Channel Myanmar

Thriller

The Pope’s Exorcist (2023) 6.2
The Pope’s Exorcist (2023) The Pope's Exorcist (2023) " R-rated အကြမ်းပတမ်းဇာတ်ကားမို့ မိသားစုနဲ့အတူကြည့်လို့အဆင်‌မပြေနိုင်ပါဘူးခင်ဗျာ " မင်းသားကြီး ရက်ဆဲခရိုးရဲ့ ဟော်ရာရုပ်ရှင်အသစ်လာပါပြီ။ အတော်လည်းကောင်းသလို ဇာတ်အိမ်ကြီးတာမို့ အဆက်တွေလည်းထွက်လာနိုင်တဲ့ရုပ်ရှင်မျိုးပါပဲ။ အဓိကဇာတ်ကောင်ကိုလည်း အပြင်မှာ တကယ်ရှိခဲ့တဲ့ နာမည်ကြီး အပနှင် ဘုန်းတော်ကြီး Gabriele Amorth ကို အခြေခံထားပါတယ်။ ဇာတ်လမ်းကလည်း Gabriele Amorth ရဲ့ အပနှင်တဲ့အတွေ့အကြုံတွေကို အခြေခံထားတာဖြစ်ပါတယ်။ Gabriele Amorth ဟာ နတ်ဆိုးဗေဒနဲ့ အပနှင်ခြင်းအကြောင်းကို ကမ္ဘာကသိလာအောင် လုပ်ခဲ့တာကြောင့် ခရစ္စယာန်သမိုင်းမှာ ထင်ရှားတဲ့ အီတလီဘုန်းတော်ကြီးတစ်ဦးပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ပုပ်ရဟန်းမင်းကြီး ယုံကြည်ရတဲ့ အပနှင်အဖွဲ့ခေါင်းဆောင် ဂါဘရီရဲ အာမော့ဟာ သာမန် အပနှင်အမှုလေးတွေကို လိုက်နေရင်းနဲ့ တစ်နေ့မှာ စပိန်က ကလေးတစ်ယောက်နတ်ဆိုးပူးခံရတာကို ကူညီဖို့ ဖန်လာပါတယ်။ ဒါပေမဲ့ ကလေးကိုဝင်ပူးနေတဲ့နတ်ဆိုးက သာမန်မဟုတ်ဘဲ အရမ်းအစွမ်းထက်နေပြီး ဂါဘရီရဲကို တမင်မျှားခေါ်လိုက်တဲ့ နတ်ဆိုးဖြစ်နေပါတယ်။ ...
movie

The Pope’s Exorcist (2023)

2023
4K HEVC
The Last Stand (2013) 6.3
The Last Stand (2013) The Last Stand (2013) ================အားလုံးရဲ့အချစ်တော် အက်ရှင်မင်းသားကြီးအာနိုးရဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကိုးရီးယားဒါရိုက်တာ Kim Jee Woon က သူ့ရဲ့ပထမဆုံးအမေရိကန်ရုပ်ရှင်ပွဲဦးထွက်အနေနဲ့ ရိုက်ကူးခဲ့တာပါ။ပြီးတော့ မင်းသားကြီးအာနိုးကလည်း Terminator3 ဇာတ်ကားပြီးနောက်ပိုင်း ပထမဆုံးအဓိကဇာတ်ဆောင်နေရာကပြန်လည်ပါ၀င်လာတာဖြစ်ပါတယ်။အာနိုးဟာ တစ်ချိန်က အယ်လ်အေပီဒီရဲ့ မူးယစ်ရဲတပ်ဖွဲ့မှာပါ၀င်ခဲ့သူဖြစ်ပြီး ၅နှစ်ကြာပြီးတဲ့နောက်မှာတော့ ဆွန်မာတန်ဆိုတဲ့နယ်စပ်မြို့လေးရဲ့ နယ်ထိန်းအဖြစ်အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ဒါပေမယ့် ဒုစရိုက်သမားကြီး ဂါဘရီယယ်ကောတက်စ်ကအက်ဖ်ဘီအိုင်လက်ထဲကနေ ထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ဆွန်မာတန်ဆီလာနေတာ သိလိုက်ရပါတယ်။ဒီလိုနဲ့ အာနိုးလည်း အေးချမ်းနေလို့မရတော့ဘဲဒုစရိုက်သမားကြီးကောတက်စ်ကိုတားဆီးနိုင်ဖို့ ကြိုးစားရပါတော့တယ်။လက်နက်အပြည့်အစုံနဲ့ လူအင်အားများတဲ့ကောတက်စ်တို့အဖွဲ့ကို နယ်ထိန်းရဲလူနည်းစုလေးကဘယ်လိုတွေတားဆီးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်တာကြောင့်အက်ရှင်ကားချစ်သူတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.8 GB /  925 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 50m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka
movie

The Last Stand (2013)

2013
The Obscured (2022) 5.1
The Obscured (2022) The Obscured (2022)သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်မှာ တစ်ဦးတစ်ယောက်က ထွက်ဖို့ဖြစ်လာခြင်းက စတဲ့ဇာတ်ပေါ့။ ကောင်မလေးက စိတ်ကစဉ့်ကလျားဖြစ်နေတယ်။ တစ်နေ့ သူနိုးလာတော့ သူ့ဘေးမှာ သူချစ်ရတဲ့လူက သေနေပြီ။ ဘယ်သူသတ်သွားတာလဲလည်း မသိဘူး။ သူသတ်မိတာလားလဲ မသိဘူး။ ဘာကိုမှ မသည်းကွဲနေတော့ ရဲတိုင်ဖို့လည်း အဆင်မပြေဘူး။ ဒီလိုနဲ့ နောက်ကောင်လေးကို ဖုန်းဆက်လိုက်တယ်။အချစ်အတွက်ဆို လောကကြီးခါးစောင်းတင်ဖို့ပါ အသင့်ရှိနေတဲ့ နောက်ကောင်လေးက ကောင်မလေးကို ကူညီပြီး အလောင်းဖျောက်ပေးတယ်။ ဒီလိုနဲ့ သူတို့တွေ အသစ်တစ်နေရာမှာ အချစ်ကမ္ဘာတည်ဖို့ ကားတစ်စီးနဲ့ ဟိုင်းဝေးလမ်းမကြီးထက် ခရီးဆက်လာခဲ့တယ်။ လမ်းရောက်တော့ သိလိုက်ရတာက‌ ကောင်မလေးက သူ့စိတ်ရောဂါအတွက် သောက်နေကျဆေးကို အခင်းနေရာမှာကျန်ခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးက အချစ်အတွက် ဘဝကြီးကို စွန့်စားပြီး သွားပြန်ယူပေးတာပေါ့။ အဲဒီမှာ သူတို့အစဖျောက်ခဲ့တဲ့အလောင်းကြီး ပြန်ရောက်နေတာကို သူတို့တွေ့လိုက်ရတယ်။ သူတို့အချစ်တွေကပဲ ဒီအခက်အခဲကြီးကို ကျော်လွှားနိုင်မလား။ အပြစ်ကပဲ သူတို့နောက်လိုက်လာမလား ပဟေဠိဆန်ဆန်ကြည့်ရမယ့် စိတ္တဇရုပ်ရှင်လေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

The Obscured (2022)

2022
Breakout (2023)
Breakout (2023) အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့သားဖြစ်သူကိုလာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကိုအပိုင်စီးတဲ့ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကိုအသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.1 GB)/(600 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

Breakout (2023)

The Pay Day (2022)
The Pay Day (2022) ကွန်ပျူတာပရိုဂရမ်မာအဖြစ် ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်နေတဲ့ ဂျနီဖာဟာ အထက်လူကြီးနဲ့အဆင်မပြေဖြစ်ပြီး အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးနောက် အိမ်လခပေးဖို့ငွေအသည်းအသန်လိုနေတဲ့ဂျနီဖာဆီကို ဘယ်ကမှန်းမသိတဲ့ဖုန်းဝင်လာပြီး အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလူက ဂျနီဖာကို သူများရုံးခန်းထဲခိုးဝင်ပြီး ဒေတာခိုးယူရမယ့် တစ်မနက်စာအလုပ်အတွက် ဒေါ်လာ ၅ သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ အလုပ်လည်းရှာမရ၊ ငွေလည်းလိုနေတာမှန်ပေမဲ့ တရားမဝင်တဲ့အလုပ်ဖြစ်တာကြောင့် ဂျနီဖာဘက်ကလက်ခံရမှာတွန့်ဆုတ်နေခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ကမ်းလှမ်းသူဘက်က သူ့ကိုအကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အတွက်ကြောင့် လက်ခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သူများကုမ္ပဏီထဲခိုးဝင်ဖို့ မှန်းထားတဲ့အတိုင်းမဖြစ်ဘဲ အလွဲလွဲအချော်ချော်ဖြစ်ပုံတွေ၊ ဒေတာခိုးရင်းကုမ္ပဏီထဲမှာ ဖူးစာဖက်နဲ့ပါတွေ့မယ့်ပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါတယ်။File size…(1.1 GB)/(600 GB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May
movie

The Pay Day (2022)

The Park (2023)
The Park (2023) အသစ်ထွက်ရှိထားခဲ့တဲ့ The Park ကားဟာဆိုရင် ကပ်ရောဂါတစ်ခုဖြစ်ပွားနေတဲ့ ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူကြီးတွေမှန်သမျှဟာ ဆုံးပါးသွားခဲ့ပြီးတော့ အရွယ်မရောက်သေးတဲ့ ကလေးတွေသာ ကျန်နေခဲ့တာပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာပါတဲ့အဓိက ဇာတ်ဆောင်၃ယောက်ဟာ စွန့်ပစ်ခံထားရတဲ့ ကစားကွင်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားရင်းနဲ့ သူတို့တွေရော ကပ်ရောဂါကနေရော လွတ်မလွတ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Action Drama Horror Sci-Fi Thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်အဆန်းလေးတွေကိုကြိုက်တတ်တဲ့လူတွေအတွက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size…(1.7 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:17:00 Genre...Drama, Action, Horror, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie

The Park (2023)

Assassin Club (2023)
Assassin Club (2023) Assassin Club (2023)အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File ...
movie

Assassin Club (2023)

2023
The Grudge (2004) 5.9
The Grudge (2004) The Grudge (2004)ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ဟော်ရာကား Ju-On ရဲ့ Hollywood Remake ပေါ့။ Remake ဆိုပေမဲ့ ထူးခြားတဲ့ Storyline နဲ့ မူရင်း ဂျပန် Ju-On ကားတွေရဲ့ လမ်းကြောင်းကနေ မသွေဖယ်ထားလို့ ကြည့်ရတာ ကြောက်ဖို့ကောင်းနေမှာပါပဲ။ဒီဇာတ်ကားမှာတော့ ဘိုးဘွားစောင့်ရှောက်ရေးစင်တာ တစ်ခုမှာ Volunteer အနေနဲ့ ဝင်လုပ်နေတဲ့ ကယ်ရန်နဲ့ စတင်ထားတယ်။ အိမ်တစ်အိမ်ကို ဝင်ပေးနေကျ မိန်းကလေး ယိုကို အလုပ်ကိုရောက်မလာတာမို့ ကယ်ရန်ဟာ အစားထိုးဝင်ပေးတဲ့အနေနဲ့ ရောက်ရှိသွားခဲ့တယ်။ အိမ်မှာ အဘွားအိုကြီးတစ်ယောက်ပဲ ရှိနေတယ်။ ကယ်ရန်ဟာ အဖော်ပြုလုပ်ကိုင်ပေးရင်း အိမ်ထဲကနေ ထူးဆန်းတဲ့အသံတွေ ကြားလာရတယ်။ အဲဒါနဲ့ပဲ ဗီရိုထဲမှာ ပိတ်မိနေတဲ့ ကလေးလေး တစ်ယောက်ကို ရှာတွေ့သွားတယ်။အဲဒီကောင်လေးရဲ့ နာမည်ကတော့ တိုရှိအို......Horror Master တစ်ပါးဖြစ်တဲ့ Takashi Shimizu ရဲ့ ...
movie

The Grudge (2004)

2004
Rock Sugar (2021) 5.2
Rock Sugar (2021) Rock Sugar (or) Bullied (2021) ======================ကျောင်းသားကားတွေကြည့်ဖူးနေရင် ကျောင်းတွင်းအနိုင် ကျင့်ခံရတဲ့ အဖြစ်တွေကိုလည်း မစိမ်းလောက်ဘူးထင်ပါ တယ်။ ကလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံနေရ တာကိုရိပ်မိပြီး ကာကွယ်ပေးဖို့က မိဘတွေအတွက် အဓိက တာ၀န်တစ်ခုလို့ဆိုရမှာပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းဟာ မိဘ‌တွေသတိမူမိစေမယ့် ဇာတ်လမ်းမျိုးဆိုလည်း မမှားပါဘူး။ဒီဇာတ်လမ်းမှာတော့- ရှားလာ့ထ်‌ဆိုတဲ့ ၁၂ နှစ်အရွယ် ကလေးမလေးဟာ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရသူပေါ့။ သူ့ကိုအမြဲအနိုင်ကျင့်တဲ့ ကောင် မလေးကလည်း အားကစားထူးချွန်သူ၊ ဆရာတွေရဲ့အချစ်တော်ပါ။ တကယ်တမ်းပြဿနာဖြစ်လာတိုင်း ဆရာတွေက သူ့ဘက်မပါပါ ဘူး။ မိဘတွေကပါ သူ့ကိုဆိုးတယ်လို့မြင်ကြပါတယ်။ ဒီလိုနဲ့ အမျိုး မျိုးခြိမ်းခြောက် အနိုင်ကျင့်ခံနေရပေမဲ့ သူဆိုးတယ်ပဲ အမြင်ခံရတဲ့ ၁၂ နှစ်အရွယ် ကလေးမရဲ့စိတ်ဟာ အတော်ဖိစီးလာတဲ့အခါ...ဇာတ်လမ်းကြည့်စမှာ ကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ plot မျိုးပါ၊ ကြည့်ရင်းနဲ့ ဇာတ်အလှည့်အ‌ပြောင်းတွေက လျှို့ဝှက်သည်းဖိုလား လူသတ်ကားလားလို့တောင် ထင်မိလာစေပါတယ်။ ရှားလာ့ထ်တစ် ယောက် သူအနိုင်ကျင့်ခံရတာကို ဘယ်လိုရင်ဆိုင်မလဲ၊ သူတို့မိသား စုကြားမှာ ဘာပြဿနာဘယ်လိုဝင်လာမလဲဆိုတာကိုတော့ အဆုံးထိ ဆက်ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.1 GB) / (545 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr ...
movie

Rock Sugar (2021)

2021
Bunker (2022)
Bunker (2022) ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ပထမကမ္ဘာစစ်ကအကြောင်းရိုက်ထားတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် ကမ္ဘာစစ် ၂ခုလုံးမှာ မှော်ပညာတွေ အောက်လမ်းနည်းတွေ သဘာဝလွန်နည်းတွေ အဏုဇီဝလက်နက်တွေ ဓာတုလက်နက်တွေ မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းလွင့်လွင့်ရှိခဲ့ကြပေမဲ့ လူတွေမသိလိုက်ဘဲ သမိုင်းမတင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေ ဘယ်သူမှအစရှာမရခဲ့တဲ့ဖြစ်ရပ်တွေလည်း အများကြီးရှိနေတာပါ ဒီကားထဲမှာတော့ အင်္ဂလိပ် နဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့ဟာ ဂျာမန်တွေစွန့်သွားတဲ့ ဘန်ကာထဲမှာ ပိတ်မိပြီး ဘာမှန်းမသိတဲ့အရာကို ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းရိုက်ထားတာပါ ဒီကားထဲမှာတော့ အထက်လူကြီးတွေချင်း ညှိနှိုင်းကြလို့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ အောက်ခြေတပ်သားတွေကြားက ပဋိပက္ခတွေကိုပါ မြင်ရမှာပါ စစ်ကားဆိုပေမဲ့ တိုက်ခိုက်တာသိပ်မပါဘဲ ဘန်ကာထဲမှာပိတ်မိနေတာကြောင့် အချင်းချင်းပဲ မယုံသင်္ကာတွေဖြစ်ရင်း တကယ်ရင်ဆိုင်ရမဲ့ အန္တရာယ်ကို မသိဘဲ စတေးနေရတဲ့ပုံစံမျိုး ရိုက်ထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(1.8 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Horror, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

Bunker (2022)

AKA(2023) 6.7
AKA(2023) AKA(2023)*********တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ actionကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားကောင်းပါပဲ။ ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ။ ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ။ အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့။ လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ....။ အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင်လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ... File Size :(1.9GB) and (636MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

AKA(2023)

Clock(2023) 6.8
Clock(2023) Clock(2023)***********ရုပ်ရှင်နာမည် Clockဆိုတဲ့အတိုင်း ကျွန်တော်တို့လူသားခန္ဓာကိုယ်မှာ သူ့အချိန်နဲ့သူဖြစ်ပျက်နေတဲ့ ဇီဝနာရီတွေရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာတော့ အမျိုးသားတွေထက်ကိုယ်ဝန်ဆောင်ချိန်ဆိုတဲ့ နာရီတစ်ခုပိုများပါတယ်။ ဒီဇာတ်ကားဟာ ကိုယ်ဝန်ဆောင်ရမှာကို ထိတ်လန့်တတ်တဲ့အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ အိမ်ထောင်သက် ၁၀နှစ်ကြာလာပြီး အသက် ၃၈နှစ်ရှိလာတာတောင် ကလေးယူဖို့မရဲသေး၊ ယူချင်စိတ်မရှိသေးဖြစ်နေသူပါ။ သူ့ရဲ ဇီဝနာရီဟာ တစ်နည်းနည်းနဲ့ချို့ယွင်းနေရသူပေါ့။ ပစ္စည်းတွေဟာ ပျက်ရင်ပြင်ရတဲ့အတိုင်း ဒီအမျိုးသမီးကလည်း သူ့ရဲ့ ကလေးမယူချင်တဲ့စိတ်၊သူ့ရဲ ဇီဝနာရီကိုပြုပြင်ဖို့ကြိုးစားတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို horror  ကားမို့ ထိတ်လန့်ဖွယ်အခန်းများပါဝင်ပါတယ်.. File Size :(3.5GB)(1.3GB) and (391MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:31:00 Genre :  Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Clock(2023)

Consecration (2023)
Consecration (2023) ဘာသာရေးကို အယုံအကြည်မရှိတဲ့ မျက်စိဆရာဝန်တစ်‌ယောက်ဖြစ်တဲ့ ဂရေ့စ်ဟာ တစ်နေ့မှာတော့ သူမရဲ့‌ မောင်ဖြစ်သူ ခရစ်ယာန်ဘုန်းကြီးဟာ အခြားခရစ်ယာန်ဘုန်းကြီးတစ်ပါးကို သတ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ အကြောင်းကြားလာတဲ့အတွက် စကော့တလန်က သီလရှင်ကျောင်းကို ရောက်သွားပြီး အဖြစ်မှန်ကို စုံစမ်းပါတော့တယ်။ စုံစမ်း‌နေတုန်းမှာ သူမရောက်ရှိနေတဲ့ သီလရှင်ကျောင်းရဲ့ သမိုင်းကြောင်းနဲ့ သူတို့ကျင့်သုံးနေတဲ့ ဘာသာရေးအယူအဆတွေကို သိရှိလာပြီး သူတို့ရဲ့ ထူးဆန်းတဲ့အမူအကျင့်တွေကြောင့် သီလရှင်ကျောင်းကို မယုံကြည်တော့တဲ့အပြင် ထူးဆန်းတဲ့အမြင်‌တွေပါ ရလာပါတော့တယ်။ သူမရဲ့ မောင် ကျန်ရစ်ခဲ့တဲ့စာအုပ်ထဲက အကြောင်းတွေဖတ်ရှူပြီး သူမရဲ့မောင်ဟာ ဘာကြောင့် သေဆုံးသွားရသလဲ ၊ သူမရဲ့ အတိတ်မှာရော ဘာတွေဖြစ်ခဲ့သလဲ ၊ သူမပိုင်ဆိုင်တဲ့ အစွမ်းသတ္တိဆိုတာက‌ရော ဘာလဲ ဆိုတာတွေကို လျှို့ဝှက်သည်းဖို ကြည့်ရှုရမယ့် Horror , Thriller ဘာသာရေးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/( 500MB)/( 300 Mb) Quality….Webrip 1080p / ...
movie

Consecration (2023)

Scream VI (2023) 7
Scream VI (2023) Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie

Scream VI (2023)

2023
4K HEVC
Home, Not Alone (2023) 4.3
Home, Not Alone (2023) Home, Not Alone (2023) ==================Sara နဲ့ 18နှစ်အရွယ် သူ့သမီးလေး Jordyn တို့ အိမ်ကြီး တစ်အိမ်ကိုဝယ်ပြီး ပြောင်းလာကြတယ်။ Saraက ယောကျ်ား ဖြစ်သူ Frankနဲ့ ကွာရှင်းခဲ့ပြီး သူ့သမီး Jordynနဲ့ ဘဝသစ်စဖို့ အိမ်ပြောင်းလာကြတာပါ။ ဒါပေမဲ့ အဲ့အိမ်ကြီးမှာ မထင်မှတ် ထားတဲ့ ခြောက်ခြားစရာတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်။ Saraရဲ့ သူငယ်ချင်း Lucy ကတော့ အိမ်မှာ တစ္ဆေရှိနေပြီး ခြောက်နေတာလို့ ပြောပေမဲ့ အဲဒါမျိုးတွေကို အယုံမကြည် မရှိတဲ့ Saraကတော့ ယုံဖို့ခက်နေပါတယ်။ဒီအိမ်ကြီးရဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေက တကယ်ပဲ တစ္ဆေခြောက်တာလား၊ Jordynက Saraကို ဆန္ဒပြပြီး လျှောက်လုပ်တာလား၊ Saraရဲ့ အရင်ယောကျ်ား Frank ကပဲ လိုက်နှောင့်ယှက်လို့ဖြစ်နေတာလား....ဒါမှမဟုတ် အဲဒီခြောက်ခြားစရာဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ တစ်ခြား အကြောင်းအရင်း ရှိနေမလား...ဆိုတာကတော့ ဇာတ်လမ်း ထဲမှာ ဆက်လက်ရှူစား အဖြေရှာကြပါစို့.......။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.44 GB) / (494 MB) Quality............WEB-RIP 1080p / 720p Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, ...
movie

Home, Not Alone (2023)

2023
Every Breath She Takes (2023) 5.6
Every Breath She Takes (2023) Every Breath She Takes (2023) =======================Jules က သူ့ယောကျ်ား Billy ရဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တွေကို ခံခဲ့ရပြီး နှစ်အတော်ကြာမှာ သူတို့အိမ်မီးလောင်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ Billy က Julesကို သတ်ဖို့ကြိုးစားခဲ့ ပေမဲ့ Jules မီးလောင်နေစဥ် လွတ်မြောက်သွားခဲ့ပြီး Billy ကတော့ မီးထဲမှာ ဆုံးသွားခဲ့တယ်။ဒီလိုနဲ့ Jules အတွက် Billy ရဲ့ ထိန်းချုပ်မှု၊ အကြမ်းဖက်တွေ အားလုံးက လွတ်ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒါတင်မပြီးသေးပါဘူး။ Jules စိတ်ပိုင်းဆိုင်ရာ ဇဝေဇဝါ ဒုက္ခတွေ ကြုံခဲ့ရပြီး နောက် ဆုံးတော့ သေဆုံးသွားတဲ့ ယောကျ်ား Billyကို မကြာခဏ ပြန် မြင်လာရပါတယ်။ လူတွေအားလုံးထင်သလို Jules တကယ်ပဲ ရူးသွားတာလား Billyကို ပြန်မြင်ယောင်နေတာ ဘာကြောင့်လဲ ဆိုတာကိုတော့ ဒီ Drama & Thriller ကားမှာ သည်းထိတ် ရင်ဖိုစရာကောင်းအောင် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo ...
movie

Every Breath She Takes (2023)

2023
The Hillsdale Adoption Scam (2023)
The Hillsdale Adoption Scam (2023)  Bethany တို့ဇနီးမောင်နှံဟာ သဘောကောင်းပြီးချမ်းသာပေမယ့် ကလေးအရမ်းလိုချင်ကြပါတယ်။ သမီးတစ်ယောက်ရှိပေမယ့် သားထပ်လိုချင်လို့ မွေးစားဖို့ကြိုးစားနေရင်း Bethany တို့အိမ်ရှေ့ကို ကိုယ်၀န်နဲ့မိန်းကလေးတစ်ယောက်က ရည်းစားဟောင်းဖြစ်သူရန်ကနေလွတ်ဖို့ ထွက်ပြေးလာပါတယ်။ Bethany တို့လည်း ဂရုဏာသက်မိပြီး ခိုလှုံခွင့်ပေးရာကနေ မိန်းကလေးကို သံယောဇဉ်တွယ်မိပြီး ကလေးမွေးလာရင် Bethany တို့မွေးစားမယ်လို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ကိစ္စတေ‌ွကထင်သလိုမရိုးရှင်းဘဲ Bethany တို့ရဲ့စိတ်နှလုံးကောင်းတာကို အခွင့်ကောင်းယူပြီး အလွဲသုံးစားလုပ်ချင်တဲ့ မသမာသူတွေပေါ်လာတဲ့အခါ...File size…(1.4 GB)/(600MB )/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Drama,thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Hillsdale Adoption Scam (2023)

A Lifeguard’s Obsession (2023)
A Lifeguard’s Obsession (2023) A Lifeguard's Obsession (2023)အသက်ကယ်ရတဲ့အလုပ်ဆိုရင် ကျန်တဲ့အလုပ်တွေထက် ပိုပြီးမြင့်မြတ်တယ်လို့ ကျွန်တော်တို့တော်တော်များများ ယူဆတတ်ကြပါတယ်။ အသက်ကယ်လိုက်တဲ့လူကိုလည်း အသက်သခင်ကျေးဇူးရှင်ရယ်ဆိုပြီး အရေးတယူပြုတတ်ကြတာ သဘာဝပါပဲ။ သင့်ကိုအသက်ကယ်လိုက်တဲ့လူက လူကောင်းလား လူဆိုးလားဆိုတာကိုတော့ ဘယ်သူမှမသိကြပေမဲ့ ကူညီချင်စိတ်ရှိတဲ့လူဟာ လူကောင်းရယ်လို့ပဲ တထစ်ချတွက်ဆတတ်ကြပါတယ်။မက်ဂီဆိုတဲ့ကောင်မလေးဟာ ပင်လယ်ကိုအင်မတန်မှာချစ်တဲ့ကောင်မလေးတစ်ယောက်၊ ပင်လယ်ပျော်ပီပီ လှိုင်းစီးနေရတာကို ပျော်မွေ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အားကစားသမားနဲ့ဒဏ်ရာဆိုတာကလည်း အမြဲဒွန်တွဲနေတဲ့အရာဖြစ်နေလေတော့ တစ်နေ့မှာ ဒူးခေါင်းအရွတ်ပြဲဒဏ်ရာရသွားပြီးတော့ လှိုင်းစီးရတာကို စွန့်လွှတ်ထားရသူဆိုလည်း မမှားပါဘူး။ လှိုင်းစီးတာကို တစ်ကမ္ဘာလို့ထင်မှတ်ထားတဲ့မက်ဂီအတွက်တော့ ဒီဒဏ်ရာဟာ ဘဝတစ်ခုလုံးကို အမှောင်ချလိုက်သလိုပါပဲ။မက်ဂီရဲ့ချစ်သူကတော့ ကမ်းခြေကlifeguardလည်းဖြစ် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲလည်းဖြစ်တဲ့ Influencer celeချောလေး ကိတ်ဒ်ပေါ့။ တစ်ချိန်က သိပ်ချစ်ကြတဲ့ မက်ဂီတို့ ချစ်သူစုံတွဲဟာ ဒဏ်ရာပြဿနာကြောင့် အရာရာကိုစိတ်မကြည်တဲ့မက်ဂီ ဒါကို ကိတ်ဒ်က Influencer ပီပီ လိုင်းပေါ်မှာပဲ ၂၄/၇ အချိန်ကုန်နေပြီး မက်ဂီကိုအချိန်မပေးနိုင်တော့ ဆက်ဆံရေးအဆင်မပြေဖြစ်နေတဲ့အပြင် အဆင်လေးတွေပတ်လည်ဝိုင်းနေတတ်တဲ့ သူ့ဘေးမှာလည်း လုပ်ဖော်ကိုင်ဖက်ထက်ပိုတဲ့အရိပ်အယောင်တွေနဲ့ တီနာဆိုတဲ့ကောင်မလေးပါရှိနေတဲ့ကိတ်ဒ်ကြောင့် RS တစ်ခုရဲ့ လေစိမ်းတိုက်နေတဲ့အခိုက်အတန့်ကို ရောက်ရှိနေချိန်ပေါ့။ထုံးစံအတိုင်းပါပဲ rsတွေကြားမှာ ပြဿနာတက်ပြီဆိုရင် ရောက်လာတတ်တာကတော့ ...
movie

A Lifeguard’s Obsession (2023)

2023
Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC