Channel Myanmar

Guido Iuculano

The Law According to Lidia Poët (2023) 7.5
The Law According to Lidia Poët (2023) The Law According to Lidia Poët (2023) ============================ IMDb Rating 7.5/10 Rotten Tomatoes 86%သွယ်ဝိုက်နာမည်တပ်ရမယ်ဆိုရင် "ရှေ့နေမလေးလေဒီယာနှင့် သူ၏အမှုတွဲများ"ပေါ့။ဒီဇာတ်လမ်းတွဲဟာ နာမည်လေးဖတ်ကြည့်ပြီး အရမ်းရိုးရှင်းမယ်၊ ပေါ့ပေါ့ပါးပါးလေးပါလို့ ထင်ရသလောက်ကို မရိုးရှင်းတဲ့၊ မပေါ့ပါး လှတဲ့ စီးရီးတစ်ခုပါ။ အီတလီတင်မက ကမ္ဘာနဲ့ချီပြီး ဒီစီးရီး ရေပန်း စားနေရတဲ့ အဓိကအကြောင်းအရင်း‌တွေထဲက တစ်ခုကတော့ တ ကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာကြောင့်ပဲ ဖြစ်လိမ့်မယ်ထင် ပါတယ်။ဤလောကမြေကမ္ဘာမှာ ကြီးမားလှတဲ့ ပြောင်းလဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။ ယခုနှစ်ဆိုရင်လည်း AI တွေ ထွန်းကားတော့မယ့် နှစ်ပဲ ဆိုပါတော့ဗျာ။ ဒီလိုပြောင်းလဲမှုပေါင်းများစွာထဲမှာ အသိမ်မွေ့ဆုံးနဲ့ အလှပဆုံးပြောင်းလဲမှုကို ပြောပါဆိုရင် ဖိုဝါဒီကို တိုက်ထုတ်ဖို့ကြိုး စားခဲ့ကြတဲ့ အမျိုးသမီးထုကြီးတွေရဲ့ကြိုးပမ်းမှုတွေ ဖြစ်လိမ့်မယ်။ ဒီအမျိုးသမီးတွေဟာ သဘာဝတရားကြီးကြောင့် အားနည်းတဲ့ပုံပေါ် နေကြသော်ငြား၊ အမှန်တကယ်အားနည်းကြသော်ငြား မာကြောဖို့ လိုလာပြီဆိုရင်လည်း သူမတူအောင်မာကျောနိုင်စွမ်းရှိကြတယ်ဆို တာကို နိုင်ငံအနှံ့အပြားက အမျိုးသမီးတွေရဲ့ကြံ့ကြံ့ခံတွန်းလှန်ခဲ့မှု တွေက သက်သေပြခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်။ဒါဆို ဒီစီးရီးကရော ဘယ်ရပ်ဘယ်ဝန်းကျင်မှာ အမျိုးသမီးတွေဘယ်လို ရုန်းကန်ရတာလဲဆိုတာကို ခန့်မှန်းမိကြလိမ့်မယ်ထင်ပါတယ်။ လေဒီ ယာဟာ ဥပဒေအရာရှိကြီးတစ်ဦးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့သမီးဖြစ်တာနဲ့ အညီ ရှေ့နေတစ်ယောက်ဖြစ်ရဖို့ကို ငယ်ငယ်တည်းက စိတ်ကူးယဉ် အိပ်မက်ခဲ့ရသူပါ။ သို့ပေမဲ့လို့ ...
7.5
TMDb: 7.5/10 2800 votes
tv

The Law According to Lidia Poët (2023)

2023