Channel Myanmar

Thriller

Dhokha: Round D Corner (2022) 8.1
Dhokha: Round D Corner (2022) Dhokha: Round D Corner (2022) Crime, Thriller IMDb 8.2/10 (5K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးဟာလည်း 3 Idiots ထဲမှာ အမီရ်ခန်းနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မာဒဗန်းရဲ့ သည်းထိတ်ရင်ဖိုကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးက ယာထရာသ်နဲ့ ဆန်ချီးဆိုတဲ့ လင်မယားနှစ်ယောက်ကို မှီတည်ပြီးဇာတ်အိမ်တည်ထားတယ်...။တစ်ရက် သူတို့လင်မယားနှစ်ယောက်စကားများကြရာမှာ ဆန်ချီးက ကွာရှင်းပေးဖို့ပြောလာတယ်...။ခဏကြာတော့ သူတုိ့အိမ်ထဲကို ဆန်ချီးတစ်ယောက်တည်းရှိနေစဉ် အကြမ်းဖက်သမားက ဝင်ဆီးပါတော့တယ်...။ကယ်တင်ဖို့ရောက်လာကြတဲ့ရဲတွေကို မာထရာသ်က ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ စိတ်ရောဂါဝေဒနာတစ်ခုရှိနေလို့ အမြန်ဆုံးကယ်တင်ပေးပါလို့ ပြောတယ်...။အိမ်ထဲရောက်နေတဲ့ အကြမ်းဖက်သမားကိုတော့ ဆန်ချီးဟာ သူ့ယောက်ျားမာထရာသ်က အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူမပိုင်ဆိုင်သမျှကိုလိုချင်လို့ သူ့ချစ်သူစိတ်ရောဂါအထူးကုဆရာဝန်မနဲ့ပေါင်းပြီး သူ့ကိုအရူးဆေးတိုက်နေတယ်..ဒါကြောင့် အမြန်ဆုံးမိမိကိုသတ်လိုက်ပါတော့လို့ တောင်းဆိုပြန်တယ်...။ကဲ..ဘာဆက်လုပ်ရမလဲ သိတယ်မလားဇာတ်လမ်းရဲ့အသွားအလာကို ကြည့်ရင်း ဘယ်သူဟာ အမှန်အတိုင်းပြောနေတာလဲ ဘယ်သူဟာလှည့်စားနေတာလဲဆိုတာကို ဝေဖန်သုံးသပ်ကြတော့နော်... File size…1.74GB / 834MB Quality…1080p HD / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & OeliuJ & HayMan
movie

Dhokha: Round D Corner (2022)

2022
Bad Candy (2020) 4.8
Bad Candy (2020) Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie

Bad Candy (2020)

2020
American Murderer (2022)
American Murderer (2022) အမေရိကန်ရဲ့ဖြစ်ရပ်မှန်လိမ်လည်မှုတစ်ခုအကြောင်းရိုက်ထားတဲ့ ဒီဇာတ်လမ်းမှာ ဂျေဆန် ဒဲရစ်ခ်ဘရောင်းကတော့ FBI ရဲ့ Top 10 အလိုရှိသူစာရင်းမှာပါဝင်ခဲ့တဲ့ လူလိမ်ကြီးတစ်ဦးဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိပြီး စကားပရိယာယ်ကြွယ်တဲ့ လူလိမ်ဂျေဆန်ဟာ ဘဏ်တွေဆီကနေပိုက်ဆံယူပြီး အလိမ်ပေါ်အလိမ်ဆင့်ထားတဲ့ အထက်တန်းလွှာဘဝမှာနေထိုင်တယ်။ ဒါပေမယ့် ပိုက်ဆံတွေပြန်မဆပ်နိုင်တဲ့ ပါတီဘုရင်ကြီးရဲ့ အလိမ်အညာတွေနဲ့ အတိတ်အကြောင်းတွေတစ်ဖြည်းဖြည်းပေါ်လာတဲ့အခါမှာတော့ ဘေးပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုရိုက်စားလုပ်ပြီး FBI လက်ကလွတ်အောင်ပြေးမလဲဆိုတာကို American Murderer မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.4GB)  / (785.22MB) / (377.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao
movie

American Murderer (2022)

[18+]Disclosure(1994) 6.7
[18+]Disclosure(1994) [18+]Disclosure(1994)********************* ရည်းစားဟောင်းတစ်ယောက် ကောင်းမှုကြောင့် ဘယ်လောက် အကျိုးပေးခံလိုက်ရလဲဆိုတာကိုတွမ်ဟန်းဒါးစ် တစ်ဖြစ်လဲ ကျွန်တော်တို့ရဲ့ Micheal Douglas ကြီးက သေချာသရုပ်ဖော်ပေးထားပါတယ်နည်းပညာကုမ္ပဏီက မန်နေဂျာတစ်ဦးဖြစ်တဲ့ တွမ်ဟန်းဒါးစ်က အလုပ်အရမ်းကြိုးစားပြီးဇနီးမယားသမီးသားတွေကိုလည်း အရမ်းချစ်တဲ့သူကြီးပါ တစ်နေ့တော့ ရာထူးတိုးဖို့ အနှစ်နှစ်အလလမျှော်လင့်ခဲ့ရပြီးအကောင်အထည်ပေါ်တော့မယ့်နေ့မှာပဲ တစ်စုံတစ်ယောက် ပေါ်လာပါတယ်...တွမ့်ရည်းစားဟောင်းပါပဲ... အရမ်းဆွဲဆောင်မှုရှိပြီး တော်လည်းတော် ထက်လည်းထက်တဲ့မဲရီဒစ်ဂျွန်ဆန်ဟာ သူမနဲ့မဆိုင်တဲ့ တွမ့်ဌာနမှာ ရာထူးတိုးသွားပါလေရဲ့ တွမ်ကတော့ သူ့ဌာနက သူ မလုပ်တဲ့ ထုတ်လုပ်ရေးပြဿနာတစ်ခုကို အဖြေရှာနေရသပေါ့။အဲ့ဒီနောက်မှာတော့ ပြဿာနာအကြီးကြီးသူဆက်လက်ရင်ဆိုင်ရပါတော့တယ်..Demi Moore ရဲ့  လှသွေးကြွယ်ဆုံးအချိန်ဖြစ်သလို အဖော်အချွတ်ဘာညာခန်းတစ်ချို့ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..  File Size :(2.07GB )(861 MB) and (380 MB) Quality : Blu-Ray1080p,720p Format…mp4 Duration…02:08:00 Genre :Adult , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chevy Encoded by SD
movie

[18+]Disclosure(1994)

[18+] Women in Heat Behind Bars (1987)
[18+] Women in Heat Behind Bars (1987) Women in Heat Behind Bars (1987)ရှီနိုဘူးဟီမီနိုဟာ မယောင်မလည်နဲ့လုယက်မှုတစ်ခုမှာ ဝင်ပါမိပြီးမပြေးနိုင်ပဲထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲကိုရောက်တာနဲ့ ဘဝတူ အကျဉ်းသူတွေအပြင် ယုတ်မာတဲ့ထောင်ပိုင် ထောင်စောင့်တွေရဲ့ နှိပ်စက်မှုတွေ အနိုင်ကျင့်မှုတွေ လိင်မှုစော်ကားမှုတွေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်။ ထောင်အတွင်းမှာတင် အုပ်စုအမျိုးမျိုးကွဲပြားနေကြပြီး ထောင်ဖောက်ထွက်ပြေးချင်တဲ့သူတွေ၊ အဓိကရုဏ်းဖြစ် ပွဲဆူချင်တဲ့သူတွေသာမက ထောင်စောင့်တွေရဲ့စော်ကားမှုတွေကို မက်မက်မောမော သာယာနေတဲ့သူတွေပါရှိနေပြီး သူ့ပင်ကိုစိတ်နေစိတ်ထားစရိုက်တွေပါ အလိုက်သင့်ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ဂျပန်နိုင်ငံရဲ့နာမည်ကြီးသက်တမ်းရင့်ထုတ်လုပ်ရေး Nikkatsu ရဲ့ ရွှေခေတ်နောက်ပိုင်း Pink films တွေခေတ်ထတဲ့အချိန်တုန်းက ဂန္ထဝင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားလို့ မထင်ရအောင်ကို ကြမ်းတမ်းပီပြင်တဲ့ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ ပြီးတော့ ဂျပန်ကားတွေမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Blur, Pixelate တွေ ဆင်ဆာဘားတွေ မပါရှိပဲ ကြည်တောက်ရှင်းပဲကြည့်ရမြင်ရမှာပါ။ကာလသားကြိုက် Women in Prison Theme အတိုင်းပါနေကျဟာတွေ အားလုံးပါမှာဖြစ်တဲ့အတွက် အားရကျေနပ်ဖွယ်ဖြစ်ပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.4GB, ...
movie

[18+] Women in Heat Behind Bars (1987)

1987
Fracture(2007) 7.2
Fracture(2007) Fracture(2007)**************IMDb...7.2ဆရာကြီးတွေဖြစ်တဲ့ Anthony Hopkins နဲ့Ryan Gosling တို့ အဓိကပါဝင်ထားတဲ့အပြင်ဇာလမ်းကလည်း ရှယ်ကြီးဆိုတော့ကား...ထက်မြက်ထူးချွန်လွန်းတဲ့ လူတစ်ယောက်ဟာရာဇဝတ်သားဖြစ်သွားခဲ့ရင် ဘယ်လောက်အန္တရာယ်များသွားနိုင်မလဲ...လေယာဉ်ကုမ္ပဏီတစ်ခုပိုင်ဆိုင်ထားတဲ့ တက်ဒ်ခရောဖော့ဆိုတဲ့လူကြီးမှာမိန်းမငယ်ငယ်ချောချောလေးတစ်ယောက်ရှိတယ် သူ့မိန်းမဟာ စုံထောက်တစ်ယောက်နဲ့ဖောက်ပြန်နေတာကိုလည်းသူသိတယ်... ဒီလိုနဲ့တစ်ညမှာတော့ သူ့မိန်းမကိုသေနတ်နဲ့ပစ်သတ်လိုက်တယ်... ဒါပေမဲ့ ပေါ်တင်ပဲ "ငါ့မိန်းမကို ငါပစ်သတ်လိုက်ပြီ သက်သေပြနိုင်ရင်ပြကြ" တဲ့....တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးရှေ့နေအဖွဲ့ဆီရောက်နေတဲ့ဝီလီယမ်ဆိုတဲ့ရှေ့နေတစ်ယောက်ရှိတယ် ဒီရှေ့နေလေးကပဲ ဉာဏ်ကြီးရှင်ရာဇဝတ်သားကြီးနဲ့ တရားခွင်မှာသွားရင်ဆိုင်မိတဲ့အခါမှာတော့...     File Size :(1.9GB) (638 MB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:53:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae  
movie

Fracture(2007)

Jawbreaker (1999)
Jawbreaker (1999)  နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ...? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ...? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ...? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း ...
movie

Jawbreaker (1999)

(18+) Showroom (2022)
(18+) Showroom (2022) လီဇယ်က ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်စေရမယ်ဆိုတဲ့ အိမ်မက်တွေ တပွေ့တပိုက်နဲ့နယ်ကမြို့တက်လာပြီးကွန်ဒိုအရောင်းအေးဂျင့်အဖြစ် ကြိုးစားနေတဲ့ကောင်မလေးပါ။ လတ်တလောမှာတော့ သူ့အရောင်းတွေထိုးကျနေပြီး လျာထားချက်မပြည့်မှီရင်စာချုပ်သက်တမ်းမတိုးဘူးလို့ကုမ္ပဏီလူကြီးက ကြိမ်းမောင်းထားတဲ့အတွက် စိတ်တွေညစ်ကြံရာမရဖြစ်နေပါတယ်။အဲ့ဒီလိုအချိန်မှာပဲ ဆူဇန်ဆိုတဲ့ မိန်းမလှလေးတစ်ယောက်လူသစ်အဖြစ် ကုမ္ပဏီကိုရောက်လာပြီး အားလုံးအံ့သြရလောက်တဲ့ရောင်းအား စံချိန်နဲ့ အချိန်တိုအတွင်းမှာ ကုမ္ပဏီတွင်းထိပ်ဆုံး သူဌေးမျက်နှာသာကိုအရဆုံးနေရာကိုရသွားပါတော့တယ်။ဒီလိုရောင်းအားကောင်းတဲ့ နောက်ကွယ်မှာလျှို့ဝှက်ချက်တစ်ခုရှိရမယ်ဆိုပြီး တထစ်ချယုံကြည်ထားတဲ့ လီဇယ်ဟာ မမျှော်လင့်ပဲ ဆူဇန်ရောင်းအားကောင်းရခြင်းရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့နောက်မှာတော့..။ အဲ့ဒီလျှို့ဝှက်ချက်က ဆူဇန်ဟာ အကောင်ကြီးကြီးသူဌေးတွေနဲ့ အချိတ်အဆက်ရထားပြီး အခန်းဘယ်နှစ်ခန်းဝယ်ရင် သူ့ကိုပါ အဆစ်စားရမယ်ဆိုပြီး ရက်ရက်ရောရောထိုးကျွေးနေလို့ပါပဲ။ရောင်းအားတွေထိုးကျနေတဲ့ လီဇယ်ကိုယ်တိုင် ဒီနည်းကိုသုံးပြီး အရောင်းသွက်ဖို့ကြိုးစားလာချိန်မှာတော့ ဒီဈေးရောင်းနည်းရဲ့မူရင်းပိုင်ရှင်ဆူဇန်နဲ့ ထိပ်တိုက်တွေ့ပြီး အကြီးအကျယ်ကို မှန်ထောင်ပြိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဒိုင်လူကြီးမရှိတဲ့ ဒီပွဲမှာ ဘယ်လိုအကွက်ဆန်းတွေနဲ့ ယှဉ်ပြိုင်ဗိုလ်လုပြီး ဘယ်သူက အနိုင်ရသွားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ File size…1.62GB / 630MB Quality…1080p WMAX WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Alias
movie

(18+) Showroom (2022)

2022
Raaz 3 (2012) 4.1
Raaz 3 (2012) Raaz 3: The Third Dimension (2012)လောကမှာ လူတွေဟာ လိုအင်ဆန္ဒတွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတယ်... ဒီလိုအင်ဆန္ဒတွေဟာ တစ်ပါးသူအပေါ် ကောင်းကျိုးပြုနိုင်သလို သူများဘဝကိုစုတ်ပြတ်သပ်သွားအောင်လည်း လုပ်နိုင်ပါတယ်...ဒီလိုအင်ဆန္ဒတွေ မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားရင်တော့ လူ့အသက်ကိုတောင် နှုတ်ယူလိုက်နိုင်ပါတယ်...ဒီဇာတ်ကားလေးကတော့ ဒီ့ရဲ့သာဓကတစ်ခုပါပဲ...ရှနာယားဟာ ပြီးပြည့်စုံနေပေမယ့်လည်း ဒီနှစ်ရဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို လွန်စွာလိုချင်နေခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်...နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာလေး အာဒိသယနဲ့လည်း တိတ်တိတ်ပုန်းတွဲနေသူလေးပေါ့..ဒါပေမဲ့ ဒီဆုကို တက်သစ်စ မင်းသမီး ဆန်ဂျနားက ဆွတ်ခူးရရှိသွားခဲ့ပါတယ်...ကိုယ့်အတွက်လို့ ထင်ထားခဲ့တဲ့အရာက သူများလက်ထဲပါသွားလို့ စိတ်သောကရောက်ရတာကတစ်ဖက် တက်သစ်စလေးက ကိုယ့်ကိုကျော်တက်သွားလို့ ခံပြင်းတာကတစ်ဖက်နဲ့ သူမဟာ မကောင်းတဲ့အာဃာတအမုန်းတရားတွေ ဝင်လာပါတော့တယ်...ဒီလိုနဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်ပြီး ဆန်ဂျနားကို ဒုက္ခပေးလာခဲ့တဲ့အခါမှာတော့...။စိတ်ဝင်စားစရာကောင်းတဲ့ တခြားအပိုင်းတွေကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါဦးနော်..ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ အင်မရန်းဟက်ရှမီ ဗီပါရှားဗာဆူး နဲ့ အေရှားဂုပ်သားတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်...ဘားဂျက် ရူပီ သန်း၂၅၀အသုံးပြုခဲ့ပြီး Box Office မှာ ရူပီ သန်း၉၇၀ပြန်လည်ရရှိခဲ့ပါတယ် World-wide အနေနဲ့ကတော့ အမေရိကန် ဒေါ်လာ 12million အထိရရှိခဲ့ပါတယ်.. File size…3GB / 1GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 19m Subtitle….Myanmar ...
movie

Raaz 3 (2012)

2012
Funny Games(1997) 7.5
Funny Games(1997) Funny Games(1997)******************IMDb..7.5ဂျော့်ခ်ျတို့ သားမိသားဖသုံး‌ယောက်ဟာ မြစ်ကမ်းနဘေးကအိမ်လေးတစ်အိမ်ကိုအပန်းဖြေခရီးထွက်လာကြပါတယ်။ ဒီလိုကနေ ရောက်ရောက်ချင်းပစ္စည်းတွေချနေချိန်မှာ ကြက်ဥလာတောင်းတဲ့ အိမ်နီးချင်းတစ်ယောက်နဲ့ဂျော့်ခ်ရဲ့ဇနီးသည်နဲ့‌ဆုံဖြစ်သွားပါတယ်။ မူမမှန်တဲ့အိမ်နီးချင်းနဲ့ အခြေအတင်တွေဖြစ်ကြပြီးနောက်မှာအပျော်ခရီးလာတဲ့သူတို့မိသားစု ဘယ်လိုကံဆိုးမိုးမှောင်မှုမျိုးနဲ့ ဆုံတွေ့ရမလဲ ?ဒီကံဆိုးမှုကြီးဆီက ဂျော့ခ်ျတို့မိသားစု လွတ်မြောက်နိုင်ပါ့မလား ?ဆိုတာကိုတော့ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။   File Size :(2.2GB) (892 MB) and (563 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:48:00 Genre : Crime,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

Funny Games(1997)

Poker Face (2022) 5.3
Poker Face (2022)  ဒီရုပ်ရှင်ကတော့ မင်းသားကြီး ရပ်ဆဲခရိုး ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ လီယံဟမ်းဆွာ့လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ အမျိုးအစားကတော့ Mystery, Thriller အမျိုးအစားပါပဲ။ဂျိတ်၊ ပေါလ်၊ အဲလက်၊ ဒရူး စတဲ့ သူငယ်ချင်းတွေဟာ ငယ်စဉ်ကတည်းက ပိုကာဖဲကစားနည်းမျိုးစုံကို ဝါသနာပါတဲ့လူတွေပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျိတ်ဟာ ကမ္ဘာ့ပထမဆုံး ပိုကာအင်တာနက်စနစ်ကို တီထွင်ခဲ့တဲ့အတွက် သန်းကြွယ်သူဌေးဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဂျိတ်ဟာ သူရဲ့မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းတွေကို ပြန်ဖိတ်ခေါ်ပြီး ပိုကာတစ်ပွဲ ကစားဖို့ စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီ ပိုကာညဟာ သာမန်မဟုတ်ဘဲ အလှည့်အပြောင်းတွေ ပဟေဠိတွေဖြစ်လာတဲ့အခါ...File size…(1.89GB)  / (924MB) / (445MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:34:00 Genre...Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. ...
movie

Poker Face (2022)

The Minute You Wake Up Dead (2022)
The Minute You Wake Up Dead (2022)  "မင်းသေဆုံးပြီး နိုးထလာတဲ့အချိန် ဘယ်နေရာမှာ ရှိနေမလဲ " ဇာတ်ကားထဲက စာသားလိုပဲ တချို့လူတွေ တခါတလေ တွေးမိကြမှာပါ။ ကျွန်တာ်တို့တွေ သေပြီးရင် ဘယ်နေရာကို ရောက်မှာလဲ ပေါ့။ ကောင်းတာလုပ်ရင် ကောင်းတဲ့နေရာ မကောင်းတာလုပ်ရင် မကောင်းတဲ့နေရာ အဲလိုမျိုး ရိုးရိုးရှင်းရှင်းလေးပဲလား။ ဒီသ‌ဘောတရားကို ဒီဇာတ်ကားက ပါးပါးလေးပုတ်ပြသွားပါတယ်။လူသူမသိ နယ်မြို့လေးတစ်မြိုမှာ လူတစ်စုဟာ Russ ကြောင့် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှူံးလိုက်ရလို့ သူ့ကို တော်တော်များများကချဉ်နေကြပါတယ်။ ဒီတော့ Russ ဟာ မျက်စိကို နောက်စေ့မှာကပ်ပြီး နေရတဲ့ အခြေအနေရောက်နေလေရဲ့။ တစ်ညမှာတော့ ရက်စ်ရဲ့ ဘေးအိမ်က Delaine နဲ့ Carl တို့ သားအဖရဲ့အိမ်ကို ဖောက်ထွင်းပြီး အဖိုးကြီး Carl ကို သတ်သွားပါတယ်။ အစောကတည်းက နီးရာဓါးကြောက်နေရတဲ့ Russ တစ်ယောက်ဟာ သူ့ကို ဦးတည်တာလို့ထင်ပြီး အိမ်မှသတ်သွားတာလို့ သောကတွေများပါတော့တယ်။ ဒါပေမယ့် အပ်ချည်မျှင်တစ်စဆွဲထုတ်လိုက်သလိုပဲ နှာခေါင်းပေါက်လောက်မြို့လေးမှာ လူသတ်မှုတွေဟာ မီးခိုးကြွက်လျှောက် လိုက်လာတဲ့အခါမှာတော့...။မှုခင်းရုပ်ရှင် ကြိုက်တတ်သူတွေအဖို့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး Morgan ...
movie

The Minute You Wake Up Dead (2022)

Boiler Room (2000) 7.0
Boiler Room (2000) မင်းသာကြီး Vin Diesel, Giovanni, Ben Affleck တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါဒီဇာတ်လမ်းမှာ လောဘသားတို့ရဲ့ အတောမသတ်နိုင်မှုတွေကို မြင်တွေ့ကြရပါလိမ့်မယ်၊ ပညာရေးမှာ ဘယ်လိုမှ မဖြစ်မြောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ်သိသွားတဲ့ ဆက်ဟာ ကောလိပ်ထွက်လိုက်ပြီး တရားမဝင်ကာစီနို အလုပ်လုပ်ရင်း ငွေရှာပါတယ်တစ်နေ့မှာ သူ့ကာစီနိုကို လာတဲ့ ပွဲစားတစ်ယောက်နဲ့ ဆုံမိပြီး သူ့လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ' ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလို့ ရိုးသားဖြူစင်နေလှတယ်တော့ မဟုတ်ပါဘူး ။ မရှိတဲ့ စတော့ရှယ်ယာတွေကို လိမ်ရောင်းပြီး ရိုက်စားတဲ့နေရာတစ်ခုပါ။ဇ,ရှိပြီးသား ဆက်တစ်ယောက် ဒီလိုနေရာကို ရောက်လာချိန်မှာတော့......File size…(3.13GB) / (1.29GB) / (622MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Drama / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act ...
movie

Boiler Room (2000)

The Willowbrook (2022)
The Willowbrook (2022) The Willowbrook (2022)ဇာတ်ကားအကြောင်းကို ပြောရမယ်ဆိုရင်တော့ နာမည်ကြီး Influencer အမျိုးသမီးတစ်ယောက်ဟာ ဂျိုဆိုတဲ့ စိတ်ဒဏ်ရာတွေနဲ့ မိန်းကလေးကို သူ့ရဲ့ ပြန်လည်ကုစားရေးကာလလေးမှာ အကူအညီပေးဖို့အတွက်ဆိုပြီး သူ့အိမ်ကို ဖိတ်လိုက်ပါတယ်…။ အဲ့ဒီ့လိုနဲ့ ဂျိုဟာ သူ့သူငယ်ချင်း အေ့စ်နဲ့အတူ အိမ်ကြီးဆီကို မျှော်လင့်တကြီး ရောက်သွားခဲ့ပါတယ်...။ ဇာတ်လမ်းက အဲဒီနောက်မှ စမှာပါ..။" ပုထုဇဉ်နော ဥမ္မာတကော " တဲ့..။ ဂျိုရဲ့ မျှော်လင့်ချက်လေး အရောင်အသွေးထွက်ပါ့မလား... Influencer အမျိုးသမီးရဲ့ အကူအညီတွေကကော အရာရောက်ပါ့မလား…။ ဘယ်လိုလူတွေကို ဆုံလို့ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့ရဦးမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲပဲ ကြည့်လိုက်ပါဦးနော့်...။ဒီကားဟာ Thriller အမျိုးအစားထဲပါပေမဲ့ ဟောဟောဒိုင်းဒိုင်း ကြိုက်သူတွေအတွက်မဟုတ်သလို ဇာတ်အိမ်ခိုင်ချင်တဲ့သူမျိုးတွေအတွက်လည်း မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် ၁နာရီခွဲတောင်မပြည့်တဲ့ကားလေးမို့ အပျင်းပြေ ချိန်ဖြုန်းဖို့အတွက်တော့ တန်မှာပါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.6GB, 610MB Quality ...
movie

The Willowbrook (2022)

2022
Overdose (2022) 5.5
Overdose (2022) Overdose (2022)တိုလု့စ် ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး မှုခင်း အဖွဲ့ခေါင်းဆောင် ဆယ်ရာဟာ ပြင်သစ်နဲ့ စပိန် ၂ နိုင်ငံကြားမှာ ကူးသန်းရောင်းဝယ်နေတဲ့ မှောင်ခို မူးယစ်ရာဇာတွေကို အကွက်ဆင်ပြီး တစ်ပြုံတည်း ဖမ်းဖို့ ပြင်ဆင်နေတဲ့အချိန် ... တစ်ဖက်မှာလည်း ပြင်သစ်က ဆေးရုံတစ်ရုံမှာ ကလေးငယ် ၂ ယောက် အသတ်ခံလိုက်ရပြီး ရစ်ချက်ဆိုတဲ့ အမှုစစ်က လိုက်လံ စုံစမ်းနေချိန် ... လူသတ်မှုဟာ မူးယစ်ရာဇာတွေနဲ့ ဆက်နွယ်နေကြောင်း သံသယရှိခဲ့ပြီး ဆယ်ရာနဲ့ ရစ်ချက်တို့ ၂ ယောက် ပူးပေါင်းပြီး ဒုစရိုက်သမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်။ဇာတ်ကားတစ်လျှောက်လုံး ရဲတွေက အကွက်ပြလိုက် ဒုစရိုက်သမားတွေက အကွက်ပြလိုက်နဲ့ မပျင်းမရိ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ Action, Crime, Thriller အမျိုးအစားကို နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် အသင့်တော်ဆုံး ...
movie

Overdose (2022)

2022
Rorschach (2022) 7.9
Rorschach (2022) Rorschach (2022) Action, Mystery, Thriller IMDb 7.9/10 (2.2K)လူတစ်ယောက် ရဲစခန်းကိုရောက်လာတယ်....သူ့မိန်းမပျောက်နေလို့လာတိုင်တာပါတဲ့ သူတို့လင်မယားနှစ်ယောက်ဟာ ကားနဲ့ခရီးထွက်လာနေတုန်း တောလမ်းတစ်နေရာမှာ မတော်တဆမှုနဲ့ကြုံတွေ့ခဲ့ရပါတယ် နောက်တော့ သူလည်းသတိလစ်မေ့မျောသွားပြီး သူ့မိန်းမဟာလည်း သူသတိပြန်ရလာတော့ ကားပေါ်မှာမတွေ့တော့ဘူးတဲ့....။မိန်းမ​ဖြစ်သူဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ ရဲတွေနဲ့ရွာသားတွေ ပေါင်းပြီး လိုက်ရှာပေးခဲ့ပေမယ့် လ တွေ သာ ကြာညောင်းသွားတယ် မ တွေ့လာခဲ့ပါဘူး ပျောက်သွားတဲ့နေရာကလည်း သားရဲတိရိစ္စာန်တွေ ပေါတဲ့နေရာဆိုတော့ ရဲတွေဟာ သေပြီလို့ကောက်ချက် ချခဲ့ပါတယ်....။သို့ပေမယ့် သူဟာ ဇွဲမ လျှော့ခဲ့ဘဲ ဆက်လက်ရှာ​ဖွေနေခဲ့ပါတယ်။| နောက်ပိုင်းအဲ့ဒီရွာထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပြီး ညညဆိုလည်း အသံတွေ ကြားကြားနေရတတ်ပါတယ်...။ကဲ သူရဲ့မိန်းမဟာ တကယ်ပဲ ပျောက်ဆုံးသွားတာလား...။ ရွာထဲမှာ လူတွေက ဘာလို့ သေဆုံးနေရတာလဲ...။ ညညဆိုကြားကြားနေရတဲ့အသံတွေက ဘာတွေလဲ...။ သူကရော ဒီရွာကို အကြောင်းတစ်ခုခုရှိနေလို့ လာခဲ့တာလားဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇာတ်ကားလေးကို စိတ်ဝင်တစား ကြည့်ရှုလို့ရပါပြီနော်...။မာလယာလန် နာမည်ကြီးမင်းသားတစ်လက်ဖြစ်တဲ့ မမ်မွတ်တီးအဓိကပါဝင်ထားတဲ့ mystery ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…2.5GB / 1GB Quality…1080p True  WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Rorschach (2022)

2022
Runaway Jury(2003) 7.1
Runaway Jury(2003) Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်‌ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie

Runaway Jury(2003)

Sinam (2022) 5.9
Sinam (2022) Sinam (2022)Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB  / 881MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar ...
movie

Sinam (2022)

2022
On the Line (2022) 5.3
On the Line (2022) On the Line (2022)စကားလေးတစ်ခုရှိပါတယ်။ " အပျော်ကနေ အပျက် " တဲ့ ။ ဒီဇာတ်ကားလေးကတော့ အဲဒီစကားလေးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။Elvis ဟာ သန်းခေါင်ယံချိန်မှာ တင်ဆက်လေ့ရှိတဲ့ "On the Line " လို့ ခေါ်တဲ့ ရေဒီယိုရှိုးရဲ့ host တစ်ယောက်ပါ။ ရှိုးရဲ့သဘောသဘာ၀ကတော့ နောက်ပြောင်ကျီစယ်တာတွေ သူများတွေကို ဖဲ့တာနှက်တာတွေ ပယ်ပယ်နယ်နယ် ပြောတာတွေကို အဓိကထားတင်ဆက်တာပါ။ ဒီလို ရေပန်းစားရှိုးတစ်ခုကို ကိုင်တွယ်ရတဲ့ Elvis ကိုယ်တိုင်ကလည်း ဘ၀င်ခေါင်ခိုက်တတ်တဲ့ပုံစံရှိပြီး ‌ နောက်ပြောင်ကျီစယ်မှုတွေမှာ ကန့်သတ်ချက်မထားတတ်တဲ့သူမျိုးပါ။ အဲဒီလို သူ့ရဲ့အမူအကျင့်ကပဲ တစ်ညမှာ သူ့ကို ပြန်လည် ဒုက္ခပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။ မထင်မှတ်ထားတဲ့ လူတစ်ဦး သူတို့ရှိုးကို ဖုန်းခေါ်လာပြီး အဲဒီညမှာ သူတို့အားလုံးကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....။အဲဒီလို ဒုက္ခပေးတဲ့သူက ဘယ်သူပါလဲ? Elvis ကရော ဘာတွေများလုပ်ခဲ့မိလို့ သူက Elvis ကို ဒုက္ခပေးဖို့ တန်းတန်းမတ်မတ်ကြီးရောက်လာတာလဲ ? ဒီလို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ...
movie

On the Line (2022)

2022
The Takeover (2022) 5.2
The Takeover (2022) The Takeover (2022)(1080p ရပါပြီ)ဒီကားလေးကတော့ Crime action, Thriller ကားလေးပါ။Mel က ငယ်ငယ်တည်းက ကွန်ပျူတာကျွမ်းကျင်ပြီး တော်ပါတယ်။ ခုတော့ ဆော့ဝဲလ်တွေကို အမှားစစ်တဲ့အလုပ်လုပ်နေပြီး နောက်ကွယ်မှာ သူငယ်ချင်းတွေနဲ့ Hacker လုပ်ပြီး မကောင်းတဲ့သူတွေကို ဟက်ပြီး လူတွေကိုကူညီနေပါတယ်။တစ်ရက်တော့ လူမပါဘဲ အော်တိုမောင်းတဲ့ဘတ်စ်ကားကို ဆော့ဝဲလ်စစ်ပေးရင်း Mel တစ်ယောက် ထူးဆန်းတဲ့ကုတ်ကိုတွေ့ပါတယ်။ အဲ့ကုတ်ကို ရှင်းပစ်ခဲ့ပြီး သူငယ်ချင်းတွေနဲ့ လူတစ်ယောက်ကို ဟက်ပါတယ်။ ကံဆိုးစွာနဲ့ပြီး ဟက်ပြီးတဲ့အချိန်မှာ Melရဲ့ အိမ် အဖောက်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး လူတွေက သူ့နောက်ကို နောက်ယောင်ခံလိုက်လာပြီး လူသတ်တယ်လို့ပါ စွပ်စွဲလာကြတဲ့အခါ ...Mel ဘာလုပ်မိတာလဲ? သူအပြစ်မရှိကြောင်းရော ဘယ်လိုသက်သေပြမလဲ? ဆိုတာတော့ ရုပ်ရှင်လေးထဲ ဆက်ကြည့်လိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။)File Size          : ...
movie

The Takeover (2022)

2022