Channel Myanmar

Special Package

The Evil Dead (1981) 7.6
The Evil Dead (1981) The Evil Dead (1981)  ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကိုရောက်အသွား စပ်စုတတ်တဲ့ လူငယ်သဘာ၀ ဗီဇအရ ပိတ်ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စုကို ပြန်ခွင့်မပေးတော့ပဲ မသေမချင်း သတ်ဖို့ ကြံစည်လေသောအခါ... ~ Evil Dead Franchise ကြီးကို ဒီ Link ကနေ ဝင်ကြည့်နိုင်ပါတယ် ~ (ဒီကားလေးကိုတော့ Channel Myanmar မှ ကိုဟေဒိ မှ ဘာသာပြန်ပေးထားတာပါ) File size…1.90GB / 1.2GB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 25m Genre ...
movie

The Evil Dead (1981)

1981
Scream VI (2023) 7
Scream VI (2023) Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie

Scream VI (2023)

2023
4K HEVC
Bridget Jones’s Baby (2016) 6.5
Bridget Jones’s Baby (2016) Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie

Bridget Jones’s Baby (2016)

2016
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
Dungeons & Dragons: The Book of Vile Darkness (2012)
Dungeons & Dragons: The Book of Vile Darkness (2012) Dungeons & Dragons : The Book of Vile Darkness (2012)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy ...
movie

Dungeons & Dragons: The Book of Vile Darkness (2012)

2012
Dungeons & Dragons: Wrath of the Dragon God (2005)
Dungeons & Dragons: Wrath of the Dragon God (2005) Dungeons & Dragons: Wrath of the Dragon God (2005)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ...
movie

Dungeons & Dragons: Wrath of the Dragon God (2005)

2005
Dungeons & Dragons (2000)
Dungeons & Dragons (2000) Dungeons & Dragons (2000)Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။~ ဇာတ်လမ်းအကျဉ်း ...
movie

Dungeons & Dragons (2000)

2000
The God of Cookery (1996) 7.3
The God of Cookery (1996) The God of Cookery (1996)~ IMDb - 7.3/10, Rotten Tomatoes - 86% ~ဟောင်ကောင်မှာ Comedy ကားဆို ကျွန်တော်တို့ ထိပ်ဆုံးက ပြေးသတိရကြမယ့် ပုဂ္ဂိုလ်ကြီးဟာ စတီဖင်ချောင်ပဲမဟုတ်လား။ ချောင်ဟာ ဒီလောကကို ဝင်ဝင်ချင်းမှာတော့ သူရိုက်ခဲ့တဲ့ King of Comedy ထဲကလိုပဲ ဟိုဘက်က ညောင်ပင်တစ္ဆေအော်ရင် ရုပ်တောင်မပါဘဲ ဝေလေလေပြန်ထူးရတဲ့ ဇာတ်ကောင်နေရာမျိုးကနေ စဝင်လာခဲ့တာပါပဲ။ A Better Tomorrow မှာ Cast List ထဲ သူပါလို့ ရှာကြည့်တော့ ၄ပြန်လောက်ရှာပြီးမှ ၃စက္ကန့်လောက်ပါရတဲ့ လူဆိုးဂိုဏ်းကကောင်လို နေရာမျိုးတွေပေါ့။ ဒီနောက်မှာတော့ အက်ရှင်သမားအနေနဲ့ ပွဲဦးထွက်ခဲ့သလို သရုပ်ဆောင်ဆုလည်းရခဲ့ပါတယ်။ ဘရုစ်လီကားကြည့်ပြီး ဘရုစ်လီလိုဖြစ်ချင်ခဲ့တဲ့သူဆိုတော့လည်း ဆန်းတော့ မဆန်းပါဘူး။ နောက် အဲဒီခေတ်ကလည်း ဟောင်ကောင်အက်ရှင်တွေရဲ့ရွှေခေတ်လို့လည်း ပြောလည်း မမှားဘူးကိုး။ ...
movie

The God of Cookery (1996)

1996
The Young Master (1980) 7.1
The Young Master (1980) The Young Master (1980)~ IMDb - 7.1/10, Rotten Tomatoes - 79% ~ဂျက်ကီချမ်းကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်းကူရေး သရုပ်ဆောင်ထားတဲ့ Classics ကားပေါ့။ သူ ဒါရိုက်တာစလုပ်တဲ့ ဒုတိယကားဆိုလည်း ဟုတ်တယ်။ ပထမကားကတော့ The Fearless Hyena တဲ့။ သိပ်တော့မကောင်းခဲ့ဘူး။ ဒီကားကတော့ အများကြီးပိုတိုးတက်လာခဲ့ပုံပါပဲ။သူ့ဇာတ်က တရုတ်ရိုးရာ ခြင်္သေ့အကကတာကနေ အခြေပြုထားတယ်။ ဒီနောက် ပြဿနာတွေတက် သူ့ဆရာက သူ့အစ်ကိုနဲ့ရန်ဖြစ်ပြီး ထွက်သွား နည်းနည်းတော့ဇာတ်နာတဲ့ဟန်နဲ့ပေါ့။ သူက သူ့အစ်ကိုနောက်လိုက်ပြီး သွားပြန်ခေါ်ဖို့လုပ်ရာက‌နေ ဟာသတွေ စလာတယ်ပြောရမှာပဲ။ နောက်ပိုင်းအဆုံးထိ ဘော့စ်နဲ့တိုက်တဲ့အခန်းအထိ ဟာသတွေရဲ့အရှိန်ဟာ တက်ပြီးရင်းတက်လာခဲ့တယ်။ ပြောရရင် ဂျက်ကီချမ်း အငွေ့အသက်အပြည့်ရတဲ့ အက်ရှင်ဟာသကားပေါ့။ သူ့ရဲ့ အကောင်းဆုံးကားတွေကို စာရင်းလုပ်ရင် ဒီကားက ၁ကနေ ၁၀အတွင်း တစ်နေရာရာမှာတော့ရှိနေမယ်ထင်ရတာပါပဲ။စိတ်မကောင်းစရာကတော့ ဒီကားရဲ့ ၃နာရီဗားရှင်းဟာ ...
movie

The Young Master (1980)

1980
[18+] Cruel Intentions 3 (2004)
[18+] Cruel Intentions 3 (2004) Cruel Intentions 3 (2004)Cruel Intentions ဆိုပြီး ဇာတ်ကားသုံးကားထွက်ရှိဖူးရာမှာ တစ်ကားနဲ့တစ်ကား မင်းသားမင်းသမီးတွေလည်းမတူသလို ဇာတ်လမ်းဇာတ်အိမ်တွေကလည်း သက်သက်စီနီးပါးပါပဲ။ တစ်နဲ့နှစ်မှာဆို အဓိကဇာတ်ကောင်ရဲ့ ကာရိုက်တာချင်းတူပေမဲ့ ၃မှာတော့ သီးခြားစီ ဖြစ်သွားပါပြီ။ ဒီရုပ်ရှင်တွေမှာ တူညီတာတစ်ခုကတော့ လူငယ်တွေကြားက လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေအကြောင်းကို မင်းသားမင်းသမီးချောတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဖျော်ဖြေမှုအသားပေးတင်ဆက်သွားတာပါပဲ။ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း တက္ကသိုလ်ကျောင်းသားလူငယ်တစ်စုရဲ့ စာသင်နှစ်တစ်ခုအတွင်းက အချစ်ရေးနဲ့လိင်မှုကိစ္စတွေကို ဇာတ်လမ်းအသစ်တစ်မျိုးနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အရင်နဲ့မတူတာကတော့ ဒီတစ်ခါမှာ Plot Twist လေးတွေ လှိုင်လှိုင်သုံးပြီး အဆုံးထိဆွဲခေါ်သွားခဲ့တာပါပဲ။ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ အဓိကဇာတ်ကောင်သုံးယောက်ဖြစ်တဲ့ ကက်စဒီ၊ ဂျေဆန်နဲ့ပက်ထရစ်တို့ လူလည်လူငယ်သုံးယောက် တစ်ယောက်တစ်လှည့် အချင်းချင်းဖျံကျပြီး အကွက်ပေါင်းစုံရွှေ့ကြတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အဖော်အချွတ်နဲ့ ပွင့်လင်းလွန်းတဲ့လိင်ဆက်ဆံခန်းတွေလည်း ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့အဆင်မပြေနိုင်ပါဘူး။ဘ၀ဆိုတာ ခဏလေးပဲ။ ကွေးသောလက် မဆန့်ခင် ဆန့်သောလက်မကွေးခင်မှာ ရေပွက်လို ဒီဘ၀ဟာ စုန်းစုန်းနစ်မြုပ်သွားနိုင်တယ်။ ကောင်းတာတွေ မကောင်းတာတွေကို ဘယ်လိုပိုင်းခြားကြလဲ။ ကိုယ့်ကြောင့် ...
movie

[18+] Cruel Intentions 3 (2004)

2004
Kung Fu Hustle (2004) 7.7
Kung Fu Hustle (2004) 2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ စတီဖင်ချောင်ပါဝင်တဲ့ Kung Fu Hustle ဆိုတဲ့ ဇာတ်ကားလေးကို အသစ်တစ်ဖန် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဂိုဏ်းစတားတွေ နာမည်ကြီးတဲ့ခေတ်တစ်ခုမှာ လူမိုက်ဂိုဏ်းတွေထဲက ပုဆိန်ဂိုဏ်းသားတစ်ယောက်ဖြစ်ချင်တဲ့ လူငယ်လေးတစ်ယောက်ဟာ တကယ့်သိုင်းဆရာကြီးတွေ ဇာတ်မြှုပ်နေတဲ့ ရပ်ကွက်တစ်ခုမှာ ပြဿနာသွားရှာမိရာကနေ ဇာတ်လမ်းစတော့တာပါပဲ စတီဖင်ချောင်ရဲ့ ထုံးစံအတိုင်း ဟာသတွေနှောရင်း အပီအပြင်ဆော်ကြနှက်ကြတဲ့ သိုင်းကားတွေကို ကြည့်ချင်တဲ့သူတွေအတွက်ကတော့ ပြန်ကြည့်တိုင်း မရိုးနိုင်တဲ့ ဇာတ်ကားတွေထဲက တစ်ခုပါပဲ ဒီဇာတ်ကားကို စတီဖင်ချောင်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်ကူးထားခဲ့ပြီးတော့ ဒီကားနဲ့ပတ်သက်လို့ သိပြီးသားတွေထဲက လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်တချို့ကိုတင်ပြရရင် ၁ - ဇာတ်ကားထဲက ဝက်ယာတောလို့ခေါ်တဲ့ ရပ်ကွက်ဟာ စတီဖင်ချောင် ကြီးပြင်းခဲ့တဲ့ ဟောင်ကောင်က တိုက်ခန်းအိမ်ယာတစ်ခုကို ပုံစံယူတည်ဆောက်ထားတာပါ ၂- ပုဆိန်ဂိုဏ်းခေါင်းဆောင်ကို တခြားလူမိုက်တွေနဲ့ မတူအောင်လုပ်ဖို့ စတီဖင်ချောင် စဉ်းစားခဲ့တဲ့နေရာမှာ သရုပ်ဆောင်သူဟာ အကသမားဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာ ဂိုဏ်းသားတွေ ကတဲ့အခန်းတွေပါလာတာဖြစ်ပါတယ် ၃- လူသတ်သမားနှစ်ယောက်ကို ငှားတဲ့အခန်းမှာ မူလဇာတ်လမ်းအရ ရေအောက်ငမန်းသိုင်းကွက်တွေ လုပ်ဖို့ ရှိခဲ့ပေမယ့် CGI သမားတွေ မတတ်နိုင်တာကြောင့် စောင်းနဲ့ပဲ တိုက်ခိုက်တာကို ပြောင်းလဲခဲ့တာပါ ၄- ...
movie

Kung Fu Hustle (2004)

[18+] Cruel Intentions 2 (2000)
[18+] Cruel Intentions 2 (2000) Cruel Intentions 2 (2000)ဆယ်ကျော်သက်ဘဝဆိုတာ စမ်းသပ်ချင် လေ့လာချင်စိတ်နဲ့ ဇီဝဗေဒတွေ ပိုးထကြွတဲ့အရွယ်ပေါ့။ ဆယ်ကျော်သက်အိပ်မက်တွေ ပြာရီလွှမ်းတဲ့ အဖြစ်မျိုးတွေ အားလုံး ကင်းကြမှာမဟုတ်ဘူး။ အပြစ်တော့လည်း မဟုတ်ပါဘူးလေ။ လူရယ်လို့ဖြစ်လာပြီးမှ ကိုယ့်ကို ဘယ်လိုဇီဝဗေဒနဲ့ ဖန်ဆင်းထားသလဲ မသိတာကမှ အ,လွန်းတာမို့လား။ ဒီရုပ်ရှင်မှာတော့ လူဖန်တီးနိုင်တဲ့ ဇီဝဗေဒပညာကို လေ့လာကြတဲ့ ကျောင်းသား ကျောင်းသူလေးတွေရဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။Sarah Thompson တို့ Teresa Hill တို့လို တစ်ခေတ်တစ်ခါက အလှလေးတွေ ပါဝင်အားဖြည့်ထားတဲ့ Cruel Intention 2 ပါ။ ပထမကားကြည့်ဖူးရင်တော့ ဘယ်လိုကားလဲသိပါလိမ့်မယ်။ အဓိကမင်းသမီးလို့ပြောလို့ရတဲ့ Amy Adams ရဲ့ ခပ်ကြမ်းကြမ်း အခန်းတွေလည်း မနည်းပါဝင်တာမို့ မိသားစုနဲ့ မကြည့်သင့်ပါဘူး။ငမွှေကောင် ဆီဘတ်ရှန်ဟာ ဆိုးလွန်းပေလွန်းလို့ ကျောင်းပြောင်းပေးခံလိုက်ရပြီး သူ့အဖေနဲ့ မိထွေးနဲ့ အတူ အိမ်ကြီးရခိုင်နဲ့ သူဌေးသား ...
movie

[18+] Cruel Intentions 2 (2000)

2000
[18+] Cruel Intentions (1999) 6.8
[18+] Cruel Intentions (1999) Cruel Intentions (1999)~ IMDb - 6.8/10, Rotten Tomatoes - 54% ~1782 ခုနှစ်တုန်းက ထုတ်ခဲ့တဲ့ဝတ္ထုတိုတစ်ပုဒ်ကို မှီငြိမ်းရိုက်ခဲ့တဲ့ ဒီဇာတ်ကားဟာ အစကတော့ Low Budget ရုပ်ရှင်တစ်ကားအနေနဲ့သာ ထုတ်ဖို့ရည်ရွယ်ခဲ့ကြပေမဲ့ ရုံဝင်ငွေ အမြတ်တွေ အတော်ရပြီး အကြီးအကျယ်ပေါက်ခဲ့သလို Cult Classic ရုပ်ရှင်တစ်ကားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီထဲမှာ ပါတဲ့သူတွေကတော့ ရုပ်ရှင်ဝါသနာအိုးတွေ ရင်းနှီးနေပြီးသားဖြစ်မယ့်သူတွေချည်းပါပဲ။ ဆိုတော့ ဇာတ်လမ်းအကျဉ်းလေး ပြောရအောင်ဗျာ...ဆီဘက်ရှန်နဲ့ ကတ်သရင်းဆိုတာ အဖေမတူအမေကွဲ ငြိတိတိ ချိတ်တိတ်တိတ် မောင်နှမတွေပေါ့။ နှစ်ယောက်လုံးက ခပ်ဟော့ဟော့နဲ့ စားဘဲကြီးစားစော်ကြီးတွေ အသီးသီးလုပ်နေကြတာပေါ့။ ဆီဘက်ရှန်ဘဝမှာ မအောင်မြင်သေးတဲ့ ပန်းတိုင်ကတော့ ကတ်သရင်းပါပဲ။ ကတ်သရင်းကလည်း ဆီဘက်ရှန် သူ့ကို လိုချင်မှန်းသိတော့ မထိတထိ ကလူသလို လူကိုမြူဆွယ် ကျီစယ်နေကျပါပဲ။ တစ်ရက်မှာတော့ အရမ်းရိုးသားဖြူစင် ဗိုင်းကောင်းကျောက်ဖိကောင်မလေးတစ်ယောက်ကို ဆီဘက်ရှန်တစ်ယောက် ...
movie

[18+] Cruel Intentions (1999)

1999
Prey (2022) 7.2
Prey (2022) Predator 5: Prey (2022)Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr. Anderson ပါ။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File Size          : 4.1GB, 2GB, 851MB, 415MB Quality            : 4K HEVC 5.1CH, 1080p WEB-DL AC3 5.1CH, ...
movie

Prey (2022)

2022
4K HEVC
The Predator (2018) 5.9
The Predator (2018) အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(7 GB)/(1.9 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,THZ Translated by Little Neo
movie

The Predator (2018)

2018
4K HEVC
Predators (2010) 6.4
Predators (2010) မတူညီတဲ့ နိုင်ငံက မတူညီတဲ့ စရိုက်နဲ့ လူ ၇ ယောက် ။ လေယာဉ်ပေါ်ကနေ လေထီးနဲ့ အကန်ချခံလိုက်ရတယ် ။ သူတို့ ကျသွားတဲ့နေရာက အင်မတန်နက်ရှိုင်းတဲ့ တောကြီးမျက်မဲပေါ့ ။တကယ်တော့ အဲဒိတောနက်ကြီးက တစ်ခြားဂြိုလ်ကမ္ဘာက ဂြိုလ်သားတွေရဲ့ အမဲလိုက် ကစားကွင်းကြီးပဲ ဖြစ်နေတယ် ။ ဂြိုလ်သားတွေဟာ သူတို့ရဲ့ သူရဲကောင်းဘွဲ့အတွက် ဒီဂြိုလ်မှာ လူနဲ့ တစ်ခြားဂြိုလ်က ဂြိုလ်သားတွေ ဖမ်းပြီး အမဲလိုက်လေ့ရှိတယ် ။အဲဒိဂြိုလ်သားတွေက လူရဲ့ နှလုံးကို အာရုံခံပြီး ဖမ်းလေ့ရှိတယ် ။ အရင်တုန်းက အဲဒီလို ဂြိုလ်သားလက်ကနေ လူတစ်ဦး လွတ်လာဖူးတယ် ။ သူက သူ့ကိုယ်ခန္ဓာကို ရွံ့ဗွက်တွေနဲ့ သုတ်လိမ်းပြီး သူ့ နှလုံးခုန်တာကို မမြင်အောင် ကာကွယ်ခဲ့တယ် ။ (Predator 1987 ဇာတ်ကားထဲမှာ)ပထမကားတုန်းကတော့ ဂြိုလ်သားက တစ်ယောက်ထဲပဲ ။ ဒီဇာတ်ကားမှာတော့ အမဲလိုက်မယ့် ဂြိုလ်သားတွေ များလာတယ် ...
movie

Predators (2010)

2010
1080p HEVC
Aliens vs Predator: Requiem (2007) 4.6
Aliens vs Predator: Requiem (2007) ဒီဇာတ်ကားလေးမှာ ဂြိုလ်သားတွေနဲ့ သူတို့ကိုလိုက်လံသုတ်သင်နေတဲ့ ဂြိုလ်သားရဲ့ကြားမှာ ဓားစာခံဖြစ်သွားတဲ့ ဂန်နီဆန်မြို့လေးအကြောင်းကို ရင်ဖိုစိတ်လှုပ်ရှားစွာနဲ့ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ထူးဆန်းတဲ့ အာကာသယာဉ်တစ်ခု ဂန်နီဆန်မြို့လေးရဲ့ တောအုပ်ထဲကို ပျက်ကျပြီးတဲ့နောက်မှာ မြို့သားတွေရဲ့ ကံကြမ္မာဟာ စိတ်မကောင်းစွာပဲ အဆိုးဆံုးပြောင်းလဲသွားပါတော့တယ်။ ဂြိုလ်သားတွေရဲ့ သိမ်းပိုက်မှုနဲ့တိုက်ပွဲကြားမှာ အသက်ရှင်ဖို့ မြို့သားတွေက ဘယ်လိုသက်စွန့်ဆံဖျား ရုန်းကန်ကာကွယ်သလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာနဲ့စောင့်ကြည့်ရမှာပါ။ဒါ့အပြင် နိုင်ငံရေးအလှည့်အကွက်တွေကိုလဲ ပီပြင်စွာဖော်ပြထားတာကြောင့် ဒီဇာတ်ကားကောင်းလေးကို ခံစားကြည့်ရှုလိုက်ပါ။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Su Myat မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(1.6 GB)/(830 MB) Quality…BluRay Unrated 1080p HEVC/720p Format…mkv/mp4 Duration….01:41:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat
movie

Aliens vs Predator: Requiem (2007)

1080p HEVC
AVP: Alien vs. Predator (2004) 5.6
AVP: Alien vs. Predator (2004)  Predator ဆိုတဲ့ ရုပ်ဆိုးဆိုး ဂြိုလ်သားတွေကိုတော့ ရင်းနှီးနေမှာပေါ့နော်သူတို့တွေဟာ လူသားတွေထက် ခေတ်လွန်သိပ္ပံနည်းပညာတွေ တတ်မြောက်ထားတဲ့ သတ္တဝါတွေပါ။သူတို့ အမဲလိုက်တဲ့ ဂြိုလ်သားတွေ ရှိပါသေးတယ် အဲ့ဒီအကောင်တွေကိုတော့ Alien လို့ ခေါ်ပြီးရိုင်းစိုင်း ဆိုးသွမ်းပြီး အမြဲတမ်း သတ်ချင် ဖြတ်ချင်စိတ်ပဲ ရှိနေတဲ့ ကောင်တွေပါ…ဒီဇာတ်လမ်းမှာတော့ Predator တွေနဲ့ Alien တွေကြား ဝင်ပါရမယ့် လူသားတွေအကြောင်း ကို ကြည့်ရမှာဖြစ်ပါတယ်ဇာတ်လမ်း ပုံစံကတော့ သူဌေးကြီးတစ်ဦးဟာ သူမသေခင် နာမည် တစ်ခု ကျန်ရှိခဲ့ဖို့ အတွက် ကမ္ဘာ့ ပထမဦးဆုံး လူမျိုးတွေတည်ဆောက်ခဲ့တယ်လို့ယူဆရတဲ့ ပိရမစ် တစ်ခု ကို ရှာဖို့ အတော်ဆုံး လူတွေကို စုစည်းပြီး ရှာဖွေဖို့ ကြိုးပမ်းမှာပါ..ဒါပေမယ့် အဲ့ဒီ ပိရမစ် ကို ရှာဖွေတွေ့ရှိခဲ့တာ သူတို့ အဖွဲ့ တစ်ခုထဲ မဟုတ်ခဲ့ဖူးဆိုတာကို နောက်ကျမှ သိကြမှာ ဖြစ်ပြီးPredator ...
movie

AVP: Alien vs. Predator (2004)

2004
1080p HEVC
Predator 2 (1990) 6.3
Predator 2 (1990) Predator 2(1990)IMDb Rating (6.3)ဒီဇာတ်ကားကတော့ ၁၉၈၇ မှာထွက်ရှိခဲ့တဲ့မင်းသားကြီးအာနိုးရဲ့ Predator ဇာတ်ကားရဲ့ Sequel ပါပဲ။ တခြားကမ္ဘာကဂြိုဟ်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းနဲ့ဗီလိန်ဖြစ်တဲ့ Predator ကိုသာကျောရိုးယူထားပြီး အဓိကဇာတ်ဆောင်တွေနဲ့ Storyline ပဲကွာသွားတာပါ။ဒီတစ်ခါမှာတော့ရဲအုပ်ကြီးဟယ်ရီဂန်နဲ့သူ့ရဲ့အဖွဲ့က ဒီအမျိုးအမည်မသိရပဲ လူအစုလိုက်သတ်ဖြတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ Predator ကိုကြိုးစားဖမ်းဆီးကြပုံတွေကို ထုံးစံအတိုင်းအက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုရမှာပါ။ အက်ရှင်အသားပေးသိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာကြောင့်ရှည်ရှည်ဝေးဝေးညွှန်းစရာရယ်တော့သိပ်မရှိလှပါဘူး။ ထူးခြားချက်ကတော့ သူ့ခေတ်သူ့အခါနဲ့အထူးပြုလုပ်ချက်တွေကတကယ်ကိုချီးကျူးစရာပါ။အခုအချိန်မှာတော့ ဒီ Predator franchise ထဲကဇာတ်ကားခုနစ်ကားထိထွက်ရှိထားပြီဖြစ်ပြီး နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Prey ဟာဆိုရင်ဒီနှစ်ထဲမှာပဲလောလောလတ်လတ်ထွက်ရှိထားတာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။File size…(2.8 GB)/(1.2 GB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo
movie

Predator 2 (1990)

1080p HEVC