Channel Myanmar

Hansal Mehta

Lootere (2024)
Lootere (2024) Lootere (2024)"ဆိုမာလီယာ အိပ်မက်ရှည်" ================================= (Season 1, 6 eps)အိန္ဒိယ စီးရီးတွေထဲမှာ မြင်ရခဲတဲ့ အသစ်ထွက် ပင်လယ်ဓားပြစီးရီးလေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့.. ဆိုမာလီယာမှာမွေး ဆိုမာလီယာမှာကြီးပြင်းတဲ့ အိန္ဒိယလူမျိုး ဗစ်ကရန့်ဟာ ဆိုမာလီယာမှာ ဆိပ်ကမ်းဥက္ကဌဆိုတဲ့ မျက်နှာဖုံးစွပ်ထားတဲ့ ဂိုဏ်းစတားတစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ဆိပ်ကမ်းဥက္ကဋ္ဌဖြစ်ပေမဲ့ အတိုက်အခံဘက်ကလူတွေက သူ့ကို ဖြုတ်ချချင်နေကြတာပါ။သူ့ကိုဖြုတ်ချဖို့အတွက် ဆိုမာလီယာကိုလာတဲ့ သူ့ရဲ့သင်္ဘောထဲမှာပါတဲ့ တရားမဝင်ကုန်တွေကို အတိုက်အခံဘက်ကလူတွေက ဖမ်းဆီးဖို့ကြိုးစားလာတဲ့အခါ ဗစ်ကရန့်ဟာ သူ့သင်္ဘောကို အနုကြမ်းစီးဖို့ ပင်လယ်ဓားပြတွေကို တဖက်လှည့်နဲ့ပြန်ခိုင်းခဲ့ပါတယ်။ သူ့ရဲ့ မူရင်းရည်ရွယ်ချက်က ပစ္စည်းယူရုံပဲဖြစ်ပေမဲ့ ပင်လယ်ဓားပြတွေဘက်က ဘောင်ကျော်လာတဲ့အခါ မဖြစ်သင့်တာတွေဖြစ်ကုန်ပါတော့တယ်။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)File Size – 1GB(Appx;)@EpisodeQuality – 1080p WEB DLDuration –40 minute (@Episode)Total Episodes:8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, DramaTranslator ...

Lootere (2024)

2024
Scam 2003: The Telgi Story (2023) 8
Scam 2003: The Telgi Story (2023) Scam 2003 (IMDb 8.1/10)အလိမ်အညာဘုရင် လူတကာမျက်ခုံးမွှေး စင်္ကြံလျှောက်တဲ့ လီယိုနာဒိုရဲ့ အက်ဘီးနေးလ်ဂျူနီယာဇာတ်လမ်း catch me if you can ကို မှတ်မိကြလားမသိဘူး ခုဇာတ်လမ်းလေးကလဲ အဲဒီလိုဖြစ်ရပ်မှန်အခြေခံ လူလိမ်ဇာတ်လမ်းကို စီးရီးနဲ့ အဝကြည့်ရမှာပါအမေရိကန်များ ခဏနေပါ အိန္ဒိယမှာလည်း အဲ့လိုတစ်နိုင်ငံလုံးဂျင်းထည့်ပြီးတော့ လိမ်စားခဲ့တဲ့ ဖိုးတွမ်တီးဘုရင်တွေရှိပါတယ် ဘဝမှာအမြင့်ဆုံးကိုခုန်တက်ချင်ရင် စွန့်စားရတယ်တဲ့ ပိုက်ဆံဆိုတာ ရှာမယူရဘူး လုပ်ယူရတဲ့အရာပါတဲ့ဒါ ဒီထဲက အဓိကဇာတ်ဆောင် ဆရာကြီး အဘ်ဒူလ်တယ်ဂီက ပြောတာပါ သူက ၂၀၀၃ ခုနှစ်မှာ တံဆိပ်ခေါင်းတွေ အတုလုပ် ပတ်စ်ပို့တွေပါအတုလုပ်ပြီး နေရာအသီးသီး လူအသီးသီး ရာထူးအဆင့်ဆင့်ကို ဂျင်းပေါင်းစုံကျွေးပြီး တစ်နိုင်ငံလုံးရဲ့ ဘဏ္ဍာငွေကို ဖြတ်စားလတ်စား ကတုံးပေါ်ထိပ်ကွက်ခဲ့တာပါ သူက ခါနာပူရ်က ရထားတွဲလေးပေါ်မှာ စီးပွားရေးဘွဲ့ကြီးယူ ‌သစ်သီးရောင်းစားရာကနေ ကိုယ့်ဘဝကြီးကို မခံချင်စိတ်အပြည့်နဲ့ စီးပွားရေးပညာကို လက်တွေ့အသုံးချလိုက်တာ ဝန်ကြီးပါမကျန် အောက်က ပြာတာအဆုံး အကုန်လုံးပါ သူ့တော်ကီနဲ့အချုပ်ခံ ရူပီးကို ကုဋေနဲ့ချီပြီးကို နိုင်ငံ့ဘဏ္ဍာကနေ ထိုင်ဘုန်းပါတော့တယ်အဲ့လို ဆရာသမားရဲ့ ဉာဏ်သွားပုံကို ပရိသတ်အားလုံး လိမ်စားမယ်ဆိုရင်လဲ ပညာလေးယူ ဖိုးတွမ်တီးမလုပ်ချင်ရင်လဲ ကိုယ်ဂျင်းအထည့်မခံရအောင် ...
8
TMDb: 8/10 1 votes
tv

Scam 2003: The Telgi Story (2023)

2023
Scoop (2023) Complete 6
Scoop (2023) Complete Scoop 2023IMDb-7.7/10Mid day ရဲ့သတင်းထောက် Jyotirmoy Dey 2011 မှာ အမှုစွပ်စွဲခံရရာကနေ Behind Bars in Byculla:My days in Prison ဆိုတဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန်စီးရီးကို Netflix ကနေထုတ်လွှင့်လိုက်တာပဲဖြစ်ပါတယ်Scoop ဆိုတာ informal အဓိပ္ပာယ်အရဆိုရင် အပြိုင်သတင်းပေါ့ သတင်းစာတိုက်တွေကြား ကိုယ်ကသတင်းထူးသတင်းဦးကို လုပြီး ပုံနှိပ်ဖော်ပြရတာမျိုးပါအဓိကမင်းသမီး ဂျက်ရူတီက East Asia ဂျာနယ်ရဲ့ အဓိကမှုခင်းသတင်းထောက်တစ်ယောက်ပါ မှုခင်းသတင်းထောက်ဆိုတော့ ရဲတွေရော လမ်းဘေးကကောင်တွေရော ဂိုဏ်းစတားတွေအားလုံးနဲ့ အဆက်အသွယ်ရှိပါတယ် သူ့အတွက်က သတင်းရဖို့အတွက်ဆိုရင် မိသားစုကိုပါဘေးချိတ်ပြီး သတင်းရမဲ့နေရာကိုပြေးတဲ့ သတင်းထောက်တစ်ယောက်ပါအဲဒီအချိန်မှာပဲ သူ့ရဲ့ပြိုင်ဘက်သတင်းထောက်တစ်ယောက်က အသတ်ခံလိုက်ရတဲ့အခါမှာ လူတိုင်းက ဂျက်ရူတီတစ်ယောက် သူ့ရဲ့မြေအောက်လောကအဆက်အသွယ်တွေကိုသုံးပြီး သူ့ပြိုင်ဘက်ကို လုပ်ကြံလိုက်တာလို့ပဲ ယူဆကြပါတော့တယ်ဂျက်ရူတီတစ်ယောက် အပြစ်ကင်းမကင်း သူ့ရဲ့အပြစ်ကင်းမှုကို မှုခင်းသတင်းထောက်ပီပီ ကိုယ်တိုင် ဘယ်လိုသက်သေပြဖို့ကြိုးစားမလဲဆိုတာ လက်တွေ့ဆန်ဆန်သိမြင်ခံစားရမှာမို့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ Saii~ Thaik San ~ BpL ~ YH ~ Yunni တို့ပဲ ...
6
TMDb: 6/10 9 votes
tv

Scoop (2023) Complete

2023
Scam 1992 – The Harshad Mehta Story 9
Scam 1992 – The Harshad Mehta Story လွန်ခဲ့သောရက်ပိုင်းအတွင်း imdb website မှာ rating အမြင့်ဆုံး စီးရီးတွေဖြစ်တဲ့ Breaking Bad,Charnobyl အစရှိသည့် စီးရီးတွေကို ကျော်ဖြတ်ပြီး India Series တစ်ခုက rating 9.8 ဖြင့် ထိပ်ဆုံးရောက်ရှိခဲ့တဲ့ သတင်းက အတော်နာမည်ကြီးသွားခဲ့တယ်၊ India နိုင်ငံကလူတွေ မင်းသားအစွဲ၊မင်းသမီးအစွဲကြောင့် မဟုတ်ပဲ ဇာတ်လမ်းကို သဘောကျလွန်းလို့ ကြည့်ပြီးတဲ့ သူတိုင်း Rating 10 ပေးခဲ့တာကြောင့် အခုလို Rating 9.8 ရပြီး ထိပ်ဆုံးရောက်သွားခဲ့ရခြင်းဖြစ်တယ်၊ ကြည့်ရှူသူများလာလို့ vote များပြီး Rating ကျလာပေမယ့် အခုအချိန်ထိ Top 10 ထဲမှာ ဆက်လက်ရှိနေပါတယ်၊ ထိုဇာတ်ကားကတော့ ယခု CM ပရိသတ်တွေကို တင်ဆက်ပေးလိုက်တဲ့ Scam 1992 : The Harshad Mehta Story ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်၊ တကယ့်ဖြစ်ရပ်မှန် ...
9
TMDb: 9/10 7 votes
tv

Scam 1992 – The Harshad Mehta Story

2020