Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
David Bermejo
6.9
Wrong Side of the Tracks – Season (01)
Wrong Side of the Tracks - Season (01) ============================ IMDb Rating - 6.9/10ဒီစီးရီးကတော့ ကိုယ့်စိတ်ထဲမှာ လူတစ်ယောက်ယောက်ကို ဆဲချင်ပြောချင်နေတယ်ဗျာ၊ သို့ပေငြား ထောက်ထားစရာတွေ ရှိနေလို့ ပြောမထွက်လိုက်ရဘူးဆိုတဲ့သူတွေ ကြည့်သင့်တယ် ဗျ။ ဒီထဲက ဘိုးတော်ကြီးက ပရိသတ်ကြီးတို့အတွက် အငှားဆဲ ပေးမဲ့လူမျိုးပေါ့။ ကျွန်တော်တို့ ရပ်ကွက်တွေထဲမှာဗျာ ဘာပြော ပြော ဘုကလန့်တိုက်တတ်တဲ့ လူ့ဂွစာအဘိုးကြီးတွေကို မြင်ဖူး ကြတယ်မလား။ ရပ်ကွက်နဲ့လည်းမတည့် သူ့မိသားစုနဲ့လည်း မတည့် အကုန်လုံးနဲ့ ပတ်ရန်ဖြစ်ပြီး သူပဲသိ သူပဲတတ်ဆိုတဲ့ အဘိုးကြီးတွေပေါ့။ဒီဘိုးတော်ကြီးကလည်း ဒီလိုပဲဗျ။ ဒါပေမဲ့ တစ်ခုရှိတာက သူက စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ ကပ္ပတိန်တစ်ယောက်တဲ့။ ဆိုတော့ ရပ်ကွက်ထဲမှာ စီကနဲဆို သေနတ်ကောက်ဆွဲပြီး ကြမ်း ပြတတ်တဲ့လူကြီးပေါ့ဗျာ။ ဒါတင်ပဲလားဆိုတော့ မကသေးဘူး။ စကားအရာမှာလည်း တစ်ဖက်လူဆွဲထိုးချင်လောက်အောင်ကို တည့်တိုးတွေက အားမနာတမ်း ပြောတတ်သေးတာ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့မြေးမလေးရဲ့ အရှုပ်တော်ပုံကြီး သူ့ခေါင်းပေါ် ရောက်ချလာပြီး ရာဇဝတ်မှုတွေမှာ သူက ပါလေရာငပိချက်ကြီး စဖြစ်ပါလေရော။ဖြစ်ချင်တော့ ဘိုးတော်ကြီးရဲ့မြေးမက သူတို့မြို့က အကြီးဆုံး မူးယစ်ရာဇာဂိုဏ်းရဲ့ ဘိန်းဖြူတွေပျောက်ဆုံးသွားတဲ့အမှုမှာမှ အဓိကလက်သည်လေးတဲ့။ ရှင်းလေရှုပ်လေ ...
6.9
TMDb:
6.9/10
3500 votes
tv
Wrong Side of the Tracks – Season (01)
2022