Channel Myanmar

Special Package

Friday the 13th: A New Beginning (1985) 4.7
Friday the 13th: A New Beginning (1985) Friday the 13th: A New Beginning (1985)ငါးကားမြောက် ဇာတ်လမ်း။ ဂျေဆင်အတွက်တော့ မျက်နှာပျက်စရာပဲဗျာ။ တကယ်။ကလေးတန်မဲ့နဲ့ ဂျေဆင်ကို အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တဲ့ တွန်မီဟာ စိတ္တဇညတွေကျော်ဖြတ်ရင်း အရွယ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ စိတ်ရောဂါကုဆေးရုံမှာပဲ အရွယ်ရောက်ခဲ့ရတာမျိုးပါ။ဒီတော့ အရူးဆေးရုံတွေ ပြောင်းရင်းနဲ့ ဂျေဆင် နေတဲ့နေရာနားကိုပဲ ပြန်ရောက်လာပြန်တာပေါ့။ ဒီလိုနဲ့ အရူးတွေကြားထဲမှာ ဖြတ်သန်းရင်း အရူးတစ်ယောက်က အရူးတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရတဲ့မြင်ကွင်းက အားလုံးကို ခြောက်ခြားသွားစေတယ်။ဒီလိုနဲ့ သူတို့အဖွဲ့ရယ်၊ ခပ်ကဲကဲ လိင်မှုကိစ္စ အရူးအမူးလုပ်ကြတဲ့ စုံတွဲတွေရယ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် သေချင်းဆိုးနဲ့ သေကုန်ကြပြန်ပါပြီ။တွန်မီက သူသတ်ခဲ့တဲ့ ဂျေဆင်ကို နောက်တစ်ခါ ပြန်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ အဆုံးစွန် ပြန်ခံစားရပြီး အဆိပ်ကိုအဆိပ်နဲ့ကုလိုက်သလိုပဲ သူ့စိတ်ဝေဒနာတွေ သက်သာသွားတယ်ပေါ့။ ဒီလိုနဲ့ လူသတ်သမားကြီးကို ဝိုင်းဝန်းရင်ဆိုင်ကြရင်းနဲ့ ဂျေဆင်ကြီး မျက်နှာဖုံးကျွတ်သွားတဲ့အခါမှာ မထင်တာတွေ ဖြစ်လာပါလေရော။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Friday the 13th: A New Beginning (1985)

1985
Hellraiser III: Hell on Earth (1992) 5.5
Hellraiser III: Hell on Earth (1992) Hellraiser III: Hell on Earth (1992)Hellraiser Franchise ရဲ့ တတိယမြောက်ဇာတ်ကားကတော့ ပိုပြီး ဇာတ်လမ်းက မြိုင်လာပါတယ်။ ရှေ့နှစ်ကားနဲ့ ဆက်စပ်နေတယ်ဆိုပေမဲ့ နည်းနည်းတော့ ဝေးသွားပါတယ်။ဒီတစ်ခါမှာတော့ လူတွေကို ငရဲကိုခေါ်သွားပြီး၊ ငရဲကို ရောက်သွားတာမဟုတ်ဘဲ ငရဲက ကမ္ဘာပေါ်ကိုရောက်လာတာပါ။ Cenobite တွေထဲက ဆရာကြီး Pinhead ရဲ့ လူသားစိတ်လုံးဝမရှိတော့ဘဲ ရက်စက်မှုတွေပြည့်နေတဲ့ အပိုင်းက ကမ္ဘာပေါ်ကို ရောက်လာပါတယ်။လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ သာယာမှုအသစ်အဆန်းတွေကို ရှာဖွေလိုတဲ့စိတ်က သူ့ကို ပြန်အသက်သွင်းပေးလိုက်တဲ့အချိန်မှာ ငရဲကအလုပ်တွေကို ကမ္ဘာပေါ်မှာ ဆက်လုပ်ဖို့ ကြိုးစားပါတော့တယ်။ဒါရိုက်တာကတော့ House of Wax ရဲ့ မူရင်းဇာတ်ကား Waxwork (1988) ကို ဖန်တီးခဲ့သူ Anthony Hickox ပါ။ ရှေ့နှစ်ကားနဲ့ ယှဉ်ရင်တော့ သူက အလယ်မှာ ထားရမယ်ထင်ပါတယ်။ Star Trek: ...
movie

Hellraiser III: Hell on Earth (1992)

1992
Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Hellbound: Hellraiser II (1988) 6.4
Hellbound: Hellraiser II (1988) Hellbound: Hellraiser II (1988)~ IMDb - 6.4/10, RT - 53%, Meta - 41% ~Hellraiser Franchise ရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Hellbound: Hellraiser II ပါ။ ပထမဇာတ်ကားနဲ့ တိုက်ရိုက်ဆက်ထားပြီး ဆီနိုဘိုက်တွေအကြောင်း ပိုပြီးပါလာပါပြီ။ ဆီနိုဘိုက်တွေဘယ်မှာနေတယ်ဆိုတာရယ် ဘာကောင်တွေဆိုတာရယ် သူတို့အထက်မှာ ဆရာကြီးတစ်ယောက်ရှိသေးတယ်ဆိုတာကို သိလာရမှာပါ။ပဟေဠိသေတ္တာက တစ်ခုတည်းရှိတာမဟုတ်ဘဲ အများကြီးရှိတာကို စသိလာရပြီး သေတ္တာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရည်ရွယ်ချက်တွေကို ပြပေးထားပါတယ်။ အကြောင်းစုံမသိရလို့ ယောင်လည်လည် နည်းနည်းဖြစ်နေဦးမယ်ဆိုပေမဲ့ သီးခြား Horror ဇာတ်ကားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကြည့်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ မူရင်း စာရေးဆရာ Clive Barker က လက်ရှောင်ထားပြီး ဇာတ်ညွှန်းရေးဆရာ Tony Randel က လက်စွမ်းပြထားပါတယ်။ပထမကားထက် ဇာတ်ဝင်ခန်းတွေက ပိုကြမ်းတယ်လို့ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကတော့ ...
movie

Hellbound: Hellraiser II (1988)

1988
Friday the 13th Part III (1982) 5.6
Friday the 13th Part III (1982) Friday the 13th Part III (1982)ဒီဇာတ်ကားက ဂျေဆင် ရဲ့ သုံးကားမြောက်ဖြစ်ပြီး သူ့ရဲ့ ဝိသေသဖြစ်တဲ့ ဟော်ကီမျက်နှာဖုံးကို ရသွားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ထုံးစံအတိုင်း သွေးရဲရဲ သံရဲရဲ သတ်ဖြတ်မှုနဲ့ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေကတော့ ဖောဖောသီသီ မြင်နေရဦးမှာပါပဲ။ဒုတိယဇာတ်ကားမှာ ဂျေဆင်ကို အနိုင်ယူနိုင်ခဲ့ပေမဲ့ လူသေတွေကြားမှာ သွေးပျက်ခဲ့ရသူ ခရစ်က ခရစ်စတယ်ရေကန်စခန်းကို ပြန်လာခဲ့ပါတယ်။ သူခံစားရတဲ့ စိတ်ဒဏ်ရာကို ပြန်လည်ကုစားဖို့ သူရှောင်နေတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်တိုးဝင်ခဲ့တာပါ။ဆိုင်ကယ်ဂိုဏ်းဝင်နှစ်ယောက်ကိုသတ်ပြီး ဟော်ကီမျက်နှာဖုံးရသွားတဲ့ ဂျေဆင်ဗော်ဟီးက သေမင်းတိုင်းပြည်ကနေ မရဏလမ်းအတိုင်း အကြိမ်ကြိမ်ပြန်လာပြီး လူတွေကို သတ်ဖြတ်တတ်သူပီပီ ခရစ်စတယ်ရေကန်စခန်းနားကလူတွေကို အမဲလိုက်သတ်ဖြတ်နေပါတယ်။ဂျေဆင်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ကို နှိမ်နင်းခဲ့သူ ခရစ်ကိုပဲ နောက်တစ်ကြိမ် ပြန်ရင်ဆိုင်ရတဲ့အခါ ဟော်ကီမျက်နှာဖုံးစွပ်နဲ့ လူသတ်သမားကြီး ဘယ်လိုမျိုးအကွက်တွေနဲ့ လူသတ်ပြဦးမလဲဆိုတာ ဒီကားမှာ ဆက်ကြည့်ကြပါဦးစို့။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ...
movie

Friday the 13th Part III (1982)

1982
Hellraiser (1987) 6.9
Hellraiser (1987) Hellraiser (1987)~ IMDb - 6.9/10, RT - 70%, Meta - 56% ~Hellraiser Franchise ကြီးရဲ့ မူလဘူထ ပထမဆုံး ဇာတ်ကားဖြစ်ပါတယ်။ အကျော်ကြားဆုံး Horror Icon တွေထဲက တစ်ယောက်ဖြစ်တဲ့ Pinhead ဆိုတဲ့ ခေါင်းမှာ အပ်တွေစိုက်ထားတဲ့လူကြီးကို ပိတ်ကားပေါ်မှာ စတွေ့ရတဲ့ဇာတ်ကားဖြစ်ပြီး ဘတ်ဂျက် တစ်သန်းလောက်ပဲရင်းထားပေမဲ့ အမြတ်ငွေ အဆ ၂၀ ပြန်လည်ရရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။The Hellbound Heart ဆိုတဲ့ Horror ဝတ္ထုတိုကို ရုပ်ရှင်အနေနဲ့ စာရေးသူ Clive Baker က ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားတာပါ။ ဒီပထမဆုံး ဇာတ်ကားကတော့ နောက်လာမယ့် ဇာတ်လမ်းတွေရဲ့ မိတ်ဆက်လို့ပြောရမလားပဲ ပဟေဠိသေတ္တာနဲ့ အဲဒီသေတ္တာက ဘာတွေလုပ်လို့ရတယ်ဆိုတာကို အနည်းအကျဉ်းမိတ်ဆက်တယ်။ဆီနိုဘိုက် (Cenobites) တွေနဲ့မိတ်ဆက်ပေးတယ်။ ဘာကောင်တွေ ...
movie

Hellraiser (1987)

1987
Friday the 13th Part 2 (1981) 6.1
Friday the 13th Part 2 (1981) Friday the 13th Part 2 (1981)ဂျေဆင် ဟာ တကယ်တမ်းမှာ သူ့ရဲ့ ဘူမိနက်သန်နေရာ ခရစ်စတယ်ရေကန်ကနေ ခွာတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါမှာတော့ အငြိုးတစ်ခုနဲ့ ခရစ်စတယ်ရေကန်ကနေ ခွာခဲ့ဖူးပါတယ်။ဂျေဆင်က သူကျွမ်းကျင်လှတဲ့ သူ့နေရာမှာပဲ စနစ်တကျ အကွက်ချပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်တတ်သူပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ဂျေဆင် တစ်ယောက် သူ့နေရာကထွက်ခွာပြီး အမျိုးသမီးတစ်ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ဒီဇာတ်ကားက ဂျေဆင် ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဂျေဆင် ကိုယ်တိုင် လှလှပပကြီး အသုံးတော်ခံတဲ့ ဇာတ်ကားစစ်စစ် ဖြစ်လာခဲ့ပါပြီ။ မိခင်အတွက် သူ့ရဲ့လက်စားချေမှုက ပြောင်မြောက်ရက်စက်လွန်းခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ရေနစ်ရာက မသေဘဲလွတ်မြောက်လာပြီး တောထဲမှာ အရိုင်းကောင်လိုကြီးပြင်းလာတဲ့သူလား... သေဆုံးပြီးနောက် အငြိုးတွေနဲ့ ပြန်နိုးထလာတဲ့ ဝိညာဉ်သတ္တဝါလား... မသဲကွဲတဲ့ ဂျေဆင်ကတော့ လူသတ်သမား လုပ်ကြံသူကြီးဆိုတာတော့ သေချာလွန်းခဲ့ပါတယ်လေ။အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရင် သူ့လက်ရာက အနုပညာမြောက်သတဲ့။ ...
movie

Friday the 13th Part 2 (1981)

1981
Rumble in the Bronx (1995) 6.7
Rumble in the Bronx (1995)  ၁၉၉၅ ခုနစ်မှာရိုက်ကူးခဲ့တဲ့ မင်းသားကြီး Jackie Chan ရဲ့ဇာတ်လမ်းအဟောင်းလေးပါ ထုံးစံအတိုင်းပဲ ဟာသ အက်ရှင် စတန့်ပေါင်းများစွာနဲ့Jackie Chan ပရိတ်သတ်တွေအကြိုက်တွေ့ကြမှာကျိန်းသေပါတယ် ဒေါ်လာ ၇သန်းခွဲအကုန်အကျခံရိုက်ကူးခဲ့ပြီး သန်း ၃၂၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ နာမည်ကျော်ဇာတ်ကားကောင်းတခုလဲဖြစ်ပါတယ်ဟောင်ကောင်ကကွန်ဖူးချန်ပီယံကောင်လေးတယောက်ဟာအမေရိကန် နယူးယောက်မှာအခြေချနေတဲ့ဦးလေးဖြစ်သူရဲ့ မင်္ဂလာဆောင်ကိုအလည်လာရင်း နယူးယောက် ရဲ့ ဘရွန့်စ်ရပ်ကွက်ထဲက လမ်းသူရဲများနဲ့ပြသနာဖြစ်မိရာကနေ ပိုကြီးတဲ့ ပြဿနာတောထဲရောက်သွားရာက သူဘယ်လို ရင်ဆိုင်မလဲဆိုတာ ကို စတန့်တွေ အထိုးအကြိတ် အက်ရှင်တွေ နဲ့ သွက်သွက်လက်လက် ရှုစားရမှာဖြစ်ပါတယ် File size…(1.65 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ye Wai Lynn Htut
movie

Rumble in the Bronx (1995)

1995
City Hunter (1993) 6.3
City Hunter (1993)  ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်း - မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ------------------------------------------------------------------------ဂျက်ကီချန်း Crazy တွေ ဒီကားသိမယ်လို့ထင်ပါတယ်.ကြည့်ဖူးတဲ့သူလည်းများမယ်ထင်ပါတယ်. 1993ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ဂျက်ကီချန်းရဲ့ ထုံးစံအတိုင်း ဟာသ နဲ့အက်ရှင် တွဲဖက်ရိုက် ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ငယ်ငယ်တုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ဇာတ်ကားလေးမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..ဇာတ်လမ်းအကျဉ်း - မန်ပေါ နဲ့ ကီမူရာတို့ဟာ လုပ်ဖော်ကိုင်ဖက်စုံထောက်၂ဦးပါ..တစ်နေ့မှာ ကီမူရာဟာ တာဝန်တစ်ခုထမ်းဆောင်ရင်းနဲ့ သေဆုံးခါနီးမှာ မန်ပေါ ကို သူ့တူမလေးကိုအပ်ခဲ့ပါတယ် သူ့တူမလေးနဲ့ မန်ပေါ တို့ ရဲ့ နောက်ပိုင်းဇာတ်လမ်းတွေကိုတော့ ဟာသနှောပြီးရိုက်ကူးထားပါတယ် ဆက်လက်ကြည့်ရှုကြပါ File size…(2.3 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Comedy, ...
movie

City Hunter (1993)

Mr. Nice Guy (1997) 6.2
Mr. Nice Guy (1997)  ဂျက်ကီချန်း တဖြစ်လည်း ဂျက်ကီဟာ ဟင်းချက်တဲ့တီဗွီအစီအစဉ်မှာ နာမည်ကျော်ကြားတဲ့ စားဖိုမှူးတစ်ယောက်ပါ။ တနေ့မှာ သူဟာ ဈေးဝယ်သွားရင်း အမျိုးသမီးတစ်ယောက် လူဆိုးတွေဆီက ထွက်ပြေးနေတာတွေ့လို့ လွတ်မြောက်အောင် ကူညီလိုက်ပါတော့တယ်။ ဒီအမျိုးသမီးကတော့ ဒိုင်ယာနာဖြစ်ပြီး သူမဟာ တီဗွီသတင်းထောက်ဖြစ်ပါတယ်။သူဟာ မူးယစ်ဆေးကုန်သွယ်တဲ့မူးယစ်ဘုရင်ကြီး တစ်ယောက်ဖြစ်တဲ့ ဂျင်ကာလိုတို့ မူးယစ်ဆေးအပေးအယူလုပ်နေတာကို ဗွီဒီယိုရိုက်ယူထားလို့ ဂျင်ကာလိုတို့နှင့် ဂျင်ကာလိုတို့ကိုငွေညစ်ချင်နေတဲ့ နတ်ဆိုးဂိုဏ်းတို့က ဒီဗွီဒီယိုကို ပြန်ယူဖို့အတွက် သူ့နောက်လိုက်နေခြင်းဖြစ်ပါတယ်။ဒါကို ဂျက်ကီက ဘုမသိဘမသိ ကူညီလိုက်ရာကနေ သူပါ လူဆိုးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြီး သူနှင့် သူချစ်ခင်တဲ့မိတ်ဆွေတို့ပါ အန္တရာယ်ကျရောက်လာပါတော့တယ်။ဒီတော့ ဂျက်ကီတစ်ယောက် မူးယစ်ဆေးဘုရင်ဆီကရော နတ်ဆိုးဂိုဏ်းဆီကပါ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဒီအမှုကို သူတတ်စွမ်းသမျှ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဟောင်းပေမယ့် ရွှေဖြစ်တဲ့ ဂျက်ကီချန်းကားလေးကို ဘရားသားတို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ File size…(1.6 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle ...
movie

Mr. Nice Guy (1997)

1997
Police Story 4: First Strike 6.6
Police Story 4: First Strike  ဒီကားလေးမှာတော့ ဂျက်ကီချန်းတစ်ယောက်ဟာ စီအိုင်အေနဲ့အလုပ်တွဲလုပ်ရပြီး နျူးကလီးယား လက်နက်မှောင်ခိုရောင်းချမှုနဲ့ ပါဝင်ပတ်သက်နေနိုင်တဲ့ အမျိုးသမီးဖြစ်တဲ့ နာတာရှာကို ဟောင်ကောင်ကနေ ယူကရိန်းကိုသွားတဲ့ခရီးစဉ်မှာ လိုက်ပါစောင့်ကြည့်ဖို့ ရိုးရှင်းတဲ့တာဝန်ပေးလိုက်ပါတယ်။ယူကရိန်းရောက်ပြီး ဂျက်ကီရဲ့တာဝန်ပြီးသွားပေမယ့် ယူကရိန်းစစ်တပ်က နာတာရှာကိုဖမ်းသွားရာကနေ ဂျက်ကီတစ်ယောက် သူမကို လိုက်ကယ်ရင်းနဲ့ နာတာရှာဟာ အမည်မသိ အာရှအမေရိကန်အမျိုးသားတစ်ယောက်နဲ့ အလုပ်တွဲလုပ်နေကြောင်း သိလိုက်ရပါတယ်။ဒီလိုနဲ့ ဂျက်ကီတစ်ယောက် စီအိုင်အေ ရှရုားတို့ပါဝင်ပတ်သက်နေတဲ့အမှုကို မဆီမဆိုင်ရောပါသွားရာကနေ အမည်မသိအာရှအမေရိကန်က ဘယ်သူလဲ နျူးကလီးယားလက်နက်ကို မသမာသူလက်ထဲမရောက်အောင်၊ နိုင်ငံရေးလှည့်ကွက်ကြားက မသမာသူက ဘယ်သူလဲဆိုတာ သိအောင်ဖော်ထုတ်ဖို့ အမှုကို ကြိုးစားဖြေရှင်းမယ့် အက်ရှင်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ လက်မနှေးဘဲ ကြည့်လိုက်ကြပါဦးခင်ဗျာ။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(2.9 GB)/(1.25 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Police Story 4: First Strike

1996
Supercop 2 (1993)
Supercop 2 (1993)  ဒီကားလေးကတော့ ပထမကား Super Cop 1 ရဲ့ အဆက် ဂျက်ကီချန်း နဲ့ မီရှယ်ယို တို့ရဲ့ကားလေးပါပဲ........ဒီကားလေးထဲမှာတော့ မီရှယ်ယို က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့ ချစ်သူဟောင်း ရဲအရာရှိက ဘက်ပြောင်းပြီး ရာဇဝတ်သားဖြစ်သွားလို့ အချစ်နဲ့ တာဝန်ကြား ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရင်ဆိုင်ဖြေရှင်းရတဲ့ ကားကောင်းလေးတစ်ကားပါပဲ.......အတိုက်အခိုက်တွေ ဟာသတွေ နဲ့ တင်ဆက်နေကျ ဂျက်ကီချန်းကားလေးတွေထဲမှာ ဒီကားလေးကတော့ ဝမ်နည်းလွမ်းဆွတ်စရာလေးတွေပါ ရောယှက်ထားလို့ ကြည့်ကောင်းနေမှာတော့ အသေအချာပါပဲ....... File size…( 890 Mb) Quality….DVDrip 480p Format…mp4 Duration….01:44:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Supercop 2 (1993)

Armour of God II: Operation Condor (1991) 7.2
Armour of God II: Operation Condor (1991)  Amour of God II ကတော့ 1991 ခုနှစ်မှာ ထွက်ခဲ့ပါတယ်ဒီတစ်ခါတော့ ဂျက်ကီတစ်ယောက် အပန်းဖြေနေရာကနေ တာဝန်နဲ့ ပြန်ခေါ်ခံရပါတယ်အာဖရိကသဲကန္တာရထဲမှာ ဂျာမနီစစ်တပ်တွေ ဒုတိယကမ္ဘာစစ်တုန်းက မြှုပ်ထားခဲ့တဲ့ ရွှေတွေကို သွားရောက် တူးဖော်ဖို့ပါသူနဲ့အတူ ကန္တာရပညာရှင်မလေးတစ်‌ယောက်ကို အဖော်ထည့်ပေးလိုက်ပါတယ်နောက်တစ်ယောက်ကတော့ ရွှေတွေကို တာဝန်ယူမြှုပ်ခဲ့တဲ့ စစ်လက်ထောက်ကြီးရဲ့ မြေးဖြစ်သူ မိန်းကလေးကလည်းသူ့အဘိုး ဘဝခရီးဘယ်လိုအဆုံးသတ်ခဲ့သလဲဆိုတာကို အတည်ပြုဖို့အတွက် သူ့ဆန္ဒအလျောက် ရွှေတူးဖော်မယ့်ခရီးကို လိုက်ခဲ့ပါတယ်မိန်းကလေး ၂ ယောက်ရဲ့ အချင်းချင်း မတည့်တာလေးတွေ ဘုနဲ့ ဘောက်ဖြစ်ကြတာလေးတွေကိုဟာသလေး နှောပြီး ချစ်စရာကောင်းအောင် ရိုက်ကူးပြထားပါတယ်ဒါ့အပြင် အာဖရိကဘက်ကို ကျွမ်းကျင်တဲ့ ကောင်မလေးတစ်ယောက်နဲ့လည်း လမ်းမှာဆုံရာက အတူ ခရီးဆက်ဖြစ်ကြပါတယ်မချော ၃ ယောက် ဂျက်ကီတစ်ယောက် အခက်အခဲတွေကို ရင်ဆိုင်ပြီး ရွှေတွေရှိတဲ့နေရာကို ...
movie

Armour of God II: Operation Condor (1991)

Armour of God (1986) 7.1
Armour of God (1986) အခုတစ်ခါတော့ အဟောင်းထဲက အကောင်းလေး တစ်ခုဖြစ်တဲ့ ဂျက်ကီချန်းရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ1986 ခုနှစ်မှာ ထွက်ခဲ့တဲ့ Armour of God ပထမဆုံးဇာတ်ကားလေးပါဇာတ်လမ်းအကျဉ်းလေးနဲ့ အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်ခရစ်တော်မပေါ်မီ‌ တစ်ချိန်က မကောင်းဆိုးဝါးဂိုဏ်းတွေ လောကကြီးကို ကြီးစိုးဖို့ ကြိုးစားကြပါတယ်သူရဲ‌ကောင်းတွေက ဒီလိုမကောင်းဆိုးဝါးတွေကို တိုက်ပွဲဆင်နွှဲပြီး နောက်ဆုံးမှာ အနိုင်ယူခဲ့ပါတယ်အဲလိုတိုက်ပွဲမှာ သုံးခဲ့တဲ့ ဓားကို နတ်ဓားလို့ ခေါ်ဝေါ်ကြပါတယ်ကမ္ဘာ‌ပေါ်မှာ နတ်ဓားစုစုပေါင်း ၅ ချောင်း ရှိနေပါတယ်ဂျက်ကီချန်းက ၃ ချောင်းကို ရှာဖွေတွေ့ရှိပြီး ရောင်းစားထားပါတယ်အဲအချိန်မှာမကောင်းဆိုးဝါးဂိုဏ်းတစ်ခု ပေါ်ပေါက်နေပါတယ်ဒီဓားတွေကို အရယူပြီး ဖျက်စီးလိုက်နိုင်ရင် သူတို့ဘာသာသာသနာဟာ တည်တံ့ခိုင်မြဲပြီး သာယာဝပြောလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်ဒါကြောင့် နတ်ဓားတွေကို ရအောင်ယူနိုင်မယ့် ဂျက်ကီချန်းကို ပိုက်ဆံမပေးဘဲ ခိုင်းနိုင်ဖို့ရာ ဂျက်ကီ့ရဲ့ ငယ်ချစ်ဟောင်း ...
movie

Armour of God (1986)

Twin Dragons (1992) 6.5
Twin Dragons (1992)  ဂျက်ကီရဲ့အကောင်းဆုံးဇတ်ကားတွေထဲကတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ပရိတ်သတ်တွေရင်းနှီးပြီးသားဇတ်ကားလေးတစ်ကားပါပဲ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ကြတဲ့အမွှာညီအစ်ကိုနှစ်ယောက် တစ်ဦးကဂီတပညာရှင်ကြီး ကျန်တစ်ဦးကခပ်ဆိုးဆိုးဖိုက်တာလေးညီအစ်ကိုနှစ်ယောက် မတော်တဆပြန်ဆုံတွေ့မိကြပြီးတိုင်ပတ်ကြပုံအရူပ်တော် ပုံတွေကိုဟာသဆန်ဆန်မြင်တွေ့ကြရမှာပါဂျက်ကီရဲ့နှစ်ကိုယ်ခွဲအိုင်တင်အက်ရှင်အကြမ်းအရမ်းတွေကိုလည်းမြင်တွေ့ရမှာပါ ပြန်ကြည့်ချင်ပြီးသိမ်းထားချင်သူ တွေအတွက်ပြန်လည်တင်ဆက် ပေးလိုက်ပါတယ် File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield
movie

Twin Dragons (1992)

1992
Island of Fire – The Prisoner (1990)
Island of Fire – The Prisoner (1990)   ဒီကားလေးကတော့ ဟောင်ကောင်စတားတွေဖြစ်တဲ့ Jackie Chan ရယ် Andy Lau ရယ် Sammo Kam-Bo Hung (ဖက်တီးမင်းသား)တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ........ဇာတ်လမ်းလေးထဲမှာတော့ သူတို့တွေဟာ အကြောင်း အမျိုးမျိုးနဲ့ ထောင်ထဲကို ရောက်သွားကြတဲ့သူတွေပါ။ တစ်ယောက်ကို ပြဿနာတစ်ခုကြုံနေကြရတဲ့ သူတွေပေါ့။ ထောင်မှူးနဲ့ ထောင်စောင့်တွေကလည်း ထောင်သားတွေအပေါ် အနိုင်ကျင့်နှိပ်စက်လာဘ်စားနေကြတာပါ.... ဒီလိုနဲ့ ပြဿနာပေါင်းစုံတဲ့ ထောင်ကြီးထဲမှာ ပြဿနာပေါင်းစုံဖြစ်ကြပြီး တစ်ယောက်ပြီးတစ်ယောက် သေမိန့်ပေးခံလိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးလို့........ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:05:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Translated & Encoded by Garfield
movie

Island of Fire – The Prisoner (1990)

Dragons Forever (1988) 7.1
Dragons Forever (1988)     ဂျက်ကီလောင် (ဂျက်ကီချန်း) ဟာ အရည်အချင်းရှိတဲ့ရှေ့နေတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ ဓာတုဆေးဝါးထုတ်လုပ်တဲ့ကုမ္မဏီဘက်က ရှေ့နေလိုက်ပေးဖို့ဖြစ်လာပါတယ်။ ဝါကုမ္မဏီက စွန့်ပစ်တဲ့ ဓာတုအကြွင်းအကျန်တွေက ရေထဲစီးဆင်းလာပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မစ္စရီတို့အတွက် အကြီးအကျယ်ထိခိုက်စေပြီး ငါးတွေအမြောက်အမြားသေဆုံးရတဲ့အတွက် မစ္စရီတို့ ညီအစ်မက ဝါဓာတုဆေးဝါးကုမ္မဏီကို တရားစွဲပါတော့တယ်။ဒီအချိန်မှာ ဂျက်ကီက ဓာတုဆေးဝါကုမ္မဏီဘက်က ရှေ့နေလိုက်ပေးပြီး မစ္စရီရဲ့ ဝမ်းကွဲညီမ တဖြစ်လည်း ငါးလုပ်ငန်းဘက်ကရှေ့နေဖြစ်တဲ့ ဝမ်မေလင်းကို သဘောကျသွားပါတော့တယ်။ ဒီလိုနဲ့ တရားလိုရှေ့နေနှင့် တရားပြိုင်ရှေ့နေဖြစ်တဲ့ သူတို့နှစ်ယောက် ချစ်မိသွားကြမလား ဘယ်ဘက်က တရားနိုင်သွားမလဲ ဓာတုဆေးဝါးကုမ္မဏီနောက်ကွယ်မှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဂျက်ကီချန်းကားသဘာဝအတိုင်း ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော ကြည့်ရမယ့် ဟောင်ကောင်ဇာတ်မြူးလေးတစ်ပုဒ်ဖြစ်ပါတယ်။ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(4.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo
movie

Dragons Forever (1988)

1988