Channel Myanmar

Aitor Gabilondo

Muted (2023) 6.9
Muted (2023)  ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို အသစ်ထွက် Crime/Drama/Mysteryအမျိုးအစား စပိန် mini series လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးလေးထဲမှာတော့ မင်းသား Arón Piper (Eliteထဲက Ander Muñoz)နဲ့ မင်းသမီး Almudena Amor (The Good Boss)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ ဇာတ်လမ်းအကျဉ်း ဆယ်ဂီရိုဆိုတဲ့ကောင်လေးက အိုင်ကျူ ၁၅၄ ရှိပြီး ဉာဏ်ကောင်း ထက်မြက်လွန်းပေမယ့် အဖေနဲ့အမေကို ရက်ရက်စက်သတ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ပါ။ မိဘတွေကို ဝရန်တာကနေ တွန်းချခဲ့တာမို့ သူ့ကို ဝရန်တာလူသတ်သမားလို့ ခေါ်ခဲ့ကြတာပေါ့။မိဘတွေကို ရက်ရက်စက်စက်သတ်ခဲ့ပေမယ့် အမှုရင်ဆိုင်တဲ့အချိန်မှာ ဘာစကားတစ်ခွန်းမှ မဆိုဘဲ နှုတ်ဆိတ်နေခဲ့တာကြောင့် သူ့အမှုက ထွက်ဆိုချက်မရှိတဲ့ အမှုတစ်ခုအဖြစ် ထူးဆန်းတဲ့အမှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ မိဘတွေကိုသတ်မှုနဲ့ ထိန်းသိမ်းခံခဲ့ရပြီး ၆နှစ်အကြာမှာတော့ လျှော့ပေါ့ပြစ်ဒဏ်နဲ့ ဆယ်ဂီရိုတစ်ယောက် အကျဉ်းသားဘဝကနေ လွတ်ငြိမ်းခွင့်ရခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီလိုလွတ်လာတဲ့ ဆယ်ဂီရို့ကို ...
6.9
TMDb: 6.9/10 37 votes
tv

Muted (2023)

2023
Wrong Side of the Tracks – Season (01) 6.9
Wrong Side of the Tracks – Season (01) Wrong Side of the Tracks - Season (01) ============================ IMDb Rating - 6.9/10ဒီစီးရီးကတော့ ကိုယ့်စိတ်ထဲမှာ လူတစ်ယောက်ယောက်ကို ဆဲချင်ပြောချင်နေတယ်ဗျာ၊ သို့ပေငြား ထောက်ထားစရာတွေ ရှိနေလို့ ပြောမထွက်လိုက်ရဘူးဆိုတဲ့သူတွေ ကြည့်သင့်တယ် ဗျ။ ဒီထဲက ဘိုးတော်ကြီးက ပရိသတ်ကြီးတို့အတွက် အငှားဆဲ ပေးမဲ့လူမျိုးပေါ့။ ကျွန်တော်တို့ ရပ်ကွက်တွေထဲမှာဗျာ ဘာပြော ပြော ဘုကလန့်တိုက်တတ်တဲ့ လူ့ဂွစာအဘိုးကြီးတွေကို မြင်ဖူး ကြတယ်မလား။ ရပ်ကွက်နဲ့လည်းမတည့် သူ့မိသားစုနဲ့လည်း မတည့် အကုန်လုံးနဲ့ ပတ်ရန်ဖြစ်ပြီး သူပဲသိ သူပဲတတ်ဆိုတဲ့ အဘိုးကြီးတွေပေါ့။ဒီဘိုးတော်ကြီးကလည်း ဒီလိုပဲဗျ။ ဒါပေမဲ့ တစ်ခုရှိတာက သူက စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ ကပ္ပတိန်တစ်ယောက်တဲ့။ ဆိုတော့ ရပ်ကွက်ထဲမှာ စီကနဲဆို သေနတ်ကောက်ဆွဲပြီး ကြမ်း ပြတတ်တဲ့လူကြီးပေါ့ဗျာ။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး။ စကားအရာမှာလည်း တစ်ဖက်လူဆွဲထိုးချင်လောက်အောင်ကို တည့်တိုးတွေက အားမနာတမ်း ပြောတတ်သေးတာ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့မြေးမလေးရဲ့ အရှုပ်တော်ပုံကြီး သူ့ခေါင်းပေါ် ရောက်ချလာပြီး ရာဇဝတ်မှုတွေမှာ သူက ပါလေရာငပိချက်ကြီး စဖြစ်ပါလေရော။ဖြစ်ချင်တော့ ဘိုးတော်ကြီးရဲ့မြေးမက သူတို့မြို့က အကြီးဆုံး မူးယစ်ရာဇာဂိုဏ်းရဲ့ ဘိန်းဖြူတွေပျောက်ဆုံးသွားတဲ့အမှုမှာမှ အဓိကလက်သည်လေးတဲ့။ ရှင်းလေရှုပ်လေ ...
6.9
TMDb: 6.9/10 3500 votes
tv

Wrong Side of the Tracks – Season (01)

2022