Channel Myanmar

Romance

Charulata (1964) 8.1
Charulata (1964) Charulata ( 1964 )ဆတ္တရာဂျစ်ရေးရဲ့ Charulata ဟာ တဂိုးလို့သိကြတဲ့ ဘင်္ဂါလီကဗျာဆရာ ရာဘင်္ဒြာနတ်တဂိုး ၁၉၀၁ခုနှစ်တုန်းက ရေးသားခဲ့တဲ့ ဝတ္တုဖြစ်တဲ့ Nastanirhခေါ် The Broken Nestဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။ Charulataကို ရေးရဲ့အကောင်းဆုံးလက်ရာတွေထဲက တစ်ကားလို့ဆိုကြသလို the greatest films ever made စာရင်းထဲ မကြာမကြာ ပါတတ်တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ တဂိုးရဲ့ ဝတ္တုမှာတော့ Charulataကို ၁၉ရာစုမှာ ဇာတ်အိမ်တည်ထားပေမဲ့ ရေးကတော့ ၁၈၉၇မှာ ဇာတ်အိမ်ပြောင်းတည်ခဲ့တယ်။ ဒီလိုတည်ဖို့လည်း ရေးအနေနဲ့ သမိုင်းနောက်ခံတွေကို လပေါင်းများစွာ လေ့လာခဲ့ရတယ်။ တကယ်ရိုက်တဲ့အခါမှာလည်း ၁၈၈၀ခုနှစ်ရဲ့ အိန္ဒိယကို ပုံဖော်နိုင်တဲ့ ဆက်တင်တွေဖြစ်အောင် အကုန်လုံး ပြင်ဆင်ရိုက်ကူးခဲ့တယ်။ ရေးအတွက် Charulataဟာ သူ့ရုပ်ရှင်ရိုက်သက်တမ်းတစ်လျှောက်မှာ deadline မသက်မှတ်ထားခဲ့တဲ့ ပထမဆုံးကားဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်း သူ့ကားတွေထဲက သူ့အကြိုက်ဆုံးကားလို့ ပြောခဲ့ဖူးတယ်။ဆတ္တရာဂျစ်ရေးဟာ တဂိုးတည်ထောင်ခဲ့တဲ့ Visva-Bharati University မှာ ကျောင်းတက်ခဲ့တဲ့သူဖြစ်သလို တဂိုးဟာလည်း ကျွန်တော်တို့သိတဲ့ ဘင်္ဂါလီကဗျာဆရာတွေထဲ ...
movie

Charulata (1964)

1964
Big Sky River: The Bridal Path (2023) 6.6
Big Sky River: The Bridal Path (2023) Big Sky River: The Bridal Path (2023) IMDb - 6.6/10အမေရိကန်အနောက်ပိုင်းဒေသက ကောင်းဘွိုင်ဇာတ်ရုပ်တွေကို အခြေခံပြီး အချစ်ဇာတ်လမ်းတွေရေးဖွဲ့လေ့ရှိတဲ့ ရောင်းအားအကောင်းဆုံးစာရေးဆရာမကြီး Linda Lael Millerရဲ့ ၀တ္ထုတွေထဲက တစ်ခုကို ရိုက်ကူးထားတဲ့ ရိုမန့်စ်ရုပ်ရှင်လေးပေါ့။မွန်တားနားပြည်နယ်က နယ်မြို့လေးတစ်ခုမှာ တာရာဆိုတဲ့ အမျိုးသမီးလေးကတော့ သမီးဖြစ်သူနဲ့အတူ လာရောက်နေထိုင်တဲ့ အိမ်ထောင်ကွဲဆရာမတစ်ယောက်။ ဘွန်တေလာက မုဆိုးဖိုကလေးနှစ်ယောက်အဖေ ဒေသခံရဲမှူးတစ်ယောက်။ ဒီလိုအနှောင်အဖွဲ့ကိုယ်စီနဲ့ သူတို့တွေရဲ့ပေါင်းစည်းမှုမှာ အဆင်မပြေတာလေးတွေရှိလာခဲ့တာပေါ့။ စစ်မှန်တဲ့ချစ်ခြင်းတရားကို အခြေခံတဲ့ သူတို့တွေရဲ့ဆုံစည်းမှုကို ဘယ်လိုတွေညှိနှိုင်းပြီး ဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက်ဖန်တီးကြမလဲဆိုတာ ကြည်နူးဖွယ်ရာရှုမြင်ခံစားကြရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.3GB | 672MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Big Sky River: The Bridal Path (2023)

2023
Chalet Girl (2011) 6.3
Chalet Girl (2011)  IMDB 6.3/10 Rotten Tomatoes 53%ဘာဂါဆိုင်မှာ အလုပ်လုပ်ရင်းတစ်လှည့် ထမင်းချက်၊အဝတ်လျှော်ရင်းတစ်လှည့်နဲ့ အဖေကိုပြန်ကြည့်ရှုပေးနေတဲ့ စကိတ်ဘုတ်ချန်ပီယံဟောင်းမိတဆိုးသမီးလေး ကင်မ် မက်သျူးစ်…။သူမရဲ့ဘဝဟာ မိခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာသေဆုံးမှုအပြီးမှာ ငွေရှာဖို့ ရုန်းကန်ရင်းနဲ့ပဲဖြတ်သန်းခဲ့တယ်။ တစ်နေ့မှာ သူမဟာအယ်လ်ပ်စ်တောင်တန်းတွေရဲ့ အထက်တန်းအကျဆုံး အပန်းဖြေစံအိမ်မှာ အလုပ်လုပ်ဖို့အခွင့်အရေး ရလာတဲ့အခါမှာတော့…သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်သာမကဘယ်လို အတွေ့အကြုံအသစ်မျိုးကိုပါဆယ်ကျော်သက်ကောင်မလေး ကင်မ်တစ်ယောက်ရှာဖွေတွေ့ရှိမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.04GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth
movie

Chalet Girl (2011)

L♡DK (2014) 6.1
L♡DK (2014)  မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေးKento Yamazakiပါပဲ။ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeကလူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင်ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီးရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကိုတာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်းရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲစောင့်ကြည့်လိုက်ပါဦးနော်။  File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

L♡DK (2014)

The Idea of You (2024) 6.6
The Idea of You (2024)  Trailer မှာကတည်းက hit ဖြစ်နေတဲ့ မင်းသမီးချော Anne Hathaway နဲ့ မင်းသား Nicholas Galitzine တို့ရဲ့ အချစ်ဇာတ်လမ်းလေး လာပါပြီ။အသက် ၄၀ အရွယ် အိမ်ထောင်ကွဲ။ သမီးတစ်ယောက်မိခင်ဖြစ်သူ Solene ဟာ တစ်နေ့တော့ သူ့သမီးနဲ့ သူငယ်ချင်းတွေကို Coachella ပွဲ လိုက်ပို့ရင်း Hayes ဆိုတဲ့ နာမည်ကျော် လူငယ်အဆိုတော်အဖွဲ့က ၂၄ နှစ်အရွယ် ကောင်‌လေးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ပါတယ်။ခဏတာ အမှတ်မထင် တွေ့ဆုံမှုလို့ ထင်ခဲ့ပေမဲ့ အဆိုတော်ကောင်လေးဘက်က လက်မလျှော့ဘဲ Solene ရှိရာ နောက်ကို မရမက လိုက်လာခဲ့ချိန်မှာ အချစ်တစ်ခု ပေါက်ဖွားလာပါတော့တယ် ....အသက်အရွယ်က အလွန်ကွာခြားပြီး လူသိခံလို့ မဖြစ်တဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါ။ File size…(2.4 GB)/(970 Mb) Quality….Webrip 1080p ...
movie

The Idea of You (2024)

Better Days ( 2019 ) 7.5
Better Days ( 2019 ) IMDB 7.6 ရရှိထားတဲ့ တရုတ်ဇာတ်ကားကောင်းလေး တကားကိုတင်ဆက်ပေးလိုက်ပါတယ် တရုတ်ပြည်မှာ နာမည်ကြီးပေါက်ကားလေးတကားဖြစ်ပြီး ဝင်ငွေယွမ်ဘီလီယံ နဲ့ချီပြီးရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် မင်းသား ရိယန်ချန်းရှီ ( Yi Yangqianxi ) က ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွန်းလေးကတော့ ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ... မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ... ဒါပေမယ့်... အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ? ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်... ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်... ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ? သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ? Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama , Romance Runtime : 2h 15 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Chu Chu  Encoded ...
movie

Better Days ( 2019 )

Above the Shadows (2019) 6.1
Above the Shadows (2019)  Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုကအလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့ကအကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်...ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာသူမဟာကိုယ်ပျောက်သွားတာပါ..ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်..Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ... File size…1.6GB / 754MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre …..Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie

Above the Shadows (2019)

Umrao Jaan (2006) 5.4
Umrao Jaan (2006) Umrao Jaan (2006) "ကြွေသောပန်း"၂၀၀၆ မှာ ထွက်ခဲ့တဲ့ ရှေးခေတ်အိန္ဒိယ musical/romance ရုပ်ရှင်ကားဟောင်းလေး တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်တွေအနေနဲ့ Amitabh Bachchan ရဲ့သား Abhishek Bachchan နဲ့ သူ့မိန်းမဖြစ်သူ Miss World - 1994 အလှမယ် Aishwarya Rai တို့ပါဝင်ထားပါတယ်အမီရန် ဆိုတဲ့ မိသားစုနဲ့အတူတူ နေထိုင်ပြီး စိတ်ထားဖြူစင်တဲ့ မိန်းမငယ်လေးတစ်ယောက် တစ်နေ့မှာ ကံကြမ္မာဆိုးတစ်ခုကို ကြုံရတယ်သူ့အဖေ တစ်ချိန်က သက်သေခံထွက်ဆိုပေးခဲ့ရတဲ့ လူ ထောင် ၇ နှစ်ကျသွားပြီး ပြန်လွတ်လာတဲ့အချိန် ရန်ငြိုးကြောင့် လက်စားချေဖို့ အမီရန်ကို ဖမ်းခေါ်သွားလေရဲ့ အဲဒီနေ့ကစလို့ အမီရန်ဆိုတဲ့ နာမည်ပျောက် ပြည့်တန်ဆာခေါင်း မစ္စခါနွမ်ဆီမှာ ရောင်းစားခံလိုက်ရပြီး Umrao Jaan အမည်ရှိ အထက်တန်းလွှာ အပျော်မယ်တစ်ဦးအဖြစ် ပုံသွင်းခံလိုက်ရတယ်တစ်နေ့တော့ ဒီမိန်းကလေး အချစ်ကို ရှာတွေ့ရင်းမှ ချစ်သူနဲ့ ပေါင်းရဖို့ ကြိုးစားလို့ရနိုင်မှာလား... အဖျက်အမှောက် အမျိုးမျိုးက သူတို့နှစ်ယောက်ကို အကြိမ်ကြိမ်တားရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...၁၈၀၀ ဝန်းကျင် ...
movie

Umrao Jaan (2006)

2006
DeAr (2024) 6.6
DeAr (2024) DEAR (2024) ( ချစ်သော)2024 အသစ်ထွက်တဲ့ ဘောလိဝုဒ်ကားတွေထဲကမှ IMDb 8.6/10 ရရှိထားတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းကားသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်း နိုင်ငံတကာရုပ်ရှင်ဆုရမင်းသမီးဖြစ်တဲ့ အစ်ရှ်ဝါရာ ရာဂျက်ရှ်နဲ့ သီချင်းထုတ်လုပ်သူအဖြစ်ပါ နာမည်ကြီးတဲ့ ဂျီဗီ ပရာကတ်ရှ် ကူးမားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဗီကားက အလုပ်အကိုင်‌လည်းရှိ၊ ရုပ်ရည်လည်းလှပပေမဲ့ သတို့သားများစွာရဲ့ ငြင်းဆိုခြင်းကို ခံလာရတဲ့ အပျိုဟိုင်းအလောင်းအလျာလေးပဲဖြစ်ပါတယ်။ ငြင်းခံရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့ဆိုးရွားတဲ့ဟောက်သံကြောင့်ပါပဲ။ စမိတ်ဆက်‌တဲ့အချိန်မှာတင် ဟောက်တတ်ကြောင်း စကားခံလေ့ရှိပြီး အိပ်‌ေရးပျက်မှာကိုကြောက်ကြတဲ့ သတို့သားများဟာလည်း တွေ့စမှာတင် တပ်ခေါက်ပြေးကြတော့တာပါပဲ‌။တစ်ဖက်မှာလည်း အာဂျွန်က ဂျာနယ်လစ်ဖြစ်ဖို့ကို ရူးသွပ်နေတဲ့လူငယ်တစ်ယောက်ပါ။ ဝါသနာနဲ့ ရည်မှန်းချက်ကိုပဲ တစိုက်မှတ်မှတ်လိုက်ရင်း တခြားဘာကိုမှ အာရုံမရှိတဲ့ ကြိုးစားတဲ့လူတစ်ယောက်ပါ။ လက်ထပ်ဖို့ကိုလည်း သူလိုချင်တဲ့အလုပ်နဲ့ အခြေကျပြီးနောက်ပိုင်းမှသာ စဉ်းစားချင်တဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အိမ်ထောင်ရေးကိုစွဲလန်းနေတဲ့ အသိုင်းအဝိုင်းကတော့ သူ့ကို ဒီတိုင်းလွှတ်မထားခဲ့ပါဘူး။ အစ်ကိုနဲ့အမေရဲ့ စီစဉ်မှုနဲ့ ကြင်ဖက်တွေ့ပြီး နှစ်လအတွင်း အိမ်ထောင်ကျဖို့ဖြစ်လာပါတော့တယ်။ကံကြမ္မာကိုက ဖန်လာတယ်ပဲ ပြောရမလား လက်မထပ်ချင်ပါဘူးဆိုမှ သတို့သမီးရဲ့‌အမေနဲ့ အာဂျွန့်ရဲ့အမေတို့က ငယ်သူငယ်ချင်းတွေဖြစ်နေတဲ့အခါ ငြင်းမရတဲ့မင်္ဂလာပွဲကြီးဖြစ်လာပါတော့တယ်။ အိမ်ထောင်ရေးမှာ ဟောက်သံကြောင့် ထိခိုက်မှာစိုးနေတဲ့ မင်းသမီးနဲ့ အခြေမကျနိုင်သေးတဲ့မင်းသားတို့ မိဘတွေစီစဉ်တဲ့အိမ်ထောင်ရေးမှာ အဆင်ပြေပြေနဲ့ဆက်သွားနိုင်ပါ့မလား။ အပြတ်ပြတ်နဲ့ပဲ နှာခေါင်းသွေးထွက်ကြမလား ညှိယူပြီးပဲ လက်တွဲသွားကြမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

DeAr (2024)

2024
A Chinese Ghost Story (1987) 7.4
A Chinese Ghost Story (1987) ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေး တစ်ကားဖြစ်သလိုယနေ့တိုင်လည်းဘယ်ချိန်ပြန်ကြည့်ကြည့်မရိုးသေးပါဘူး 18+ ခေါင်းစဉ်တပ်လိုက်ပါမယ်..ဘာကြောင့်လဲဆိုရင် တချို့အခန်းတွေဟာ မိဘတွေနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ..နည်းနည်းပါးပါးပါပဲA Chinese Ghost Story ကိုတော့တော်တော်များများကြားဖူးကြမယ်ထင်ပါတယ် နောက်ပိုင်းမှလူကြိုက်များလှတဲ့မင်းသမီး Liu Yi Fei ပြန်လည်သရုပ်ဆောင်ခဲ့တဲ့ Chinese Ghost Story ဇာတ်ကားရဲ့ မူရင်း အရင်းအမြစ်ကတော့ 1987 မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားပါပဲ အခုချိန်မှာတော့ ဒီဇာတ်ကားထဲက အဓိကမင်းသားဇာတ်ကောင် ဖြစ်တဲ့  Leslie Cheung ဟာ 2003 ခုနှစ် ဧပရယ် ၁ ရက်နေ့မှာ ဟောင်ကောင်မှာရှိတဲ့  Mandarin Oriental Hotel ရဲ့ 24 ထပ်ကနေ ခုန်ချပြီးအဆုံးစီရင်ခဲ့လို့ သေဆုံးပြီးဖြစ်နေပါပြီမင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 57 နှစ်ဖြစ်နေပါပြီ ကျွန်တော့်အမြင်ကိုပြောရရင်တော့  A ChineseGhost Story ထွက်ခဲ့တဲ့ ကားတွေမှာ 1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ ၂ လောက်ကျန်တာဘယ်ကားမှ သိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..လူသားကောင်လေးတစ်ယောက်နဲ့ တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ် ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာလည်း IMDb Rate 7.4 ရရှိခဲ့တာမို့ အများကြီးအထွေအထူးတော့ ပြောနေစရာ မလိုတော့ဘူးလို့ထင်မြင်ပါတယ်..နင့်ချိုင်ချန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေ နယ်တခုကိုလာပြီးတော့ ...
movie

A Chinese Ghost Story (1987)

Mischievous Kiss the Movie Part 1: High School (2016) 5.7
Mischievous Kiss the Movie Part 1: High School (2016) Mischievous Kiss: Highschool (2016)IMDb - 5.7 My Drama List - 7.4 1990 ခုနှစ် June လကနေ 1999ခုနှစ် March လအထိကိုးနှစ်တာ Margaret မဂ္ဂဇင်းမှာ ထည့်သွင်းရေးသားတင်ဆက်ခဲ့တဲ့Mangaစာရေးဆရာ Kaoru Tada ရဲ့ Mangaအပေါ်အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စာညံ့တဲ့အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ အာအိဟာရာခိုတိုခိုကကျောင်းရဲ့ထိပ်တန်းကျောင်းသား အီရိအဲနာအိုခိကိုပထမဆုံးတွေ့ခဲ့တဲ့အချိန်၊ ပထမနှစ်ကျောင်းဝင်ခွင့်အခမ်းအနားမှာပဲစတင်ချစ်မိခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အချစ်ကိုဖွင့်မပြောဘဲနေလာခဲ့တာ အခုဆို တတိယနှစ်တောင်ရောက်ခဲ့ပါပြီ။တတိယနှစ်ပထမဆုံးနေ့မှာပဲ ခိုတိုခိုတစ်ယောက် သူ့အချစ်တွေကိုဝန်ခံဖို့အတွက်ဆုံးဖြတ်ပြီး အီရိအဲကိုစာပေးခဲ့ပါတယ်။ဒါပေမဲ့ အီရိအဲကတော့ စာကိုယူတောင်မယူဘဲ စာညံ့တဲ့မိန်းကလေးတွေကိုစိတ်မဝင်စားဘူးလို့ပြောပြီး တစ်ကျောင်းလုံး‌အရှေ့မှာ ငြင်းလိုက်ပါတော့တယ်။တစ်ရက်မှာတော့ ခိုတိုခိုတို့က အိမ်အသစ်ကိုပြောင်းပြီးပစ္စည်းတွေနေရာချတုန်းမှာပဲ ဆောက်လုပ်ရေးအဖွဲ့ရဲ့အမှားကြောင့်အိမ်ပြိုကျပြီး သတင်းမှာပါ ပါလာခဲ့တဲ့အတွက် ခိုတိုခိုတစ်ယောက်အရှက်ပေါ်အရှက်ဆင့်နေပါတယ်။ခိုတိုခိုကိုကြိုက်နေတဲ့ ကင်းနိုဆကဲဆိုတဲ့ကောင်လေးကအီရိအဲကိုရန်သွားရှာတဲ့အခါမှာတော့ အီရိအဲကအလှူငွေထည့်ရင်ရပြီမလားလို့ပြောပြီး ပိုက်ဆံနဲ့ဖြေရှင်းဖို့လုပ်ပါတော့တယ်။ဒါကို ခိုတိုခိုက အီရိအဲကို သေတောင် နင့်အပေါ်မှာတော့ကျေးဇူးကြွေးအတင်မခံနိုင်ဘူးလို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ ခိုတိုခိုရဲ့အဖေက သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာသွားနေရမယ်လို့ပြောပြီး အဲဒီအိမ်ကိုရောက်သွားတဲ့အခါမှာတော့အီရိအဲရဲ့အိမ်ဖြစ်နေပါတယ်။ ခိုတိုခိုတစ်ယောက် အီရိအဲနဲ့ တစ်အိမ်တည်း တစ်ကျောင်းတည်းနေရင်းအီရိအဲကိုမေ့ပစ်နိုင်ပါ့မလား၊ အီရိအဲဘက်က ဘယ်လိုတွေဆက်ဆံဦးမလဲ၊ အီရိအဲတို့အိမ်မှာရောခိုတိုခိုတို့ အဆင်ပြေပါ့မလား ...
movie

Mischievous Kiss the Movie Part 1: High School (2016)

Mischievous Kiss the Movie Part 2: Campus (2017) 7.1
Mischievous Kiss the Movie Part 2: Campus (2017) Mischievous Kiss: Campus Arc (2017)My Drama List - 7.4 IMDb - 7.12016 ခုနှစ်ကထွက်ရှိခဲ့တဲ့ Highschool arc ရဲ့အဆက်ဖြစ်ပြီးတော့campus arc မှာတော့ ခိုတိုခိုရော အီရိအဲရောတိုးနန်တက္ကသိုလ်ကို ရောက်သွားကြပေမယ့် မေဂျာတော့ မတူပါဘူး။အီရိအဲက သိပ္ပံအင်ဂျင်နီယာမေဂျာကိုယူပြီး အဲဒီမှာမာဆုမိုတိုဆိုတဲ့ကောင်မလေးနဲ့ ရင်းနှီးလာခဲ့ပါတယ်။တစ်နေ့မှာတော့ အီရိအဲရဲ့ အထက်တန်းကျောင်းတုန်းကစီနီယာဖြစ်တဲ့ ဆုဒိုက အီရိအဲကိုသူတို့ကလပ်ထဲဝင်ဖို့ စည်းရုံးလာပါတယ်၊ ဒါကိုအီရိအဲနဲ့ ကလပ်အဖွဲ့ အတူတူဝင်ချင်တဲ့ ခိုတိုခိုတစ်ယောက်ကြားသွားပြီးတော့ဘာကလပ်မှန်းမသိဘဲ အနောက်ကလိုက်ကြည့်ပါတော့တယ်။အီရိအဲဝင်မယ့်ကလပ်က တန်းနစ်ကလပ်ဖြစ်နေပြီးမာဆုမိုတိုကလည်း အဲဒီကလပ်မှာရှိ‌‌နေပါတယ်။ခိုတိုခိုတစ်ယောက် တန်းနစ်အဖွဲ့ထဲဝင်ပြီး အီရိအဲရဲ့အာရုံစိုက်မှုကိုဘယ်လိုအရယူမလဲ၊ အီရိအဲကိုကြိုက်တဲ့ ပြိုင်ဘက်ကရောဘယ်နှယောက်ပေါ်လာမလဲ၊ အဲဒီပြိုင်ဘက်တွေကိုရောခိုတိုခိုတစ်ယောက် အနိုင်ယူနိုင်မလား၊အီရိအဲနဲ့ခိုတိုခိုတို့ကြားထဲက ဆက်ဆံရေး ဘယ်လိုမျိုးပြောင်းလဲသွားမလဲအစရှိတာတွေကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…    2.6  GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ..... ...
movie

Mischievous Kiss the Movie Part 2: Campus (2017)

Mischievous Kiss the Movie Part 3: Propose (2017) 7.5
Mischievous Kiss the Movie Part 3: Propose (2017) Mischievous Kiss: Proposal arc (2017)My Drama List - 7.5 IMDb rating - 7.5 ဒီ Proposal Arc မှာတော့ ခိုတိုခိုတို့ရဲ့ တက္ကသိုလ်ဒုတိယနှစ်နဲ့တတိယနှစ်ကာလကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တက္ကသိုလ်ပြီးခါနီးလာတာနဲ့အမျှ အလုပ်ခွင်ဝင်ဖို့လည်းစဉ်းစားလာကြရတာ ထုံးစံပါပဲ။ ဒီလိုနဲ့ ကိုယ်စီ အနာဂတ်အစီအစဉ်တွေ ရေးဆွဲနေကြတဲ့အချိန်မှာအီရိအဲကို သူ့အဖေက အိမ်ရဲ့စီးပွါးရေးကိုဆက်ခံဖို့အတွက် တိုက်တွန်းပါတော့တယ်။ အီရိအဲကတော့ အိမ်ရဲ့စီးပွါးရေးကို ဆက်မလုပ်ဘဲ သူ့ရဲ့ဆရာဝန်ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည် ဖော်ချင်နေပါတယ်။အဲဒီလို အတိုက်အခံလုပ်နေတုန်းမှာ အီရိအဲရဲ့အဖေနှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အခါမှာတော့အီရိအဲခမျာ ရွေးချယ်စရာမရှိဘဲအိမ်အလုပ်ကို ဦးစီးရပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အီရိအဲတို့ကုမ္ပဏီရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ဥက္ကဌအိုအိဇုမိက မြေးဖြစ်သူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စကားစလာပါတော့တယ်။အီရိအဲတစ်ယောက် သဘောတူလိုက်မလား...ခိုတိုခိုနဲ့အီရိအဲတို့ကြား ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့အခု Proposal Arc လေးမှာ ဆက်လက်ကြည့်ရှုကြရအောင်။ File size…    2.3  GB / 985 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h ...
movie

Mischievous Kiss the Movie Part 3: Propose (2017)

Painted Skin: Love is Destroyed ( 2024 ) 5.8
Painted Skin: Love is Destroyed ( 2024 ) ဒီဇာတ်ကား‌လေးကတော့ တရုတ် ဒဏ္ဍာရီထဲက ရှေးခေတ်မြေခွေးတွေ နဂါးတွေနဲ့အတူ ခွင်းလွင်တောင်က အမတနတ်မျိုးနွယ်တွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ ခန့်က မိစ္ဆာဘုရင်မ‌ရဲ့သောင်းကျန်းမှုကြောင့်သက်ရှိတွေ ထိခိုက်အနာတရတွေအများကြီးဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ အဲဒီမိစ္ဆာဘုရင်မကို ဖိနှိပ်ဖို့အတွက် အရှေ့ပင်လယ်နဂါးမျိုးနွယ်စုနဲ့ခွင်းလွင်တောင်ရဲ့ အမတနတ်မျိုးနွယ်တွေပူးပေါင်းပြီး နှိမ်နင်းရတော့တာပေါ့ ။အဲဒီအချိန်မှာ မိစ္ဆာဘုရင်မရဲ့နတ်ဆိုးဝိညာဉ်ကို နဂါးမျိုးနွယ်စုရဲ့ တတိယမင်းသမီးရဲ့ကိုယ်ထဲမှာ ချိတ်ပိတ်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ အဲဒီနတ်ဆိုးဝိညာဉ်ဟာ ပြန်ပြီးတွန်းကန်လာခဲ့ပါတယ် ။ အဲဒါကိုသိတဲ့ ခွင်းလွင်တောင်ကသခင်လေးက သူ့ကိုယ်သူစတေးပြီး တတိယမင်းသမီးလေးကိုကယ်တင်ခဲ့ပါတယ် ။အဲဒီလိုနဲ့သူလည်းသေဆုံးသွားပြီးလူ့လောကမှာလူဝင်စားသွားဖြစ်ချိန်မှာတော့... နဂါးမင်းသမီးလေးကလည်း သူ့ကိုလိုက်ရှာ ၊ နောက် နဂါးမင်းသမီးမှာရှိနေတဲ့ ချစ်ရွှမ်းဝိညာဉ်သစ်ရွက်ကိုလည်းလိုက်ရှာနေ‌တဲ့ မိစ္ဆာအုပ်စုတွေကလည်းရှိသေးပြန် ။ဒီလိုနဲ့သူတို့၂ယောက် အဲဒီမိစ္ဆာတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ ? မိစ္ဆာဘုရင်မကရောပြန်ပေါ်လာမှာလား ? ပေါ်လာရင်ဘယ်လို ဂြိုလ်မွှေအုံးမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစောင့်ကြည့်ပေးကြပါဦး Quality : WEB-DL 1080p , 720p Format : mp4 Genres : Romane , Fantasy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated ...
movie

Painted Skin: Love is Destroyed ( 2024 )

Pon Ondru Kanden (2024) 5.5
Pon Ondru Kanden (2024) Ponn Ondru Kandein (2024) "သုံးပွင့်ဆိုင်"IMDb - 5.5/10ဗီဂျေးဒေဗာရာခွန်ဒါရဲ့ တလေဂူးရုပ်ရှင် Pelli Choopulu (2016)ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ တမီးလ်အချစ်ဇာတ်မြူးလေးကို တင်ဆက်ပေးလိုက်ပါတယ်။စိုင်းနဲ့ ရှီဗာတို့နှစ်ယောက်က ဆယ်ကျော်သက်အရွယ် ကျောင်းတော်ကရန်စတွေကြောင့် မဆုံမိကြဖို့အရေး ရှောင်ပြေးနေကြသူတွေ။အလုပ်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ်ကျောင်းနေရင်း တစ်ရက်မှာတော့ ငယ်သူငယ်ချင်းတွေက ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲအတွက် မလာမနေရ ဇွတ်အတင်းခေါ်ပါတော့တယ်။နှစ်ယောက်သား ဟိုကောင်လာမှာလားဆိုတာကို အရင်မေးတော့ ဘော်ဒါတွေက လုံး၀မလာနိုင်ကြောင်းပြောပြီး နှစ်ယောက်လုံးကိုvအရခေါ်ကြပါတော့တယ်။ဆန်ဒီကတော့ ချန်နိုင်းက စားသောက်ဆိုင်ကို စေလွှတ်ချင်းခံနေရတဲ့ စားဖိုမှူးမလေးပေါ့။ဒီသုံးယောက်ဆုံတွေ့ကြတဲ့အချိန်မှာတော့ စိုင်းနဲ့ရှီဗာတို့နှစ်ယောက် ကျောင်းတော်ကရန်စ အသစ်တစ်ဖန် ပြန်လည်ဖြစ်လာမှာလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ် File size…2.3GB /917MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Pon Ondru Kanden (2024)

2024
Love in the Limelight (2022) 6.5
Love in the Limelight (2022)  ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love in the Limelight ရုပ်ရှင်ဟာအမေရိကန်ရုပ်ရှင်မင်းသားနဲ့ဒါရိုက်တာ Wille Anmesနဲ့ဇနီးသည် Winnie Hung တို့ရဲ့အချစ်ဇာတ်လမ်းဖြစ်ရပ်မှန်ကိုအခြေခံပြီး ဇာတ်ကောင်တွေ၊ နာမည်တွေပြောင်းလဲရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းကို Wille Anmes ကိုယ်တိုင်ပါဝင်တွဲဖက်ရေးသားထားပြီး Alexa PenaVega နဲ့ CarlosPenaVega တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း***************တစ်ချိန်က ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်နစ်မန်းဒက်ဇ်ဟာနာမည်ကျချိန်မှာ ရည်းစားကလည်းပစ်၊ အဆိုတော်လောကမှာလည်းပြန်လက်တွဲခေါ်ချင်သူမရှိတော့ပါဘူး။ နစ်ခ်ကိုယ်တိုင်ကလည်းသီချင်းတွေဆိုဖို့၊ သီချင်းတွေရေးဖို့တောင် စိတ်အာရုံစုစည်းမရဖြစ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ Salt Lake Cityကိုသွားရောက်ဖျော်ဖြေဖို့ဖြစ်လာခဲ့ပြီး သူနဲ့ ၁၅ နှစ်ကြာအောင်အပြန်အလှန်စာတွေပို့နေခဲ့ကြတဲ့သူငယ်ချင်းမလေးနဲ့ အပြင်မှာတကယ်တွေ့ရဖို့ဖြစ်လာခဲ့ပါတယ်။ ဆမ်းမားကတော့နစ်ခ်ဆီကို ပရိသတ်စာတစ်စောင်ရေးရာကနေ နစ်ခ်နဲ့ ၁၅ နှစ်ကြာအောင် လေလှိုင်းထဲကသူငယ်ချင်းဖြစ်ခဲ့သူလေးပါ။ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့လောကဓံအတက်အကျအားလုံးကိုနှစ်ပေါင်းများစွာအတူမျှဝေခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအပြင်မှာတကယ်တွေ့ရချိန်မှာတော့ သူငယ်ချင်းသံယောဇဉ်တွေကအရောင်ပြောင်းလဲလာခဲ့ပါတော့တယ်။ File size…1.91GB / 770 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Romance Subtitle….Myanmar Subtitle ...
movie

Love in the Limelight (2022)

How to Survive Your Love (2023)
How to Survive Your Love (2023)  ဒီတစ်ခါမှာတော့ ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုရိုမန့်စ်ကား ကောင်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်ကားနာမည်ကJak Prezit Sveho Muze( How to Survive Your Love)ဖြစ်ပြီး ဒီဇာတ်ကားကို ဒါရိုက်တာ Rudolf Merknerရိုက်ကူးပုံဖော်ထားပါတယ်..ဒီဇာတ်ကားမှာ မင်းသား Tomas Mechacek , Merek Nemec, Jana Bernaskova တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်လမ်းမှာ လူစီဆိုတဲ့သရုပ်ဆောင် မင်းသမီး Single Mom တစ်ယောက်ဘဝကိုရုန်းကန်လှုပ်ရှားရင်း အချစ်စစ်ကို ရှာပုံတော်ဖွင့်တဲ့အကြောင်းကို ရိုက်ကူးထားပါတယ်.ဇာတ်လမ်းအစမှာ ကလေးကတစ်ဖက်နဲ့လူစီတစ်ယောက်သရုပ်ဆောင် အဖြစ် အရွေးချယ်ခံရဖို့ ကြိုးပန်းနေရပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ် အဲ့လိုကြိုးစားနေတဲ့အချိန်မှာနောက်မိန်းမနဲ့ ပျော်ပါးနေတဲ့ သူ့ရဲ့ယောကျ်ားဖြစ်တဲ့ဒါရိုက်တာတွမ်မီ တစ်ဖန် သီးသန့်ပါတီပွဲလေးမှာတွေ့ခဲ့တဲ့ဂျကူးဆိုတဲ့ ယောကျ်ားတစ်ယောက် နဲ့ နယ်ပယ်တူထဲကဒါရိုက်တာလေးတစ်ယောက်ဖြစ်တဲ့ ကာရင်န် စတဲ့အမျိုးသားသုံးယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် ဘယ်သူ့ကိုရွေးချယ်ရမလဲဆိုတာကို ဗျာများနေရပါတယ်နောက်ဆုံးမှာ လူစီတစ်ယောက် ကလေးအဖေဖြစ်တဲ့တွမ်မီဆိုတဲ့ ဒါရိုက်တာကိုပဲရွေးချယ်လိုက်မလားဒါမှမဟုတ် ဂျကူးဆိုတဲ့အမျိုးသားလေးကို ရွေးချယ်လိုက်မှာလား ဒါမှမဟုတ် ကာရင်န်ဆိုတဲ့ ဒါရိုက်တာလေးကိုပဲရွေးချယ်လိုက်မလား ...
movie

How to Survive Your Love (2023)

No Strings Attached (2011) 6.2
No Strings Attached (2011) No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

No Strings Attached (2011)

2011
Set It Up (2018) 6.5
Set It Up (2018) Set It Up (2018)IMDb (6.5) / Rotten Tomatoes (68 %)Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့...ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်....ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ်သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး ...
movie

Set It Up (2018)

2017
4K HEVC
Falling in Love in Niagara (2024) 6.7
Falling in Love in Niagara (2024)  အသစ်စက်စက်ထွက်ရှိထားတဲ့ IMDb 6.7 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်‌လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးက Niagara Falls လို့အမည်ရတဲ့ ကနေဒါနိုင်ငံက ခရီးသွားဧည့်ဆွဲဆောင်တဲ့နေရာတစ်ခုမှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Niagara Falls ဆိုတဲ့နာမည်အတိုင်း ဒီမြို့မှာ နိုင်အာဂရာရေတံခွန်ကြီးတည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျကြတဲ့နေရာဖြစ်နေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလင်း နဲ့ ဂျေဆင်တို့က လက်ထပ်ကြတော့မဲ့ စုံတွဲတစ်တွဲ‌ပါ။ မက်ဒလင်းတို့အတွဲက ဟန်းနီးမွန်းကို နိုင်အာဂရာမြို့ဆီသွားဖို့အတွက် စဉ်းစားထားကြပါတယ်။ မက်ဒလင်းက အရာရာမှာ အရမ်းစည်းစနစ်ကြီးပြီး တစ်ခုခုဆိုရင် အမြဲအစီအစဉ်ဆွဲပြီးတော့မှ အတိအကျလုပ်ကိုင်တတ်သူပါ။ ဟန်းနီးမွန်းအတွက်လည်း နိုင်အာဂရာခရီးစဉ်ကို အချိန်ဇယားနဲ့ အတိအကျကို ကြိုတင်စီစဉ်ထားတာပေါ့။ ခင်ပွန်းလောင်းဖြစ်သူ ဂျေဆင်ကတော့ မက်ဒလင်ရဲ့ အရာရာတိကျသေချာအောင် အမြဲ စီစဉ်နေတတ်တဲ့အကျင့်ကိုမကြိုက်တော့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ငါးပတ်အလိုမှ မင်္ဂလာပွဲကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတော့တယ်။ဒီလိုနဲ့ အသည်းကွဲကျန်ရစ်ခဲ့တဲ့သူ မက်ဒလင်းကို ကူညီအားပေးဖို့ကတကြောင်း ကြိုတင်ဘွတ်ကင်လုပ်ပြီး ငွေပေးချေထားပြီးသားဖြစ်တဲ့ ဟန်းနီမွန်းခရီးစဉ်ကို အဆုံးရှုံးမခံသင့်တာက‌တကြောင်းကြောင့် မက်ဒလင်းရဲ့အစ်မဖြစ်သူ ဟာလီက မက်ဒလင်းနဲ့အတူ နိုင်အာဂရာကို ခရီးထွက်ဖို့ရာ စည်းရုံးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။ ...
movie

Falling in Love in Niagara (2024)