Channel Myanmar

Mystery

The Jester (2023)
The Jester (2023) The Jester (2023)မိမိနားမှာ ​ရောဂါတစ်ခုလို စွဲကပ်​နေရင်း​ တခြားသူ​တွေကို လိုက်ဒုက္ခ​ပေးတတ်တဲ့ မ​ကောင်းဆိုးဝါး Jester အ​ကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​​လေးဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို့ ဖခင်အ​ပေါ် မုန်းတဲ့စိတ် ​ဒေါသ​တွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်​ယောက် တစ်​နေ့ ဖခင်က ဆက်သွယ်လာရာက​နေ စကား​ပြောဖို့ ငြင်းဆိုလိုက်ရာက​နေ ​ဟော်လိုးဝင်းတစ်ညလုံး မြို့​သေး​လေးတစ်မြို့နီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်​တွေနဲ့ ကြုံ​တွေ့သွားရတာ​တွေကို ရိုက်ကူးတင်ဆက်​ပေးထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.85GB, 850MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie

The Jester (2023)

2023
Proof (2005) 6.7
Proof (2005)  ၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Triller Drama ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Anthony Hopkins, Jake Gyllenhaal နဲ့ Gwyneth Paltrow တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ပုံမှန်မရှိတဲ့ သင်္ချာပညာရှင်ဖခင်ကို ကူညီစောင့်ရှောက်ရင်း ဖခင်သေဆုံးသွားချိန်မှာ သူမပြီးဆုံးခဲ့တဲ့ သင်္ချာသီအိုရီသက်သေပြချက်ကို ကြိုးစားရှာဖွေနေတဲ့ သမီးဖြစ်သူအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။အဖေတူသမီး ကတ်သရင်းဟာလည်း သင်္ချာပညာရပ်နဲ့ပတ်သက်ပြီး ဖခင်ရဲ့ဗီဇပါတဲ့အတွက် သင်္ချာတွက်ချက်မှုတွေကို ကျွမ်းကျင်တယ်။ ဒါ့အပြင် သူ့အဖေရဲ့တပည့်တစ်ဦးဖြစ်သူ ဟယ်လ်ရိုးဟာ PhD စာတမ်းရေးဖို့အတွက် ကတ်သရင်းရဲ့အိမ်မှာ လာရောက်လေ့လာရင်း သူတို့နှစ်ဦးသား သံယောဇဉ်တွယ်သွားကြတယ်။ဒီလိုနဲ့ သူတို့နှစ်ဦးသား ကတ်သရင်းအဖေမသေဆုံးခင်က တွက်ချက်ခဲ့တဲ့ပုစ္တာကို ကြိုးစားတွက်ချက်ရင်း သင်္ချာသီအိုရီတစ်ခုကို သက်သေပြချက်ထုတ်ဖို့ကြိုးစားသွားကြတာကို ဇာတ်အေးကြိုက်သူများအနေနဲ့ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader
movie

Proof (2005)

[REC] (2007)
[REC] (2007)  အန်ဂျလာနှင့် ပက်ပလိုဟာ ရုပ်သံဌာနတစ်ခုရဲ့ တင်ဆက်သူတွေဖြစ်ကြပါတယ်။ သူတို့ဟာ ပြည်သူ့ဝန်ထမ်းတွေရဲ့ ညဆိုင်းအလုပ်တွေအကြောင်းကို တင်ဆက်ထုတ်လွှင့်ပေးသူများ ဖြစ်ကြပါတယ်။တညမှာတော့ သူတို့ဟာ မီးသတ်ဌာနကို သွားရောက်လေ့လာခဲ့ကြတယ်။ ထိုစဉ် မီးသတ်ဌာနမှ အရေးပေါ်ဖုန်း ခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်တာကြောင့် သူတို့နဲ့အတူ အန်ဂျလာတို့ဟာ အိမ်ယာအဆောင်အအုံတစ်ခုကို အတူ သွားရောက်ဖို့ဖြစ်လာခဲ့ပါတယ်။ ထိုအဆောက်အအုံကို ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်နဲ့ ရင်ဆိုင်လိုက်ရပြီး ထိုအဆောက်အအုံကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။ အဲဒီတော့ သူတို့ အပြင်ကိုရောက်အောင် ဘယ်လိုကြိုးစားကြသလဲဆိုတာ သည်းထိတ်ရင်ဖိုစွာနဲ့ စောင့်စားကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

[REC] (2007)

Hell House LLC III: Lake of Fire (2019) 5.1
Hell House LLC III: Lake of Fire (2019) Hell House LLC III: Lake of Fire (2019)Hell House Franchise ရဲ့ တတိယမြောက်ဇာတ်ကားမို့ ကြည့်ရှုသူတွေအဖို့ အထွေအထူး ညွှန်းစရာတော့ လိုမှာမဟုတ်ပါဘူး။ ဒီကားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Abaddon ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။Insomnia ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Russell Wynn က သူ့ရဲ့ Audience - Interactive Showကို ဒီလို သရဲခြောက်ပြီး လျှို့ဝှက်မှုအပြည့်နဲ့ဟိုတယ်ထဲမှာ တင်ဆက်ဖို့ စီစဉ်လာပါတယ်။ "Morning Mysteries"ဆိုတဲ့အမည်နဲ့ အပိုင်းကို ထုတ်လွှင့်ပြသမှာ ဖြစ်ပြီးတော့ ဗန်နက်ဆာဆိုတဲ့အမျိုးသမီးပါဝင်တဲ့ တင်ဆက်သူအဖွဲ့​က ဒီရှိုးနဲ့ပတ်သက်ပြီး အားလုံးကိုရိုက်ကူးဖို့ ခွင့်ပြုချက်ရထားပါတယ်။ဖွင့်ပွဲမတိုင်ခင် ရိုက်ကူးရေးတွေ ပြင်ဆင်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက စတင်လာပါတယ်။ ရှိုးမှာပါဝင်မဲ့ သရုပ်ဆောင်တွေဟာ ဟိုတယ် မြေအောက်ခန်းမှာ လူနဲ့မတူတဲ့ အရာတွေနဲ့ တွေ့ကြုံလာရပြီးတော့ နှုတ်ထွက်တာတွေ ...
movie

Hell House LLC III: Lake of Fire (2019)

2019
Curious Caterer: Fatal Vows (2023)
Curious Caterer: Fatal Vows (2023)  ဒီတစ်ခါမှာ‌တော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ်စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရ‌လိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(873 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Curious Caterer: Fatal Vows (2023)

The Legend of Detective Sleek Rat 3: Patridge Sky (2017) 5.8
The Legend of Detective Sleek Rat 3: Patridge Sky (2017) ဒါလေးကတော့ အပိုင်း (၂) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarသူရဲကောင်းပိုင်ယွိထန်ဟာလျိုယန့်နဲ့ သိုင်းလောကကနေနှုတ်ထွက်ပြီး ဇာတ်မြှုပ်နေသွားမယ်လို့ဆုံးဖြတ်ထားပေမယ့် လျိုယန့်ရဲ့ ညီအမလိုအရမ်းရင်းနီးရတဲ့သူတစ်ယောက်ဒုက္ခရောက်တော့ မဖြစ်မနေဝင်ကူညီခဲ့ရတယ်။အဲဒီလိုကနေပြီး လုယက်မှုတွေကိုဆက်တိုက်ကျူးလွန်နေတဲ့ ရစ်ငှက်ဆိုတဲ့အဖွဲ့နဲ့ ပတ်သက်မိသွားပါတယ်။ နန်အန်းမင်းသားရဲ့သားမက်တော်ကနေပြီး ပိုင်ယွိထန်ကို အချိန်(၁၀)ရက်ပေးပြီး ရစ်ငှက်ကိုဖမ်းအမိဖမ်းခဲ့ဖို့ အပေးအယူလုပ်ခဲ့ပါတယ်။အဲဒီလိုနဲ့ပိုင်ယွိထန်ဟာ (၁၀)ရက်အတွင်းအမှုဖော်နိုင်အောင်ကြိုးစားရင်း ဒီအမှုဟာ ပစ္စည်းဥစ္စာလုယက်မှုသက်သက်မဟုတ်ပဲ တခြားရည်ရွယ်ချက်ရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီရှုပ်ထွေးတဲ့အမှုရဲ့ နောက်ကွယ်ကတရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ...... သူ့ရဲ့အဓိကရည်ရွယ်ချက်ကရောတွေများဖြစ်နေမလဲ ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Adventure Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By ...
movie

The Legend of Detective Sleek Rat 3: Patridge Sky (2017)

The Legend of Detective Sleek Rat 2: The Blood Light Agato (2016) 5.8
The Legend of Detective Sleek Rat 2: The Blood Light Agato (2016) ဒါလေးကတော့ အပိုင်း (၁) ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကားရှိတာဖြစ်ပြီး အကုန်တင်ဆက်သွားမှာပါ အစအဆုံးတွေကို အောက်ကလင့်လေးကိုနိပ့်ပီးရှာလို့ရပါတယ်The Legend of Detective Sleek Rat – Channel Myanmarထူလုံအဖွဲ့ကိုချေမှုန်းနိုင်ခဲ့ပြီ ဆိုပေမယ့် သတ်ဖြတ်မှုတွေက ရှိနေပါသေးတယ်။ မင်းကြီးက ပေါင်ချိန်နဲ့ ပိုင်ယွိထန်တို့ ထူလုံအဖွဲ့ကို ရှင်းလင်းလိုက်နိုင်ခဲ့ကြောင်းကို သိရှိခဲ့ပေမယ့် ရာထူးနဲ့ ဆုလာဘ်တော်တွေ မချီးမြှင့်ပေးခဲ့ပဲ ပေါင်ချိန်ကို ဇာတိပြန်ခိုင်းခဲ့ပါတယ်။သတ်ဖြတ်မှုတွေ တဖန်ပြန်စတင်လာချိန်မှာ ပိုင်ယွိထန်က သူ့သိုင်းပညာနဲ့ ဉာဏ်ပညာကိုအသုံးပြုပြီး လိုက်လံသတ်ဖြတ်မှုတွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် ဖမ်းမိန့်ထုတ်ခံခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ နောက်ကွယ်က အဓိကကြံစည်သူပေါ်ထွက်လာခဲ့ပြီး အမှန်တရားလည်း ပေါ်ထွက်လာခဲ့ပါတယ်။အဓိက ကြံစည်သူက ဘယ်သူဖြစ်လိမ့်မလဲ...... မင်းကြီးနဲ့ မယ်တော်ကြီးတို့ တော်ဝင်မိသားစုအတွင်းမှာရော ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , ...
movie

The Legend of Detective Sleek Rat 2: The Blood Light Agato (2016)

Paranormal Activity 2 (2010)
Paranormal Activity 2 (2010) Documentary ဆန်ဆန် ကိုယ်တိုင်ကြုံတွေ့နေ့ရသလိုမျိုး Vibe ရအောင် ရိုက်ကူးထားတဲ့ Parnormal activity 1 ပြီးတဲ့နောက်မှ သူ့ရဲ့နောက်ဆက်တွဲအဖြစ် ၂၀၁၀ မှာထွက်ရှိထားတဲ့ Paranormal Activity 2 ကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ Jump scares တွေအများကြီးနဲ့ ဇာတ်အိမ်ကိုဖြေးဖြေးလေးနဲ့ ကြောက်ဖို့ကောင်းအောင်ခေါ်ဆောင်သွားမယ့် Horror filim မျိုးလေးပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့.... Reys မိသားစုက သူတို့ရဲ့ကယ်လီဖိုးနီးယားတောင်ပိုင်းက အိမ်အသစ်လေးကိုပြောင်းရွှေ့လာခဲ့ကြပါတယ် မွေးကင်းစကလေးလေး သူတို့ရဲ့သားဦးလေး Hunter နဲ့အတူတူပေါ့ သူတို့မသိသေးတာကတော့ ဒီအိမ်ကြီးဟာသရဲခြောက်တယ်ဆိုတဲ့အချက်ကိုပါ သိပ်မကြာပါဘူး တစ်နေ့မှာတော့ သူတို့အိမ်မှာဖောက်ထွင်းမှူတစ်ခုကျူးလွန်သွားသလိုမျိုး ပစ္စည်းတွေကပြန့်ကျဲရှုပ်ပွလျှက်ရှိနေပါတယ် အဖိုးတန်ပစ္စည်းတွေမပျောက်သွားပေမဲ့ သူတို့ကစိတ်မသန့်တော့တာကြောင့် လုံခြုံရေးအတွက် အိမ်မှာကင်မရာတွေတပ်ဆင်ပြီးစောင့်ကြည့်ခဲ့ကြပါတော့တယ် သူတို့အိမ်မှာ ဘယ်လိုအရာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe ...
movie

Paranormal Activity 2 (2010)

Crime Diaries: The Celebrity Stylist (2023)
Crime Diaries: The Celebrity Stylist (2023)  အခုဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတဲ့ မှုခင်းဇာတ်ကားဖြစ်ပါတယ်နိုင်ငံကျော် နာမည်ကြီး ဆံသပညာရှင်တစ်ယောက်နဲ့ သူ့အမေဖြစ်သူဟာ အိပ်ယာတစ်ခုတည်းမှာပဲ သေဆုံးလျက် တွေ့ရှိခဲ့ရပါတယ် ဆံသဆရာ ရေးထားခဲ့တဲ့ ခွင့်လွှတ်ပေးဖို့ စာတစ်စောင်ကိုလည်း တွေ့ခဲ့ရပါတယ်အခင်းဖြစ်ပွားရာ အနေအထားအရ သူဟာ သူ့အမေ့ကို သတ်ခဲ့ပြီး ကိုယ်ကိုယ်တိုင်လည်း သတ်သေခဲ့တယ်လို့ ထင်ရပါတယ် ဒါပေမဲ့ ရဲတွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ အမှုဟာ လူသတ်မှုဖြစ်နေကြောင်း သိလိုက်ရပါတယ် နာမည်ကြီးတစ်ယောက် သေဆုံးတဲ့အမှုဖြစ်တာကြောင့် အထက်အရာရှိတွေဟာ စုံထောက် ရေဘတ်ကာကို ရက် ၂၀ အချိန်ပေးကာ အမှုကို ဖြေရှင်းခိုင်းပါတော့တယ် File size…(1 GB)/(512 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre...Crime, Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Crime Diaries: The Celebrity Stylist (2023)

The Curse of the Totem (2023) 5
The Curse of the Totem (2023) Curse Of The Totem 2023 အညွှန်းဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ Horror ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်အိမ်ကတော့ ဘော်နီယိုကျွန်းမှာ ၁၃ ရာစုလောက်က စစ်မှန်ပြီး ရှေးကျတဲ့ ယဇ်ပူဇော်တဲ့ ဓလေ့ထုံးတမ်းများကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ဒေါက်တာဆာနီနဲ့ သူတို့အဖွဲ့ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂျေရုနိုင်း (သင်္ချိုင်းဝင်ရိုးစွန်း) ကို လေ့လာဖို့ စူးစမ်းလေ့လာရေးခရီးထွက်သွားရင်း တောထဲမှာ ပျောက်ဆုံးသွားတဲ့ ဒေါက်တာဆာနီရဲ့ဇနီးဖြစ်သူကို ရှာဖွေဖို့ ဒီတောကြီးထဲကိုရောက်လာခဲ့ကြပါတယ်။ တဖြည်းဖြည်းခရီးဆက်ခဲ့ကြရင်းဒေါက်တာဆာနီတို့အဖွဲ့က အဖွဲ့ဝင်တစ်ဦးချင်းစီဟာ ထင်ယောင်ထင်မှားတွေ စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ ကြုံလာရပြီး ထူးဆန်းတဲ့ နေရာတွေဆီကို အပို့ခံရတာမျိုးတွေလည်းရှိလာပါတော့တယ်။ သူတို့ထဲက တစ်ယောက်က်ို အညှိုးကြီးတဲ့ ဝိဥာဉ်တစ်ကောင်က ဝင်ပူးပြီး ထိန်းချုပ်လိုက်တဲ့အခါမှာတော့ အဆိုးဝါးဆုံး အခြေအနေတွေက သူတို့ဆီကိုဆိုက်ရောက်လာပါတော့တယ်။ ကျိန်စာသင့်နေတဲ့ ဒီနေရာကြီးကနေ ဒေါက်တာဆာနီနဲ့ သူ့အဖွဲ့သားတွေ ပြန်လည်လွတ်မြောက်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်းကိုတော့ Cali က ရေးသားပေးပြီးတော့ ဘာသာြပန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… ...
movie

The Curse of the Totem (2023)

2023
Bottom of the Water (2023)
Bottom of the Water (2023) Bottom of the Water (2023)horror ဇာတ်လမ်းမှကြည့်ချင်သူတွေအတွက် ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးပါဦးမယ်ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ညီအစ်မနှစ်ယောက်က အမေမှာထားတဲ့စကားကို နားမထောင်ရာကနေ ရေကန်ကနေ ရေသရဲ ပါလာပါတော့တယ်တစ်နေ့တခြား အခြေအနေပိုဆိုးလာတဲ့ သမီးငယ်ကို သရဲဝင်ပူးရာကနေ ကာကွယ်နိုင်အောင်လုပ်ပေမဲ့ အမေဖြစ်တဲ့သူကလည်း သူငယ်ပြန်တဲ့ရောဂါဖြစ်လာတဲ့အခါမှာ...အကြီးမလေး ဂါယောင်းက အဲဒီပြဿနာကိုဘယ်လိုကိုင်တွယ်မလဲ.. ရေသရဲလက်ထဲကနေ ဘယ်လိုလွတ်အောင်ပြေးမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်...အညွှန်းနဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 935MB | 356MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Bottom of the Water (2023)

2023
Mine Games (2012) 5.3
Mine Games (2012) Mine Games (2012) ===============ဒီဇာတ်လမ်းမှာ သူငယ်ချင်းအဖွဲ့တွေ ခရီးသွားရင်း တောထဲက စံအိမ်ကြီးတစ်လုံးကိုတွေ့ခဲ့တယ်။အဲဒီအိမ်ကြီးမှာ တည်းရင်းက နောက်တော့ စွန့်ပစ်ထားတဲ့မိုင်းတွင်းတစ်ခုကိုတွေ့ပြီး အထဲဝင် ကြည့်လိုက်ကြတယ်။ မသင်္ကါစရာတွေပြည့်နေတဲ့ သူတို့နေရာ မှာ မိုင်းတွင်းကြီးကို ရှာတွေ့ပြီးတဲ့နောက် ဘယ်လိုစိတ်ချောက် ချားစရာတွေ ကြုံရမလဲဆိုတာကို ဒီဇာတ်လမ်းမှာ Mystery ဆန် ဆန် ကြည့်ရှုရမှာဖြစ်ပါတယ်။ Horrorကိုမှ plotကောင်းတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.55 GB) / (500 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Thwal Htoo Zin Encoder..........SWM
movie

Mine Games (2012)

2012
The Legend of Detective Sleek Rat 1: The Bloody City (2016) 5.8
The Legend of Detective Sleek Rat 1: The Bloody City (2016) တရုတ်မှုခင်းရုပ်ရှင်တွေကိုပဲ ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့-ရန်ကျုံးခေတ်မှာ မြို့တော်ပြန့်လျန်မှာ တော်ဝင်မျိုးနွယ်မှအစ အမတ်တွေရဲ့ ဇနီးမယားအထိ အကြောင်းရင်းမဲ့စွာ လူဆယ်ယောက်ကျော် အသတ်ခံခဲ့ရပါတယ်။ မြို့တော်မှ တိုင်းသူပြည်သားတွေကလည်း ဒီ ကွင်းဆက်လူသတ်မှုကြောင့် ကြောက်လန့်နေကြရပါတယ်။ ထိုအမှုကို မဖြေရှင်းနိုင်တဲ့အတွက် ပေါင်ချိန်ကို ရာထူးမှထုတ်ပယ်ပြီး ဇာတိပြန်ဖို့ မင်းကြီးက အမိန့်တော်ချခဲ့ပါတယ်။ပိုင်ယွိထန်ဟာ ဇာတိပြန်တဲ့လမ်းမှာ လုပ်ကြံခံရတဲ့ ပေါင်ချိန်ကို ကယ်ခဲ့ပြီး ဒီကိစ္စအကြောင်းကို ကြားသိရပြီး အမှုစုံစမ်းဖို့ မြို့တော်ကို ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ပိုင်ယွိထန်ဟာ လူသတ်အဖွဲ့ ထူလုံအဖွဲ့ခေါင်းဆောင်ချုပ် ချင်ရစ်ကျုံးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဖွဲ့တစ်ခုလုံးကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ဒုစရိုက်အဖွဲ့ခေါင်းဆောင်က ဘယ်သူ ဖြစ်နေမလဲ...... ဒီအရာတွေကို နောက်ကွယ်က စီစဉ်နေတဲ့လူက ဘယ်သူ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Mystery , Adventure Runtime : 1h 28 min Subtitle : Myanmar ...
movie

The Legend of Detective Sleek Rat 1: The Bloody City (2016)

The Apostles ( 2014 ) 5.8
The Apostles ( 2014 ) ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးကတော့ - စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ.... တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ...သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ... လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Science Fiction Runtime : 1h 40 Min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kay Encoded by LK
movie

The Apostles ( 2014 )

Twisted Neighbor (2023)
Twisted Neighbor (2023)  စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(683 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

Twisted Neighbor (2023)

Good Wife’s Guide to Murder (2023)
Good Wife’s Guide to Murder (2023)  ဒီဇာတ်လမ်းလေးက Thriller Drama အမျိုးအစားဖြစ်ပါတယ်။ကိုယ့်ယောကျာ်းကိုပြန်သတ်တဲ့အမှုကိုကျူးလွန်တဲ့ ဖြစ်ရပ်မှန်ရာဇဝတ်မှုတွေအကြောင်း အသံလွှင့်အစီအစဥ်ထုတ်လွှင်တဲ့ ကိတ်ဟာ တနေ့မှာတော့ သူကိုယ်တိုင်ရဲ့ခင်ပွန်းဖြစ်သူအသတ်ခံလိုက်ရပါတယ်။ အဲ့ဒါပြီးတော့ သူမရဲ့အသံလွှင့်အစီအစဥ်ကြောင့် လူသတ်မှုသံသယရှိသူအဖြစ်စွပ်စွဲခံရပါတော့တယ်။ သူအပြစ်မရှိကြောင်းကို ကိတ်တစ်ယောက်ဘယ်လိုဖြေရှင်းမလဲ တကယ့်တရားခံကရောဘယ်သူလဲ လူသတ်ပြီးရင်လိုက်နာရမယ့်စည်းမျဥ်း ၁၀ ချက်နဲ့အတူ ဒီဇာတ်လမ်းလေးမှာ စောင့်ကြည့်အဖြေရှာလိုက်ကြပါ။ File size…(644 MB) Quality…. 720p Format…mp4 Duration….01:24:00 Genre...Drama, Thriller, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Good Wife’s Guide to Murder (2023)

After.Life (2009)
After.Life (2009) အန်နာဟာ မိုးသည်းထန်တဲ့ညတညမှာ ကားအက်စီးဒင့်ဖြစ်ခဲ့ပါတယ်။ သူနိုးလာတဲ့အချိန်မှာတော့ သူဟာ အီလီယက်ဒီကန်လို့အမည်ရတဲ့ အလောင်းပြင်ပေးတဲ့လူကြီးနေတဲ့ စံအိမ်ရဲ့ အောက်ထပ်ကိုရောက်ရှိနေတာကို သတိထားမိလိုက်ပါတယ်။ အီလီယက်က အန်နာကို သူ(မ)ရဲ့သေလက်မှတ်ကိုပြလိုက်ပါတယ်။ဒါပေမဲ့ အန်နာဟာ အသက်ရှူနေသေးပြီး သာမန်လူတယောက်လို လှုပ်ရှားသွားလာလို့ရနေသေးတာကို သတိထားမိလိုက်တဲ့နောက်မှာတော့ အီလီယက်အပေါ် စပြီးသံသယ၀င်လာပါတယ်။ တချိန်တည်းမှာပဲ အန်နာရဲ့ စေ့စပ်ထားတဲ့ခင်ပွန်းဖြစ်သူ ပေါလ်ကိုးလ်မန်းဟာလည်း အန်နာသေဆုံးသွားတာကိုမယုံကြည်ဘဲ အန်နာကို အပူတပြင်းလိုက်ရှာနေပါတယ်။ဒီလိုနဲ့ အန်နာဟာ တကယ်သေဆုံးသွားခဲ့တာလား အန်နာသေဆုံးသွားတာမှန်ရင်တောင် အီလီယက်ဒီကန်ဆိုတဲ့လူကြီးကရော ဘာလို့ အန်နာနဲ့ စကားပြောနေနိုင်‌တာလဲ အန်နာရဲ့ခင်ပွန်း ပေါလ်ကရော အန်နာကို လိုက်ရှာလို့တွေ့သွားပါ့မလား နောက်ဆုံးမှာ အန်နာက သေဆုံးသွားခဲ့တာလား မသေဆုံးသွားခဲ့ဘူးလား ဒီဖြစ်ရပ်ဆန်းကြယ်ကိစ္စတွေရဲ့ အဖြေကဘာများလဲဆိုတာ စိတ်၀င်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာမလို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.3 GB)/(616 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

After.Life (2009)

Legend Of The Immortal ( 2023 ) 5.9
Legend Of The Immortal ( 2023 ) ဆန်းဆန်းပြားပြား သဘာဝလွန်ဇာတ်ကားကြိုက်သူတို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...လူသားလောကကို ကိုယ့်အသက်တစ်ချောင်းစတေးလိုက်လို့ ကယ်တင်လို့ရရင် ကယ်တင်မှာလား... ကိုယ့်အသက်ကို စတေးရမယ်ဆို လူတိုင်း တွံ့ဆုတ်သွားမှာပါပဲ... ဒါပေမယ့် တကယ်လို့ ကပ်ဆိုးကြီးရဲ့ အစက ကိုယ်ကိုယ်တိုင်ဆိုရင်ရော လူသားလောကကို ပစ်ထားနိုင်ဦးမှာလား...ဒီဇာတ်လမ်းထဲက ယုံဖန်းကတော့ လူသားလောကကို ရှင်းထုတ်ဖို့ မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ ဟွမ်ဖန်းကြယ်စွမ်းအားကို လက်ခံရရှိထားတဲ့ သူထဲက တစ်ယောက်ပေါ့...ဒါကြောင့်လည်း မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် သူ့ကို အဖွဲ့အားလုံးက လိုက်ရှာနေလို့ ဘဝတစ်လျှောက် လူ့မိစ္ဆာ လူထူးဆန်းအနေနဲ့ ထွက်ပြေးနေခဲ့ရသူတစ်ယောက်ပေါ့... ဒီတော့ ယုံဖန်းအနေနဲ့တော့ လူသားတွေအပေါ် မေတ္တာမရှိသလို မိစ္ဆာတွေကိုလည်း ကူညီဖို့ ဆန္ဒမရှိဘူးပေါ့...ဆိုတော့ တွေဝေနေတဲ့ ယုံဖန်းတစ်ယောက် ဘယ်လိုရွေးချယ်မှာလဲ... လူသားတွေကြောက်နေတဲ့ မိစ္ဆာဆိုတာ တကယ်ပဲ ကြောက်စရာကောင်းတာလား... ဇာတ်ကားလေးက စိတ်ဝင်စားစရာ အဖြေတစ်ခုပေးမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy , Mystery Runtime : 1h 21 min Subtitle : ...
movie

Legend Of The Immortal ( 2023 )

Watchmen (2009) 7.6
Watchmen (2009) ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie

Watchmen (2009)

2009
4K HEVC
Strange Tales of Chang’an ( 2023 ) 6
Strange Tales of Chang’an ( 2023 ) CM ရဲ့ ပရိသတ်တွေအတွက် တရုတ်ရှေးခေတ် မှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-တာ့ထန်ယုံဟွေးခေတ်အတွင်းမှာ ကွမ်းကျိုး ဟယ်ပေ အစရှိတဲ့ ခရိုင် ၂၀ လောက် မိုးခေါင်ခဲ့ပါတယ်။ မိုင်ထောင်ချီရှိတဲ့ မြေတွေခြောက်ကပ်နေပြီး ပြည်သူတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ နက္ခတာရာရုံးတော်က ရုံးတော်ချုပ်ကောင်းရှန်းယောင်က မင်းကြီးကို တရားပွဲလုပ်ပြီး မိုးခေါ်ရန် တင်သွင်းခဲ့ပါတယ်။တရားပွဲလုပ်နေတဲ့အချိန်မှာ မိုးပေါ်ကနေ ရေနံဆီတွေ ရွာလာခဲ့ပြီး ခေါင်းတစ်ထောင်မိစ္ဆာကြီး ထွက်ပေါ်လာပြီး လူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီ့အမှုကို စစ်ဆေးရန် ထောင်ထဲရှိ အသေဒဏ်ပေးခံထားတဲ့ အပြစ်သား တူကူးကို မင်းကြီးရဲ့ အမိန့်အရ အမှုစစ်ဆေးရန် ထောင်ထဲမှ ခေါ်ထုတ်ခဲ့ပါတယ်။ခေါင်းတစ်ထောင်မိစ္ဆာရဲ့ နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ...... အမှုက အဖြေထွက်လာမလိုနဲ့ လူတွေဆက်တိုက် သေဆုံးနေတဲ့အဖြစ်ကို တူကူးတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Mystery Runtime ...
movie

Strange Tales of Chang’an ( 2023 )