Channel Myanmar

Romance

Casando a mi Ex (2023) 5.1
Casando a mi Ex (2023) Casando a mi Ex (2023) =================မိဘဖြစ်သူရဲ့ အိမ်ထောင်ဆက်များတာကြောင့် လက်ထပ် ရမှာကြောက်နေတဲ့ မင်္ဂလာပွဲစီစဉ်သူ မာရီယာနာကို ရည်းစား ဖြစ်သူ စားဖိုမှူး လူးဝစ်ကလက်ထပ်ခွင့်တောင်းရာ ငြင်းဆိုခံ လိုက်ရပါတယ်။ အချစ်ကြီးချစ်ကြပြီးမှ အငြင်းခံလိုက်ရတဲ့ အတွက် လက်စားချေချင်တာကြောင့် ဟန်ဆောင်လက်ထပ် ပေးရင် နိုင်ငံသားဖြစ်မယ်ဆိုပြီး ကိုလံဘီယာသူ lesbian သူငယ်ချင်းလူစီယာ ကို အသုံးချပြီး ရည်းစားဟောင်းဆီ မင်္ဂလာပွဲသွားအပ်ရာကနေ အရင်လို ပြန်အဆင်ပြေကြမလား ပိုဆိုးသွားမလား ဟန်ဆောင်သတို့သမီးကရော သူ့ချစ်သူကောင် မလေးနဲ့ ဘယ်လိုရှင်းကြမလဲ ဆိုတာကို ကြည်ကြည်နူးနူး လေးကြည့်ရမယ့် healing drama လေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.81 GB) / (764 MB) / (441 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Chit Min Thu Encoder..........SWM
movie

Casando a mi Ex (2023)

2023
Soo (2022) 6
Soo (2022) Soo(2022)တောမတ်စ်ဆိုတဲ့ ပန်းချီဆရာ အမျိုးကောင်းသားလေးဟာ ပြစ်သစ်နိုင်ငံ ပဲရစ်စ် ရွှေမြို့တော်ကြီးကနေ မွေးရပ်ဌာနေဖြစ်တဲ့ အက်စတိုးနီးယားက ဆိုရူးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။သူပြန်ရောက်လာတဲ့အချိန်မှာ အစ်ကိုဖြစ်သူ ယိုဟန်နာ့စ်က မိဘဘိုးဘွားပိုင်ခြံကို ရောင်းပစ်ပြီး ခြံအသစ်မှာ လီစ်ဆိုတဲ့ ဇနီးချောလေးနဲ့ အခြေကျနေပါတယ်။တစ်နေ့တော့ ဆိုရူးရွာစပ်က နွံတွေထူထပ်တဲ့ စိမ့်တောထဲမှာ ပန်းချီဆွဲဖို့ ကုန်ကြမ်းရှာရင်း တောမတ်စ်တစ်ယောက် ဟီလ်ဒါဆိုတဲ့ ကောင်မလေးနဲ့ ဆုံစည်းမိသွားပါတယ်။ဟီလ်ဒါက အရက်သမားအဖေရဲ့ကောင်းမှုကြောင့် လူရမ်းကား မာဂျာ့ခ်နဲ့ အလိုမတူဘဲ လက်ထပ်ရတော့မလို ဖြစ်နေပြီး ခိုကိုးရာမဲ့နေသူပါ။ အဲဒီမှာ မေတ္တာတရားကြီးမားလှတဲ့ တောမတ်စ်က ကောင်မလေးအတွက် လူစွမ်းကောင်း လုပ်ပေးဖို့ ကြိုးစားတဲ့အခါမှာတော့…ပထမကမ္ဘာစစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ အက်စတိုးနီးယား ဇာတ်ကားဖြစ်ပြီးတော့ IMDb rating 6.1 ရရှိထားပါတယ်။ သည်းထိတ်ရင်ဖို ရိုမန့်ဆန်တာမျိုးကို ကြိုက်ရင်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားမျိုးပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance, Thriller Quality…. 1080p | 720p | 480p File ...
movie

Soo (2022)

2022
Ju Dou (1990) 7.6
Ju Dou (1990) Ju Dou (1990)~ IMDb - 7.6/10, Rotten Tomatoes - 100% ~ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ...
movie

Ju Dou (1990)

1990
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
The Magician(2015) 7.0
The Magician(2015) The Magician(2015)****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက်ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲကသမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့်ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့...............File Size :(2.4GB)(892MB) and (306MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Fantasy,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

The Magician(2015)

Tango, Tequila and Some Lies(2023) 6.7
Tango, Tequila and Some Lies(2023) Tango, Tequila and Some Lies(2023)*********************************Lu ဆိုတဲ့မိန်းကလေးဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ဘားတစ်ခုကို စပ်တူ ဖွင့်ထားကြပါတယ်...ဒါပေမယ့် သူ့မှာ ပိုက်ဆံမရှိတာမို့လို့ သူ့ရဲ့ရှယ်ယာတွေကို မပေးနိုင်သေးပါဘူး ..နေ့ရွှေ့ညရွှေ့ ရွှေ့နေတတ်တာပါ... တစ်နေ့မှာ သူတို့ဘားကို ကောင်လေးတစ်ယောက် လာထိုင်ပါတယ်..အဲ့ဒီကောင်လေး သူ့ကို ချစ်လား မချစ်လားကိုသူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပါတော့တယ် လောင်းကြေးကတော့ သူနိုင်ရင် သူ့ရဲ့ရှယ်ယာတွေ ပေးစရာမလိုတော့တာပါ,,, အဲ့ဒီလိုနဲ့ အဲ့ဒီကောင်လေး သူ့ကိုချစ်လာအောင် ဖျားယောင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်..အဲဒီနောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့...File Size :(2.4GB) and (952MB) Quality :AMZN.WEB-DL.1080P, 720p Format…mp4 Duration…01:54:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Tango, Tequila and Some Lies(2023)

Do Your Worst(2023) 6.7
Do Your Worst(2023) Do Your Worst(2023)*******************ဆွန်ဒရာဟာ တစ်ချိန်ကနာမည်ကြီးခဲ့ပေမယ့် အခုချိန်မှာအသက်ကြီးနေတဲ့အတွက် ရိုက်ကူးရေးကျဲနေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ဆွန်ဒရာမှာ ကာလာ ခေါ် ကားလ် လို့ခေါ်တဲ့ သွားဖော်လာဖက်၊ ကဲဖော်ကဲဖက် အိမ်ထောင်သည်ငယ်သူငယ်ချင်း တစ်ယောက်ရှိပြီး သူငယ်ချင်းနဲ့ဗရုတ်သုတ်ခ အတူလုပ်နေကျဖြစ်ပါတယ်။ ဆွန်ဒရာ့အမေကတော့ ယောက်ျားတွေနဲ့ ပွေလီရှုပ်နေတဲ့သူ့သမီးရဲ့လုပ်ပုံ တွေကို သဘောမတွေ့ဖြစ်နေပြီး ဆွန်ဒရာ့ကို အိမ်ထောင်ပြုပြီးမိသားစုနဲ့ အတည်တကျနေစေလိုသူဖြစ် ပါတယ်။ ညစာစားပွဲတစ်ခုမှာ ကာလာက ဆွန်ဒရာရဲ့မဟုတ်ကဟုတ်ကအကြောင်းတွေကို သူငယ်ချင်း တွေအများကြီးရှေ့မှာ ဟာသလုပ်ပြောမိပါတော့တယ်။တင်းသွားတဲ့ဆွန်ဒရာဟာ ရေချိုးခန်းထဲ စိတ်ပြေ လက်ပျောက်ထိုင်နေရင်း ကာလာ့ယောက်ျားဂျယ်ရီ့ကို မမျှော်လင့်ဘဲ နမ်းမိသွားပါတယ်။ တစ်ဖက်မှာ လည်း ဆွန်ဒရာဟာတည်တည်တံ့တံ့လူတစ်ယောက်ကို စိတ်ထဲမှာ ကြိတ်သဘောကျမိနေပါတယ်။ဒီလို အခြေအနေတွေကြားမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ …..။ အိမ်ထောင်သည်မိန်းမတွေနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မကျသေးတဲ့မိန်းမတွေရဲ့ အပြု အမူတွေ၊စိတ်ခံစားချက်တွေ၊ အမူအကျင့်တွေ၊ စိတ်ကစားတတ်ပုံတွေကို ပေါ့ပေါ့ပါးပါးရိုက်ကူးပုံဖော် ထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့စိတ်ကိုသေချာသိချင်တဲ့သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ မပြုံးဘဲဝါးလုံးကွဲရယ်ရမယ့် ဟာသတွေတစ်လှေကြီးနဲ့ပါ။ ...
movie

Do Your Worst(2023)

Married by Mistake (2023) 5.7
Married by Mistake (2023) Married by Mistake (2023)IMDb - 5.8ပူပူနွေးနွေး MBAဘွဲ့ရထားတဲ့ ရိုင်လီတစ်ယောက် ငယ်ငယ်တည်းက မျှော်မှန်းခဲ့ရာအလုပ်ကို လက်မတင်လေး ဆုံးရှုံးလိုက်ရပါတယ်။ စိတ်ညစ်ညစ်နဲ့ နိတ်လို့ခေါ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့အတူ မူးကွဲနေအောင်သောက်မိရာက မနက်လင်းတော့ ဘုရားတရပါပြီ။ ဝတ်လစ်စလစ်နဲ့ တစ်ကုတင်တည်းအတူ တက်အိပ်နေကြတဲ့အဖြစ်ကို တွေ့‌လိုက်ရတာပါ။ လက်သန်းကြွယ်မှာလည်း လက်စွပ်ကိုယ်စီနဲ့ပါပဲ။ ဆိုတော့ မည်သို့မည်ပုံဖြစ်သွားသည် မသိသော်ငြားလည်း နိတ်နဲ့ ခေါင်းချင်းရိုက်တိုင်ပင်ကြတော့ အကြံတစ်ခုထွက်လာပါတယ်။ စီးပွားရေးဘွဲ့လက်မှတ်ကြီးကိုင်ပြီး အလုပ်မရှိလို့ အနာဂတ်ပျောက်နေတဲ့ ရိုင်လီကတစ်ဖက်၊ မိသားစုစီးပွားရေးလုပ်ငန်းမှာ အရှုံးပေါပြီး ဒေဝါလီခံရလုနီးနီးဖြစ်နေတဲ့ နိတ်ကတစ်ဖက်မို့ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် လက်ထပ်လျက်သား ဆက်နေပြီး နိတ်တို့စီးပွားရေးလုပ်ငန်းကိုပဲ ကူညီလုပ်ကိုင်ပေးဖို့ ဆုံးဖြတ်လိုက်ရပါတယ်။Romanceနဲ့ Comedy ပေါင်းထားပြီး ခေတ်ဆန်တဲ့ စကားအသုံးအနှုန်းတွေ ပါတာကြောင့် ဇာတ်လေးကြီးတွေ ကြည့်ရတာ ငြီးငွေ့လာသူတွေအဖို့ စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.6GB | 642MB ...
movie

Married by Mistake (2023)

2023
Love at First Kiss (2023) 5.7
Love at First Kiss (2023) Love at First Kiss (2023)ဘဝမှာ supernatural ability တစ်ခုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် အနာဂတ်ကိုကြိုမြင် ကြိုသိနေချင်ပါတယ်ဆိုတဲ့လူတွေ ရှိနေမှာပါ။ ဒါပေမဲ့ တကယ်တမ်းအားလုံးကိုကြိုသိနေရခြင်းက တကယ်ပဲကောင်းတာဟုတ်ရဲ့လား။ ဇာတ်သိမ်း Spoil မိသွားတဲ့ ရုပ်ရှင်တစ်ခုတောင် ကြည့်ရတာအရသာပျက်သွားပြီဆိုရင် ဇာတ်သိမ်းကိုကြိုမြင်နေရတဲ့ ဘဝတစ်ခုကရော.....မိန်းကလေးတစ်ယောက်နဲ့ ပထမဆုံးအနမ်းတစ်ပွင့်ခြွေဖူးရုံနဲ့တင် ဒီမိန်းကလေးနဲ့သူရဲ့ အချစ်ဇာတ်လမ်းကို မြင်နိုင်တဲ့ထူးခြားတဲ့အစွမ်းကို ပိုင်ဆိုင်ထားတဲ့ဟာဗီယာ၊ အနာဂတ်ရှေ့ရေးကို အမြဲကြိုမြင်နေတဲ့ဟာဗီတစ်ယောက် အဆင်မပြေနိုင်မှန်းသိနေတဲ့ RS တွေကို ဘာမပြောညာမပြောနဲ့ သစ်စိမ်းချိုးချိုးလေ့ရှိပါတယ်။ ဒီတော့ ဟာဗီကိုယ်တိုင်လည်း Commitment ဆိုတာကို ကြောက်လာသလို မိန်းကလေးတွေကြားမှာလည်း လူရှုပ်လူပွေအဖြစ် နာမည်ဆိုးထွက်သူတစ်ယောက် ဖြစ်လာတော့တာပေါ့။ဘယ်မိန်းကလေးနဲ့နမ်းနမ်း သာယာတဲ့အနာဂတ်ကိုမမြင်ရလို့ စိတ်ပျက်နေတဲ့အပြင် အလုပ်ကပါအဆင်မပြေလို့ အရှုံးပေါ်နေပြန်လို့ အနုတ်ပြနေတဲ့ဟာဗီရဲ့ဘဝထဲကို အနမ်း ၂ ပွင့်နဲ့အတူ ဝင်ရောက်လာခဲ့တဲ့ မိန်းကလေး ၂ ယောက်၊ အဲဒီထဲကတစ်ယောက်တော့ ဟာဗီရဲ့အချစ်ဆုံးသူငယ်ချင်းရောဘတ်တိုရဲ့ချစ်သူဖြစ်တဲ့ လူစီယာနဲ့ နောက်တစ်ယောက်ကတော့ အမြဲတမ်းခံစားချက်တွေကို သိမ်းထားတတ်တဲ့ဟာဗီကို ရင်ဖွင့်လာအောင်လုပ်နိုင်ခဲ့တဲ့ လွတ်လပ်ပြီးပျော်ပျော်နေရတာကြိုက်တဲ့အေရီယာနာ။ ဘယ်တစ်ယောက်နဲ့ ဘယ်လိုအနာဂတ်တွေကို ဟာဗီမြင်လိုက်ပြီးတော့ သူရွေးမဲ့လူက ဘယ်သူဖြစ်မလဲဆိုတာ အားလုံးအ‌တူ ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ...
movie

Love at First Kiss (2023)

2023
Eight Taels of Gold (1989) 7.1
Eight Taels of Gold (1989) Eight Taels of Gold (1989) ==================== IMDb Rating - 7.1/10Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn's Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ ...
movie

Eight Taels of Gold (1989)

1989
BluRay 1080p 5.1CH
Seven Nights in Japan (1976) 5.7
Seven Nights in Japan (1976) Seven Nights in Japan (1976)ဒီဇာတ်ကားနဲ့ပတ်သက်လို့ အချက်အလက်တွေရှာတာမှာ စိတ်ဝင်စားဖွယ်တစ်ခု တွေ့ရတာက ဒီဇာတ်ကားဟာ မြန်မာပြည် (အရင်တုန်းက Burmaလို့နာမည်ရှိစဉ်)မှာ ရုံတင်ခဲ့ချိန်တုန်းက အလွန်အောင်မြင်လူကြိုက်များခဲ့တဲ့အကြောင်းကို Wikipedia မှာ ညွှန်းထားတာပါပဲ။ ညွှန်းတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်တောင် ရုပ်ရှင်ရုံရှေ့က လက်မှတ်တန်းစီတိုးကြတဲ့ လူအုပ်ကြီးထဲ ညပ်ပါသွားခဲ့ရတယ်ဆိုလား။ဥရောပတစ်နိုင်ငံက အိမ်ရှေ့စံမင်းသားလေးတစ်ပါးဟာ (ဘယ်နိုင်ငံရယ်လို့တော့ အတိအကျညွှန်းမထားပါဘူး။ ) ရေတပ်ဗိုလ်လေးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ဂျပန်နိုင်ငံကိုအရောက်မှာ အားလပ်ရက်အနေနဲ့ ခွင့်တစ်ပတ်ယူပြီး ကုန်းပေါ်တက်သွားတာကနေ ဇာတ်လမ်းစတာပါပဲ။ သာမန်သင်္ဘောသားတစ်ယောက်လိုတော့ အားလပ်ရက်ရတုန်း ကဲချင်သလိုကဲခွင့် မရှိရှာပါဘူး။ သူ့ခမျာ မင်းမျိုးမင်းနွယ်ဖြစ်ရတဲ့သူတွေရဲ့ဒုက္ခကို ခံရပါတယ်။ သူရတဲ့ အားလပ်ရက်လေးအနည်းငယ်ကို မင်းသားတစ်ပါးရဲ့ သံတမန်ခရီးစဉ်လိုမျိုး စီစဉ်လိုက်ကြတော့ သူ့မှာ ဧည့်ခံပွဲတွေတက်ရ၊ မကုန်နိုင်တဲ့လူတွေနဲ့ လက်ဆွဲနှုတ်ဆက်ရ ၊ သတင်းထောက်တွေမေးတာဖြေလိုက်ရနဲ့ မခံနိုင်တဲ့အဆုံး တစ်ညမှာ သူအခန်းကနေခိုးထွက်ပြီးတော့ တိုကျိုမြို့တော်ရဲ့ night life ကို လျှောက်ခံစားကြည့်ပါတော့တယ်။ ပိုက်ဆံလည်းတစ်ပြားမှမပါဘဲနဲ့ နိုက်ကလပ်ထဲကို ...
movie

Seven Nights in Japan (1976)

Gooische Vrouwen 2 (2014) 5.9
Gooische Vrouwen 2 (2014) Gooische Vrouwen 2 (2014) ==================== IMDb Rating - 5.9/10(ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်)ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်)File Size..........(1.74 GB) / (765 MB) / (452 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Kaung Paing Encoder..........SWM
movie

Gooische Vrouwen 2 (2014)

2014
BluRay 1080p 5.1CH
Four Samosas (2022)
Four Samosas (2022) ဗင်နီ၊ ဇက်ခ်၊ အန်ဂျလီ၊ ပါရူဆိုတဲ့ စမူဆာ လေးခု ရှိပါတယ်။ဗင်နီဆိုတဲ့ စမူဆာကတော့ ကိုယ့်နယ်မြို့လေးက အထည်ဆိုင်တစ်ခုမှာ အရောင်း၀န်ထမ်းလုပ်နေတဲ့ လူငယ်လေးတစ်ယောက်။ ဘ၀ပေးအရသာ အရောင်း၀န်ထမ်း လုပ်နေရပေမဲ့ ရက်ပ်ပါ တစ်ယောက်ဖြစ်ဖို့ ၀ါသနာ ပါတဲ့သူ။ပြတ်သွားတဲ့ ရည်းစားဟောင်းမလေး ရီနာကိုလဲ မမေ့နိုင်သေးဘဲ ခဏခဏ တမ်းတလေ့ရှိတယ်။တစ်နေ့မှာတော့ ရီနာတစ်ယောက် သူနဲ့ နှပ်ချေးတွဲလောင်းဘ၀ကတည်းက ပြိုင်ဖက်ဖြစ်တဲ့ ဆန်ဂျေး ဆိုတဲ့ ငနဲ နဲ့ စေ့စပ်လိုက်ပြီဆိုတာ သိလိုက်ရတော့ ဗင်နီ သောကမီးတွေ ဝေသွားတယ်။ဒီတော့ ဗင်နီတစ်ယောက် ရီနာလေးကို ပြန်အရယူဖို့အတွက် သူ့ရဲ့ မဟာအကြံအစည်ကြီးကို အကောင်အထည်‌ဖော်ဖို့ ကြံပါတော့တယ်။ အဲဒါကတော့ ရီနာအဖေ ပိုင်တဲ့ စတိုးဆိုင်ကြီးကို ဖောက်ထွင်းပြီး သူ့ရဲ့ စိန်တွေကို ခိုး...အဲဒီလိုနည်းနဲ့ ရီနာရဲ့ လက်ထပ်ပွဲကို ဖျက်ဖို့ပါ။ဒါပေမဲ့ ဗင်နီတစ်ယောက်တည်း အားနဲ့ မဖြစ်နိုင်တာမို့ ဗင်နီရဲ့ သူငယ်ချင်း သရုပ်ဆောင်ရူး ဇက်ခ်၊ သတင်းထောက်မလေး အန်ဂျလီ၊ အလုပ်လက်မဲ့ အင်ဂျင်နီယာ ပါရူ တို့ရဲ့ အကူအညီယူပြီး ဖောက်ထွင်ရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။ဒီလိုနဲ့ ...
movie

Four Samosas (2022)

Middle Class Love (2022) 6.4
Middle Class Love (2022) Middle Class Love (2023) IMDb 6.4/10မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါလူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ် File size…2.5GB / 1.1GB Quality…1080p Zee5 WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Sai Thu Rein~Thaik San
movie

Middle Class Love (2022)

2022
A Perfect Pairing (2022)
A Perfect Pairing (2022) 2022 ထဲကမှထွက်ထားတဲ့ A Perfect Pairing ဆိုတဲ့ Netflix ရုပ်ရှင်လေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ rom-com အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ကျွန်တော်အခုတလောကြည့်ဖြစ်သမျှထဲ အကြိုက်တွေ့မိတဲ့ဇာတ်ကားလေးပါပဲ။ ပုံမှန် Netflix movie တော်တော်များများလို ဆယ်ကျော်သက်အချစ်ကို ပုံဖော်ရိုက်ကူးထားတာမဟုတ်ဘဲ ဘဝကအချစ်ထက်အရေးကြီးလာတဲ့ သက်လတ်ပိုင်းအရွယ်ဇာတ်ကောင်နှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာကို ဘဝအကြောင်းများများ၊ အချစ်အကြောင်းနည်းနည်းနဲ့ ပုံဖော်ထားပါတယ်။ သက်လတ်ပိုင်းဆိုပေမဲ့ မင်းသားရော မင်းသမီးရောက တကယ့် visual တွေချည်းမို့ ကိုကြီး enjoyer ၊ မမ enjoyer လေးတို့ ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့လိုလာက ဝိုင်တင်သွင်းဖြန့်ချိရေးကုမ္ပဏီတစ်ခုရဲ့ လက်ကားအရောင်းမြှင့်တင်ရေးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး အရည်အချင်းမရှိတဲ့ အထက်လူကြီးရဲ့အပေါက်တွေကို တစ်သက်လုံးလိုက်ဖာနေခဲ့ရပေမဲ့လည်း ဝါသနာနဲ့အလုပ် တစ်ထပ်တည်းကျတယ်ဆိုတဲ့အချက်တစ်ခုတည်းနဲ့ တစ်သက်လုံး‌ဖြေတွေးသည်းခံလာခဲ့တဲ့ ထက်မြက်တဲ့ဝီးမန်း တစ်ခုလပ်အမျိုးသမီးတစ်ယောက်ပါ။ ပထမအိမ်ထောင်ကြောင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း "ဘဝဆက်တိုင်းမှာ အချစ်ရဲ့အဝေးမှာနေမယ်" လုပ်နေသူပေါ့။ ဒါပေမဲ့လည်း အခင်ရဆုံးလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းရဲ့ ...
movie

A Perfect Pairing (2022)

Some You Loved (2023) 5
Some You Loved (2023) Someone You Loved (2023)လမ်းခွဲပြီးကြတဲ့နောက်မှာ အဲဒီလူကိုမေ့ပစ်ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ။ သူနဲ့ပတ်သက်သမျှ အရာရာတိုင်းကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်ရုံနဲ့ သူ့ကိုမေ့နိုင်သွားပါ့မလား။ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ သူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်လာခဲ့ကြပြီး ချစ်သူတွေကနေ သူစိမ်းတွေပြန်ဖြစ်သွားကြတဲ့ ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ Move On လုပ်ဖို့ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့‌ကြပေမဲ့ ဘယ်လိုမှ‌ညှိနှိုင်းလို့မရတော့တဲ့ အခြေအနေကြောင့် တစ်လမ်းစီလျှောက်ကြဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ .... ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ အနာဂတ်ဟာ ပျော်ရွှင်နိုင်ပါ့မလား။အဆင်မပြေတဲ့ချစ်သူနဲ့လမ်းခွဲပြီး အချစ်သစ်ကိုရော ရှာဖွေသွားနိုင်မှာလားဆိုတာ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။Casts တွေအနေနဲ့လည်း Reply 1988 ထဲက Lee Ding-Hwi နဲ့ The King: Eternal Monarch ထဲက Jung Eun-Chae တို့က သရုပ်ဆောင်ထားတာမို့ ကြည့်လို့ကောင်းမှာပါပဲ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… ...
movie

Some You Loved (2023)

2023
Goodbye Summer (2019) 5.6
Goodbye Summer (2019) Goodbye Summer (2019) ==================တကယ်လို့ သင့်ဆီမှာ မကြာခင်သေရတော့မယ့်ရောဂါတစ်ခုရှိ နေတယ်ဆိုပါစို့။ ဒါဆို သင်တစ်ဖက်သတ်ချစ်နေရတဲ့သူကို ဖွင့် ပြောမှာလား မပြောဘူးလား၊ အကယ်၍ ဖွင့်ပြောဖြစ်ခဲ့ရင်ရော သူကလက်ခံနိုင်ပါ့မလား၊ တွေးစရာတွေကတော့ အများကြီးပါပဲ။ သေခါနီးလူတစ်ယောက်က ကြိတ်ချစ်ရတဲ့ကောင်မလေးကို ဖွင့် ပြောတာက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့လည်းထင်နိုင် သလို တစ်ဖက်ကတွေးကြည့်ရင် ကိုယ့်ရဲ့နောက်ဆုံးဆန္ဒမို့လို့ ဒါဟာ တရားမျှတတယ်လို့လည်း ဆိုနိုင်တာပါပဲ။ ဒီဇာတ်ကား လေးထဲမှာလည်း အဓိကပြောသွားတဲ့အကြောင်းအရာက ဒီ( ၂) ချက်ပါပဲ။ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ ရောဂါတစ်ခုနဲ့မကြာခင် သေဆုံးရတော့မယ့် ဟျွန်းဂျယ်ဆိုတဲ့အထက်တန်းကျောင်းသား လေးတစ်ယောက်ရဲ့ နေ့ရက်တွေဖြတ်သန်းပုံကို စကားတွေအများ ကြီးမပြောဘဲ ရိုက်ကူးထားတဲ့ပုံနဲ့တင်ဆက်ထားတာပါ။ သေနေ့ စေ့နေတဲ့ သာမန်အထက်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေအမြင်တွေ၊ သူ့အတွေးအမြင်တွေ အပေါ် သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ဖိအား၊ ရိုက်ခတ်ချက် စတာ တွေကို scenario သဘောမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ YG Ent. Ex-rapper ONE (or) Jung Jaewon နဲ့ Sky Castle စတားKim Bora တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(990 MB) ...
movie

Goodbye Summer (2019)

2019
Beginners(2010) 7.2
Beginners(2010)  အိုလီဗာဖီးဒ်ဟာ မိဘတွေရဲ့ထူးဆန်းတဲ့အိမ်ထောင်ရေးကြောင့် တခြားသူကိုရေရှည်ချစ်ကြည့်ဖို့မဝံ့ရဲပဲ အသက်သုံးဆယ့်ရှစ်နှစ်ရှိလာခဲ့ပါတယ်။ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ဖို့ဆုံးဖြတ်ထားတဲ့အိုလီဗာဟာ တစ်နေ့တော့ ပါတီမှာအမှတ်မထင်ဆုံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိသွားတဲ့အခါမှာတော့... အိုလီဗာ့လိုပဲ ငယ်ဘဝစိတ်ဒဏ်ရာတွေရှိနေတဲ့ အချစ်ကိုကြောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားမှာတဖြည်းဖြည်းအမြစ်တွယ်လာတဲ့သံယောဇဥ်တွေရယ် အိုလီဗာရဲ့ဘဝဇာတ်ကြောင်းရယ်ကို လှပစွာပြသသွားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒရမ်မာကားကောင်းတွေကြိုက်တတ်ရင် ပေးရတဲ့အချိန်နဲ့တန်မယ့်ဇာတ်ကားကောင်းတစ်ပုဒ်ပါလို့ ညွှန်းရင်းတင်ဆက်လိုက်ရပါတယ်။ File size…1.04 GB /470 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chole Khin
movie

Beginners(2010)

(18+) Hawas Ki Inteha (2016) 6.2
(18+) Hawas Ki Inteha (2016) Hawas Ki Inteha (2016)လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီး ဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလို တစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်း အဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလို မှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာ ပျက်တော့မှာပဲမဟုတ်လား။ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကို ပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။ File size…1.8GB / 925MB Quality…1080p AMZ WEB DL /720p Format…mp4 Duration…1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Devil
movie

(18+) Hawas Ki Inteha (2016)

2016