းအားဖြင့် "နှောင်ကြိုး"လူသားရဲ့စိတ်ဖြေရာ အချစ်တို့မွေးဖွားရာ ခံစားချက်တွေ ပေါင်းဆုံရာကို ဂီတလို့ခေါ်နိုင်မလား...ဂီတငြိစွန်းလာတဲ့အခါ လူ့ရဲ့စိတ်ကနူးညံ့လာပြီး နှလုံးသားချင်း စကားပြောလာတတ်ပါတယ် အဲ့ဒီစကားလုံးတွေကပဲ နှလုံးသားကို အချစ်လမ်းသွယ်လေးဆီ ခေါ်ဆောင်လာတတ်တယ်...ဟုတ်ပါတယ် ဒီနှောင်ကြိုးလေးက မာနဗ် မာန်ဆီ ဗစ်ကရန်းဆိုတဲ့ ဘဝသုံးခုနဲ့ ချိတ်တွယ်ထားပါတယ်ဘဝရဲ့လမ်းသွယ်လေးတွေမှာ ကျွန်မတို့ လူတော်တော်များများနဲ့ ဆုံဖြစ်ကြပါလိမ့်မယ်ကိုယ့်စိတ်နဲ့ ထပ်တူမကျတာရှိနိုင်သလို ကိုယ့်နှလုံးသားနဲ့ အဲ့ဒီလူကို ငြိတွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်နိုင်ငံခြားပြန် မြေပြန့်သားလေး မာနဗ်ဟာ ဖခင်ဖြစ်သူရဲ့ အလုပ်ကိစ္စနဲ့ တောင်ပေါ်ဒေသကို အလည်လာရင်း ရိုးသားတဲ့တောင်ပေါ်သူလေး မာန်ဆီနဲ့ သံယောဇဉ်ငြိတွယ်ခဲ့ပါတယ်...အခြေအနေအချင်းက အရမ်းကွာဟတာကြောင့် ဒီနှောင်ကြိုးကို မြဲအောင်မထားနိုင်ခဲ့ပါဘူး...ဘဝရဲ့အခန်းကဏ္ဍတစ်ခုပြီးဆုံးသွားတဲ့အခါ တခြားကဏ္ဍတစ်ခုက ပေါ်လာတတ်စမြဲပဲဆိုတာ ကြားဖူးကြတယ်မလား...အဲ့ဒီအခန်းကဏ္ဍနဲ့အတူ မာန်ဆီရဲ့ဘဝထဲကို ထပ်မံဝင်ရောက်လာသူကတော့ အောင်မြင်ကျော်ကြားတဲ့ သီချင်းဒါရိုက်တာကြီး..ထုတ်လုပ်သူကြီး ဗစ်ကရန်းကပူရ်ပါပဲ"လက်ထပ်တယ်ဆိုတာ ဘဝနှစ်ခု ပေါင်းဆုံဆည်းတာ" "လက်ထပ်တယ်ဆိုတာ နှလုံးသားနှစ်ခု ထပ်တူကြတာ" "အတူတူသေမယ် အတူတူရှင်သန်မယ်" တဲ့...။ကဲ..သူတို့သုံးဦးရဲ့ဘဝနှောင်ကြိုးတွေက ဘယ်ကိုဦးတည်သွားမလဲဒီနှောင်ကြိုးလွန်ဆွဲပွဲမှာ ဘယ်သူ့အချစ်က အနိုင်ရပြီး ဘယ်သူနဲ့ဆုံဆည်းရမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပြီး လူသားတိုင်း ...
movie
Taal (1999)
1080p HEVC
4.2
Sneakerella (2022)
Sneakerella (2022) ===============ဒစ်စနေးရဲ့ ဂီတ ရုပ်ရှင်အသစ်လေး ကြည့်လိုက်ရအောင်။ သီချင်းတွေနဲ့ စကားပြောလှလှလေးတွေရယ် ဇာတ်လမ်းကောင်းလေးရယ်နဲ့ တန်ဆာဆင်ထားတာပါပဲ။ သရုပ်ဆောင်အကုန်လုံးလည်း ချစ်ဖို့ကောင်းပါတယ်။ ကြည့်ရင်းတစ်ချိန်လုံးပြုံးနေရမယ့် ရုပ်ရှင်မျိုးပါပဲ။ဇာတ်လမ်းနာမည် စနိကရဲလားဆိုတာ စင်ဒရဲလားရဲ့ ခေတ်သစ်ပုံပြင်အနေနဲ့ ရိုက်ထားတာပါ။ ဖန်ဖိနပ်လေးအစား စနိကာလေးတစ်ရံ ဖြစ်လာပြီး မင်းသမီးလေးက ဆင်းရဲသားလေးကို လိုက်ရှာရတဲ့ ဇာတ်လမ်းလေးပေါ့။ အဲလ်ဆိုတဲ့ ကောင်လေးဟာ စနိကာဖိနပ်တွေကိုအရမ်းချစ်တတ်လာအောင်သင်ပေးခဲ့တဲ့ အမေဆုံးပါးသွားပြီးနောက်မှာ ပထွေးဖြစ်သူရယ်၊ ပထွေးရဲ့သားနှစ်ယောက်ရယ်နဲ့ ဖိနပ်ဆိုင်လေးမှာ အနှိမ်ခံဘဝနဲ့ ဆက်အလုပ်လုပ်နေရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာအောင်မြင်တဲ့ဖိနပ်ဒီဇိုင်နာဖြစ်ရမယ့် အိပ်မက်တွေရယ် ဖိနပ်ဒီဇိုင်းတွေနဲ့ ပြည့်နေတဲ့ စာအုပ်လေးတစ်အုပ်ရယ် ရှိနေတာပေါ့။ တစ်နေ့မှာတော့ သူ့အိပ်မက်တွေကို တကယ်ဖြစ်လာစေမယ့် ကောင်မလေးတစ်ယောက်နဲ့ တွေ့မိလာတဲ့အခါမှာ... ငြိမ့်ငြိမ့်မြူးမြူးလေးနဲ့ကြည့်ရမယ့် Disney movie ကောင်းလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size - (2.4GB) / (1.13 GB) Quality – Web-Rip 1080p / 720p Duration - 1Hr 52mins Subtitle – Myanmar Hardsub Format – MP4 Genre ...
movie
Sneakerella (2022)
5.8
Ae Dil Hai Mushkil (2016)
Ae Dil Hai Mushkil (2016) " ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်"မထွက်ခင်က သတင်း...၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ... မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်... ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်...ပါဝင်သူတို့အကြောင်း...ကာရန်ဂျိုဟာ - ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ... သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်... လူငယ်ဆန်တယ် ပေါ့ပါးတယ်... စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ... ...
movie
Ae Dil Hai Mushkil (2016)
4K HEVC BluRay
7.6
Moulin Rouge!(2001)
Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie
Moulin Rouge!(2001)
6.6
[18+]Eternity Directors Cut (2010)
[18+]Eternity Directors Cut (2010) =========================ထိုင်းနာမည်ကြီး မင်းသား Ananda Everingham ပါ၀င်ထားတဲ့ တစ်ကားတည်းသော 18+ ကား The Eternity ဆိုတဲ့ကားလေးကို DVDRip Version ပေမယ့် ကြည့်လို့ ပြေတာမို့ တင်ဆက်ပေးလိုက်ပါတယ်ဆန်မောင် အဖြစ် Ananda Everingham ယူဖဒီ အဖြစ် Ploy Laila Boonyasak သခင်ကြီးဟန့်အဖြစ် Bie Teerapong ဇာတ်လမ်းအကျဥ်းသခင်ကြီးဟန့်ရဲ့ တူတစ်ယောက်ဖြစ်တဲ့ ဆန်မောင်ဟာ လူ့ကျင့်ဝတ်ကို သိတတ် လိမ္မာပြီး ဦးလေးကို အဖေအရင်းလို ရိုသေချစ်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့မြန်မာနိုင်ငံ သစ်တောတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ ဆန်မောင်က နတ်သားလေးလို ချောမောသလို ချစ်ရတဲ့မိန်းကလေးဖြစ်သူလည်းမရှိနေခဲ့ဖူးပါဘူးတခြားယောက်ျားလေးတွေလို မိန်းကလေးတွေနဲ့ပွေရှုပ်ခြင်းမရှိသလို လူပျိုဘဝကိုလည်း လက်ထပ်ပြီးမှကုန်ဆုံးချင်တဲ့ ဆန်မောင်အတွက် သခင်ကြီးဟန့်က ဘန်ကောက်ခရီးကအပြန်ဇနီးမယားရှာပေးမယ်လို့ ပြောခဲ့တယ်ဒါပေမဲ့ ခရီးအပြန်မှာတော့ သခင်ကြီးဟန့်က ယူဖဒီဆိုတဲ့ မိန်းမပျိုတစ်ယောက်ကို ဇနီးအဖြစ်တော်ကောက်လာခဲ့ပါတယ်အသက်သိပ်မကွာခြားတဲ့ ယူဖဒီနဲ့ ဆန်မောင်တို့ အနေနီးစပ်ရာ မဖြစ်သင့်တဲ့ချစ်ခြင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ်ဦးလေးကို ချစ်ကြောက်ရိုသေရပေမယ့် ...
movie
[18+]Eternity Directors Cut (2010)
Gunday (2014)
မင်းသမီးချော ပရီရန်ကာချော်ပရာနဲ့ မင်းသားတွေကတော့ ရမ်ဘီဆင်းနဲ့အာဂျွန်းကပူးတို့ပါ...Irrfan Khan လဲပါပါသေးတယ်။ငယ်ငယ်က ဘဝနာခဲ့ရတဲ့ သူငယ်ချင်း ၂ ယောက် လူမိုက်လူကြမ်းကြီးတွေအဖြစ် ကြီးပြင်းလာကြရာကနေသူတို့ဘဝထဲကို အကအလှမယ်လေးတစ်ယောက် ဝင်လာတဲ့အခါမှာတော့...၃ ပွင့်ဆိုင် အချစ်နဲ့ သူငယ်ချင်း ညီကို သံယောဇဉ်တွေကြား ဗျာများရပုံတွေနဲ့...သူတို့ရဲ့ ဒုစရိုက်မှုတွေကြောင့် ရဲတွေကလဲ အချီကြီးလိုက်ကြနေတဲ့အခါမှာဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ...။Fun ဖြစ်အောင် ရောင်စုံအလှ အက ရသစုံတင်ဆက်ထားတဲ့ အက်ရှင်ဒရမ်မာရုပ်ရှင်ကားပါ။Budget ရူပီး 310 Million ကုန်ချခံရိုက်ကူးခဲ့ပြီး Box office ဝင်ငွေ ရူပီး 1200 Million ကျော်မြတ်စွန်းခဲ့ပါတယ်။ File size…(3.8 GB)/(1.4 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie
Gunday (2014)
1080p Blu-ray 5.1CH
6.3
Better Nate Than Ever (2022)
Better Nate than Ever (2022)IMDb - 6.1လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခုတော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်လေးတည်းကသိပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစားရှာဖွေနေဆဲသူတွေလည်း ရှိတာပေါ့၊နိတ်ဆိုတဲ့ ကောင်လေးကတော့ အလယ်တန်းကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစားနေသူပေါ့၊ ဘရော့ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်တွေကို အဓိကနေရာမှာ ကပြပြီး ဘရော့ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်ကောင်မာန်ကြီးလို့ တောင်ကြီးဖြိုမယ် ကြံပေမယ့် ဆရာသမားလေး နိတ်ခမျာ ကျောင်းကပွဲမှာ ဖြတ်လျှောက်နေရာကတောင် အရွေးမခံရအောင်ကို ပါရမီရှိပြီး စန်းပိတ်နေတဲ့သူပေါ့၊ တစ်နေ့တော့ နယူးယောက်ရွှေမြို့တော်ကြီးရဲ့ ဘရော့ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူရွေးပွဲအကြောင်း သိလိုက်တဲ့နောက် သူနေထိုင်ရာ ပစ်ဘာ့ဂျ်မြို့လေးကနေ NYအထိ မိဘမသိအောင် အိမ်ပြေးလေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့ပါတော့တယ်၊Disney ကနေ အသစ်ထွက်ရှိထားတဲ့ Family, Musical, ...
movie
Better Nate Than Ever (2022)
2022
6.3
Phir Bhi Dil Hai Hindustani (2000)
မင်းသားကြီးရှရွတ်ခန်းနဲ့ မင်းသမီးချော Juhi Chawla တို့ပါဝင်ထားတဲ့ နိုင်ငံရေးနောက်ခံ အချစ်ဒရမ်မာ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်...အိန္ဒိယနိုင်ငံကို အိန္ဒိယလူမျိုးတွေ နည်းမှန်လမ်းမှန်နဲ့ ချစ်ကြတဲ့ ခံစားချက်တွေကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့တဲ့ဇာတ်ကားအဖြစ် နာမည်ကြီးပါတယ်...ဇာတ်ကားနာမည်ကလဲ "ရင်ထဲကအိန္ဒိယ" တဲ့။ဇာတ်လမ်းလေးကတော့ အဂျေးဟာ လူတွေပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ နာမည်ကြီးသတင်းထောက်လေးပေါ့...သူ့ကိုအလဲထိုးဖို့ရောက်လာတဲ့သူကတော့ သတင်းထောက်မလေး ရီယား...မတူညီတဲ့ပြိုင်ဘက်ချန်နယ်တွေမှာ အလုပ်လုပ်ကြတဲ့ သူတို့နှစ်ယောက်ဟာ ကြောင်နဲ့ကြွက်...တကျက်ကျက်။တစ်နေ့တော့ နိုင်ငံရေးပါတီတစ်ခုရဲ့ဟောပြောပွဲတစ်ခုမှာ လူသတ်မှုတစ်ခုဖြစ်ပွားပြီးတဲ့နောက်ဒီမတည့်အတူနေ နှစ်ယောက်သား လူသတ်မှုနောက်ကွယ်က အမှန်တရားကိုလိုက်ကြရင်းနဲ့တကယ့်နိုင်ငံရေးအရှုပ်ထုပ်ထဲကို ရောက်သွားပါတော့တယ်....ငွေနဲ့ အာဏာရဲ့ကြား သာမန်လူတစ်ယောက်ညှပ်သွားခဲ့ရင်ဒီလူဟာဘယ်လောက်ပဲရိုးသားဖြူစင်နေပါစေ ပြသနာအကြီးကြီးတက်တာပါပဲ...ငွေလည်းမရှိ အာဏာလည်းမရှိတဲ့ ဒီနှစ်ယောက်ဟာ စဉ်းလဲတဲ့နိုင်ငံရေးလောကရဲ့ ဘေးဒဏ်တွေကို ခံနိုင်ပါ့မလား...သူတို့လိုချင်တဲ့ တရားမျှတမှုကို ရအောင်ယူပေးနိုင်ပါ့မလားဆိုတာကတော့...။ File size…(4 GB)/(1.7 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:38:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie
Phir Bhi Dil Hai Hindustani (2000)
7.8
West Side Story (2021)
အကောင်းဆုံးရုပ်ရှင်ဆု အကောင်းဆုံး Production Design ဆု အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (Rita Moreno) အကောင်းဆုံးဝတ်စုံဆု အကောင်းဆုံးဒါရိုက်တာဆု (စတီဗင် စပီးဘက်) အကောင်းဆုံးအသံဆု အကောင်းဆုံး Cinematography ဆုတွေ အော်စကာ ဆန်ခါတင်ထားတဲ့ West Side Story ရုပ်ရှင်ကိုတင်ပေးထားပါတယ်။ IMDb 7.8 ရရှိထားပါတယ်။ဒီရုပ်ရှင်ကတော့ ၁၉၅၇ နာမည်ကြီးဂီတပြဇာတ် West Side Story ကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၆၁ တုန်းကလည်း ရုပ်ရှင်အဖြစ် ရိုက်ကူးဖူးပါတယ်။ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဆုံး ဂီတရုပ်ရှင်ပါ။ မင်းသားကတော့ The Fault in Our Stars ထဲက Ansel Elgort ဖြစ်ပြီး မင်းသမီးကတော့ Rachel Zegler ပထမဆုံးရုပ်ရှင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းကတော့ ရှိတ်စပီးယားရဲ့ ရိုမီယို နဲ့ ဂျူးလိယက်ကို inspire ယူထားတာပါပဲ။ နယူးယောက်မြို့ရဲ့ ဂျက်စ် ဆိုတဲ့ အမေရိကန်လူငယ်အဖွဲ့နဲ့ ငမန်းတွေဆိုတဲ့ ...
movie
West Side Story (2021)
8.8
Hridayam (2022)
Hridayam (2022)ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့်အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိသူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်းလူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ...
movie
Hridayam (2022)
4K HEVC Web-DL
6.2
Josh (2000)
Josh (2000) *************** အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမကို ဘယ်လိုကြွေသွားမလဲ၊ ...
movie
Josh (2000)
Sing A Song (2022)
Sing a Song (2021)အခု လူကြီးမင်းတို့ကို Channel Myanmar ကနေတင်ဆက်ပေးမယ့် ရုပ်ရှင်လေးကတော့ “Sing A Song” (싱어송)ဆိုတဲ့ သီချင်းကားလေးဖြစ်ပါတယ်- သီချင်းဆိုချင်လို့ ဆိုးလ်ကို ရူးရူးမိုက်မိုက် လာခဲ့တဲ့ Seon Hye - နာမည်ကြီးကျော်ကြားဖို့ စိတ်ကူးထားတဲ့ အမည်မသိ တီးဝိုင်း အဆိုတော် Hyeon Do နဲ့ - မိသားစုရဲ့ ကန့်ကွက်မှုတွေကြားထဲကနေ သီချင်းဆိုဖို့ ရွေးချယ်ခဲ့တဲ့ အဆိုတော် Si Joon ဆိုတဲ့ သုံးယောက်က မတော်တဆ အဆိုတော်တွေခေါ်တဲ့အဖွဲ့ဆီကိုရောက်သွားပါတယ် သူတို့ရဲ့ အရည်အချင်းတွေကို အသိအမှတ်ပြုခံရပြီး "ဂျိုဘဲ့ဂင်" ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို ထောင်ခဲ့ပါတယ် သူတို့ တဖြည်းဖြည်း Si Joon ရဲ့တေးရေးလက်ရာတွေနဲ့ နာမည်ကြီးလာခဲ့ပါတယ် ဒါပေမယ့် ဘီလီဖ်ဆိုတဲ့ ကုမ္ပဏီက Si Joon ကလွဲရင် Seon Hye နဲ့ Hyeon Do တို့နှစ်ယောက်ကိုပဲ ကမ်းလှမ်းခဲ့ပါတယ် အဲတော့ သူတို့ ကမ်းလှမ်းမှုကိုလက်ခံနိုင်မလား သူတို့ဘာကိုရွေးချယ်မလဲ အိပ်မက်လား ...
movie
Sing A Song (2022)
2022
7.1
Da Capo (2020)
Da Capo"ဂီတဆိုတာ ရင်ထဲကစစ်မှန်မှုမပါရင် အသက်မဝင်ဘူး" တဲ့ ဂီတရုပ်ရှင်တစ်ခု CM ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေ နားဆင်ရတာကြိုက်တယ်ဆိုရင်တော့ မလွတ်တမ်းကြည့်ရှုလိုက်ပါဇာတ်လမ်းအကျဉ်းအရည်အချင်းရှိပေမယ့် နာမည်ကြီးဖြစ်မလာတဲ့ တေးရေးဆရာ/အဆိုတော် ထယ်အီအရည်အချင်းတစ်ခုရှိနေပေမယ့် ဂီတလောကမှာနေရာယူဖို့မကြိုးစားဘဲ ဂီတကျောင်းတစ်ခုမှာ မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျီဝန်အနုပညာဝါသနာပိုးအပြည့်နဲ့ Rock ဂီတကို သီဆိုချင်တဲ့ ဒေါ့ခိုတု့ိ သူငယ်ချင်းတစ်စုတစ်ရက်မှာ ထယ်အီနဲ့ ဂျီဝန်တို့ ဂီတကျောင်းမှာ ပြန်တွေ့တဲ့အခါ...ဒေါ့ခိုတို့ သူငယ်ချင်းတစ်စုရော ထယ်အီ့ဆီက ဘယ်လိုပညာတွေ သင်ယူဖြစ်မလဲ.... အနုပညာလမ်းပေါ် ဘယ်လိုပုံစံလေးနဲ့ ဆက်လျှောက်သွားမှာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်File Size__(1.1GB) / (630MB) Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:13:00 Type__Drama, Music Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt
movie
Da Capo (2020)
7.8
Baazigar (1993)
ရှရွတ်ခန်းကို ပေါက်သွားစေခဲ့တဲ့ ဒီဇာတ်ကားက မင်းသမီးကာဂျိုးနဲ့ရှရွတ်ခန်းတို့ ပထမဆုံးတွဲရိုက်ထားတဲ့ရုပ်ရှင်ကားပါ...နောက်မင်းသမီးတစ်လက်ဖြစ်တဲ့ Shilpa Shetty အတွက်လဲ ပထမဆုံးဇာတ်ကားဖြစ်ခဲ့ပြီး သူ့ကို Baazigar မင်းသမီးလို့ ပြောစမှတ်တွင်ရလောက်အောင် ဒီရုပ်ရှင်ကားနဲ့ ပေါက်ခဲ့ပါတယ်။ရုပ်ရှင်ကား ပုံစံလေးကတော့...ရှာရွတ်ခန်း ဟာ ငယ်စဉ်ကတည်းက နာမကျန်းဖြစ်နေတဲ့ မိခင်ကြီးကို ပြုစုစောင့်ရှောက်နေရတဲ့အချိန်ကနေ စပါတယ်...သူ့ဘဝဟာ ဆိုးလွန်းပါတယ်...ငယ်ငယ်ရွယ်ရွယ်နဲ့ သူများအိမ်မှာ တောက်တိုမယ်ရ အလုပ်တွေလုပ်...မိခင်ကြီးကို ဆေးဝယ်တိုက်စားစရာတွေ ဝယ်ကျွေးပြီး သူကျတော့ အငတ်ခံနေတတ်တဲ့ ကလေး တစ်ယောက်ပါ...သူတို့ မိသားစု ဘဝကိုပြန်တွေးကြည့်ရင် ရင်နာစရာ အတိပါပဲ..ရှရွတ်ခန်းတို့မိသားစုဟာ အရင်တုန်းက ပြီးပြည့်စုံ ချမ်းသာတဲ့ မိသားစုလေးပါ..ရှရွတ်ခန်း အဖေ နဲ့ အမေ ဟာ ကြင်နာသနားတတ်သူ သူတစ်ပါးကို ယုံပေးတတ်သူတွေဖြစ်တာကြောင့် အလုပ်သမား တစ်ဦးရဲ့ကောက်ကျစ်မှုနဲ့ ဖခင်ဖြစ်သူလဲ သေဆုံးခဲ့သလို ပိုင်ဆိုင်သမျှ အကုန်လုံးလဲ ပေးအပ်လိုက်ရပြီး လမ်းဘေးကို ရောက်ရှိခဲ့ရပါတော့တယ်..အမေဖြစ်သူခမျာမှာလဲ ယောင်္ကျားဖြစ်သူ သေဆုံးသွားတဲ့ စိတ်နဲ့ပဲ အိပ်ရာထဲ ...
movie
Baazigar (1993)
1993
1080p HEVC
5.5
Jump (2009)
ကွန်ဖူးဟာသတွေနဲ့ လောကကြီးရဲ့ စောင်တလွဲတွေကိုဟားတိုက်တတ်တဲ့ ဆရာကြီး စတီဖင်ချောင်ကိုယ်တိုင် ဇာတ်ညွှန်းရေးသားဖန်တီးထားတဲ့ Kunhfu Dance ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်။ မင်းသမီးချော Zhang Yuqi နဲ့ မင်းသားချော Daniel Wu တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...တောမှာမွေးပြီး ဖခင်ဖြစ်သူရဲ့သိုင်းပညာတွေသင်ယူရင်း ကြီးပြင်းလာတဲ့ ချိုင်ဖုန့်ရဲ့ တကယ့်ဝါဿနာ အစစ်အမှန်က က တာပါ။မြို့ပြကိုတစ်ခါမှမရောက်ဖူးတဲ့ ချိုင်ဖုန့်တစ်ယောက် တစ်နေ့မှာ သူငယ်ချင်းတစ်ချို့နဲ့ မြို့ကိုတက်ပြီး အလုပ်လုပ်ဖို့ အခွင့်အရေးရလာတဲ့အခါ...သူ့ရဲ့ဝါဿနာ အစစ်အမှန်ကို ဖော်ထုတ်ဖို့အခွင့်အရေးကို ဘယ်လိုရှာဖွေမှာလဲ။ ရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်နိုင်မှာလားဆိုတာ...။ဒီရုပ်ရှင်က ဟာသ/အကတွေကိုမှ အတုယူစရာ အားတက်စရာတွေပညာပေးလေးတွေနဲ့ မွမ်းမံပြီးပေါ့ပေါ့ပါးပါးရိုက်ပြထားတာတဲ့အပြင် မမZhang ရဲ့ အလှအပတွေကို တစ်ဝကြီးခံစားရဦးမှာမို့ စိတ်ဓါတ်ကျနေချိန်မှာ ကြည့်ဖို့တန်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို SST မှ တင်ဆက်ထားပါတယ်။) File size…(2.1 GB)/(900 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:27:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by SST
movie
Jump (2009)
6
Cyrano (2022)
Musical romance ကား နှစ်ခြိုက်သူတွေအတွက် ၁၇ရာစုကာလမှာ ဇာတ်အိမ်တည်ထားတဲ့ Cyrano ဆိုတဲ့ ပြင်သစ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေတစ်ခါက ပြင်သစ်ပြည်မှာ ရော့ဆန်ဆိုတဲ့ သိပ်ကိုလှပတဲ့ အမျိုးသမီးလေးတစ်ဦး ရှိခဲ့ပါတယ်။ သို့ပေမဲ့ ဒီအမျိုးသမီးလေးဟာ သနားစရာတစ်ကောင်ကြွက်လေးပါ။ သူ့ရဲ့အလှကြောင့် နယ်စားမင်းကတောင် လက်ထပ်ခွင့်တောင်းနေပေမဲ့ အချစ်ကိုပဲယုံကြည်သူ ရော့ဆန်ကတော့ အချစ်စစ်ကိုတွေ့ရှိမယ့် တစ်နေ့ကိုပဲ စောင့်နေခဲ့ပါတယ်။ဒီလိုနဲ့ ပြဇာတ်သွားကြည့်တဲ့တစ်နေ့မှာ ခရစ်ရှန်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို သူ မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်။ ခရစ်ရှန်က တော်ဝင်အစောင့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်လေတော့ ရော့ဆန်ဟာ သူ့ငယ်ပေါင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ အစောင့်တပ်ဖွဲ့ဝင် ဆီရန်နိုကတစ်ဆင့် ခရစ်ရှန့်ကို သူ့ဆီစာရေးဖို့ စကားပါးခိုင်းခဲ့ပါတယ်။ဆီရန်နိုဟာလည်း ရော့ဆန်ကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရသူပါ။ ရော့ဆန်ဘက်က သူ့ကို မြှားနတ်မောင်လုပ်ပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့ သူ ရင်နာနာနဲ့ပဲ ချစ်သူအတွက် ကူညီပေးခဲ့ရပါတော့တယ်။ဖြစ်ချင်တော့ ခရစ်ရှန်က စစ်တိုက်ဖို့ဆိုအသင့် ဒါပေမဲ့ စာပေနဲ့တော့ ကင်းကွာနေတဲ့လူတစ်ယောက်၊ တစ်ဖက်က ရော့ဆန်ကတော့ ...
movie
Cyrano (2022)
6.1
Iris Warriors (2022)
Iris Warriors (2022) ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီးတွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ ...
movie
Iris Warriors (2022)
2022
5.6
Dear Evan Hansen (2021)
Dear Evan Hansen (2021)"ဘယ်သူမှ အနားမှာ မရှိဘူးလို့ ခံစားနေရပါသလား ..... ဘယ်မှာရှိမှန်းမသိဘဲ အမေ့ခံဘဝလို့ ခံစားရဖူးပါသလား ..... ပျောက်ကွယ်သွားရင် ကောင်းမယ်လို့ ခံစားခဲ့ရဖူးပါသလား ..... ငါသာ လဲကျသွားရင် ဘယ်သူမှ ကြားမှာ သိမှာ မဟုတ်ဘူး ဆိုတာမျိုးပေါ့"အဲဒီလို ခံစားနေရပြီ ဆိုရင် ဒီ Musical Drama လေးကို ကြည့်လိုက်ပါ။ကိုယ်က တစ်ယောက်ထဲ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ကို ရလာမှာပါ။ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ကို ဟိုးဝေးဝေးထိ လွင့်ဖျောက်နိုင်မှာပါ။ဇာတ်လမ်းအစကတော့ချစ်သော အယ်ဗန် ဟန်ဆန် ..... ဆိုပြီး ဒီလိုမျိုး စထားပါတယ်။Movie တွေထဲမှာ ရှားရှားပါးပါး Musical Genre ပဲ ဖြစ်ပါတယ်။အယ်ဗန် ဟန်ဆန် ဆိုတာကတော့ ..... လူမှုရေးအားနည်းသူ တစ်ယောက် ဖြစ်ပြီး လူတွေနဲ့ စကားပြောရမှာကို ကြောက်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ဒီတော့ စိတ်ရောဂါကုဆရာဝန် နဲ့ ပြသပြီးတော့ သူ့ကိုယ်သူ စာပြန်ရေးတဲ့ အိမ်စာကို ...
movie
Dear Evan Hansen (2021)
2021
BluRay 1080p HEVC
8.6
tick, tick…BOOM! (2021)
tick, tick...BOOM! (2021)===================IMDb Rating - 8.6/10စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ဇာတ်လမ်းအကျဉ်းဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musicalကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ...
movie
tick, tick…BOOM! (2021)
2021
6.1
Diana (2021)
Diana (2021)==========IMDb Rating - 6.1/10ဒီတစ်ခါမှာတော့ Netflix က ပူပူနွေးနွေးထွက်ရှိထားတဲ့ musical အမျိုးအစား stage play ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ရပါတယ်။ လူတိုင်း သိကြတဲ့ နာမည်ကျော် အင်္ဂလန် ဘုရင်မ ဒိုင်ယာနာရဲ့ ဘ၀ဇာတ်ကြောင်းပါ။ဒိုင်ယာနာရဲ့ လူသူမထင်ရှား မူကြိုကျောင်းဆရာမလေးဘ၀ကနေ အင်္ဂလန်ဘုရင်မဖြစ်လာတဲ့အထိ ဒိုင်ယာနာဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ဖြူစင်တဲ့စိတ်နေသဘောထား နဲ့ တက်ကြွတဲ့ပုံစံ အင်္ဂလန်ရဲ့တင်းကျပ်တဲ့ နန်းတွင်းနေထိုင်မှု၊ လူပွေလူရှုပ်မင်းသားချားစ်ရဲ့ စရိုက်သဘာ၀၊ ချားစ်ရဲ့ သမီးရည်းစားအတင်းအဖျင်းတွေကိုရသမျှ အပုပ်ဖော်နေတဲ့ အင်္ဂလန်သတင်းစာ စတာတွေကို စုံလင်အောင် တင်ဆက်ပြသသွားပါတယ်။နန်းတွင်းဘ၀နဲ့ သာမန်ဘ၀အကြား ဆယ်ကျော်သက်အရွယ်ဒိုင်ယာနာတစ်ယောက် ဘယ်လိုအဆင်ပြေအောင် ထိန်းကျောင်းမလဲဆိုတာကို သေချာလေးပြသသွားတာတွေ့ရမှာဖြစ်ပြီး ဒိုင်ယာနာတစ်ယောက် စဥ်းစားတွေးခေါ်ပုံနဲ့ တခြားဇာတ်ကောင်တွေရဲ့ဘ၀ဇာတ်ကြောင်းတွေကို musical theme နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပြီး။ဒီဇာတ်လမ်းလေးကိုကြည့်ပြီးသွားရင်တော့ Diana ရဲ့ဘ၀ဇာတ်ကြောင်းကို အတော်လေးစုံံစုံလင်လင် သိရှိသွားမှာ ဖြစ်တာမို့ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck ...
movie
Diana (2021)
2021
1
2
3
4
5
Next