Channel Myanmar

Jon Favreau

The Mandalorian (2019-2023) Season 1 + 2 + 3 9.1
The Mandalorian (2019-2023) Season 1 + 2 + 3 ဒစ်စနေးရဲ့ ပွဲဦးထွက် စတားဝါးစ် စီးရီးလာပါပြီ။ အတော်ကို လန်းပါတယ်။ စတားဝါးစ်ဖန်တွေ အကြိုက်တွေ့မှာပါ။ အထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေ ယာဉ်တွေ လုပ်ထားတာ အတော်ကိုကောင်းပါတယ်။ စီးရီးဆိုပေမယ့် ရုပ်ရှင့်အဆင့်နီးပါး ဖန်တီးထားတာပါပဲ။ တိုက်ခိုက်ခန်းတွေကလည်း တကယ့် စတားဝါးအငွေ့အသက်ကို ရမှာပါ။ ကြည့်လေလေ သဘောကျလေလေပါပဲ။ ဇာတ်လမ်းကတော့ တစ်ပိုင်းထဲနဲ့ ကောင်းမကောင်း ပြောဖို့ခက်ပါသေးတယ်။ အပိုင်း ၁ ရဲ့ အခြေအနေအရတော့ မေးခွန်းတွေနဲ့ စိတ်ဝင်စားစရာ ကောင်းနေတုန်းပါပဲ။ ဒီစီးရီးရဲ့ အချိန်ကာလကတော့ စတားဝါးစ် ၆ - ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။ ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့ သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာ အသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။ စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာ စတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။ သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့ တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။ စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာ မိတ်ဆက်သွားတာကို တွေ့မှာပါ။ နောက်ပြီး စတားဝါး ၂ - ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့ ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက် မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။ ဒီအထဲမှာ ...
9.1
TMDb: 9.1/10 9,401 votes
tv

The Mandalorian (2019-2023) Season 1 + 2 + 3

2019
The Book of Boba Fett (2021) Season 1 8.5
The Book of Boba Fett (2021) Season 1 Star Wars ထဲက နာမည်ကြီး ဇာတ်ကောင်တစ်ကောင် ဖြစ်တဲ့ ဘိုဘာ ဖက်ထ်ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ စီးရီးအသစ်ဖြစ်ပါတယ်။ ဘိုဘာဖက်ထ်ကတော့ နာမည်ကြီး ကြေးစားမုဆိုးပါပဲ။ မန်ဒါလိုရီးရန်းလည်း ဖြစ်ပါတယ်။ မန်ဒါလိုရီးရန်းတွေက ကျည်မတိုးတဲ့ ချပ်ဝတ်တွေ ဝတ်ပြီး လက်နက်မျိုးစုံကို ကျွမ်းကျင်တဲ့ မျိုးနွယ်စုတွေပါပဲ။ ဒီစီးရီးအစမှာတော့ ဘိုဘက်ဖက်ထ်တစ်ယောက် သဲနွံထဲကနေ ပြန်တက်လာပြီး ဂျက်ဘာ သယ် ဟက်ထ်ရဲ့ နေရာကိုယူလိုက်တဲ့ ဇာတ်ကြောင်းကနေ စတာဖြစ်ပါတယ်။ မန်ဒါလိုရီးရန်းစီးရီးရဲ့ Timeline နဲ့လည်းအတူတူပဲမို့ နောက်ပိုင်းမှာ crossover တွေ မြင်ရဦးမှာပါပဲ။ စုစုပေါင်း ၇ ပိုင်းရှိပြီး တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့ ထွက်မှာဖြစ်ပါတယ်။ Translated and Encoded by Mr. Anderson Duration...40 Min Total...7 Episodes (weekly) Genre...Scifi, Fantasy, Action, Adventure ZIP  Yoteshin / VIP ...
8.5
TMDb: 8.5/10 4 votes
tv

The Book of Boba Fett (2021) Season 1

2021