Channel Myanmar

Jorge R. Gutierrez

Maya and the Three(2021) Complete 8
Maya and the Three(2021) Complete Maya and the Three (2021)Netflix က ထွက်ရှိလာတဲ့ animation series တစ်ခု တင်ဆက်ပေးချင်ပါတယ်။Animation ဆိုပေမဲ့ ကလေးကြိုက်ဇာတ်လမ်းမျိုးမဟုတ်ဘဲဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာမို့သေချာပေါက် ကြည့်ရှုခံစားသင့်တဲ့ series လေးပါအညွှန်းလေးကို ဆက်လက်ဖတ်ရှုပေးပါဦး။ရှေးလူကြီးတွေ ထားခဲ့တဲ့ ဗျာဒိတ်တော်အရဧရာမလင်းယုန်ကြီးတစ်ကောင်နဲ့ ရဲရင့်သောဂျာဂွာသုံးကောင်သာလူ့လောကကြီးကို ကယ်တင်ဖို့အတွက် အမှောင်နတ်ဘုရားကိုရှင်းလင်းသုတ်သင်နိုင်ပါလိမ့်မယ်တဲ့။တက်ကာပြည်ကြီးရဲ့ မင်းသမီးတစ်ပါးဖြစ်သူ မာယာဟာထိုလင်းယုန်ကြီးအဖြစ် တိုက်ခိုက်နိုင်ဖို့ စစ်သူရဲကောင်းဖြစ်ချင်နေပါတယ်။မင်းသမီးတစ်ပါးလို မပြုမူနိုင်ဘဲ တိုက်ခိုက်ဖို့ကိုသာ စိတ်ပါနေတဲ့အတွက်မင်းသမီးအဖြစ် နန်းတက်ရမဲ့နေ့မှာပဲ မိခင်ဖြစ်သူ ဘုရင်မကြီးနဲ့ကတောက်ကဆဖြစ်ပြီး မတတ်သာတဲ့အဆုံး နန်းတက်ပွဲကို လက်ခံလိုက်ရတယ်။ပွဲတော်ကျင်းပနေတုန်းမှာပဲ အမှောင်မြေအောက်တိုင်းပြည်ကသံတမန်တစ်ယောက်ရောက်ရှိလာပြီးမင်းသမီးကို ခေါ်ဆောင်သွားဖို့ ကြိုးပမ်းပါတော့တယ်။ဒါကို ဘယ်လိုတားဆီးပြီး ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့CM ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုသင့်ပါတယ်။အပိုင်း ၉ ပိုင်း ပါဝင်ပြီး IMDB 8.5 ရရှိထားပါတယ်။လှပ သစ်ဆန်းလှတဲ့ animation ရိုက်ချက်တွေကြောင့်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်မလွတ်သင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။ File Size ...
8
TMDb: 8/10 1 votes
tv

Maya and the Three(2021) Complete

2021