Channel Myanmar

Thriller

Azor (2021) 6.6
Azor (2021) Azor (2021) ဇာတ်လမ်းအညွှန်းဒီကားလေးကတော့ ရိုးရိုးလေးပါပဲ။ 1980 ခုနှစ်လောက်က အာဂျင်တီးနားနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဘဏ်လုပ်ငန်းရှင် ကီးစ်ဆိုသူဟာ ဘွာနိုးဆိုင်းရက်စ်မြို့ကနေ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးဖို့ သူ့ရဲ့တွဲဖက်ဖြစ်သူ ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင် အီဗန်ဟာ အာဂျင်တီးနားနိုင်ငံကို ဇနီးဖြစ်သူနဲ့အတူ ရောက်လာခဲ့တယ်။ ကီးစ်ရဲ့အလုပ်တွေကို ဆက်လုပ်ပေးမဲ့ အီဗန်ရဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို အေးအေးဆေးဆေးလေးပဲ လိုက်ပါခံစားရမှာပါ။ဒီကားထဲမှာဆိုရင် နိုင်ငံရေးစကားဝိုင်းတချို့တွေ့ရမယ်၊ စီးပွားရေးကိစ္စ ပြောဆိုတာတွေ တွေ့ရမယ်၊​ ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုယ်တိုင်ပဲ ဇာတ်လမ်းထဲမှာ ရှာရပါလိမ့်မယ်။လှုပ်လှုပ်ရှားရှားနဲ့ အက်ရှင်တွေပါမှ ကြိုက်တတ်တဲ့လူတွေအတွက်တော့ အဆင်မပြေလောက်ပါဘူး။ Rating အနေနဲ့ကတော့ IMDB မှာ 6.6 အထိရရှိထားပြီး Rotten Tomatoes မှာတော့ 100% အပြည့်ရရှိထားပါတယ်။(ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size        ...
movie

Azor (2021)

2021
The Girl on the Mountain (2022) 4.9
The Girl on the Mountain (2022) The Girl on the mountain (2022) ======================မတော်တဆမှု တစ်ခုကြောင့် ဇနီးနဲ့ သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျက်ဟာ ဂီတအနုပညာရှင်ဘ၀ကို စွန့်လွှတ်ပြီး တောင်တွေပေါ်မှာ တစ်ကိုယ်ထဲ နေထိုင်လာခဲ့တာ အချိန်တွေကြာခဲ့ပါပြီ။တစ်နေ့မှာ မထင်မှတ်ဘဲ သူ့သမီးအရွယ်စကားမပြောတတ်တဲ့ ကောင်မလေးတစ်ယောက်  ဂျက်ဆီကိုရောက်လာခဲ့ပါတယ်။ ဂျက်လည်း ပြန်မလွှတ်ရက်တာနဲ့ ကလေးမကို စောင့်ရှောက်ထားပြီး သမီးတစ်ယောက်အစားရလိုက်သလို သံယောဇဉ်တွယ်လာခဲ့ပါတယ် ။ဒါပေမယ့် အမြဲစိတ်တိုင်းကျ မဖြစ်နိုင်တဲ့ လောကဓံအရ ဒီကောင်မလေးဟာ ပထွေးရန်ကိုကြောက်လို့ ထွက်ပြေးလာတဲ့ အိမ်ပြေးလေးဖြစ်ပါတယ် ။ သူမရဲ့ အတိတ်က ကိစ္စတွေ ဂျက်ဆီကိုပါရောက်လာတဲ့အခါမှာ... ဖြစ်လာမယ့် အန္တရာယ်တွေက‌နေ ဒီကောင်မလေးကို ဂျက်ဘယ်လိုကာကွယ်သွားမလဲဆိုတာ ကြည့်ရမယ့် သည်းထိတ်ရင်ဖို့ Drama, Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size - (1.66 GB) / (812 MB) / (504 MB) Quality – WEB-DL 1080p / 720p/480p Duration ...
movie

The Girl on the Mountain (2022)

2022
Unfinished (2022) 4.9
Unfinished (2022) Unfinished (2022)==============နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့သမီးဖြစ်ခဲ့ပေမယ့် အဖေ့အကြောင်း သိပ်မသိခဲ့တဲ့ Zora။ အဖေဖြစ်သူကနှလုံးရောဂါနဲ့ဆုံးတော့ အဖေ့ဆီက အိမ်တစ်လုံးအမွေရခဲ့သလို အဖေဖြစ်သူရဲ့မပြီးဆုံးသေးတဲ့ဝတ္ထုကိုပါ လက်စသတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ Zoraတစ်ယောက် ဖခင်ဖြစ်သူဆီကအမွေရခဲ့တာ အိမ်တစ်လုံးတင်မဟုတ်ပဲ စိတ်ကစဉ့်ကလျားရောဂါကိုပါဆက်ခံခဲ့ရတာပါ။ စိတ်ကစဉ့်ကလျားရောဂါသည် Zora တစ်ယောက် ခင်ပွန်းလောင်းကို အထင်လွဲ စိတ်ဆိုးပြီး ဖခင်ဖြစ်သူရဲ့အိမ်ဆီသွားနေထိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့အိမ်ကို ရောက်လာကတည်းက စစချင်းတွေ့ခဲ့ရတဲ့လူတွေဆီက နွေးထွေးတဲ့ကြိုဆိုမှုကို မရခဲ့တဲ့အပြင် သူအရင်မက်နေတဲ့အိပ်မက်ဆိုးတွေကလည်း ပိုပြီးတော့ဆိုးလာခဲ့ ပါတော့တယ်။သူ့အဖေရဲ့အိမ်ကြီးကလည်းထူးဆန်းနေသလို သူ့အဖေရဲ့အိမ်မှာရှိတဲ့လူတွေကပါ ထူးဆန်းနေပြီး အိပ်မက်ဆိုးတွေပါဆက်တိုက်မက်လာတဲ့သူ ဖခင်ရဲ့မပြီးဆုံးသေးတဲ့ ဝတ္ထုကိုလက်စသတ်သွားမှာလား။ ဒါမှမဟုတ်ရင်....ဘာတွေဖြစ်မလဲဆိုတာတော့ ကြည့်ရှုခံစားကြည့်တာပေါ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.19 GB) / (617 MB) / (411 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h 37mins Subtitle – Myanmar Hardsub Format – MP4 Genre : Thriller Translator – Chit Tee Encoder – SWM
movie

Unfinished (2022)

2022
Death on the Nile (1978) 7.3
Death on the Nile (1978) Death On The Nile (1978) ~ IMDB - 7.3/10, RT - 78%, Meta - 59% ~(ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းက‌တော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ)Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တု‌တွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ...
movie

Death on the Nile (1978)

1978
The Ice Demon (2022)
The Ice Demon (2022) The Ice Demon (2022) စိတ်ရောဂါအကြောင်း၊ စိတ်ရောဂါနဲ့ပတ်သက်လို့ ပြောကြတဲ့အခါ စိတ်ရောဂါမျိုးစုံလည်းရှိတဲ့အပြင် အဲဒီ့စိတ်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာမျိုးစုံကလည်းစုံလင်လှသဗျာ၊ စိတ်ရောဂါဆိုတာလည်း စိတ်ဒဏ်ရာခဏခဏရတာမျိုးတွေကနေဖြစ်‌တတ်တော့ စိတ်ရောဂါနဲ့စိတ်ဒဏ်ရာဟာ အညမညသဘောနဲ့ အတူတွဲနေတတ်တယ်ဗျ။အိမ်ရာတစ်ခုထူထောင်ကြပြီဆိုရင် အိမ်ထောင်ဦးစီးဆိုတဲ့ အမျိုးသားဖြစ်သူက ဒီစိတ်ပိုင်းဆိုင်ရာကိစ္စကို သိပ်ပြီးဂရုစိုက်ရတယ် သားသမီးမွေးတဲ့အခါပိုဆိုးတယ်၊ ကိုယ့်သားသမီး ကိုယ့်ရဲ့လက်တွဲဖော်သူတို့တွေစိတ်ဒဏ်ရာမရအောင် သူတို့တွေအပေါ်မှာ မရက်စက်မိအောင်ဒါတွေက သိပ်ကိုအရေးကြီးတယ်။ဒီဇာတ်လမ်းကတော့ အိမ်ထောင်ဦးစီးမပီသတဲ့ယောက်ျားတစ်ယောက်နဲ့ သူ့အမျိုးသမီးရဲ့ စိတ်ဒဏ်ရာ သူ့သမီးလေးနေထိုင်ရတဲ့ပတ်ဝန်းကျင်ဒါမျိုးတွေကို သေချာလေးဖော်ညွန်းထားနိုင်တဲ့ ဇာတ်ကားမျိုးလို့ဆိုရမယ်။ပုံမှန် သရဲပေါကားတွေလိုမျိုးအကောင်ကြီးတွေဘွားဆိုပေါ်လာမယ်၊ လန့်သွားမယ် ဟောပြီးသွားပြီ ဒါမျိုးကားမျိုးတွေသဘောကျတတ်ရင်တော့ ဒီဇာတ်ကားနဲ့ အလာ့ဂျစ်ရှိနိုင်တယ်၊ ပုံမှန်ဟောလိဝုဒ်ကားတွေကြည့်နေကြလူတွေအတွက်တော့ ရုရှားကားဖြစ်တဲ့အတွက် အမြင်တစ်မျိုးလေးနဲ့ကြည့်ရမယ်။ဘယ်ချိန်သရဲပေါ်လာမလည်းဆိုပြီးစောင့်ကြည့်နေရမယ့်ကားမျိုးဆိုတာထက် တစိမ့်စိမ့်ကြည့်ရမယ့်ကားမျိုးဆိုရင်ပိုမှန်လိမ့်မယ်။ တကယ်တော့ သရဲတို့ နတ်ဆိုးတို့ကြောက်စရာကောင်းတယ်ဆိုတာ လူတွေကိုဘယ်မှီမလဲ၊ ဒီလိုတွေးမိရင်တော့ ဒီသရဲကားကသိပ်ကြောက်စရာကောင်းတော့မယ်မထင်ပါဘူး...(ဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆိုရေးသားထားပါတယ်)Size - 650MB, 350MB Quality - 1080p, 720p Format - mp4 Duration - 1H 32Min Genre ...
movie

The Ice Demon (2022)

2022
Valimai (2022) 7.6
Valimai (2022) Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie

Valimai (2022)

2022
4K HEVC Web-DL
Bheemla Nayak (2022) 7.8
Bheemla Nayak (2022) Bheemla Nayak (2022)ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမားနှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာသတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာသူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမားBheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး"Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။  File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe ...
movie

Bheemla Nayak (2022)

2022
Measure of Revenge (2022) 4.2
Measure of Revenge (2022) Measure of Revenge (2022) ==============မင်းသမီး အလန်းစားလေး Bella Throne ပါတဲ့ Thriller , Horror ရုပ်ရှင်ကားသစ်လေးထွက်လာပါပြီ။ဆေးလွန်ပြီးသေသွားတဲ့ နုာမည်ကြီးအဆိုတော်ရဲ့ သေဆုံးမှုကို စုံစမ်းတဲ့ Drug Dealer တစ်ယောက်အဖြစ် Bella ကိုတွေ့ရပါမယ်ဇာတ်လမ်းအကျဉ်းက ကာတစ်ကူပါးဆိုတဲ့ နာမည်ကြီး Band ရဲ့ ပင်တိုင်အဆိုတော်ဟာ အောင်မြင်မှုဒဏ်တွေကြောင့် ဆေးသမားလုံးလုံးဖြစ်သွားခဲ့ပြီး ပြန်လည်ထူထောင်ရေးစခန်းမှာ နှစ်ချီနေလိုက်ရပါတယ်။ သူအဲ့ဒီကပြန်ထွက်လာပြီး အနုပညာလောက အနားယူ ဘဝသစ်တစ်ခုစတင် အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်လိုက်ပြီး နောက်မှာပဲ တစ်ညမှာ အမ်ဖတ်တမင်းခေါ် စိတ်ကြွဆေး အများအပြားလွန်ကာ လင်မယားနှစ်ယောက်လုံး သေဆုံးနေတာကို တွေ့ရှိလိုက်ရပါတယ် ရဲတွေကတော့ ဒါကို သာမန် မတော်တဆဆေးလွန်ပြီးသေဆုံးတယ်လို့ အမှုသိမ်းလိုက်ပေမယ့် မကျေနပ်နိုင်တဲ့ ကာတစ်ရဲ့ အမေ လီလီယန်ကူပါးဟာ သားရဲ့အဆိုတော်ဘဝက အချိတ်အဆက်တွေကို လိုက်လံစုံစမ်းရင်း အရင်က သူဆေးဝယ်နေကျ Taz ...
movie

Measure of Revenge (2022)

2022
The King of Pigs (2011) 6.7
The King of Pigs (2011) The King of Pigs (2011) ဇာတ်လမ်းအညွှန်း **********************************ဦးစွာပထမပြောချင်တာကတော့ ဒီကားဟာ Animation ကားဆိုပေမဲ့ တော်တော်လေးကို Deep ဖြစ်တဲ့ဘက်ကို သွားထားတဲ့ Psychological, Drama, Thriller Film အမျိုးအစားပဲဖြစ်ပါတယ်။ ကိုရီးယားမှာ Animation ကားတွေသိပ်မပေါ်လာသေးတဲ့အချိန် ဒါရိုက်တာက လက်တွေ့ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေကိုပါ ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင် တင်ဆက်ထားနိုင်တာမလို့ ဆုတွေအများကြီးဆွတ်ခူးထားနိုင်တဲ့ကားပါ။ ဒီကားက 2011 တုန်းကတည်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး အခုလက်ရှိ 2022 မှာလည်း ဒါကို Adaptation ပြန်လုပ်ထားတဲ့ Serie ကို နာမည်ကြီးမင်းသားတွေရဲ့ သရုပ်ဆောင်ပီပြင်မှုနဲ့အတူ ခံစားကြည့်ရှုလို့ရနေပါပြီ။Animation ကားဆိုပြီး အထင်မသေးသင့်တဲ့အပြင် ရင့်သီးတဲ့စကားအသုံးအနှုန်းတွေနဲ့အတူ လက်ရှိဘဝက ထိတ်လန့်စရာအမှန်တရားတွေကိုပါ ထင်ဟပ်အောင်ပြသထားနိုင်တဲ့အတွက် အသည်းငယ်သူတွေမကြည့်သင့်ကြောင်း ကြိုပြီးသတိပေးထားပါရစေ။ Suicidal သဘောတရားတွေပါ ပါနေတာမလို့ စိတ်ဓာတ်ကျရောဂါအခံရှိသူများလည်း ကြည့်ရှုဖို့မသင့်ပါကြောင်း ထပ်လောင်းပြောကြားပါရစေ။ဇာတ်လမ်းအကြောင်းအရာကတော့...ကျောင်းမှာ အားကြီးတဲ့သူက အားနည်းသူကို အနိုင်ကျင့်နေကြဖြစ်တဲ့ Bully case ...
movie

The King of Pigs (2011)

Tabloid Truth (2014) 6.3
Tabloid Truth (2014)  Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie

Tabloid Truth (2014)

Panama (2022)
Panama (2022) Panama (2022)ကြမ်းပေ့ဆိုတဲ့ အက်ရှင်တွေ ကြိုက်တဲ့ CM ပရိသတ်ကြီးတို့အတွက် မင်းသားကြီး Mel Gibson ပါ၀င်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။Iran-Contra အရေးအခင်းချိန်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီဇာတ်လမ်းမှာ Gibson ကတော့ အမေရိကန် ကာကွယ်ရေးဌာနက ကန်ထရိုက်တာတစ်ဦးပါ။ ဒီအရေးအခင်းမှာ Contra တို့ဘက်ကို ပနားမားအခြေစိုက် အမေရိကန် ခံတပ်က စီအိုင်အေအကူအညီနဲ့ လက်နက်တွေ ထောက်ပံ့နေတာပါ။ ဒါပေမဲ့ ထုတ်ပြန်ချက်တစ်ခုကြောင့် လက်နက်ထောက်ပံ့ဖို့ မဖြစ်နိုင်တော့ချိန်မှာ တခြားနည်းလမ်းတစ်ခုကို စဉ်းစားရပါတော့တယ်။ ဒီမစ်ရှင်အတွက် ပထမဆုံး တာ၀န်ကတော့ ဆိုဗီယက် ရဟတ်ယာဉ်တစ်စင်း၀ယ်ပြီး တစ်ဖက်ကို ပို့ဆောင်ပေးဖို့ပဲဖြစ်ပါတယ်။ဒီတာ၀န်အတွက် တပ်ဖွဲ့၀င်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိမ်းစ် ဘက်ကာဆိုသူကို ရွေးချယ်လိုက်ပါတယ် သူဟာ သိပ်ကို ခေါင်းမာပြီး ထင်ရာစိုင်းတတ်သူမျိုးမလို့ တာ၀န်သာပေးရတယ် ခပ်လန့်လန့်ဆိုသလိုမျိုးပါ။ သို့ပေမဲ့ မစ်ရှင်အတွက် အသင့်တော်ဆုံးသူက သူဖြစ်နေတဲ့အခါ ဘက်ကာ့ကို ပနားမားကို လွှတ်ပြီး တာ၀န်ထမ်းဆောင်စေပါတော့တယ်။ တာ၀န်ထမ်းဆောင်ရင်းနဲ့မှ ပနားမားအတွင်း ယူအက်စ် ကျူးကျော်မှုကိစ္စမှာ ဘက်ကာတစ်ယောက် ၀င်ပါမိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ရဟတ်ယာဉ် မစ်ရှင်ကရော အောင်မြင်မလားဆိုတာ ကြည့်ရှုပေးကြပါဦးအညွှန်းကတော့ Yoon Sandi ...
movie

Panama (2022)

2022
Deep Water (2022) 5.5
Deep Water (2022) Deep Water (2022) တစ်မျိုးတော့မထင်နဲ့ဦး။ တကယ်ကို ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်ပြီး အချစ်စမ်းတာက လန့်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ဝက်သားဟင်းကို နေ့တိုင်းစားရတော့ တစ်ခါတလေ ချဉ်ပေါင်ဟင်းလေးလည်း စားချင်တာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ။ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက် အချိန်တွေ ကြာလာတော့ တစ်ယောက်ကို တစ်ယောက်ရိုးလာတတ်ကြသလို သူတို့ကိုမောင်းနှင်နေတဲ့ အချစ်မီးတောက်က လောင်စာတွေလျော့လာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာကြတယ်။ မိန်းမက ယောက်ျားကို အရမ်းပျင်းစရာကောင်းတယ်လို့ မြင်တယ်။ မိန်းမက သူ့ကိုအလေးမထားတော့ဘူး မချစ်တော့ဘူးလို့ ယောက်ျားက မြင်လာတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းမက ယောက်ျားမရှိတော့သလိုကို လွတ်လွတ်လပ်လပ်နေလာတယ်။ အဲဒီတော့ အပြစ်တွေ မြင်နေပေမဲ့ ချစ်နေသေးတဲ့ ယောက်ျားက သဝန်တိုတယ်။ဒီအထိတော့ ပုံမှန်အိမ်ထောင်ရေး ဇာတ်လမ်းလေးလိုပါပဲ...ဒါပေမဲ့ မိန်းမနဲ့ ရင်းရင်းနှီးနှီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာကစပြီး ပုံမှန်မဟုတ်တော့တာပါပဲ။ အဲဒီမိတ်ဆွေပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယောက်ျားဖြစ်သူက သူသတ်လိုက်တာလိုလိုနဲ့ အပေါင်းအသင်းတွေကြား မိန်းမရဲ့ မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူစွာနဲ့ ...
movie

Deep Water (2022)

2022
Man’s Creed (2022) 6.0
Man’s Creed (2022) ရှောင်ကျန်းဖုန်းဟာ လွန်ခဲ့တဲ့ ၂၅နှစ်က အကွက်ချခြောက်တွန်းခံရပြီး ထောင် ၂၅နှစ်ကျသွားခဲ့တဲ့ အထက်တန်းလုံခြုံရေးအကြံပေးတစ်ယောက်ပါ၂၅နှစ်ကြာပြီး သူ ထောင်က လွတ်လွတ်ချင်း သူ့ဇနီးနဲ့ သားကိုသွားရှာပေမဲ့ သူတို့တွေက အရင်နေခဲ့ဖူးတဲ့နေရာမှာမရှိတော့ပါဘူးဒီလိုနဲ့ဘယ်လိုရှာရမလဲ လမ်းပျောက်နေချိန်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က သူ့ကို ဆက်သွယ်လာခဲ့ပါတယ်ဆက်သွယ်လာတဲ့အကြောင်းအရင်းကတော့ အဲဒီလူရဲ့သမီးဟာ ပြန်ပေးဆွဲခံထားရတာကြောင့် ကျန်းဖုန်းကို ကူညီပေးဖို့တောင်းဆိုတာဖြစ်ပါတယ်ကျန်းဖုန်းသာ သူ့သမီးကို ပြန်ပေးသမားလက်ထဲကနေ ကယ်ပေးဖို့ သဘောတူရင် သူကလည်း ကျန်းဖုန်းရဲ့ ဇနီးနဲ့သားကို ရှာပေးမယ်လို့ နှစ်ယောက်သား အပေးအယူလုပ်ခဲကြပါတယ် ဒါပေမဲ့ ပြန်ပေးမှုက ထင်သလောက်မရိုးရှင်းဘဲ မူးယစ်ဆေးကုန်ကူးမှုတွေနဲ့ဆက်နွယ်နေချိန်မှာတော့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားဖွယ် ဆက်ကြည့်ရမှာပါနော် ။File Size__(1.7GB) / (830MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:33:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt
movie

Man’s Creed (2022)

Jalsa (2022) 6.6
Jalsa (2022) Jalsa 2022IMDb 6.3ဒီတစ်ခေါက်မှာတော့ Drama/ Thriller movie ဖြစ်တဲ့ Jalsa ကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ကားတိုက်ပြေးမှုကိုဖော်ထုတ်မယ့် ဇာတ်ကားတစ်ကားပါညဉ့်နက်ကားမောင်းရင်းအိပ်ငိုက်လာတဲ့ မာယာတစ်ယောက်သူ့အိမ်ဖော်ရဲ့သမီးဖြစ်သူကိုဝင်တိုက်မိခဲ့ပေမယ့် တာဝန်မယူဘဲထွက်ပြေးခဲ့ပါတယ် ဒါကို မာယာတိုက်ပြေးတယ်မှန်းမသိဘဲမာယာတို့ကုမ္ပဏီမှာအလုပ်သင်အဖြစ်လုပ်နေတဲ့ တက်သစ်စဂျာနစ်လစ်မလေးကလိုက်လံစုံစမ်းနေခဲ့ပါတယ်ဇာတ်လမ်းကထင်သလောက်တော့ရိုးရှင်းမနေပါဘူး ငွေသုံးနိုင်ရင်အနိုင်ရနေတဲ့ခေတ်ကြီးမှာအမှန်တရားကအနိုင်ရနိုင်ပါ့မလား ဒီအမှုကရောဘာတွေဆက်ဖြစ်သွားမလဲဆိုတာစိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်(အညွှန်းကို Yunniမှရေးသား‌ပေးထားပါတယ်) File size…1.5GB / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & Honey
movie

Jalsa (2022)

2022
Survive (2021) 4.5
Survive (2021) Survive (Ta Nang- Phan Dung) (2021)Adventures တွေကို ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် survive ဆိုတဲ့ ဗီယက်နမ် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ကင် တို့သူငယ်ချင်းတစ်သိုက်ဟာ အန္တရာယ်များတယ်လို့ နာမည်ကြီိးတဲ့ တာနောင် ဖန်ဒေါင် တောကြမ်းခရီးကို နည်းပြ ဟွိုင် ရဲ့ ဦးဆောင်မှုနဲ့ ခရီးထွက်ခဲ့ကြပါတယ်လမ်းမှာ ကင် နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဘက်သ်တို့ ကတောက်ကဆဖြစ်ကြရာကနေ ဘက်သ် တစ်ယောက် အဖွဲ့ကနေ ခွဲထွက်သွားပြီး ပျောက်ဆုံးသွားပါတော့တယ်ဘက်သ် ပျောက်ဆုံးသွားပြီးမှ သူ့ကို အထင်လွဲမိမှန်း သိသွားတဲ့ ကင် တစ်ယောက် ဘက်သ် ကို ရှာဖွေဖို့ ကြိုးပမ်းပုံကို Adventures ဆန်ဆန် thriller ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်တောအုပ်ထဲကစွန့်စားခန်းတွေကို အာရှ အငွေ့အသက်အပြည့်နဲ့ တဝကြီးခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်အညွန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Adventure, Drama, Thriller Quality….WEB-DL ...
movie

Survive (2021)

2021
Nitram (2021) 7.2
Nitram (2021) Nitram (2021) =========== IMDb Rating - 7.2/10 , Rotten Tomatoes - 90%1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ ...
movie

Nitram (2021)

2021
The Mad Women’s Ball (2021) 6.6
The Mad Women’s Ball (2021) The Mad Women's Ball (2021)======================IMDb Rating - 6.6/10လူတွေက လူတစ်ယောက်ရူးခြင်းမရူးခြင်းကို ဘယ်လိုစံနှုန်းတွေနဲ့သတ်မှတ် နေကြတာလဲ။ ဘုရားသခင်ကိုမြင်နေပြောနေရတယ်လို့ပြောတဲ့ လူတစ်ယောက် ကိုကျ လူတွေကအရူးလို့မသတ်မှတ်ဘဲ သရဲဝိဉာဉ်တွေကိုမြင်ရပြောနေရတယ်လို့ ပြောတဲ့လူကိုကျ အရူးတစ်ယောက်လို သတ်မှတ်နေကြတာလဲ။ ပြီးတော့ လူတစ် ယောက်ကရူးသွပ်သွားရင် လူမဟုတ်တော့ဘူးလား။ တိရိစ္ဆာန်တွေထက်ကိုဆိုးဝါးတဲ့ နည်းတွေနဲ့ ဆက်ဆံခွင့်ရှိနေသလား။ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်း အတွက်အမှိုက်လား ကြိုက်သလိုလုပ်ခွင့်ရှိတဲ့အစမ်းသပ်ခံလား။သေချာတာကတော့ ရူးသွပ်နေတဲ့လူတစ်ယောက်က လူ့အဖွဲ့အစည်းကိုဘာဒုက္ခမှ မပေးတာပါပဲ။ စံနှုန်းတွေလက်ဝယ်ပိုက်ပြီး လူကြီးလူကောင်းဂိုက်နဲ့နေနေတဲ့လူတချို့ ကသာ လူ့အဖွဲ့အစည်းအတွက်အမှိုက်လိုလူတွေ လူအဖွဲ့အစည်းကိုဒုက္ခပေးပြီး သူတို့ စိတ်ပျော်ရွှင်ရာအတိုင်းလုပ်ဆောင်နေကြတဲ့လူတွေပါ။ ဒီကားလေးထဲမှာ ဝိဉာဉ်တွေကို မြင်ရလို့ အရူးလို့သတ်မှတ်ခံရပြီး စိတ္တဇဆေးရုံကိုအပို့ခံခဲ့ရတဲ့ ယူဂျင်းကလဲရ်၊၊ စိတ္တဇဆေးရုံမှာ လူကြီးလူကောင်းတချို့ရဲ့ အစမ်းသပ်ခံအရုပ်လေးတွေလို စိတ်ဖြေရာ အရုပ်လေးတွေလိုပြုသမျှနုနေကြရတဲ့ အရူးလို့သတ်မှတ်ခံအမျိုးသမီးလေးတွေရဲ့ဘဝကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (2.73 GB) / (663 MB) / (406 MB) Quality – Web-DL 1080p / 720p/480p Duration - ...
movie

The Mad Women’s Ball (2021)

2021
Fresh (2022) 6.7
Fresh (2022) IMDb Rating (6.7) / Rotten Tomatoes (81%)Horror/ Thriller ကားကောင်းတွေရှားလာတဲ့ခေတ်မှာ ဒီလို နိုင်ငံတကာ Rating မြင့်တဲ့ ကားမျိုးကို Horror/Thriller ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါ..ဒီထဲက မင်းသား Sebastian Stan ကိုတော့ Captain America ဇာတ်ကားထဲက Winter Soldier အဖြစ် လူသိများကြပါတယ်။ဇာတ်ကားကစကြည့်တည်းက စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့ဇာတ်အိမ်မျိုးဖြစ်ပြီး တောက်လျှောက် သိချင်စိတ်အပြည့်နဲ့ ရင်တုန်ပြီးကြည့်ရမယ့်ကားမျိုးပါ။ ဒီဇာတ်ကားဟာ လူသတ်ကားဖြစ်တဲ့အပြင် Hannibal လိုမျိုး လူသားစားတဲ့ဓလေ့ Cannibalism လည်းပါတဲ့ကားပါ။ ရှယ်ကြည့်လို့ကောင်းတဲ့ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်...နိုရာဆိုတဲ့ကောင်မလေးဟာ တစ်ကိုယ်ရေ တစ်ကာယ တစ်ယောက်တည်းနေရတဲ့သူလေးပါ။ ဒီတော့ ဒိတ်တွေခဏခဏဒိတ်ပြီး လက်တွဲဖော်ကောင်းကောင်းလေးကို လိုက်ရှာနေပေမဲ့ သူနဲ့သဟဇာတဖြစ်တဲ့သူကို တစ်ခါမှမတွေ့ရသလို၊ ဒိတ်ရတာတွေကိုလည်း မုန်းနေတဲ့ကောင်မလေးပါ။ အချစ်ဆုံးသူငယ်ချင်း မော်လီနဲ့ သူဒိတ်ခဲ့ရတဲ့ ဒိတ်တွေအကြောင်း‌ ပြန်ပြောင်းပြောပြလေ့ရှိပြီး တစ်နေ့မှာတော့ စီစဉ်ပြီး ဒိတ်တဲ့ ...
movie

Fresh (2022)

F.I.R (2022) 8.1
F.I.R (2022) FIR 2022IMDb 8.1Action/ Triller၂၀၂၂ ခုနှစ်ရဲ့အက်ရှင်ကားတွေထဲမှာ ရှယ်ကောင်းတဲ့ကားလေးကိုပြပါဆို ဒီကားလေးကထိပ်ဆုံးကပါလိမ့်မယ်ဗျ။ ဇာတ်လမ်းလေး‌တွေက ရှယ်ကောင်းပါလျက်နဲ့မင်းသားနဲ့လူကြမ်းတွေဖိုက်တဲ့အခါ အဝေးကြီးလွင့်ထွက်ထွက်သွားတဲ့ အိုဗာအက်ရှင်စတိုင်ကိုမကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်ရမယ့်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီလိုပြောလို့လည်း သူတို့ရဲ့အဝေးကြီးလွင့်ထွက်သွားတဲ့ရိုက်ချက်တွေမလှဘူးလို့ပြောတာတော့မဟုတ်ဘူးဗျ၊ ရိုက်ထားတာတွေ တော်တော်လှပါတယ်ဗျ။ ဒါပေမဲ့ဗျာ အပြင်မှာမှ တကယ်မဖြစ်နိုင်တာပဲ။ဒီသည်းထိတ်ရင်ဖိုအက်ရှင်ကားလေးထဲမှာတော့ ဘာအိုဗာအက်ရှင်ချခန်းမှမပါသလို ဝှီးဆို၁၅ ပေလောက်မလွင့်သွားတဲ့အပြင် အနောက်တိုင်းကားတွေနီးပါး ရှယ်ကောင်းတဲ့ချခန်းတွေကို ပါတာပါ။ကျွန်တော်ကြည့်ချင်တဲ့အိန္ဒိယကားတွေ တမီးလ်ကားတွေရဲ့ချခန်းတွေဆိုတာဒီကားထဲကလိုမျိုးဗျ။ ဒီတော့ဗျာ ဇာတ်လမ်းဇာတ်ကွက် ဇာတ်အိမ်ကြီးကရှယ်ခိုင်တဲ့အပြင် အက်ရှင်ခန်းတွေရှယ်ကောင်းလှတဲ့ ဒီကားလေးကိုတော့ လူကြီးမင်းတို့‌အနေနဲ့ လက်လွတ်မခံသင့်ဘူးလို့ထင်ပါတယ်။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင် အီဖန်အာမက်‌ဆိုတဲ့ ဓာတုအင်ဂျင်နီယာလေးဟာမွတ်စလင်ဖြစ်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာတကာမှာ ရှယ်အနှိမ်ခံနေရတာက စပါတယ်။အိန္ဒိယရဲ့ ဒီဘာသာရေးပြဿနာတွေအကြောင်း‌ကတော့ ကျွန်တော်မပြောပြလည်း အားလုံးသိကြမယ်ထင်ပါတယ်။ဒီလိုနဲ့ သူဟာ သူ့ရဲ့ဓာတုအင်ဂျင်နီယာအလုပ်ရဲ့ကိစ္စတစ်ခုလုပ်ပြီးလို့ လေဆိပ်ကနေ အိမ်ပြန်မယ်လုပ်တဲ့အချိန်မှာသူဖုန်းပျောက်သွားပါတော့တယ်။ ပျောက်သွားတဲ့သူ့ဖုန်းကို လေဆိပ်ရဲတွေက မရှာပေးတဲ့အပြင်လေယာဉ်ပေါ်အတက်မခံတဲ့အခါ သူကဗုံးခွဲမယ့်သူများမှတ်နေလို့လားလို့စိတ်ပေါက်ပေါက်နဲ့ပြောမိတဲ့အခါသူ့ကိုဖမ်းလိုက်ပြီး စစ်ဆေးကြ၊ အပြစ်မရှိတော့မှ ပြန်လွှတ်ကြပါတယ်။ဒါပေမဲ့ ပြန်လွှတ်နေတုန်းမှာပဲ အဲလေဆိပ်မှာ တကယ်ဗုံးတစ်လုံးပေါက်ကွဲသွားတဲ့အပြင်ဗုံးထိန်းတဲ့ဖုန်းကလည်း သူ့ဖုန်းဖြစ်နေတဲ့အခါ သူ့ကို အိုင်အက်စ်အဖွဲ့ဝင်ဖမ်းထားလိုက်ကြပါတော့တယ်၊ဒီတော့ အီဖန်ရဲ့ဖုန်းဟာ ဘယ်လိုလုပ်အဲလိုဖြစ်သွားရတာလဲ၊ အီဖန်ဟာတကယ်ပဲအိုင်အက်စ်အကြမ်းဖက်သမားလား၊ ...
movie

F.I.R (2022)

2022
4K HEVC Web-DL
Exploited (2022)
Exploited (2022) လူတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးနဲ့ ဆက်သွယ်လာနိုင်ပေမဲ့ တကိုယ်ရေပေါင်းသင်းရေးနဲ့ အပြင်လောကမိတ်ဆွေဖွဲ့ရေးတွေမှာတော့ အလုံးစုံကျရှုံးရပါတယ်။ ဆိုရှယ်မီဒီယာအကောင့်ပေါ်မှာ သူငယ်ချင်းထောင်နဲ့ချီပြီးရှိပေမဲ့ ပြင်ပလောကမှာတော့ အထီးကျန်ရှာတဲ့သူတွေဟာ ကွန်ပျူတာစခရင်ရှေ့မှာပဲ အချိန်ဖြုန်းကြရရှာတာပေါ့။အဲဒီအခါမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဝက်ဘ်ကမ် ဖျော်ဖြေရေးသမားဆိုတာ ပေါ်လာပါလေရော။ သူတို့ဟာ တဖက်လူကပေးတဲ့ငွေကြေးအပေါ်မူတည်ပြီး ဝန်ဆောင်မှုတွေပေးကြပါတယ်။ လိင်ကိစ္စ အဖော်အချွတ်တွေ၊ အားပေးစကားပြောတာတွေ၊ သူတပါးကို မြှောက်ပင့်ပြောဆိုပေးရတာတွေ။ တစ်ခါတလေမှာ သူတို့ကိုပေးတဲ့ငွေကြေးက သိပ်များသလောက် ပြန်လုပ်ပေးရတဲ့အရာတွေကလည်း တရားလွန်လာပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်ကားအသစ်လေးကတော့ ၂၀၂၂ ခုနှစ်ထွက် horror, crime, student Life ဇာတ်လမ်းလေးပါ။ စတာလင်တက္ကသိုလ်ကို ကျောင်းသားသစ် ခပ်ရိုးရိုးလေးတစ်ယောက်အနေနဲ့ ရောက်ရှိလာတဲ့ ဘရိုင်ယန် ဆိုတဲ့ကောင်လေး မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းသားကြီးတွေကြား ဟိုလိမ့်ဒီလိမ့်ပေါ့။သူ့အခန်းဖော်ဆီက မန်မော်ရီစတစ် တစ်ချောင်း မှားဖွင့်မိရာကနေ သူနဲ့ သူ့အစ်ကို ပါဝင်ပက်သက်မိတဲ့ ဇာတ်ရှုပ်ကြီးကို ဖြေရှင်းကြရတာပါ။ တယောက်ယောက်ကတော့ ကျောင်းသားတွေရဲ့ ကွန်ပျူတာတွေကို ဟက်ခ်ပြီး ...
movie

Exploited (2022)