Channel Myanmar

Alex Gregory

White House Plumbers (2023) 6.7
White House Plumbers (2023)  ၁၉၇၄ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင် နှုတ်ထွက်ပေးလိုက်ရတဲ့အထိ ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်မှန်ဝါးတားဂိတ်အရှုပ်တော်ပုံကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သမ္မတ ရစ်ချက်နစ်ဆင်ဟာ ၁၉၆၉ ခုနှစ် ကနေ ၁၉၇၂ ခုနှစ်ထိ သမ္မတရာထူးတစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် နောက်ထပ်တစ်ကြိမ် ပြန်အရွေးခံရဖို့အတွက် ကြိုးပမ်းရင်း ဒီဝါးတားဂိတ်အရှုပ်တော်ပုံဆိုတာ ပေါ်လာခဲ့ရခြင်းပဲဖြစ်ပါတယ်။ နစ်ဆင်အနိုင်ရဖို့ သမ္မတပြန်လည်ရွေးကောက်ရေးကော်မတီပါဖွဲ့ခဲ့ပြီး ပြိုင်ဘက်အမတ်လောင်းရဲ့ ဒီမိုကရက်တစ်ပါတီ နေရှင်နယ်ဌာနချုပ်ဖြစ်တဲ့ ဝါးတားဂိတ်အဆောက်အအုံကို ဖောက်ထွင်းဝင်ပြီး အသံဖမ်းစက်တွေတပ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ နစ်ဆင်ထောက်ခံသူ မျိုးချစ်နှစ်ယောက်ဖြစ်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်းဂေါ်ဒန်လစ်ဒီနဲ့ စီအိုင်အေအေးဂျင့်ဟောင်း ဟားဝပ်ဒ်ဟန့်တ်တို့က အဲဒီဖောက်ထွင်းမှုတွေကို ဦးဆောင်ခဲ့ပုံတွေအကြောင်း တင်ဆက်ထားပါတယ်။ နိုင်ငံရေးဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားပေမဲ့ စိတ်လှုပ်ရှားစရာအက်ရှင်ကားမျိုးအနေနဲ့ ကြည့်ရမှာမဟုတ်ဘဲ အေးဂျင့်၂ ယောက် ဝါးတားဂိတ်ရုံးခန်းထဲဝင်ရဖို့ အကြိမ်ကြိမ်ကျရှုံးပုံတွေကို ပြုံးချင်စရာကောင်းအောင်တင်ဆက်ထားတဲ့ သရော်ဇာတ်လမ်းမျိုး (Political Satire) ဖြစ်ပါတယ်။ HBO ကထုတ်ထားတာဖြစ်ပြီး Cast တွေကလည်း Now you see ...
6.7
TMDb: 6.7/10 32 votes
tv

White House Plumbers (2023)

2023